သေခြင်း - အဆုံးသတ်။
Vol. 28 Ch. 383
သိုလှောင် အိတ်အား ညင်သာစွာ ပုတ်လျက်၊ ကြက်သွေး မီးလျှံစစ်ပွဲ အလံငယ်ကို ထုတ်ယူကာ၊ အနီးကပ် တိုက်ခိုက်ရေး ပုံစံသို့၊ ချက်ချင်း ပြောင်းလဲ လိုက်သည်။
မူလ စွမ်းအင်ကို အလံငယ် ထဲသို့၊ လောင်းထည့် လိုက်သော အခါတွင်၊ မီးလျှံများ 'ဟုန်းခနဲ' ထတောက် လာ၏။
မီးတောက်များ ဖုံးလွှမ်း နေသော အလံငယ် နှင့်အတူ၊ သူ့ထံ အားယူ နေသော သင်းထောက် များကို၊ အေးစက်စွာ ပြန်ကြည့် လိုက်သည်။
ရှောင်လွှဲရန် နည်းလမ်း မရှိ ပါက၊ သွေးနှင့် အရိုးများ ပြည့်နှက် နေလျှင်ပင်၊ ဤလမ်းအား လျှောက်လှမ်း ရမည် ဖြစ်သည်။
" လင်းယွန်ကို ကာကွယ်ပါ။ "
ဂိုဏ်းလေး ဂိုဏ်းမှ အကြီး အကဲ များနှင့် တိုက်ခိုက် နေသော ဓားထမ်း အကြီးအကဲက၊ လင်းယွန်ထံ လှမ်းကြည့်ကာ၊ အော်ဟစ် အမိန့်ပေး လိုက်သည်။
သင်းထောက် ရှစ်ယောက်၏ ဝိုင်ရံ ခြင်းကို ခံထား ရသော မြင်ကွင်းကြောင့်၊ ချင်ဇူအို မျက်နှာမှာ ပြောင်းလဲ သွားသည်။
ရန်သူ များတွင် လူများများ စားစား မရှိ သော်လည်း၊ လင်းယွန်အား သတ်ရန် သင်းထောက် ရှစ်ယောက်ကို၊ စေလွှတ် နိုင်ခဲ့သည်။
ယင်းမှာ အစသာ ဖြစ်ပြီး၊ ပြိုင်ဘက် ဂိုဏ်းများ၏ အကြီးအကဲ များက၊ ပိုမို ကြမ်းတမ်း လာသည် နှင့်အမျှ၊ လင်းယွန်ကို ကာကွယ် ထားသော ခံစစ် စည်းမှာ၊ ပျောက်ကွယ်လု နီးပါး ဖြစ်လာ နိုင်ပေမည်။
" စကြာဝဠာ လက်နက်လား။ "
စကြာဝဠာ လက်နက် တစ်ခုကို၊ ထုတ်ယူ လိုက်သော လင်းယွန်ကို မြင်သော အခါတွင်၊ သင်းထောက် ရှစ်ဦး၏ မျက်နှာများ ပြောင်းလဲ သွားသော်လည်း၊ များ မကြာမီ မှာပင် အော်ဟစ် ရယ်မော လိုက်ကြသည်။
" မင်း...ဘယ်လောက်များ ဒီကနေ ... စွမ်းအား ထုတ်သုံး နိုင်မှာလဲ၊ စကြာဝဠာ လက်နက် တစ်ခု ရှိလို့၊ အသက်ရှင် နိုင်မယ် ထင်နေရင်၊ မင်း... အိပ်မက် မက်နေ တာပဲ ဖြစ်ရမယ်။ "
နက်နဲ နဝမ အဆင့်၌ ရှိသော လင်းယွန် မဆိုနှင့်၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ကျင့်ကြံ သူများ ပင်လျှင်၊ စကြာဝဠာ လက်နက်များ အပေါ်၊ မထိန်းချုပ် နိုင်ပေ။
သူတို့ အမြင် အရ၊ စကြာဝဠာ လက်နက်၏ စွမ်းအား ထက်ဝက် ကိုပင်၊ လင်းယွန်မှာ ထုတ်ယူခြင်း မပြု နိုင်ဟု၊ ယူဆ ထားသည်။
ထို့အပြင်၊ စကြ၀ဠာ လက်နက်မှ လိုအပ်သော၊ မူလ စွမ်းအင် ပမာဏသည်၊ နက်နဲ သိုင်းနယ်ပယ် ကျင့်ကြံ သူများ အတွက်၊ ခံနိုင်ရည် ရှိသော၊ အရာ မဟုတ်ပေ။
" မင်းတို့ ရှစ်ယောက်နဲ့၊ ငါ့ကို သတ်ဖို့ မလုံလောက် မှာကို၊ ကြောက် မိတယ်။ "
လင်းယွန်က အေးစက်စွာ ဆိုသည်။ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ကျွမ်းကျင် သူများနှင့် ရင်ဆိုင် ရပါက၊ စိုးရိမ်ဖွယ် ရှိနိုင် သော်လည်း၊ ခရမ်းရောင် နန်းတော် တပိုင်း၊ ကျင့်ကြံ သူများ မှာမူ၊ သူ့ အတွက် မှုလောက် စရာ မဟုတ်ပေ။
နက်နဲ သတ္တမ အဆင့်တွင် ရှိစဉ် ကပင်၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်၏၊ အနီးကပ် တိုက်ခိုက်ရေး ပုံစံကို၊ သူက အသုံးပြု နိုင်နေပြီ ဖြစ်သည်။
ယခု အချိန်၌ သူတို့ အတွက်၊ ပို၍ ကံဆိုး စေသည်မှာ၊ လင်းယွန်၏ ကျင့်ကြံမှုမှာ နက်နဲ နဝမ အဆင့်သို့၊ ရောက်ရှိလာ ခြင်းပင် ဖြစ်၏။
" မင်း သေချင် နေတာပဲ။ "
" မင်းရဲ့ သန်မာတဲ့ ပုံစံကို၊ ဘယ်လောက် ကြာကြာ၊ ပြသ နိုင်မလဲ ဆိုတာ ငါကြည့်မယ်။ "
" ငါတို့ ဂိုဏ်းက အမာခံ တပည့် သုံးယောက်ကို၊ သတ်လိုက်တဲ့ အတွက်၊ မင်းကို ဘယ်သူမှ မကယ်တင် နိုင်တော့ဘူး။ "
သင်းထောက် ရှစ်ယောက်က၊ တစ်ယောက် တစ်ပေါက် ဒေါသ တကြီး ကျိန်ဆဲ လာသည်။
သူတို့သည် ခရမ်းရောင် နန်းတော် တပိုင်း နယ်မြေတွင် ရှိကြပြီး၊ လင်းယွန်ထက် များစွာ သာလွန်သော အခြေ အနေတွင် ရှိ၏။
ထို့ကြောင်ပင် ၎င်းတို့အား စကြာဝဠာ လက်နက်ဖြင့်၊ သတ်ပစ်နိုင်သည် ဟူသော၊ ယုံကြည်ချက် မျိုးကို၊ မည်သည့် နေရာမှ ရလာ ခဲ့သည် မသိပေ။
ရှစ်ယောက်သား အပြင်း ထန်ဆုံးသော လှုပ်ရှားမှု များကို၊ ချက်ချင်း ထုတ်ဖော် လိုက်သည်။
'' လာ ခဲ့ ...... ''
လင်းယွန်က လှောင်ပြုံးဖြင့် ဖိတ်ခေါ်သည်။သင်းထောက် များ၏ တိုက်ခိုက် မှုများ မကျရောက် မီတွင်၊ အလံငယ်အား ဓား တစ်လက်လို၊ လွှဲခုတ် လိုက်၏။
သွေးရောင် အလင်းများ ပြေးထွက် လာပြီး၊ သင်းထောက် ရှစ်ဦး၏ တိုက်ခိုက်မှု များကို၊ ကွဲအက် သွားစေ ခဲ့သည်။
ယင်းကြောင့် သင်းထောက်များ မျက်နှာ၊ ပြောင်းလဲ သွားကာ၊ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှု များအား၊ နောက်ထပ် ပြုလုပ် လာကြ၏။
'' မိုးကောင်းကင် ကွဲကြေမဲ့ လက်ဝါး။ ''
" တောင်တန်းများ ဖျက်ဆီးခြင်း။ "
" သွေးအရိပ် အလင်း ဆယ့်ရှစ်သွယ် ... "
" ငရဲ တံဆိပ် .....။ "
တိုက်ခိုက်မှု ရှစ်ခုက၊ အရာရာကို ဖျက်ဆီး တော့မည့် ဟန့်ဖြင့်၊ လင်းယွန် ပေါ်သို့၊ ပြိုကျ လာသည်။
သို့သော် လင်းယွန်၏ အမူ အရာမှာ၊ ပြောင်းလဲ သွားခြင်း မရှိ ခဲ့ပေ။ အလံငယ်အား တောက်ပသော အလင်းရောင် များဖြင့်၊ သိုင်းခြုံ စေလျက်၊ အမှောင် ခွင်းသော လမင်း ဟု၊ ကြွေးကြော် လိုက်သည်။
စကြဝဠာ လက်နက်မှ ဖြစ်ပေါ် လာသော၊ 'အမှောင် ခွင်းသော လမင်း' သည် ကြောက်မက်ဖွယ်၊ ကြက်သွေးရောင် လမင်း တစ်စင်း ကဲ့သို့၊ ပြောင်းလဲ သွား၏။
ထို့နောက်တွင် သွေး လမင်းမှာ၊ တိမ်များ ကြား ထင်ရှား လာပြီး၊ သင်းထောက် များ၏ တိုက်ခိုက်မှု အသီးသီးကို၊ ဖျက်ဆီး လာတော့သည်။
ဤတစ်ကြိမ် 'အမှောင် ခွင်းသော လမင်း' သည်၊ ပန်းသင်္ချိုင်း ဓားကို သုံးသည့် အချိန် ကထက်၊ ပို၍ ကြောက်စရာ ကောင်းပေ၏။
ဤတိုက်ခိုက် မှုတွင် စကြာဝဠာ လက်နက်ကြောင့်၊ အမည်မဲ့ စွမ်းအားများ၊ ပေါင်းစပ် ပါ၀င် လာသည်။
ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်နှက် နေသော အမည်မဲ့ စွမ်းအား များကြောင့်၊ ထိန်းချုပ် နိုင်စွမ်းပင် ကုန်ဆုံးလာ စေ၏။
တခဏ ချင်းမှာပင်၊ နှစ်ဘက် ထိပ်တိုက် တွေ့ဆုံ သွားပြီး၊ သင်းထောက် တစ်ယောက်၏ လက်တစ်ဖက်အား၊ ခုတ်ဖြတ် ပစ်လိုက်သည်။
လက်ဖြတ် ခံလိုက် ရသေသာ သင်းထောက်က၊ နာကျင်စွာ အော်ဟစ် နေစဉ်တွင်၊ ကြက်သွေး မီးလျှံ အလံငယ် နှင့်အတူ၊ လင်းယွန်မှာ ဆင်းသက် လာခဲ့သည်။
ထိုတိုက်ခိုက် မှုအား ခုခံ ကာကွယ် ဖို့ရန်၊ ထုတ်ဖော် လိုက်သော မူလ စွမ်းအင် အလွှာမှာ၊ အလံငယ်ကြောင့် ကွဲအက် သွားပြီး၊ သင်းထောက်အား သွေးမြူများ အဖြစ်သို့၊ ပြောင်းလဲ ပစ်လိုက် တော့၏။
၎င်းကို ကြေနပ်ပုံ မရ သေးသော၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်မှာ၊ လင်းယွန် လက်ထဲ၌၊ ပြင်းထန်စွာ တုန်ခါ နေသည်။
ဤအခင်း အကျင်းတွင် ပြသ ခဲ့သော ခွန်အား အရ၊ ကျန်ရှိ နေသော သင်းထောက် ခုနစ် ဦးကို၊ ထိတ်လန့် သွားစေ ခဲ့သည်။
ခရမ်းရောင် နန်းတော် တပိုင်း နယ်မြေရှိ၊ သင်းထောက် တစ်ဦးမှာ၊ ဤမျှ လွယ်လွယ်ဖြင့်၊ အသတ်ခံ ခဲ့ရ လေပြီ။
သို့သော် ထိုသို့ တုန်လှုပ် ချောက်ချား နေစဉ်တွင်၊ လင်းယွန်က သူတို့ ရှေ့၌ ထပ်မံ ထွက်ပေါ် လာပြီး၊ အလံဖြင့် လွှဲခုတ် လာပြန်၏။
" နောက်ဆုတ် .... သူ့ရဲ့ စကြာဝဠာ လက်နက်နဲ့ ပတ်သက်ပြီး တစ်ခုခု ရှိနေတယ်။ ''
စကြာဝဠာ လက်နက်ဖြင့်၊ ချဉ်းကပ် လာသော လင်းယွန်ကို၊ တွေ့လိုက် ရသော အခါတွင်၊ သင်းထောက် တိုင်းက ထိတ်လန့် တုန်လှုပ် သွားသည်။
သူတို့၏ မျက်လုံး များတွင်၊ လင်းယွန်မှာ သွေးဆာ နေသော နတ်ဆိုး တစ်ပါး ဖြစ်လာ၏။
တိုက်ခိုက်မှု လွဲးသွား သည်နှင့်၊ လင်းယွန်၏ အကြည့် များက၊ အေးစက် လာပြီး၊ မူလ စွမ်းအင် များကို၊ စကြာဝဠာ လက်နက် ထဲသို့၊ လောင်းထည့် လိုက်သည်။
ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို၊ ထုတ်ယူ ပြီးသည့် နောက်တွင်၊ ဆုတ်ခွာရန် လမ်းကြောင်း မှန်သမျှအား၊ ဖြတ်တောက် ခဲ့ပြီး ဖြစ်သည်။ (ဘုရင့်နောင် ဖောင်ဖျက်။ )
မူလ စွမ်းအင် ကုန်ဆုံး သွားသည် အထိ၊ ရပ်တန့်ရန် အစီအစဉ်မရှိပေ။ ဆိုလို သည်မှာ အသက်ဖြင့် ရင်းကာ၊ ရန်သူကို သတ်ဖြတ် ရပေ တော့မည်။
အခြား ဂိုဏ်းများ၏ အကြီးအကဲ များနှင့်၊ တပည့် များက ဤမြင်ကွင်းကြောင့် ထိတ်လန့်သွား ကြသည်။
ပွဲကြည့် ပရိသတ်များ အနေနှင့်၊ တိုက်ပွဲကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ ခဲ့ရ၏။
လင်းယွန် ထံမှ ထွက်ပေါ် လာသော သတ်ဖြတ် လိုခြင်း ဆန္ဒ များမှာ၊ ထိတ်လန့်ဖွယ် ကောင်းလွန်း လေသည်။
ခရမ်းရောင် နန်းတော် တပိုင်း နယ်မြေရှိ၊ သင်းထောက် နှစ်ဦးမှာ၊ ဤမျှ လျင်မြန်စွာ သေဆုံး သွားခဲ့ သည်ကို၊ သူတို့ မယုံ နိုင်ခဲ့ ကြပေ။
စကြာဝဠာ လက်နက် စွမ်းအားကို၊ အသုံးပြု နေသော လင်းယွန်၏ ပုံစံမှာ၊ သွေးဆာ နေသော ငရဲ နတ်ဘုရား တစ်ပါး ကဲ့သို့၊ ထင်မြင် လာစေ၏။
'' သူ့ရဲ့ ဆုတ်ခွာမှု လမ်းကြောင်း မှန်သမျှကို ဖြတ်တောက် ခဲ့တယ်လား၊ ဒီလူက အကြောက် စရာ အကောင်ဆုံးပဲ။
ကျင့်ကြံသူ တစ်ဦးက၊ ထိတ်လန့်စွာ ရေရွတ်သည်။
'' အဲဒီ သင်းထောက် တွေက နတ်ဆိုး ကျင့်ကြံသူတွေပဲ၊ ဒါကြောင့် သေခြင်း တရားကို ရင်ဆိုင်ရ ချိန်မှာ၊ ထိတ်လန့် ကုန်ပြီး သူတို့ရဲ့ သရုပ် အမှန်ကို၊ ထုတ်ဖော် ပြသ ကြတာ၊ အံ့သြ စရာတော့ မဟုတ် ပါဘူး။
" ဓားနန်းတော်ရဲ့ ပါရမီ ရှင်က၊ ဓားသမား တစ်ယောက် ဆိုတဲ့ အသွင် အပြင်ကို၊ လုံးလုံး လျားလျား ပြသ ထားတယ်။ "
'' ငါတို့ ဂိုဏ်းက တပည့် တွေသာ၊ အဲဒီလို သတ္တိ ရှိခဲ့ရင်၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တွေနဲ့၊ တွေ့တဲ့ အခါတိုင်း၊ သူတို့ ဒုက္ခ ရောက်မှာ မဟုတ်ဘူး။ ''
မဟာချင် အင်ပါယာတွင်၊ မေရ မတွက် နိုင်သော၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ ရှိပြီး၊ တပည့် အများ စုမှာ၊ သူတို့ဆီ ပြေးမိ ပါက၊ အသက် ဆုံးရှုံး သွားလေ့ ရှိသည်။
သူတို့သည် ပြိုင်ဘက်၏ ဆိုးရွားသော အရှိန်အဝါ များဖြင့်၊ ခြိမ်းချောက် ခံခဲ့ ရသည့် အချိန်၌၊ လင်းယွန် ကဲ့သို့ တုန့်ပြန်ရန်၊ သတ္တိ ရှိနေမည် မဟုတ်ပေ။၊
ယင်းအခြေ အနေ များတွင်၊ သူတို့၏ ခွန်အား (၅၀) ရာခိုင်နှုန်း ကိုပင်၊ ထုတ်ဖော် နိုင်ခြင်း မရှိ တော့သည်မှာ၊ သေချာသည်။
တစ်ဖက်တွင်၊ လင်းယွန်သည် သေခြင်း တရားကို သတ္တိ ရှိရှိ ရင်ဆိုင် ခဲ့ပြီး၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များကို၊ ဆုတ်ခွာ သွားစေရန်၊ ဖိအားပေး နိုင်ခဲ့သည်။
" မိုးရွာတဲ့ နွေဦး။ "
" အဆက် မပြတ် လှိုင်းများ။ "
မြူခိုး တေဝေဝ။
" အနန္တ နှင်းလွင်ပြင်။ "
သင်းထောက် များက တိုက်ခိုက်မှု အသီးသီးကို၊ စတင်လာ သည်နှင့်၊ လရောင် ရေစင် ဓားအား၊ မဆိုင်းမတွ ထုတ်ဖော် လိုက်သည်။
အပြန်ပြန် အလှန်လှန် ပြောင်းရွှေ့ တိုက်ခိုက် လိုက်ကြ ပြီးနောက်၊ သင်းထောက် သုံးဦး ထပ်မံ သေဆုံး သွားခဲ့သည်။
ယင်းကြောင့် ကျန် သင်းထောက် သုံးဦးကို၊ ထိတ်လန့် သွားစေ၏။ သူတို့က အော်ဟစ်၍ တိုက်ပွဲကို စွန့်ကာ၊ ထွက်ပြေး ကြတော့သည်။
သုံးယောက်သား အသတ် ခံရ တော့မည့် အချိန် မှာပင်၊ ဓားအလင်း တစ်စ ကျဆင်း လာပြီး၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို ဟန့်တားကာ၊ ကယ်တင်ခြင်း ခံလိုက် ရလေသည်။
နောက်သို့ အတင်း အကြပ်၊ တွန်းထုတ် ခံလိုက် ရသောကြောင့်၊ အလံငယ်ကို ကိုင်ဆောင် ထားသော၊ လင်းယွန်၏ လက်များ ထုံကျင် သွားသည်။
ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ လိုက်ရပြီး၊ သူ့ကိုယ်သူ ဟန်ချက် ညီအောင်၊ ပြန်လည် ထိန်းယူ လိုက်ရ၏။
ဝင်ရောက် ဟန့်တားလာ သူကို၊ မော့ကြည့်လိုက်ရာ၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏၊ အကြီးအကဲ တစ်ယောက်က၊ သူ့အားစိုက်ကြည့် နေသည်ကို၊ တွေ့လိုက် ရသည်။
'' မင်းလို .... သွေးဆာ နေတဲ့၊ ဘီလူး ပေါက်လေး တစ်ကောင်၊ အင်ပါယာ ထဲမှာ၊ ရှိနေ လိမ့်မယ်လို့၊ ငါ မမျှော်လင့် ထားမိဘူး၊ ဒါပေမယ့် မင်းသေ ရတောမှာ၊ ဖြစ်တဲ့ အတွက်၊ နှမျော စရာ ပါဘဲ။ "
အဖိုအိုက သူ၏ အရှိန်အဝါ များကို၊ လွှတ်ထုတ် လိုက်ပြီး၊ လင်းယွန်၏ အရှိန်အဝါ အပေါ်၊ ဖိနှိပ် ချေမွှ ပစ်လိုက်သည်။
ဤလူငယ်မှာ ငယ်ရွယ် လှသော်လည်း၊ ပျက်စီးခြင်း ခုနှစ်ပါး နန်းတော်ရှိ၊ အကြီးအကဲ အချို့ ထက်ပင်၊ ရက်စက် ကြမ်းကြုတ် ပေ၏။
လင်းယွန် အသက်ရှူ မဝ မီတွင်၊ အဖိုးအိုက ဆေဘာ ဓားဖြင့်၊ သုံးချက် တိတိ ခုတ်ပိုင်း လိုက်သည်။
ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ကျင့်ကြံ သူများမှာ၊ အမှန် တကယ် သန်မာ လွန်းလေသည်။
'' .............''
ဆေဘာဓား အလင်း သုံးစင်း၊ ထိမှန် ခံလိုက် ရေသာ လင်းယွန်မှာ၊ အရုတ် ကြိုးပြတ်လွင့်စင် သွား၏။
လေထဲ၌ လွင့်စင် နေစဉ် မှာပင်၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို၊ အံကြိတ်လျက် ပြန်လည် ပစ်ထုတ် လိုက်သည်။
အဘိုးအိုက လျင်မြန်စွာ ရှောင်တိမ်း လိုက်သော်လည်း၊ အနည်းငယ် နောက်ကျ သွား၏။သူ့ ရင်ဘတ် ပေါ်ရှိ အရေပြားမှာ၊ ဟက်တက်ကွဲ သွားလေသည်။
၎င်းမှာ အရေပြား ပြတ်ရှ ရုံသာ ဖြစ်သော်လည်း၊ အဖိုးအို၏ အကြည့် များအား၊ ပို၍ အေးစက်လာ စေတော့၏။
မြေပြင် ပေါ်သို့ လင်းယွန် မဆင်းသက် နိုင်မီတွင်၊ သူ့ ဆေဘာ ဓားကို လွှဲယမ်း လိုက်ကာ၊ အလံ ငယ်အား၊ ဦးတည် ရိုက်ထုတ် ပစ် လိုက်သည်။
အလံငယ်ဖြင့် ပြန်လည် ခုခံလိုက် သော်လည်း လက်ကျန် စွမ်းအင် လှိုင်းများက၊ လင်းယွန်၏ ရင်ဘတ်ပေါ် ကျရောက် လာပြီး၊ ကြောက်မက်ဖွယ် ပြတ်ရှ ရာကြီး၊ ဖြစ်ပေါ် လာစေ တော့၏။
" အစ် ကို ကြီး ။ "
ရှင်းယန်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။သူမ အော်သံကြောင့်၊ လျိုဖန်း အပါ အဝင်၊ အခြားသော အကြီးအကဲ များက လှည့်ကြည့် လိုက်ကြသည်။
တွေ့လိုက် ရသော မြင်ကွင်းကြောင့်၊ သူတို့၏ မျက်နှာ များလည်း ပြောင်းလဲ သွားသည်။
အဆုံးတွင် သူတို့၏ ခံစစ် စည်းမှာ၊ ကျိုးပဲ့ သွားပြီ ဖြစ်ပြီး၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီးအကဲ တစ်ဦးအား၊ လွတ်မြောက် သွားစေ မိကြောင်း၊ သိလိုက် ရသည်။
" မင်း သေချင် နေတာပဲ။ "
သင်းထောက် တစ်ဦးနှင့်၊ တိုက်ခိုက် နေသော ရှင်းဂျူက၊ လျှပ်စီများ ကဲ့သို့၊ 'ရိပ်ခနဲ' ပျောက်ကွယ် သွား၏။
ဓားနန်းတော်တွင် သိုင်းသမား အလုံ အလောက် မရှိပေ။ ထို့ကြောင့် အကြီးအကဲ တစ်ဦး တစ်ယောက် မျှပင်၊ လင်းယွန်အား မကူညီနိုင်။
အကြီးအကဲ တစ်ဦး ချင်းမှာ၊ အနည်းဆုံး ရန်သူ သုံးဦး ခန့်အား၊ ရင်ဆိုင် နေရသည်။ ဓားထမ်း အကြီးအကဲ မှာမူ၊ ပြိုင်ဘက် ဆယ်ယောက်ကို၊ သူ တစ်ဦး တည်းဖြင့်၊ ရင်ဆိုင် နေရ၏။
ထို့ကြောင့် ရှင်းဂျူမှ လွဲ၍၊ အခြား မည်သူ မဆို၊ လင်းယွန်အား အကူအညီ မပေး နိုင်ခြင်း ဖြစ်သည်။
" နောက်တစ်ယောက် သေချင် နေတာလား။ "
အဘိုးအိုက လှောင်ပြောင် လိုက်ပြီး၊ ဆေဘာဓားဖြင့် စီးကြို ခုတ်ပိုင်း ခိုက်လိုက်သည်။
သို့သော် ဝင်ရောက်လာ သူ၏၊ လျှပ်စီး ဓားမှာ၊ သူ ထင်ထား သည်ထက်၊ ပိုမို အားကောင်း နေသောကြောင့်၊ ခြေလှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်လိုက် ရသည်။
" လင်းယွန်ကို သတ်ချင်ရင် မင်းငါ့ကို ဖြတ်သွား ရလိမ့်မယ်။ "
လင်းယွန် ရှေ့၌၊ တည်ငြိမ်စွာ ရပ်လျက်၊ ရှင်ဂျူးက ဆိုလိုက်သည်။ သူ့ခန္ဓာ ကိုယ်တွင်၊ အပြာရောင် လျှပ်စီးများ ပြိုးပျက် လင်းလက် နေပေသည်။
" ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ။ "
ရှင်းဂျူ၏ အရှိန်အဝါကို ခံစား လိုက်ရသော အခါတွင်၊ အဖိုးအိုမှာ ခေတ္တမျှ အံ့အားသင့် သွားသည်။ ထို့နောက် သူက ပြုံးရယ် လိုက်ပြီး၊
'' ဓားနန်းတော်မှာ အရည် အချင်း ရှိတဲ့၊ တပည့် တွေနဲ့ ပြည့်နှက် နေတာကိုး၊ခရမ်းရောင် နန်းတော် နယ်မြေက၊ သာမာန် ကျင့်ကြံသူ တွေက၊ မင်းအတွက် ဘာမှ မဟုတ် ပေမယ့်၊ မင်းငါ့ဆီ ပြေးလာတာ နှမျော စရာ ပါပဲ၊ သေ စမ်း ...... "
အဘိုးအိုက ကောင်းကင်သို့ ခုန်တက်ကာ၊ ဆေဘာဓားဖြင့် ခုတ်ပိုင်း လိုက်သည်။ သူ၏ ဆေဘာဓား အလင်းမှာ၊ နဂါး တစ်ကောင် ကဲ့သို့၊ 'တဟုန်ထိုး' ပြေးဝင် သွားခဲ့၏။
ရှင်းဂျူက လျှပ်စီး တစ်စလို၊ ခုန်တက် တိုးဝင် ရင်ဆိုင်လိုက် သော်လည်း၊ ခြေလှမ်း သုံးလှမ်းခန့် ပြန်လည် ဆုတ်ခွာ လိုက်ရပြီး၊ သူ၏ ဓားကိုင် လက်တွင်၊ သွေးများ စီးကျ လာသည်။
" အကိုကြီး၊ ဖမ်း ....."
ထိုမြင်ကွင်းကို မြင်သည်နှင့်၊ မြေပြင် ပေါ်တွင်၊ ရင်ဘတ်ကို ဖိလျက် လဲလျောင်း နေသော လင်းယွန်က၊ သိုလှောင်အိတ် ထဲရှိ ဓား တစ်လက်အား၊ ထုတ်ယူ ပစ်ပေး လိုက်သည်။
၎င်းသည် နဝမ အဆင့်တွင်၊ သူ ရရှိ ထားသော ရှေးဟောင်း စကြာဝဠာ ဓားရှည် တစ်လက် ဖြစ်သည်။
ဓားရှည်ကို မြင်သော အခါတွင် ရှင်ဂျူး၏ မျက်လုံးများ တောက်ပ လာ၏။ သူ့ထံသို့ မရောက် မီတွင်၊ လက်ကို နောက်ပြန် ဆန့်ထုတ်ကာ၊ ဦးကြို လှမ်းဆွဲ လိုက်သည်။
ယင်းအချိန်တွင် အကြင်နာ ကင်းမဲ့ လွန်းသော ဆေဘာဓား အငွေ့ အသက်များ၊ နောက်တစ်ကြိမ် လွှမ်းခြုံ လာပြန်၏။
ရှင်းဂျူ အတွက် တွေးဆ ချိန်ပင် မရှိ ခဲ့ပေ။ ချက်ချင်း လှည့်ပြီး၊ ဓားကို ဖမ်းယူ ဆွဲထုတ်လိုက်သည်နှင့်၊ ဓား ကိုယ်ထည်မှ နေမင်းကြီး ကဲ့သို့၊ မျက်စိ ကျိန်းစပ် စေသော အလင်း ရောင်များ ထွက်ပေါ် လာသည်။
( နောက်ထပ် စကြာဝဠာ လက်ရာ၊ ဓားရှည် တစ်လက်လား။ )
အဘိုးအို၏ မျက်နှာမှာ ပြောင်းလဲ လာသည်။
'' ဘယ်လိုတောင် ထည်ဝါ လိုက်တဲ့၊ ဓားကြီးလဲ .... ဟား ဟား ဟား ။ ''
ရှင်းဂျူက လေထု ထဲတွင် ရယ်မောကာ၊ အဘိုးအို၏ တိုက်ခိုက် မှုအား၊ အပြင်း ထန်ဆုံးသော ဓားချက်ဖြင့်၊ ထုတ်ဖော် ချေမှုန်း ပစ်လိုက်သည်။
လျှပ်စီးကြောင်း ကိုးကြောင်းက၊ အဘိုးအိုထံ ဆင်းသက် သွားခဲ့ပြီး၊ လျှပ်စီးကြောင်း တစ်ကြောင်း ချင်းစီတွင်၊ ယခင်ထက် ပိုမို ပြင်းထန်သော စွမ်းအင်များ ပါရှိ လာလေသည်။
အဋ္ဌမမြောက် လျှပ်စီးကြောင်းက၊ အဘိုးအို၏ အရှိန် အဝါကို ဖြိုခွဲ နိုင်ခဲ့ပြီး၊ နဝမမြောက် မှာမူ၊ ရင်ဘတ် ထဲသို့ တိုးဝင် သွား၏။
'' လရောင် အလင်း ပြန်ခြင်း။''
လင်းယွန်၏ မျက်လုံးများ ရုတ်တရက် တောက်ပ လာပြီး၊ လက်ဝါးကို မြေပြင် ပေါ်သို့ ရိုက်ချလျက်၊ ကောင်းကင် ခုန်တက်ကာ၊ အဘိုးအိုထံ အားယူ လိုက်သည်။
'' မင်းက သေချင်နေတာလား။ ''
ဒဏ်ရာ ရသွား သည်ကို၊ လင်းယွန်က အခွင့်ကောင်း ယူကာ၊ သူ့အား ရိုက်နှက်ရန် အားယူ နေ ခြင်းကြောင့်၊ အဖိုးအိုမှ လှောင်ပြောင် ရေရွတ် လိုက်သည်။
သို့သော် လင်းယွန် ကိုးယောက် အဖြစ်၊ ရုတ်တရက် ခွဲထွက် သွားသည်ကို၊ မြင်လိုက် သည်နှင့်၊ အပြုံးမှာ ချက်ချင်း အေးခဲ သွား၏။
" သေ စမ်း ....."
မည်သည့် ပုံရိပ်က လင်းယွန် အစစ် ဖြစ်သည်ကို၊ သူ မဆုံးဖြတ် နိုင်တော့ပေ။
နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ် ထပ်သွားသော အခါတွင်၊ လင်းယွန်၏ ဓားမှာ လမင်း ကဲ့သို့၊ လင်း သွား၏။
အဘိုးအိုက မတုံ့ ပြန်နိုင် ခင်မှာ၊ လည်မြို ဆီ၌ ပူခနဲ ခံစား လိုက်ရသည်။ ထိုခံစားချက် ပြီးဆုံး သည်နှင့်၊ အေးစက်သော ခံစားချက်များ ထပ်မံ ဝင်ရောက် လာသည်။
ထိတ်လန့်ခြင်း များဖြင့်၊ ပြည့်နှက် နေသော မျက်ဝန်း များက ပြူးကျယ်လျက်၊ ခန္ဓာ ကိုယ်မှ လွင့်စင် ပြတ်ထွက် သွားလေသည်။
အဘိုးအို၏ ခေါင်းပြတ် ခန္ဓာကြီး၊ မြေပြင် ပေါ်သို့ လဲကျ သွားသည်နှင့်၊ လင်းယွန်က သွေးတစ်လုပ် အန်ချ လိုက်ကာ၊ ပြိုလဲကျ သွားသည်။
စိတ်ကို လျော့ချ လိုက်ချိန်တွင်၊ သွေးသားများ ခမ်းခြောက်သွား သကဲ့သို့၊ မောပန်း နွယ်နယ် ခြင်းများ ဝင်ရောက် လာပြီး၊ ယခင်က ထက်ပင် ပို၍ ဖြူဖျော့ သွားတော့၏။
***