← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 91 Ch. 1276

နောက်ဆုံးတိုက်ပွဲ

Vol. 91 Ch. 1276

အင်“အနိုင်ရသူက ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူက ဗီလိန်ဖြစ်မှာပဲ”

ယာမဘုရင်က ဤသဘောတရားကို အခိုင်အမာလက်ခံထားသည်။

ထန်ရှု၏မောက်မာမှုအား ရင်ဆိုင်နေရသော်ငြား ဒင်းအား အနည်းငယ်ကြောက်ရွံ့မှုရှိသော်လည်း သူ၏သတ်ဖြတ်ခြင်းဆန္ဒက ဆူပွက်နေသေးသည်။ သူ့တစ်သက်မှာ တိုက်ပွဲတွေ ဘယ်လောက်ထိ ဖြတ်သန်းခဲ့သလဲ။ ထို့ကြောင့် သူက အလောင်းအစားလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ငရဲကိုးခုကမ္ဘာသို့ ထွက်ပြေးရန် ကြိုးစားမည့်အစား တိုက်ခိုက်ရန် ရွေးချယ်မည်။ သူ့နောက်လိုက်အားလုံးသေသွားလျှင်ပင် သူ့ကိုယ်ပိုင်အသက်အား ကာကွယ်နိုင်မည်ဟု သူက ယုံကြည်ချက်ရှိသည်။

အနက်ရောင်လက်အိတ်တစ်စုံထုတ်ကာ ဝတ်ပြီးနောက် သူက ခါးမှ နူးညံ့သောဓားတစ်လက်ကို ဆွဲထုတ်သည်။ ဓားပုံရိပ်တစ်ခုက လက်သွားပြီး ဓားက သံမဏိပမာ တဖြည်းဖြည်း မာကျောလာသည်။

“ထန်ရှု…”

ငရဲဘုရင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ပြင်းထန်ကြမ်းတမ်းသောအလင်းက သူ့မျက်လုံးများထဲတွင် စီးဆင်းသွားကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “နောက်သုံးရက်ကျရင် နဝမကျွန်းမှာ ငါတို့တွေ့ကြမယ်။ မဟာထန်အင်ပါယာရဲ့စွမ်းအားက ဘယ်လောက်ထိ ကောင်းသလဲဆိုတာ ငါ မြင်ချင်တယ်”

“ဘာလို့ သုံးရက်ထိ စောင့်နေမှာလဲ”ထန်ရှုက အနည်းငယ်ပြုံးကာ တုံ့ပြန်လိုက်သည် “ကျန်ရှိတဲ့အစီအရင်နှစ်ခုကို ချိုးဖြတ်ပြီးရင် ပင်လယ်မျက်နှာပြင်ပေါ်မှာ ကျုပ်တို့တွေ ကောင်းကောင်းကစားကြတာပေါ့”

ယာမဘုရင်က ကျယ်လောင်စွာ ပြော၏ “ဒီနေ့က မသင့်လျော်ဘူး၊ ငါ့ရဲ့ခွန်အားကို အထွတ်အထိပ်အခြေအနေထိ ချိန်ညှိဖို့ လိုအပ်တယ်။ မင်းက ငါ့ရဲ့ယာမကျွန်းကို တိုက်ခိုက်ဖို့ ရွေးချယ်နိုင်တယ်၊ ငါက ငါ့ရဲ့လူတွေအားလုံးနဲ့ ပြန်ဆုတ်ပြီး အနာဂတ်မှာ ဒီကမ္ဘာဆီ ပြန်လာနိုင်တယ်။ မင်းက ဒီကမ္ဘာကို လက်ရှိအချိန်မှာ ကာကွယ်နိုင်ပေမယ့် နှစ်ထောင်ချီဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းက သူတို့ကို ကာကွယ်နိုင်သေးအုံးမယ်လို့ ထင်လား”

နောက်နှစ်ထောင်ချီကျရင်လား။

ထန်ရှုက စိတ်ထဲ၌ တုန်လှုပ်သွားသည်။ ငရဲဘုရင်၏စကားများက ဘယ်လောက်တောင် မှန်ကန်သည်ကို သူက ကောင်းကောင်းသိ၏။ နောက်နှစ်နှစ်တွင် သူက အင်မော်တယ်ကမ္ဘာသို့ ထွက်ခွာပေလိမ့်မည်။ ဤအကောင်က ပြန်ဆုတ်သွားလျှင် ကျားတစ်ကောင်ကို ချန်ထားသည်နှင့် ညီပေလိမ့်မည်၊ ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခုဖြစ်လာမည်မှာ သံသယဖြစ်စရာမလိုပေ။

သူက စဉ်းစားလိုက်ပြီး ကိစ္စကို အဆက်မပြတ်ချင့်ချိန်သည်။

ထန်ရှုက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြော၏ “ဒါဆို ခင်ဗျားရဲ့ရွေးချယ်မှုအတိုင်း နဝမကျွန်းပေါ်မှာ တွေ့ကြတာပေါ့။ ကျုပ်ရဲ့စကားကို မှတ်ထားပါ။ နောက်သုံးရက်ကျလို့ ဒီနေရာမှာ ခင်ဗျားကို မမြင်ရရင် ငရဲကိုးခုကမ္ဘာထိ လိုက်သွားရမယ်ဆိုရင်တောင် ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”

အထင်သေးမှုတို့က ယာမဘုရင်၏မျက်လုံးများထဲတွင် လက်သွားသည်။ ငရဲကိုးခုကမ္ဘာက ဘယ်အချိန်ကတည်းက ဝင်ရောက်ဖို့ လွယ်ကူခဲ့တာလဲ။ တစ္ဆေကျင့်ကြံသူများက ပြဿနာမရှိသော်လည်း ငရဲကိုးခုကမ္ဘာသို့ ဝင်ရောက်ပြီးသည်နှင့် အခြားကျင့်ကြံခြင်းစနစ်များနှင့်ကျင့်ကြံသူများက ကောင်းကင်မြေကြီးစွမ်းအင်အထောက်အပံ့ကို ဆုံးရှုံးရပေလိမ့်မည်။ သူတို့က ငရဲကိုးခုကမ္ဘာသို့ ဝင်ရောက်လာခဲ့လျှင် အင်မော်တယ်များပင် သူ့ကို အချိန်တိုအတွင်း သတ်နိုင်မည်မဟုတ်ပေ။ သူက လွတ်မြောက်ရန် အခွင့်အရေးရှိသရွေ့ ပြန်လာရန် အခွင့်အရေးတစ်ခုက သူ့အတွက် အမြဲတမ်း ရှိပေလိမ့်မည်။

ကမ္ဘာမြေပေါ်မှာ ငရဲကိုးခုကမ္ဘာစွမ်းအားမရှိတာ သနားစရာပဲ၊ မဟုတ်ရင် ငါ့ရဲ့စွမ်းအားကို အထွတ်အထိပ်အထိ သိုလှောင်နိုင်မှာ။ အဲအခါကျရင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရှိတဲ့ဘယ်သူ့ကိုမဆို သတ်ဖြတ်ဖို့ ငါ့အတွက် အရမ်းလွယ်ကူပေလိမ့်မယ်။

စိတ်ထဲ၌ အနည်းငယ်နောင်တရလျက် ယာမဘုရင်က ထန်ရှု၏နောက်ကျောကို ကြည့်ရင်း အကူအညီမဲ့သောမျက်နှာနှင့် ထွက်ခွာသွားသည်။

ရွှယ်ယုနှင့် ဘေးချင်းယှဉ်ကာ လျှောက်ရင်း အတွေးနက်သောအမူအရာတစ်ခုက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ ငရဲဘုရင်၏လက်ထဲတွင် မမျှော်မှန်းထားသည့်နည်းလမ်းအချို့ရှိမည်ကို ငတုံးတစ်ယောက်ပင် သိပေလိမ့်မည်။

“ရှင် သေချာလား”

ရွှယ်ယု၏တောက်ပသောမျက်လုံးများက ထန်ရှု၏မျက်နှာပေါ်တွင် ရစ်ဝဲနေသည်။ သူမ၏အသံက အလွန်ကျေနပ်ဖွယ်ရှိသည်၊ သို့သော် သူမ၏သံသယများသောလေသံကို မဖုံးကွယ်နိုင်ခဲ့ပေ။

“ဒီငရဲဘုရင်ပြောခဲ့တာတွေက ကျိုးကြောင်းညီညွတ်တယ်”ထန်ရှုက ပြော၏ “သူက သူ့လူတွေနဲ့အတူ ငရဲကိုးခုကမ္ဘာကို ပြန်သွားပြီး ကမ္ဘာနှစ်ခုကြား လမ်းကြောင်းကို ဖျက်ဆီးလိုက်မယ်ဆိုရင် သူ့ကို သတ်ဖြတ်ဖို့ အခွင့်အရေးတစ်ခုခုရှိလာဖို့ ငါတို့အတွက် အရမ်းခက်ခဲလိမ့်မယ်။ ငါတို့ ထွက်သွားတဲ့အချိန်မှာ သူက ပြန်ထွက်လာပြီး သွေးရူးသွေးတန်းနဲ့ လက်စားချေလာနိုင်တယ်။ ငါနဲ့ဆက်ဆံရေးတစ်ခုရှိတဲ့သူတွေက သူ့လက်စားချေမှုရဲ့ပစ်မှတ်တွေ ဖြစ်သွားနိုင်တယ်”

“သူက နေရာနဲ့အချိန်ကို ရွေးချယ်ခဲ့တဲ့သူပဲ”ရွှယ်ယုက ပြန်ဖြေ၏ “သူက နဝမကျွန်းပေါ်မှာ ထောက်ချောက်တွေကို ကြိုတင်ချထားခဲ့ရင် ငါတို့က အဲထဲကို ခုန်ဆင်းလိုက်သလို ဖြစ်သွားမှာမဟုတ်လား”

ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်သည် “ဒီတော့ စိတ်ချပါ။ သူနဲ့ ရင်ဆိုင်ဖို့ ယန်အာကို ခေါ်ထားလိုက်မယ်။ ဒီငရဲဘုရင်မှာ ဘာလှည့်ကွက်တွေပဲရှိရှိ၊ ရွှေအင်မော်တယ်တစ်ယောက်ရဲ့အရှေ့မှာ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး”

“ဒါက နည်းလမ်းကောင်းတစ်ခုပဲ”ရွှယ်ယုက ချက်ချင်းနားလည်ကာ ပြောလိုက်သည် “ဒါပေမယ့် ကူယန်အာကို ဒီကမ္ဘာရဲ့ကောင်းကင်ဘုံတာအိုဉပဒေသက ထိန်းချုပ်ကန့်သတ်ထားတယ်။ သူမကို ဒီကမ္ဘာရဲ့ကောင်းကင်ဘုံတာအိုက ရှာတွေ့သွားလိမ့်မယ်။ မတော်တဆတစ်ခုခုဖြစ်သွားရင် ဒါဆို…”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ရုတ်တရက် ပြောလိုက်သည် “ဒါဆို ကျီချီမိန်ကို ဆက်သွယ်လိုက်မယ်။ အင်မော်တယ်ကမ္ဘာမှာ ကြိုတင်စီစဉ်မှုအချို့ ပြုလုပ်ဖို့အတွက် သူမကို အဲကို အရင်ပြန်ခိုင်းဖို့ ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်။ ကမ္ဘာမြေပေါ်မှာတစ်နှစ်က အင်မော်တယ်ကမ္ဘာမှာ ရာစုနှစ်တစ်ခုနဲ့ ညီမျှတယ်။ ကျီချီမိန်က အဲနေရာကို ကြိုတင်သွားရမယ်၊ အင်မော်တယ်ကမ္ဘာမှာ နှစ်နှစ်က သူမအနေနဲ့ ငါတို့ကို နှစ်နှစ်ရာစောင့်ဖို့ လိုတယ်လို့ ဆိုတယ်။ သူမကို အရင်ပြန်ခိုင်းတယ်ဆိုတာကတော့ သူမက ငါတို့အတွက် ရှေ့ပြေးတပ်တစ်ခုလို့ ဆိုလိုတယ်”

“ဒါပေမယ့် ကျီချီမိန်က သဘောတူမှာလား”ရွှယ်ယုက မျက်မှောင်ကြုတ်လိုက်သည်။

“သူမက လက်ခံမှာပါ”ထန်ရှုက ပြော၏။

သုံးရက်ကြာပြီးနောက်။

ထန်ရှုက စစ်တပ်လေးခုကို ခေါ်ကာ နဝမကျွန်း၏တောင်ဘက်ပိုင်းတွင် သိမ်းပိုက်နေရာယူထားရင်း အမှောင်လေအဖွဲ့သားများရောက်အလာကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ ဤတိုက်ပွဲက ကမ္ဘာမြေပေါ်တွင် သူ့အတွက် နောက်ဆုံးစစ်ပွဲဖြစ်သည်ကို ထန်ရှုက ကောင်းကောင်းသိ၏။

ကျီချီမိန်က ထန်ရှု၏အမိန့်ကို လက်ခံကာ နောက်သုံးရက်အတွင်း ရောက်ရှိလာသည်။ ထန်ရှုက သူမအား သူ့အစီအစဉ်ကို ပြောပြလိုက်သည်၊ သူမက တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံ၏။ လက်ရှိအချိန်တွင် အင်မော်တယ်ကမ္ဘာ၏အနေအထားကို သူတို့တစ်ယောက်မှ မသိပေ။ မဟာထန်အင်ပါယာ၏စစ်တပ်က အင်မော်တယ်ကမ္ဘာကို ရောက်ရှိပြီး သူတို့၏ကမ္ဘာရန်ဘက်နှင့် တွေ့ဆုံသွားမည်ဆိုလျှင် သူတို့က ကြီးမားသောဒုက္ခထဲသို့ ကျရောက်သွားပေလိမ့်မည်။

“သူတို့တွေ ရောက်လာပြီ၊ ဆရာသခင်”ထန်အာလန်က အေရိုဂလိုက်ဒါကို စီးရင်း ထန်ရှုအရှေ့တွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။

“သူတို့ရဲ့အရေအတွက်က ဘယ်လောက်လဲ”ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“လေ့လာစောင့်ကြည့်မှုအရ ရှေ့ပြေးတပ်မှာ လူငါးထောင်ရှိတယ်၊ ဒီလူတွေက ကမ္ဘာတစ်ဝှမ်းကနေ ငရဲဘုရင်ဆင့်ခေါ်ထားတဲ့သူတွေလို့ ငါတို့က သတင်းကွန်ရက်က ထပ်ပြောတယ်။ နောက်ကနေ အဖွဲ့နှစ်ဖွဲ့ထပ်လိုက်ပါလာတယ်၊ အရေအတွက်က နှစ်ထောင်ခန့်ရှိတယ်”

ထန်ရှုက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်သည် “ငါ ထင်တာ မှန်ရင် ဒါက အမှောင်လေအဖွဲ့စုစည်းနိုင်တဲ့စွမ်းအားအကုန်လုံးပဲ။ ဒါနဲ့ အဲဒီယာမကို မင်း ရှာတွေ့ပြီးပြီလား”

“ငါတို့မှာ မြွေနက်ဆွဲပေးထားတဲ့ပုံတူပန်းချီရှိပေမယ့် သူ့ကို မတွေ့သေးပါဘူး”ထန်အားလန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါပေမယ့် ယာမဘုရင်ရဲ့ခွန်အားအရ သူက သူ့အသွင်းအပြင်ကို ပြောင်းလဲပြီး သူ့အရှိန်အဝါကို ထိန်းချုပ်နိုင်တယ်၊ ဒါက သူ့ကို ရှာဖွေဖို့အတွက် ငါတို့ကို ခက်ခဲတဲ့အချိန်တစ်ခုပေးတယ်။ ဒါ့အပြင် မျက်မမြင်အဘွားအိုလဲ ရောက်လာတယ်၊ မင်းကို ပြောစရာတစ်ခုခုရှိတယ်လို့ သူမက ပြောတယ်”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက ချက်ချင်းအမိန့်ပေးလိုက်၏ “သူမကို ခေါ်လာပါ”

မျက်မမြင်အဘွားအိုက နဂါးကိုးကောင်ကျွန်းပေါ်တွင် အမြဲတမ်းနေသည်၊ ရံဖန်ရံခါတွင် အိတ်ဆောင်ကမ္ဘာတွင် ကျင့်ကြံရန် သွားသည်။ သူမက အခြားကိစ္စများတွင် ပါဝင်သည်မှာ ရှား၏။ ယခု သူမက ရုတ်တရက် ရောက်လာသဖြင့် အရေးတကြီးတင်ပြစရာတစ်ခုခုရှိသည်ဟု ဆိုလိုသည်။

ခဏကြာပြီးနောက် မျက်မမြင်အဘွားအိုက ထန်ရှုထံ လျှောက်လာကာ ပြောသည် “ဒီတိုက်ပွဲမှာ ပြဿနာတစ်ခုရှိတယ်၊ အရှင်။ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ငါ ကြားခဲ့တယ်၊ သွေးမြစ်တစ်စင်းနဲ့ နေရာတိုင်းမှာ အလောင်းတွေ ပြန့်ကျဲနေတာကို မြင်လိုက်ရတယ်။ ကြောက်စရာကောင်းတဲ့အငြိုးအဝေးစိတ်ဝိညာဉ်နဲ့တစ္ဆေတွေကိုလဲ မြင်တွေ့ခဲ့တယ်။ မြင်ကွင်းက ငရဲနဲ့တူတယ်။ ဒါပေမယ့် မင်းရဲ့တည်ရှိမှုကြောင့် ဒီနေရာရဲ့အဆုံးသတ်ကိုတော့ ငါ မမြင်နိုင်ဘူး”

ထန်ရှုက မျက်မှောင်ကြုတ်ကာ မြောက်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူ့မြင်ကွင်းထဲတွင် အမှောင်လေရှေ့ပြေးတပ်သားများက ချဉ်းကပ်လာသည်ကို မြင်နိုင်သည်။ သို့သော် ကျီချီမိန်က ဤနေရာတွင် ရောက်ရှိနေပြီဖြစ်သည်။ ဒီလိုအင်မော်တယ်စွမ်းအားရှင်တစ်ယောက်ရှိနေမှတော့ ယာမဘုရင်က ဘယ်လိုလှိုင်းတွေကို ဆွဲထုတ်နိုင်မှာလဲ။

“မျက်မမြင်အဘွားအို၊ ခင်ဗျားရဲ့သတိပေးချက်ကို မှတ်ထားပါ့မယ်။ ဒီတိုက်ပွဲကို ကျုပ် ပေါ့ပေါ့တန်တန် သဘောမထားပါဘူး။ ခင်ဗျား စိတ်အေးအေးထားပါ”အချိန်ခဏကြာ နှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“အဲဒီရှေ့ပြေးတပ်သားငါးထောင်ကို သုတ်သင်ဖို့ ဒီအဘွားအိုကို လွှဲပေးလိုက်ရင် ဘယ်လိုလဲ။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ငါက ကောင်းကင်ဘုံဆရာသခင်အဆင့်ကို ချိုးဖြတ်ခဲ့တယ်။ နတ်ဆရာသခင်အဆင့်ကို ရောက်ဖို့တောင် တစ်လှမ်းလောက်ပဲ လိုတော့တယ်။ ငါ့ခွန်အားက ဘယ်အတိုင်းအတာအထိ ရောက်ရှိပြီဆိုတာကို ငါ မြင်ချင်တယ်”

ခဏစဉ်းစားပြီးနောက် ထန်ရှုက ခေါင်းညိတ်လိုက်သည် “ကောင်းပါပြီ၊ စီနီယာက ဆောင်ရွက်ချင်မှတော့ ကျေးဇူးပြုပြီး လုပ်ပါ…”

မျက်မမြင်အဘွားအိုက အနည်းငယ်ပြုံးလိုက်သည်။ သူမခန္ဓာကိုယ်က နဝမကျွန်း၏မြောက်ဘက်ပိုင်းသို့ ရုတ်ချည်း ရွေ့လျားသွားသည်။ လျှပ်တစ်ပြက်အတွင်း သူမက အမှောင်လေအဖွဲ့၏ကျင့်ကြံသူငါးထောင်အရှေ့တွင် ထွက်ပေါ်လာ၏။ မန္တန်တစ်ခုကို ရေရွတ်လိုက်ပြီး ဓားသွားအလင်းတစ်ခုက တပ်သားငါးထောင်ထံ ရုတ်တရက် ရိုက်ခတ်သွား၏။

ဝှစ်…ဝှစ်…ဝှစ်…

တိုက်ကွက်တစ်ခုမျှသာ၊ သို့သော် လူငါးထောင်ရှိသောစစ်တပ်ထဲမှ အနည်းငယ်ကသာ လွတ်မြောက်နိုင်ခဲ့သည်။ ကျန်လူများက နှစ်ပိုင်းပြတ်သွားပြီး တန်းကာ အသတ်ခံလိုက်ရ၏။

“ဘာစွမ်းအားလဲ…”

ဓားတိုက်ကွက်ကြောင့် ရှိနေသူတိုင်းက အံ့ဩမှင်တက်သွားသည်။ ဒီလိုစွမ်းအားမျိုးက ရွှယ်ယုပင်လျှင် ထုတ်ဖော်နိုင်မည်ဟု မပြောရဲပေ။

“ချီးလိုပဲ…”

နောက်ဘက်ရှိ တပ်သားများထဲမှ အနက်ဝတ်ယာမဘုရင်က ကောင်းကင်သို့ တက်သွားသည်။ သူက လက်ထဲရှိ မှော်တောင်ဝှေးကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ ပြောလိုက်သည် “ထန်ရှု၊ မင်းက ဒီလောက် စက်ဆုပ်ဖွယ်ကောင်းမယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ငါတို့က နဝမကျွန်းကိုတောင် မသွားရသေးဘူး၊ မင်းရဲ့လူတွေက ငါ့လူတွေကို သတ်ဖို့ လှုပ်ရှားခဲ့ပြီးပြီပေါ့လေ။ မင်းက အရှက်မရှိ၊ စက်ဆုပ်ဖွယ်ကောင်းတာပဲ…”

ထန်ရှုက လေထဲသို့ တက်ကာ နှာခေါင်းရှုံ့လိုက်သည် “ခင်ဗျားရဲ့လူတွေက ဒီနေရာကို ရောက်ရှိနေပြီ၊ ဒါက တိုက်ပွဲ စတင်ပြီလို့ ဆိုလိုတယ်။ အစကတည်းက ကျုပ်တို့နှစ်ဖွဲ့ထဲက တစ်ဖွဲ့က ပျောက်ကွယ်သွားရမှာပဲ။ ခင်ဗျားက ကျုပ်နဲ့ လက်ဖက်ရည်သောက်စကားပြောဖို့ လာတာတော့ မဟုတ်ဘူးမလား”

ငရဲဘုရင်က ထန်ရှုကို စိုက်ကြည့်ပြီး မန္တန်တစ်ခုကို ဖော်ထုတ်လိုက်သည်။ အနက်ရောင်မြူတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး နဝမကျွန်းကို အသက်ရှုချိန်အနည်းငယ်အတွင်း လွှမ်းခြုံသွား၏။

“ကောင်းပြီလေ။ ဒါဆို တိုက်ပွဲစကြတာပေါ့။ မင်းရဲ့မဟာထန်အင်ပါယာမှာ ကျင့်ကြံသူစစ်တပ်ရှိသလို ငါ့ဘက်ကလဲ နူးညံ့တဲ့တည်သီးမဟုတ်ဘူး။ မင်းက တိုက်ပွဲလုပ်ချင်တယ်၊ ဒါဆို တိုက်ကြတာပေါ့။ မင်းရဲ့လူတွေက တစ္ဆေတွေ ဘယ်လောက်များထိ သတ်နိုင်သလဲကို ကြည့်ရတာပေါ့”ငရဲဘုရင်က ဒေါသတကြီး အော်ကာ သူ့တောင်ဝှေးကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်၏။

ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ လျှပ်တစ်ပြက်အတွင်း ပတ်ဝန်းကျင်အပူချိန်က ဆယ်ဒီဂရီကျော် လျော့ကျသွားသည်ကို သူက အာရုံခံမိသည်။ အငြိုးအဝေးဝိညာဉ်များ၏အငွေ့အသက်ကိုလည်း သူက သတိထားမိ၏။

All Chapters