ငါက မိုးရေ စက်လေးတွေ ဖြစ်နေ ချိန်မှာ၊ သူက တိမ်တိုက် လေးပါ။
Vol. 27 Ch. 378
" အို့ .... လင်းယွန် တစ်ယောက်ပဲ ကျန်တော့တာလား ... ''
'' ဓားနန်းတော်က တကယ်ပဲ၊ နောက်ဆုံး အထိ ရပ်တည် နိုင်ခဲ့ပြီ …”
လင်းယွန်မှာ ဂျင်ဂျူး တို့နှစ်ဦး လုံးကို အနိုင်ယူပြီး၊ ကြာနက် နန်းတော်၌ ဆက်လက် ကျန်ရှိ နေရ မည်မှာ၊ မေးခွန်း ထုတ်စရာ မရှိချေ။
ကြာမိစ္ဆာ နယ်မြေတွင်၊ အသန် မာဆုံး မည်သူ ဖြစ်သည်ကို၊ ရွှန်းဝူဟန်နှင့် ဂျင်ဂျူးတို့၏ ဒဏ်ရာ များက၊ လုံလောက်သော သက်သေပင် ဖြစ်သည်။
" ဘာလို့ ဒဏ်ရာတွေ ...၊ အရမ်း ပြင်းထန် နေရ တာလဲ။ "
ဂျင်ဂျူး၏ ဒဏ်ရာ များကို မြင်သော အခါတွင်၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏ အကြီးအကဲများ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။
ဂျင်ဂျူး ရင်ဘက်ကို၊ ထက်ခြမ်း နီးပါး ခွဲလုလုပင်။ အသက် ရှင်ကျန် ရစ်နေ သည်မှာ၊ ကံကောင်း ခြင်းသာ ဖြစ်သည်။
" လင်းယွန်က ငါ့ရဲ့ သိုလှောင်အိတ်ကို လုယူ သွားတယ်။ "
ဂျင်ဂျူးက မည်းမှောင်သော မျက်နှာဖြင့် ပြန်ဖြေ လိုက်သည်။ ထို့ထက် ပို၍ သူက မဆိုပေ။
ရွှန်းဝူဟန်နှင့် ပူးပေါင်းပြီး သည့်တိုင်၊ လင်းယွန်က သူတို့အား ခွေးတစ်ကောင် ကဲ့သို့၊ ရိုက်နှက်ခဲ့ သည်ကိုမူ၊ ထည့်သွင်း ပြောဆိုခြင်း မပြု။
" ဘာ ..... "
မေးမြန်း လာသော အကြီးအကဲ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ဂျင်းဂျူမှာ နဝမအဆင့်သို့ ကျင့်ကြံထား နိုင်ခဲ့သည့် အတွက်၊ ကြာမိစ္ဆာ နယ်မြေ အတွင်း သဘာဝ အတိုင်း၊ ရိတ်သိမ်း နိုင်လိမ့် မည်ဟု၊ သူတို့က မျှော်လင့်ချက် ထားခဲ့ ကြသည်။
နောက်ဆုံးတွင်၊ ၎င်းတို့၏ အခြေခံ အုတ်မြစ်မှာ၊ မဟာ ဂိုဏ်းကြီး လေးဂိုဏ်ထက် များစွာ အားနည်း နေသေးသည်။
ဆိုလို သည်မှာ ဂျင်ဂျူး၏ ဆုံးရှုံးမှုသည်၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော် အတွက်၊ ကြီးစွာသော ထိုးနှက်ချက် တစ်ခု ဖြစ်လာ နိုင်သည်။
တစ်ဖက်တွင်၊ ဂျင်ဂျူး မှာမူ၊ ရှေးဟောင်း စကြာဝဠာ ဆေဘာဓား တစ်လက်ကို ဆုံးရှုံး သွားခြင်း မှလွဲ၍၊ လေးနက်သော ခံစားချက်များ မရှိခြေ။
" နက်နဲ ဒဿမ အဆင့်ကို တက်ရောက် လိုက်ဦးမယ်၊ လင်းယွန် ထွက်လာရင် ထပ်ပြော ကြတာပေါ့။ ''
ကြာမိစ္ဆာ နယ်မြေထဲ မဝင် ရောက်မီ၊ နက်နဲ နဝမ အဆင့် အထွတ် အထိပ်၌ ရှိနေခဲ့၏။
ထို့ကြောင့် ယခု အချိန်တွင်၊ အောင်မြင်မှု တစ်ခုအား ပြုလုပ် နိုင်တော့မည်၊ အရိပ် အယောင်များ ပြသ လာသည်။
အခြား တစ်နေရာတွင်၊ ရွှန်းဝူဟန်က တိတ်ဆိတ်စွာ ရပ်နေ မိ၏။ ရေခဲ တိမ်လွှာ ဆေးပုလင်းသာ ဆုံးရှုံး ခဲ့ရ သောကြောင့်၊ ဂျင်ဂျူနှင့် နှိုင်းယှဉ် ပါက၊ ကြီးစွာသော ဆုံးရှုံး သွားခြင်း မရှိပေ။
သို့သော် ဒဿမ အဆင့်တွင်၊ နောက်ထပ် ဒဏ္ဍာရီ တစ်ပုဒ်ကို ဖန်တီးရန်၊ အခွင့် အရေးအား၊ ဆုံးရှုံးသွား သည့်အတွက် စိတ်ပျက်ခြင်းငှာ၊ မထိန်းနိုင်။
" ညီငယ် တစ်ယောက်ပဲ ကျန်တော့တယ်။ "
ဓားနန်းတော်၏ အကြီးအကဲ များနှင့်၊ တပည့်များမှာ၊ စိတ်လှုပ်ရှား နေကြသည်။ လင်းယွန်က တစ်ချိန်လုံး အံ့ဖွယ် ရာများ၊ ဖန်တီး ပေးနေ ခဲ့သည်။
ထို့ကြောင့် ရွှန်းဝူဟန်နှင့် ဂျင်ဂျူးကို အနိုင် ယူကာ၊ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာ ပြီးနောက်၊ ဓားနန်းတော် ဝန်းကျင် လေထုမှာ၊ ထူးဆန်း လာသည်။
ပေါ့လျော့ မိပါက၊ လူတိုင်း ပစ်မှတ်ထား ခံရနိုင်မည်ကို၊ သူတို့ သိသည်။
ရှင်းဂျူက ရှေးဟောင်း တာအို ဂိုဏ်း၏၊ ဦးတည် ချက်ကို တစ်ချက် ကြည့်လိုက်ပြီး၊ အနည်းငယ် တောင့်တင်း သွား၏။
ဝမ်ရန်းဘို အပါ အဝင်၊ ရှေးဟောင်း တာအို ဂိုဏ်း၏ အကြီးအကဲ တိုင်းက၊ သူတို့အား စိုက်ကြည့် နေသည်ကို၊ သတိ ပြုမိသည်။
“ ရှေးဟောင်း တာအို ဂိုဏ်းနဲ့ ပတ်သတ်ပြီး၊ တစ်ခုခု လွဲချော် နေတယ်၊ သူတို့ရဲ့ အမာခံ တပည့် သုံးယောက် ထဲက၊ တစ်ယောက်မှ ပြန်ထွက် လာတာ မတွေ့ သေးဘူး။ ''
ရှင်းဂျူက မျက်မှောင် ကြုတ်လျက် ဆိုသည်။
" အဲ့ဒါက ဂျူနီယာ ညီလေးက၊ သူတို့ကို သတ်လိုက်တာ ဖြစ်နိုင် မလား။ "
“ တကယ်လို့ အမာခံ တပည့် သုံးယောက်စလုံးသာ သေသွား ခဲ့ရင်၊ ဝမ်ရန်းဘိုကို သူ့ဂိုဏ်းက သေချာပေါက် အပြစ်ပေး လိမ့်မယ်။ ”
" အကောင်းဆုံး အဆုံး သတ်ပဲ။ "
လျိုဖန်းက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး၊
" ဒါဆို လင်းယွန်က သူတို့ကို သတ်လိုက် တော့ရော ဘာလဲ။ "
“ သွေးရိုး တံခါးဂိုဏ်း၊ မိစ္ဆာ မီးလျှံ ဂိုဏ်းနဲ့၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော် ကလည်း၊ ငါတို့ကို အလေး အနက် ထားနေ ပုံပဲ ... အကြီးအကဲလျို။ ”
“ အောင်နိုင် သူတွေ ရှိလို့ .... ရှုံးနိမ့် သူတွေ ရှိလာ ရတာ သဘာဝ ပါပဲ၊ ကြည့်ရတာ ငါတို့ရဲ့ ဂျူနီယာ ညီလေး လက်မှာ၊ သူတို့ နာကျင် ခဲ့ပုံ ရတယ်။ ”
ရှင်းဂျူက အလေး အနက် ဆိုသည်။
“ ညီငယ် ထွက်လာ ပြီးရင် ...၊ တိုက်ပွဲက ရှောင်လွှဲလို့ မရ နိုင်ဘူး၊ နတ်ဆိုး လမ်းစဉ် ကျင့်ကြံ သူတွေက၊ လွယ်လွယ်နဲ့ လွှတ် မထားမှာ၊ သေချာတယ်။ ”
“ ရှေးဟောင်း တာအို ဂိုဏ်းက ဒီကိစ္စမှာ၊ သူတို့ နှာခေါင်းကို သေချာပေါက် ထိုးလိမ့်မည်”
( နှာခေါင်း ပေါက်ထိုး = သွေးထိုးခြင်း)
မြင့်မားသော အောင်မြင် မှုများ သည်လည်း၊ ကြောက်မက်ဖွယ် ဖိအားကို ရရှိ နိုင်သည်။ လင်းယွန် ရယူ ထားသော အောင်မြင်မှု များမှာ၊ ဓားနန်းတော်၏ ခံနိုင်ရည် ကန့်သတ် ချက်သို့၊ ရောက်ရှိ သွားသည်။
အကြီးအကဲ များနှင့် တပည့်များ အားလုံးက၊ ဤအခြေ အနေနှင့် ပတ်သက်၍၊ လွဲမှားနေသည်ကို ခံစား သိရှိ နိုင်သည်။
“ အခြေ အနေကို စောင့်ကြည့်ပြီး အမိန့်ကို လိုက်နာ ကြပါ၊ ဓားနန်းတော်ကို ဘယ်တော့မှ ဒုက္ခ မရောက် စေနဲ့၊ ဒါပေမဲ့ ငါတို့က ဒုက္ခကို၊ ကြောက်နေတယ် လို့တော့ မဆိုလို ပါဘူး။ ”
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ အခြေ အနေကို၊ တည်ငြိမ် သွားစေရန် ဝင်ရောက် ပြောဆို လိုက်သည်။
ဓားထမ်း အကြီး အကဲ တစ်ဦးမှ၊ ဂုဏ်သတင်းကြီးမားသော ဓားတစ်လက် နှင့်အတူ၊ ဝင်ရောက် လာပြီး၊ နှစ်သိမ့် ပေးလာ ခြင်းကြောင့်၊ အကြီး အကဲ များနှင့် တပည့် များမှာ၊ အနည်းငယ် စိတ် သက်သာရာ ရ သွားသည်။
သို့သော် ချင်ဇူအိုက လျိုဖန်း၊ ရှင်းဂျူနှင့် သန်မာသော အကြီးအကဲ အချို့အား၊ ပြင်ဆင် မှုများ ပြုလုပ် ထားဖို့ရန်၊ မျက်လုံးဖြင့် အချက်ပြ လိုက်သည်။
ဤတစ်ကြိမ် လင်းယွန် သယ်ဆောင် လာသော အောင်မြင် မှုသည်၊ ဓားနန်းတော်၏ အုတ်မြစ်အား အဘက်ဘက်မှ၊ စမ်းသပ် လာပေ တော့မည်။
ကြာနက် နန်းတော် ထဲရှိ လင်းယွန် ကမူ၊ သူကိုယ်တိုင် တင်းမာသော လေထုကို၊ ဖန်တီး ထားမိကြောင်း သူ မသိနိုင်။
ဂျင်ဂျူးတို့ ပျောက်ကွယ် သွားသည်နှင့်၊ ရတနာ များကို သိမ်းယူကာ၊ အမောဖြေ လိုက်သည်။ မူလ စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပြီးနောက်၊ ဂျင်ဂျူး၏ သိုလှောင်အိတ်ကို သွန်ချ လိုက်၏။
အရာ အားလုံးမှာ သူထင် ထားသည့် အတိုင်း အမှိုက် တစ်စပင် မပါ ခဲ့ပေ။ အဖိုးတန် ရတနာ များကိုသာ ထွက်ကျ လာသည်။
၎င်းတို့မှာ မပြည့်စုံသော သိုင်း ပညာရပ်များ၊ နည်းစနစ်များ၊ အဆင့် အတန်း မြင့်မားသော ဝိညာဥ် ဆေးလုံးများ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များနှင့်၊ အခြားသော ကောင်းနိုး ရာရာ၊ ထူးထူး ဆန်းဆန်း ရတနာများ ဖြစ်သည်။
သို့သော် သူ့အာရုံကို အဆွဲဆောင် နိုင်ဆုံး အရာမှာ၊ ကြမ်းကြုတ်သော သားရဲ တစ်ကောင် ကဲ့သို့၊ ခံစား စေရမည့် ရှေးဟောင်း ဆေဘာဓား တစ်လက် ဖြစ်သည်။
" စကြာဝဠာ လက်ရာ ပဲ။ "
လင်းယွန်က တုန်လှုပ် သွားပြီး၊ ၎င်းကို ခံစား ကြည့်ဖို့ရန် ဆေဘာဓား အား ဆွဲလိုက်၏။ စစ်မှန်သော ရှေးဟောင်း လက်ရာ၊ စကြာဝဠာ လက်နက် တစ်ခု ဖြစ်ပြီး၊ ချို့ယွင်းချက် မရှိသော အရာ ဖြစ်သည်။
ဆိုလို သည်မှာ အနက်ရောင် အဆိပ်မြူ များက၊ ဆေဘာဓား ပေါ်ရှိ ရူရ်များကို၊ ပျက်စီး စေခဲ့ခြင်း မရှိဟု၊ ဆိုလိုခြင်း ဖြစ်သည်။
ဓါး ပေါ်တွင် ရေးထွင်း ထားသော၊ ရှေးဟောင်း စကားလုံး များပင်၊ ပျက်စီး သွားခြင်း မရှိဘဲ၊ ကျန်ရှိ နေသေးသည်။
ကြက်သွေးရောင် စစ်ပွဲ အလံငယ် ကဲ့သို့၊ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ အသုံး မပြုနိုင်သော်လည်း၊ ပျက်စီး သွားခြင်း မရှိပေ။
ပျက်စီးခြင်း ခုနစ်ပါး နန်တော်၏၊ တပည့် ဂျင်ဂျူးက၊ စကြာဝဠာ လက်နက် တစ်ခု၊ ပေးအပ်လာ လိမ့်မည်ဟု၊ သူ မထင်ထား သောကြောင့်၊ ပြုံးရယ် လိုက်မိသည်။
ဤလက်နက်ကို ဂျင်ဂျူးက၊ အဋ္ဌမ အဆင့်၌ ရရှိ လာခြင်း ဖြစ်နိုင်မည်။
ထွက်ခွာ မသွားမီ ဂျင်ဂျူး၏ မျက်လုံးများ ထဲရှိ၊ နာကြည်းမှု များကို နားလည် လာခဲ့သည်။
ပန်းသင်္ချိုင်း ဓားကို၊ အတင်း အကြပ် လွှဲအပ်ရန်၊ ဖိအား ပေးခံ ရပါက၊ လင်းယွန် သည်လည်း စိတ်ချမ်း သာမည် မဟုတ်ပေ။
သို့သော် လင်းယွန်က ရန်သူကို သနားခြင်း မရှိဘဲ၊ ရက်စက်သော သူ့ လုပ်ရပ် အတွက်၊ ထိုက်တန် သည်ဟုသာ ယူဆ မိသည်။
ဆေဘာဓား အပြင်၊ ရှေးဟောင်း ဝိုင်အိုး၊ ရှေးဟောင်း ဆေးကြိုအိုး၊ ရှေးဟောင်း ပန်းချီကား တစ်ချပ်၊ နံသာအိုး တစ်လုံး၊ ဝိညာဉ် သစ်သီး တစ်လုံးနှင့်၊ ထူးခြားသော ပန်း တစ်ပွင့်တို့ ရှိသေးသည်။
" ဒါက ...။ "
ပန်းပွင့်ကို မြင်သော အခါ မျက်လုံးများ တောက်ပ သွားသည်။ ပွင့်ချပ် များမှာ နှင်းပွင့်များ ကဲ့သို့၊ ကြည်လင် တောက်ပ နေ၏။
" မိုးပြာရောင် နှင်းပန်း။ "
ပန်းမျိုးစိတ် များအကြောင်း၊ သေချာ မသိ သော်လည်း၊ ဤပန်းသည် သာမန် မဟုတ်ကြောင်း သူ သိသည်။
ပန်းသင်္ချိုင်း ဓားသည် တော်ဝင် အထွတ် အထိပ် အဆင့်တွင်၊ ပိတ်မိ နေသည် ဖြစ်ရာ၊ ထူးခြားသော ရတနာ ပန်းပွင့်မျိုး၊ လိုအပ် နေခဲ့သည်။
ပန်းပွင့် များကို ကြိတ်ချေ ပြီးနောက်၊ ဓားသေတ္တာ ထဲသို့ ချက်ချင်းပင် ပစ်ထည့် လိုက်၏။
ထို့နောက် နှစ်ချို့ ဝိုင်အိုး ဆီသို့၊ လှည့်ကြည့် မိ၏။ ဝိုင်၏ အမည်ကို မသိ သော်လည်း၊ ဖီးနစ် ပန်းကလေး ပေးခဲ့သော၊ ဝိုင်ထက် မညံ့ သည်ကို၊ သူ သိသည်။
ဝိုင်အိုး အတွင်းမှ အေးမြသော ရောင်ဝါများ ထုတ်လွှတ် နေပြီး၊ ကျောက်မျက် ရတနာ တစ်ပါး ကဲ့သို့ လင်းလက် နေသည်။ စာအုပ် များတွင် မှတ်တမ်း တင်ထားသော 'နက်နဲ နှင်းသီး' နှင့်တူ၏။
ပန်းချီ ကား မှာမူ၊ တာအို ရှုမြင်ခြင်း ပန်ချီကား မဟုတ်ပေ။ ထို့ကြောင့် သူ့အတွက် အသုံး မဝင်နိုင်၊ တစ်ဖက်တွင်၊ နံ့သာအိုးသည် သူ ရထားသော ဖျာ ကဲ့သို့ပင်၊ ကျင့်ကြံမှုကို အထောက် အကူ ပြုနိုင်သည့် အရာ ဖြစ်သည်။
“ ဒီကောင်က နည်းနည်းတော့ တော်တယ် ပြောရမယ်၊ လမ်းတလျှောက် လူတိုင်း ဆီက၊ လုယူ ထားတာ ဖြစ်ရမယ်၊ အခုတော့ သူတို့ အားလုံးက ငါ့အတွက် ဖြစ်လာလို့၊ စိတ်မကောင်း စရာ ပါပဲ။ ”
သူ့ လက်အား ဝှေ့ယမ်း လိုက်ပြီး၊ အရာ အားလုံးကို၊ သိုလှောင် အိတ်ထဲ ပြန်လည် သိမ်းယူ လိုက် ပြီးနောက်၊ ရတနာ ကြာပန်း ပလ္လင် ပေါ်ရှိ၊ ဓားကို လှည့်ကြည့် လိုက်သည်။
လင်းယွန်က ဖျော့တော့သော အပြုံးဖြင့်၊ ရှေ့သို့ တိုးထွက် သွားကာ၊ ဓားအား လှမ်းဆွဲ လိုက်၏။
“ သွေး သောက် ဓား။ ”
ဓား၏ အမည်ကြောင့်၊ လင်းယွန်က ၎င်း၏ ဇာစ်မြစ်ကို၊ စူးစမ်း လိုစိတ် ရှိသွားသည်။
သို့သော် ဓားကို ဖမ်းယူ ခါနီးတွင်၊ ရုတ်တရက် တစ်စုံ တစ်ရာကို ပြန်လည် သတိရ သွားပြီး၊ လှမ်းလက်စ လက်ကို ရပ်လိုက်၏။
သူ့ မျက်နှာမှာ တုံ့ဆိုင်း သွားပြီး၊ လေးကန်သော သက်ပြင်း တစ်ချက် ချလိုက် လေသည်။
နောက်ဆုံးတွင် စူးစမ်းလို စိတ်ကို မျိုသိပ် လိုက်ကာ၊ ဓားအား လှမ်းမကိုင် တော့ပေ။ ယခင် အကြိမ်များ ကဲ့သို့၊ ကွဲအက် သွားမည်ကို၊ သူ ကြောက်သည်။
ဤမျှ တန်ဖိုး ကြီးသော ဓားကို၊ သူ့ လက်ဖြင့် မချိုးဖြတ် စေရာဟု၊ အာမ မခံ နိုင်ပေ။
" မေ့ လိုက် ပါ။ "
လောင်းကစား တစ်ခု ပြုလုပ်ရန်၊ သတ္တိ မရှိ တော့ဘဲ၊ ဓားကို အိတ်ထဲသို့ ထည့်ထား လိုက်သည်။
ပြီးနောက် ရတနာ ကြာပန်း ပလ္လင်သို့၊ လှမ်းတက် လိုက်၏။ နောက်ဆုံးတွင် ဒဿမ အဆင့်၌၊ မည်သို့သော စမ်းသပ် မှုများ၊ စောင့်ဆိုင်း နေမည်ကို၊ သိချင် စိတ်များ ထိန်းမရ ဖြစ်လာ မိသည်။
ပတ်ဝန်းကျင် ကမ္ဘာကြီး တစ်ခုလုံး၊ ချာချာလည် သွား ပြီးနောက်၊ ခန္ဓာကိုယ် တစ်ခုလုံး ပျော်ဝင် လာကာ၊ သူ့အသိ စိတ်များ တဖြည်းဖြည်း မှိန်ဖျော့ သွား၏။
အမြင် အာရုံများ၊ ပြန်လည် ချိတ်ဆက် လာမိ ချိန်တွင်၊ မြူများ ဖုံးလွှမ်း နေသော ပတ်ဝန်း ကျင်အား၊ တွေ့လိုက် ရသည်။
ရှေ့တွင် မြစ် တစ်စင်းသာ ရှိပြီး၊ မြစ်တစ်ဖက် ကမ်းတွင် နန်းတော် တစ်ခု ရှိ၏။
" ဒီနေရာက ဘာလဲ။ "
လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။ နဝမ အဆင့် စမ်းသပ် မှုနှင့် မတူချေ။ ဒဿမ အဆင့်မှာ၊ သီးခြား ဒိုင်မေးရှင်း တစ်ခု ဖြစ်ပုံ ရသည်။
ဒဿမ အဆင့်သည် ဒဏ္ဍာရီ အဆင့် ဖြစ်ပြီး၊ယင်း၌ မည်သို့သော ပုံသဏ္ဍာန် ဖြစ်မည်ကို၊ မည်သူမျှ မသိ ကြပေ။
၎င်း၌ သေဆုံး သွားခြင်း၊သို့မဟုတ် ထာဝရ ပိတ်မိ သွားခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် သူ့တွင် တခြား ရွေးချယ် စရာ မရှိခြေ။ မဆိုင်း မတွဘဲ ရေကန် ပေါ်သို့၊ ခုန်တက် လိုက်သည်။
ကန်ရေမှာ ကြာနက် ရေကန်ထက်၊ ပိုအေး လေသည်။ ရုတ်တရက် မိုးစတင် ရွာသွန်း လာပြီး၊ မျက်နှာ ချင်းဆိုင် ကမ်းစပ်မှ၊ အနက်ရောင် ကြာပန်း တစ်ပွင့်၊ မျှောလာ၏။
ထိုကြာပန်း ထွက်ပေါ် လာသည်နှင့်၊ စိတ်မသက် မသာ၊ ခံစားလာ ရသောကြောင့်၊ လှမ်းလက်စ ခြေလှမ်း များအား၊ ရပ်တန့် လိုက်၏။
နဝမ အဆင့်တွင် ကြာပန်းမှာ အဖြူရောင် ဖြစ်၏။ ထို့ထက် အစောပိုင်း အဆင့် များတွင်၊ ကြာပန်းမှာ အပြာရောင် ဖြစ်သည်။
အနက်ရောင် ကြာပန်း များကို၊ ကြာမိစ္ဆာ နယ်မြေတွင် အတွေ့ များပြီး၊ သန့်စင် ပြီးနောက် 'ပြာ' ဖြစ်သွားသည်။
အနက်ရောင်၊ အပြာရောင်နှင့် အဖြူရောင် စသည့်၊ ကြာပန်းများ အချင်းချင်း၊ ဆက်စပ်မှု ရှိနိုင် မည်လော။
ယခင်က ထို့သို့သော အရာ များကို၊ မစဉ်းစား ခဲ့ဘဲ၊ ဖြတ်သွား ဖြတ်လာ တစ်ဦး အနေဖြင့်၊ ဤနေရာ အပေါ် လျှို့ဝှက် နယ်မြေ သက်သက် အဖြစ်သာ၊ သဘော ထားခဲ့သည်။
ဒဿမ အဆင့်သို့ ဝင်ရောက် ပြီးနောက်၊ ၎င်းကို စဉ်းစားဖို့ လိုလာ လေပြီ။ ဖြစ်နိုင် သမျှ၊ အကျိုး အကြောင်းများ အပေါ်၊ ဆက်စပ် သုံးသပ် ရပေမည်။
စမ်းသပ် မှုမှာ မည်သို့ စတင် လာမည်၊ သူ မသိပေ။ သူ့ စဉ်းစား နေစဉ် မှာပင်၊ ကြာနက် ပလ္လင်က၊ တရွေ့ရွေ့ နီးကပ် လာ၏။
ကြာပန်း ပေါ်၌၊ အနက်ဝတ် ဓားသမား တစ်ယောက် ထုံစံ အတိုင်း ထိုင်နေပြီး၊ ထိုသူ၏ ကျင့်ကြံမှုမှာ လင်းယွန်နှင့် အတူတူ ပေပင်။
သို့သော် ထိုအနက်ဝတ် ဓားသမား ထံမှ၊ သဏ္ဍာန်မဲ့ စွမ်းအား များ၏၊ ခြိမ်းခြောက် မှုကို ခံစား ခဲ့ရသည်။
“ မိုးက အစိုး မရဘူး၊ ဒီ မိုးရေတွေ ထဲမှာ ပျော်ရွှင်မှုနဲ့ ...၊ ဝမ်းနည်း မှုတွေ အမြဲတမ်း ... ပေါင်းစပ် နေတယ်။ "
အနက်ဝတ် ဓားသမားက၊ လက်ဖဝါးများ ဖြန့်လျက်ဖြင့်၊ ရှေ့သို့ ဆန့်ထုတ်ကာ၊ မိုးရေ စက်များ ခံယူ လိုက်၏။
ပြီးနောက် ကောင်းကင် ပေါ်ရှိ၊ မည်းမှောင် နေသော၊ တိမ်တိုက် များအား၊ ညင်သာစွာ မော့ကြည့် လေသည်။
" မင်းက .... ငါလာ တွေ့တဲ့၊ လူ မဟုတ်ဘူး။ "
လင်းယွန်က ခေါင်းယမ်း လျက်ဖြင့်၊ တည်ငြိမ်စွာ၊ လှမ်းပြော လိုက်သည်။
အနက်ဝတ် ဓားသမားက၊ အနက်ရောင် ကြာပန်း ပေါ်မှ မတ်တပ် ထရပ်ပြီး၊ ပြုံးရယ် ပြကာ၊
“ ငါက မိုးရေ စက်လေးတွေ ဖြစ်နေ ချိန်မှာ၊ သူက တိမ်တိုက် လေးပဲ၊ သူရဲ့ မကောင်း မှုက ငါပါ။ ”
မိုးရေ စက်များ ရုတ်တရက် ရပ်တန့် သွားပြီး၊ အနက်ဝတ် ဓားသမားက လက်ကို ဝှေ့ယမ်း ကာ၊ သူ့ ဓားအား ဆင့်ခေါ် လိုက်၏။
ကြာပန်း ပေါ်တွင်၊ လှဲလျောင်း နေသော ဓားက၊ ရုတ်ချည်းပင် လေထဲသို့၊ ပျံတက် သွားပြီးနောက်၊ ဓား၏ ကိုယ်ထည်ပေါ်ရှိ၊ မိုးရေ တစ်စက်ကို၊ လင်းယွန်ထံ ပစ်ထုတ် လိုက်လေသည်။
ထိုရေစက် အတွင်း၊ သူ၏ ဓား ရည်ရွယ်ချက်ကို ပေါင်းစပ် ထားပေ၏။
လင်းယွန်က မျက်မှောင်ကြုတ် လိုက်ကာ၊ သူ့ နဖူးပေါ် ပစ်မှတ် ထားသော၊ မိုးရေ စက်ကို တားဆီးရန်၊ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်၏။
တိုက်ခိုက်မှု နှစ်ခုကြောင့်၊ ကြီးမားသော ပေါက်ကွဲ သံများ ဖြစ်ပေါ် စေပြီး၊ သူနှင့် အနက်ဝတ် ဓားသမား ကြားရှိ၊ ကန်ရေ မျက်နှာ ပြင်မှာ၊ တဟုန်ထိုး မြင့်တက် လာတော့သည်။
***