← Chapters

အခြေအနေများနှင့်အပေးအယူတစ်ခု

Vol. 91 Ch. 1274

အခြေအနေများနှင့်အပေးအယူတစ်ခု

Vol. 91 Ch. 1274

“ယာမဘုရင်…”

မြွေနက်၏အဆုံးသတ်ကို မြင်ပြီး ထိုလူနှင့် ထူးခြားသောဆက်ဆံရေးတစ်ခုရှိသည့်မြေခွေးနက်က မကျေမနပ်ဖြစ်ကာ သူ့အတွက် စာနာမိသည်။ သူ့နေရာမှာ ငါဆိုရင်ရော ဘုရင်က ကယ်မှာလား။

သူမတစ်ယောက်ပဲ ထိုသို့တွေးသည်မဟုတ်၊ အခြားဆယ့်ခုနှစ်ယောက်ကလည်း ကိုယ့်ကိုယ်ကိုယ်ပြန်မေးခွန်းထုတ်သည်။ မည်သို့ပင်ဆိုစေကမူ သူတို့၏ကောက်ချက်ချမှုက သူတို့အား အရိုးထိတိုင် ချမ်းစိမ့်စိမ့်ဖြစ်စေသည်။

ယာမဘုရင်၏အကြည့်က မြေခွေးနက်နှင့်သူ့နောက်လိုက်ဆယ့်ရှစ်ယောက်ထံ ရိုက်ခတ်သွားသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြော၏ “မင်းတို့ဆယ့်ရှစ်ယောက်က ငါ့ရဲ့သစ္စာအရှိဆုံးလူတွေပဲ။ မင်းတို့က ငါနဲ့အတူ တိုက်ပွဲတိုင်းကို လိုက်ပါခဲ့ပြီး နောက်ဆုံးမှာ ငရဲကမ္ဘာကိုးခုမှာ ငါတို့အတွက် ပိုင်နက်တစ်ခုကို ရရှိခဲ့တယ်။ ဒါမေပယ့် မြွေနက်က မတူညီတဲ့ပုံပြင်တစ်ပုဒ်ပဲ။ သူက ငါ့နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တယ်ဆိုရင်တောင် မင်းတို့ထက် အများကြီးနောက်ကျတယ်၊ ဒါကြောင့် သူနဲ့ မင်းတို့ကို နှိုင်းယှဉ်လို့မရဘူး။ သူ့နေရာမှာ မင်းတို့ဆိုရင် ကယ်ဆယ်ဖို့အတွက် ငါ လုပ်နိုင်သမျှ အရာအားလုံး လုပ်မှာပါ”

ရုတ်တရက် ထိုသို့သောအတွေးတစ်ခုရှိသည့်အတွက် လူဆယ့်ရှစ်ယောက်က အရှက်ရသွားသည်။ သူတို့က ဘုရင်ကို ယုံကြည်သည်၊ ထိုသို့သောယုံကြည်မှုက နှစ်ပေါင်းမရေမတွက်များစွာ အတူတကွ တိုက်ခိုက်လာပြီးနောက် ဖြစ်တည်လာခြင်းပင်။ ထို့ကြောင့် သူတို့က ဘုရင်အတွက် သေပေးရန် တုံ့ဆိုင်းလိမ့်မည်မဟုတ်ပေ။ ထိုသို့သောအခိုက်အတန့်တစ်ခုရောက်လာလျှင် ဘုရင်က သူတို့ကို ကယ်ရန် အရာအားလုံးလုပ်လိမ့်မည်ဟု သူတို့က ယုံကြည်သည်။

“ဒါပေမယ့် ငါ နားမလည်နိုင်သေးတုန်းပဲ၊ ယာမဘုရင်”မြေခွေးနက်က အံကြိတ်လျက် ဆက်ပြောသည် “ငါတို့က ဒီလိုပဲ ယာမကျွန်းပေါ်မှာ ပုန်းအောင်နေရမှာလား။ မဟာထန်အင်ပါယာက ငါတို့ရဲ့ခေါင်းပေါ် ချီးတက်ပါမှာကို လုပ်ခွင့်ပြုရမှာလား”

ယာမဘုရင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ဒီနေရာမှာ ပုန်းနေတာအပြင် ငါတို့က ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”

မြေခွေးနက်၏မျက်လုံးများက အေးစက်စက်အလင်းတစ်ခု လက်သွားပြီး သူမက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည် “ငရဲကမ္ဘာကိုးခုကို သွားတဲ့ပေါ်တယ်ကို ဖွင့်ပြီး အဲဒီကြမ်းတမ်းတဲ့အငြိုးအတေးဝိညာဉ်တွေကို ခေါ်လာပါ။ ပြောရမယ်ဆိုရင် ငရဲကမ္ဘာကိုးခုရဲ့အငြိုးအတေးဝိညာဉ်တွေက အစကတည်းက ပြန်မွေးဖွေးနိုင်မှာမဟုတ်တော့ဘူးလေ။ သူတို့ကို ငရဲကိုးခုရဲ့အမှောင်ထဲမှာ အသက်ရှင်ခွင့်ပြုတာထက်စာရင် သူတို့ကို ငါတို့အတွက် တိုက်ခိုက်ဖို့ ဓားနဲ့လှံတွေ ဖြစ်ခိုင်းလိုက်ပေါ့”

ယာမဘုရင်က ခဏနှုတ်ဆိတ်သွားခဲ့ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငရဲကမ္ဘာကိုးခုက အဲဒီအငြိုးအတေးဝိညာဉ်တွေကို လွှတ်လိုက်တာနဲ့ ငါတို့က ဘယ်လိုအနေအထားမျိုး ရင်ဆိုင်ရမှာကို မင်း တွေးထားပြီးပြီလား။ ကမ္ဘာရဲ့အစီအစဉ်ကို ငါတို့က နှောင့်ယှက်တာကို ငရဲကိုးခုကို ထိန်းချုပ်တဲ့ အဲဒီတစ္ဆေအရာရှိတွေက ဒီအတိုင်း ထိုင်နေပြီး ခွင့်ပြုမှာလား”

“ဒါက စစ်ပွဲတစ်ပွဲထဲက အပိုင်းဆက်တစ်ခုပါပဲ”မြေခွေးနက်က ပြန်ဖြေသည် “အများဆုံး ငရဲမှာ အရှုပ်အထွေးတွေ ဖြစ်ရုံပေါ့၊ ဘာဖြစ်ပျက်ခဲ့တယ်ဆိုတာ သူတို့က သိလိမ့်မှာ မဟုတ်ဘူး။ အထက်က တစ္ဆေအရာရှိတစ်ယောက်ယောက်က စုံစမ်းဖို့ လာရင်တောင် အဲအချိန်ကျရင် စစ်ပွဲက သေချာပေါက် အဆုံးသတ်ပြီးသွားပြီ။ ငါတို့က စစ်ပွဲကို ရှုံးတာပဲဖြစ်ဖြစ်နိုင်တာပဲဖြစ်ဖြစ် ပုန်းနေလို့ရတာပဲ။ ငရဲအာဏာပိုင်က ငါတို့ကို ဘယ်တော့မှာ ရှာဖွေနိုင်မှာ မဟုတ်ဘူး၊ အချိန်အချို့ပြီးရင် ငါတို့ ပြန်လာနိုင်တာပဲ”

“မင်းတို့ကောင်တွေကရော။ မင်းတို့က ဘယ်လိုထင်လဲ”ယာမာဘုရင်က ကျန်လူများထံ အကြည့်ပြောင်းကာ မေးလိုက်သည်။

“ငါ လက်ခံတယ်…”

“သဘောတူတယ်…”

“ငါ အဆင်ပြေပါတယ်”

“…”

အခြားဆယ့်ခုနှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး သူတို့၏သတ်ဖြတ်ခြင်းအရှိန်အဝါက ပိုပြင်းထန်လာသည်။

ယာမဘုရင်က အကျိုးအမြတ်အား စိတ်ထဲတွင် တွက်ချက်ကြည့်ကာ နောက်ဆုံးတွင် မြေခွေးနက်၏အကြံပြုချက်ကို လက်ခံလိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြော၏ “မင်းတို့အားလုံးသဘောတူမှတော့ ဒီအကွက်ကြီးကို လုပ်ကြတာပေါ့။ ဒီစစ်ပွဲကို မနိုင်ရင်တောင် ငါတို့က ဒီမဟာထန်အင်ပါယာကို ပြင်းထန်တဲ့ထိုးနှက်မှုတွေ ပေးနိုင်လိမ့်မယ်။ ဒါပေမယ့် အရေးကြီးဆုံးအရာက ငါက ငရဲက အဲဒီအရာရှိတွေကို မုန်းတာပဲ။ သူတို့ကို ပြဿနာပိုပေးနိုင်လေလေ၊ ငါတို့အတွက် ပိုကောင်းပြီး ပိုပျော်ရွှင်ရလေပဲ။ မြေခွေးနက်၊ ငါတို့အဖွဲ့ရဲ့အဖွဲ့ဝင်တွေအားလုံးကို ပြန်ခေါ်လာဖို့အတွက် မင်းက တာဝန်ရှိတယ်။ နဝမကျွန်းရဲ့အစီအရင်တွေကို အသက်သွင်းပြီး သူတို့ကို အဲနေရာမှာ စုဝေးခိုင်းလိုက်။ ပြီးတော့ အစီအရင်ကို ခင်းကျင်းဖို့ အချိန်သုံးရက်လိုအပ်တယ်။ ငရဲကိုးခုကမ္ဘာကိုသွားတဲ့ပေါ်တယ်ကို ဖွင့်ပြီးတာနဲ့ အငြိုးအတေးဝိညာဉ်တွေက နဝမကျွန်းမှာ ထွက်ပေါ်လာလိမ့်မယ်”

“နားလည်ပါပြီ…”

လူတိုင်းက ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားသောအကြည့်တစ်ခုက သူတို့၏မျက်လုံးများထဲတွင် စီးဆင်းသွားလေသည်။

****

ပထမကျွန်းပေါ်တွင်။

ထန်အာလန်က သတိပြန်ရလာသည့်မြွေနက်ကို ကြည့်ကာ သူ့အား ပြော၏ “ယာမဘုရင်က မင်းကို လာကယ်လိမ့်မယ်လို့ မင်း ထင်တာလား၊ ဒါပေမယ့် သူက မင်းကို လက်လွှတ်လိုက်တာပဲ။ ဒါက ရယ်စရာမလား။ အခု မင်းက မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေတယ်မလား”

မြွေနက်က ကြမ်းတမ်းသောအမူအရာနှင့် မော့ကြည့်ကာ ပြောလိုက်သည် “မကျေမနပ်နဲ့ဒေါသဖြစ်တယ်လို့ မင်း ပြောတာလား။ လုံးဝသေချာတာပေါ့။ ဒါပေမယ့် ငါ သူ့ကို မုန်းတာထက် မင်းကို ပိုမုန်းတယ်။ မင်းက ငါ့ကို အသက်ရှင်လျက် ဖမ်းခဲ့မှတော့ မင်းမှာ ငါ့ကို မေးချင်တဲ့အရာတစ်ခုရှိတယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် မင်း ငါ့ဆီကနေ ဘာတစ်ခုမှ သိရမှာမဟုတ်ဘူး”

“ငါထင်တာ မမှားရင် မင်းက လူသားတစ်ယောက်မဟုတ်ဘူးမလား”ထန်အာလန်က ရယ်လိုက်သည်။

မြွေနက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ဟမ့်၊ ငါက တစ္ဆေတပ်မှူးတစ်ယောက်ပဲ၊ ယာမာဘုရင်ရဲ့နောက်လိုက်တစ်ယောက်ပဲ…။ ငါက မင်းကို ဘာလို့ ပြောပြရမှာလဲ”

ထန်အာလန်က ခေါင်းခါယမ်းကာ ပြုံးလျက် ပြော၏ “ကောင်းပြီ၊ ကောင်းပြီ။ တစ္ဆေတွေက လူသားကမ္ဘာမှာ ထွက်ပေါ်လာလိမ်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ငါ့အတွက် ထိတ်လန့်တုန်လှုပ်စရာအကောင်းဆုံးကတော့ မင်းတို့ကောင်တွေက ဒီနေရာမှာ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့တာပဲ။ ဒါက စိတ်ဝင်စားစရာပဲ။ ဒါဆို ငါနဲ့ အပေးအယူတစ်ခုလုပ်ရင် ဘယ်လိုလဲ”

“ဟမ့်၊ ဘာအပေးအယူလဲ”မြွေနက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ငါ သိချင်တာကို မင်း ငါ့ကို ပြောပါ၊ မင်းရဲ့ဆန္ဒသုံးခုကို ငါ ဖြည့်ဆည်းပေးမယ်”ထန်အာလန်က ပြောလိုက်သည် “ဒါပေမယ့် ဆန္ဒတစ်ခုက မင်းသစ္စာခံခဲ့တဲ့တစ်ယောက်ယောက်ကို သတ်ပေးမယ်။ အခြားဆန္ဒနှစ်ခုအတွက်ကတော့ နောက်ကျရင် မင်း ငါ့ကို ပြောပြနိုင်တယ်”

မြွေနက်က မျက်မှောင်ကြုတ်လိုက်သည်။ သူက အကြံအစည်နှင့်လှည့်ကွက်များကို အမြဲတမ်း သဘောကျသည်၊ ထို့ကြောင့် ထန်အာလန်၏စကားများကို ကြားသောအခါ သူ့စိတ်က လျင်မြန်စွာ လှုပ်ရှားသွားပြီး သူ့အတွက် အကျိုးအမြတ်ဘယ်လိုပိုရရန် စဉ်းစားလိုက်၏။

ယာမဘုရင်အပေါ် သူ့အမုန်းက ကောင်းကင်ပမာ မြင့်သည်။ သူက စွန့်ပစ်ခံလိုက်ရသည်ကို သိ၏။ သူက ထိုလူအား ဘယ်လိုတောင် သစ္စာရှိသည်၊ ဒင်းအား သူ၏အရေးကြီးဆုံးလူအဖြစ် သတ်မှတ်ထားသည်ကို သတိရသည်၊ သို့သော် သူက ထိုလူ၏မျက်လုံးထဲရှိ ပွန်းတစ်ကောင်သာသာဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မင်းက ဘာသိချင်တာလဲ”မြွေနက်က တည်ငြိမ်စွာ မေးလိုက်သည်။

“ဒီယာမဘုရင်ရဲ့အသိုက်က ဘယ်နေရာမှာလဲ၊ အမှောင်လေအဖွဲ့ရဲ့အသိုက်က ဘယ်နေရာမှာလဲ”ထန်အာလန်က ပြုံးလျက် မေးလိုက်သည်။

မြွေနက်က မိနစ်အနည်းငယ်ကြာ နှုတ်ဆိတ်သွားခဲ့ပြီးနောက် ခေါင်းမော့ကာ ဒေါသတကြီး အော်လိုက်သည် “ယာမ၊ မင်းလုပ်ခဲ့တာတွေကို ပြန်ပေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ မင်းက ငါ့နဲ့ငါ့ညီအကိုတွေကို အရင်ဆုံးစွန့်ပစ်ခဲ့တဲ့သူပဲ”

အော်ပြောပြီးနောက် သူက ထန်အာလန်အား ချက်ချင်းခေါင်းမော့ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “အမှောင်လေရဲ့ဗဟိုဌာနချုပ်က ရေမိုင်နှစ်ရာအကွာမှာ ရှိတယ်။ ဒါပေမယ့် ယာမာကျွန်းကို အစီအရင်တွေနဲ့ ဖုံးလွှမ်းထားတာကြောင့် နေရာက ဂြိုလ်တုမြေပုံပေါ်မှာ မတည်ရှိဘူး၊ အပြင်လူတွေက ရှာမတွေ့နိုင်ဘူး”

“ဒါဆို ဒီယာမဘုရင်က ဘယ်သူလဲ။ ပြီးတော့ ဘယ်လောက်များတဲ့ကျွမ်းကျင်သူတွေက အမှောင်လေအဖွဲ့အစည်းထဲမှာ ရှိတာလဲ”ထန်အာလန်က ချက်ချင်းထပ်မေးလိုက်သည်။

“ယာမက ဒီကမ္ဘာက မဟုတ်ဘူး၊ သူတစ်ယောက်တည်းမဟုတ်ဘူး၊ သူ့နောက်လိုက်ဆယ့်ရှစ်ယောက်ကလဲ ဒီကမ္ဘာက မဟုတ်ဘူး”မြွေနက်က ပြန်ရှင်းပြသည် “ငါတို့က ငရဲကိုးခုကမ္ဘာကပဲ။ ယာမက ငရဲကမ္ဘာရဲ့ခေါင်းဆောင်သုံးယောက်တစ်ယောက်ပဲ။ ငါတို့က ဒီနေရာမှာ အက်ကြောင်းတစ်ခုကို မမျှော်လင့်ဘဲ တွေ့ခဲ့တယ်၊ ဒါကြောင့် လျို့ဝှက်လမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့တယ်။ ဒါပေမယ့် ထွက်လာဖို့က လွယ်ကူပေမယ့် ပြန်ဖို့က ခက်ခဲတယ်။ ဒါပေမယ့် အလုပ်ဖြစ်တဲ့နည်းလမ်းတစ်ခုရှိတယ်၊ ပေးချေရမယ့်တန်ဖိုးက အတော်လေးကြီးမားရုံပဲ။ ငါတို့အားလုံးက ဒီနေရာကို သဘောကျတယ်ဆိုတာ ပြောစရာတောင်မလိုဘူး၊ ဒါကြောင့် နောက်ဆုံးအခိုက်အတန့်မဟုတ်သရွေ့ ငါတို့က ပြန်ဖို့ဆန္ဒမရှိဘူး။ အမှောင်လေအဖွဲ့မှာ ကျွမ်းကျင်သူတွေ ဘယ်လောက်များသလဲဆိုတာကတော့ နက်နဲတဲ့ကျင့်ကြံခြင်းရှိတဲ့ယာမဘုရင်အပြင် နောက်လိုက်ဆယ့်ရှစ်ယောက်နဲ့ ယာမကိုယ်တိုင်လေ့ကျင့်ပေးထားတဲ့တစ္ဆေကျင့်ကြံသူတွေ ရာချီရှိတယ်”

ထန်အာလန်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ကိစ္စက ကမ္ဘာနှစ်ခု ပါဝင်နေသည်၊ ထို့ကြောင့် ဤကိစ္စအား ဆရာသခင်ထံ တင်ပြရမည်ဟု သူက ခံစားမိသည်။

ထို့နောက် ချက်ချင်းလျှင်ပင် သူက ဆက်သွယ်ရေးကိရိယာတစ်ခုကို ကိုင်ကာ ထန်ရှု၏ဆက်သွယ်ရေးနံပါတ်ကို ဆက်လိုက်သည်။

“ငါပဲ၊ အာလန်”ထန်ရှု၏နက်ရှိုင်းသောအသံက ဖုန်းမှ လျင်မြန်စွာ ထွက်ပေါ်လာသည်။

“ဒီနေရာမှာ မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုရှိတယ်၊ ဆရာသခင်”ထန်အာလန်က ရိုသေလေးစားစွာ ပြော၏ “အမှောင်လေအဖွဲ့ရဲ့ခေါင်းဆောင်က ယာမဘုရင်လို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ပြီး သူက ကမ္ဘာမြေပေါ်က လူသားတစ်ယောက်မဟုတ်ဘူး၊ ငရဲကိုးခုကမ္ဘာကပဲ။ ငါတို့ဖမ်းဆီးထားတဲ့သူ့လူတစ်ယောက်ဆီက ဒီသတင်းကို ငါ ရခဲ့တာ”

“ငါ့ကို မင်းရဲ့ကိုဩဒိနိတ်ကို ပို့ပေးပါ။ လက်ရှိအချိန်မှာ အလျင်စလိုမလုပ်နဲ့အုံး။ ငါ မင်းဆီ ချက်ချင်းလိုက်လာမယ်”ထန်ရှုက ပြောလိုက်သည်။

“ကောင်းပါပြီ”ထန်အာလန်က ပြန်ဖြေသည်။ သူ့တည်နေရာကိုဩဒိနိတ်ကို ပို့ပေးပြီးနောက် သူက မြွေနက်အား ပြန်ကြည့်ကာ မေးလိုက်သည် “ဒီယာမဘုရင်က တကယ်ပဲ သန်မာတာလား”

“ငရဲကိုးခုကမ္ဘာရဲ့ခေါင်းဆောင်တွေထဲကတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတော့ သူက နက်နဲတဲ့ကျင့်ကြံခြင်းရှိတာ သဘာဝပဲ”မြွေနက်က ခေါင်းညိတ်လိုက်သည် “ဒါ့အပြင် သူက အစီအရင်ဝင်္ကပါကို ကျွမ်းကျင်တယ်။ ပထမကျွန်းပေါ်ကအစီအရင်တွေအားလုံးကို သူ ခင်းကျင်းထားတာပဲ။ မင်းက ဒီအစီအရင်ကို ဘယ်လိုဖျက်ဆီးခဲ့သလဲဆိုတာ ငါ မသိပေမယ့် ဒီကဏ္ဍမှာ သူ့ရဲ့ကျွမ်းကျင်မှုကို မင်းနားလည်မယ်လို့ ငါ ထင်တယ်”

ထန်အာလန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ငါ သိချင်တာကို မင်းက ပြောပြီးပြီးဆိုတော့ ကျန်ရှိတဲ့အခြေအနေနှစ်ရပ်ကို ငါ့ကို ပြောပါ…”

မြွေနက်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “ငါ့အသက်ကို ချမ်းသာပေးပါ၊ ယာမဘုရင်အဆုံးသတ်မယ့်နေရာကို ငါ့ကို ခေါ်သွားပါ။ ဒါက…ငါ လိုချင်တဲ့အခြေအနေပဲ”

“ဟားဟားဟား၊ ကြည့်ရတာ မင်းက အဲဒီယာမဘုရင်ကို တကယ်မုန်းတီးပုံပဲ”ထန်ရှုက ရယ်လိုက်သည် “ကောင်းပြီလေ၊ ဒါက ငါ့အတွက် အံ့အားသင့်စရာမရှိပါဘူး။ မင်းက သူ့ကို သစ္စာရှိတယ်၊ ဒါပေမယ့် သူက မင်းကို အမှိုက်လို သဘောထားပြီး စွန့်ပစ်ခဲ့တယ်။ ဒါက ခံရတာ နာကျင်စရာကောင်းတဲ့အရာပဲလေ”

နာကျင်တာလား။

မြွေနက်က နာကျင်သောနှလုံးသားနှင့်အတူ မျက်လုံးမှိတ်လိုက်သည်၊ သို့သော် သူ့ထံမှ သတ်ဖြတ်ခြင်းဆန္ဒက ပိုသန်မာလာသည်။

ထန်အာလန်က သူ့အား ထပ်ဂရုမစိုက်တော့ပေ။ သူက ထန်ကျင်းတို့ငါးယောက်အဖွဲ့ထံ လှည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ပြန်အားဖြည့်ထားဖို့ ငါ့အမိန့်ကို အခြားသူတွေကို ပြောလိုက်ပါ။ ပြီးတော့ ဒရုန်းတပ်ဖွဲ့ကို ရေမိုင်နှစ်ရာပတ်လည်ကို စစ်ဆေးရှာဖွေဖို့ အမိန့်ပေးလိုက်ပါ။ တစ်ခုခုထူးခြားတာ၊ မူမမှန်တာတွေကို ရှာဖွေဖို့ သူတို့ကို ပြောပါ။ သံသယဖြစ်စရာနေရာတစ်ခုကို ရှာတွေ့ရင် ငါ့ကို ချက်ချင်းပြန်တင်ပြဖို့ ပြောလိုက်ပါ”

“နားလည်ပါပြီ…”

ထန်ကျင်းတို့ငါးယောက်အဖွဲ့က ခေါင်းညိတ်ကာ လျင်မြန်စွာ ထွက်ခွာသွားသည်။

နေ့ဝက်ကြာပြီးနောက် ကင်းထောက်ရာချီက ပြန်လာပြီး ထန်အာလန်က ယာမကျွန်း၏တိကျသောတည်နေရာကို ဖော်ထုတ်ခဲ့သည်။ သို့သော် မြွေနက်ပြောသည့်အတိုင်းပင်၊ တည်နေရာကို အစီအရင်များဖြင့် လွှမ်းခြုံထားသည်။

ဝှစ်…ဝှစ်…ဝှစ်…

ပုံရိပ်တစ်ခုက အဝေးမှ လျင်မြန်စွာ ရွေ့လျားလာသည်။ ထန်ရှုက ပထမကျွန်းသို့ ရောက်လာပြီး သူက ထန်အာလန်အရှေ့တွင် ရပ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါ့ကို အခြေအနေအသေးစိတ်ပြောပြပါ”

“နားလည်ပါပြီ…”ထန်အာလန်က ရိုသေလေးစားစွာ ပြန်ဖြေသည်။

All Chapters