← Chapters

လူသတ်လမ်း။

Vol. 28 Ch. 382

လူသတ်လမ်း။

Vol. 28 Ch. 382

"မင်းတို့ ဒါကို နောင်တ ရကြ လိမ့်မယ်လို့ ...၊ ငါထင်တယ်။"

ပန်းသင်္ချိုင်း ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ လင်းယွန်က သတိ ပေးသည်။

ပန်းသင်္ချိုင်း ဓားသည် လင်းယွန်၏ သတ်ဖြတ် လိုသော ဆန္ဒများကို၊ သတိ ပြုမိ သွားပုံ ရပြီး၊ ရုတ်တရက် မြည်သံ ပြုလာ၏။

သူတို့ သုံးဦးက တိုက်ခိုက်မှု များကို၊ မစ တင်မီတွင် လင်းယွန်က တိုက်ပွဲအား စတင် လိုက်လေသည်။

"သေ တော့ မလို့လား။ "

လင်းယွန်က တိုက်ခိုက်ရန် အားယူ နေသည်ကြောင့်၊ သုံးယောက်သား ရယ်မော လိုက်ကြသည်။

သို့သော် ချက်ချင်းပင်၊ သူတို့ အပြုံးများပျောက်ကွယ် သွား၏။

သူတို့ ရှေ့တွင် ရှိနေသော လင်းယွန်မှာ၊ တိမ်လွှာများ ဖုံးလွှမ်းသွား သကဲ့သို့၊ ပုံရိပ် ယောင်များ အဖြစ် ပြောင်းလဲ သွားသောကြောင့် ဖြစ်သည်။

" သူ သွား ပြီ။ "

မြင်ကွင်းမှ ပျောက်ဆုံး သွားသော လင်းယွန်ကို လှည့်ပတ် ရှာဖွေနေ လျက်ဖြင့်၊ သုံးယောက်သား ထိတ်လန့် ကုန်၏။

သူတို့ ပတ်ဝန်း ကျင်အား သတိထား နေစဉ်၊ ဘိုင်ယွီ နောက်၌၊ ခရမ်းရောင် ဓား အလင်းများ၊ ရုတ်တရက် ထွက်ပေါ် လာသည်။

ဘိုင်ယွီက မဆိုင်း မတွဘဲ၊ တိုက်ခိုက်မှုကို တားဆီးရန်၊ ဓားအား ဆွဲထုတ် လိုက်၏။

ခရမ်းရောင် ဓားအလင်းကို ဟန့်တား လိုက်ပြီးနောက်၊ ဘိုင်ယွီမှာ ဓားကို ဆုပ်ကိုင် ထားလျက်ဖြင့်၊ လွင့်စင် သွားခဲ့သည်။

" သေစမ်း .... ဒါက ဘယ်လို ခွန်အား မျိုးလဲ။ ”

ဘိုင်ယွီက အံ့သြစွာ ရေရွတ် လိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ ဒဿမ အဆင့်သို့၊ ရောက်ရှိ နေပြီ ဖြစ်သော်လည်း၊ မူလ စွမ်းအင်နှင့် ဓားရည်ရွယ် ချက်မှာ၊ လင်းယွန်ထက် နိမ့်ကျ နေပေ၏။

ဆိုလို သည်မှာ ၎င်းတို့၏ မူလ စွမ်းအင်တွင်၊ ကြီးမားသော ခြားနားချက် တစ်ခု ရှိနေသည်။

လင်းယွန်က ဘိုင်ယွီကို တွန်းထုတ် လိုက်ပြီး၊ သူ့ ဓားအား နောက်ပြန် လှည့် ထိုးချ လိုက်သည်။

ဂျင်ဂျူးက နောက်ကျောကို ခိုးကြောင် ခိုးဝှက် တိုက်ခိုက်ရန် ကြိုးစား လိုက် သော်လည်း၊ လင်းယွန်မှ ဦးခေါင်း အနောက် ဘက်တွင်၊ မျက်လုံးများ ရှိနေ သကဲ့သို့၊ တုန့်ပြန် လာခဲ့သည်။

ယင်းကြောင့် ဂျင်ဂျူး၏ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ အမြန် ပြန်ဆုတ် လိုက်ရသည်။

ဂျင်ဂျူး နောက်ဆုတ်သွား သည်နှင့်၊ လင်းယွန်က အသက် ဝဝပင် မရှူ အားပဲ၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ တိုက်ပွဲထံ ခုန်ဝင် လာသော မူရွှန်းဟန်အား၊ ဓားဖြင့် စီးကြို လွှဲခုတ် လိုက်ရသည်။

ပန်းသင်္ချိုင်း ဓား ထံမှ အလင်းတန်း တစ်စ ပြေးထွက် သွား၏။

လေထဲ၌ ရှိနေစဉ်၊ စူးရှသော ဓားအလင်းကို တားဆီးရန်၊ မူရွှန်းဟန်က ဓားချက် ရှစ်ဆယ့် တစ်ချက်ကို၊ ထုတ်ဖော်ကာ ဓားလွယ်ခုတ် ပိုင်းချ လိုက်သည်။

" ဒါကို လွယ်လွယ်နဲ့ တားနိုင်မယ် ထင်နေလား။ "

ထွက်ပေါ် လာသော ဓားရိပ် ရှစ်ဆယ် ကျော်ကို ကြည့်ပြီး၊ လင်းယွန်က အေးစက်စွာ ဆိုသည်။ ပန်းသင်္ချိုင်း ဓားသည် ပြင်းထန်သော လှိုင်းလုံးကြီး များကို၊ ဖြစ်ပေါ် လာစေသော ပင်လယ်ကြီး၊ တစ်စင်းနှင့် တူ၏။

နောက် တစ်စက္ကန့် အတွင်းတွင်၊ ဓားအလင်း နှစ်စင်း တိုက်မိသွား ပြီးနောက်၊ မူရွှန်းဟန်ကပြိုင်ဘက်၏ ဓား အလင်းကို၊ ဟန့်တား နိုင်လိုက်သည်။ သို့သော် အနည်းငယ် နောက်ဆုတ် ပေးလိုက် ရသည်။

လင်းယွန်က ဓားချက် ရှစ်ဆယ့်တစ် ချက်ကို ချိုးဖြတ် ပြီးနောက်၊ မူရွှန်းဟန်အား အဝေးသို့၊ တွန်းလွှတ် လိုက်ပြီး သည်နှင့်၊ နောက်ပြန် လှည့်၍ ဓားဖြင့် ထိုးချ လိုက်ရ ပြန်သည်။

မူရွှန်ဟန် အပေါ် အာရုံရောက် နေသော လင်းယွန်ကို၊ နောက်ကျောမှ အလစ်ဝင် တိုက်ခိုက် လိုက်သော ဂျင်ဂျူးက၊ မျက်လုံးများ ရှေ့တွင် ကြယ်တာရာ တစ်စင်း ကဲ့သို့၊ တရွေ့ရွေ့ ကျယ်ပြန့် လာသော၊ ဓားဖျားအား ကြည့်ကာ၊ မျက်မှောင်ကြုတ် သွားသည်။

လင်းယွန်၏ ဓားမှာ၊ သူ၏ အားနည်းချက် များကို၊ စောင့်ကြည့်နေ သကဲ့သို့၊ ခံစား လိုက်ရသည်။

ယခု တစ်ကြိမ်တွင်၊ လင်းယွန်က ဂျင်ဂျူးကို နောက်ဆုတ်ရန်၊ အခွင့် အရေး မပေး တော့ပေ။

နောက်ပြန် မဆုတ်နိုင် တော့မှန်း၊ သိလိုက် ရသော ဂျင်ဂျူး မှာလည်း၊ သူ ခံစား နေရ သည်ကို၊ သူသာ နားလည်၏။

အေးစက်သော ချွေးစီး များဖြင့်၊ ဖုံးလွှမ်း သွားကာ၊ အဆုံးတွင် အံကြိတ် မာန်သွင်း လိုက်ပြီး၊ သူ့ဓားကို လင်းယွန်ထံ ထိုးချ လိုက်ရသည်။

၎င်းကို မျှော်လင့် ထားပြီး ဖြစ်သော လင်းယွန်က၊ ကောင်းကင်မှ ကျလာသော ဂျင်ဂျူး၏ ဓားကို ပခုံးဖြင့် ခံယူ လိုက်လျက်၊ ပန်းသင်္ချိုင်း ဓားကို အထက်သို့၊ ပင့်ထိုး လိုက်သည်။

လျင်မြန် လွန်းသော လှုပ်ရှားမှု ဖြစ်ပြီး၊ ပန်းသင်္ချိုင်း ဓားမှာ လှံတစ်စင်း ကဲ့သို့၊ တိုးဝင် သွားသည်။

ထိုဓားချက်ကို ရှောင်ရှားရန်၊ သူ တတ်နိုင် သမျှ လုပ်ဆောင် ခဲ့သော်လည်း၊ မအောင်မြင် ခဲ့ပေ။ ရင်ဘတ်အား ဓားဖြင့် ထိုးခံ ရပြီး၊ ဂျင်ဂျူမှာ ပြန်လည် လွင့်စင် သွားသည်။

တစ်ချိန် တည်းမှာပင်၊ ရွှေရောင် တံဆိပ် တစ်ခု လင်းယွန်၏၊ နောက်ကျော၌ ထွက်ပေါ် လာပြီး၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ လေထဲ ပျံဝဲ လိုက်၏။

ယင်းကြောင့် ထပ်မံ တိုက်ခိုက် လာသော မူရွှန်းဟန်နှင့်၊ ဘိုင်ယွီ တို့၏ တိုက်ခိုက်မှု များမှ လွတ်မြောက် သွားရသည်။

သူတို့ နှစ်ယောက်သား တိုက်ခိုက်မှု များကို၊ ထပ်မံ မထုတ်ဖော် နိုင်ခင် မှာပင်၊ လမင်း တစ်စင်းလို တောက်ပ နေသော အရှိန်အဝါ တချို့ ဆင်းသက် လာ၏။

ထိုခမ်းနားသော အရှိန် အဝါသည်၊ မူရွှန်းဟန်နှင့် ဘိုင်ယွီ တို့၏၊ ခန္ဓာကိုယ် ပေါ်သို့ ကျရောက် သွားပြီး၊ မူလ စွမ်းအင် အလွှာကို ကွဲအက် သွားစေသည်။

ထိုအက်ကွဲ ကြောင်းများ စီမှ၊ တိုးဝင် လာသော စွမ်းအင် များကြောင့်၊ နှစ်ယောက်သား နောက်သို့ လွင့်စင် သွားကုန်၏။

ဤတိုက်ခိုက် မှုကို ရပ်ကြည့် နေမိသော၊ လူအများက မယုံကြည် နိုင်စွာဖြင့်၊ မျက်ခုံးပင့် လိုက်ကြသည်။

“ ဒါ …”

" ... မဖြစ် နိုင်ဘူး။ "

မူရွှန်းဟန်တို့ နှစ်ယောက်မှာ မယုံနိုင် လောက်အောင် ထိတ်လန့် သွား ကြသည်။ လင်းယွန် ထံမှ ဓားတစ်ချက် ပင်လျှင်၊ သူတို့က မခံယူ နိုင်ခဲ့သည့် အပြင်၊ ဒဏ်ရာ များပါ ရရှိ လာခဲ့သည်။

ပြိုင်ဘက်မှာ နဝမ အဆင့် ၌သာ၊ ရှိသေးသည်ဖြစ်ရာ၊ သန်မာ ခြင်းကို လက်ခံ နိုင်၏။

သို့သော် သူတို့ကို လွယ်လွယ် ကူကူ၊ အနိုင်ယူ နိုင်ခြင်း မှာမူ၊ အဓိပ္ပါယ် မရှိပေ။ ကြာမိစ္ဆာ နယ်မြေတွင်၊ လင်ယွန်မှာ ဤမျှ အစွမ်း မထက် သည်ကို၊ သူတို့ သိသည်။

ထိုသို့ သန်မာ လာစေရန် ဒဿမ အဆင့်၌၊ မည်သည့် အရာများ ရရှိ ခဲ့ကြောင်း၊ စူစမ်း လိုစိတ်များ ဖြစ်လာ မိသည်။

“ မီးလျှံ ကဲ့သို့ 'အမှောင် ခွင်းသော လမင်း'၊ .... လရောင် ရေစင် ဓားကို ဒီလို အစွမ်းထက် လာဖို့၊ သူ ဘာတွေ ရခဲ့ တာလဲ။ "

" ဒါက ပြီးပြည့် စုံတဲ့ ကျွမ်းကျင် မှုကြောင့် ဖြစ်နိုင်တယ် ..."

" မဟုတ်ဘူး၊ သူရဲ့ ဓားရည်ရွယ် ချက်က မွေးဖွားဖို့၊ အရမ်း နီးစပ် နေလို့ပဲ ဖြစ်ရမယ်။”

“ အင်း .... ဒါပဲ ဖြစ်မယ်၊ ရှန်ရှင်း ဓားနဲ့ နီးစပ် လွန်းတာကြောင့်၊ သူရဲ့ လက်ရှိ အင်အားက၊ မယုံနိုင် စရာ အဆင့်ကို၊ ရောက်လာ ရတာပဲ။ "

လရောင် ရေစင် ဓား၏ စွမ်းအားကြောင့်၊ တိုက်ပွဲကို စောင့်ကြည့် နေသော လူများစွာအား၊ အတွေးများ ပွားလာ စေခဲ့သည်။

သို့သော် ရွှန်းဝူဟန်က ထိုစကားကို ကြားသော အခါတွင်၊ ခေါင်းကို ခါယမ်း လိုက်၏။ ထိုသူများ သုံသပ်နေခြင်းမှာ မှန်နေ သော်လည်း၊ အဓိက အချက်ကို လွဲချော် နေဆဲ ဖြစ်သည်။

လင်းယွန်သည် သူ့ဓား အပေါ်၊ ယင်းသို့ ယုံကြည် ချက်များ ရှိလာ စေရန် အတွက်၊ ဒဿမ အဆင့်တွင် တစ်စုံ တစ်ရာကို၊ တွေ့ကြုံ ခဲ့ရ ပေမည်။

ကျင့်ကြံ မှုတွင် ပြောင်းလဲခြင်း၊ တစ်စုံ တစ်ရာ မရှိခဲ့ သော်လည်း၊ စိတ်နေ စိတ်ထားတွင် ခိုင်မာသော ပြောင်းလဲ မှုကို၊ ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ပေမည်။ ဤသည်မှာ ဓားသမား များသာလျှင်၊ ခံစား နိုင်သော ခံစားချက် ဖြစ်၏။

ဓားနန်းတော် တပည့် များသည်၊ အဆိုပါ တိုက်ပွဲကြောင့် တုန်လှုပ် သွားခဲ့သည်။

“ ဒါက လရောင် ရေစင် ဓားရဲ့၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုပဲ။ ”

" အိုး ... လင်းယွန်က အထွတ် အထိပ် ဝိညာဉ် အဆင့်၊ နည်းစနစ်ကို ပြီးပြည့် စုံအောင် လေ့ကျင့် နိုင်ခဲ့ တာလား။ ”

" ဟား ဟား ဟား၊ တကယ်ကို အံ့သြစရာ ပါပဲ။ "

" လူတိုင်း ငါတို့ လမ်းကို၊ ဟန့်တား လာသူ မှန်သမျှ သတ်လိုက် ကြစို့၊ ဓားနန်းတော် အတွက် .... ။ "

" ဓားနန်းတော် အတွက် ...... ။ "

ဓားနန်းတော် အဖွဲ့သား များ၏၊ မြင့်တက်လာသော စိတ်ဓာတ်သည်၊ အခြားသော ဂိုဏ်းသား များကို၊ ဖိအား ပေးနိုင်သည့် အဆင့်သို့၊ ရောက်ရှိ လာသည်။

" သေ စမ်း ...... "

ဂျင်ဂျူးက သူ၏ ဒဏ်ရာကို လျစ်လျူရှုကာ၊ လင်းယွန်အား တိုက်ခိုက်ရန် အားယူ လိုက်သည်။

သူ ဆင်းသက် လာမည့် ချိန်ကို၊ စောင့်ဆိုင်း နေသော လင်းယွန်အား၊ နှစ်ခြမ်း ခွဲပစ် လိုက်၏။ သူ၏ တိုက်ခိုက် မှုမှာ၊ တတိယ အကြိမ်မြောက် ကျရှုံး လိမ့်မည်ဟု၊ သူ မယုံ ကြည်ပေ။

ရုတ်တရက် ဂျင်ဂျူး ဖန်တီး ထားသော မီးပင်လယ် အတွင်းမှ၊ လင်းယွန်က ရိပ်ခနဲ ပျောက်ကွယ် သွားပြီး၊ ကောင်းကင်သို့ ခုန်တက် လာခဲ့သည်။

ပန်းသင်္ချိုင်း ဓားကို မျက်ခုံး အလယ် တည့်တည့်သို့၊ ချိန်ရွယ် တိုးဝင် လာသော လင်းယွန်ကြောင့်၊ ဂျင်ဂျူး မျက်နှာမှာ၊ ချက်ချင်းပင် ဖြူဖျော့ သွား၏။

" ဂျင်ဂျူး ... မင်းက သေချင် နေတာပဲ၊ မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်း ပေးမယ်။ "

“ မ လုပ် နဲ့ ......”

ဂျင်ဂျူး၏ ထိတ်လန့်သံ မဆုံးခင်၊ နဖူး ဆီမှ တဆင့် အေးစက်သော ခံစားချက်၊ စိမ့်ဝင် လာသည်။

ပန်းသင်္ချိုင်း ဓားက သူ့ခေါင်း ထဲသို့၊ ထိုးဖောက် ဝင်ရောက် လာခြင်း ဖြစ်လေသည်။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို၊ ပြန်ဆွဲ ထုတ် လိုက် ချိန်တွင်၊ လရောင် ရေစင် ဓား၏ 'အနန္တ နှင်း လွင်ပြင်' အား၊ ထုတ်ဖော် လိုက်၏။

လေထု ထဲတွင် အအေး လှိုင်းများ၊ ရုတ်တရက် ရိုက်ခတ် လာပြီး၊ ဓားသွားလမ်း တစ်လျှောက်၊ အရာ အားလုံး အပေါ်၊ အေးခဲ သွားစေသည်။

အထူး သဖြင့်၊ ဘိုင်ယွီနှင့် မူရွှန်းဟန် တို့နှစ်ယောက် အား၊ ရေခဲ ပန်းပုရုပ် များကဲ့သို့၊ ချုပ်နှောင် အေးခဲ ပစ်လိုက်ခြင်း ဖြစ်သည်။

တခဏ ချင်းမှာပင်၊ ကြီးကျယ် ခမ်းနားသော၊ ပါရမီရှင် နှစ်ဦးမှာ၊ ရေခဲ အပိုင်း အစများ အဖြစ်၊ ပြောင်းလဲ ကြွေကျ သွားကုန်၏။

" သေ ... ကုန် တာ လား။ "

လင်းယွန်က ထိုသုံးယောက်ကို၊ သတ်ပစ် ဝံ့မည်ဟု မမျှော်လင့် ထားမိပေ။ သို့သော် မဆိုင်း မတွပင် ပြုမူ ခဲ့သည်။ ယင်းကြောင့် ရပ်ကြည့် နေသူ များမှာ၊ အံ့အားသင့် သွားခြင်း ဖြစ်သည်။

“ ဒီ …...... ”

“ ဒါက ဓားသမားရဲ့ နှလုံးသားပဲ၊ ဓားသမား တစ်ယောက် အနေနဲ့၊ သူ မသတ် ဝံ့တဲ့ သူ ... မရှိ ရဘူး၊ လရောင် ရေစင် ဓားက သူ့ လက်ထဲမှာ၊ မယုံနိုင် လောက်အောင် ကြောက်စရာ ကောင်းလွန်းတယ်၊ အနာဂတ် နဂါးတံခါး ပြိုင်ပွဲမှာ၊ သူ တောက်ပ လာနိုင် မယ်လို့၊ ငါ ယုံကြည်တယ်။ ”

“ ပါရမီရှင် ရှစ်ပါးကို စိန်ခေါ် နိုင်တဲ့၊ ခွန်အား ရှိနေပြီ မဟုတ်လား။ ”

“ ပါရမီရှင် ရှစ်ပါးက ခရမ်းရောင် နန်းတော် နယ်မြေက ကျင့်ကြံသူ တွေကို သတ်ဖို့၊ ခွန်အား ရှိကြတယ်၊ သူက ဒါကို မလုပ်နိုင် သေးဘူး၊ ဒါပေမယ့် ထိပ်တန်း ဆယ်ယောက်ထဲ ဝင်ရောက်ဖို့ ကတော့၊ သူ့အတွက် ပြဿနာ မဖြစ် သင့်ပါဘူး။ ”

" နှစ်ကုန်မှာ နက်နဲ နယ်ပယ်ရဲ့၊ ဒဿမ အဆင့်ကို ရောက်ရင် ဖြစ်နိုင် ပါတယ် ..."

“ မဖြစ်နိုင် ပါဘူး၊ နဝမ အဆင့်ကို ဖြတ်ကျော်ဖို့ ဆိုတာ မလွယ်ဘူး၊ နှစ်နှစ် အတွင်း နက်နဲ နယ်ပယ် ဒဿမ အဆင့်ကို၊ သူ ရောက်ရင် ကိုပဲ လုံလောက် နေပါပြီ။ ”

နက်နဲ နယ်မြေ၏ နှောင်းပိုင်း အဆင့် များတွင်၊ အောင်မြင် မှုများ ရယူရန်၊ ပို၍ ခက်ခဲ လာသည်။

ပရိသတ်များ ထိတ်လန့် တုန်လှုပ် နေချိန်တွင်၊ မိစ္ဆာ မီးလျှံဂိုဏ်း၊ သွေးရိုး ဂိုဏ်းနှင့်၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော် တို့၏၊ အကြီးအကဲ များ အသီးသီးက၊ ဒေါသကြောင့် သွေးအန် သွား ကြသည်။

သူတို့က လင်းယွန်ကို သတ်ရန်၊ အခွင့် အရေးများ ဖန်တီး ယူနေ သော်လည်း၊ လင်းယွန်က ၎င်းတို့၏ အကြံ အစည်များ၊ ပျက်ပြား သွားအောင် လုပ်နိုင် လိမ့်မည်ဟု၊ မထင်ထား မိပေ။

အကြီးအကဲ များ၏ မျက်လုံး များတွင်၊ လူသတ်ချင် စိတ်များ၊ ပြည့်နှက် လာသည်။

သူတို့သည် ရတနာများ အတွက်၊ လုယူရန် စိတ်ကူး မရှိကြ တော့ဘဲ၊ လင်းယွန်ကို သတ်ရန်သာ အာရုံ စိုက်ခဲ့ ကြသည်။

သို့မဟုတ် ပါလျှင်၊ သူတို့ နှလုံးသား ထဲရှိ၊ မုန်းတီးမှု များကို ဖယ်ရှားရန်၊ နည်းလမ်း မရှိ တော့ခြေ။

" ဓားနန်းတော်က တပည့်တွေ .... ဖွဲ့စည်း ပုံကို ထိန်းသိမ်းပါ၊ သူတို့ကို အခွင့်အရေး မပေး ပါနဲ့။ ”

ဂိုဏ်းလေး ဂိုဏ်းက တိုက်ပွဲ အပေါ်၊ အချိန်ဆွဲ လိုခြင်း မရှိ တော့ဘဲ၊ ယင်းအစား၊ ဓားနန်းတော်၏ ပေါင်းစပ် တိုက်ကွက်ကို၊ ပြင်းထန်စွာ ဖျက်ဆီး လာကြ တော့သည်။

တိုက်ပွဲ မြေပြင်မှာ အဆင့်သစ် တစ်ခုသို့၊ ရုတ်ချည်း တက်ရောက် သွားသည်။

ဓားထမ်း အကြီးအကဲ ချင်ဇူအိုနှင့်၊ အခြားသော အကြီးအကဲ များက၊ အတူတကွ လက်တွဲ တိုက်ခိုက် နေကြ သော်လည်း၊ ဂိုဏ်းလေး ဂိုဏ်းတွင် များပြား လှသော ကျွမ်းကျင်သူ များကြောင့်၊ သက်သာခြင်း မရှိ လှခြေ။

ဂိုဏ်းလေး ဂိုဏ်း၏၊ သင်းထောက် ရှစ်ယောက်က၊

" ကောင်လေး မင်း အသက်ကို၊ လွှဲပေး လိုက်ပါ။ "

ဟု ဆိုကာ၊ လင်းယွန်ထံ ပြေးဝင် သွားသည်။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ပြန်သိမ်း လိုက်ပြီး၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို ထုတ်ယူရန်၊ သိုလှောင် အိတ်အား ညင်သာစွာ ပွတ်သပ် လိုက်၏။

ပြီးနောက် အလံငယ်ကို၊ အနီးကပ် တိုက်ခိုက်ရေး ပုံစံသို့၊ ချက်ချင်း ပြောင်းလဲ လိုက်သည်။

မူလ စွမ်းအင်ကို အလံငယ် ထဲသို့၊ လောင်းထည့် လိုက်သော အခါတွင်၊ မီးလျှံများ 'ဟုန်းခနဲ' ထတောက် လာ၏။

မီးတောက်များ ဖုံးလွှမ်း နေသော အလံငယ် နှင့်အတူ၊ သူ့ထံ အားယူ နေသော သင်းထောက် များကို၊ အေးစက်စွာ ပြန်ကြည့် လိုက်သည်။

ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်၏၊ အရှိန်အဝါ အောက်တွင်၊ ကမ္ဘာကြီး တစ်ခုလုံး အနီရောင် ပြောင်းသွား သကဲ့သို့၊ ခံစား လာရသည်။

ရှောင်လွှဲရန် နည်းလမ်း မရှိ ပါက၊ သွေးနှင့် အရိုးများ ပြည့်နှက် နေလျှင်ပင်၊ ဤလမ်းအား လျှောက်လှမ်း ရမည် ဖြစ်သည်။

***

All Chapters