သုတ်သင်ခြင်း
Vol. 91 Ch. 1277
“ဝိုး…ဝိုး…ဝိုး…ဒီပေါ်တယ်က ကမ္ဘာသစ်တစ်ခုကို ခေါ်ဆေင်လာတာပဲ။ ဒီနေရာက…လေထုက အံ့ဩစရာကောင်းလှချည်လား။ ဒီကမ္ဘာက လှလွန်းတယ်။ ဒီနေရာမှာ ငါ ဘာမြင်နေရတာလဲ။ အသွေးအသားတွေနဲ့သက်ရှိတွေလား။ ဟားဟားဟား….ဒါက ငါတို့အငြိုးအဝေးဝိညာဉ်တွေအတွက် မွေးမြူရေးခြံတစ်ခုများလား။ ဒီအသွေးနဲ့အသားတွေက ငါတို့အတွက် ပြင်ဆင်ပေးထားတာလား”
“လူသားကမ္ဘာလား။ ဒီနေရာက လူသားကမ္ဘာလား။ ညီအကိုတို့၊ နောက်ဆုံးတော့ ငါတို့တွေ ငရဲကိုးခုကမ္ဘာက လွတ်မြောက်လာပြီပေါ့။ သူတို့အားလုံးကို သတ်ပစ်။ ဒီကမ္ဘာကို သိမ်းပိုက်ပြီး ရွံ့စရာကောင်းတဲ့လူသားတွေကို ဖျက်ဆီးကြရအောင်။ ငါတို့က ငရဲကိုးခုသေမင်းချီကို ဒီကမ္ဘာဆီ ဆွဲယူနိုင်သရွေ့ ဒီနေရာက ငါတို့ရဲ့သုခဘုံဖြစ်လာလိမ့်မယ်”
“ထောင်စုနှစ်လားဒါမှမဟုတ်နှစ်သန်းချီလား။ နောက်ဆုံးတော့ ငါတို့တွေ ငရဲကိုးခုကမ္ဘာက ထွက်လာနိုင်ပြီပေါ့။ ငါ သတ်ချင်တယ်…ငါ သတ်ဖြတ်ချင်တယ်…ရဲဘော်တို့…ဒီအသားတွေကို အမဲလိုက်ကြရအောင်…ဒီနေရာမှာ ငါတို့ဝါးမျိုဖို့အတွက် စောင့်နေတဲ့သက်ရှိနဲ့ဝိညာဉ်တွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်”
“တောက်…ငါ ဒီနေရာကို ချစ်သွားပြီ။ ဒီနေရာမှာ ငါ့ရဲ့တစ္ဆေပိုင်နက်ကို တည်ဆောက်ရမယ်…”
“သူတို့အားလုံးကို သတ်ပစ်…”
“…”
အနက်ရောင်မြူစီးကြောင်းတစ်ခုက မြေအောက်မှ ဖြာထွက်လာသည်။ များမကြာမီ အနက်ရောင်မြူက သိပ်သည်းသွားပြီး အငြိုးအတေးဝိညာဉ်တစ်ဖွဲ့ဖြစ်လာခဲ့သည်။ ပထမတွင် သူတို့၏အရေအတွက်က အနည်းငယ်သာ ရှိသည်၊ သို့သော် ဆယ်မိနစ်အတွင်း အငြိုးအဝေးစိတ်ဝိညာဉ်သောင်းချီက ငရဲကိုးခုကမ္ဘာမှ ပြေးထွက်လာခဲ့သည်။
ယာမဘုရင်၏အစီအစဉ်ကို ထန်ရှုက နောက်ဆုံးတွင် နားလည်လိုက်သည်။ သို့သော် ဤငရဲဘုရင်က ငရဲကိုးခုကမ္ဘာမှ အငြိုးအဝေးဝိညာဉ်နှင့်တစ္ဆေများကို လူသားကမ္ဘာသို့ လွှတ်ရဲလိမ့်မည်ဟုတော့ သူက မမျှော်လင့်ထားခဲ့ပေ။
သူက အဆက်မပြတ်လေ့လာရင်း စဉ်းစားနေသည်။
ဆယ်မိနစ်ကြာနှုတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် လူသားကမ္ဘာထဲသို့ ဝင်လာသော တစ္ဆေများ၏ခွန်အားကို ထန်ရှုက ဆုံးဖြတ်ခဲ့သည်။ ရက်စက်ကြမ်းတမ်းသောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက လေထဲတွင် ရပ်နေလိုက်၏။ ချက်ချင်းတိုက်ခိုက်ရန် တပ်သားများကို သူက အချက်ပြလိုက်သည်။
“မဟာထန်အင်ပါယာရဲ့စစ်သားတွေ၊ ဒီနေ့က ဒီတစ္ဆေတွေကို မင်းတို့တွေ သုတ်သင်ရမယ့်နေ့ပဲ…”
ထန်ရှုက နတ်ဘုရားဓားကို ထုတ်လွှတ်လိုက်သည်။ လျှပ်စီးမိုးကြိုးနှင့်တူသောဓားအလင်းများက အနီးနားရှိအငြိုးအတေးဝိညာဉ်များထံ ရိုက်ခတ်သွားသည်။ မီတာတစ်ထောင်ရှိသောဓားရောင်ခြည်တန်းက အငြိုးအဝေးဝိညာည်ရာချီကို ချက်ချင်း ဖျက်ဆီးလိုက်၏။ အားကောင်းသောတစ္ဆေအနည်းငယ်သာ ဓားရောင်ခြည်တန်းတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့သည်။
“သတ်…”
“သတ်…”
“သတ်…”
“သတ်…”
ထန်ရှု၏အမိန့်အောက်တွင် စစ်တပ်လေးခုဖြစ်သည့်နဂါးစစ်တပ်၊ ကျားစစ်တပ်၊ ဖီးနစ်စစ်တပ်နှင့်သိုင်းစစ်တပ်တို့က အငြိုးအတေးဝိညာဉ်များကို စတင်တိုက်ခိုက်ခဲ့ကြသည်။ ရွှယ်ယု၊ မျက်မမြင်အဘွားအိုနှင့် လုပ်ကြံသတ်ဖြတ်သူအဖွဲ့ဝင်ရာချီကို ဉီးဆောင်လာသည့်ထန်ကွမ်းတို့ကလည်း တစ္ဆေသတ်ဖြတ်ခြင်းကို စတင်ခဲ့ကြ၏။
ကီလိုမီတာအနည်းငယ်အကွာတွင်။
ယာမ၏မျက်လုံးများက လင်းလက်သွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အမှောင်လေကျွမ်းကျင်သူများက မဟာထန်အင်ပါယာ၏စစ်သားများထံ ချက်ချင်းတိုက်ခိုက်လိုက်ကြ၏။ သူတို့၏ခန္ဓာကိုယ်ထဲတွင် ယာမက သေမင်းချီ ထည့်သွင်းထားသည်၊ ထို့ကြောင့် အငြိုးအဝေးဝိညာဉ်များက အမှောင်လေအဖွဲ့ဝင်များကို ပစ်မှတ်မထားပေ။
ထို့ကြောင့် ထန်ရှုက လူရောတစ္ဆေရောနှစ်ခုစလုံးကို သတ်ဖြတ်ရမည်။
သို့သော် သူက ယာမကို အာရုံစိုက်ထားသည်။ ဤငရဲဘုရင်က နီးကပ်လာသည့်အခိုက်တွင် သူက ထိုလူ၏အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာ၏။
“အရင်က ကျုပ်ရဲ့စွမ်းအားကို ခင်ဗျားမြင်ချင်ခဲ့တယ်မလား။ ဒီနဝမကျွန်းက ကျုပ်တို့အတွက် နုနယ်လွန်းတယ်။ ကျုပ်နဲ့အတူ ပင်လယ်ကို သွားကြရအောင်။ ကျုပ်တို့က ကောင်းကင်မှာ အပေါက်တစ်ခုဖြစ်စေရင်တောင် ပြဿနာတစ်ခုဖြစ်လာမှာမဟုတ်ဘူး”ထန်ရှုက ယာမကို စိုက်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် အော်လိုက်သည်။
ယာမက မျက်မှောင်ကြုတ်လိုက်သည်။ ထန်ရှုထံမှ သတ်ဖြတ်ခြင်းဆန္ဒကို သူက အာရုံခံနိုင်ကာ ပြောလိုက်၏ “ကောင်းပြီလေ၊ ဒီနေ့ ငါ မင်းကို သေချာပေါက် သတ်ရလိမ့်မယ်…”
လက်အိတ်ဝတ်ထားသည့်သူ့လက်သီးက အရွယ်အစားအားဖြင့် မီတာရာချီရှိသည့်ဧရာမလက်သီးအရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ထန်ရှုထံ တရစပ်တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းတွင် သူ၏နူးညံ့သောဓားက အနက်ရောင်အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားအရိပ်များက ထန်ရှုကို ဝါးမျိုရန် ကြိုးပမ်းလာခဲ့သည်။
“ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်လား”
နောက်ဆုံးတွင် ထန်ရှုက ခွန်အားပြည့်ထုတ်လိုက်သည်။ နတ်ဘုရားဓားက အလင်းနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းသွားပြီး ဧရာမလက်သီးအရိပ်များနှင့်ဓားအရိပ်များကို ချက်ချင်းဝါးမျိုလိုက်သည်။ တစ်ချိန်တည်းတွင် သူက ဝါးမျိုခြင်းနတ်ဘုရားစွမ်းရည်ကို တန်းထုတ်ဖော်လိုက်သည်။ စုပ်ဝဲနှင့်တူသောအားတစ်ုက ပတ်ဝန်းကျင်တွင် လေဆင်နှာမောင်းတစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်စေသည်၊ စုပ်ဝဲက ယာမဘုရင်၏တိုက်ခိုက်မှုများကို ဝါးမျိုလိုက်ပြီး ဒင်းထံ ရုတ်ချည်း တိုက်ခိုက်လိုက်၏။
“ဒါက ဘာကြီးလဲ”
ယာမ၏အသားအရောင်က ချက်ချင်းပြောင်းလဲသွားသည်။ ယခင်က ထန်ရှုက သူ့စွမ်းအားကို အထွတ်အထိပ်အထိ မထုတ်ဖော်ခဲ့ပေ။ ထို့ကြောင့် ထန်ရှု၏စွမ်းအားအတိုင်းအတာကို သူက မဆုံးဖြတ်နိုင်ခဲ့ပေ။ သို့သော် ဤအချိန်တွင် ထန်ရှုက သူ့ထက် ဆယ်ဆပိုသန်မာသည်ကို အာရုံခံနိုင်သည်။ ထန်ရှု၏ကျင့်ကြံခြင်းအဆင့်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွင် ရှိသည်ကိုပင် သူက ပြောနိုင်၏။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်က အင်မော်တယ်မဖြစ်ခင် ခြေတစ်လှမ်းအကွာသာ လိုသည်။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူများက အင်မော်တယ်ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သည်နှင့် သူတို့က အင်မော်တယ်ဖြစ်လာပေလိမ့်မည်။
“ငါ ပြေးရမယ်…”
ဤမတိုင်ခင်တုန်းက ထန်ရှုကို ရင်ဆိုင်ရန် ယာမတွင် ဝှက်ဖဲနှစ်ခုရှိသည်။ သို့သော် သူ၏အစီအရင်ကျွမ်းကျင်မှုက ထန်ရှုနှင့် ယှဉ်လျှင် ဖုန်မှုန့််သာသာဖြစ်သည်။ သို့သော် ယခု သူ့ခွန်အားနှင့်ထန်ရှုကြားတွင် ကွာဟချက်ကြီးတစ်ခုရှိသည်ကို သူပင် ဝန်ခံရမည်။
တိုက်ပွဲက စတင်ကာစဖြစ်သော်လည်း သူက ရှုံးနေပြီကို သိသည်။
“ခင်ဗျားက ထွက်ပြေးချင်တာလား။ ခင်ဗျားရဲ့ဖင်ကို ဒီနေရာမှာ ချန်ထားခဲ့စမ်း…”
ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး ဝါးမျိုခြင်းနတ်ဘုရားစွမ်းရည်ကို အကန့်အသတ်အထိ တွန်းပို့လိုက်သည်။ ပတ်ဝန်းကျင်ရှိ အငြိုးအဝေးဝိညာဉ်ထောင်ချီကို ထန်ရှု၏ဝါးမျိုခြင်းစွမ်းအားကို ဆွဲယူခဲ့ပြီး သူက နေရာတိုင်းရှိ တစ္ဆေစွမ်းအားကိုလည်း ဝါးမျိုခဲ့သည်။ ယာမက ထွက်ပြေးချင်သည်၊ သို့သော် ကြီးမားသောစုပ်အားက သူ့ကို ထန်ရှုထံ အဆက်မပြတ်ဆွဲယူလာခဲ့၏။
“ဒါ မဖြစ်နိုင်ဘူး…မင်းအနေနဲ့ ဒီလိုပြောင်မြောက်တဲ့စွမ်းအားတစ်ခုရှိဖို့ မဖြစ်နိုင်ဘူး…အရင်က ငါက သူတို့နဲ့ ကျမ်းကျိန်မှုတစ်ခု လုပ်ထားခဲ့တဲ့အတွက် ကမ္ဘာမြေပေါ်က အဲဒီလူအိုကြီးသုံးယောက်က ကမ္ဘာထဲက ဘယ်ကိစ္စကိုမှ ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ မင်းက ဒါကို ဘယ်လိုလုပ်အောင်မြင်ခဲ့တာလဲ။ မင်းက ဘာလို့ ဒီလောက်ထိ အားကောင်းနေရတာလဲ”ယာမက ဒေါသတကြီး ညည်းလိုက်သည်၊ သူ့လေသံနှင့်အမူအရာက မယုံကြည်နိုင်မှုအပြည့်ဖြစ်နေ၏။ သို့သော် သူက အပြစ်တင်လို့မရပေ။ သူက ထန်ရှုအကြောင်း စုံစမ်းခဲ့သည်။ လွန်ခဲ့သောငါးနှစ်ကျော်က ထန်ရှုက ကြယ်တာရာမြို့အမှတ်တစ်အထက်တန်းကျောင်း၏စိတ်ကမောက်ကမဖြစ်နေသည့်ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။
ပြောရမည်ဆိုလျှင် ဤငါးနှစ်အတွင်း ထန်ရှုက ကံကောင်းမှုများနှင့် ကြုံတွေ့ခဲ့လျှင်ပင် ယခုလိုအချိန်တိုအတွင်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ရှိရန် မဖြစ်နိုင်သေးပေ။
“ရေတွင်းအောက်ခြေကဖားတစ်ကောင်က ငါ့ရဲ့တည်ရှိမှုကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။
ထိုသို့ပြောပြီးနောက် သူက ခန္ဓာကိုယ်ထဲရှိ စကြာဝဠာရှိ များမှ မူလဖရိုဖရဲစွမ်းအားကို ဆွဲထုတ်ကာ ဝါးမျိုခြင်းမှော်စွမ်းရည်ကို ဖော်ထုတ်လိုက်၏။
ယာမ၏နှလုံးသားက အရူးအမူးခုန်ပေါက်သွားပြီး စိတ်ဓာတ်ကျမှုတို့က သူ့နှလုံးသားထဲတွင် ပြည့်နှက်လာသည်။ ရက်စက်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲတွင် လင်းလက်သွားပြီး သူ့ညာလက်က သူ့ရင်ဘက်ကို ထိုးဖောက်လိုက်၏။ သူ့သွေးများက ပက်ဖျန်းသွားသည့်အခိုက်တွင် ထူထဲသောသေမင်းချီက သူ့ခန္ဓာကိုယ်မှ ပေါ်ထွက်လာပြီး လျှပ်တစ်ပြက်အတွင်း သူ့ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေသည်။
ဆူးများက သူ့ပခုံးပေါ်တွင် ကြီးထွားလာပြီး ထက်ရှသောတောင်ပံတစ်စုံက သူ့နဖူးတွင် ထွက်ပေါ်လာ၏။ သူ့နှာခေါင်းက အနည်းငယ်ပိုကြီးသွားသည်။ အကြေးခွံများက သူ့အရေပြားပေါ်တွင် ထွက်ပေါ်လာကာ သူ့အား မွန်းစတားနှင့် တူသွားစေသည်။ သူ့အရှိန်အဝါက လျှပ်တစ်ပြက်အတွင်း ဆယ်ဆမြင့်တက်လာပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှင့် ယှဉ်နိုင်လုနီးပါးဖြစ်လာသည်။
သို့သော် သူက ထန်ရှုနှင့် တိုက်ခိုက်ရန် မကြိုးစားဘဲ ဝါးမျိုခြင်းစုပ်အားမှ လွတ်မြောက်ရန်သာ ဖြစ်၏။ သူ့ပုံရိပ်က ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး အဝေးသို့ ရွေ့လျားသွား၏။
“ပြန်သွားစမ်း…”
ပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ယာမ၏ဆုတ်ခွာရေးလမ်းကြောင်းကို ချက်ချင်းတားဆီးလိုက်သည်။ လျင်မြန်ပြီးအားကောင်းသောကန်ချက်တစ်ချက်က သူ့မျက်နှာကို ထိမှန်သွားပြီး သူက နောက်သို့ လွင့်ထွက်သွား၏။ ထို့နောက် ချက်ချင်းလျှင်ပင် နတ်ဘုရားဓားက သူ့ခန္ဓာကိုယ်ကို အနောက်မှ ထိုးဖောက်သွားကာ သူ့နှလုံးသားကို ဖျက်ဆီးလိုက်သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူက ကမ္ဘာပေါ်တွင် မယုံနိုင်စရာအကောင်းဆုံးအရာကို မြင်လိုက်ရသည့်ပမာ မယုံကြည်နိုင်မှုတို့က ယာမ၏မျက်နှာပေါ်တွင် အပြည့်ဖြစ်သွား၏၊ သူက ဒေါသတကြီးပြောလိုက်သည်“မင်းက အင်မော်တယ်တစ်ယောက်မလား။ ဘယ်လိုလုပ်ပြီး ရွံ့စရာကောင်းတဲ့ကောင်းကင်တာအိုဉပဒေသရှိတဲ့ဒီကမ္ဘာမှာ အင်မော်တယ်တစ်ယောက်က ထွက်ပေါ်လာရတာလဲ။ ဒါက…မဖြစ်နိုင်ဘူး”
ထန်ရှုက ယာမဘုရင်၏နောက်တွင် လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာ၏။ သူ့မျက်နှာပေါ်ရှိအပြုံးက နတ်ဆိုးဆန်လျက် သူက ပြောလိုက်သည် “မင်းက ရေတွင်းအောက်ခြေကနေ ကောင်းကင်ကို မော့ကြည့်နေတဲ့ဖားတစ်ကောင်နဲ့တူတယ်လို့ ငါ ပြောခဲ့တယ်မလား။ မင်းရဲ့အသိတိမ်လွန်းတာနဲ့ ဒါက မဖြစ်နိုင်ဘူးလို့ ထင်တာလား။ ဒီကမ္ဘာပေါ်မှာ အင်မော်တယ်တစ်ယောက်ထက် ပိုရှိတာကို မင်း မှတ်ထားလိုက်တော့”
ထိုသို့ပြောပြီးနောက် သူက ယာမဘုရင်၏ခေါင်းကို ထုခြေကာ သတ်ဖြတ်လိုက်သည်။
ရုတ်တရက် မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်က အနက်ရောင်တိမ်တိုက်များနှင့် ဖုံးအုပ်သွားသည်။ လျှပ်စီးများက အနက်ရောင်တိမ်တိုက်များအလယ်တွင် ပေါက်ကွဲထွက်ကာ ကမ္ဘာတစ်ခုလုံးက တောက်ပသွား၏။
တွန့်ဆုတ်မှုအနည်းငယ်ကို ကျီချီမိန်၏မျက်နှာပေါ်တွင် မြင်နိုင်ပေသည်၊ သူမက လေထဲတွင် ဒူးထောက်ကာ ဘယ်ဘက်ရင်ဘက်တွင် ညာလက်သီးတင်လျက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မဟာထန်အင်ပါယာရဲ့အရာရှိတစ်ယောက်အနေနဲ့ အင်မော်တယ်ကမ္ဘာရဲ့အနေအထားကို ကြိုတင်စုံစမ်းဖို့ ထွက်သွားပါတော့မယ်၊ အရှင်။ နောက်နှစ်ရာအနည်းငယ်ကြာရင် အင်မော်တယ်ကမ္ဘာမှာ ငါတို့တွေ ထပ်တွေ့ကြတာပေါ့”
ရှုပ်ထွေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားပြီး သူက ဖြည်းဖြည်းချင်းပြန်ဖြေသည် “ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မင်းရဲ့ဘေးကင်းမှုက ထိပ်တန်းဉီးစာပေးပဲ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ၊ ကျီချီမိန်”
“ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ၊ အရှင်”
ကျီချီမိန်က ခေါင်းညိတ်လိုက်သည်။ အင်မော်တယ်ဓားတစ်လက်က သူမလက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာ၏။ လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားရောင်ခြည်တန်းက ကျယ်ပြောသောကောင်းကင်ကို ရုတ်တရက် ပိုင်းဖြတ်သွားပြီး အထက်ကောင်းကင်ဘုံအမိုးကို ဆုတ်ဖြဲလိုက်သည်၊ ထို့နောက် အကွဲက လျင်မြန်စွာ ပြုပြင်လိုက်၏။
ဒါက အလွန်အန္တရာယ်များသည်ကို ထန်ရှုက ကောင်းကောင်းသိသည်။ အင်မော်တယ်ကမ္ဘာသို့ ပြန်ချိန်တွင် သူမက အင်မော်တယ်ရေကန်ထဲသို့ မကျဘဲ ကြုံရာနေရာတွင် ထွက်ပေါ်လိမ့်မည်ကို သူက ကောင်းကောင်းသိ၏။ သူမက အင်မော်တယ်ကမ္ဘာရှိ အန္တရာယ်များသောနေရာတစ်ခုတွင် ထွက်ပေါ်ရန်ပင် အခွင့်အရေးတစ်ခုရှိသည်။
ခဏကြာပြီးနောက် ကောင်းကင်ရှိအက်ကွဲကြောင်းက ပျောက်ကွယ်သွားသည်။ မမြင်နိုင်သောစွမ်းအင်က ထန်ရှုနှင့်စစ်မြေပြင်ရှိလူတိုင်းကို ရိုက်ခတ်သွား၏။ လျှပ်စီးမိုးကြိုးများက တဖြည်းဖြည်း ကျဆင်းလာ၏။ သို့သော် ပစ်မှတ်က ထန်ရှုနှင်မဟာထန်အင်ပါယာ၏စစ်သားများမဟုတ်ဘဲ ငရဲကိုးခုကမ္ဘာမှ ထွက်လာသည့် တစ္ဆေများပင် ဖြစ်၏။
မြင်ကွင်းတစ်ခုလုံးက ကမ္ဘာပျက်သည့်နေ့တစ်ခုလိုပင်။
အငြိုးအတေးဝိညာဉ်သောင်းချီက အနက်ရောင်မြူအဖြစ်သို့ ပြောင်းလဲကာ ကမ္ဘာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဤအချိန်တွင် ကျီချီမိန်၏အသံက ပဲ့တင်ထပ်လာသည်၊ များမကြာမီ ကြက်သွေးရောင်အလင်းတစ်ခုက ယာမကျွန်းရှိရာ ဉီးတည်ဘက်မှ ကောင်းကင်အမိုးရှိရာသို့ ထိုးတက်သွားပြီး ထိုကြောက်စရာကောင်းသောအရှိန်အဝါနှင့်အတူတကွ ကျွန်းတစ်ခုလုံးက ပျောက်ကွယ်သွား၏။
သူမက မထွက်ခွာခင် ကျီချီမိန်က အစီအရင်များနှင့်တကွ ယာမကျွန်းအား ဖျက်ဆီးခဲ့သည်ကို ထန်ရှုက သိ၏။ ထိုအစီအရင်များ၏ဖျက်ဆီးမှုက နိုးထလာသည့်အခါ လူသားကမ္ဘာနှင့်ငရဲကမ္ဘာကိုးခုကြား ပေါ်တယ်လည်း ပျက်ဆီးသွားခဲ့သည်။
ထန်ရှုက ချက်ချင်း အော်ပြောလိုက်သည် “မဟာထန်အင်ပါယာရဲ့စစ်သည်တွေအားလုံး၊ ငါ့အမိန့်ကို နားထောင်ကြ…အမှောင်လေအဖွဲ့ဝင်တွေအားလုံးကို သတ်ပစ်…”
“သတ်…”
စစ်တပ်လေးခု၏စစ်သားများက ကျန်ရှိသောအမှောင်လေအဖွဲ့ဝင်များကို သတ်ဖြတ်ရန် တိုက်ခိုက်လိုက်ကြသည်။ နှစ်ဖက်ကြား ခွန်အားကွာခြားချက်က ကြီးမားလွန်းသဖြင့် ယာမ၏နောက်လိုက်ဆယ့်ရှစ်ယောက်အပါအဝင် အမှောင်လေအဖွဲ့ဝင်အားလုံးကို ဆယ်မိနှစ်အတွင်း သတ်ဖြတ်သွားခဲ့၏။
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီး ပျက်ဆီးသွားသောနဝမကျွန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် အော်ပြော၏-
“ငါတို့ အနိုင်ရသွားပြီ…ဒီအောင်ပွဲနဲ့အတူ ပြန်ကြစို့…”