ထွက်ခွာချိန်
Vol. 91 Ch. 1278
အချိန်က တဖြည်းဖြည်းနှင့် နှစ်အလီလီ ကုန်ဆုံးသွား၏…
နှစ်နှစ်ရှိသွားခဲ့လေပြီ။ ကမ္ဘာထိပ်တန်းအဖွဲ့အစည်းသုံးခု၊ ဒိုလန်အိမ်တော်နှင့် အမှောင်လေအဖွဲ့အစည်းတို့ကို ဖျက်ဆီးခဲ့သည့် မဟာထန်အင်ပါယာက ကမ္ဘာမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
တစ်ယောက်မှ ဤအဖွဲ့ကို မသိကျိုးကျွန်မပြုရဲပေ၊ အထူးသဖြင့် စွမ်းအားရှိသည့်လူပုဂ္ဂိုလ်များနှင့်ဂိုဏ်းများပင်။ သူတို့အားလုံးက ငြိမ်သက်စွာ နေရန် ရွေးချယ်ရင်း မဟာထန်အင်ပါယာ၏နောက်လာမည့်မုန်တိုင်းကို တိတ်တဆိတ်စောင့်နေလေသည်။
သတ်မှတ်ထားသောအချိန်မတိုင်ခင် လေးရက်။
ရှန်းဟိုင်လေဆိပ်တွင် လီလောင်ရှန်က အနက်ရောင်မာစီးဒီးကားပေါ်တွင် မှီရင်း လှေကားမှ ဆင်းလာသော ထန်ရှုကို ပြုံးလျက် ကြည့်နေသည်။ အချိန်ကို ရေတွက်ကြည့်လျှင် ထန်ရှုနှင့်နောက်ဆုံးအကြိမ်တွေ့ခဲ့သည်မှာ သုံးနှစ်ကျော်ပြီ။ သူတို့အတူတကွဖြတ်သန်းခဲ့သည့်နေရက်များကို သူက မကြာခဏသတိရနေခဲ့သည်။
သူတို့အသက်ခြားနားချက်က သိသာသော်လည်း သူတို့က အကောင်းဆုံးသူငယ်ချင်းများဖြစ်ကြသည်။
ထန်ရှုက နီးကပ်လာသောကြောင့် လီလောင်ရှန်က သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူက ထန်ရှုကို ပွေ့ဖက်ကာ ပြုံးလျက် ပြောလိုက်သည် “မင်း ပြန်လာတာ ငါ အရမ်းဝမ်းသာတာပဲ၊ ညီအကို…ဒါပေမယ့် အခန်းက ထွက်လာတဲ့အချိန်မှာ ငါ့ကို ဘာလို့ မအော်ခေါ်တာလဲ”
လီလောင်ရှန်၏နောက်ကျောကို ပုတ်ပြီးနောက် ထန်ရှုက ပြုံးလျက် ပြောလိုက်သည် “ငါက မင်းကို ခေါ်ရမှာလား။ ‘ဟေး၊ သူငယ်ချင်း။ ငါ၊ ဟူဟန်ဆန်၊ ပြန်လာပြီ။ ဟားဟားဟား…ဒါနဲ့ မင်းရဲ့အလေးချိန်က ပိုလာသလိုပဲ၊ ဖက်တီးကြီးရေ…”
လီလောင်ရှန်က ရှက်သွေးဖြာသွားပြီး ထန်ရှုကို မျက်လုံးလိမ့်လျက် ကြည့်လိုက်သည်။ သူက မာဆတ်ဆတ်နှင့် ပြန်ပြော၏ “ငါ့ရဲ့အားနည်းချက်ကို ထိခိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်း တကယ်သိတာပဲ။ ဒါပေမယ့် မနေ့က မင်း ငါ့ကို ဖုန်းခေါ်တဲ့အချိန်မှာ ငါ အရမ်းဝမ်းသာသွားတယ်။ မင်းခေါင်းက တကယ်ကို အသိတရားမရှိဘူးပဲ၊ ဒီအချိန်ကျမှ မင်းရဲ့မိတ်ဆွေဟောင်းကြီးကို သတိရတာပေါ့။ ငါ့ကို ပြောစမ်းပါ၊ ဒီတစ်ကြိမ်ပြန်လာပြီးရင် မင်း ထွက်သွားအုံးမှာမလား”
ထန်ရှုက အပြုံးကို ပြန်ရုတ်သိမ်းကာ ပြောလိုက်၏ “ဒီနေရာမှာ တစ်နေ့ပဲ နေမယ်၊ သန်ဘက်ခါကျရင် ငါ ထွက်သွားမယ်။ ဒါက ငါတို့ရဲ့နောက်ဆုံးအကြိမ်တွေ့ခြင်းဖြစ်သွားနိုင်တယ်၊ ညီအကို”
“မင်းက ဘာဆိုလိုတာလဲ”လီလောင်ရှန်၏မျက်နှာပေါ်ရှိအပြုံးက အေးခဲသွားသည်။ သူက ထန်ရှုကို စိုက်ကြည့်ကာ မေးလိုက်၏။
ထန်ရှုက မရှင်းပြဘဲ အကူအညီမဲ့စွာ ပြောလိုက်သည် “ညီအကိုလီ၊ ကားထဲရောက်မှ ပြောရင် ဘယ်လိုလဲ”
လီလောင်ရှန်က ခဏစဉ်းစားလိုက်ပြီး သူ့ဒရိုက်ဘာထံ ညွှန်ကြားလိုက်သည်။ သူက ဒရိုင်ဘာထိုင်ခုံဆီ ချက်ချင်း သွား၏။ ထန်ရှုက အထဲသို့ ဝင်လာပြီးနောက် လီလောင်ရှန်က ကားစတင်ထွက်သည်။ သူ့ကားကို လေဆိပ်ထဲသို့ မောင်းဝင်လာနိုင်ခြင်းက ထန်ရှု၏နာမည်ကို ချေးငှားခြင်း၏အကျိုးကျေးဇူးကြောင့်ပင်။
လေဆိပ်မှ ထွက်လာပြီးနောက် လီလောင်ရှန်က လေးနက်သောမျက်နှာနှင့် စတင်ပြောသည် “ငါ မင်းအကြောင်း ကောင်းကောင်းသိတယ်၊ ညီအကိုထန်။ မင်းက ဘယ်တော့မှ အဓိပ္ပါယ်မရှိတာ မပြောဘူး။ ဒီတစ်ကြိမ် မင်းက ဘယ်သွားမလို့လဲ”
ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည် “အတိတ်မှာတုန်းက ငါ မင်းကို ကျင့်ကြံခြင်းပညာရပ်တစ်ခု သင်ကြားပေးခဲ့တယ်၊ ဒါကြောင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မင်းရဲ့ကျင့်ကြံခြင်းမှာ အောင်မြင်အချို့ရရှိနေလောက်မှာပါ။ လူတစ်ယောက်က အမြင့်တက်ဖို့ အမြဲတမ်း ရှာဖွေနေတယ်ဆိုတာ မင်းလဲ သိမှာပါ။ မကြာခင်မှာ ဒီကမ္ဘာရဲ့အတားအဆီးကို ငါ ချိုးဖြတ်နိုင်လောက်တယ်၊ ဒါကြောင့် ဒီနေရာမှာ အကြာကြီးဆက်နေဖို့က ငါ့အတွက် အဓိပ္ပါယ်မရှိတော့ဘူး။ ဒါကြောင့် ငါ မထွက်သွားခင် ငါ့ရဲ့ညီအကိုအချို့နဲ့ တွေ့ဆုံသွားခဲ့ချင်တယ်”
လီလောင်ရှန်က နှုတ်ဆိတ်သွားသည်။
ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လမ်းသည်နှင့် ပတ်သက်၍ ပြောရလျှင် သူ့ကို ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်ဟု ဆိုရမည်။ တကယ်တော့ သူက ကျင့်ကြံခဲ့သည်မှာ နှစ်အနည်းငယ်ရှိကာ သူ့ခွန်အားက လက်ရှိတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် ရှိ၏။ ထန်ရှုက အင်မော်တယ်တစ်ယောက်ဖြစ်လာလိမ့်မည်ကို သူ သိသည်။ သူက ပါရမီကင်းမဲ့သည်ကိုလည်း ကောင်းကောင်းသိ၏။ ဒီလိုကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိပြီး အင်မော်တယ်တစ်ယောက်အဖြစ် တက်လှမ်းကာ ထန်ရှုနှင့် အင်မော်တယ်ကမ္ဘာတွင် တွေ့ဆုံဖို့က မဖြစ်နိုင်လုနီးပါးပင်။
ထို့ကြောင့် ထန်ရှုပြောခဲ့သလိုပင်၊ သူတို့၏ဤအကြိမ်တွေ့ဆုံမှုက နောက်ဆုံးအကြိမ်ဖြစ်နိုင်သည်။
ညနေတွင်။
ညီအကိုနှစ်ယောက်က သုခံဘုံစံအိမ်တွင် သောက်နေခဲ့သည်။ ထို့နောက် လီလောင်ရှန်ကို အနားယူရန် သူ့ဘော်ဒီဂတ်များက ခေါ်သွား၏။ ထန်ရှုကမူ ရေချိုး၊ အဝတ်အစားလဲပြီးနောက် ကြယ်ပြာအိမ်ရာသို့ ပြန်လာခဲ့သည်။
ဤအချိန်တွင် လူငယ်တစ်ဖွဲ့က ထန်ရှု၏အိမ်ရာတွင် စုဝေးနေခဲ့သည်။ အချို့က တစ်ယောက်နှင့်တစ်ယောက် မသိပေ၊ အချို့က အသိအကျွမ်းများဖြစ်ကြသည်။ သို့သော် သူတို့အားလုံးက စကားအတိုင်အဖောက်ညီနေခဲ့ကြသည်။
“ချီး၊ ဘာလို့ အကိုကြီးက ပြန်မလာသေးတာလဲ။ ထာဝရခန်းမပို့လိုက်တဲ့ဟင်းပွဲတွေက မကြာခင် အေးစက်တော့မှာ”လုံကျန်းလင်းက ပြောင်နေသောနဖူးကို ပွတ်သည်၊ သူ၏တောင့်တင်းသန်မာသောခန္ဓာကိုယ်က အခန်းတံခါးကို မှီထားရင်း သူ့မျက်လုံးများက အပြင်သို့ စိုက်ကြည့်နေသည်။
မကြာသေးခင်က အလေးချိန်ပိုတက်လာသောယွမ်ချူလင်က မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ထားသည်။ သူက စီးကရက်ထုတ်ရင်း ပြုံးကာ ပြောလိုက်၏ “သူက မကြာခင်ပြန်လာမယ်လို့ အကိုကြီးက ပြောတယ်၊ ဒါကြောင့် သေချာပေါက် သူ လာမှာပါ၊ လုံကျန်းလင်။ ငါက သူ့ကို မတွေ့ရတာ နှစ်များစွာကြာပြီ။ ငါ သူ့ကို သတိရနေတာ၊ နည်းနည်းလေးထပ်စောင့်ရလို့လဲ ငါ ဂရုမစိုက်ဘူး”
လုံကျန်းလင်က မျက်လုံးလိမ့်လျက် ထူးထူးဆန်းဆန်းပြုံးသည် “မင်းက အကိုကြီးကို သတိရနေတာလား။ မင်းလက်မောင်းထဲကအလှလေးက မနာလိုမဖြစ်သွားဘူးလား”
“မဖြစ်ဘူး၊ ငါ မနာလိုမဖြစ်ပါဘူး”မိန်းကလေးက ပြုံးကာ ပြောလိုက်သည်။
ယွဲ့ခိုင်ဘေးနားရှိနှုတ်ဆိတ်နေသောမိန်းကလေးက ရုတတရက် ကြားဖြတ်ပြောသည် “သူမက မနာလိုဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်။ ဒါ သေချာတာပေါ့။ ဒီနေရာကလူအချို့က သူတို့ရဲ့အမျိုးသမီးတွေထက် သူတို့ရဲ့ညီအကိုတွေကို ပိုဂရုစိုက်တယ်။ ဒါက ငါ့ကို အရမ်းမနာလိုဖြစ်စေတယ်”
“ဟားဟားဟား…”
အိမ်တစ်ခုလုံးက ရယ်မောသံတို့ ဆူညံသွားတော့၏။
လုံကျန်းလင်အပြင် ယွမ်ချူလင်၊ ယွဲ့ခိုင်၊ ဟူချင်စုန်၊ ကျောက်လျန်၊ ကျီမူ၊ ပုထောင်၊ ရွှယ်ချောင်၊ လုံကျန်းယု၊ ဟွမ်ရှ၊ ဖှေးရှန်၊ ချင်ရှောက်ယန်နှင့်အခြားသူများဖြစ်ကြသည်။ ထိုသခင်လေးများအပြင် သူတို့၏ချစ်သူသို့မဟုတ်ဇနီးများနှင့် အဖော်အဖြစ်ခေါ်လာသည့်မိန်းကလေးများအပါအဝင် စုစုပေါင်းခြောက်ယောက်ရှိသည်။
ရုတ်တရက် လုံကျန်းယု၏မျက်လုံးများက လင်းလက်သွားပြီး သူက တံခါးကို စိုက်ကြည့်ကာ အပြင်ဘက်သို့ ပြေးထွက်ကာ အော်ပြောလိုက်သည် “မင်း ပြန်လာပြီပေါ့၊ အကိုကြီး…”
ခြံဝင်းတံခါးသို့ ဝင်လိုက်သည်နှင့် သူ့ထံပြေးလာနေသောလုံကျန်းယုကို ထန်ရှုက မြင်လိုက်ရသည်။ သူက ပြန်ပြုံးပြကာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။ ထို့နောက် ကျန်လူများကလည်း ပြေးထွက်လာကြ၏။
မြင်ကွင်းက ပျော်ရွှင်စရာအတိနှင့်ပင်။
အိမ်ရာ၏ဧည့်ခန်းထဲသို့ ပြန်ဝင်လာပြီးနောက် လုံကျန်းယုက မိန်းကလေးခြောက်ယောက်ကို ထန်ရှုနှင့် မိတ်ဆက်ပေးလိုက်သည်။ သူတို့အား တစ်ချက်ကြည့်ရင်း ထန်ရှုက သိုလှောင်လက်စွပ်မှကျောက်စိမ်းလည်ဆွဲခြောက်ခုကို ဆွဲထုတ်ကာ မိန်းကလေးခြောက်ယောက်ထံ ကမ်းပေးကာ ပြောလိုက်၏ “မရီးနဲ့ ခယ်မတို့၊ ခင်ဗျားတို့ထဲကအချို့ကို ကျုပ်တွေ့ဖူးပေမယ့် အချို့ကိုတော့ မတွေ့ဖူးဘူး။ ဒါပေမယ့် ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့ညီအကိုတွေနဲ့ အတူတူလာတာဆိုတော့ ကျုပ်က ခင်ဗျားတို့ကို ကောင်းချီပေးချင်တယ်။ ကျုပ်ရဲ့ဒီပထမဆုံးအကြိမ်တွေ့ဆုံတဲ့လက်ဆောင်ကို ခင်ဗျားတို့ လက်ခံနိုင်မယ်လို့ မျှော်လင့်တယ်”
အမျိုးသမီးခြောက်ယောက်လုံးက ထန်ရှု၏သရုပ်မှန်ကို သိသည်၊ ထို့ကြောင့် သူတို့က မငြင်းပယ်ပေ။ ကျေးဇူးတင်စကားပြောပြီးနောက် ယွမ်ချူလင်၏မိန်းကလေးက ချီးကျူးလိုက်သည် “အကိုကြီး၊ ယွမ်ချူလင်က အကိုကြီးအကြောင်းကို နေ့တိုင်းပြောလွန်းလို့ ငါ့နားက မဆန့်တော့ဘူးဆိုတာ သိလား။ ဒါပေမယ့် အကိုကြီးကို လူကိုယ်တိုင်တွေ့ရတာက သူ့ဆီက အကြိမ်တစ်ရာကြားရတာထက် အများကြီးပိုကောင်းတာပဲ။ ယွမ်မှာ ဒီလိုညီအကိုတစ်ယောက်ရှိတာ ကျွန်မ တကယ်ဝမ်းသာတယ်”
ထန်ရှုက အနည်းငယ်ပြုံးပြကာ ပြောလိုက်သည် “ခယ်မ၊ ငါ့ရဲ့ညီအကိုတွေက မင်းတို့အားလုံးကို ဒီနေရာကို ခေါ်လာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမယ့် ငါတို့တွေ တွေ့ဆုံပြီးပြီဆိုမှတော့ ခယ်မနဲ့မရီးတို့အားလုံးက ငါ့ရဲ့ဖိတ်ခေါ်မှုကို လက်ခံပြီး သုခဘုံစံအိမ်ကို သွားကြမလား။ အဲနေရာကလူတိုင်းက အားလုံးစီစဉ်ပေးပါလိမ့်မယ်”
“အာ၊ ဒါ ဘာဆိုလိုတာလဲ”မိန်းကလေးက မှင်တက်သွားပြီး ယွမ်ချူလင်ကို မသိစိတ်အရ စိုက်ကြည့်လိုက်သည်။
ဤအချိန်တွင် ခန်းမထဲရှိလူငယ်များကလည်း စိတ်ရှုပ်သွားကြပြီး ထန်ရှုကို စိုက်ကြည့်လိုက်ကြ၏။ သူတို့က ထန်ရှုကို သိသည်၊ သူ့စကားလုံးများထဲရှိ အဓိပ္ပါယ်ကို နားလည်သည်။ ထိုအမျိုးသမီးများနှင့်သူတို့၏မိသားစုဝင်များကို ထန်ရှုက ထွက်သွားစေချင်မှန်း သိသာသည်။
ယွမ်ချူလင်က မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်၏။ “အကိုကြီး၊ မင်းက…”
ထန်ရှုက သူ့ကို လစ်လျူရှုလိုက်သည်။ သူက တံခါးကို ပြုံးကာ ကြည့်ရင်း ပြောလိုက်၏ “ထန်၂၈၊ ကားတွေ ပြင်ဆင်ပြီး သူတို့ကို သုခဘုံစံအိမ်ကို ခေါ်သွားဖို့ အခြားသူတွေကို ပြောလိုက်။ အရသာရှိတဲ့ဟင်းပွဲတွေကို ပြင်ဆင်ပေးဖို့ အဲနေရာက မန်နေဂျာကို ပြောဖို့ မမေ့နဲ့။ ဒီအမျိုးသမီးတွေရဲ့တောင်းဆိုမှုတွေကို တတ်နိုင်သမျှ ကျေနပ်အောင် လုပ်ပေးဖို့ သူ့ကို ပြော”
“နားလည်ပါပြီ…”
ထန်၂၈က အပြင်ဘက်မှ ဝင်လာသည်။ ထို့နောက် အမျိုးသမီးခြောက်ယောက်ကို ကြည့်ကာ ပြောလိုက်၏ “ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်လာပါ၊ အမျိုးသမီးတို့”
နောက်ဆုံးတွင် အမျိုးသမီးခြောက်ယောက်က ထန်၂၈နောက်ကို လိုက်သွားသည်။
ထန်ရှုက ပြန်လှည့်လာသည်။ သူက လူတိုင်း၏မျက်နှာကို တစ်ချက်ကြည့်ပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်၏ “တစ်ယောက်ယောက်၊ ထမင်းစားခန်းက စားပွဲကို ဒီနေရာကို ရွှေ့လာပါ”
ရုတ်တရက် အခြားအခန်းမှ ဆယ့်နှစ်နှစ်အရွယ်ဆယ်ကျော်သက်လေးယောက်က ထွက်လာပြီး ထမင်းစားခန်းသို့ ပြေးသွား၏။ သူတို့က ထမင်းစားစားပွဲနှင့်ကုလားထိုင်များကို ဧည့်ခန်းထဲသို့ လျင်မြန်စွာ သယ်လာကြသည်။
လုံကျန်းယုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ဘာဖြစ်နေတာလဲ၊ ထန်ရှု”
ထန်ရှုက မတုံ့ပြန်ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်၊ နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာဆယ်ခုက စားပွဲပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ဝိုင်သေတ္တာကို ဖွင့်ကာ နတ်ဘုရားဝတ်ရည်ဝိုင်ပုလင်းခြောက်ဆယ်ကို ယူထုတ်လိုက်၏။ လက်တစ်ချက်တောက်လိုက်ရာ ဝိုင်ပုလင်းအဖုံးခြောက်ဆယ်က ပွင့်ထွက်သွားသည်။ ဤအချိန်တွင်မှ ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ညီအကိုတို့၊ မင်းတို့အားလုံးအတွက် ငါ့ရဲ့လေးစားမှုကို ပြသဖို့ နတ်ဘုရားဝတ်ရည်ဝိုင်သုံးပုလင်းကို ငါ သောက်မယ်”
ထိုသို့ပြောပြီးနောက် သူက ဝိုင်သုံးပုလင်းကို အသက်တစ်ခါရှုချိန်အတွင်း မော့သောက်လိုက်သည်။ လူတိုင်း၏မျက်နှာက ပြောင်းလဲသွားသည့်အခိုက်တွင် ထန်ရှုက သူ့ပါးစပ်ထောင့်မှ ဝိုင်စီးကြောင်းများကို သုတ်ကာ နက်ရှိုင်းသောအသံနှင့် ထပ်ပြော၏ “ငါ့မှာ မကောင်းတဲ့စရိုက်တစ်ခုရှိတယ်၊ ငါ့အနေနဲ့ မိတ်ဆွေစစ်တွေကို ရရှိဖို့က အရမ်းခက်ခဲတယ်။ ဒါပေမယ့် မင်းတို့ကောင်တွေနဲ့ တွေ့ရတာ ငါ အရမ်းကံကောင်းတယ်”
လုံကျန့်ယုက ကြားဖြတ်ပြောလိုက်၏ “ကျေးဇူးပြုပြီး အဲလိုမပြောပါနဲ့၊ ထန်ရှု။ မင်းက ဆက်ဆံရေးနဲ့ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့သူတစ်ယောက်ပါ၊ ငါတို့က…”
ထန်ရှုက လက်မြှောက်ကာ သူ့ကို တားလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ ပြော၏ “ကျေးဇူးပြုပြီး ငါ ပြောတာ နားထောင်ပါ။ မင်းတို့ကောင်တွေနဲ့ ညီအကိုဖြစ်တဲ့အချိန်မှာ ငါက အရမ်းသတိထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ငါက သစ္စာဖောက်မှုကို တစ်ကြိမ်ခံခဲ့ရလို့ပဲ။ ဒါပေမယ့် မင်းတို့အားလုံးနဲ့ တွေ့တယ်၊ ညီအကိုတွေလို ငါ အမှန်တကယ်အသိအမှတ်ပြုတဲ့လူတွေပေါ့။ မင်းတို့အားလုံးက ဒီထန်ရှုရဲ့ညီအကိုတွေ- ငါ့ရဲ့ညီအကိုတွေပဲ”
“ညီအကိုဆိုတာ ပါးစပ်ကနေ ပြောဖို့လိုတဲ့စကားမဟုတ်ဘူး၊ နှလုံးသားထဲမှာ လက်ခံရမယ့်အရာပဲ။ ဒီနေ့ကစပြီး မင်းတို့တစ်ယောက်ချင်းစီရဲ့မျက်နှာကို ငါ့နှလုံးသားထဲမှာ ထွင်းထုထားပါ့မယ်။ ဒီနေ့က ငါတို့တွေ့တဲ့နောက်ဆုံးအကြိမ်ဆိုရင်တောင် မင်းတို့အားလုံးကို ငါ ဘယ်တော့မှ မမေ့ပါဘူး”
ပြောပြီးနောက် ထန်ရှုက စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိသည်။ တစ်ဖွာနှစ်ဖွာရှိုက်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ငါ ထွက်သွားတော့မယ်။ ပြီးတော့ ဒီတစ်ကြိမ်က…ငါက ထာဝရထွက်သွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”
လုံကျန်းယုက ထန်ရှုထံ လျှောက်လာကာ သူ့ကို စိုက်ကြည့်လိုက်သည်၊ ထို့နောက် နက်ရှိုင်းသောအသံနှင့် သူ ပြော၏ “ယနေ့ရဲ့ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းတွေက အရမ်းတိုးတက်နေပါပြီ။ မင်းက ကမ္ဘာရဲ့ဘယ်နေရာမှာပဲရှိရှိ ကိစ္စမရှိဘူး၊ ငါတို့က မင်းကို သတိရနေသရွေ့ မင်းကို ရှာဖွေနိုင်ပါတယ်။ ကျေးဇူးပြုပြီး ဒီလိုနှုတ်ဆက်တဲ့စကားကို မပြောပါနဲ့။ မသိရင် ငါတို့က သေကွဲရှင်ကွဲရတော့မယ့်အတိုင်းပဲ။ ငါတို့က ညီအကိုတွေ၊ ငါတို့က ထာဝရညီအကိုတွေပဲ”
ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်သည် “ငါလဲ မင်းရဲ့နောက်ဆုံးစကားကို ယုံကြည်ပါတယ်၊ ဒါပေမယ့် ငါ သွားမယ့်နေရာက ဒီကမ္ဘာမြေရဲ့ဘယ်ထောင့်တစ်နေရာမှ မဟုတ်ဘူး။ ငါက ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းတို့က ငါနဲ့ သိတာ ကြာပြီဆိုတော့ ငါ့ရဲ့ထူးခြားချက်တွေကို ရှာဖွေတွေ့ရှိနိုင်မှာပါ၊ ကျင့်ကြံသူတစ်ယောက်ဆိုတဲ့ငါ့ရဲ့သရုပ်မှန်ကို ကြားမှာပါ။ ပြောရမယ်ဆိုရင် မင်းတို့ကောင်တွေကို ငါ့ဘေးနားမှာ ရှိစေချင်ပေမယ့် မင်းတို့က မင်းတို့ရဲ့ကိုယ်ပိုင်လမ်းကြာင်းရှိသလို ငါ့မှာလဲ ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းရှိပါတယ်”
“မင်းက ဘယ်သွားမလိုလဲ”လုံကျန်းယုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။
“အင်မော်တယ်ကမ္ဘာ”