ငါ့ ဓား ထာဝရ တည်စေ။
Vol. 28 Ch. 380
'' ငါက မိုးရေ စက်လေးတွေ ဖြစ်နေ ချိန်မှာ၊ သူက တိမ်တိုက် လေးပါ။ ''
အနက်ဝတ် ဓားသမား၏ အသံမှာ၊ သူ့နားထဲ ဝဲပျံ လာလေသည်။ ဆိုလို သည်မှာ ၎င်းတို့ နှစ်ဦးသည်၊ တစ်ယောက် ထဲသာ ဖြစ်ပေ၏။
လင်းယွန်က အနည်းငယ် တုန့်ဆိုင်း သွားချိန်တွင်၊ အဖြူဝတ် ဓားသမားမှာ၊ ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက်၊ ကြာပလ္လင် တစ်ခုလုံး၊ တဖြည်းဖြည်း ကြွတက် လာတော့သည်။
မြင့်တက် လာသော ကြာပလ္လင်က၊ အကန့် အသတ်သို့ ရောက်ရှိ သွားသည်နှင့်၊ ပူဖောင်း တစ်လုံးလို ပေါက်ကွဲ သွားကာ၊ မြင်ကွင်း တစ်ခု ရုတ်တရက် ထွက်ပေါ် လာသည်။
အဆုံး အစ မရှိသော စစ် မြေပြင်ကြီး တစ်ခုဖြစ်လေသည်။
ထိုစစ်မြေ ပြင်ကြီး အတွင်းရှိ၊ အရာ အားလုံးမှာ၊ သူနှင့် မသက်ဆိုင် သောကြောင့်၊ အပြင်လူ တစ်ယောက် အဖြစ်သာ၊ ခံစား စေရသည်။
နေရာ အနှံ့တွင် တိုက်ပွဲများ၊ ဖြစ်ပွား နေ၏။ အရပ်ရပ်မှ အော်ဟစ်သံ များနှင့်၊ ညည်းတွား သံများကို ကြားနေ ရပြီး၊ အသက်ပေါင်း များစွာ၊ သေကြေ ပျက်စီး နေပေသည်။
သို့သော် ငြားလည်း မည်သူ ကမျှ၊ တိုက်ပွဲအတွင်းမှ၊ စွန့်ခွာ သွားခြင်း မရှိ ကြပေ။
အထူး သဖြင့် လူတစ်စုမှာ အပြင်း အထန် တိုက်ခိုက် နေကြပြီး၊ မြင့်မားသော အနက်ရောင် နန်းတော်ကြီး တစ်ဆောင်ကို၊ ကာကွယ် နေကြသည်။
နန်းတော် ပုံသဏ္ဍာန်မှာ၊ သူနှင့် အကျွမ်း တဝင် ရှိလှသော ကြာနက် နန်းတော် ဖြစ်သည်။
အနက်ရောင် နန်းတော်ကို၊ ဝိုင်းရံ ထားသော တိမ်လွှာ များသည်၊ ကွဲကြေ နေသော မှန်တစ်ချပ် ကဲ့သို့၊ နေရာ အနှံ့ ပျံ့ကျဲ နေ၏။
ပြိုကျ ပျက်စီး နေသော အဆောက် အဦး များနှင့်၊ အလောင်း များကို နေရာ တိုင်းတွင်၊ မြင်တွေ့ နိုင်သည်။
သို့သော် ကြာနက် နန်းတော်ကို၊ ခုခံ ကာကွယ်နေသော လူတစ်စုမှာ၊ တက်ကြွ နေဆဲ ပေပင်။
နန်းတော်သည် ဂိုဏ်း၏၊ အမာခံ နယ်မြေ ဖြစ်သောကြောင့်၊ အမွေ အနှစ်ကို ကာကွယ်ရန် အသက် ကိုပင်၊ စတေး ထားခဲ့ ကြသည်။
အပြင်လူ တစ်ယောက် ဖြစ်သော လင်းယွန် ကပင်၊ ၎င်းလူ တစ်စုအား ဝင်ရောက် ကူညီ ပေးရန်၊ ဆန္ဒများ တဖွားဖွား ဖြစ်ပေါ် လာ၏။
လူအုပ် အတွင်းမှ တစ်ယောက်ပြီး တစ်ယောက် သေဆုံး သွားသည်ကို၊ သူ စောင့်ကြည့် နေခဲ့ ရသည်။
နောက်ဆုံး၌ ကြာနက် နန်းတော် ရှေ့တွင်၊ ရပ်နေသော လူ တစ်ယောက်သာ ကျန်ရှိ တော့၏။
ထိုသူ့ကို စောင့်မျှော် နေသည့်၊ တစ်ခုတည်းသော အရာမှာ၊ သေခြင်း တရားသာ ပေပင်။
အနက်ရောင် အခိုး အငွေ့များ၊ ဖုံးလွှမ်း နေသော ကျူးကျော်လာ သူများက၊ ကြုံဝါး သံများ နှင့်အတူ၊ ထိုလူ၏ ခန္ဓာကိုယ် ထဲသို့၊ ၎င်းတို့၏ လက်နက် များကို၊ ထိုးသွင်း လိုက်ကြသည်။
ကြာနက် နန်းတော်ကို ကာကွယ် နေသော ဓားသမားက၊ လဲကျ နေလျက်မှ ဓားကို မြောက်ကာ အော်ဟစ် လိုက်သည်။
“ ငါ့ဓားက ထာဝရ တည် စေ မယ်။ ”
ထိုသို့ အော်ဟစ် ပြီးနောက်၊ သူ့ဓားကို လွှဲယမ်းလျက် အပြာရောင် ဓားအလင်းကို၊ ထုတ်လွှတ် လိုက်သည်။
ထိုအပြာရောင် အလင်း တန်းက၊ သူ့ရှေ့ရှိ ရန်သူ အားလုံးကို ပိုင်းဖြတ် ဖြစ်ကာ၊ အနက်ရောင် နန်းတော် ကြီးအား လွှမ်းခြုံ ပစ်လိုက် လေသည်။
ဓားသမား၏ မျက်နှာကို၊ မြင်လိုက် ရသော လင်းယွန်က၊ အံသြခြင်း မရှိ ခဲ့ပေ။ ထိုဓားသမားမှာ နဝမ အဆင့်တွင်၊ သူ တွေ့ရှိ ခဲ့ရသော၊ အဖြူဝတ် ဓားသမား ဖြစ်သည်။
မြင်ကွင်းများ မှုန်ဝါးလာ သည်နှင့်၊ အနက်ရောင် နန်းတော် အတွင်း၊ အတင်း အကြပ် ဝင်ရောက်ရန်၊ ကြိုးစား နေသော လူအုပ်မှာ၊ ခြေကုန် လက်ပန်း ကျလာ ကြသည်။
အနက်ရောင် အခိုး အငွေ့ များဖြင့်၊ ညစ်ထေး နေသော မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများက၊ အပြာရောင် အတား အဆီးနှင့်၊ ပတ်သက်၍ ချိုးဖြတ် နိုင်ခြင်း မရှိ တော့သောကြောင့်၊ ဆုတ်ခွာသွား လေသည်။
မြင်ကွင်း ပျောက်ကွယ် သွားသည့်တိုင်၊ လင်းယွန်မှာ မနိုးထ နိုင်ခဲ့ သေးဘဲ၊ အချိန် အတော်ကြာ မိန်းမော နေမိ၏။
အခန်းတွင်း ပတ်ပတ် လည်ကို၊ ဝေ့ကြည့် လိုက်ရာ၊ မည်သည့် အရာမျှ ရှိမနေ တော့ပေ။
အဖြူဝတ် ဓားသမား၊ ရေကန်၊ သို့မဟုတ် အနက်ရောင် နန်းတော်ကို၊ မည်သည့် နေရာမှ မမြင် ရဘဲ၊ အခန်းလွတ် တစ်ခန်း အဖြစ်သာ တွေ့မြင် လိုက်ရသည်။
အကယ်၍ တိုက်ပွဲ အတွင်းမှ လရောင် ရေစင် ဓား၏၊ နောက်ဆုံး လှုပ်ရှားမှု ဖြစ်သော၊ 'လရောင် အလင်း ပြန်ခြင်း' ကို၊ နားမလည် မိပါက၊ စစ်မြေပြင်နှင့် အနက်ရောင် နန်းတော်သည် အစစ် အမှန်၊ ဟုတ်မဟုတ် သံသယ ဝင်မိ ပေလိမ့်မည်။
သို့သော် ဒသမ အဆင့်တွင် တိမ်များ၊ မိုးရေများ မရှိပေ။
လွန်ခဲ့သော နှစ်ပေါင်း များစွာက လူတစ်ယောက်၏၊ “ငါ့ဓားက ထာဝရ တည်စေ ” ဟူသော စကား တစ်ခွန်းသာ ရှိနေ ခဲ့သည်။
“ ဓားတစ်လက် ..... အိပ်မက် တစ်ခု။ ”
လင်းယွန်က တိုးဖွဖွ ရေရွတ် မိသည်။ နောက်ဆုံးတွင် ကြာမိစ္ဆာ နယ်မြေ၌၊ ဖြစ်ပျက်ခဲ့ သမျှ များကို၊ နားလည် သွားသည်။
နတ်ဆိုးများ ကျူးကျော် လာချိန်တွင်၊ လူတစ်စုက အသက် စွန့်၍ တိုက်ပွဲ ဝင်ခဲ့ သောကြောင့်၊ ကြာနက် နန်းတော် အဖြစ်၊ ပြောင်းလဲ တည်ရှိ နေခြင်း ဖြစ်သည်။
( ဤနေရာရှိ နတ်ဆိုး များမှာ၊ မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံ ကြသော သိုင်သမား များကိုဆိုလိုသည်။
မိစ္ဆာ လမ်းစဉ် ဆိုသည်မှာ၊ အထိန်းအကွပ် မရှိသော၊ အစွန်းရောက် အယူ ဝါဒ များကို၊ ပြုမူ ကျင့်ကြံခြင်း ဖြစ်၏။
အနက်ရောင် အခိုး အငွေ့ ဆိုသည်မှာ၊ ညစ်ထေးသော နှလုံး သားများ၊ ရောင်ပြန် ဟပ်မှုကို နိမိတ်ပုံ အဖြစ်၊ သုံးထားခြင်း ဖြစ်သည်။
ထိုအတူ အပြာရောင် အတား အဆီးမှာ၊ လူ တစ်ယောက်၏ စစ်မှန်သော သစ္စာ တရားကို ကိုယ်စား ပြု၏။ t.k )
အမွေ ဆက်ခံ မည့်သူများ၊ ရှိနေ သမျှ ကာလ ပတ်လုံး၊ သူတို့၏ ဘုန်းအသရေ သည်လည်း ရှိပေ လိမ့်မည်။
အနက်ဝတ် ဓားသမားနှင့် အဖြူဝတ် ဓားသမားမှာ အတူတူ ပေပင်။ ဒဿမ အဆင့်တွင် ရတနာ မရှိ သောကြောင့်၊ ထွက်ခွာ ရမည့် အချိန် ရောက်ပြီဟု၊ သူ သိလိုက်သည်။
ယင်း အတွက် စိတ်ပျက် သွားခြင်း မရှိခြေ။ ဤအချိန်၌ ကြာမိစ္ဆာ နယ်မြေမှ၊ ထွက်ခွာသင့် နေပြီ ဖြစ်သောကြောင့်၊ ခေါင်းညိတ် လက်ခံ မိသည်။
မဟာချင် အင်ပါယာရှိ၊ ဂိုဏ်း အသီးသီး၏ အကြီးအကဲ များနှင့်၊ တပည့်များ အားလုံးက၊ အစီရင် အလယ် ဗဟိုရှိ၊ ကြာနက် ပလ္လင်ကို စိတ်လှုပ် ရှားစွာ စိုက်ကြည့် နေကြသည်။
ကြာမိစ္ဆာ နယ်မြေမှာ ပိတ်ချိန် တန်ပေပြီ၊ ဆိုလို သည်မှာ လင်းယွန်သာ ကျရှုံး သွားပါက၊ ဒဿမ အဆင့်၌ ရှိမနေ သင့်တော့ဟု၊ ဆိုလိုခြင်း ဖြစ်သည်။
သို့သော် အချိန် ကြာလာ သည်နှင့် အမျှ၊ စမ်းသပ် ချက်ကို အောင်နိုင်ရန်၊ အခွင့် အရေး များသည်ဟု၊ ယူဆ လာမိကြ ပြန်သည်။
ဂိုဏ်း ပေါင်းစုံမှ အမာခံ တပည့် များက၊ ရှုပ်ထွေးသော အမူအယာ များကို၊ ထုတ်ဖော် လာကြ၏။
ဒဿမ အဆင့်မှာ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်သည်။ ၎င်း ဒဏ္ဍာရီကို သက်သေ ပြရန် လင်းယွန်က ကြိုးစား နေပေသည်။
လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း အတွင်း၊ ခံစားချက် မဲ့သော အမူအယာဖြင့်၊ ရွှန်းဝူဟန် တစ်ယောက် ရပ်နေ ခဲ့သည်။
သို့သော် ရုတ်တရက်၊ ကျဆင်း လာသော နှင်းပွင့် များကို ကြည့်ကာ၊ မျက်နှာ အမူ အယာ၊ ပြောင်းလဲ သွား၏။
နှင်းများကို ဖမ်းယူရန် သူ့ လက်ဖဝါးအား ဆန့်ထုတ် လိုက်ချိန်တွင်၊
"နှင်း တွေ ကျ နေတယ်။ "
-ဟု အံ့သြစွာ ဆိုလိုက်သည်။
" ဘာဖြစ် တာလဲ .... ဆိတ်သုန်း နေသော နယ်မြေက၊ တစ်နှစ် တာလုံး ပူပြင်း နေတာ မဟုတ်လား၊ ဘာလို့ ရုတ်တရက် နှင်းတွေ ကျလာ ရတာလဲ။ ''
“ ဒါ... ထူးဆန်းတယ်။ ”
ရုတ်တရက် နှင်းများ ကျဆင်းလာ ခြင်းကြောင့်၊ အားလုံးက သို့လော သို့လော ဖြစ်သွား ကုန် ၏။
အတွေ့ အကြုံ ရင့်ကျက်သော အကြီးအကဲ အချို့ သာလျှင်၊ တည်ငြိမ်စွာ သုံးသပ် နေကြသည်။
" ကြည့်ရတာ ... ဒဿမ အဆင့်ကို၊ ဖြတ်ကျော် သွားနိုင်ရင်၊ ဆိတ်သုန်း နေသော နယ်မြေ တစ်ခု လုံးကို၊ နှင်းတွေနဲ့ ဖုံးသွား လိမ့်မယ် ဆိုတဲ့၊ ဒဏ္ဍာရီက မှန်နေ ပုံပဲ။ ”
" ဒါဆို လင်းယွန်က စမ်းသပ် မှုကို၊ ဖြတ်ကျော် နိုင်ပြီလို့ ဆိုလိုတာ မဟုတ်လား။ ''
“ သူပဲပေါ့... ဒီလိုမှ မဟုတ်ရင်၊ ဒီဖြစ်စဉ်က ဘယ်လိုလုပ် အဓိပ္ပါယ် ရှိမှာလဲ၊ ဓားနန်းတော်က တကယ် ကံကောင်းလွန်း ပါတယ်၊ ဒဿမ အဆင့်မှာ၊ ဘယ်လို ရတနာတွေ၊ ရှိနေ မလဲ ဆိုတာ၊ တွေးမရ နိုင်ဘူး။ ”
အစ ပိုင်းတွင် နှင်းများ ခပ်ကျဲကျဲ သာ၊ ကျဆင်း နေခဲ့ သော်လည်း၊ အချိန် အနည်းငယ် အကြာတွင်၊ သိပ်သည်းစွာ ကျဆင်း လာသည်။
ခဏလေး အတွင်း မှာပင်၊ ဆိတ်သုန်း နေသော နယ်မြေကို၊ ထူထပ်သော ဆီးနှင်းများ၊ ဖုံးလွှမ်း သွားကုန်၏။
လူတိုင်းက ဒဏ္ဍာရီ တစ်ပုဒ်ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ လာရ သောကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန် ကြသည်။
ဤနေ့ ပြီးနောက် ဆိတ်သုန်း နေသော နယ်မြေတွင်၊ ဆီးနှင်းများ မည်သည့် အချိန်၌၊ ထပ်မံ ကျဆင်း လာတော့ မည်ကို၊ မည်သူမှ မခန့်မှန်း နိုင်ခြေ။
နှစ် တစ်ရာ၊ နှစ် တစ်ထောင်၊ နှစ် တစ်သောင်း စသည့် နှစ်များ အတွင်း၊ ဖြစ်လာ နိုင်မည်၊ သို့မဟုတ် ထို့ထက် ပို၍လည်း၊ ကြာမြင့် သွားနိုင်သည်။
" သူ ထွက် လာ ပြီ။ "
ရုတ်တရက် လင်းယွန်၏ ပုံရိပ်မှာ၊ အစီရင် အတွင်းရှိ ကြာပန်း ထက်၌၊ ထွက်ပေါ် လာသည်။
မရေ မတွက် နိုင်သော အကြည့် များက၊ သူ့ထံ ဦးတည် သွား၏။
အများ နည်းတူ ရွှန်းဝူဟန် သည်လည်း၊ လင်းယွန်ကို အသေးစိတ် စစ်ဆေး ကြည့်လိုက်သည်။
လင်းယွန်၏ ကျင့်ကြံမှုနှင့်၊ ဓား ရောင်ဝါမှာ ပြောင်းလဲခြင်း မရှိခြေ။
သို့သော် အကြောင်း အရင်း တစ်စုံ တစ်ရာကြောင့်၊ လင်းယွန်၏ နှလုံးသား ထဲတွင်၊ နားမလည် နိုင်သော၊ ပြောင်းလဲမှု တစ်ခုရှိ လာသည်ကို၊ သူ ခံစား နိုင်ခဲ့သည်။
ကျင့်ကြံမှု အဆင့် အပေါ် အခြေ ခံ၍၊ လင်းယွန်အား မတိုင်းတာ နိုင်တော့ပေ။ ယင်းမှာ ဒဿမ အဆင့် တွင်သာ၊ တွေ့ကြုံ ရနိုင်သော၊ တစ်စုံ တစ်ရာကြောင့်၊ ဖြစ်နိုင်မည်။
" ဂျူနီယာ ညီလေး ..."
ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေသော လင်းယွန်က၊ ရင်းနှီးသော ခေါ်သံကို ကြားမှသာလျှင်၊ စိတ်သက် သာရာ ရသွားသည်။
ကြာပလ္လင် ပေါ်မှ ခုန်ဆင်း လိုက်ပြီး၊ ဓားနန်းတော် ရှိရာ အရပ် ဆီ၌၊ ရိပ်ခနဲ ပြန်ပေါ် လာခဲ့၏။
" မောင်လေး နောက်ဆုံးတော့ ...၊ မင်းထွက် လာပြီ။ ''
ရှင်းယန်က ပြုံးပြလျက် နှုတ်ဆက် လိုက်သည်။
" ဂျူနီယာ ညီလေး၊ မင်း ဒဏ္ဍာရီ တစ်ပုဒ်ကို ဖန်တီး နိုင်လိုက်ပြီ ..."
တန်တုံက အလွန် စိတ်လှုပ်ရှား နေ၏။ လင်းယွန်ကို မြင်သော အခါတွင်၊ အပြေး အလွှား ရှေ့တိုး လာခဲ့သည်။
ဓားနန်းတော်၏ အဖွဲ့ ဝင်များ အားလုံး၊ လင်းယွန်ကို ဝိုင်းရံ ဂုဏ်ပြု လာကြ၏။
ဒဏ္ဍာရီလာ ဒဿမ အဆင့်သည်၊ အိပ်မက်တစ်ခု မျှသာ ဖြစ်သော်လည်း၊ လင်းယွန်မှ အောင်နိုင် ခဲ့သောကြောင့်၊ လူတိုင်းက ပျော်ရွှင် နေသည်မှာ၊ သဘာဝ ကျပေသည်။
ယင်းကို မြင်ရသော အခါတွင်၊ လင်းယွန်က ပြုံးလိုက်၏။ ဒဿမ အဆင့်တွင် ဖြစ်ပျက်ခဲ့ သမျှကို၊ သူတို့ မသိ သေးခြေ။
လျိုဖန်းနှင့် ရှင်းဂျူက အကြီးအကဲ အဖွဲ့နှင့် အတူ ရောက်ရှိ လာကြပြီး ပြုံးလျက်ဖြင့်၊ နှုတ်ဆက်လာ ကြသည်။
" လင်းယွန်၊ မင်းဒဏ်ရာ တွေက ပြင်းထန် နေလား။ "
ဒဿမ အဆင့်ကို ဖြတ်သန်း ရာ၌၊ ဒဏ်ရာ ရခြင်းငှာ ရှောင်လွှဲ၍ မရပေ။ သို့သော် အစီရင် အလယ် ဗဟိုရှိ၊ အပြာရောင် ကြာပန်း ပလ္လင်နှင့်၊ ထိတွေ့ သွားသော အခါတွင်၊ သူ၏ ဒဏ်ရာ များမှာ၊ ပြန်လည် ကောင်းမွန် လာခဲ့သည်။
“ ကျေးဇူး တင်ပါတယ် အကြီးအကဲ လျို၊ ငါ အဆင်ပြေ ပါတယ်။ ”
" အင်း မင်း... ကောင်းနေ သားပဲ။ "
လျိုဖန်က လင်းယွန် စကားကို၊ အတည် ပြုရန် စစ်ဆေး လိုက်ပြီး၊ ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိ သွားကာ၊
" ဒါနဲ့ ရွှန်းဝူဟန်နဲ့ ဂျင်ဂျူးကို၊ ဒဏ်ရာ ရစေ ခဲ့တဲ့ သူက မင်းလား။ "
“ ဟုတ်ပါတယ် ...အဲဒါ ငါပါ အကြီးအကဲလျို။ ”
နှစ်ယောက် စလုံးက နဝမ အဆင့်တွင်၊ သေခြင်း တရားဆီ၊ သူ့အား တွန်းပို့ ခဲ့ကြသည်။ ယင်ယန် မှော်ဆေးလုံးကို သန့်စင် နိုင်ခဲ့သော ကြောင့်သာ၊ သူ ကံကောင်း ခဲ့ခြင်း ဖြစ်သည်။
ဓားနန်းတော် အနေဖြင့်၊ သူ့အပေါ်၊ အပြစ် မမြင်ဟု၊ ယုံကြည် မိသောကြောင့်၊ လျိုဖန်းအား ဖုံးကွယ်ရန်၊ စိတ်ကူး မရှိ ခဲ့ပေ။
ထို့ကြောင့် လင်းယွန်၏ အဖြေကို စောင့်မျှော် နေသော၊ လျိုဖန်း နှင့်၊ ပတ်ဝန်း ကျင်ရှိ အကြီးအကဲ များက၊ အံ့အားသင့် သွားကုန်သည်။
လျိုဖန်းက လေးနက်စွာ ခေါင်းညိတ် လိုက်ပြီး၊ မိစ္ဆာဂိုဏ်း များဘက် တစ်ချက် လှည့်ကြည့် လိုက်ကာ၊
" ... မိစ္ဆာ မီးလျှံ ဂိုဏ်းရဲ့ ဘိုင်ယွီကို၊ ရိုက်ခဲ့ သေးလား။ "
“ ဟုတ်ကဲ့ .... ။ ''
" ကျန်းရန်၊ ဇောင်ကွမ်နဲ့ ရှောင်းမင် တို့ကိုရော၊ သတ်ခဲ့ သေးလား။"
" သူတို့က ပြေးဝင် လာပြီး မှတော့ ... လုပ်မိ ပါတယ်။ "
တည်ငြိမ်စွာ ပြန်ဖြေ လိုက်သော သူ့စကားကြောင့်၊ လူတိုင်း အသက်ရှု ရပ်သွားသည်။ ဝိုင်းအုံ ကြည့်နေသော အဖွဲ့သား များ၏ အကြည့်မှာ၊ ပြောင်းလဲ လာကုန်၏။
လျိုဖန်း ရည်ရွယ် နေသော သူများမှာ၊ နဂါး တံခါး ပြိုင်ပွဲတွင်၊ အောင်မြင် မှုများ ရယူ ထားနိုင်သော၊ ဘိုင်ယွီတို့ ကဲ့သို့ ပါရမီ ရှင်များ အပြင်၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် သုံးယောက်လည်း ဖြစ်ပေသည်။
သူတို့ အားလုံးတွင် အထင်ကြီး လောက်စရာ၊ အောင်မြင်မှု ကိုယ်စီ ရှိပေ၏။ သို့သော် အရာ အားလုံးကို၊ လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်ဖြေ ခဲ့သည်။
လျိုဖန်းက ခါးသက်စွာ ပြုံးလိုက်ပြီး၊
" နောက်ဆုံးတော့ ... နန်းတော် သခင်က၊ မင်းကို ကြာမိစ္ဆာ နယ်မြေထဲ၊ ဘာကြောင့် ဝင်စေ ချင်လဲ ဆိုတာ ...ငါနား လည်ပါပြီ။ "
လျိုဖန်းက ပျော်ရွှင်ခြင်း၊ တုန်လှုပ်ခြင်း စသည့် ရသ နှစ်မျိုးအား၊ တပြိုင် နက်တည်း ခံစား လာရသည်။
လင်းယွန်၏ တိုးတက်မှု များအရ၊ နောက်သုံး နှစ်တွင်၊ နဂါး တံခါး ပြိုင်ပွဲ၌ တောက်ပ လာမည် ဖြစ်သည်။
ပါရမီ ရှစ်ပါး အနက်၊ တစ်ပါး ဖြစ်လာအောင်၊ မည်သူမျှ မတားဆီး နိုင်ဟု ယုံကြည် မိသည်။
အနည်းငယ် ပို၍၊ ကြိုးစား လုပ်ဆောင်မည် ဆိုပါလျှင်၊ ယခု နှစ်ကုန် နဂါး တံခါး ပြိုင်ပွဲ၌၊ ပါဝင်ခွင့် ရရှိ လာမည် ဖြစ်သည်။
သို့သော် ဂိုဏ်းများ စွာကို၊ တပြိုင် နက်တည်း စော်ကား ခဲ့ပြီးနောက်၊ အပျက် သဘော ဆောင်သော၊ အငွေ့ အသက်များ ရစ်သိုင်း လာလေသည်။
အထူးသဖြင့် မိစ္ဆာ လမ်းစဉ်ကို၊ ကျင့်ကြံသူ များအား စော်ကား ခဲ့ပြီးနောက်၊ ဓားနန်းတော် ဝန်းကျင်ရှိ လေထုမှာ၊ မုန်တိုင်း၏ ဗဟိုချက် ဖြစ်လာပြီး၊ တစ်စုံ တစ်ရာသာ ဖြစ်ခဲ့ ပါလျှင်၊ ၎င်းတို့အား မည်သူမျှ ကူညီ နိုင်မည် မဟုတ်ပေ။
" လင်းယွန်၊ မင်း ... ငါ့ဂိုဏ်းရဲ့ အမာခံ တပည့် တွေကို သတ်လိုက် တာလား။ "
ဝမ်ရန်းဘိုက ရှေးဟောင်း တာအို ဂိုဏ်း၏၊ အကြီးအကဲ များနှင့် တပည့် များကို၊ ဦးဆောင် ခေါ်ယူ လာသည်။ သူ့မေးခွန်း၌ သတ်ဖြတ် လိုသော ရည်ရွယ်ချက် အချို့၊ ကပ်ညိ ပါဝင် နေပေ၏။
လင်းယွန်မှာ အသတ် မခံ ရသည့် အပြင်၊ အမာခံ တပည့် သုံးဦး ကိုပင်၊ ဆုံးရှုံး လိုက်ရ သောကြောင့်၊ အသည်း ခိုက်အောင် နာကျင် ခဲ့ရသည်။
ဤသည်မှာ ရှေးဟောင်း တာအို ဂိုဏ်းအတွက်၊ ကြီးစွာသော ဆုံးရှုံးမှု တစ်ခုသာ မကဘဲ၊ ဒဏ္ဍာရီ တစ်ပုဒ်ဖြင့် တွဲစပ် ဖြစ်ပေါ် လာမည့်၊ အရှက် တရားလည်း ဖြစ်လေသည်။
သူ့ ရင်ဘတ် ထဲရှိ အမျက်ကို၊ ထိန်းချုပ် နိုင်စွမ်း မရှိတော့ သောကြောင့်၊ လင်းယွန် ပေါ်လာ သည်နှင့်၊ ချက်ချင်း ရောက်လာ ခဲ့ခြင်း ဖြစ်သည်။
" ငါ့ရဲ့ သွေးရိုး တံခါး ဂိုဏ်းက မူရွှန်းဟန်ကို၊ ကြာနက် နန်းတော်ထဲ မဝင် နိုင်အောင်၊ မင်းက တားဆီး ခဲ့တယ်၊ ဓားနန်းတော်က သွေးရိုး တံခါးကို၊ ဘယ်လိုတောင် အပြစ်မြင် နေရ တာလဲ။ ''
သွေးရိုး တံခါး ဂိုဏ်း၏ အကြီး အကဲမှာ၊ မည်းမှောင်သော အမူအယာ များကို ထုတ်ဖော်လျက်၊ မူရွှန်းဟန် နှင့်အတူ၊ ရောက်ရှိ လာသည်။
“ မိစ္ဆာ မီးလျှံ ဂိုဏ်းက၊ အလွယ် တကူ အနိုင် ယူလို့ ရတဲ့ ဂိုဏ်း မဟုတ်ဘူး၊ လင်းယွန်... မင်းက ဘိုင်ယွီကို တိုက်ခိုက်ပြီး၊ 'ယင်-ယန် ဆေးလုံး' ကို လုယူ သွားတာ၊ ဝန်ခံ ဝံ့သလား။ ''
မေးမြန်းသံ နှင့်အတူ၊ နောက်ထပ် လူတစ်စု၊ ထပ်မံ လျှောက်လှမ်း လာ၏။
ဂိုဏ်းငယ် သုံးဂိုဏ်းက၊ ဓားနန်းတော်ကို ဝန်းရံရန်၊ ပြုမူ လာကြ သောကြောင့်၊ ဆိတ်သုန်း နေသော နယ်မြေတွင်၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ခဲ့သည်။
သို့သော် ထိုမြင်ကွင်းကြောင့် ပရိသတ် များက၊ အံ့အား သင့်ခြင်း မရှိခဲ့ ကြပေ။ ၎င်းတို့၏ အကျိုး စီးပွား များကို၊ ထိခိုက် လာသောကြောင့်၊ တိုက်ပွဲများ ဖြစ်ပေါ် လာခြင်း ဖြစ်သည်။
ဤအခြေ အနေ အရ၊ အန္တရာယ် ရှိပုံရ သော်လည်း၊ အချို့သော ရတနာ များကို၊ လွှဲပြောင်း ပေးအပ် ခြင်းဖြင့်၊ အလွယ်တကူ ဖြေရှင်း နိုင်သည်။
သို့ မဟုတ်သော် တိုက်ပွဲကို ရှောင်လွှဲ၍၊ မရ နိုင်ခြေ။ နောက်ဆုံးတွင် ကျင့်ကြံခြင်း လမ်းခရီး၌ ခွန်အား ဖြင့်သာ၊ စကား ပြောဆို ကြပြီး၊ သန်မာ သူများက အားနည်း သူများ အပေါ်၊ လုယက် ခြင်းမှာ သဘာဝ သာ ဖြစ်သည်။
" ပျက်စီးခြင်း ခုနှစ်ပါး နန်းတော် မှာလည်း၊ နာကျည်း စရာတွေ ရှိပါတယ်။ "
ဓားနန်းတော်ကို ဂိုဏ်းသုံး ဂိုဏ်းက မေးခွန်း ထုတ်လာသည့် အတွက် အသက်ရှူကြပ် လောက်အောင်၊ စိတ်လှုပ်ရှား နေကြစဉ်၊ ပဋိပက္ခများ အတွင်း နောက်ထပ် ဂိုဏ်းတစ်ဂိုဏ်း၊ ထပ်တိုးလာ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။
ပျက်စီးခြင်း ခုနစ်ပါး နန်းတော်က၊ စကား တစ်ခွန်းမျှ ထပ်မပြော ခဲ့သော်လည်း၊ သူတို့၏ မျက်နှာ များမှာ၊ အေးခဲ တုံးများ သဖွယ်၊ အေးစက် နေပေသည်။
စကြာဝဠာ လက်နက် တစ်ခု ပါရှိသော၊ ဂျင်ဂျူး၏ သိုလှောင်အိတ်ကို၊ လင်းယွန်မှ လုယူသွားခဲ့ ခြင်းကြောင့်၊ ပဋိပက္ခများ အတွင်း၊ ပါ၀င် လာခဲ့ခြင်း ဖြစ်သည်။
လျိုဖန်းက လေးကန်သော သက်ပြင်းကို ချလိုက်၏။ ဤလောက၌ ဖြစ်ချိန်တန် ပါလျှင်၊ ဖြစ်ကို ဖြစ်လာ ရပေမည်။
ဂိုဏ်းလေး ဂိုဏ်း၏ ဝန်းရံ ခြင်းကို၊ ခံလိုက် ရသောကြောင့်၊ ဓားနန်းတော် အတွက်၊ အဆင် မပြေသော အနေ အထားသို့၊ ရောက်ရှိ သွားစေသည်။
***