ထာဝရညီအကိုတွေ
Vol. 91 Ch. 1279
အင်မာ“ဒဏ္ဍာရီတွေအားလုံးက မှားနေတယ်လို့ မထင်နဲ့။ သူတို့အများစုက အမှန်ပဲ။ ငါ သွားမယ့်နေရာက အင်မော်တယ်ကမ္ဘာ၊ အပေါ်ယံမှာ လှပပေမယ့် လက်တွေ့မှာတော့ ငရဲထက် ပိုရက်စက်ကြမ်းကြုတ်တဲ့ကမ္ဘာတစ်ခုပဲ”ထန်ရှုက အလေးအနက်ထားကာ ပြောလိုက်သည်။
လုံကျန်းလင်က ပထမဆုံးတုံ့ပြန်လာသည် “အင်မော်တယ်ကမ္ဘာက တကယ်ပဲ တည်ရှိတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အင်မော်တယ်တွေ တည်ရှိတာကို ငါ ဘယ်တော့မှ မကြားဖူးဘူး”
“ဒါတွေအားလုံးက အမှန်ပဲ”ထန်ရှုက အတည်ပြုလိုက်သည်။
ရုတ်တရက် လူတိုင်းက နှုတ်ဆိတ်သွားသည်။
အချိန်အတန်ကြာပြီးနောက် ရွှယ်ချောင်က ထန်ရှုကို ခေါင်းမော့ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “အကိုထန်၊ ငါ့ကို မင်းနဲ့အတူ ခေါ်သွားနိုင်မလား။ အဲနေရာက ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်နေပါစေ၊ ငါ မင်းနောက်ကို လိုက်သွားချင်တယ်”
“ထားလိုက်ပါ”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “အရင်က ဒါနဲ့ပတ်သက်ပြီး ငါ အကြိမ်ပေါင်းများစွာ တွေးခဲ့တယ်၊ မကြာခဏ မင်းတို့ကို ကျင့်ကြံခြင်းနည်းလမ်းတွေ သင်ကြားပေးဖို့ ငါ အတွေးရမိတယ်၊ ဒီလိုမှ မင်းတို့က ငါနဲ့အတူ အင်မော်တယ်ကမ္ဘာကို သွားနိုင်မှာ။ ဒါပေမယ့် သေချာစဉ်းစားပြီးနောက် ငါ မရွေးချယ်ခဲ့ဘူး။ မင်းတို့ကောင်တွေက ဒီနေရာမှာ မင်းတို့ရဲ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ ရှိတယ်။ ဒီကမ္ဘာက မင်းတို့ရဲ့နေရာပဲ။ မင်းတို့ကောင်တွေကို ငါနဲ့အတူ ခေါ်သွားရင် ဒီနေရာက မင်းတို့ရဲ့မိသားစုနဲ့သူငယ်ချင်းတွေက ဘာဖြစ်သွားမှာလဲ”
“ညီအကိုထန်၊ ငါ့အမေက သေသွားပြီ။ ငါ့ဘေးနားမှာ ဇနီးတစ်ယောက်နဲ့သားတစ်ယောက်ပဲ ရှိတော့တယ်။ ကမ္ဘာမှာ ငါတို့သုံးယောက်ပဲ ကျန်တော့တယ်”ရွှယ်ချောင်က ကျယ်လောင်စွာ ပြောသည် “မင်း တတ်နိုင်ရင် ငါတို့ကို မင်းနဲ့အတူ ခေါ်သွားဖို့ မျှော်လင့်တယ်”
လုံကျန်းလင်က လုံကျန်းယုဘက်သို့ ရုတ်တရက် လှည့်လိုက်သည်။ သူက စားပွဲမှ ဝိုင်တစ်ပုလင်းကို ရုတ်တရက် ဆွဲယူကာ အလေးအနက်ထားလျက် ပြောလိုက်သည် “အကိုကြီး၊ ငါက မင်းနဲ့မခွဲချင်ပေမယ့် အကိုထန်နဲ့ ထွက်သွားချင်သေးတယ်။ ဒီလိုလုပ်တာက သားသမီးဝတ္တရားမကျေပွန်တာကို ငါ သိပါတယ်။ ကျေးဇူးပြုပြီး ငါ့ကိုယ်စား အဖေနဲ့အမေကို ပိုဂရုစိုက်ပေးပါ”
“မင်း…”လုံကျန်းယု၏အသားအရောင်က ပြောင်းလဲသွားသည်။
“ငါ့ရဲ့အငြိမ်မနေတတ်တဲ့စရိုက်ကို မင်း သိမှာပါ၊ အကို”လုံကျန်းလင်က ဆက်ပြောသည် “ဒီနေရာမှာ အကိုထန်မရှိဘဲ နေရတာက ငါ့ရဲ့ဘဝကို ကမောက်ကမဖြစ်စေလိမ့်မယ်။ ငါက စွန့်စားရတာကို နှစ်သက်တယ်။ ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ချင်တယ်။ အကိုထန်နဲ့ မတွေ့ခင်က ငါက လမ်းဘေးလူဆိုးတစ်ယောက်ပဲ၊ ဒါပေမယ့် သူနဲ့ တွေ့ပြီးကတည်းက ငါ့ကိုယ်ငါ ပြုပြင်နိုင်ခဲ့တယ်။ သူက ငါ့ရဲ့စိတ်နဲ့ ငါ့ရဲ့လမ်းကြောင်းကို ပြောင်းလဲပေးခဲ့တယ်။ မဟုတ်ရင် ငါက ကြယ်တာရာမြို့ရဲ့လမ်းပေါ်မှာ လမ်းသလားနေတဲ့ ဒုတိယမျိုးဆက်သခင်လေးတွေလို ဖြစ်နေမှာ”
လုံကျန်ယု၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တုန်ယင်သွားပြီး နောက်ဆုံးတွင် သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “မင်း ဒါကို တကယ်တွေးထားပြီးပြီလား”
“ဟုတ်တယ်”လုံကျန်းလင်က ခေါင်းညိတ်ကာ ပြောလိုက်သည် “အကိုထန်နောက်ကို လိုက်သွားမှ စိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝနဲ့ ရှင်နိုင်မှာ။ အကို၊ ဒါကို စဉ်းစားဖို့ အချိန်ခဏလောက်ပဲ ကြာတယ်ဆိုပေမယ့် ငါ သေချာစဉ်းစားပြီးပါပြီ”
လုံကျန်းယုက ဝိုင်ပုလင်းကို ဆွဲယူကာ လုံကျန်းလင်းနှင့် ခွက်ချင်းတိုက်လိုက်သည်။ ထို့နောက် သူက ဝိုင်က တစ်ခါတည်း မော့ချလိုက်ပြီး နီမြန်းသောမျက်နှာနှင့် ပြောလိုက်သည် “မင်းရဲ့ညီအကိုအနေနဲ့ မင်းရဲ့ရွေးချယ်မှုကို ငါ လေးစားတယ်။ အခုကစပြီး လုံအိမ်ရဲ့ဒုတိယသားက သေသွားပြီး ငါတို့ရဲ့နှလုံးသားမှာပဲ ရှိတော့တယ်”
လုံကျန်းလင်း၏မျက်လုံးများက နီရဲသွားသည်။ သူက အံကြိတ်ကာ ထန်ရှုကို စိုက်ကြည့်ရင်း မေးလိုက်၏ “မင်း ငါ့ကို ခေါ်သွားမှာလား၊ အကိုထန်”
ထန်ရှုက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ နှုတ်ဆိတ်သွားသည်။ ခဏကြာပြီးနောက် သူက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ ပြောလိုက်၏ “ကောင်းပြီလေ၊ မင်းလုံကျန်းလင်းနဲ့ရွှယ်ချောင်တို့မိသားစုသုံးယောက်က ငါနဲ့အတူ အင်မော်တယ်ကမ္ဘာကို လိုက်သွားနိုင်တယ်။ ဒါပေမယ့် အဲနေရာကို ရောက်တဲ့အခါ ငါ့အမိန့်တွေအားလုံးကို လိုက်နာဖို့ ပြင်ဆင်ထားပါ၊ မဟုတ်ရင် မင်းတို့ကောင်တွေကို ငါ့လက်နဲ့ သတ်ရလိမ့်မယ်။ အရင်ဆုံး မင်းတို့ရဲ့ဆွေမျိုးတွေဆီ သွားလည်ပါ…မင်းတို့သေတဲ့အခါ မင်းတို့ရဲ့ရင်းနှီးရတဲ့…မင်းတို့ရဲ့မိသားစုဝင်တွေကို ဘယ်တော့မှ ထပ်တွေ့နိုင်လိမ့်မှာမဟုတ်ဘူး”
“ငါ ကတိပေးတယ်…”
“ငါ ကတိပေးတယ်…”
လုံကျန်းလင်းနှင့်ရွှယ်ချောင်တို့က တညီတညာအော်လိုက်သည်။
ထန်ရှုက အခြားသူများ၏မျက်နှာထံ ဖြည်းဖြည်းချင်း အကြည့်ပြောင်းလိုက်သည်။ သူတို့၏တုံ့ဆိုင်းမှုကို သူက မြင်နိုင်သည်၊ ထို့ကြောင့် သူက နက်ရှိုင်းသောအသံနှင့် ပြော၏ “ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့က ဘာမှမပြောဘူးပေါ့။ ငါ မထွက်သွားခင် မင်းတို့ကောင်တွေကို ကျင့်ကြံခြင်းပညာရပ်တစ်ခုသင်ကြားပေးမယ်၊ မင်းတို့တွေက ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်။ အနာဂတ်မှာ မင်းတို့က ကြီးမားတဲ့အောင်မြင်မှုတွေရောက်လာတဲ့အခါ ငါ့ကို တွေ့ဖို့ အင်မော်တယ်ကမ္ဘာကို လာနိုင်တယ်”
“မင်းတို့ကို ဒီနေရာကို ဖိတ်ခေါ်လိုက်ရတဲ့အကြောင်းပြချက်က မင်းတို့အားလုံးနဲ့ ဝိုင်အတူတူသောက်ချင်လို့ပဲ”
“မင်းတို့ကောင်တွေ…ငါနဲ့အတူတူ သောက်ချင်ရဲ့လား”
သူတို့၏မျက်လုံးများက နီရဲသွားသည်။ သူတို့ကြားထဲတွင် အသက်ကြီးဆုံးဖြစ်သည့် လုံကျန်းယုက ဝိုင်ပုလင်းကို အရင်ဆွဲယူကာ လေးလံသောအသံနှင့် အော်ပြောလိုက်သည် “အားလုံးပဲ၊ ငါတို့ရဲ့ညီအကိုတွေကို လိုက်ပို့တဲ့အနေနဲ့ သောက်ကြစို့…”
“သောက်…”
ထိုညတွင် လူတိုင်းက အမူးလွန်သည့်အထိ သောက်ခဲ့ကြသည်။ ထန်ရှုပင် အရက်ကို သူ့ခန္ဓာကိုယ်ထဲမှ မထုတ်ခဲ့ဘဲ ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့နံနက်တွင်။
ထန်ရှုက အိပ်ရာမှ နိုးလာသည်၊ နေရာတိုင်းတွင် ရှုပ်ပွနေသောလူတစ်အုပ်ကို တစ်ချက်ကြည့်လိုက်၏။ နွေးထွေးသောအပြုံးတစ်ခုက သူ့ပါးစပ်ထောင့်တွင် ထွက်ပေါ်လာပြီး သူက ရေချိုးရန် ဒုတိယထပ်သို့ ဉီးတည်လိုက်သည်၊ အဝတ်အစားလဲပြီးနောက် အစီအရင်အချို့ကို စတင်ခင်းကျင်းသည်။ နေ့လည်တွင် လူတိုင်းက နိုးလာသောအခါ ထန်ရှုက သူတို့ကို ကျင့်ကြံခြင်းနည်းပညာရပ်များ စတင်သင်ကြားပေးသည်။
ထို့နောက် သူက ဆေးလုံးများ၊ ခန္ဓာကိုယ်သန့်စင်ဆေးရည်များနှင့် ဖြည့်စွက်အစီအရင်များကို ထောက်ပံ့ပေးခဲ့သည်။
သူက သူတို့အား ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချရန် ကူညီပေးခဲ့သည်။ သူတို့က ချီစီးဆင်းမှုကို အာရုံခံနိုင်ရုံမျှသာ ဖြစ်သော်လည်း သူတို့က စွမ်းအင်စီးဆင်းမှုကို ထိန်းချုပ်နိုင်ပြီဖြစ်၏။
နောက်တစ်နေ့မနက်စောစောတွင် လုံကျန်းယုကလွဲပြီး လူတိုင်းက ထွက်သွားသည်။ ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင် ထန်ရှုက သိုလှောင်လက်စွပ်တစ်ကွင်းယူထုတ်ကာ လုံကျန်းယုထံ ကမ်းပေးလိုက်သည်”ကျန်းယု၊ မင်းက ကျန်တဲ့လူတွေထဲမှာ အသက်အကြီးဆုံး၊ အရင့်ကျက်ဆုံးနဲ့ အတည်ငြိမ်ဆုံးလူပဲ။ ဒါ့အပြင် မင်းက ဂရုဏာကြီးမားပြီး တရားမျှတတဲ့လူတစ်ယောက်ပဲ၊ ဒါကြောင့် မင်းက ငါ့ရဲ့ယုံကြည်စိတ်ချမှုနဲ့ ထိုက်တန်တယ်။ ကျေးဇူးပြုပြီး ဒီသိုလှောင်လက်စွပ်ကို လက်ခံပေးပါ။ မင်းရဲ့သွေးတစ်စက်ကို လက်စွပ်ပေါ် ချလိုက်၊ ဒါက မင်းအပိုင်ဖြစ်သွားလိမ့်မယ်”
လုံကျန်းယုက ထန်ရှု၏ညွှန်ကြားချက်အတိုင်း လုပ်ပြီးနောက် မေးလိုက်သည် “အထဲမှာ အများကြီးရှိတာပဲ”
“သူတို့အားလုံးက ကျင့်ကြံခြင်းအရင်းအမြစ်တွေပဲ”ထန်ရှုက ပြောသည် “မင်းတို့ကောင်တွေ နှစ်ရာချီ ကျင့်ကြံဖို့အတွက် အရင်းအမြစ်နဲ့ဆေးလုံးတွေအလုံအလောက် ငါ ထည့်ထားတယ်။ စာအုပ်လေးတစ်ခုထဲမှာ ဆေးလုံးတစ်ခုစီနဲ့ ပတ်သက်ပြီး မှတ်တမ်းတွေကို ဖတ်လို့ရတယ်၊ သူတို့ရဲ့အာနိသင်၊ သူတို့ကို အသုံးပြုဖို့ အကောင်းဆုံးအချိန် စသဖြင့်ပေါ့။ ဒါ့အပြင် အခြားစာအုပ်တွေကိုလဲ ထည့်ထားတယ်၊ အစီအရင်တွေ၊ ဆေးပညာတွေ၊ သန့်စင်ခြင်းပညာတွေပေါ့။ ဒီအရာတွေအားလုံးက မင်းတို့ကောင်တွေအတွက်ပဲ။ အခြားသူတွေကို ဂရုစိုက်ပေးပါ၊ သူတို့ကို ကူညီပေးပါ။ အနာဂတ်မှာ မင်းတို့ကို အင်မော်တယ်ကမ္ဘာမှာ ထပ်တွေ့နိုင်ဖို့ ငါ မျှော်လင့်တယ်။ မင်းတို့ရောက်လာမှာကို ငါ စောင့်နေမယ်”
နွေးထွေးသောခံစားချက်တစ်ခုက လုံကျန်းယု၏နှလုံးသားထဲတွင် လိမ့်တက်သွားပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒီပစ္စည်းတွေကို ငါ့အတွက်ပဲ အသုံးမပြုဘူးလို့ ငါ၊ လုံကျန်းယုက ကျိန်ဆိုပါတယ်။ ငါ့ကို ယုံကြည်ပါ၊ အနာဂတ်မှာ မင်းကို တွေ့ဖို့အတွက် သူတို့အားလုံးကို အင်မော်တယ်ကမ္ဘာကို ခေါ်လာဖို့ အကောင်းဆုံးကြိုးစားမှာပါ”
ထန်ရှုက သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည် “မှတ်ထားပါ။ မင်းက အလွန်မြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်တစ်ခုကို ရောက်ချင်တယ်ဆိုရင် ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများလိုအပ်လိမ့်မယ်။ တောင်တရုတ်ပင်လယ်မှာ ကျွန်းနှစ်ကျွန်းရှိတယ်။ တစ်ကျွန်းကို သားရဲတွေကို မွေးမြူဖို့အတွက် အသုံးပြုပြီး အခြားတစ်ခုမှာ ဆေးပင်တွေစိုက်ပျိုးထားတယ်။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်ကို မရောက်သေးရင် သားရဲတွေကိုမွေးထားတဲ့ကျွန်းကို မဖွင့်ပါနဲ့။ ဒါပေမယ့် ဆေးပင်စိုက်ထားတဲ့ကျွန်းကတော့ မင်း စီမံခန့်ခွဲဖို့အတွက် အိုကေတယ်”
“ထပ်ပြောရရင် မင်းက ကျင့်ကြံခြင်းပိုမြန်ဆန်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပိုရချင်တယ်ဆိုရင် ပိုက်ဆံတန်ချီလိုအပ်လိမ့်မယ်။ ငါ မင်းတို့တစ်ယောက်ချင်းစီကို ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ရှယ်ယာနှစ်ရာခိုင်နှုန်းပေးမယ်၊ မင်းက ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်းရလိမ့်မယ်။ နောက်ကျရင် စာချုပ်ချုပ်ဖို့ လူတချို့ မင်းကို လာရှာလိမ့်မယ်။ နောက်ကျရင် မင်းလက်မှတ်ထိုးဖို့လိုအပ်တဲ့စာချုပ်တွေအများကြီး ရှိတယ်”
“မင်းက နဂါးကိုးကောင်ကျွန်းပေါ်က အနေအထားနဲ့ အရမ်းရင်းနှီးတယ်။ အဲဒါက မင်းတို့ရဲ့အခြေစိုက်စခန်းအဖြစ် အသုံးပြုဖို့ ငါ မျှော်လင့်တယ်။ ကျွန်းကိုလွှမ်းခြုံထားတဲ့အစီအရင်ဝင်္ကပါတွေကို ကျွမ်းကျင်တဲ့အခါ မင်းက အဲဒါကို ယူနိုင်တယ်”
“အနောက်ပိုင်းနယ်မြေက လုံချွမ်တောင်တန်းမှာလဲ အိတ်ဆောင်ကမ္ဘာတစ်ခုရှိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က လူအချို့လွှတ်ပြီး ဝင်ပေါက်ကို ငါ ပိတ်ထားခိုင်းပြီးပြီ။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ပြီးမှပဲ မင်းဝင်နိုင်လိ့မ်မယ်၊ မဟုတ်ရင် မင်းသေလိမ့်မယ်”
“ငါ့မွေးရပ်မြေ၊ စုမိသားစုရဲ့ရွာရဲ့အနောက်ဘက်တောင်တန်းမှာ စိတ်ဝိညာဉ်စမ်းချောင်းပါတဲ့ဖုန်းရွှေအစီအရင်တစ်ခုရှိတယ်။ ငါ့လူတွေက အဲဒါကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးဆိုပေမယ့် အဲနေရာက ကမ္ဘာသွေးကြောထဲမှာရှိတဲ့စိတ်ဝိညာဉ်စွမ်းအင်က ပေါကြွယ်ဝနေတုန်းပဲ။ မင်းတို့က ရွှေအမြုတေအဆင့်ကို ချိုးဖြတ်ချင်ရင် ဒါမှမဟုတ် အခြေတည်စိတ်ဝိညာဉ်အဆင့်ကို မြန်မြန်ရောက်ချေင်ရင် အဲနေရာမှာ ကျင့်ကြံနိုင်တယ်။ ငါ ပေးထားတဲ့ အစီအရင်စာအုပ်ကို သေချာလေ့လာပြီးမှပဲ အဲဒါကို လုပ်ပါ”
“…”
ထန်ရှုက အမြောက်အများကို တစ်ထိုင်တည်း ရှင်းပြလိုက်သည်၊ လုံကျန်းယုက ဘောပင်ကိုင်ကာ ထန်ရှုပြောသမျှ အားလုံးကို စာအုပ်ထဲတွင် မှတ်ထားခဲ့သည်။
“နောက်ထပ်ရှိသေးလား”လုံကျန်းယု၏နှလုံးသားက နွေးထွေးမှုအပြည့်၊ သို့သော် သူ့အမူအရာက လေးနက်မှုအပြည့်ဖြစ်သည်။
ထန်ရှုက စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိလိုက်သည်။ တစ်မိနစ်ခန့်နှုတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်၏ “မင်းသိဖို့လိုမယ်လို့ ငါထင်တဲ့ နောက်ထပ်တစ်ခုရှိတယ်။ ထာခလီမာခန်သဲကန္တရမှာ တရုတ်အာဏာပိုင်တွေက လျှို့ဝှက်စခန်းတစ်ခုကို တည်ဆောက်ခဲ့တယ်။ သုံးနှစ်ရှိပြီ။ အဲမှာ နည်းပညာအဆင့်မြင့်လက်နက်တွေရဲ့သုတေသနနဲ့ဖန်တီးထုတ်လုပ်မှုတွေရှိတယ်။ တကယ်တော့ အဲဒီလက်နက်တွေကို ငါ ပေးခဲ့တာပဲ။ ငါ့ရဲ့ခန့်မှန်းချက်က မှန်ရင် ထိုနေရာက ပထမဆုံးကြယ်သင်္ဘောကို ထုတ်နိုင်လိမ့်မယ်၊ အဲအခါကျရင် လူသားမျိုးနွယ်က နဂါးငွေ့တန်းကို ပထဆုံးခြေချနိုင်လိမ့်မယ်။ ထိုအချိန်ကျရင် ကမ္ဘာရဲ့စွမ်းအားဖွဲ့စည်းပုံက ပြောင်းလဲသွားလိမ့်မယ်၊ ဒါကြောင့် မင်း အထူးဂရုစိုက်ပါ။ အပြင်လူတွေတစ်ယောက်မှ မယုံကြည်နဲ့”
“ဒါက…အဲအချိန်ကျရင် တရုတ်က ကမ္ဘာကို အုပ်ချုပ်ဖို့ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား”လုံကျန်းယုက အံ့အားသင့်စွာ ပြောလိုက်သည်။
“အနာဂတ်မှာ ဖြစ်လာမယ့် အနေအထားနဲ့ ပတ်သက်ပြီး ငါ မသိဘူး”ထန်ရှုက ပြောသည် “ဒါပေမယ့် တရုတ်အာဏာပိုင်တွေကို ဘယ်တော့မှ မဆန့်ကျင်ဖို့ မှတ်ထားရမယ်။ သူတို့က မင်းကို ပြဿနာရှာရင် ထွက်သွားလိုက်ပါ။ ဒါ့အပြင် ငါ့အတွက် မင်း တစ်ခုကို စီမံခန့်ခွဲပေးရမယ်”
“ဘာကိုလဲ”လုံကျန်းယုက မေးလိုက်သည်။
“သွမ်မုလင်နဲ့ပတ်သက်ပြီးတော့ပဲ”ထန်ရှုက ပြောလိုက်သည် “သူက အထူးစွမ်းရည်ဗျူရိုရဲ့ါဒရိုက်တာပဲ။ တိုင်းပြည်အပေါ် သူ့ရဲ့သစ္စာရှိမှုက မေးခွန်းထုတ်စရာမလိုဘူး။ ဒါပေမယ့် မလိုအပ်ဘဲနဲ့ သူနဲ့ ဘယ်တော့မှ မထိတွေ့နဲ့။ သူ့ရဲ့လှုပ်ရှားမှုတွေကို မျက်စိဒေါက်ထောင့်ကြည့်ဖို့ မှတ်ထားပါ။ ကျင့်ကြံသူတစ်ယောက်ဆိုတဲ့မင်းရဲ့သရုပ်မှန်ကို အလွယ်တကူမထုတ်ပြနဲ့။ မဟုတ်ရင် သူ့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် မင်းရဲ့အသက်ကို ရန်ရှာလိမ့်မယ်။ မင်းအတွက် အရေးကြီးဆုံးအရာက မင်းရဲ့ခွန်အားကို အဆက်မပြတ်တိုးတက်အောင်လုပ်ဖို့ပဲ”
လုံကျန်းယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဒါပေမယ့် ငါ့ကို ဘာစီမံခိုင်းချင်တယ်ဆိုတာ မပြောရသေးဘူးနော်”
ထန်ရှုက ပြန်ပြောသည် “ငါ့ကို ကူညီပြီး မိသားစုအချို့ကို စောင့်ရှောက်ပေးပါ၊ ဥပမာ အိုးရန်မိသားစု၊ ပေကျင်းက မုမိသားစု…”
“ငါ သိပြီ၊ ငါ သိပြီ”လုံကျန်းယုက ခေါင်းညိတ်ကာ ကြားဖြတ်ပြောလိုက်သည် “မင်းနဲ့အထူးဆက်ဆံရေးရှိတဲ့မိသားစုတွေအားလုံးပဲမလား။ ကောင်းပြီလေ၊ မင်းအတွက် ငါ သူတို့ကို လျှို့ဝှက်ကြည့်ရှုစောင့်ရှောက်ပေးပါ့မယ်”