← Chapters

အရာအားလုံးကို အဆုံးသတ်ခြင်း

Vol. 91 Ch. 1271

အရာအားလုံးကို အဆုံးသတ်ခြင်း

Vol. 91 Ch. 1271

ထန်အာလန်က ဖြည်းဖြည်းချင်းခေါင်းခါယမ်းလိုက်သည်၊ သို့သော် သူ့မျက်နှာပေါ်ရှိအပြုံးက မလျော့ပါးသွားပေ။ “ကစားပွဲကို ရှုံးရင် ပေးရမှာက ကိစ္စတစ်ခုပဲ။ ခင်ဗျားမှာ ငွေမရှိရင် ဒီနေရာကို မလာသင့်ဘူး။ ခင်ဗျားလည်း တရုတ်ကမလား။ ကျုပ် ခင်ဗျားကို မျက်နှာသာပေးမယ်၊ ကျုပ်တို့နှစ်ယောက်လုံးက တရုတ်ဆိုတော့ ခင်ဗျားကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ တစ်ဝက်လျော့ပေးမယ်။ အနည်းဆုံး ၃.၄ဒေါ်လာ ပေးရမယ်၊ မဟုတ်ရင် ဒီနေရာကနေ ခင်ဗျားက အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး”

ဒူချန်ဖန်က ငိုချင်မတတ်ဖြစ်သွားသည်။ သူက ဒေါ်လာ၂.၄ဘီလီယံကို ဘယ်နေရာက ရမှာလဲ။ သူ့ကိုယ်သူနဲ့သူ့မှာရှိသမျှအရာအားလုံးကို ရောင်းရင်တောင် ပမာဏက အများကြီးထိုက်တန်လိမ့်မှာ မဟုတ်ဘူး…

“အဲဒါတောင် မရနိုင်ဘူးလား။ ဒါဆို နောက်နှစ် ဒီနေ့က ခင်ဗျားရဲ့နှစ်ပတ်လည်နေ့ပဲ”ထန်အာလန်က ပြုံးကာ ပြောလိုက်သည်။

ဒူချန်ဖန်က စိုးရိမ်သွားကာ ဆိုလိုက်သည် “ငါ့မှာ အဖြေတစ်ခုကျန်ပါသေးတယ်”

“ဟုတ်လား”အပြုံးတစ်ခုက ထန်အာလန်၏ပါးစပ်ထောင့်တွင် ထွက်ပေါ်သွားကာ သူက ပြောလိုက်၏ “ဒါဆို ကျုပ်ရဲ့အကောင့်ကို ပိုက်ဆံလွှဲပေးဖို့ ခင်ဗျားကို နာရီဝက်အချိန်ပေးမယ်”

ဘန်း…

VIPခန်းတံခါးက အပြင်ဘက်မှ ပွင့်သွားသည်။ အဖြူရောင်ဝတ်စုံနှင့်ထန်ကွမ်းက အပြင်ဘက်မှ လျှောက်လာပြီး အထဲရှိ မြင်ကွင်းကို ကြည့်လိုက်သည်။ သူက ပြုံးကာ ခေါင်းခါယမ်းလျက် ပြောလိုက်၏ “သိုင်းပညာသင်ဉီးလေး၊ မင်း ဒီအတိုင်း ဆက်ကစားနေရင်း အခြားနေရာတွေကတိုက်ပွဲတွေက ပြီးသွားလိမ့်မယ်”

ထန်အာလန်က အနည်းငယ်ပြုံးကာ ပြန်ပြောသည် “ငါ့ကို နာရီဝက်ပဲ အချိန်ပေးပါ”

ထန်ကွမ်းက ကုလားထိုင်တစ်လုံးဆွဲယူကာ ဘေးဘက်ရှိ လူမည်း၏ခန္ဓာကိုယ်ကို ကန်ထုတ်လိုက်သည်။ ထို့နောက် သူက ဒူချန်ဖန်ထံ အကြည့်ပြောင်းကာ ပြုံးလျက် မေးလိုက်သည် “ဒီအကောင်က ဘာဖြစ်တာလဲ”

“သူက ငါ့ဆီမှာ ပိုက်ဆံအချို့ အကြွေးတင်နေတယ်လေ၊ သူ ပိုက်ဆံစုနေတာကို စောင့်နေတာ။ ဒါနဲ့ ခင်ဗျားမှာ နှစ်ဆယ့်ကိုးမိနှစ်ပဲ ကျန်တော့တယ်နော်”ထန်အာလန်က ရယ်လိုက်သည်။

ဒူချန်ဖန်၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တုန်ယင်သွားသည်။ နောက်ဆုံးတွင် သူက ထိတ်လန့်သောအကြည့်နှင့် ဖုန်းကို ယူထုတ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် သူက ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ သူ့အခေါ်အား တစ်ဖက်လူက ကိုင်ပြီးနောက် သူက ပြောလိုက်၏ “အာဟန့်၊ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါအုံး။ ငါ ပိုက်ဆံလိုတယ်။ ၂.၄…မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒေါ်လာ၂.၁သန်းလောက်ပဲ။ ပိုက်ဆံမရရင် ငါ သေရလိမ့်မယ်”

“ခင်ဗျား ထပ်လောင်းကစားလုပ်ပြန်ပြီလား”အေးစက်သောအသံတစ်ခုက ဖုန်းမှ ပြန်ဖြေလာသည်။

“ငါ…။ ဒီလောက် ဆိုးဆိုးဝါးဝါးရှုံးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”ဒူချန်ဖန်က စိတ်ဓာတ်ကျသောမျက်နှာနှင့် ခါးသီးစွာ ပြောလိုက်သည် “ငါက မင်းရဲ့ဉီးလေးပါ၊ မင်းယောက်ဖရဲ့ဉီးလေးပါ။ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပေးပါ။ မင်း ငါ့ကို ကယ်ပြီးတာနဲ့ အနာဂတ်မှာ မင်းစကားကို ငါ နားထောင်ပါ့မယ်”

“ကျုပ်မှာ ပိုက်ဆံအဲလောက်မရှိဘူး”ဖုန်းမှ ပြန်ဖြေချိန်တွင် အသံက တင်းမာနေလေသည်။

ဒူချန်ဖန်၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူက အော်ပြောလိုက်၏ “အာဟန့်၊ မင်းရဲအဖေဟန်ကျင်းထန်က ငါ့ကို ရက်ရက်စက်စက်မျက်နှာလွှဲခဲ့တယ်၊ မင်းက သူ့လို ရက်စက်လို့မရဘူး။ ငါ့ကို ကယ်ပါ၊ အနာဂတ်မှာ ငါ မင်းရဲ့အမိန့်အားလုံးကို နားထောင်ပါ့မယ်။ မင်းက ငါ့ကိုအဲလိုလုပ်စေချင်တယ်ဆိုရင် မင်းရဲ့အဖေကိုတောင် ငါ တောင်းပန်ပါ့မယ်”

“ခင်ဗျားမှာ အချိန်ဘယ်လောက်ကျန်လဲ”စိတ်မဝင်စားသောအသံက ဖုန်းမှ ပြန်ဖြေလာသည်။

ဒူချန်ဖန်က ပျော်ရွှင်သွားကာ ကမန်းကတန်းပြောလိုက်၏ “နာရီဝက်…မဟုတ်ဘူး၊ နှစ်ဆယ့်ရှစ်မိနစ်ပဲ ကျန်တော့တယ်။ နှစ်ဆယ့်ရှစ်မိနစ်အတွင်းမှာ သူ့အကောင့်ထဲကို ဒေါ်လာ၂.၄ဘီလီယံမရောက်လာရင် သူက ငါ့ကို သတ်မယ်လို့ ပြောတယ်။ အာဟန်၊အခြားလူနှစ်ယောက်နဲ့သူတို့ရဲ့ကိုယ်ရံတော်တွေက အသတ်ခံလိုက်ရပြီ၊ ဒါကြောင့် ကျေးဇူးပြုပြီး မြန်မြန်လုပ်ပါ…”

“ကောင်းပြီလေ”

ဒူချန်ဖန်က ဖုန်းချလိုက်သောအခါ အဝေးရှိမီတာအနည်းငယ်အကွာတွင် ထိုင်နေသော ထန်ကွမ်းက ထိုလူကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ နက်ရှိုင်းသောအသံနှင့် မေး၏ “ခင်ဗျား တစ်ယောက်ယောက်နဲ့ ပြောနေတာကို ကျုပ် ကြားတယ်၊ ခင်ဗျားက ဟန်ကျင်းထောင်ဆိုတဲ့နာမည်ကို ပြောခဲ့တယ်။ သူက ခင်ဗျားနဲ့ ဘာတော်လဲ”

“သူက ငါ့အကိုရဲ့ဉီးလေးပါ”ဒူချန်ဖန်က ပြောလိုက်သည် “ဘာလို့လဲ။ မင်းက သူ့ကို သိလို့လား”

“ဒါဆို ခဏက ခင်ဗျားဖုန်းခေါ်ခဲ့တဲ့သူက”ထန်ကွမ်းက ထပ်မေးလိုက်သည်။

“သူက ဟန်ကျင်းထောင်ရဲ့သား-ငါ့ရဲ့တူဟန်ဟန့်ပါ”ဒူချန်ဖန်က ပြောလိုက်သည်။

ထန်ကွမ်းက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ထပ်မေး၏ “ကျုပ်ရဲ့နောက်ဆုံးမေးခွန်းကို ဖြေ၊ ဟန်ကျင်းထောင်ရဲ့မြေးမနာမည်က ဘာလဲ”

“ဟန်ကျင်းဝူ”ဒူချန်ဖန်က စဉ်းတောင် မစဉ်းစားဘဲ ဖြေလိုက်သည်။

ထန်ကွမ်း၏အမူအရာက ပြောင်းလဲသွားသည်။ သူက ထန်အာလန်ထံ အကြည့်ပြောင်းကာ ပြောလိုက်၏ “သိုင်းဉီးလေး၊ သူ့ကို သွားခွင့်ပြုလိုက်ပါ…”

ထန်အာလန်က မျက်မှောင်ကြုတ်လိုက်ပြီး အတွေးအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် လက်သွားသည်။ သူက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြော၏ “ဒူချန်ဖန်၊ ငါ့သိုင်းပညာသင်တူရဲ့မျက်နှာကိုထောက်ပြီး ငါ မင်းကို ဒီတစ်ကြိမ် ခွင့်လွှတ်လိုက်မယ်။ ဒီနေရာကနေ ချက်ချင်း ထွက်သွားစမ်း…”

အခုမှရောက်လာသည့်လူငယ်က သူ့အား မေးခွန်းအနည်းငယ်မေးကာ ယခုလို တောင်းဆိုမှုတစ်ခုလုပ်ပြီး သူ့အား သွားခွင့်ပြုလိမ့်မည်ဟု ဒူချန်ဖန်က နည်းနည်းလေးတောင် မထင်ထားခဲ့ပေ။

သူတို့က တကယ်ပဲ အကြွေးဒေါ်လာ၂.၄ဘီလီယံကို လက်လွှတ်လိုက်မှာလား။

ရုတ်တရက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ကမန်းကတန်းမေးလိုက်၏ “မင်းတို့က ဘယ်သူလဲ။ မင်းတို့က ကျင်းဝူမိန်းကလေးကို သိတာလား”

“ပါးစပ်ပိတ်စမ်း…”ထန်ကွမ်း၏မျက်နှာက အေးစက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် အော်ပြောလိုက်သည် “ဒီနေရာက ချက်ချင်းထွက်သွား၊ မဟုတ်ရင် အခုပဲ ခင်ဗျားကို ကျုပ် သတ်ပစ်ရလိမ့်မယ်”

“ကောင်းပါပြီ၊ ကောင်းပါပြီ။ ငါ ချက်ချင်း ထွက်သွားပါ့မယ်”ဒူချန်ဖန်က မှင်တက်သွားပြီး သူ့ကိုယ်ရံတော်နှစ်ယောက်နှင့်အတူ ကမန်းကတန်း ထွက်ပြေးသွားသည်။

ထန်အာလန်က ကာဆီနိုဝန်ထမ်းအား တစ်ချက်ကြည့်ကာ သူ့အား လက်ပြလိုက်သည်။ သူတို့က ထွက်သွားပြီးနောက် သူက သိချင်လှစွာ မေးလိုက်၏ “ဒီဟန်ကျင်းဝူက ဘယ်သူလဲ၊ ထန်ကွမ်။ သူက တကယ်ပဲ ဒေါ်လာ၂.၄ဘီလီယံထိုက်တန်တာလား”

“ဟူး၊ မင်းက သူ့နာမည်ကို ဆရာအဘိုးရှေ့မှာ ထပ်မပြောရင် ပိုကောင်းမယ်၊ သိုင်းပညာသင်ဉီးလေး”ထန်ကွမ်းက သက်ပြင်းချကာ ရှုံ့မဲ့ပြုံးလိုက်သည် “အဲဒီအမျိုးသမီးက…သူက ဆရာအဘိုးရဲ့နှလုံးသားထဲက နတ်ဆိုးအနှောင့်အယှက်တစ်ခုပဲ”

ထန်အာလန်က အံ့အားသင့်သွားသည်။ သူ့ဆရာသခင်ထန်ရှုက အမျိုးသမီးအများကြီးရှိသည်ကို သူ သိသည်၊ သို့သော် ဤဟန်ကျင်းဝူအား တစ်ခါမှ မကြားဖူးပေ။

နတ်ဆိုးအနှောင့်အယှက်တစ်ခုလား။ သူမက ဘယ်လိုအမျိုးသမီးလဲ။ ဘယ်လိုလုပ်ပြီး သူမက ဆရာသခင်ရဲ့နှလုံးသားထဲမှာ နတ်ဆိုးအနှောင့်အယှက်တစ်ခု ဖြစ်လာတာလဲ။

သူက အရမ်းသိချင်လာတော့သည်။ အခန်းထဲရှိ အစောင့်ဒါဇင်အား ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်၏။ အခန်းထဲတွင် သူတို့နှစ်ယောက်သာ ကျန်ပြီးနောက် သူက ပြောလိုက်သည် “ဘာဖြစ်နေတာလဲ၊ ထန်ကွမ်။ ငါ့ကို ပြောပြပါ၊ ဒီလိုမှ အနာဂတ်မှာ ဒီအမျိုးသမီးနဲ့ တွေ့ရင် ဘာလုပ်ရမလဲဆိုတာ ငါလဲ သိမှာ”

ထန်ကွမ်းက အားတင်းပြုံးကာ ပြောလိုက်သည် “ ပြောရရင် ဒီကိစ္စက ငါ မင်းကို ပြောလို့ရမယ့်အရာတစ်ခုမဟုတ်ဘူး၊ ဆရာအဘိုးက သိသွားရင် သူက ငါ့ကို သေချာပေါက် အပြစ်ပေးလိမ့်မယ်။ ဒါပေမယ့် တစ်ချက်တော့ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ငါ သိသလောက် မင်းကို ပြောပြမယ်၊ ဒါပေမယ့် အခြားတစ်ယောက်ယောက်ကို မပြောပြဖို့ မင်း မှတ်ထားရမယ်”

“သေချာတာပေါ့”ထန်အာလန်က ခေါင်းညိတ်လိုက်သည်။

ထန်ကွမ်းက အားတင်းပြုံးလျက် ဆက်ပြော၏ “ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ငါ မသိဘူး။ ဒါပေမယ့် ငါ သိတာ တစ်ခုကတော့ ဟန်ကျင်းဝူက အထက်တန်းကျောင်းမှာ တုန်းက ဆရာအဘိုးရဲ့အတန်းပိုင်ဆရာမပဲ။ နောက်တော့ ဆရာအဘိုးက ရှန်းဟိုင်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တယ်၊ ဟန်ကျင်းဝူလဲ သူ့နောက် လိုက်လာခဲ့တယ်။ အစကတော့ သူမက ဆရာအဘိုးရဲ့အမျိုးသမီးဖြစ်လာလိမ့်မယ်လို့ ငါတို့အားလုံး တွေးထားတာ။ ဒါပေမယ့် အချိန်အချို့ကြာပြီးနောက် သူမက သူ့အတွက် တားမြစ်မှုတစ်ခုဖြစ်လာခဲ့တယ်။ အတိုချုပ်ပြောရရင် သူမနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုကို မင်းကြားရင်တောင် မကြားသလို ပြုမူရမယ်”

“ဒါက…”ထန်အာလန်က တုံ့ဆိုင်းသွားပြီးနောက် စကားတစ်လုံးမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ သွားကြစို့။ ဘေးအခန်းမှာ အခြေအနေတွေ ကြည့်ရမယ်”ထန်ကွမ်းက ပြောလိုက်သည်။

ဘေးခန်းတွင်။

စတုရန်းမီတာတစ်ရာကျော်ရှိသည့်ခန်းမက နေရာတိုင်းတွင် LCDမော်နီတာများနှင့် ပြည့်နေသည်။ မော်နီတာတိုင်းက ထူးဆန်းသောနေရာများကို ပြသခဲ့ပြီး ကျင့်ကြံသူများစွာကို မြင်တွေ့ရသည်။ အချို့က ပိရမစ်၊ ပေါင်းကူးခရူးဆိတ်အသင်း၊မဟူရာကလပ်တို့မှ ဖြစ်ပြီး အများစုက စစ်တပ်လေးခု၏အဖွဲ့ဝင်များဖြစ်ကြသည်။

“ကွန်မန်ဒါ၊ နဂါးစစ်တပ်နဲ့ကျားစစ်တပ်က ဒီအဖွဲ့အစည်းသုံးခုရဲ့လျှို့ဝှက်ဂိုဏ်းခွဲတွေကို ဆွဲထုတ်ပြီးပြီ၊ သူတို့ရဲ့ပင်မအမှုဆောင်တွေကတော့ သူတို့ရဲ့ဌာနချုပ်တွေဆီ ပြန်ဆုတ်ပြီး ဆက်လက်ခုခံနေတယ်။ ထပ်ပြောရရင် ဖီးနစ်စစ်တပ်က ဒိုလန်အိမ်တော်နဲ့ တိုက်ခိုက်ခဲ့ပြီး ဒီအိမ်တော်ရဲ့ကျွမ်းကျင်သူတွေအားလုံးကို သတ်ဖြတ်ခဲ့တယ်။

“ပိရမစ်၊ ပေါင်းကူးခရူးဆိတ်အဖွဲ့နဲ့မဟူရာကလပ်ရဲ့ကျန်ရှိတဲ့အဖွဲ့တွေကို အပြည့်အဝသုတ်သင်နိုင်ဖို့ အများဆုံးနှစ်နာရီပဲ ကြာမယ်။

“ဒါ့အပြင် အရှင်က အမှောင်လေကို စုံစမ်းစစ်ဆေးဖို့ ငါတို့ကို အမိန့်ပေးခဲ့တယ်၊ ငါတို့က သူတို့ရဲ့အသိုက်ကို ရှာတွေ့ပြီးပြီ။ ဒါပေမယ့် တိုင်းပြည်အမျိုးမျိုးက သူတို့ထောက်လှမ်းရေးတွေရဲ့စာရင်းကို ငါတို့က အပြည့်အဝမတူးထုတ်ရသေးဘူး။ သူတို့က ရက်အနည်းငယ်ကျော် လိုလိမ့်မယ်လို့ ထောက်လှမ်းရေးဌာနက စာပို့ထားတယ်”

“ယခင်တိုက်ပွဲအနေအထားနဲ့ ယှဉ်ရင် ငါတို့ဘက်က သေကျေပျက်ဆီးမှုက အနည်းအကျဉ်းပဲ။ နဂါးစစ်တပ်က စုစုပေါင်းလူခြောက်ယောက် ဆုံးရှုံးခဲ့တယ်၊ ကျားစစ်တပ်က ကိုးယောက်၊ ဖီးနစ်စစ်တက်က သုည။

“ခြုံပြောရရင် ကွန်မန်ဒါရဲ့တိုက်ပွဲအစီအစဉ်က လုံးဝအောင်မြင်တယ်။ နောက်ထပ်လှုပ်ရှားမှုတွေအတွက် အမိန့်တစ်ခုခုများ ရှိမလား”

နေရာက မဟာထန်အင်ပါယာ၏ယာယီစစ်တပ်ဌာနချုပ်ဖြစ်ပြီး ထန်အာလန်ထံ တင်ပြလာသူများက သူလေ့ကျင့်ပေးထားသည့်လူများပင်။

ထန်အာလန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “အစီအစဉ်အတိုင်း ဆက်လုပ်ပါ။ ဒါနဲ့ မှတ်ဉာဏ်ဖျက်ဆီးခြင်းနည်းစနစ်တွေကို ကျွမ်းကျင်တဲ့ စစ်သားတွေကရော သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ပြီးပြီလား”

“သူတို့လုပ်ပြီးပြီ၊ တိုက်ပွဲတွေကို မြင်တွေ့ခဲ့တဲ့သာမန်လူတွေရဲ့မှတ်ဉာဏ်တွေကို ဖျက်ခဲ့ပြီးပြီ။ ဒီကိစ္စက ငါတို့အတွက် ပြဿနာတစ်ခုမဟုတ်ဘူး”

“ကောင်းတယ်…”

ထန်အာလန်က ခေါင်းညိတ်ပြပြီးနောက် နှုတ်ဆက်သွားသည်။ တိုက်ပွဲများကို ညွှန်ကြားရန် သူက စစ်မြေပြင်သို့ ကိုင်တိုင်မသွားရောက်ခဲ့သော်လည်း ဤစောင့်ကြည့်ရေးစနစ်မှတစ်ဆင့် စစ်မြေပြင်ပေါ်ရှိအနေအထားအား အဆက်မပြတ်သိရှိနေသည်။

ရုတ်တရက် ထန်ကွမ်းက မေးလိုက်သည် “ဆရာအဘိုးက အခုဘယ်မှာလဲ”

“သူက ဆဲလ်ဘတ်မှာ”ခဏစဉ်းစားပြီးနောက် ထန်အာလန်က ပြန်ဖြေသည်။

“အဲနေရာမှာ မဟူရာကလပ်ရဲ့အဆက်အနွယ်တစ်ခုရှိတာလား”ထန်ကွမ်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ရှိတယ်”ထန်အာလန်က ခေါင်းညိတ်လိုက်သည် “ပြီးတော့ တရုတ်နဲ့မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်တွေချန်ထားခဲ့မယ့်ဆွေမျိုးအချို့ကို စောင့်ရှောက်ဖို့အတွက် သူ့ရဲ့မိတ်ဟောင်းတွေကိုလဲ တွေ့ချင်တယ်လို့ ဆရာသခင်က ပြောတယ်”

ထန်ကွမ်းက ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်သည် “ဆရာသခင်က ဆက်ဆံရေးတွေကို အလေးအနက်ထားနေတာပဲ။ ဒီမတိုင်ခင်တုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို ကတိပေးဖို့ သွမ်မုလင်ကို မေးခဲ့ပေမယ့် အခု သူက ဆဲလ်ဘတ်သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ဆီ သွားခဲ့တယ်၊ သူက နှစ်ဆစိတ်ချရအောင် လုပ်ချင်နေတာပဲ”

“မင်း ဘယ်လိုထင်လဲ။ ဆရာသခင်က အဲဒီသွေးစုပ်ဖုတ်ကောင်တွေကို အင်မော်တယ်ကမ္ဘာကို ခေါ်သွားမှာလား”ထန်အာလန်က မေး၏။

“ငါတော့ မထင်ဘူး”ထန်ကွမ်းက ပြောလိုက်သည် “အင်မော်တယ်ကမ္ဘာမှာ ငါတို့က ရန်သူတွေကို ရင်ဆိုင်ရမှာ။ သူက လုံးဝယုံကြည်စိတ်ချလို့မရတဲ့သူတွေကို ခေါ်သွားမှာ မဟုတ်ဘူး”

“မှန်တယ်…”ထန်အာလန်က ခေါင်းညိတ်ပြလိုက်သည်။

သုံးနာရီကြာပြီးနောက် ကမ္ဘာ့ထိပ်တန်းအဖွဲ့သုံးဖွဲ့စလုံးကို မဟာထန်အင်ပါယာ၏စစ်တပ်သုံးခုက သတ်ဖြတ်နိုင်ခဲ့သည်။

ထို့နောက် ချက်ချင်းလျှင်ပင် ထန်အာလန်က နောက်ဆုံးအမိန့်ထုတ်ပြန်လိုက်သည် “ကမ္ဘာတစ်ဝှမ်းက တိုင်းပြည်တိုင်းမှာ အမှောင်လေအဖွဲ့ရဲ့သတင်းကွန်ရက်ကို စုံစမ်းကြ၊ ပြီးရင် တိုင်းပြည်အသီးသီးက သူတို့ရဲ့ထောက်လှမ်းရေးတွေကို ဖော်ထုတ်ကြ”

All Chapters