← Chapters

အစေခံကိုးယောက်

Vol. 91 Ch. 1280

အစေခံကိုးယောက်

Vol. 91 Ch. 1280

ထန်ရှုက လုံကျန်းယု၏ပခုံးကို ပုတ်ကာ တစ်ဖွာရှိုက်ပြီးနောက် ပြောလိုက်သည် “မင်းကို တစ်ယောက်ယောက်က ပြဿနာရှာချင်တယ်ဆိုရင် သွမ်မုလင်ဆိုရင်တောင်မှပေါ့၊ လူနှစ်ယောက်ကို ဆက်သွယ်ပါ။ ဒီလူနှစ်ယောက်က မင်းကို သေချာပေါက် ကူညီလိမ့်မယ်၊ သူတို့က မင်းအတွက် ငါ ချန်ထားတဲ့နောက်ဆုံးဝှက်ဖဲပဲ”

လုံကျန်းယု၏အမူအရာက ပြောင်းလဲသွားပြီး သူက ကမန်းကတန်းမေးလိုက်သည် “သူတို့က ဘယ်သူတွေလဲ”

“မြောင်ဝမ်ထန်နဲ့ရှောက်မင်ကျန်း”ထန်ရှုက ပြန်ဖြေသည်။

“ငါ မှတ်ထားပါ့မယ်”လုံကျန်းယုက ခေါင်းညိတ်လိုက်သည်။

ထို့နောက် ထန်ရှုက ထရပ်ကာ ပြောလိုက်သည် “ကျေးဇူးပြုပြီး မင်းကိုယ်မင်း ဂရုစိုက်ပါ၊ ညီအကို။ ပြီးတော့ ဒီစာကြည့်ခန်းထဲမှာ အစီအရင်နဲ့ဖုံးကွယ်ထားတဲ့နေရာတစ်ခုရှိတယ်။ မင်းက အဲဒါကို ရှာပြီး အစီအရင်ကို ဖျက်ဆီးနိုင်မယ်ဆိုရင် မင်းစီမံဖို့အတွက် ချန်ထားတဲ့ အရာတွေအများကြီးရှိသေးတယ်၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ရှယ်ယာခွဲဝေမှု၊ ထာဝရခန်းမရဲ့ပိုင်ရှင်၊ စသဖြင့်ပေါ့။ နောက်ကျရင် မင်းစီမံဖို့အတွက် သူတို့ကို ငါ ချန်ထားခဲ့မယ်”

“ငါ မင်းကို သေချာပေါက် စိတ်မပျက်စေရပါဘူး”လုံကျန်းယုက ခေါင်းညိတ်ကာ ထန်ရှုကို ပွေ့ဖက်ပြီးနောက် ပြန်လှည့်ကာ ထွက်ခွာသွားသည်။

ထန်ရှု၏ပုံရိပ်က ရွေ့လျားသွားပြီး လုံကျန်းယု၏လမ်းကြောင်းကို တားဆီးလိုက်သည်။ လုံကျန်းယုကို နောက်ကျောပစ်လျက် သူက ထပ်ပြော၏ “နောက်ကျရင် ဒီစံအိမ်က မင်းဟာပဲ။ စာရွယ်စာတမ်းတွေကို ကြိုတင်လုပ်ထားပြီးပြီ၊ သူတို့က ဒီစာကြည့်ခန်းထဲမှာ ရှိတယ်၊ မင်းက လက်မှတ်ထိုးဖို့ စောင့်နေတယ်။ မင်းက ငါ့ကို တောင်ဘက်ဂိတ်မြို့က ဘုရင်အိမ်ရာကို ပေးခဲ့တယ်၊ ဒါကြောင့် ဒါကို အစားပြန်ပေးမယ်။ ငါ အခုထွက်သွားတော့မယ်၊ ညီအကို။ နှုတ်ဆက်ပါတယ်”

အချိန်အတော်ကြာသွား၏။

လုံကျန်းယုက ထန်ရှုပျောက်ကွယ်သွားသည့်တံခါးကို ကြည့်လိုက်သည်။ ထို့နော် သူက သက်ပြင်းတစ်ချက်ချကာ ပြန်လှည့်လာသည်။ နောက်ဆုံးတွင် သူက စားပွဲသို့ ရောက်လာပြီး ထိုနေရာတွင် ရပ်နေကာ စားပွဲပေါ်ရှိ စာရွက်စာတမ်းအချို့ကို ဆွဲယူလိုက်၏။

တောင်ဘက်ဂိတ်မြို့၊ ပေကျင်းထန်အိမ်၊ ကြယ်ပြာအိမ်ရာ၊ ….

…

စာရွက်စာတမ်းများကို ဖတ်ရင်း လုံကျန်းယု၏မျက်လုံးများက နီရဲလာသည်။ မျက်ရည်များက သူ့မျက်လုံးများထဲမှ ကျဆင်းလာ၏။ ဤအခါတွင်မှ ထန်ရှုက သူ့ကို ဘယ်လောက်ထိ ချင်ခင်သည်ကို၊ သူ့အား ဘယ်လောက်ထိ ယုံကြည်စိတ်ချသည်ကို နောက်ဆုံးတွင် နားလည်သွား၏။

“ငါ့ရဲ့ဒီအသက်ကို မင်းကယ်ခဲ့တာ။ လက်ရှိအချိန်မှာ ငါက တစ်ယောက်တည်းဖြစ်ပေမယ့် မင်းက အမြဲတမ်း ငါ့ရဲ့ညီအကိုပဲ”

သူက သက်ပြင်းတစ်ချက်ရှိုက်ကာ စာကြည့်ခန်းထဲမှ ထွက်လာသည်။ ရုတ်တရက် ထောင့်ရှိ ဗီဒီယိုရကောဒါကို တွေ့လိုက်သည်၊ ၎င်းက မှတ်တမ်းတင်နေသေးသည်။ အချိန်ခဏကြာပြီးနောက် ပြောသမျှအရာအားလုံးကို မှတ်တမ်းတင်ရန် ထန်ရှုက ကြိုတင်တပ်ဆင်ထားသည်ကို လုံကျန်းယုက သဘောပေါက်လိုက်၏။

“ထန်ရှု…ညီအကို၊ ငါ နားလည်ပါတယ်”

လုံကျန်းယုက ပြတင်းပေါက်ဆီ သွားကာ အပြင်ဘက်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။ ထန်ရှုက ထွက်ခွာသွားသည်ကို သူက သိ၏။

****

တောင်တရုတ်ပင်လယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင်။

စုစုပေါင်းလူ၂၁၅၄၀၀ ရပ်နေသည်၊ သူတို့၏မျက်လုံးများက အနက်ရောင်ကောင်းကင်ပေါ်တွင်သာ မလှုပ်မယက်တည်ရှိနေသည်။ မိုးထစ်ချူန်းကာ လျှပ်စီးမိုးကြိုးများက ထူထဲသောအနက်ရောင်တိမ်တိုက်များမှ ပေါက်ကွဲထွက်လာပြီး ကမ္ဘာပျက်ကပ်ဘေးတစ်ခုအလား တူလာစေ၏။

ထန်ရှုနှင့်ကူယန်အာတို့က လေထဲတွင် ရပ်နေသည်၊ ထန်ရှုက ခေါင်းငုံ့ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “ယန်အာ၊ ကျန်ရှိတဲ့ဆယ့်နှစ်ရာသီကျောက်စိမ်းအရုပ်တွေကို ရှာဖွေပါ။ ဆယ့်နှစ်ရာသီကျောက်စိမ်းအရုပ်တွေအားလုံးရလာတာနဲ့ အင်မော်တယ်ကမ္ဘာဆီ တိုက်ရိုက်သွားနိုင်မယ့် အစီအရင်ကို စတင်နိုင်ပြီ”

ကူယန်အာက ပြန်ဖြေသည် “ငါတို့မသွားခင် တွေ့ဖို့ ကျန်တဲ့လူသုံးယောက်ရှိသေးတယ်”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ ဂျပန်တွင် ရှိစဉ်တုန်းက ထိုစိတ်ဝိညာဉ်အာရုံသုံးခုကို သူက အမှတ်ရလိုက်၏။ ရုတ်တရက် သူ့အကြည့်က အနောက်မြောက်ပိုင်းသို့ ပြောင်းရွှေ့သွားသည်။

သို့သော် ထန်ရှု၊ ကူယန်အာနှင့် မဟာထန်အင်ပါယာ၏လူနှစ်ကျော်၏အရှေ့တွင် ပထမဆုံးထွက်ပေါ်လာသည်ကား လေပေါ်တွင် ပျံသန်းလာသည့်အဖြူရောင်ဝတ်ရုံနှင့်လှပသောအမျိုးသမီးကိုးယောက်ပင်။ သူတို့က ကောင်းကင်ဘုံကိုးခုမှ ဆင်းသက်လာသည့် အင်မော်တယ်မိန်းမပျိုများနှင့် တူပြီး လျှပ်တစ်ပြက်အတွင်း အနီးနားရှိ ကျွန်းအထက်တွင် ထွက်ပေါ်လာ၏။

“ညီအမကျုံးလင်၊ ငါ နှလုံးခုန်တာ မြန်နေတယ်၊ ဒါကြောင့် သူက ဒီနေရာမှာ ရှိရမယ်…”

“ညီအမကျုံးလင်၊ ငါ့ခေါင်းက နာသလို ခံစားရတယ်။ တစ်ခုခုကို ငါ့ခေါင်းထဲ ရိုက်သွင်းနေသလိုပဲ”

“အာ…ငါလဲ အဆင်မပြေဘူး…”

“…”

အခြားအမျိုးသမီးရှစ်ယောက်၏ကြယ်နှင့်တူသောမျက်ခုံးများက ရှိနေသူတိုင်းကို အဆက်မပြတ် စစ်ဆေးလိုက်သည်။ သူတို့က လေထဲရှိ မီတာရာချီအမြင့်တွင် ရပ်နေသော ထန်ရှုနှင့်ကူယန်အာတို့ကို မြင်သော်လည်း မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သူတို့၏မျက်နှာကို ဖုံးလွှမ်းထားသည့် နေရာလပ်တွန့်လိမ်ခြင်းတစ်ခုရှိသည့်ပမာ ရှင်းလင်းစွာ မြင်ခြင်းမှ သူတို့ကို တားဆီး၏။

အလယ်တွင် ရပ်နေသော အမျိုးသမီးကျူးလုံက ညှင်းပန်းမှုဒဏ်ကို တောင့်ခံနေပုံရ၏။ သူမခန္ဓာကိုယ်ထဲရှိစွမ်းအင်နှင့်သွေးများပင် စတင်လှုံ့ဆော်လာသည်။

ဝှစ်…

ပုံရိပ်တစ်ခုက ရွေ့လျားသွားပြီး အမျိုးသမီးကိုးယောက်၏အရှေ့တွင် လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ ကူယန်အာက အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ သူမမျက်လုံးများက လင်းလက်သွားပြီး ထူးဆန်းသောအမူအရာတစ်ခုက မျက်နှာပေါ်တွင် ထွက်ပေါ်လာကာ မေးလိုက်၏ “မင်းက ဘယ်သူလဲ”

အမျိုးသမီးကိုးယောက်က အကြည့်ချင်းဖလှယ်ကာ သတိထားလိုက်သည်။ ဤအချိန်တွင် သူတို့က ကူယန်အာ၏မျက်နှာကို ရှင်းလင်းစွာ မြင်နိုင်သည်၊ သို့သော် သူတို့က ပိုတောင်သက်သာသက်သာမရှိ၊ ပိုနာကျင်လာ၏။ သူမက အလွန်ရင်းနှီးသည်ဟု သူတို့က ခံစားမိသည်။

“ငါက ကျုံးလင်ပါ။ မင်းက ဘယ်သူလဲ”ကျုံးလင်က ရှေ့တက်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

“ငါက ကူယန်အာပါ”ကူယန်အာက ပြန်ဖြေသည်။

ဝှီ…

အလင်းတန်းတစ်ခုက ကျုံးလင်၏အသိပင်လယ်ထဲရှိ အမှောင်ထုကို ရုတ်တရက် ဆုတ်ဖြဲသွားသည်။ တစ်ခဏမျှသာဖြစ်သည်၊ သို့သော် ကျုံးလင်၏မျက်နှာက မယုံကြည်နိုင်မှုအပြည့်နှင့် သူမက လျင်မြန်စွာ အော်လိုက်၏ “မင်း…မင်းက ရှောက်ယန်အာလား”

ရှောက်ယန်အာလား။ အာ…ရင်းနှီးတဲ့ခေါ်ဆိုမှုတစ်ခုပဲ…

အင်မော်တယ်ကမ္ဘာတွင် သူမက ဆရာသခင်နှင့် အတူရှိခဲ့သည့်နေရက်များကို ကူယန်အာက သတိရလိုက်၏။ လူဘယ်လောက်များများက သူမကို အခုလိုခေါ်တာလဲ။ ဒါက သေချာပေါက် နည်းနည်းလေးပင်။

ရုတ်တရက် ကူယန်အာ၏မျက်လုံးများက အေးစက်မှုတို့ လက်သွားကာ အော်လိုက်သည် “မင်းက အတိအကျ ဘယ်သူလဲ”

ကျုံးလင်၏လက်များက သူမ၏ဉီးခေါင်းကို အုပ်လိုက်ပြီး သူမ၏လွင့်မျောနေသောပုံရိပ်က အနည်းငယ်တုန်ယင်သွားပုံရ၏။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး နာကျင်မှုကို တောင့်ခံရန် ခေါင်းခါယမ်းလိုက်သည် “ငါ မမှတ်နိုင်ဘူး…ငါ တကယ် မမှတ်နိုင်ဘူး။ ဘာလို့ ငါ တစ်ခုကိုမှ မမှတ်မိတာလဲ။ ငါတို့ရဲ့မစ်ရှင်အတိအကျက ဘာလဲ။ ငါတို့ရှာဖွေရမယ့်လူက အတိအကျ ဘယ်သူလဲ”

သို့သော် ဤအချိန်တွင် ထန်ရှုက ရောက်လာသည်။ သူက အရှေ့ရှိ အမျိုးသမီးကိုးယောက်ကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏ “မင်းတို့က တစ်ခုမှ မသိဘူး ဒါမှမဟုတ် တစ်ခုမှ သတိမရဘူး။ ဒါဆို ဘာလို့ မင်းတို့က ဒီနေရာကို လာတာလဲ”

သူ့အသံက အမျိုးသမီးကိုးယောက်၏အာရုံစိုက်မှုကို ဖမ်းယူလိုက်သည်။

သူတို့က မော့ကြည့်လိုက်ပြီး သူတို့၏မျက်လုံးများက ထန်ရှု၏မျက်နှာပေါ်တွင် ကျရောက်သွားသည်၊ လက်ရှိတွင် သူတို့က ရှင်းလင်းစွာ မြင်နိုင်ပြီဖြစ်၏။ ရုတ်တရက် သူတို့အားလုံးက တုန်ယင်သွားပြီး အလင်းများက သူတို့၏မျက်လုံးများထဲမှ ပေါက်ကွဲထွက်လာသည်။

ဝှီ…ဝှီ…ဝှီ…

ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုက အမျိုးသမီးကိုးယောက်ထံမှ ပေါက်ကွဲထွက်လာသည်။ ထို့နောက် အရှိန်အဝါကိုးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ထို့နောက် ချက်ချင်းလျှင်ပင် သူတို့အားလုံးက အော်လိုက်ကြ၏။ သူတို့၏အော်သံများနှင့်အတူ သူတို့၏အရှိန်အဝါက ကောင်းကင်သို့ တက်သွားပြီး ချိတ်ပိတ်အက္ခရာတစ်ခုက ထွက်ပေါ်လာကာ အနက်ရောင်ကောင်းကင်တွင် တဖိတ်ဖိတ်တောက်ပသွား၏။

များမကြာမီ ချိတ်ပိတ်အက္ခရာက အပိုင်းအစဖြစ်သွားပြီး ထိုအမျိုးသမီးကိုးယောက်၏အရှိန်အဝါက စတင်ထိုးတက်လာ၏။ မိနစ်ဝက်အတွင်း ထန်ရှုနှင့်ကူယန်အာပင် တုန်လှုပ်သည့်အထိ သူတို့၏အရှိန်အဝါက ပိုသန်မာလာသည်။

“ကောင်းကင်ဘုံအင်မော်တယ်လား”

ကူယန်အာ၏နှုတ်ခမ်းများက အကြိမ်အနည်းငယ်တုန်ယင်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒက သူမ၏မျက်လုံးများထဲတွင် ချက်ချင်းပြည့်သွား၏။ ထိုအမျိုးသမီးကိုးယောက်ထဲမှတစ်ယောက်ယောက်က သတ်ဖြတ်ခြင်းဆန္ဒအနည်းငယ်ကို ထုတ်ဖော်မည်ဆိုလျှင် သူမက သူမ၏ချိတ်ပိတ်ထားခြင်းကို ဖြုတ်ကာ သူမတို့ကို သတ်ရပေလိမ့်မည်။

သို့သော် ထန်ရှုက အမျိုးသမီးကိုးယောက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းများက အနည်းငယ်ပွင့်ဟသွားပြီး အမျိုးသမီးကိုးယောက်၏နားထဲသို့ ဝင်ရောက်သွားသည့် အနည်းငယ်တုန်ယင်နေသောအသံနှင့် ရေရွတ်လိုက်၏။

“အင်မော်တယ်တားမြစ်ချိတ်ပိတ်စည်းလား။ အာရုံငါးပါးနဲ့မှတ်ဉာဏ်ငါးခုကို ဖျက်ဆီးတဲ့ အင်မော်တယ်စိတ်ဝိညာဉ်နဲ့လိပ်ပြာပေါ်က ချိတ်ပိတ်စည်းတစ်ခု…ပြန်လည်မွေးဖွားဖို့နဲ့ကူးပြောင်းဖို့အတွက် အသုံးပြုပြီး ဖော်တုတ်ခဲ့တဲ့လူရဲ့ကမ္ဘာနဲ့ဝိညာဉ်နောက်ကို လိုက်တယ်”

“ငါ့ကို မပြောနဲ့နော်…မင်းတို့အားလုံးကို ကိုယ့်ကိုယ်ကိုယ်ဒဏ်ရာရစေပြီး တားမြစ်အင်မော်တယ်ချိတ်ပိတ်ပညာရပ်ထဲက တားမြစ်ပြန်လည်မွေးဖွားခြင်းကို ဖော်ထုတ်ခဲ့တာလား”

ကူယန်အာက သူ့ဘက်သို့ လှည့်ကာ မေးလိုက်သည် “ဒီအင်မော်တယ်တားမြစ်ချိတ်ပိတ်နဲ့တားမြစ်ပြန်လည်မွေးဖွားခြင်းက အတိအကျဘာလဲ၊ ဆရာသခင်”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ အမျိုးသမီးကိုးယောက်ကို စိတ်ရှုပ်ထွေးသောအကြည့်နှင့် ကြည့်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ရှင်းပြ၏ “အင်မော်တယ်တားမြစ်ချိတ်ပိတ်က တားမြစ်ပညာရပ်တစ်ခု- တစ်စုံတစ်ယောက်ကို နှင်ထုတ်တဲ့ပညာရပ်တစ်ခု-အတိတ်မှာ ငါ ဖန်တီးခဲ့တာ။ အခြားတစ်ဖက်မှာ တားမြစ်ပြန်မွေးဖွားခြင်းက တားမြစ်အင်မော်တယ်ချိတ်ပိတ်ပညာရပ်ထဲက ထိခိုက်မှုအများဆုံးတားမြစ်နည်းစနစ်ပဲ။ အဲဒါကို အသက်သွင်းပြီးနောက် ဒီချိတ်ပိတ်စည်းကို ဖော်ထုတ်ခဲ့တဲ့လူကို ရှာဖွေနိုင်တယ်။ မင်းက ထိုလူရဲ့ကံကြမ္မာလမ်းကြောင်းနောက်ကို လိုက်ရလိမ့်မယ်။ ဒီလူတွေက ရွှေအင်မော်တယ်အဆင့်အင်မော်တယ်တွေဆိုရင် ဒီတားမြစ်ပြန်မွေးဖွားခြင်းကို ထုတ်ဖော်လိုက်တာနဲ့ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က သုံးဆင့်လျော့ကျပြီး အနာဂတ်မှာ သူတို့က ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ရှေ့ဆက်တက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး”

ကူယန်အာက မေးလိုက်သည် “ဆိုလိုတာက အရင်က သူတို့အားလုံးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်စွမ်းအားရှင်တွေဖြစ်ခဲ့တယ်ပေါ့လေ”

ထန်ရှုက အားတင်းပြုံးကာ ပြန်ဖြေသည် “သူတို့က တကယ်ပဲ တားမြစ်ပြန်မွေးဖွားခြင်းနည်းစနစ်ကို အသုံးပြုခဲ့တယ်ဆိုရင် လက်ရှိသူတို့ရဲ့ကောင်းကင်ဘုံအင်မော်တယ်ကျင့်ကြံခြင်းအဆင့်အရ သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေ ဖြစ်ခဲ့ဖို့များတယ်”

ထန်ရှု၏အသံက ပျောက်ကွယ်သွားလျှင်ချင်း ကျူးလုံအပါအဝင် အမျိုးသမီးကိုးယောက်က တုန်လှုပ်ရာမှ နောက်ဆုံးတွင် ရပ်တန့်သွားသည်။ ရှိနေသူတိုင်း၏ကြည့်ရှုနေသောမျက်လုံးများအောက်တွင် မျက်ရည်စီးကြောင်းနှစ်ခုက သူတို့၏မျက်နှာများမှ စီးကျလာပြီး ထန်ရှုနှင့် မျက်နှာချင်းဆိုင်လျက် လေထဲတွင် ဒူးထောက်လိုက်သည်။

“သခင်…”

ထန်ရှုက မှင်တက်သွားသည်။

သခင်လား။

အတိတ်တွင် သူ့လက်အောက်တွင် အခြွေအရံထောင်ချီရှိသောကြောင့် လူမရေမတွက်များစွာက သူ့ကို ထိုသို့ ခေါ်ဆိုခဲ့သည်။ သူတို့အများစုက ရွှေအင်မော်တယ်အဆင့်ရှိကြပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ရာချီလည်း ရှိ၏။

ဒီအမျိုးသမီးကိုးယောက်က အဲဒီတစ်ရာထဲက များလား။

မျက်ရည်စီးကျလျက် ကျူးလုံက ဆိုလိုက်သည် “ငါပါ၊ အင်မော်တယ်စိတ်ဝိညာဉ်ပါ၊ သခင်။ အတိတ်မှာတုန်းက ငါက သင့်ရဲ့အစေခံဖြစ်ခဲ့ပါတယ်”

အင်မော်တယ်စိတ်ဝိညာဉ်လား။

ထန်ရှု၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ကျူလုံ၏အရှေ့သို့ ချက်ချင်း ပြေးလာကာ သူမကို ဆွဲထူလျက် မျက်နှာကို သေချာစစ်ဆေးလိုက်သည်။ သူမ၏အသွင်အပြင်က ပြောင်းလဲသွားသော်လည်း သူက သူမ၏မျက်လုံးထဲကို ကြည့်လိုက်ချိန်တွင် ရင်းနှီးသောခံစားချက်တစ်ခုကို မြင်တွေ့ရ၏။

ဒါ အမှန်ပဲ။ မင်းက ငါ့ကို နှစ်ထောင်ချီခစားခဲ့တဲ့အစေခံခေါင်းလောင်းစိတ်ဝိညာဉ်ကျူးလုံပဲ…

“ဒါဆို…သူတို့က…”

ထန်ရှု၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တွန့်လိမ်သွားပြီး နှလုံးသားထဲ၌ နာကျင်လာခဲ့သည်။ အတိတ်က သူ့အတွင် အစေခံအမြောက်အများ ရှိခဲ့သည်၊ သို့သော် သူတို့ကိုးယောက်သာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိထားသည်။ အခြားတစ်ဖက်တွင် သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူများဖြစ်လာနိုင်သည့်အကြောင်းပြချက်ကား သူ၏လမ်းညွှန်မှုနှင့် သင်ကြားမှုကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင် သူတို့ကို ကျင့်ကြံခြင်းအရင်းအမြစ်များမကြာခဏပေးခဲ့သည့်ရွှယ်ချင်းချန်ကို ကျေးဇူးတင်ရမည်။

မျက်ရည်များစီးကျလျက် ကျူးလုံက ဆို့နင်စွာ ဆို၏ “သခင်က ကပ်ဘေးဖြတ်ကျော်မှုကျရှုံးသွားတဲ့သတင်းကို ငါတို့ ကြားခဲ့တယ်။ သခင်က ပျောက်ကွယ်သွားပြီး သခင်ရဲ့ဝိညာဉ်က ပြန့်ကျဲသွားတယ်လို့ ပြောခဲ့ကြတယ်။ ငါတို့က အဲဒါကို မယုံကြည်ခဲ့ဘူး၊ ဒါကြောင့် လျှို့ဝှက်စာကြည့်တိုက်ထဲက တားမြစ်အင်မော်တယ်ချိတ်ပိတ်ကျမ်းစာကို ငါတို့ တွေ့ခဲ့တယ်။ ဒီမတိုင်ခင်တုန်းက ငါတို့အပေါ်မှာ တားမြစ်အင်မော်တယ်ချိတ်ပိတ်ကို သခင်က ဖော်ထုတ်ခဲ့တယ်လေ၊ ဒါကြောင့် ငါတို့က အဲဒါကို အသက်သွင်းပြီး ဒီနေရာကို လာခဲ့တယ်။ အင်မော်တယ်ကမ္ဘာက ငါတို့ရဲ့မှတ်ဉာဏ်တွေကို ဆုံးရှုံးခဲ့တယ်၊ ဒါကြောင့် ငါတို့က သခင်နဲ့ပတ်သက်ပြီး မေ့သွားတယ်။ ကံကောင်းစွာနဲ့ သခင်ကို မြင်တဲ့အချိန်မှာ ငါတို့ပေါ်ကချိတ်ပိတ်စည်းက ပျက်ဆီးသွားပြီး ဘာဖြစ်ခဲ့တာကို ငါတို့ သတိရလာတယ်။ ဒီတစ်ချိန်လုံး ငါတို့က သခင်ကို ရှာနေတာ”

ထန်ရှုက အနည်းငယ်တုန်လှုပ်သွားသည်။ တားမြစ်အင်မော်တယ်ချိတ်ပိတ်ကို အသက်သွင်းရန် မဆုံးဖြတ်ခင် ထိုအမျိုးသမီးကိုးယောက်စုစည်းရမည့်သတ္တိနှင့်ဆုံးဖြတ်ချက်က ဘယ်လောက်ကြီးမားသလဲကို သူက စိတ်ကူးနိုင်၏။

သို့သော်…အနာဂတ်တွင် သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ထပ်မပြန်ရောက်နိုင်တော့ပေ။

“မင်းတို့အားလုံးအတွက်…ဒါက ထိုက်တန်ရဲ့လား”

ထန်ရှုက သူတို့၏မျက်နှာကို တစ်ချက်ကြည့်ကာ ရေရွတ်လိုက်သည်။

All Chapters