ဂိုဏ်းငါးဂိုဏ်းတိုက်ပွဲ
Vol. 28 Ch. 381
" လင်းယွန်၊ မင်း ... ငါ့ဂိုဏ်းရဲ့ အမာခံ တပည့် တွေကို သတ်လိုက် တာလား။ "
" ငါ့ရဲ့ သွေးရိုး တံခါး ဂိုဏ်းက မူရွှန်းဟန်ကို၊ ကြာနက် နန်းတော်ထဲ မဝင် နိုင်အောင်၊ မင်းက တားဆီး ခဲ့တယ်၊ ဓားနန်းတော်က သွေးရိုး တံခါးကို၊ ဘယ်လိုတောင် အပြစ်မြင် နေရ တာလဲ။ ''
“ မိစ္ဆာ မီးလျှံ ဂိုဏ်းက၊ အလွယ် တကူ အနိုင် ယူလို့ ရတဲ့ ဂိုဏ်း မဟုတ်ဘူး၊ လင်းယွန်... မင်းက ဘိုင်ယွီကို တိုက်ခိုက်ပြီး၊ 'ယင်-ယန် ဆေးလုံး' ကို လုယူ သွားတာ၊ ဝန်ခံ ဝံ့သလား။ ''
" ပျက်စီးခြင်း ခုနှစ်ပါး နန်းတော် မှာလည်း၊ နာကျည်း စရာတွေ ရှိပါတယ်။ "
ဓားနန်းတော်ကို ဂိုဏ်းလေး ဂိုဏ်းက၊ မေးခွန်း ထုတ်လာသည့် အတွက်၊ လျိုဖန်းက လေးကန်သော သက်ပြင်းကို ချလိုက်၏။
ဤလောက၌ ဖြစ်ချိန် တန်လျှင် ဖြစ်၍၊ ပျက်ချိန် တန်လျှင် ပျက်ရ၊ ပေမည်။
ဂိုဏ်းလေး ဂိုဏ်း ဝိုင်းရံ ခံထား ရသော ဓားနန်းတော်ကို ကြည့်ကာ၊ ဝမ်ရန်းဘိုက ကြေနပ် စွာဖြင့်၊ လေသံ မြှင့်ကာ မေးလိုက် ပြန်သည်။
" လင်းယွန်၊ ငါ့ဂိုဏ်းရဲ့ အမာခံ တပည့်တွေကို၊ သတ်ခဲ့တာ ...မင်း ဝန်ခံ ရဲလား။ "
" စိတ်မကောင်း စရာပဲ၊ ဒီလူမိုက် သုံးယောက်က၊ ငါ့ကို သတ်ဖို့ လွှတ်လိုက်တဲ့ သူတွေလား၊ ဒီလို လူပြက် သုံးယောက်ကို၊ အမာခံ တပည့် ရာထူး ပေးရအောင်၊ ရှေးဟောင်း တာအို ဂိုဏ်းက နိမ့်ကျ နေပြီလား၊ တောင်းပန် ပါတယ် ...၊ ငါ့ဓားနဲ့ သူတို့ကို သတ်လိုက် မိပြီ။ ”
လင်းယွန်က အေးစက်စွာ ပြန်ဖြေ လိုက်၏။
ထိတ်လန့် တုန်လှုပ်ခြင်း မရှိဘဲ၊ နှိမ့်ချ ရှုမြင်သော လေသံ ဖြင့်ပင်၊ ပြောဆို လာသော လင်းယွန်ကြောင့်၊ ဝမ်ရန်းဘို၏ မျက်နှာမှာ မည်းမှောင် သွားသည်။
“ မင်းတို့ ရန်ငြိုးတွေ ကြားမှာ၊ ငါ့ရဲ့ ပျက်စီးခြင်း နန်းတော်က ဝင်ပါမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဂျင်ဂျူးရဲ့ သိုလှောင်အိတ်ကို လွှဲမပေး ရင်တော့ ...၊ မင်း ဒီကနေ့ ... အသက် ရှင်လျက်၊ ထွက်သွား နိုင်မှာ မဟုတ် ဖူးလို့၊ ငါ အာမခံ ပါတယ်။ "
ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏ မဟာ အကြီး အကဲက၊ လင်းယွန်အား စိုက်ကြည့်ကာ၊ ဆိုလိုက် ကြသည်။
“ ... မိစ္ဆာ မီးလျှံ ဂိုဏ်းက၊ ဘိုင်ယွီ ပိုင်တဲ့ ယင်ယန် မှော်ဆေးလုံး ကိုလည်း ပြန်ပေးပါ”
“ မူရွှန်းဟန်က ကြာနက် နန်းတော်ထဲ၊ မဝင်နိုင် ခဲ့တဲ့ အတွက်၊ ငါတို့ရဲ့ ဆုံးရှုံးမှု တွေကို.... မင်း ပေးဆပ်ပါ၊ မဟုတ်ရင် သွေးရိုး တံခါး ဂိုဏ်းရဲ့၊ တစ်ရာ့ ရှစ်ပါးသော ညှဉ်းပန်း နှိပ်စက်မှု တွေကို၊ မင်း ... မြည်းစမ်း ရလိမ့်မယ်။ ”
ဂိုဏ်းသုံး ဂိုဏ်းက လင်းယွန်ကို ပစ်မှတ် ထားကာ၊ ရိတ်သိမ်းလာ သမျှကို လွှဲပြောင်း ရယူလို ကြသည်။
" ရိုင်းပျ လိုက်ကြတာ ....၊ ငါ့ဓားနန်းတော်ရဲ့ တပည့်ကို မင်းတို့က ဘယ်လိုတောင် အမိန့်ပေး ဝံ့ကြ တာလဲ။ ”
လျိုဖန်း ထံမှ အရှိန် အဝါများ ပေါက်ကွဲ ထွက်လာပြီး၊ ရှေ့သို့ တိုးရပ် လိုက်သည်။
ဝမ်ရန်းဘိုက လျိုဖန်း စကားကို လျစ်လျူရှုကာ၊ လူအုပ် ကြီးအား လှည့်ပတ် ကြည့်ပြီးနောက်၊ စိတ်ထဲ၌ ကြေနပ်စွာ ပြုံးရယ် မိ၏။
သူ တစ်ဦးတည်း ဆန္ဒဖြင့်၊ ဓားနန်းတော် အပေါ်၊ အပြစ် ပေးခြင်းငှာ မတတ် နိုင်သော်လည်း၊ လင်းယွန်က လူ အတော် များများကို၊ စော်ကား မိခဲ့သည့် အတွက်၊ သူ ကံကောင်း သွားလေသည်။
“ အားလုံးပဲ ဒီအဖိုးကြီးနဲ့ ဘာလို့ အချိန်ဖြုန်း နေကြ တာလဲ၊ ရတနာတွေ အကုန်လုံး လင်းယွန် ဆီမှာ ရှိနေတယ်၊ သူ့ကို တိုက်ရိုက် ဖမ်းပါ၊ ဓားနန်းတော်က ကာကွယ်ဖို့ သတ္တိရှိ မလား၊ ငါတို့ ကြည့်ရအောင်။ ''
" ငါ့ ဓားနန်းတော်ရဲ့ တစ်စုံ တစ်ယောက်ဆီ ကနေ၊ မင်းတို့ မလုယူ နိုင်မှာကို ငါကြောက် မိတယ်"
ကိုင်ဆောင်ကာ၊ လူအုပ်ထဲမှ တိုးထွက် လာခဲ့သည်။
“ အိုး .... မင်းတို့ ယုံကြည်ချက် ရှိနေတာ မဆန်း ပါဘူး၊ ဓားထမ်း အကြီးအကဲ တစ်ယောက် ကိုတောင်၊ ဓားနန်းတော်က ထည့် လွှတ် လိုက်တာကိုး၊ ဓားထမ်း အကြီးအကဲ ခုနစ်ယောက်ရဲ့ ကျော်ကြား မှုက၊ လေးစား စရာ ပါပဲ၊ ဒါပေမယ့် မင်း တစ်ယောက်တည်း ရှိနေတဲ့ အတွက်၊ ငါတို့ မင်းကို ကြောက်နေ လိမ့်မယ် မထင် ပါနဲ့။ "
ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏ မဟာ အကြီး အကဲက၊ ချင်ဇီအိုကို မထီ မဲ့မြင် ပြုကာ၊ လင်းဓားထမ်း အကြီးအကဲက ကောင်းကင် တိမ်လွှာ ဓားကို
ယွန်အား ဖမ်းစုပ် ယူရန်၊ လက်ကို ဆန်ထုတ် လိုက်သည်။
တစ်ချိန်လုံး သတိ မပြတ် ထားနေ ခဲ့သော လင်းယွန်က၊ မူလ စွမ်းအင် များကို ချက်ခြင်း လှည့်ပတ် လိုက်ကာ၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်မှ၊ မဟာ အကြီးအကဲ၏ စုပ်ယူ မှုကို၊ လက်သီး တစ်ချက်ဖြင့်၊ ပြန်လည် ဖြိုခွင်း ပစ်လိုက်သည်။
ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏၊ မဟာ အကြီး အကဲမှာ၊ သန်မာလှ သော်လည်း၊ လင်းယွန်ကို အဝေးမှ ဖမ်းဆုပ် နိုင်လိမ့် မည်ဟု၊ ပေါ့ဆစွာ တွက်ဆ ထားခဲ့သည်။
“ ဘယ်လောက် တောင် သတိ ရှိ လိုက်လဲ။ ”
ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏ အကြီး အကဲက၊ ဒေါသတကြီး အော်ဟစ်ကာ၊ လင်းယွန်ကို ဖမ်းရန် ပို၍ပင်၊ ကြမ်းတမ်းသော နည်းလမ်းအား အသုံးပြု လာ၏။
" မင်းက သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ''
ချင်ဇူအိုက မျက်ခုံး ပင့်ကာ၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏၊ မဟာ အကြီး အကဲအား၊ ဓားရောင် ခြည်ဖြင့် ပစ်ခတ် လိုက်သည်။ သူ၏ တိုက်ခိုက် မှုကို မည်သူမျှ မမြင် လိုက်မိပေ။
“ ဒါ ကောင်းကင် တိမ်လွှာ ဓားပဲ။ ''
ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏၊ မဟာ အကြီး အကဲ မျက်နှာမှာ၊ ရုတ်တရက် ပြောင်းလဲ သွားသည်။
လင်းယွန်ကို ဖမ်းကုပ် ယူရန်၊ ပြင်နေသော ညာလက်အား ပြန်ရုတ် သိမ်းကာ၊ မူလ နေရာမှ ရိပ်ခနဲ ပျောက်ကွယ် သွား၏။
သို့သော် သူ့နောက်တွင် ရပ်နေသော၊ အကြီးအကဲ များနှင့် တပည့် များကမူ၊ မရှောင်တိမ်း နိုင်ခဲ့ပဲ၊ ဓားအလင်း ထိမှန်ကာ၊ သေဆုံးသွား ကြလေသည်။
" အတူတူ သွားရအောင်။ "
ဝမ်ရန်းဘိုက သူ့အတွက်၊ အခွင့် အရေး ရောက်လာ သည်ကို၊ သူ သိသည်။ သူ၏ ကြမ်းရှသော စွမ်းအင် များကို၊ စုဆောင်းပြီး ရှေ့သို့ တွန်းထုတ် လိုက်၏။
“ တိမ်မီးတောက် လက်ဝါး- လောင်ကျွမ်းခြင်း။ ''
ဒရာကိုဖီ စွမ်းအင်သည်၊ ဝမ်ရန်းဘို၏ လက်ဖဝါး၌၊ လောင်ကျွမ်း ထွက်ပေါ် လာသော စွမ်းအားမှာ၊ ကျန်းရန်နှင့် ယှဥ်ပါက အဆင့်သစ် တစ်ခုသို့၊ ရောက်ရှိ သွားခဲ့သည်။
တစ်ချိန် တည်းမှာပင်၊ အခြားသော အကြီး အကဲ များ သည်လည်း၊ အလားတူ တိုက်ခိုက်မှု မျိုးကို၊ ထုတ်ဖော် ခဲ့ကြသည်။
နောက်တစ် စက္ကန့်တွင်၊ တောက်လောင် နေသော မီးလျှံ ပင်လယ်ကြီး တစ်ခုက၊ ဓားထမ်းအကြီးအကဲ ချင်ဇူအို ထံသို့၊ ကြမ်းကြုတ်သော သားရဲ တစ်ကောင်လို၊ ပြိုကျ သွားသည်။
ဝမ်ရန်ဘိုက ကြိုတင် ပြင်ဆင် ထားပြီး ဖြစ်သည်။ သို့မဟုတ် ပါက အခြားသော ဂိုဏ်းဝင် အကြီးအကဲ များနှင့်၊ ဤကဲ့သို့ ဟာကွက် မရှိ၊ ပူးပေါင်း ဆောင်ရွက် နိုင်ခြင်း ရှိမည် မဟုတ်ပေ။
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ အကန့် အသတ် မရှိသော၊ ဓားအလင်းများ ထုတ်လွှတ် လိုက်ပြီး၊ အမျိုးမျိုးသော ပေါင်းစပ်တိုက်ခိုက် လာခြင်း များကို၊ ဖျက်ဆီးပစ် လိုက်သည်။
'' ကောင်းကင် ဓားဝိဇ္ဇာ— ကောင်းကင် ဘုံကို ဖြိုခွဲခြင်း။ ''
ကြုံးဝါးသံ နှင့်အတူ ချင်ဇူအို၏ ကောင်းကင် တိမ်လွှာ ဓားက၊ မီးပင်လယ် ကြီးကို ထိုးခွဲ လိုက်သည်။
'' ဘန်း ...... ''
“ သနား စရာ လှည့်ကွက် လေးတွေ။ ”
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ ခပ်တိုတိုး ရေရွတ် လိုက်ပြီး၊ ကောင်းကင် တိမ်လွှာဓားဖြင့်၊ ဂုဏ်ယူစွာ ရပ်ကြည့် မိ၏။
ဓားချက်မှ ထွက်ပေါ် လာသော စွမ်းအားကြောင့်၊ ဂိုဏ်းလေး ဂိုဏ်း၏ အကြီးအကဲများ မျက်နှာမှာ ပြောင်းလဲ သွားခဲ့သည်။
ဤဓားသည် အကြီးအကဲ တစ်ဒါဇင်ခန့် ၊ ပူးပေါင်း တိုက်ခိုက်မှု များကို၊ ချက်ချင်း ချေမှုန်း လိုက်နိုင်၏။
“ ကောင်းကင် တိမ်လွှာ ဓားက၊ ကျော်ကြားလောက်အောင် အမှန် တကယ် ထိုက်တန် ပါပေတယ်၊ ဒီအဖိုး ကြီးနဲ ငါတို့ရဲ့ အချိန် တွေကို ဖြုန်းနေ စရာ မလို တော့ဘူး၊ လင်းယွန်ကို အရင် ဖမ်းရအောင်။ ”
ကောင်းကင် တိမ်လွှာ ဓားသည် အစွမ်းထက် လှသော်လည်း၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏ မဟာ အကြီး အကဲက၊ နောက်ပြန် ဆုတ်ရန် ရည်ရွယ်ချက် မရှိပေ။
၎င်းတို့၏ ဂိုဏ်းများမှာ မဟာချင် အင်ပါယာ၏၊ နယ်စပ်တွင် ရှိနေ သောကြောင့်၊ မည့်သည့် အရာ ကိုမှ၊ ကြောက်လန့် စရာ မရှိခြေ။
သူတို့ အပြုအမူ များမှာ၊ ဓားပြ များနှင့် တူနေ ကြသော်လည်း ယင်းကို ဂရု မစိုက်နိုင်။ ထို့ကြောင့် ၎င်းတို့ကို နတ်ဆိုး လမ်းစဉ် ကျင့်ကြံ သူများဟု၊ လူ အများက သတ်မှတ် လာခြင်း ဖြစ်သည်။
လင်းယွန်၏ သိုလှောင် အိတ်ကို၊ လုယူ နိုင်ခဲ့ ပါက၊ သူတို့၏ အရှုံးကို ကာမိ နိုင်၏။
“ တိုက် ...... ”
မိစ္ဆာ မီးလျှံ ဂိုဏ်းနှင့် သွေးအရိုး ဂိုဏ်းတို့က၊ မဆိုင်း မတွပင် လှုပ်ရှား လာခဲ့ ကြသည်။
" မင်းတို့ ဓားကို ဆွဲ .... "
လျိုဖန်းက ဓားဆွဲကာ ဓားနန်းတော်ကို၊ ဦးဆောင် လိုက်၏။
“ နောက်ဆုံးတော့ သူတို့က တိုက်ပွဲကို ရွေးချယ် လိုက်ကြပြီ။ ”
“ ဘာများ ထူးဆန်း လို့လဲ၊ ဓားနန်းတော်က ခေါင်းငုံ့ သွားရင်သာ၊ ထူးဆန်း နေလိမ့်မယ်၊ သူတို့ အားလုံးက သေသွား ခဲ့ရင်တောင် ...ခြေ တစ်လှမ်းမှ နောက်ပြန် ဆုတ်မှာ မဟုတ်ဘူး။ ”
“ ရှေးဟောင်း တာအို ဂိုဏ်းက အရမ်း လွန်တယ်၊ မိစ္ဆာ ဂိုဏ်းတွေနဲ့ ပေါင်းပြီး၊ အရှက် ကင်းမဲ့ နေတယ်၊ သူ့ လုပ်ရပ်က မဟာချင် အင်ပါယာရဲ့၊ အဓိက ဂိုဏ်းကြီး လေးဂိုဏ်းကို၊ အရှက် ရစေ လိမ့်မယ်။ "“ ဒီနှစ်တွေ ထဲမှာ သူတို့က၊ ဓားနန်းတော်ကို အနိုင် မယူ နိုင်တာ၊ အံ့ဩ စရာ မရှိ တော့ပါဘူး။ ”
“ ဒါပေမဲ့ အခုတော့ ...၊ ဂိုဏ်းလေး ဂိုဏ်းကြောင့် ဓားနန်းတော်က အန္တရာယ် ရှိနေပြီ၊ ဒီတစ်ကြိမ် မှာလည်း လင်းယွန် တောက်ပ လာဦးမှာ၊ အသေ အချာ ပါပဲ။ ”
" ဟုတ်တယ်၊ ဒါက ကြာမိစ္ဆာ နယ်မြေ ပိတ်သွား ပြီးတဲ့နောက်၊ တိုက်ပွဲ ဖြစ်ကြတာ၊ ပထမဆုံး အကြိမ်ပဲ။ "
ရပ်ကြည့် နေသော ဂိုဏ်းပေါင်း စုံရှိ၊ အကြီး အကဲ များက ဓားနန်းတော် အစား၊ ရှေးဟောင်း တာအိုဂိုဏ်း အပေါ်၊ ဒေါသများ ဖြစ်လာ ကြလေသည်။
ကျင့်ကြံ သူများသည် ရတနာများ အတွက် ရူးသွပ် ကြသောကြောင့်၊ ဂိုဏ်းငယ်များ ကလည်း အလားတူ လုပ်ဆောင် ကြမည်မှာ သဘာဝ ကျပေသည်။
ထို့အပြင် လင်းယွန်သည် ဒဿမ အဆင့်ကို အောင်မြင် နိုင်ခဲ့ကာ၊ ဒဏ္ဍာရီ တစ်ပုဒ် ကိုပင်၊ လူတိုင်း ရှေ့၌ ရေးထိုး နိုင်ခဲ့၏။
ယင်းကြောင့် သူ့ကို လုယက်ရန်၊ သွေးဆောင် ခံရခြင်း အပေါ်၊ ရှောင်လွှဲ၍ မရပေ။ သို့သော် ရှေးဟောင်း တာအို ဂိုဏ်းကြီး၊ ကဲ့သို့သော ဂိုဏ်း အတွက်မူ၊ လုယက် ခြင်းငှာ မသင့်ပေ။
ဓားနန်းတော်က အကြီးအကဲ ဆယ့်ရှစ်ဦး၊ သင်းထောက် လေးဆယ့် ကိုးဦးနှင့်၊ ရှင်ဂျူ ဦးဆောင်သော မြေကြီး အဆင့်ဝင်၊ အထက် တန်းစား တပည့် တစ်ရာ တို့ကို၊ ခေါ်ဆောင် လာခဲ့သည်။
၎င်းမှာ ကြီးမားသော၊ ဖွဲ့စည်းမှု တစ်ခု ဖြစ်သော်လည်း၊ ဂိုဏ်းလေး ဂိုဏ်းနှင့် ယှဉ်ပါလျှင်၊ အဆိုပါ ဖွဲ့စည်း မှုမှာ၊ အထင် ကြီးဖွယ် မဟုတ် တော့ခြေ။
ဓားထမ်း အကြီး အကဲ တစ်ဦး ရှိနေခြင်း၊ အတွက် ကြောင့်သာ မဟုတ် ပါက၊ ရလာဒ်မှာ သိသိ သာသာ၊ ကွာခြား လာမည် ဖြစ်သည်။
သို့သော် ဓားနန်းတော်က စည်းလုံး ပေ၏။ တပည့်များ အချင်းချင်း ရန်ဖြစ်လေ့ ရှိကြ သော်လည်း၊ ဤကဲ့သို့သော အချိန် မျိုးတွင် အချင်းချင်း လက်တွဲရန်၊ ညီညွတ် နေကြဆဲ ဖြစ်သည်။
" ဓားနန်းတော်က တပည့်တွေ... ဖွဲ့စည်းပုံ ပြင်ပါ။ "
ရှင်းဂျူက သူ့ဓားကို ကောင်းကင်သို့ ထိုးညွှန် လျက် အော်ဟစ် လိုက်၏။ သူ့ဓား ထံမှ အလင်း တန်းများ လျှပ်စီးလက် သကဲ့သို့ တဟုန်ထိုး ပြေးထွက် သွားသည်။
" ............ "
မြေကြီးအဆင့် တပည့်များ အားလုံးက၊ ရှင်းဂျူဆီသို့ ရောက်ရှိလာ ကြ၏။ ဂိုဏ်းငါး ဂိုဏ်းကြား တိုက်ပွဲတွင်၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ ကျွမ်းကျင်သူ၊ ရာဂဏန်း နီးပါး ပါဝင် လာခဲ့သည်။
ထိုအခင်း အကျင်းသည် တုန်လှုပ် ချောက်ချားဖွယ်ရာ၊ မြင်ကွင်း တစ်ခု ဖြစ်ပြီး၊ သူ့ သွေးများ ဆူပွက် လာခြင်းကို၊ လင်းယွန်က မတား နိုင်တော့ပေ။
လက်ရှိ စစ်တလင်းမှာ ကြာနက် နန်းတော် ဒဿမ အဆင့်တွင်၊ ပြန်မြင် ခဲ့ရသော မြင်ကွင်း မျိုးနှင့်၊ ဆင်တူ ပေ၏။
သို့သော် ဤတစ်ကြိမ်၊ မုန်တိုင်း၏ ဗဟို ချက်မှာ၊ သူ ဖြစ်သည်။
ရုတ်တရက် ခံစား ချက်များ အပြည့်ဖြင့်၊ အေးစက်စက် စိုက်ကြည့် နေသော မူရွှန်းဟန်ကို၊ သတိ ထားမိ သွားသည်။
သွေးဆာ နေသော မျက်ဝန်း များနှင့်၊ အေးစက်စွာ စိုက်ကြည့် လာပြီး၊
" မင်းဒီနေ့ သေရ မှာပါ၊ မင်းဂိုဏ်းရဲ့ အကြီး အကဲ တွေနဲ့ ....၊ တခြား တပည့်တွေ ကလည်း၊ မင်းနောက် လိုက်ရ လိမ့်မယ်။ "
စကားဆုံး သည်နှင့်၊ ကောင်းကင် ပေါ်ခုန် တက်ကာ၊ မြေပြင်ပေါ် မဆင်း သက်ခင်တွင်၊ လင်းယွန် ထံသို့ ဓား ရောင်ခြည် များဖြင့်၊ ပစ်ထုတ် လိုက်သည်။
'' ရွှီး....ရွှီး ရွှီး .......''
( ငါ့ဓားက ထာဝရ တည်စေ။ )
ထိုအတွေး နှင့်အတူ ပန်းသင်္ချိုင်း ဓားကို၊ ညင်သာစွာ ဆွဲထုတ် လိုက်၏။
လရောင် ရေစင် ဓား၏ အရှိန် အဝါမှာ၊ ချက်ချင်း ပေါက်ကွဲ ထွက်လာပြီး၊ ရှန်းရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို ပစ်လွှတ်ကာ၊ မူရွှန်းဟန်၏ တိုက်ခိုက် မှုအား၊ ဖြိုခွဲ ပစ်လေသည်။
" မဆိုးဘူး၊ မင်း ပိုကောင်း လာပြီ၊ ဒါပေမယ့် မင်း သေရ မှာပါပဲ။ "
မူရွှန်းဟန်က ပြုံးကာ ဓားချက် ရှစ်ဆယ့် တစ်ချက်ကို ထုတ်ဖော် လိုက်သည်။ အဆိုပါ ဓားချက် တိုင်းတွင် ရန်လိုသော ရောင်ဝါများ ပါရှိ လေသည်။
" မိုးကောင်းကင် ဆန္ဒလှိုင်း။ "
မူရွှန်းဟန် တိုက်ခိုက် လာစဉ် ပန်းသင်္ချိုင်း ဓားမှာ၊ တောက်ပ လာပြီး၊ ခရမ်းရောင် စွမ်းအင် လှိုင်းများ၊ ကောင်းကင်သို့ ပျံတက် သွား၏။
ပြီးနောက် ကျဆင်း လာသော ဓားရိပ် ရှစ်ဆယ့်တစ် ရိပ်ကို၊ 'မိုးကောင်းကင် ဆန္ဒလှိုင်း' မျာက၊ ဖျက်ဆီး ပစ်လိုက်သည်။
နောက်ဆုံး ခရမ်းရောင် စွမ်းအင် လှိုင်းက၊ လေထု ထဲ၌ ရပ်လျက် အနေ အထားဖြင့်၊ တိုက်ခိုက်မှု များကို ထုတ်ဖော် နေသော၊ မူရွှန်းဟန် ပေါ်သို့ပင်၊ ရိုက်ခတ် သွားသည်။
ဤသို့ ရိုက်ခတ် လာသော၊ စွမ်းအင် လှိုင်းများကြောင့်၊ မူရွှန်းဟန်၏ ဆံပင်များ 'ဟုတ်ခနဲ' လွင့်ပျံ သွားသည်။
သူက ထိတ်လန့် သွားမိ ပေသည်။ အပြင်းထန် ဆုံးသော တိုက်ခိုက် မှုကို၊ လင်းယွန်က အလွယ် တကူ ဖြေရှင်း သွား၏။
ပန်းသင်္ချိုင်း ဓားကို ကိုင်ဆောင် ထားသည့်၊ လင်းယွန်၏ အသွင် အပြင်မှာ၊ နှင်းမုန်တိုင်း ထဲတွင် ရပ်နေသော၊ အနီရောင် ငှက်တောင် တစ်ချောင်း ကဲ့သို့၊ ထင်မှတ် လာစေသည်။
'' ဟိတ်....''
ခြေဖျားကို မြေပြင်ထံ ပုတ်လိုက်ပြီး ကောင်းကင်ပေါ် တဟုန်ထိုး ပျံတက် သွားကာ၊ မှင်တက် နေသော မူရွှန်းဟန်၏ ညာဖက် ပခုံးအား ဓားဖြင့်၊ ထိုးချ လိုက်၏။
" မင်းရခဲ့ တာတွေက ဒါပဲလား။ "
လင်းယွန်က ပြုံးလျက် မေးသည်။
" မင်းသေခါ နီးမှာတောင် မင်းက မောက်မာဖို့ သတ္တိရှိ နေတုန်းလား။ "
အေးစက်စက် ငေါက်သံ နှင့်အတူ၊ မူရွှန်းဟန် ဘေး၌ လူရိပ် နှစ်ရိပ် ထွက်ပေါ် လာသည်။
ဂျင်ဂျူးနှင့် ဘိုင်ယွီက အကြီးအကဲ များ၏၊ ဟန့်တားမှု များမှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် ကြာနက် နန်းတော်တွင် လင်းယွန်အား ရှုံးနိမ့် ခဲ့ပြီးနောက်၊ နက်နဲ ဒဿမ အဆင့်သို့ တက်လှမ်းကာ၊ ထပ်မံ တိုက်ခိုက်ရန် စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်၏။
သူတို့ ကြုံတွေ့ ခဲ့ရသော အရှက် တရားမှ လွတ်မြောက်လို သောကြောင့်၊ လင်းယွန်အားသတ်ရန် ကြိုးစား လာမိခြင်း ပေပင်။
“ မင်းတို့ နှစ်ယောက် မပေါ့ လျော့နဲ့၊ သူ့မှာ ဓားနဲ့ ပတ်သက်ပြီး၊ ထူးခြားတဲ့ နားလည်မှု တစ်ခု ရှိတယ်။ ”
မူရွှန်းဟန်က သူ့ပခုံး ပေါ်ရှိ၊ ဒဏ်ရာကို ကြည့်ပြီး၊ အေးစက်စွာ သတိပေး လိုက်သည်။ အရှောင် မြန်သွားသည့် အတွက်၊ ကံကောင်း သွားပေသည်။
" အတူတူ သွားရအောင်၊ သူ့ သိုလှောင်အိတ်ကို အညီ အမျှ ခွဲယူမယ်။ ”
ဂျင်းဂျူက လင်းယွန်ကို ကြည့်လျက် ဆိုသည်။ လင်းယွန်၏ သိုလှောင်အိတ် အတွင်းရှိ၊ စကြဝဠာ လက်နက်မှာ သူ့အပိုင် ဖြစ်သည်။
ဘိုင်ယွီက သူ့နှုတ်ခမ်း များကို လျာဖြင့် သပ်လိုက်ပြီး၊ ' အဲဒီ အကြံကို ငါ သဘော ကျတယ် ' ဟု၊ ဆို လိုက်သည်။
အနည်းငယ် ကြာပြီးနောက်၊ “ကောင်းတယ် ငါလည်း သဘော တူတယ်” ဟု၊ မူရွှန်းဟန်က ပြန်ဖြေသည်။
နန်းတော်ထဲ မ၀င် နိုင်တော့ သည့်အတွက်၊ အရင်း အမြစ်များ ရိတ်သိမ်း နိုင်ခြင်း မရှိ ခဲ့ ပေ၊ လင်းယွန်၏ သိုလှောင်အိတ် ကိုသာ ခွဲဝေ နိုင်ခဲ့ ပါလျှင်၊ ၎င်းကို ကာမိ ပေမည်။
"မင်းတို့ ဒါကို နောင်တ ရကြ လိမ့်မယ်လို့ ...၊ ငါထင်တယ်။"
ပန်းသင်္ချိုင်း ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ လင်းယွန်က သတိ ပေးသည်။
ပန်းသင်္ချိုင်း ဓားသည် လင်းယွန်၏ သတ်ဖြတ် လိုသော ဆန္ဒများကို၊ သတိ ပြုမိ သွားပုံ ရပြီး၊ ရုတ်တရက် မြည်သံ ပြုလာ၏။
သူတို့ သုံးဦးက တိုက်ခိုက်မှု များကို၊ မစ တင်မီတွင် လင်းယွန်က တိုက်ပွဲအား စတင် လိုက်လေသည်။
***