← Chapters

သွေးလွှမ်းမိုးကာခက်ခဲကြမ်းတမ်းသောတိုက်ပွဲတစ်ပွဲ

Vol. 91 Ch. 1269

သွေးလွှမ်းမိုးကာခက်ခဲကြမ်းတမ်းသောတိုက်ပွဲတစ်ပွဲ

Vol. 91 Ch. 1269

တောင့်တင်းသန်မာသောလူ၏အဆိုကို ကြားသောအခါ ထန်အာလန်က အနည်းငယ်စိုးထိတ်သွားသော်လည်း ပြန်လည်ပျောက်ကွယ်သွားသည်။ သူက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည် “ခင်ဗျားတို့က အမှောင်ထဲမှာ အကြံအစည်ချနေတဲ့ယုန်တစ်အုပ်သာသာပဲ။ ခင်ဗျားတို့က တရုတ်လို နိုင်ငံကြီးတစ်ခုဆီကို မုန်တိုင်းသယ်သွားနိုင်မယ်လို့ ထင်တာလား”

သူက ခဏရပ်တန့်ပြီးနောက် တစ်ခုခုအား အမှတ်ရလိုက်ပုံရသည်။ ထို့နောက် သူ့မျက်နှာပေါ်ရှိအပြုံးက ပိုထူထဲသွားပြီး သူ့ခန္ဓာကိုယ်က အပေါ်သို့ အနည်းငယ်လွင့်မျောကာ လူသုံးယောက်နှင့်တူညီသောအမြင့်သို့ ရောက်ရှိသွားသည်။ “ကျုပ်ရထားတဲ့သတင်းက အမှန်ဆိုရင် ခင်ဗျားတို့နောက်ကွယ်ကဆရာ၊ ရှီမန်ဝမ်သိုင်ကလန်က မူလက တရုတ်ကမလား။ ဟမ့်၊ သူတို့က သူတို့ရဲ့ခြေကုပ်ရာကို ဆုံးရှုံးခဲ့ပြီး တရုတ်မှာ နေလို့မရတော့ဘူး၊ ဒါကြောင့် သူတို့က စိတ်ဓာတ်ကျသွားတဲ့ယုန်လေးတွေလို ဒီသေးငယ်တဲ့တိုင်းပြည်ဆီ ပြေးလာတာပဲ။ ခင်ဗျားတို့ကို သတ်ဖြတ်တာက ကျုပ်တို့တိုင်းပြည်အတွက် အကျိုးဆောင်မှုတစ်ခု လုပ်ပေးလိုက်တာပဲ”

တောင့်တင်းသန်မာသောလူ၏အမူအရာက အပြင်းအထန်ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုက သူ့မျက်လုံးများထဲတွင် ပြည့်နှက်သွားသည်။ ဤကိစ္စက လုံးဝလျှို့ဝှက်ထားသည်ကို သိထားရမည်၊ ရှီမန်ဝမ်သိုင်၏ကလန်သားများပင် မသိပေ။ ကလန်၏ပင်မအဖွဲ့ဝင်လောက်ကသာ ဤလျှို့ဝှက်ချက်ကို သိသည်။

ပြီးတော့ ဒီကောင်လေးက ဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ။ ဘယ်သူက ရှီမန်ဝမ်သိုင်ကလန်ကို သစ္စာဖောက်ပြီး ဒီလျှို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့တာလဲ။

“သူ့ကို သတ်…”တောင့်တင်းသန်မာသောလူက သက်ပြင်းတစ်ချက်ရှိုက်ကာ အော်လိုက်သည်။

လက်နက်များ၊ ကျည်ဆံများက လေထဲတွင် ရပ်နေသော ထန်အာလန်ထံ ပစ်ခတ်တိုက်ခိုက်လိုက်ကြသည်။ ဤအချိန်တွင် ထန်အာလန်၏တည်နေရာက သူ့အား အကာအကွယ်မရှိ၊ အတားအဆီးမရှိသည့် ပစ်မှတ်တစ်ခုလို ဖြစ်စေသည်။ အစစ်အမှန်အဆီအနှစ်စွမ်းအင်က ပေါက်ကွဲထွက်သွားပြီး ရေစက်များက ထွက်ပေါ်လာကာ စတင်ပျံ့နှံ့သွားလျက် သူ့ရှေ့တွင် ရေနံရံတစ်ခု ဖွဲ့စည်းလိုက်သည်။

“ဟမ့်၊ ပုရွက်ဆိတ်တွေ”

ထန်အာလန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ယခင်က ကောက်ချက်ချထားသည့် တိုက်ခိုက်ရေးအတတ်အား အမှတ်ရလိုက်သည်။ အိတ်ဆောင်ကမ္ဘာငယ်ထဲရှိ သားရဲများနှင့် တိုက်ပွဲမြင်ကွင်းများကို ပြန်တွေးတောပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ရေဖြင့်ပြုလုပ်ထားသောမြားများက ရေနံရံထဲတွင် ဖွဲ့စည်းသွားပြီး အောက်ဘက်ရှိလူရာချီထံ ရုတ်ချည်း ပေါက်ကွဲထွက်သွား၏။

မြင်ကွင်းက ဂျုံခင်းတစ်ခုကို တိုက်ခိုက်နေသော လေမုန်တိုင်းတစ်ခုလိုပင်။

လေ့ကျင့်နေသောသတ်ဖြတ်သူရာချီအား ရေမြားများက ထိုးဖောက်သွားလျက် အသက်ရိတ်သိမ်းလိုက်သည်။ သင်ကြားသူဆယ်ယောက်ကျော်က သူတို့အား ကယ်ဆယ်ရန် အခွင့်အရေးမရခဲ့ဘဲ သူတို့လေ့ကျင့်ပေးထားသည့်လက်ရွေးစင်အားလုံးက အသတ်ခံလိုက်ရသည်ကိုသာ ငေးကြည့်နေရသည်။

“သူ့ကို သတ်ကြ…”

ဒေါသခြောင်းခြောင်းထွက်လျက် သင်ကြားသူဆယ်ယောက်ကျော်က သူတို့၏လက်နက်များကို ထုတ်ကာ ထန်အာလန်ထံ တိုက်ခိုက်လိုက်ကြသည်။

ဤနေရာသို့ လာချိန်တွင် ထန်အာလန်က အသုံးပြုရမည့်တိုက်ပွဲနည်းလမ်းကို စတင်ကောက်ချက်ချခဲ့သည်၊ ခဏတဖြုတ်စကားပြောပြီးနောက် နောက်ဆုံးတွင် ရန်သူများအားသတ်ဖြတ်ရန်နည်းလမ်းက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။ ထို့ကြောင့် ဤအချိန်တွင် သူက အလွန်တည်ငြိမ်နေပြီး သူ့မျက်ခုံးများက အနည်းငယ်ကျုံ့သွားလျက် ထိုကျင့်ကြံသူများ၏လှုပ်ရှားမှုလမ်းကြောင်းများ၊ သူတို့၏မြန်နှုန်းနှင့် သူတို့ကြားအကွာအဝေး၊ သူတို့နောက်ထပ်ထွက်ပေါ်လာမည့်နေရာများကို တွက်ချက်လိုက်သည်။

“ဓားပညာ-ခွဲဖြာ…”

သူ့လက်ကို လျှပ်တစ်ပြက်အတွင်း ဝှေ့ယမ်းလျက် ထန်အာလန်က အင်မော်တယ်ဓားကို ကိုင်တွယ်ကာ ဓားရောင်ခြည်တန်းများကို ဖန်တီးလျက် လေထဲတွင် ထူးဆန်းသောဉီးတည်ဘက်အတိုင်း ရွေ့လျားစေလိုက်သည်။ လျှပ်တစ်ပြက်အတွင်း ရောင်ခြည်တန်းများက ထိုလူဆယ်ယောက်ကျော်ထံ ပေါက်ကွဲထွက်သွားသည်။ ဓားပညာ_ခွဲဖြာတိုက်ကွက်က သူ့ဆရာသခင်၏အမျိုးသမီးအိုးရန်လုလုမှ သင်ကြားပေးထားသော ကြောက်စရာကောင်းသည့်တိုက်ကွက်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ တိုက်ပွဲအစီအစဉ်ထွက်ပေါ်လာရန် အသုံးပြုခဲ့သည့် စိတ်တွက်ချက်ခြင်းက သူ့ဆရာသခင်၏နောက်ထပ်အမျိုးသမီးကူယန်အာက သင်ပေးထားခဲ့ခြင်းပင်။

ဒါက လက်တွေ့တိုက်ပွဲတွင် ဤနည်းလမ်းနှစ်ခုအား ပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်သည်။ ရလဒ်က သူ့ကို အများကြီးကျေနပ်စေသည်၊ ဓားပညာ_ခွဲဖြာက သတ်ဖြတ်ရေးနည်းလမ်းတစ်ခုဖြစ်ပြီး စိတ်တွက်ချက်ခြင်းက သူ့စိတ်ကို ရှင်းလင်းစေပြီး အတွေးကို မြန်ဆန်စေရန် အသုံးပြုနိုင်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

မယုံကြည်နိုင်မှုက လေထဲရှိ ကျွမ်းကျင်သူသုံးယောက်၏မျက်နှာတစ်လျှောက် ဖုံးလွှမ်းသွားသည်။ အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်က ဒီလိုကြောက်စရာကောင်းသောသတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုကို ထုတ်လွှတ်နိုင်မည်ဟု သူတို့က မထင်မှတ်ထားပေ။ ဒီလောက်များသောကျွမ်းကျင်သူများအား ယခုလို ရုတ်ချည်းသတ်ဖြတ်သွားလိမ့်မည်ဟု သူတို့က ဘယ်တော့မှ မထင်ထားခဲ့ပေ။

နာကျင်ခြင်းနှင့် ဒေါသထွက်ခြင်းတို့က မထိန်းနိုင်လောက်အောင်ပင်။

ဘာတစ်ခုမှမလုပ်ရသေးသည့်သက်လတ်ပိုင်းအရွယ်လူကလွဲပြီး အခြားနှစ်ယောက်က ရုတ်ချည်းလှုပ်ရှားလိုက်သည်။ သူတို့က ထန်အာလန်၏ခန္ဓာကိုယ်အား အပိုင်းပိုင်းဆုတ်ဖြဲရန် မစောင့်နိုင်တော့ပေ။

အဝေးရှိ နှစ်ကီလိုမီတာတွင် သစ်ပင်တစ်ပင်အောက်တွင် ရပ်နေရင်း ထန်ရှုက မြင်ကွင်းအား တည်ငြိမ်စွာ ကြည့်ရှုနေခဲ့သည်။ ထန်အာလန်ထုတ်ပြခဲ့သည့်သတ်ဖြတ်ခြင်းနည်းစနစ်နှင့် ပတ်သက်၍ သူက ရှင်းရှင်းလင်းလင်းသိသည်။ ၎င်းက စာကြည့်တိုက်စံအိမ်ထဲတွင် ဓားပညာအမျိုးမျိုးကို လေ့လာပြီးနောက် အိုးရန်လုလုဖန်တီးခဲ့သည့် ဓားနည်းစနစ်တစ်ခုဖြစ်သည်။

သို့သော် သူမက ထန်အာလန်အား သင်ကြားပေးလိမ့်မည်ဟုတော့ သူက မမျှော်လင့်ထားခဲ့ပေ။

“ကြည့်ရတာတော့ အာလန်ကို လေ့ကျင့်ပေးဖို့ ငါ့ရဲ့ရည်ရွယ်ချက်ကို သူတို့က သိထားတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဒါက အာလန်ကို ပိုသန်မာစေပြီး ဒီကောင်လေးကို ငါ့ရဲ့ညာလက်ရုံးဖြစ်လာစေနိုင်မှတော့ ကောင်းတဲ့အရာတစ်ခုပဲလေ။ သူက မဟာထန်အင်ပါယာစစ်တပ်ရဲ့ကွန်မန်ဒါအဖြစ် ထမ်းဆောင်နိုင်လိမ့်မယ်”

ထို့နောက် ထန်ရှု၏မျက်လုံးများက ထန်အာလန်၏လက်ကောက်ဝတ်ရှိ ကျောက်စိမ်းအဆောင်ပေါ်သို့ ပြောင်းရွှေ့သွားသည်။ လွန်ခဲ့သောနာရီဝက်က သူ ပေးခဲ့သည့်ကာကွယ်ရေးအဆောင်က အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများ၏ခွန်အားပြည့်တိုက်ခိုက်မှုကို သုံးကြိမ်တိတိရင်ဆိုင်နိုင်သည်။ သို့သော် သုံးကြိမ်အသုံးပြုပြီးနောက် ထန်အာလန်က ဒဏ်ရာရနိုင်သည်သို့မဟုတ်အသတ်ခံရနိုင်သည့်အခွင့်အရေးတစ်ခုရှိသည်။

သို့သော် ဤသည်ကို ထန်အာလန်က မသိထားပေ။

အုံး…

အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိလူကြီးနှစ်ယောက်၏တိုက်ခိုက်မှုက အလွန်မြန်ဆန်ကာ ကြမ်းတမ်းသည်။ လူနှစ်ယောက်လုံး၏လှုပ်ရှားမှုများက မြန်ဆန်ပြီး သူတို့က သူတို့၏ဓားများကို ဝှေ့ယမ်းလျက် ထန်အာလန်နှင့် ထိပ်တိုက်ရင်ဆိုင်သည်။ ထန်အာလန်၏မြန်ဆန်သောအရှိန်ကြောင့်မဟုတ်လျှင် သူ့အား သူတို့က သတ်ဖြတ်သွားခဲ့လောက်ပြီ။ သို့သော် အရှိန်အားဖြင့် သာလွန်သော်ငြား သူ့အသက်အား အချိန်မရွေးရိတ်သိမ်းနိုင်သည့်အန္တရာယ်များကို ထန်အာလန်က ရင်ဆိုင်နေရသေးသည်။

“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွေးတစ်စက်အတွက် သွေးတစ်စက်ပဲ…”

လေထဲတွင် ရပ်နေသော တောင့်တင်းသန်မာသည့်လူက နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။ သူ့ပုံရိပ်က အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ထန်အာလန်အရှေ့တွင် လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ သို့သော် သူ၏သတ်ဖြတ်ကွက်က ထန်အာလန်ကို ထိုးလိုက်သည့် ညာလက်သီးမှ မဟုတ်ပေ၊ သူ့ဘယ်လက်ကောက်ဝတ်တွင် ရစ်ပတ်ထားသည့် ဆံချည်မျှင်လောက်သာရှိသည့်ငွေရောင်နန်းကြိုးမှပင် ဖြစ်၏၊ ကြေးခေါင်းလောင်းတစ်လုံးအား ငွေရောင်နန်းကြိုးအစွန်းတွင် ချည်နှောင်ထားသည်။

ဘန်း…

လျှပ်စီးအလားမြန်ဆန်သောလက်သီးအား ထန်အာလန်က လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်၊ သို့သော် ဆယ်မီတာရှည်သောငွေနန်းကြိုးကို သတိမပြုမိခဲ့ပေ။

အဟွတ်…

သူက သွေးတစ်ပွက်အန်လိုက်ပြီး နောက်ကျောတွင် နာကျင်သွားသည်။ သူ့ကိုယ်သူအား ထိန်းထားရင်း ကြွေကျသွားသောသစ်ရွက်တစ်ရွက်အလား ထန်အာလန်က စိက်ဝိုင်းပြတ်သဏ္ဍာန်ဉီးတည်ဘက်အတိုင်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သို့သော် သူ့လက်ကောက်ဝတ်နှင့်လက်မောင်းအား အခြားတောင့်တင်းသန်မာသောလူနှစ်ယောက်၏ဓားများက ထိုးစိုက်သွားသည်။

သွေးများ စီးဆင်းကာ ထန်အာလန်၏ဝတ်စုံအား နီရဲသွားစေသည်။ သို့သော် နာကျင်မှုကြောင့် သူက ပိုတောင် တည်ငြိမ်လာခဲ့သည်။

သူ့စိတ်ထဲရှိ တွက်ချက်ခြင်းဖြစ်စဉ်က လျှပ်စီးအလား ပြေးလွှားလှုပ်ရှားနေပြီး သူ့စိတ်က သာမန်လူတစ်ယောက်၏ဉီးနှောက်ထက် အဆတစ်ရာပိုမြန်ဆန်စွာ စဉ်းစားနိုင်လာခဲ့သည်။ မြန်နှုန်းက AIကို မယှဉ်နိုင်သော်လည်း သူက လူသားတစ်ယောက်ဖြစ်သည်ဟူသောအချက်အရ ၎င်းက ကြောက်စရာကောင်းနေသေးသည်။

ဤအချိန်တွင် ထန်အာလန်၏နောက်ကျောတွင် မျက်လုံးများ ရှိလာပုံရသည်။ သူ့ရှေ့ရှိ အင်မော်တယ်ဓားက သူ့ဘယ်လက်အောက်တွင် လျင်မြန်စွာ လှုပ်ရှားသွားပြီး တောင့်တင်းသန်မာသောလူ၏ဝမ်းဗိုက်အား တိုက်ရိုက်ထိုးဖောက်သွားသည်။ ထိုးဖောက်ပြီးနောက် ဓားက မရပ်တန့်ခဲ့ဘဲ အခြားလူ၏ဓားမော့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် အင်မော်တယ်ဓားက အပေါ်သို့ တက်သွား၏။ သို့သော် မြင်ကွင်းက သံလျှပ်တစ်ခုဖြစ်သွားခဲ့ပြီး ဓား၏အစစ်အမှန်ခန္ဓာကိုယ်က ထိုတောင့်တင်းသန်မာသောလူ၏ညာလက်ကို ဖြတ်တောက်သွားခဲ့သည်။

“ဒသဂံဓားအစီအရင်…”

ထန်အာလန်က ဤအကွက်အား တစ်ကြိမ်သာ အသုံးပြုခဲ့သည်၊ သို့သော် သူက ၎င်းအား အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။ ဓားပုံရိပ်အလွှာများက ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ရွှေအမြုတေအဆင့်ကျွမ်းကျင်သူသုံးယောက်အား အပြည့်အဝဖုံးလွှမ်းသွားခဲ့သည်။

“မင်းက သေချင်နေတာပဲ…”

အေးစက်သောအသံတစ်ခုက ဆယ်မီတာအကွာမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ပုံရိပ်နှစ်ခုက ရွေ့လျားလာပြီး ဒသဂံဓားအစီအရင်၏အရှေ့တွင် လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာ၏။ ကြက်သွေးရောင်အလင်းများက ကြေးမှန်တစ်ခုမှ ပေါက်ကွဲထွက်လာပြီး ဒသဂံဓားအစီအရင်အား ချက်ချင်းဖျက်ဆီးလိုက်သည်၊ နောက်ထပ်လက်တစ်ဖက်က တူကို ဝှေ့ယမ်းလျက် အင်မော်တယ်ဓားကို တိုက်ခိုက်လိုက်သည်။

အွတ်…

အင်မော်တယ်ဓားက တူကို ထက်ပိုင်းဖြတ်လိုက်သည်၊ သို့သော် ထန်အာလန်က သွေးတစ်ပွက်အန်က အနောက်သို့ လွင့်စင်သွားသည်၊ သူ့အင်မော်တယ်ဓားက နောက်ပြန်လာလျက် သူ့နားတစ်ဝိုက် ရစ်ဝဲနေလိုက်သည်။

“မင်းက အမှောင်ထဲမှာ ဘယ်လောက်ကြာတဲ့အထိ ပုန်းနေချင်တာလဲ။ ငါတို့က ဒီကောင်လေးကို သတ်လိုက်မှာကို တကယ်ပဲ မစိုးရိမ်တာလား”ရောက်ရှိလာသောလူနှစ်ယောက်ထဲမှ လူငယ်ဆန်သောမျက်နှာနှင့်မီးခိုးရောင်ဆံပင်လူက ထန်ရှုရပ်နေသောဉီးတည်ဘက်ရှိရာသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဝှစ်…

ထန်ရှုက အနီးနားတွင် ရုတ်ချည်း ထွက်ပေါ်လာပြီး ပြုံးကာ ပြောလိုက်သည် “ကောင်းပြီ၊ ငါရွေးချယ်ထားသာပြိုင်ဘက်က ငါ့တပည့်အတွက် အားနည်းလွန်းနေမှာကို ငါ စိုးရိမ်နေခဲ့တာ။ မင်းတို့နှစ်ယောက်က ထွက်ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမယ့် ဘာပဲပြောပြော မင်းတို့နှစ်ယောက်က ငါ့ရဲ့စိုးရိမ်မှုကို ပျောက်သွားစေခဲ့တာပဲ။ မင်းတို့နှစ်ယောက်က မဆိုးဘူး။ မင်းတို့ရဲ့ခွန်အားက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်၊ ပြီးတော့ မင်းတို့မှာ သတ်ဖြတ်ခြင်းနည်းစနစ်တွေလဲ ရှိတယ်။ ဒါက အတော်လေးကောင်းတယ်”

မီးခိုးရောင်ဆံပင်နှင့်လူက လူသုံးယောက်အား အဝေးသို့ ချက်ချင်းလွှတ်လိုက်ပြီးနောက် ထန်ရှုအား အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည် “မင်းက ဘယ်သူလဲ၊ မစ္စတာ။ ရှီမန်ဝမ်သိုင်ကလန်က မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူးလို့ ငါ ထင်တယ်။ ဘာလို့ မင်းက ဒီနေရာကို ရုတ်တရက် ရောက်လာပြီး ငါတို့ရဲ့လူတွေကို သတ်ဖြတ်ရတာလဲ”

“မင်း သိလား၊ မင်းတို့လိုအားနည်းတဲ့သူတွေက သန်မာတဲ့သူတွေအတွက် ခြေနင်းတုံးတစ်ခုပဲ”ထန်ရှုက ရယ်လိုက်သည် “ဒါပေမယ့် ငါ မင်းတို့ကို ရွေးချယ်ရတဲ့စစ်မှန်တဲ့အကြောင်းပြချက်က ငါ့တပည့်အတွက် လေ့ကျင့်ရေးပစ္စည်းတစ်ခုအဖြစ် မင်းတို့ကောင်တွေက လုပ်ဆောင်နိုင်လို့ပဲ။ ဒါပေမယ့် မင်းတို့အားလုံးက ရက်စက်တဲ့လူတွေမှန်း သိသာတယ်။ ဒါကြောင့် မင်းတို့အားလုံးကို သတ်ဖြတ်ရတဲ့အတွက် ငါ လိပ်ပြာလုံတယ်။ ပွင့်လင်းစွာ ပြောရရင် ငါက အတော်လေးဝမ်းသာတယ်၊ ဘာလို့လဲဆိုတော့ ဆိုးသွမ်းတဲ့လူတွေကို သတ်ဖြတ်တာက မရေမတွက်နိုင်တဲ့လူကောင်းတွေကို ကယ်ဆယ်နိုင်လို့ပဲ”

“ဟမ်။ ငါတို့က မင်းကို ကြောက်မယ်လို့ မင်းက တကယ်ထင်တာလား”မီးခိုးရောင်ဆံပင်နှင့်လူက ဒေါသတကြီး အော်ပြောလိုက်သည်။

“မင်းတို့ ကြောက်ရမှာပါ။ ဒါ သေချာတယ်”ထန်ရှုက ရယ်လိုက်သည် “ဒါပေမယ့် မင်းတို့ကောင်တွေနဲ့ငါ့တပည့်ရဲ့တိုက်ပွဲကို ငါ ဝင်ပါမှာမဟုတ်တဲ့အတွက် မင်းတို့တွေ စိတ်အေးအေးထားနိုင်ပါတယ်။ မင်းတို့က မင်းတို့ကိုယ်မင်းတို့ ကယ်ဆယ်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား၊ မင်းတို့က ငါ့တပည့်ကို မသတ်နိုင်ရင် မင်းတို့ သေရလိမ့်မယ်”

“ဟမ့်။ ဘယ်လိုတောင် မောက်မာနေတာလဲ…”

အခြေတည်စိတ်ဝိညာဉ်အဆင့်နှင့်ယှဉ်နိုင်သောအခြားလူက ဒေါသထွက်သွားပုံရသည်။ သူ့ပုံရိပ်က ထန်ရှုအရှေ့တွင် လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာပြီး နောက်ကျောတွင် ချိတ်ဆွဲထားသော ဓားမော့အား ဝှေ့ယမ်းကာ ထန်ရှု၏ဉီးခေါင်းကို ဖြတ်ရန် ကြိုးစားလိုက်၏။

“အမ်။ မင်းက စောစောသေချင်နေတော့လဲ…”

ထန်ရှုက အနည်းငယ်ပြုံးလိုက်သည်။ သူ့လက်ဝါးက ရှေ့သို့ ညင်သာစွာ ရွေ့လျားသွားပြီး လေဓားသွားတစ်ခုဖွဲ့စည်းကာ ထိုလူ၏ခါးအား ရုတ်ချည်းရိုက်ခတ်သွားသည်။

တစ်ကွက်ပဲ…၎င်းက တိုက်ကွက်တစ်ကွက်သာ၊ သို့သော် ထိုလူက နှစ်ပိုင်းပြတ်သွားသည်။

“ဒုတိယညီ…”

“ဆရာသခင်…”

မီးခိုရောင်ဝတ်လူနှင့်အခြားလူသုံးယောက်က မယုံကြည်နိုင်ဖြစ်သွားသည်။ သူတို့က ကိုယ်တစ်ပိုင်းပြတ်သွားသည့်လူထံ ထိတ်လန့်တကြား ပြေးလာကြ၏။

“သူ့ကို ဂရုစိုက်ဖို့ မလိုတော့ဘူးလို့ ငါ မင်းတို့ကို ပြောပါရစေ”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “သူက သာမန်လက်နက်တွေကြောင့် တစ်ပိုင်းပြတ်သွားတယ်ဆိုရင် မင်းတို့က သူ့အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုက ငါ့လက်ချက်ဖြစ်တဲ့အတွက် သူ့အသက်အားက လုံးဝပျက်ဆီးသွားပြီ။ မင်းတို့က ပြီးပြည့်စုံသောရွှေရောင်အင်မော်တယ်ရဲ့ပြန်လည်မွေးဖွားလာခြင်းဖြစ်ရင်တောင် သူ့ကို ပြန်ရှင်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး”

All Chapters