ကြောက်လန့်သွားသောယာမဘုရင်
Vol. 91 Ch. 1272
အတ္တလန်တိတ်သမုဒ္ဒရာ။
မြူများလွှမ်းခြုံနေသောပင်လယ်ပြင်ထဲတွင် ကျွန်းပေါင်းထောင်ချီက အရောင်စုံသောမြအပိုင်းအစများအား ထွင်းထုထားသလိုပင်။
ယာမကျွန်း။
ကျွန်းက ကင်းထောက်ဂြိုလ်တုများ၏သတင်းယူခြင်းမှ ကင်းလွတ်သော နေရာတစ်ခုတွင် တည်ရှိသည်။ ဖုံးကွယ်ရေးအစီအရင်အမျိုးမျိုး၏အကျိုးကျေးဇူးကြောင့် ဧရိယာကို အနက်ရောင်မြူခိုးများက တစ်နှစ်ပတ်လုံးအုပ်မိုးထားသည်။ ဤနေရာက အမှောင်လေအဖွဲ့၏အသိုက်ဖြစ်သလို အပြင်လူများက အမှောင်လေအဖွဲ့၏ကွပ်ကဲရေးဌာနချုပ်အဖြစ် မှားယွင်းသတ်မှတ်ထားသော နေရာဖြစ်သည်။
ယာမကျွန်းတစ်ခုလုံးကို ကျောချမ်းစရာကောင်းသော ပတ်ဝန်းကျင်တစ်ခုနှင့်အတူ အနက်ရောင်မြူခိုးများနှင့် အမြဲမပြတ် လွှမ်းခြုံထားသည်။ နန်းတော်များက စတီးများဖြင့် ပြုလုပ်ထားပြီး အဆောက်အဉီးအချို့က ဓားရှည်သဏ္ဍာန်၊ အချို့က လှံပုံစံ၊ စိန်ပုံစံနှင့် အများစုက မျှော်စင်ပုံစံအဆောက်အဉီးများဖြစ်ကြသည်။
ဗဟိုဧရိယာက အကြမ်းဖျင်းအားဖြင့် မီတာတစ်ရာမြင့်မားသည့်အဆောက်အဉီးတစ်ခုဖြစ်သည်။ အပြင်ဘက်မှ ဤမှောင်နတ်ဘုရားမျှော်စင်ကို ကြည့်လျှင် အဆောက်အဉီးက မြေပြင်ပေါ်တွင် တည်ဆောက်ထားသည်မဟုတ်၊ မြေပြင်မှ ဆယ့်ရှစ်မီတာတွင် လွင့်မျောနေသည်ကို တွေ့ရှိရပေလိမ့်မည်။
ဘမ်း…
မျှော်စင်အောက်ခြေရှိဂိတ်က ရုတ်တရက် ပွင့်သွားပြီး ခန္ဓာကိုယ်ကို အနက်ရောင်ကြိုးတစ်ချောင်းဖြင့်ဖုံးကာထားသည့်ဆန်းကြယ်သောလူတစ်ယောက်က လေထဲသို့ ခြေချကာ မျှော်စင်ထဲသို့ ဝင်သွား၏၊ ဂိတ်က ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။
ဆယ့်ကိုးထပ်တွင်။
အနက်ဝတ်ဆန်းကြယ်သောလူက ဝင်လာပြီးနောက် အနက်ရောင်မြူများဖုံးလွှမ်းထားသည့်အသွင်အပြင်အမျိုးမျိုးနှင့် အမျိုးသားနှင့်အမျိုးသမီးဆယ့်ရှစ်ယောက်က ဉီးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။ သို့သော် ထိုလူက သူတို့အား အာရုံမစိုက်ဘဲ သူ့ဉီးထုပ်ကို ချွတ်၏၊ ဆန်းကြယ်သောမျက်နှာတစ်ခုက ထွက်ပေါ်လာသည်။ သူ့မျက်နှာက ဖြူဖတ်ဖြူရော်နှင့်၊ အပေါ်တွင် အစိမ်းရောင်သွေးကြောများကို ရှင်းလင်းစွာ မြင်တွေ့ရသည်။ သူ့မျက်ခုံးများအလယ်ရှိအနီရောင်မှဲ့က ဖမ်းစားနိုင်သောအလင်းတစ်ခု လင်းလက်တောက်ပနေသည်၊ သူ့၏ဘက်ဘယ်ပါးပြင်ပေါ်တွင် လခြမ်းဓားသွားအမှတ်တစ်ခုရှိသည်။
ထိုလူက မျက်လုံးမရှိ၊ အနက်ရောင်အငွေ့တိမ်တိုက်တစ်ခုက မျက်လုံးအိမ်ထဲတွင် အစားထိုးလျက် တည်ရှိသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်စခရင်များကို တည်ငြိမ်စွာ ကြည့်သည်၊ သူ့အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ပိရမစ်၊ ပေါင်းကူးခရူးဆိတ်အသင်းနဲ့မဟူရာကလပ်…သူတို့က ကမ္ဘာထိပ်တန်းအဖွဲ့အစည်းသုံးခုပဲ၊ ဒါပေမယ့် ရက်အနည်းငယ်အတွင်းမှာ သူတို့အားလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့အရာတစ်ခု၊ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ သူတို့နဲ့ယှဉ်နိုင်တဲ့ဒိုလန်အိမ်တော်ကတောင် သုတ်သင်ခံလိုက်ရတယ်၊ ဒါက ငါ့ရဲ့မျှော်လင့်ထားတာထက်ကို ကျော်လွန်နေပြီ”
“ယာမဘုရင်”တောင့်တင်းသန်မာသည့်အနက်ရောင်တိုက်ခိုက်ရေးဝတ်စုံနှင့်လူတစ်ယောက်က လက်မြှောက်ကာ ပြောလိုက်၏ “အဆက်အသွယ်အမျိုးမျိုးကနေတစ်ဆင့် ဒီကလေးစစ်တပ်ရဲ့ဇစ်မြစ်နဲ့အထောက်အထားတွေကို စစ်ဆေးပြီးပြီ။ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်က ဒိုလန်အိမ်တော်နဲ့တရုတ်ကအဖွဲ့အချို့ကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုရှိခဲ့တယ်။ တိတိကျကျပြောရရင် အဲနောက်မှာ နက်ရှိုင်းရန်ငြိုးတစ်ခုရှိလာတယ်၊ ကြည့်ရတာတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သေပြီးလို့ယူဆထားတဲ့လူအချို့က ထွက်ပေါ်လာပုံပဲ”
အနက်ရောင်ဝတ်ယာမဘုရင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “သူတို့နဲ့ ထန်ဂိုဏ်းနဲ့ရော ထိတွေ့မှုရှိလား”
“ယခင်စုံစမ်းမှုတွေအရဆိုရင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ထန်ရှုက ထန်ဂိုဏ်းနဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုတစ်ခုရှိတယ်။ ပြီးတော့ သူ့အဖေထန်ယွမ်ဒီကို ဒိုလန်အိမ်တော်တိုက်ပွဲမှာ ထွက်ပေါ်လာတဲ့ လူတွေထဲမှာ မြင်တွေ့ခဲ့ရတယ်”
“တရုတ်က ငါတို့ရဲ့ထောက်လှမ်းရေးတွေ၊ ပြီးတော့ အဲကို စေလွှတ်လိုက်တဲ့ ကျန်တဲ့အဖွဲ့များစွာတွေ၊ ပင်လယ်ထဲကို ပစ်ချလိုက်တဲ့ကျောက်တုံးတွေလို ဖြစ်သွားတာ အံ့ဩစရာမရှိဘူးပဲ။ သူတို့နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရှိဘူး။ ထန်ဂိုဏ်းရဲ့စွမ်းအားက…ငါတို့မျှော်လင့်ထားတာထက် တကယ်ကို ကျော်လွန်နေတယ်”
“ယာမဘုရင်၊ ဒီကလေးစစ်သားတွေက အရေအတွက်များပေမယ့် သူတို့ရဲ့တစ်ဉီးချင်းစီခွန်အားက သာမန်ပါပဲ။ မင်းက ငါ့ကို အချိန်အလုံလောက်ပေးရင် ငါ သူတို့ကို အပြည့်အဝရိတ်သိမ်းနိုင်ပါတယ်”
“ဟမ်၊ မင်းရဲ့စွမ်းအားကို မှီခိုရုံနဲ့ သူတို့အားလုံးကို သတ်နိုင်တယ်လို့ မင်းပြောတာလား၊ ကျားနက်”ယာမဘုရင်က နှာခေါင်းရှုံ့လိုက်သည် “မင်းက ငါ့ကို ကျီစားနေတာလား။ ပုရွက်ဆိတ်တွေက ဆင်တွေကို သူတို့ရဲ့အရေအတွက်နဲ့ သတ်နိုင်တယ်၊ ပြီးတော့ ဒီကလေးစစ်သားတွေက ပုရွက်ဆိတ်တွေ မဟုတ်ဘူး။ သူတို့ထဲမှာအားအနည်းဆုံးက ရွှေအမြုတေအဆင့်မှာ ရှိပြီး အသန်မာဆုံးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ ယှဉ်နိုင်တဲ့စွမ်းအားရှိတယ်”
“ဘာ…”
တောင့်တင်းသန်မာသောလူက ကြောင်အသွားပြီးနောက် မယုံကြည်နိုင်မှုက ပြန်အစားထိုးသွား၏။ သူက ကမန်းကတန်းအော်ပြောလိုက်သည် “သူတို့ထဲမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်မှ ငါ မတွေ့ခဲ့ဘူး။ ဒီစစ်တပ်သုံးခုရဲ့အရာရှိတွေက တကယ်ကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတွေလား”
ယာမဘုရင်က သူ့အား ပြန်မဖြေတော့ဘဲ လူဆယ့်ရှစ်ယောက်ထဲရှိ လှပသောအမျိုးသမီးကို ကြည့်ကာ ပေါ့ပေါ့ပါးပါးနှင့် မေးလိုက်သည် “မြေခွေးနက်၊ မကြာသေးခင်က ငါတို့ရဲ့နေရာမှာ လှုပ်ရှားမှုတစ်ခုခုများ ရှိသလား”
မျက်နှာဖုံးတပ်ထားသည့်လှပသောအမျိုးသမီးက ပြန်ဖြေသည် “လွန်ခဲ့တဲ့သုံးလက ဖုံးကွယ်ထားတဲ့စတုတ္ထကျွန်းပေါ်မှာ ဆန်းကြယ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့် သွေးလွှမ်းမိုးခဲ့တာလွဲပြီး မူမမှန်တာ ဘာတစ်ခုမှ မရှိဘူး။ ဒါပေမယ့် သူတို့က စောင့်ကြည့်ခံနေရတယ်လို့ တိုင်းပြည်အမျိုးမျိုးကအမှောင်လေထောက်လှမ်းရေးတွေက သတင်းပို့ခဲ့တယ်။ သူတို့အားလုံးကို ငြိမ်ငြိမ်နဲ့သိုသိုသိပ်သိပ်နေဖို့ ငါ အမိန့်ပေးခဲ့ပေမယ့် ငါတို့ရဲ့လူတွေများစွာ ထုတ်ဖော်ခံလိုက်ရပြီလို့ ခန့်မှန်းထားတယ်”
ယာမဘုရင်က အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “ပင်မအဖွဲ့ဝင်တွေအားလုံးကို ပြန်ဆုတ်လာပြီး ပထမကျွန်းမှာ စုဝေးနေဖို့ အမိန့်ပေးလိုက်ပါ။ အခြားသူတွေကတော့…သူတို့အားလုံးကို စွန့်ပစ်လိုက်…”
“သူတို့အားလုံးကို စွန့်ပစ်ရမှာလား”
မြေခွေးနက်အပါအဝင် လူဆယ့်ရှစ်ယောက်က မယုံကြည်နိုင်သောအမူအရာတို့ ဖြစ်သွားကြသည်။ သူတို့၏အမှောင်လေအဖွဲ့အစည်းအား ဘယ်လောက်တောင် ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသည်ကို သူတို့က ကောင်းကောင်းသိသည်။ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသည့် သတင်းကွန်ရက်တစ်ခု ဖြစ်ပေါ်ရန် ဆယ်စုနှစ်များစွာ ကြာခဲ့သည်။ ဒါပေမယ့် အခု သူတို့က အဲဒါကို စွန့်ပစ်ရမှာတဲ့လား။ သူတို့ရဲ့ယခင်အားထုတ်မှုတွေက အလဟဿဖြစ်သွားတယ်လို့ ဆိုလိုတာ မဟုတ်လား။
ယာမဘုရင်က ရှုံ့မဲ့ပြုံးကာ ပြောလိုက်သည် “မင်းတို့ရဲ့စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါ နားလည်တယ်။ ဒါပေမယ့် အမှောင်လေကို တည်ထောင်ရတဲ့ငါတို့ရဲ့ရည်ရွယ်ချက်က ကမ္ဘာတစ်ဝှမ်းက ကျင့်ကြံခြင်းအဖွဲ့တွေကို စောင့်ကြည့်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရဖို့အတွက် ပိုက်ဆံရှာဖို့ပဲ။ ငါတို့က ကျင့်ကြံခြင်းအရင်းအမြစ်အများကြီး ရရှိထားပြီးပြီ။ ဒါပေမယ့် အခြေအနေက ငါတို့ရဲ့ထောက်လှမ်းမှုနယ်ပယ်ကို ချုံ့ဖို့ ဖိအားပေးနေတယ်။ ဒီကြောက်စရာကောင်းတဲ့အဖွဲ့ထွက်ပေါ်လာတာက ငါတို့တွေ မယှဉ်ပြိုင်နိုင်တဲ့အရာပဲ၊ ဒါကြောင့် ဘုရင်ကို ကယ်ဖို့အတွက် ရထားရုပ်ကို စွန့်လွှတ်ဖို့ အချိန်က ရောက်ရှိလာပြီ”
မြေခွေးနက်က သိလိုစိတ်နှင့် မေးလိုက်သည် “ဒီထန်ဂိုဏ်းက တကယ်ပဲ အဲလောက်အားကောင်းတာလား”
“ဒီဂိုဏ်းကို ထန်ဂိုဏ်းလို့ မခေါ်တော့ဘူး”ဘုရင်ယာမက ပြန်ဖြေသည်။
“ဒါဆို အခု ဘယ်လို ခေါ်လဲ”မြေခွေးနက်က ထပ်မေး၏။
“မဟာထန်အင်ပါယာ”ယာမဘုရင်၏လေထဲတွင် ဆန္ဒမရှိမှု၊ လက်မခံလိုမှု အနည်းငယ်ရှိသော်လည်း သူက ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
မဟာထန်အင်ပါယာလား။
လူဆယ့်ရှစ်ယောက်က တုန်လှုပ်ချောက်ချားစွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မယုံကြည်နိုင်မှုက သူတို့၏မျက်လုံးများထဲတွင် ပြည့်နှက်သွားသည်။ နာမည်အရ သူတိုက အလွန်ကြောက်စရာကောင်းသေကောက်ချက်တစ်ခုကို သုံးသပ်ခဲ့သည်။ ဒီကျင့်ကြံသူတွေက ကျင့်ကြံသူတိုင်းပြည်တစ်ခုကို တည်ထောင်ချင်တာလား။ ဒီတိုင်းပြည်ကို တကယ် တည်ဆောက်ခဲ့ရင် ဒီလိုအားကောင်းတဲ့စစ်တပ်တွေနဲ့ဆိုရင် သူတို့က ကမ္ဘာတစ်ခုလုံးကို အလွယ်တကူအုပ်ချုပ်နိုင်မှာ မဟုတ်လား။
“တိုင်းပြည်တစ်ခုကို တည်ထောင်ရဲတယ်ဆိုတော့ သူတို့ရဲ့သတ္တိက ဘယ်လောက်တောင် ကြီးမားလိုက်သလဲ”မြေခွေးနက်က ရေရွတ်လိုက်သည်။
ယာမဘုရင်က စခရင်အား လက်ညှိုးထိုးကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ကလေးစစ်သားတစ်သိန်းငါးသောင်းရဲ့အရေအတွက်က ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုဖြစ်နေပြီ။ မဟာထန်အင်ပါယာမှာ အခြားကျင့်ကြံသူစစ်တပ်တွေ မရှိဘူးလို့ ဘယ်သူက အာမခံနိုင်လဲ။ သူတို့ရဲ့လက်ရှိစစ်တပ်တွေနဲ့ပဲဆိုရင်တောင် သူတို့ကို နှစ်အနည်းငယ်အချိန်ထပ်ပေးလိုက်ရင် သူတို့က စွမ်းအားက ဘယ်အထိတောင် ရောက်လာမှာလဲ။ အရေးကြီးဆုံးအရာက ထိပ်တန်းအဖွဲ့သုံးဖွဲ့နဲ့ဒိုလန်အိမ်တော်ကို သုတ်သင်ခြင်းပဲ။ သူတို့က ဒီစစ်ဆင်ရေးကို လေ့ကျင့်မှုတစ်ခုအဖြစ် အသုံးပြုခဲ့တယ်။ သူတို့က ဒီကလေးတွေကို စစ်ပွဲအတွေ့အကြုံတွေ ရရှိစေပြီး အစစ်အမှန်စစ်သားတွေအဖြစ် ပြောင်းလဲချင်လို့ပဲ”
ဒင်း…ဒင်း…ဒင်း…
ဘာမဘုရင်စကားပြောပြီးလျှင်ချင်း ကျယ်လောင်သောခေါင်းလောင်းသံက မြည်လာသည်၊ ယာမဘုရင်ကလွဲပြီး လူဆယ့်ရှစ်ယောက်၏အမူအရာက ချက်ချင်းအကြီးအကျယ်ပြောင်းလဲသွားသည်။
ဒါက ငရဲခေါင်းလောင်းသံပဲ။
ယာမဘုရင်က ကောင်းကင်ဆန့်ကျင်အစီအရင်တစ်ခုဖြစ်သည့်ငရဲမဟာအစီအရင်ကို ခင်းကျင်းထားပြီးဖြစ်သည်၊ ငရဲခေါင်းလောင်းက အပြင်ဘက်အကျဆုံးအလွှာတွင် ထားထားသော သတိပေးနတ်ဆိုးအသုံးအဆောင်ပစ္စည်းဖြစ်သည်။ ရာစုနှစ်များစွာ ရှိခဲ့သည်၊ ၎င်းက လေးကြိမ်သာ မြည်ခဲ့သည်။ အကြိမ်တိုင်းတွင် သူတို့၏အမှောင်လေအဖွဲ့အစည်းက အရူးအမူးတိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။
ယာမဘုရင်က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ ရေရွတ်လိုက်သည် “ငါတို့က သူတို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်ပုံပဲ။ သူတို့ကို မရှောင်နိုင်မှတော့ ငါတို့တွေ ငရဲလမ်းကြောင်းကို ဖွင့်ရတော့မှာပေါ့။ ငါတို့က နိုင်ရင် လူသားကမ္ဘာမှာပဲ ဆက်နေမယ်၊ ဒါပေမယ့် ငါတို့တွေ ရှုံးနိမ့်ရင် ပြန်ကြမယ်”
ရုတ်တရက် မြေခွေးနက်၏အမူအရာက ပြောင်းလဲသွားပြီး သူမက စခရင်ကို လက်ညှိုးထိုးပြရင်း အော်ပြောလိုက်၏ “ယာမဘုရင်၊ ဒါကို တစ်ချက်ကြည့်ကြည့်…”
ယာမဘုရင်က မျက်လုံးရုတ်ချည်းဖွင့်လိုက်သည်။ သူ့မျက်လုံးက မြေခွေးနက်လက်ညှိုးထိုးပြသည့်ဉီးတည်ဘက်သို့ ပြောင်းရွှေ့သွား၏၊ လေထဲတွင် အေဂရိုဂလိုက်ဒါများ စီးနင်းထားသည့် ကလေးစစ်သားနှင့်ကျင့်ကြံသူသိန်းချီကို စခရင်ထဲတွင် မြင်လိုက်ရသောကြောင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ သူ့စိတ်ဝိညာဉ်အာရုံနှင့်အတူ လူထောင်ချီက ပထမကျွန်းပတ်လည်တွင် အားကောင်းသောအစီအရင်တစ်ခု ခင်းကျင်းနေသည်ကိုပင် သူက တွေ့လိုက်ရသည်၊ ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့်သံချပ်ကားရှစ်စီးက ထိုအစီအရင်နောက်တွင် ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းလျှင်ပင် ဤကျင့်ကြံသူသောင်းချီရှိသည့်စစ်တပ်က ထိပ်တန်းသုံးဖွဲ့နှင့်ဒိုလန်အိမ်တော်ကို သတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူတစ်သိန်းငါးသောင်းမဟုတ်သည်ကို ယာမဘုရင်က သဘောပေါက်လိုက်သည်။
“သူတို့မှာ စစ်တပ်တွေ ဘယ်လောက်ထိ ရှိတာလဲ…”ယာမာဘုရင်က အရေအတွက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
ငရဲကမ္ဘာကိုးခုတွင် သူက ထိုနေရာရှိ အားအကောင်းဆုံးကျင့်ကြံသူများထဲမှတစ်ခု ဖြစ်သည်။ ငရဲကမ္ဘာကိုးခုလုံးရှိ တစ္ဆေကျင့်ကြံသူများ၏အရေအတွက်က နှစ်သိန်းမကျော်သည်ကို သူက သိသည်။ ထပ်ပြောရလျှင် ငရဲကမ္ဘာကိုးခုလုံးက ကမ္ဘာမြေထက် အဆထောင်ချီပိုကြီးသည်၊ ဂြိုလ်တွင် အခြေချနေထိုင်သည့် တစ္ဆေများ၏အရေအတွက်က ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်စုထက် အဆထောင်ချီပိုကြီးသည်။
ဆယ်စုနှစ်သို့မဟုတ်ရာစုနှစ်အနည်းငယ်တွင် မဟာထန်အင်ပါယာ၏စစ်တပ်ခွန်အားက ငရဲကမ္ဘာကိုးခုကို ကျူးကျော်ရန် စွမ်းအားအလုံအလောက်ရှိလာမည်ကို သူက သေချာသည်။
“အစီအရင်ကို အသက်သွင်းစမ်း…”
“မဟာထန်အင်ပါယာမှာ အစီအရင်ဆရာသခင်တွေ ရှိသလားဆိုတာ ငါတို့တွေ ဖော်ထုတ်ဖို့ လိုတယ်။ ဒါပေမယ့် သူတို့မှာ တစ်ယောက်မှ မရှိရင် အစီအရင်ကို အားကိုးပြီး ငါတို့တွေ ဒီရေကို ပြောင်းပြန်လှည့်နိုင်တယ်”
ဖိအားတို့ ခံစားရလျက် ယာမဘုရင်က စတင်အမိန့်ပေးလိုက်သည်။
****
ကျယ်ပြောသောပင်လယ်ပြင်တွင် အမှောင်ထုက ပထမကျွန်းကို လွှမ်းခြုံထားသည်။ ဤအချိန်တွင် သိုင်းစစ်တပ်မှစစ်သားငါးသောင်းလုံးက သေးငယ်သောကျွန်းကို ဝန်းရံထားသည်။
သံချပ်ကားနှင့်တူသောရထားတစ်စီးက ပင်လယ်မျက်နှာပြင်ပေါ်ကို လျင်မြန်စွာ ပျံသန်းလာပြီး စစ်တပ်အရှေ့၌ မကြာခင် ထွက်ပေါ်လာသည်။ တံခါးပွင့်သွားပြီး ကျောက်စိမ်းပုလွေကို ကိုင်ထားသည့် ထန်အာလန်က ရှိနေသည့်လူတိုင်း၏အရှေ့တွင် ထွက်ပေါ်လာသည်။
“ကွန်မန်ဒါ…”
ပုံရိပ်ငါးခုက လျင်မြန်စွာ ရောက်ရှိလာပြီး ထန်အာလန်ကို အရိုအသေပေးလိုက်သည်။
“ဒီနေရာက အနေအထားက ဘာလဲ”ထန်အာလန်က အနည်းငယ်ပြုံးပြလိုက်ကာ မေးလိုက်သည် “အမှောင်လေအဖွဲ့က တစ်ယောက်ယောက် မထွက်ပေါ်လာသေးဘူးလား”
အသက်ဆယ့်သုံးနှစ်ကျော်ရှိသည့်အနက်ဝတ်ထန်ကျင်းက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဒရုန်းတွေကတစ်ဆင့် လူတစ်ရာခြောက်ဆယ့်နှစ်ယောက်ကို တွေ့ခဲ့တယ်၊ သူတို့အားလုံးက ကျွန်းရဲ့အလယ်ဗဟိုမှာ စုဝေးနေတယ်။ ဒီလူတွေထဲမှာ ကျင့်ကြံသူအရေအတွက်က ၁၄၂ယောက်ရှိတယ်၊ အသန်မာဆုံးက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တယ်။ ဒါပေမယ့် ဒီနေရာကို ရှာတွေ့ပြီးနောက် တစ်ယောက်မှ မထွက်လာကြဘူး။ ဒီကျွန်းကို အစီအရင်အချို့နဲ့ ဖုံးလွှမ်းထားတာကို ဖော်ပြစရာမလိုဘူး၊ ဒါကြောင့် လက်ရှိအချိန်မှာ ငါတို့က ဘာမှမတိုက်ခိုက်ခဲ့ရဘူး”
“အစီအရင်တွေလား၊ ဟမ်”
ထန်အာလန်က ပြုံးပြလိုက်သည်။ သူက အစီအရင်များကို လေ့လာနေခဲ့ပြီး ဤကဏ္ဍနှင့် ပတ်သက်၍ အမြောက်အများ သင်ယူထားသည်။ သို့ကြောင့် လက်ရှိတွင် သူ၏အစီအရင်အောင်မြင်မှုများကို စမ်းသပ်ချင်ခဲ့သည်။