← Chapters

လရောင် အလင်း ပြန်ခြင်း။

Vol. 28 Ch. 379

လရောင် အလင်း ပြန်ခြင်း။

Vol. 28 Ch. 379

မိုးရေ စက်များ ရုတ်တရက် ရပ်တန့် သွားပြီး၊ အနက်ဝတ် ဓားသမားက လက်ကို ဝှေ့ယမ်း ကာ၊ သူ့ ဓားအား ဆင့်ခေါ် လိုက်၏။

ပြီးနောက်၊ ဓား၏ ကိုယ်ထည်ပေါ်ရှိ၊ မိုးရေ တစ်စက်ကို၊ လင်းယွန်ထံ ပစ်ထုတ် လိုက်လေသည်။ ထိုရေစက် အတွင်း၊ သူ၏ ဓား ရည်ရွယ်ချက်ကို ပေါင်းစပ် ထားပေ၏။

လင်းယွန်က မျက်မှောင်ကြုတ် လိုက်ကာ၊ သူ့ နဖူးပေါ် ပစ်မှတ် ထားသော၊ မိုးရေ စက်ကို တားဆီးရန်၊ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်၏။

ရိပ်ခနဲ လင်းလက် သွားသော၊ ခရမ်းရောင် ဓား အလင်းက မိုးရေ စက်ကို ပိုင်းဖြတ် သွားသည်။

ပေါက်ကွဲ သံများ ဆူညံ လာပြီး၊ သူတို့ နှစ်ယောက် ကြားရှိ ကန်ရေ မျက်နှာပြင်မှာ၊ တဟုန်ထိုး မြင့်တက် လာတော့သည်။

ရလာဒ် အနေဖြင့် ပန်းသင်္ချိုင်း ဓားကို၊ ဆုပ်ကိုင် ထားသော လင်းယွန်၏ လက်၌၊ သွေးစက်များ တဖြည်းဖြည်း စီးကျ လာနေ၏။

သူ့ ဆံပင်ကို စုစည်း ထားသော ဖဲကြိုးမှာ၊ ပြတ်ကျ သွားပြီး၊ လေထဲ ဝဲပျံ နေသော အသွင် အပြင်ကြောင့်၊ သူ့အား ပို၍ လေးနက် လာစေသည်။

မိုးရေ တစ်စက်က ဤမျှ အထိ၊ ကြောက်စရာ လိမ့်မည်ဟု၊ သူ မထင် ထား မိပေ။

အနက်ဝတ် ဓားသမား၏၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်မှာ၊ သူ့ထက် များစွာ သန်မာ နေ၏။

ဒီမှာ ထပ်လာပြီ။

အနက်ဝတ် ဓားသမားက လင်းယွန်ကို ပြုံးလျက် ဆိုလိုက်သည်။ သူ့လက် နှစ်ဖက်ကို ဆန့်ထုတ် ပြီးနောက် အားယူကာ၊ ကောင်းကင်သို့ ပျံတက် သွား၏။

ထိုသို့ ခုန်တက် နေစဉ်တွင်၊ အနက်ရောင် အလင်း များဖြင့် ဖွဲ့စည်း ထားသော၊ သူ၏ ဓား ရည်ရွယ် ချက်ကို၊ ကန့်သတ်ချက် အထိ တွန်းပို့ လိုက်သည်။

လေဟာနယ် တုန်ခါ မှုများ နှင့်အတူ၊ အနက်ဝတ် ဓားသမားက လင်းယွန် ရှေ့သို့ ဆင်းသက် လာပြီး၊ ဓား အလင်းဖြင့် ခုတ်ပိုင်း လိုက်သည်။

အနက်ဝတ် ဓားသမား၏ ဓား ရည်ရွယ် ချက်မှာ၊ မီးတောင်ကြီး တစ်လုံး ကဲ့သို့၊ ရုတ်တရက် ပေါက်ကွဲ ထွက်လာ၏။

လင်းယွန်က အရာ များစွာကို၊ တွေးတောရန် အချိန် မရှိ တော့ပေ။ အဆိုပါ ဓားချက်ကို ရှောင်ရှားရန်၊ 'လေးနက်သော ခြေလှမ်း ခုနစ် လှမ်း'အား၊ ချက်ချင်း ထုတ်ဖော် ခဲ့သည်။

" မင်း လွတ်မြောက် နိုင်မယ် ထင်လား၊ မုန်တိုင်း စုစည်းခြင်း ..... ''

အနက်ဝတ် ဓားသမားက ပြုံးကာ၊ ဓားကို လွှဲယမ်း လိုက်၏။ ဓားထံမှ ပြင်းထန်သော လေဝဲ တစ်ခု၊ နဂါး တစ်ကောင် ကဲ့သို့၊ ပြေးထွက် လာသည်။

'အမှောင် ခွင်းသော လမင်း' ၏၊ အလင်း ရောင်ကို ထုတ်လွှတ်လျက်၊ လင်းယွန်က တန်ပြန် တိုက်စစ်အား၊ ဖော်ဆောင် လိုက်သည်။

ထက်ရှသော ဓားရောင်ခြည် နှစ်စင်း၊ ရိုက်ခတ် သွားပြီးနောက်၊ ပြင်းထန်စွာ ပေါက်ကွဲ သွားလေသည်။

" မင်းက နည်းနည်းတော့ အရည်အချင်း ရှိပါတယ်။ "

အနက်ဝတ် ဓားသမားက ပြုံးပြီး၊ အလင်းတန်း တစ်သွယ် အဖြစ်၊ ပြောင်းလဲ လိုက်၏။

ဓားသုတ္တန်ကို ဖြန့်ဝေလျက်၊ သူ့ကိုယ်သူ ခုခံ ကာကွယ်ရန် ပန်းသင်္ချိုင်း ဓားကို၊ ချက်ခြင်း မြှောက်လိုက်သည်။

" အေးခဲ နေသော ဆီးနှင်းများ။ "

သို့သော် ရေကဲ့သို့ စီးကျ လာသော အနက်ရောင် ဓားချက် များက၊ ရုတ်တရက် ပေါက်ကွဲ သွားပြီး၊ 'အေးခဲ နေသော ဆီးနှင်း များ' ကို ဖြတ်ကျော်ကာ၊ လင်းယွန်အား ထိမှန် ကုန်၏။

နောက်ကွယ်ရှိ ကြောက်စရာ ကောင်းသော အဟုန်ကြောင့်၊ လင်းယွန်မှာ လွင့်စင် လဲကျ သွားသည်။

လဲကျ နေလျက်ဖြင့် သူသိ လိုက်သည်မှာ၊ တစ်စုံ တစ်ရာကို ပြုလုပ် ရပေမည်။

သည်အတိုင်း ဆက်သွားရ ပါလျှင်၊ အနက်ဝတ် ဓားသမားက၊ လက်ဦးမှု ရယူ ထားသော ဤတိုက်ပွဲတွင်၊ ခုခံ နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ရုတ်တရက် ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ကောင်းကင်ပေါ် ခုန်တက် လိုက်၏။

" မင်း မလွတ် နိုင်ပါဘူး။ "

အနက်ဝတ် ဓားသမား၏ အကြည့်မှာ၊ အေးစက် သွားပြီး၊သူ့ ဓား ပေါ်ရှိ ရေစက် ခုနစ်စက်ကို၊ မြှားတံများ ကဲ့သို့ ပစ်လွှတ် လာသည်။

'လေးနက်သော ခြေလှမ်း ခုနစ် လှမ်း'ကို၊ ကန့်သတ် ချက်များ ဆီသို့၊ တွန်းတင် လိုက်ပြီး လေထု ၌ပင်၊ ရှေ့သို့ ခြေလှမ်း ခုနစ်လှမ်း လှမ်းယူ လိုက်၏။

နောက်ဆက်တွဲ ပုံရိပ် ခုနစ်ရိပ် ထွက်ပေါ် လာကာ၊ တိုးဝင် လာသော ရေစက် ခုနစ် စက်အား၊ လာရာ လမ်းသို့ ပန်းသင်္ချိုင်း ဓားဖြင့်၊ ပြန်လည် ရိုက်ထုတ် လိုက်သည်။

အနက်ဝတ် ဓားသမားက ရှေ့သို့ ခုန်ဆင်း လိုက်ပြီး၊ မိုးရေ စက်များကို အလွယ် တကူ ရှောင်ထွက် သွားသည်။

မိုးရေ စက်များက ရေအိုင် ပေါ်သို့၊ ပြုတ်ကျသွား ပြီးနောက်၊ ပေါက်ကွဲမှု ခုနစ်ခု ချက်ခြင်း ဖြစ်ပေါ် လာစေ၏။

ယင်းပေါက် ကွဲမှု များကြောင့်၊ တည်ငြိမ်သော ကန်ရေ မျက်နှာ ပြင်တွင်၊ ရေတွင်းကြီး ခုနစ်တွင်း ဖြစ်ပေါ် လာသည်။

ထိုတွင်းကြီး များမှ ရေပွက်ကြီး ခုနစ်စင်း အရှိန်ဖြင့်၊ ကန်ထွက် သွား၏။

နဂါးများ အလား၊ ပျံတက် နေသော ထိတ်လန့် တုန်လှုပ်ဖွယ်၊ ရေပွက် များကို နောက်ခံ ပြုလျက်၊ အနက်ဝတ် ဓားသမားက၊ ပြုံးလိုက်သည်။

ပြီးနောက် လင်းယွန် ပြန်လည် ကျဆင်း လာမည့် နေရာသို့၊ ကြိုတင် သွားရောက် စောင့်ဆိုင်း နေခဲ့၏။

လေထု ထဲတွင် ရှိနေဆဲ ဖြစ်သော လင်းယွန်က၊ ကြိုတင် စောင့်ဆိုင်း နေသော အနက်ဝတ် ဓားသမားကို ကြည့်ကာ၊ ဒေါသ ထွက်သွားသည်။

မူလ စွမ်းအင် များအား အကန့် အသတ်ထိ၊ ထုတ်ဖော် လိုက်ပြီး၊ သူ၏ ဦးတည် ရာကို၊ ပြောင်းလဲ ပစ်ရန်၊ ကြိုးစား လိုက်၏။

ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းကာ၊ ရေ မျက်နှာပြင် ပေါ်သို့၊ ကြယ်တာရာ တစ်စင်းလို၊ ထိုးဆင်း သွားမိသည်။

ထိုသို့ ဆင်းသက် လာနေစဉ်၊ ခရမ်းရောင် ဓားတံဆိပ် တစ်ခု၊ လင်းယွန်၏ လက်နောက်၌ ဖြစ်ပေါ် လာပြီး၊ အနက်ဝတ် ဓား သမားအား၊ ခရမ်းရောင် ဓားအလင်း ကိုးစင်းဖြင့်၊ ပစ်ထုတ် လိုက်၏။

ခရမ်းရောင် ဓားအလင်း များကြောင့်၊ အနက်ဝတ် ဓားသမားက၊ ခေတ္တမျှ အံ့အားသင့် သွားခဲ့ သော်လည်း၊ နောက်သို့ ခြေလှမ်း ကိုးလှမ်းခန့်၊ ဆုတ်ခွာ ရှောင်တိမ်း သွားသည်။

လင်းယွန်က ကျဆင်း နေသော အဟုန်ကို ရပ်တန့်ရန်၊ သူ့လက်ဖဝါး ပြင်အား ရေပြင် ပေါ်သို့၊ ရိုက်ချလျက်၊ထွက်ပေါ် လာသော တွန်းကန် အားဖြင့်၊ လေထဲသို့ တစ်ဖန် ပျံတက် သွားပြန်၏။

လေထဲ၌ ဟန်ချက် ညီအောင် ထိန်းချုပ် လိုက်ပြီးနောက်၊ ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့်ကာ၊ မျက်မှောင်ကြုတ် သွားမိသည်။

တိုက်ပွဲ ကွင်းပြင်၌၊ အနက်ဝတ် ဓားသမား ပျောက်ဆုံး သွားသည်ကို၊ တွေ့လိုက် ရသောကြောင့် ဖြစ်သည်။

" နောက်ဆုံးတော့ မင်းရဲ့ အဆုံး သတ်က၊ လဲကျ ခြင်းပါပဲ။ "

စကားသံ နှင့်အတူ၊ လင်းယွန် အောက်ခြေရှိ၊ ရေကန် မျက်နှာပြင် ထံမှ၊ ရေပွက်ကြီး တစ်စင်း ရုတ်တရက် ပန်းထွက် လာလေသည်။

ထိုရေပွက်ကြီး အတွင်း၊ အနက်ဝတ် ဓားသမားက၊ နဂါး တစ်ကောင်လို ရေကန် မျက်နှာ ပြင်အား ခွဲလျက်၊ ပျံတက် လာ၏။

တစ်ချိန် တည်းမှာပင်၊ အအေး ဓာတ်များ လင်းယွန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာပြီး၊ အနက်ဝတ် ဓားသမား၏ ဓားချက်ကို၊ ကာကွယ်ရန် ပြင်လိုက်သည်။

ဒရာကိုဖီ ချပ်ဝတ်အား၊ လျင်မြန်စွာ ထုတ်ဖော် ခဲ့သော်လည်း၊ ဓားချက်ကို မဟန့်တား နိုင်လိုက်ပေ။

ပြိုင်ဘက်၏ ဓားက သူ့ ပခုံးအား ထိမှန်ကာ၊ မီတာ ရာဂဏန်း အကွာသို့၊ လွင့်စင် သွား၏။

ရေပြင်ပေါ် လဲကျ နေရာမှ ထရပ်ရန်၊ အားယူ လိုက်စဉ်၊ သူ့ပခုံး ဆီ၌ နာကျင် မှုများ၊ အလွန် ပြင်းထန် လာပြီး၊ အရိုးများ ထိတိုင် စိမ့်တက် သွားသည်။

နှုတ်ခမ်းများ တဆက်ဆက် တုန်ခါ သွား၏။ ကျင့်ကြံခြင်း လမ်းတစ်လျှောက်၊ သူ့ ဓားဖြင့် အထိုး ခံရသော ပြိုင်ဘက်များ၊ မည်သို့ ခံစား ခဲ့ရ သည်ကို၊ နားလည် သွားမိ၏။

အနက်ဝတ် ဓားသမားကို၊ မော့ကြည့် မိသောလင်းယွန်၏ မျက်နှာ ပေါ်တွင်၊ စိတ်ပျက် လက်ပျက် အရိပ် အယောင်များ၊ ကပ်ညိ နေလေပြီ။

" စိတ်ပျက် သွားပြီလား... ၊ အခု ကြီးကျယ်တဲ့ အရာ တွေကို၊ မင်းလုပ်ခဲ့ ပြီးပါပြီ၊ ကိုယ့်ကိုယ်ကို ဒီလောက် အထိလည်း အပြစ်တင် နေစရာ မလို ပါဘူး၊ မင်းရဲ့ အကန့် အသတ်ကို၊ ရောက်သွား တာလည်း၊ ဖြစ်နိုင်တယ်မဟုတ်လား

အနက်ဝတ် ဓားသမားက မျက်လုံး များကို မှိတ်ချ လိုက်၏။

ကြာနက် နန်းတော်၏ ဒဿမ အဆင့်သည် အဘယ်ကြောင့် ဒဏ္ဍာရီ ဖြစ်ခဲ့ သည်ကို၊ လင်းယွန်က ရိပ်ဖမ်း သံဖမ်း နားလည် သွားမိသည်။

ရောက်ရှိလာ သူများက၊ သည်နေရာ၌ သေဆုံးသွား ခြင်းဖြစ်သည်။ လင်းယွန် ကမူ အနက်ဝတ် ဓားသမား၏ စကားကို လက်မခံလိုခြေ။

ဤသည်မှာ သူ့ အကန့် အသတ် ဖြစ်ခဲ့ လျှင်ပင်၊ သူ့ကိုယ်သူ အရှုံး မပေးဘဲ၊ အတင်း အကြပ် တွန်းအား ပေးချင် နေသေးသည်။

ပျံ့ကျဲ နေသော အတွေးများ၊ တဖြည်းဖြည်း ငြိမ်သက် သွားပြီး၊ အာရုံ စူးစိုက် မှုများ ပြန်လည် ရရှိ လာသည်။ ယင်းမှာ စမ်းသပ်ချက် တစ်ခု ပေမို့၊ ဖြတ်ကျော်ရန် နည်းလမ်း တစ်ရပ် ရှိရ ပေမည်။

ဒဿမ အဆင့်၌ သူ့အား စောင့်နေမည် ဆိုသော၊ အဖြူဝတ် ဓားသမား၏ စကားကြောင့်၊ အနက်ဝတ် ဓားသမား အပေါ်၊ အနိုင်ယူ ဖို့ရန် နည်းလမ်း ရှိရ မည်ဟု၊ ယူဆ နိုင်သည်။

ထိုသို့ မဟုတ် ခဲ့သော်၊ အဖြူဝတ် ဓားသမား စကားမှာ၊ အဓိပ္ပါယ်မဲ့ သွားပေ လိမ့်မည်။

'' ငါ့မှာ ချို့ယွင်းချက် တစ်ခု ရှိတာ မှန်ပါတယ်၊ ဒါပေမယ့် မင်းကတော့ ... ရှာတွေ့ နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းကို ...၊ သူ ဘာတွေပဲ ပြောခဲ့ ပြောခဲ့၊ အသုံး မဝင် ပါဘူး။

-ဟု အနက်ဝတ် ဓားသမားက လင်းယွန်၏ အတွေး များကို၊ နောက်တစ်ကြိမ် ဖတ်ပြ လိုက်သည်။

ထိုလုပ်ရပ်ကြောင့် လင်းယွန် အပေါ်၊ ဖိအားများ ပိုတိုး လာစေ၏။

ပြိုင်ဘက်မှ သူ့ အတွေးကို၊ ခန့်မှန်း နေမှု အပေါ်၊ အလို မကျ ဟန်ဖြင့် မျက်မှောင်ကြုတ် မိသည်။

သို့သော် မကြာခင် မှာပင်၊ တစ်စုံ တစ်ရာကို တွေးမိ သွားပြီး၊ မျက်ခုံး ပင့်ကာ ပြုံးရယ် လိုက်၏။

" ဒါဆို မင်းဘာကို ကြောက်နေ တာလဲ၊ မင်းပြော သလောက်သာ လုပ်နိုင် စွမ်းရင်၊ ငါ အခုဆို သေသင့် နေပြီ၊ မင်းက ..... ငါ့ရဲ့ တိုက်ခိုက် မှုတွေ ကနေ၊ လုံးဝ မရှောင်တိမ်း နိုင်တော့ မှာကို၊ ကြောက်နေတယ် မဟုတ်လား ... ''

'' .... ဒီမတိုင် ခင်က၊ စိတ်ဓာတ် စစ်ဆင်ရေးတွေ၊ ဘယ်နှစ် ကြိမ်လောက် မင်းလုပ်ဆောင် ခဲ့လဲ ဆိုတာ၊ ငါ မှန်းကြည့် ရအောင် ... တစ်ကြိမ်လား ... ၊ နှစ်ကြိမ် .... ၊ သုံးကြိမ်လား ..... "

အနက်ဝတ် ဓားသမား၏ အမူ အရာကို၊ အကဲ ခတ်လျက် ဆိုလိုက် မိသည်။ ထို့နောက် သူက ပြုံးလိုက်ပြီး၊

'' ဒါဆို ... မင်း လှည့်ဖျား နိုင်ခဲ့တာ (၃) ယောက်ပေါ့၊ မင်းပြော သလောက် လည်း၊ မင်းက ကြီးမြတ် မနေ ပါဘူး၊ တကယ် သာဆို ငါ့ရဲ့ ယုံကြည် ချက်ကို၊ ပျက်ပြား သွားအောင် လုပ်ပြီး၊ မင်းမှာ ဒဏ်ရာ ရသွားတယ် ဆိုတဲ့ အမှန်တရား ကနေ၊ ဘာလို့ ဖုံးကွယ်ဖို့ ကြိုးစား နေရ တာလဲ။ "

'' မင်း ဘာတွေပဲ၊ ပြောပြော အရေး မကြီး တော့ပါဘူး။ ''

အနက်ဝတ် ဓားသမားက ပြုံးလျက်၊ တုန့်ပြန် လိုက်သည်။

'' အဟက် ... မင်းရဲ့ အားနည်း ချက်ကို၊ ငါ ခန့်မှန်း နိုင်ပြီး ပြီမို့ ... မင်း ကြောက်နေလား၊... ''

'' ... ဒီမတိုင်ခင် အဆင့် ကိုးဆင့် လုံးရဲ့၊ စမ်းသပ်ချက် တွေက၊ ဒဿမ အဆင့် အတွက် ပြင်ဆင် ပေးခဲ့တာ ပါပဲ၊ နဝမ အဆင့်မှာ ရှိနေမဲ့၊ မင်းရဲ့ အားနည်း ချက်ကို၊ အဖြူဝတ် ဓားသမားက ချန်ထားခဲ့ ပြီးသားပါ။ "

ဤတစ်ကြိမ်တွင် အနက်ဝတ် ဓားသမား၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ သူ့ မျက်နှာ တစ်ခုလုံး မည်းမှောင် လာပြီး၊ အေးစက်သော လေသံဖြင့်၊

'' ငါ့ကို လှန့်လုံး ထုတ်ဖို့၊ ကြိုးစား နေတာပဲ၊ မင်းက နည်းနည်းတော့ နုပါ သေးတယ်၊အခုတော့ ...မင်းသေလို့ ရပြီ။ ''

အနက်ဝတ် ဓားသမားက၊ သူ့ဓား အရှိန်အဝါကို၊ ပြန်လည် စုစည်း လိုက်သည်။

ထို့ကြောင့် လင်းယွန်ပြော သလိုပင်၊ သူက ဒဏ်ရာ ရရှိ သွားခဲ့ သည်ကို၊ သေချာ သွားစေသည်။

တိုက်ခိုက် မှုကြောင့်၊ အမှန် တကယ် ဒဏ်ရာ ရရှိ သွားရပြီး၊ ပြန်လည် ကောင်းမွန် လာရန်၊ အချိန်အား ဝယ်ယူနေခြင်း ဖြစ်သည်။

ဓားအရှိန် အဝါကို၊ ပြန်လည် စုစည်း လိုက်ပြီးနောက်၊ မူလ နေရာမှ ရိပ်ခနဲ၊ ပျောက်ကွယ် သွားတော့သည်။

ပြီးနောက် မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်းယွန် ရှေ့၌ ပြန်လည် ထွက်ပေါ် လာပြီး ဓားဖြင့်၊ ထိုးချ လိုက်၏။

အကယ် ၍သာ ဤဓားချက် ထိမှန် ခံရ ပါက၊ လင်းယွန်အား ထက်ခြမ်း ခွဲထုတ်သွား ပေလိမ့်မည်။

လင်းယွန်၏ ရုပ်ခန္ဓာမှာ အားကောင်း သည်ကို၊ သူ သိသောကြောင့်၊ တိုက်ပွဲအား ဆွဲဆန့်ရန် ဆန္ဒ မရှိ ခဲ့ပေ။

လင်းယွန်၏ အသက်ကို ဤဓား ချက်ဖြင့်၊ ရယူရန် ဆုံးဖြတ် ခဲ့သည်။ သို့သော် ဓားမှာ ရင်ဘတ် ပေါ်သို့ ကျရောက် ခါနီးတွင်၊ လင်းယွန်၏ အငွေ့ အသက်များ ရုတ်တရက် ပြောင်းလဲ သွားသည်။

အနက်ဝတ် ဓားသမားက လင်းယွန်ကို၊ သူ့အရှိန် အဝါဖြင့်၊ ပိတ်ဆို့ ချုပ်နှောင်ထား သော်လည်း၊ လွတ်မြောက် သွားခဲ့သည်။

သို့သော် သူ့ဓားကို ရှေ့သို့၊ လှမ်းထိုး နေဆဲ ဖြစ်၏။ ဓားထံမှ စွမ်းအင်များ ပေါက်ကွဲ သွားသော အခါတွင်၊ လင်းယွန် မှာမူ မူလ နေရာ၌၊ ပျောက်ကွယ် သွားကြောင့်၊ မျက်မှောင်ကြုတ် သွားမိသည်။

တစ်ဆက်တည်း မှာပင် လင်းယွန်ကို ဓားဖျား၌ ပြန်မြင် လိုက်ရမှ သာလျှင်၊ ပြုံးရယ် နိုင်ခဲ့သည်။

သို့သော် ထိုလင်းယွန်မှာ ပုံရိပ်ယောင် တစ်ရိပ် ဖြစ်ကြောင်း၊ ချက်ချင်း သတိ ထားမိ သွားပြီး၊ သူ့ မျက်နှာမှာ၊ ရုတ်ချည်း ပြောင်းလဲ သွားပြန်၏။

၎င်းပုံရိပ် များမှာ တစ်ရိပ်ထဲ မဟုတ်ပေ။ ကိုးရိပ် တိတိ ရှိနေ လေသည်။

'' မင်းရဲ့ အားနည်း ချက်ကို၊ ငါ ရှာတွေ့ ပြီလို့၊ ပြောထား ပြီးသားပဲ၊ အဲဒီ အချိန် တုန်းက သူ့ကို ဓားနဲ့ ထိုးတဲ့ အခါ၊ ငါ ဘာလို့ ကျရှုံး ခဲ့ရလဲ ဆိုတာ... နားလည် သွားပါပြီ၊ အရေး ကြီးဆုံး ကတော့၊ ငါက လှန့်လုံး ထုတ်တက်တဲ့ ...၊ သူ တစ်ယောက် မဟုတ်ဘူး။ ''

နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ်၊ ထပ်တူ ကျသွားပြီး၊ ဓား တစ်လက် ရှေ့သို့ တိုးထွက် လာ၏။

ဤတိုက်ခိုက်မှု ထွက်ပေါ်လာ သည်နှင့်၊ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားခဲ့သည်။

၎င်းသည် လရောင် ရေစင် ဓား၏၊ အဆုံးစွန်သော လှုပ်ရှားမှု ဖြစ်သည့်၊ 'လရောင် အလင်း ပြန်ခြင်း' ပင်၊ ဖြစ်လေသည်။

အဆိုပါ ဓားချက်အား အနက်ဝတ် ဓားသမားက မဟန့် တားနိုင် ခဲ့ပေ။ လင်းယွန် ကိုးယောက် တစ်ထပ်တည်း၊ ပေါင်းစပ် သွားပြီး၊ သူ့ နဖူးအား ဓားဖြင့် ထိုးချ လာ၏။

" ငါ မင်းကို ယုံခဲ့ သင့်တယ်။ "

အနက်ဝတ် ဓားသမားက၊ ရုတ်တရက် ပြုံးပြီး ရေရွတ်ကာ၊ လဲကျ သွား၏။

( အဆုံးသတ် ပြီလား။ )

လင်းယွန်က အလွန် စိတ် သက်သာရာရ သွားကာ၊ ကမ်းစပ် ဆီသို့ လှမ်းကြည့် လိုက်သည်။

သူ့ မှန်းဆ ချက်သာ မှန်ကန် ပါလျှင်၊ ယခု အချိန်၌ စမ်းသပ်ချက် အောင်မြင်ပြီ ဖြစ်ပြီး၊ အဖြူဝတ် ဓားသမားက ထိုကမ်း စပ်တွင် စောင့်နေ သင့်ပေမည်။

အသက် ပြင်းပြင်း ရှူရှိုက် လိုက်ပြီး၊ သူ့ဒဏ်ရာများကို လျစ်လျူရှုကာ၊ ကမ်းစပ် ဆီသို့ လျှောက်လှမ်း သွားလိုက်၏။

ကမ်းစပ် ရောက် သည်နှင့်၊ ပတ်ဝန်း ကျင်အားတစ်ချက် ဝေ့ကြည့်ကာ၊ နန်းတော် ဆီသို့ လှမ်းဝင် လိုက်သည်။

နန်းတော် အလယ်တွင်၊ ကြာပန်း တစ်ပွင့်ပေါ် ထိုင်လျက် အနေ အထားဖြင့်၊ အဖြူဝတ် ဓားသမားက စောင့်ကြို နေခဲ့သည်။

ထို ဓားသမားကို မြင်သည်နှင့်၊ လင်းယွန်က ရွှင်မြူး သွားသည်။

သို့သော် ပြုံးရယ် နေသော၊ သူ့ မျက်နှာက ပြောင်းလဲ သွားပြီး၊ လှမ်းလက်စ ခြေလှမ်း များအား၊ ရုတ်တရက် ရပ်ပစ် လိုက်ရ၏။

အဖြူဝတ် ဓားသမား၏ နဖူးတွင်၊ ကြောက်စရာ ကောင်းသော၊ ဓားဒဏ်ရာ တစ်ချက်အား၊ ထင်ရှားစွာ တွေ့မြင် လိုက်ရ ခြင်းကြောင့်၊ ဖြစ်ပေသည်။

ယင်းဒဏ်ရာမှာ အနက်ဝတ် ဓားသမားကို၊ သူ ထိုးခဲ့သော ဓားချက်နှင့် တူ၏။ အနက်ဝတ် ဓားသမား၏ စကား များကို၊ ပြန်လည် ကြားယောင် လာပြီးနောက်၊ သူ့ မျက်နှာတွင် ထိတ်လန့် မှုများ မြင့်တက် လာခဲ့သည်။

'' ငါက မိုးရေ စက်လေးတွေ ဖြစ်နေ ချိန်မှာ၊ သူက တိမ်တိုက် လေးပါ။ ''

ဆိုလို သည်မှာ ၎င်းတို့ နှစ်ဦးသည်၊ တစ်ယောက် ထဲသာ ဖြစ်ပေ၏။

လင်းယွန်က အနည်းငယ် တုန့်ဆိုင်း သွားချိန်တွင်၊ အဖြူဝတ် ဓားသမားမှာ၊ ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက်၊ ကြာပလ္လင် တစ်ခုလုံး၊ တဖြည်းဖြည်း ကြွတက် လာတော့သည်။

***

All Chapters