← Chapters

လူသတ်ပွဲ ။

Vol. 28 Ch. 384

လူသတ်ပွဲ ။

Vol. 28 Ch. 384

အဘိုးအို၏ ခေါင်းပြတ် ခန္ဓာကြီး၊ မြေပြင် ပေါ်သို့ လဲကျ သွားသည်နှင့်၊ လင်းယွန်က သွေးတစ်လုပ် အန်ချ လိုက်ကာ၊ ပြိုလဲကျ သွားသည်။

စိတ်ကို လျော့ချ လိုက်ချိန်တွင်၊ သွေးသားများ ခမ်းခြောက်သွား သကဲ့သို့၊ မောပန်း နွယ်နယ် ခြင်းများ ဝင်ရောက် လာပြီး၊ ယခင်က ထက်ပင် ပို၍ ဖြူဖျော့ သွားတော့၏။

ခေါင်းခွံ ကွဲအက်သွား သကဲ့သို့၊ ခံစား လိုက်ရပြီး သူ့ဆန္ဒ များက၊ ခန္ဓာ ကိုယ်အား မသယ်ယူ နိုင်တော့ပေ။

အဘိုးအို ထံမှ ဆေဘာဓား ချက်ကို၊ အလံငယ်ဖြင့် ပယ်ဖြတ် ပြီးနောက်တွင်၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့ကာ၊ မူလ စွမ်းအင်များ ကုန်ဆုံးသွား ခဲ့သည်။ ရက်စက်သော ဆေဘာဓား တစ်လက် ဖြစ်ခဲ့၏။

သို့သော် လရောင် အလင်းပြန် ခြင်းကို၊ ထုတ်ဖော်ရန် သူ့ဒဏ်ရာ များ၏ နာကျင်မှုအပေါ် တင်းခံကာ၊ အဆုံးစွန်ထိ တွန်းပို့ လိုက်မိသည်။

ထိုအချိန်၌ သူ သေဆုံးခဲ့ လျှင်ပင်၊ အဖိုးအိုအား သတ်ပစ် ရပေမည်။

ထို့ကြောင့် သူ၏ မူလ စွမ်းအင်များ ကုန်ဆုံးသွားသည်သာ မကဘဲ၊ သက်စောင့် စွမ်းအင် များကိုပင် သုံးယူ လိုက်ရ၏။

ပင်ပန်း နွမ်းနယ်မှု များနှင့်၊ နာကျင် ကိုက်ခဲမှု များကို ပြေလျော့ သွားအောင်၊ လုပ်နိုင်ခြင်း မရှိ တော့ခြေ။

သည်ဝေဒနာကို ဖော်ပြ နိုင်စရာ၊ စကားလုံး မရှိနိုင်။ သို့သော် ခံနိုင်ရည် ရှိရန် အစွမ်းကုန်ကြိုးစား နေရပြီး၊ မျက်လုံး များကို တွန်းဖွင့် ထားမိသည်။

လဲကျ သွားပါက ပြန်ထ နိုင်တော့မည် မဟုတ်ကြောင်း၊ သူ့ကိုယ်သူ အဆက် မပြတ် သတိပေး နေမိ၏။

မည်မျှပင် တောင့်ခံ ထားသော်လည်း၊ နောက်ဆုံး၌ လဲပြို ကျသွား တော့သည်။

ပျောခွေ သွားသော လင်းယွန်၏ ပခုံး ပေါ်သို့၊ လက်တစ်ဖက် ကျရောက် လာသည်။ ပြီးနောက် ပူနွေးသော ခံစား ချက်များ၊ ဝင်ရောက် လာလေသည်။

အရေး ကြီးသော အခိုက် အတန့်တွင်၊ လင်းယွန်၏ ခန္ဓာကိုယ် ထဲသို့၊ ရှင်းဂျူက မူလ စွမ်းအင်များ၊ ပေးပို့ လာခြင်း ဖြစ်သည်။

ရှင်းဂျူ မျက်နှာမှာ တည်ငြိမ် လွန်းပြီး၊ ဤအခြေ အနေတွင် စိတ် လှုပ်ရှားမှု တစိုးတစိ မျှပင် မရှိပေ။

လင်းယွန်၏ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ သွားစေရန်၊ မူလ စွမ်းအင် များအား၊ ထိန်းချုပ် ပို့ဆောင် ကာ၊ ခရမ်းရောင် မူလ စွမ်းအင် များကို၊ လှည့်ပတ် လာနိုင်သည် အထိ၊ လမ်းညွှန် ပေးနေ၏။

အသိ စိတ်များ၊ မှုန်ဝါး လာနေသော လင်းယွန်က၊ ရှင်းဂျူထံ ကြည့်ကာ၊ ' စီနီယာ အစ်ကို၊ ငါသေတော့ မှာလား' ဟု၊ ဖျော့တော့စွာ မေးယူ မိသည်။

" မင်း ဒီမှာ မသေ ပါဘူး။ "

ရှင်းဂျူက ပြုံးပြီး ပြန်ဖြေ၏၊ ပြီးနောက် သူ့ စကားကို ဆက်ပြော လာသည်။

“ ဒါပေမယ့် မင်း ကောင်းကောင်း နေရမယ်၊ ဒီနှစ် မကုန်ခင် နဂါး တံခါး ပြိုင်ပွဲ ဖွင့်လိမ့်မယ်၊ အဲ့ဒီ ပြိုင်ပွဲမှာ ငါတို့ အတူတူ ပါဝင်ပြီး၊ ပါရမီရှင် ရှစ်ပါး နေရာကို၊ ရယူ ကြရအောင်။ "

“ ငါ မလုပ်နိုင် သေးဘူး အစ်ကိုကြီး၊ သူတို့က ခရမ်းရောင် နန်းတော် နယ်မြေက၊ ကျွမ်းကျင်သူတွေကို သတ်ဖြတ် နိုင်တဲ့၊ ခွန်အားမျိုး ရှိနေကြတယ်၊ ဒါကို လုပ်ဖို့ ငါ့အတွက်၊ ဖိအား များလွန်း ပါသေးတယ်။ ”

နဂါး တံခါး ပြိုင်ပွဲ အကြောင်း ပြောပြီး သည်နှင့်၊ လင်းယွန်၏ မျက်နှာမှာ၊ တဖြည်းဖြည်း နီမြန်း လာသည်။

" မင်းကို ဘယ်သူ ပြောတာလဲ ....၊ မကြိုး စားရင် ဘယ်လို သိမလဲ၊ ကောင်းကောင်း နေထိုင်ပြီး ...၊ အဲဒါကို သိပ် မစဉ်းစား ပါနဲ့။ ”

ရှင်းဂျူက ပြုံးလျက် အားပေး လိုက်သည်။ ခရမ်းရောင် မူလ စွမ်းအင် များမှာ၊ သူ၏ လမ်းညွှန်မှု အောက်တွင်၊ တည်ငြိမ် လာနိုင်ပြီ ဖြစ်သောကြောင့်၊ အဆင်ပြေ လာပြီး ဖြစ်ကြောင်း၊ သူ သိသည်။

လင်းယွန်နှင့် စကား ပြောနေ စဉ်တွင်၊ ဒဏ်ရာများ ကိုပါ၊ ပြန်လည် ကောင်းမွန် လာစေရန် ကူညီ ပေးခဲ့သည်။

ရင်ဘတ် ပေါ်ရှိ ဒဏ်ရာ မှာမူ၊ ပြင်းထန် လွန်းသောကြောင့်၊ အချိန် အနည်းငယ် ယူရ ပေဦးမည်။

ခေါင်းဖြတ် ခံရသော အဘိုးအို၏ ခန္ဓာ ကိုယ်မှာ၊ မြေပြင် ပေါ်သို့ လဲကျ သွားသည်နှင့်၊ အသက် ဓာတ်များ ပျောက်ကွယ်ကာ၊ အေးစက် ဖြူလျော် သွားသည်။

ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီးအကဲ တစ်ဦး အသတ် ခံလိုက် ရကြောင်း၊ လူတိုင်းက ယခု မှပင် ယုံကြည် သွား ကြ၏။

တိုက်ပွဲ အတွင်း မပါ ဝင်သော၊ အကြီးအကဲ များနှင့် တပည့် များက၊ ထိုတိုက်ပွဲကို ကြည့်ကာ၊ အသက်ရှူ ကြပ်ကုန်သည်။

ဂိုဏ်းငါး ဂိုဏ်းကြား တိုက်ပွဲတွင်၊ ကျဆုံး မှုများ များစွာ၊ ရှိလာ ခဲ့သော်လည်း၊ အကြီး အကဲများ သေဆုံးခြင်း မရှိ ခဲ့ပေ။

ဤအဘိုးအို သည်သာ ပထမဆုံး သေဆုံးသွား သူ ဖြစ်သည်။ အများ စုမှာ ပြင်းထန်သော၊ ဒဏ်ရာ များသာ ရရှိ နေကြသည်။

ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ ပြိုင်ဘက် များကို သတ်ချင် ခဲ့သော်လည်း၊ များပြား လွန်းသော အရေ အတွက်ကြောင့်၊ ဆန္ဒ မပြည့် နိုင်ခဲ့ပေ။

ခရမ်းရောင် နန်းတော် နယ်မြေကို ရောက်ဖို့ ရန်၊ လွယ်ကူသည် မဟုတ်ရာ၊ ဂိုဏ်းတစ် ဂိုဏ်း လုံး၏ အခြေခံ အုတ်မြစ်မှာ၊ အကြီး အကဲများ ပေါ်တွင် မူတည်သည်။

ထို့ကြောင့် ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီး အကဲများ အရေ အတွက်သည်၊ ဂိုဏ်း တစ်ဂိုဏ်း၏ အနေ အထားကို ဆုံးဖြတ် ပေးသည်။

အကြီးအကဲ တစ်ယောက်ကို၊ ဆုံးရှုံး ရခြင်းသည် မူရွှန်းဟန်၊ ဘိုင်ယွီနှင့် ဂျင်ဂျူး တို့ကို ဆုံးရှုံး ရခြင်းထက်၊ ပို၍ အထိနာ စေ၏။

ခရမ်းရောင် နန်းတော် နယ်မြေတွင်၊ ကျင့်ကြံသူ အချင်းချင်း သတ်ရန် မလွယ်ကူ သော်လည်း၊ ယခု အခါတွင် အဘိုးအိုမှာ သူတို့ရှေ့ တွင်ပင် သေဆုံး သွားခဲ့ပြီ ဖြစ်သည်။

“ အိုး .... ဘယ်လောက်တောင် အလား အလာ ကောင်းလိုက်တဲ့ သူတွေလဲ၊ ဓားနန်းတော်က တကယ်ပဲ၊ အရည် အချင်း ရှိသူ တွေနဲ့၊ ပြည့်နှက် နေတယ်၊ လင်းယွန် ကိုယ်တိုင်က ကြောက်စရာ ကောင်းသလို၊ ရှင်းဂျူလည်း ရှိသေးတယ် …”

" သူဟာ ပါရမီရှင် ရှစ်ပါးကို၊ ယှဉ်နိုင်တဲ့ ခွန်အားမျိုး ပိုင်ဆိုင် ထားပြီလို့ ... ငါကြား မိထားတယ်။ "

" ဒီနှစ်ကုန် နဂါး တံခါး ပြိုင်ပွဲမှာ၊ ဓားနန်းတော်က ရှင်းဂျူကို ပို့လွှတ်ဖို့ စီစဉ် ထားတယ်။ ''

" သူ့မှာ အစွမ်း အစနဲ့၊ အရည် အချင်းတွေ ရှိနေတယ်။ "

“ လင်းယွန် ကိုလည်း လျှော့မတွက်နဲ့၊ သူအသုံး ပြုခဲ့တဲ့ နောက်ဆုံး တိုက်ခိုက်မှုက၊ ကြောက်စရာ ကောင်းတယ်၊ ဓားချင်း ယှဉ်ရင် ဘယ်သူ ကမှ၊ သူ့ပြိုင်ဘက် မဟုတ်တော့ မှာကို၊ ငါကြောက် မိတယ်။ ”

ဂိုဏ်း အသီးသီး၏ အကြီးအကဲ များနှင့် တပည့် များက၊ ၎င်းတို့၏ ကနဦး တုန်လှုပ် ခြောက်ခြား မှုများ အပြီးတွင်၊ အချင်းချင်း စတင် ဆွေးနွေး လာကြသည်။

မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်းရှိ၊ အကြီးအကဲ တစ်ယောက်က၊ သတ်ဖြတ် လိုသော ဆန္ဒများ အပြည့်ဖြင့်၊ တိုက်ပွဲကို လှမ်းကြည့် နေသည်။ သူက၊

" ဖန်းယီ ... ဓားနန်းတော်က ဆိုးရွားတဲ့ အနေ အထားမှာ၊ ရှိနေတယ် မဟုတ်လား၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းနဲ့၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းက၊ ဒီတိုက် ပွဲမှာ ပါဝင် လာမယ် လို့တော့၊ ငါမထင် တော့ဘူး၊ ဒါနဲ့ မင်းရော ဘယ်လို ထင်လဲ …”

မဟာချင် အင်ပါယာ နယ်နိ မိတ်တွင်၊ တည်ရှိ နေသော ဂိုဏ်း တစ်ဂိုဏ်း အနေဖြင့်၊ လူအများ အပေါ် လုယက် ခြင်းသည်၊ သူတို့ အတွက် လုပ်ရိုး လုပ်စဉ်သာ ဖြစ်သည်။

ဓားနန်းတော်မှာ တစ်ဦးတည်း ဖြစ်ပြီး၊ ဂိုဏ်း လေးဂိုဏ်းကို တပြိုက် နက်တည်း၊ ရင်ဆိုင်နေ ရသည်။

အနှေးနှင့် အမြန် ဆိုသလို၊ ရှုံးနိမ့် သွားပေ လိမ့်မည်။ ထို့ကြောင့် အကြီးအကဲက သည်အခွင့် အရေးကို အသုံး ချရန်၊ စဉ်းစား နေမိခြင်း ဖြစ်သည်။

မဟာချင် အင်ပါယာ၏ ဂိုဏ်းငယ် များက၊ ဓားနန်းတော် အတွက် ဒေါသ ဖြစ်နေ ကြသော်လည်း၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းနှင့်၊ လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း ကပင်၊ ရပ်ကြည့် နေသည့်နောက်၊ သူတို့ လုပ်ဆောင်ရန် မဝံ့ ကြတော့ပေ။

လင်းယွန်၏ သိုလှောင်အိတ်တွင်၊ ရတနာများ မည်မျှ ရှိသည်ကို၊ ဖန်းယီသာ အသိဆုံး ဖြစ်သောကြောင့်၊ အကြီးအကဲ စကားဖြင့်၊ သွေးဆောင်ခြင်း ခံခဲ့ ရသည်။

သို့သော် ကြာမိစ္ဆာ နယ်မြေ အတွင်း၊ လင်းယွန်နှင့် သူ၏ အပြန် အလှန် ဆက်ဆံ ရေးကို၊ ပြန်လည် သတိရ မိတိုင်း၊ သူ တုံ့ဆိုင်း သွားသည်။

လင်းယွန်ကို မသတ်နိုင် ပါလျှင်၊ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာ မည်ကို၊ သူ သိသည်မို့ လုယက်ဖို့ စိတ်ကူး ရှိသော်လည်း၊ အကြံ အစည်အား စွန့်လွှတ်ရန်၊ ရွေးချယ် လိုက်ရသည်။

သူက ခေါင်းခါ လိုက်ပြီး၊

“ မပူ ပါနဲ့၊ ဓားနန်းတော်က ရှုံးနိမ့် ခဲ့ရင်တောင်၊ ဓားထမ်း အကြီးအကဲက လင်းယွန်နဲ့ အတူ၊ ထွက်သွား နိုင်တယ်၊ ဘယ်သူမှ သူတို့ကို တားလို့ မရ နိုင်ဖူးလို့၊ ငါခံစား နေရတယ်၊ နောက်ပြီး …... ”

“ နောက်ပြီး ဘာဖြစ်လဲ။ ''

အကြီး အကဲက ရှုပ်ထွေး ဟန်ဖြင့်၊ ဖန်းယီကို ဖြတ်မေး လိုက်သည်။ ဖန်းယီက ပြုံးပြီး၊

“ ... သူတို့ရဲ့ ဘိုင်ယွီ၊ မူရွှန်းဟန်နဲ့ ဂျင်းဂျူက သေသွားပြီ၊ အနာဂတ်မှာ ဂိုဏ်းသုံး ဂိုဏ်းက၊ ငါတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင် တော့မလဲ၊ ကြာမိစ္ဆာ နယ်မြေ ကနေ၊ သစ်သီး တစ်လုံး ငါရထား သေးတယ်၊ အဲဒါကို မသန့်စင် ရသေး ပါဘူး။ "

မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်းသည်၊ တိုက်ပွဲတွင် မပါဝင် ခဲ့သော်ငြား၊ အမြင့်မား ဆုံးသော အောင်မြင်မှုကို ရရှိ နေသူ ဖြစ်သည်။ ယင်းကြောင့် သူတို့က၊ စွန့်စားဖို့ မလို အပ်ပေ။

သူတို့ တိုင်ပင် နေချိန်မှာပင်၊ ဆတ်သုန်း နေသော နယ်မြေ၌၊ အပြောင်း အလဲများ ရုတ်တရက် ဖြစ်ပေါ် လာသည်။

အဘက်ဘက်မှ လေခွင်း သံများ၊ ထွက်ပေါ် လာပြီး၊ လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေ၏။

ကောင်းကင်၌ တလူလူ လွင့်နေသော အလံ နှစ်စင်းတွင်၊ 'နတ်ဘုရား အစောင့်တပ်' ဟု ရေးသား ထား သည်ကို၊ တွေ့လိုက် ရသည်။

“ ဒါ နတ်ဘုရား အစောင့် တွေပဲ။ ”

ဖန်းယီ၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ မကြာခင် မှာပင် တစ်စုံ တစ်ရာကို တွေးမိ သွားပြီး၊ ချွေးစီးများ ဖုံးလွှမ်း လာတော့၏။

သို့သော် သူ့ မျက်နှာမှာ၊ ချက်ချင်းပင် ပြုံးရွှင် လာခဲ့ပြီး၊ ' မိစ္ဆာ မီးလျှံ ဂိုဏ်းက ပြီးဆုံး သွားပြီ ' ဟု၊ ရေရွတ် လိုက်လေသည်။

" ဘာတွေ ဖြစ်နေ တာလဲ။ "

မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်း၏၊ အကြီးအကဲက၊ သူ့စကားကို နားမလည် ဟန်ဖြင့်၊ ပြန်မေး လိုက်သည်။

" ကြည့်ပါ ပျော်စရာ ကောင်းလိမ့်မယ် .... "

ဖန်းယီက ပြုံးလိုက်သည်။ သူနှင့် နှိုင်းယှဉ် ပါလျှင်၊ ဂိုဏ်း အသီးသီး၏ အကြီးအကဲ များက ထိတ်လန့် နေ၏။

“ နတ်ဘုရား အစောင့် တွေက၊ အင်အား အပြည့်နဲ့၊ စစ်ချီ လာတာ ဘာလုပ် ကြ မလို့လဲ၊ …”

“ ဒါက ထူးဆန်းတယ်၊ နတ်ဘုရား အစောင့်တွေက၊ ဂိုဏ်းတွေရဲ့ ကိစ္စ ကြီးငယ် တွေမှာ၊ ဘယ်သော အခါမှ ဝင်မရှုပ် ကြဘူး၊ ပြီးတော့ ဒီနယ်မြေ အတွက်၊ သူတို့က လုံခြုံအောင် တာဝန် ယူနေ ရတာ မဟုတ်လား။ ”

" ဒါဆို ဘာလုပ်ဖို့ .... ကြိုးစား နေကြ တာလဲ"

လူအုပ်ကြီးက မျက်မှောင် ကြုတ်လျက်၊ နားမလည် နိုင်သော အမူအယာ များဖြင့်၊ နတ်ဘုရား အစောင့် များကို လှမ်းကြည့် နေကြသည်။

နတ်ဘုရား အစောင့် တပ်မှာ အင်ပါယာ၏ ထိပ်တန်း စစ်တပ် ဖြစ်သည်။ ၎င်းတို့သည် ဂိုဏ်းသား တပည့်ငယ် များနှင့်၊ တစ်ဦးချင်း ယှဉ်ပြိုင် နိုင်စွမ်း မရှိ သော်လည်း၊ စစ်ပွဲများ အတွင်း ကြီးပြင်း လာရ သောကြောင့်၊ တိုက်ပွဲ များတွင် ရှင်သန် နိုင်သော၊ အတွေး အခေါ်များ ထက်သန် ပေသည်။

အရေး အကြီး ဆုံးမှာ၊ နတ်ဘုရား အစောင့်တပ် များသည်၊ ဆိတ်သုန်း နေသော နယ်မြေ၌၊ နှစ် တစ်ထောင်ကြာ လည်ပတ် နေခဲ့သည်။

ဂိုဏ်းပေါင်း စုံမှ၊ စေလွှတ် ခံထား ရသော တပည့်ငယ် များမှာ၊ သေခြင်း တရား အပေါ်၊ ၎င်းတို့နှင့် ယှဉ်ပြိုင် နိုင်ရန်၊ နည်းလမ်း မရှိပေ။

အရိုး ရှင်းဆုံး ဆိုရ ပါမူ၊ နတ်ဘုရား အစောင့် များသည်၊ ဆိတ်သုန်း နေသော နယ်မြေတွင် အုပ်စိုးသူ ဖြစ်ပြီး၊ မည်သည့် ဂိုဏ်းကမျှ ၎င်းတို့နှင့်၊ ရင်ဆိုင် နိုင်ခြင်း မရှိဟု၊ ဆိုရ ပေမည်။

သူတို့ ဝင်ရောက် လာမှုကြောင့်၊ တိုက်ပွဲ ဖြစ်ပွား နေသော ဂိုဏ်း ငါးဂိုဏ်းမှာ၊ တစ်ပြိုင် နက်တည်း နောက်ဆုတ်သွား ကြသည်။

ရှေးဟောင်း တာအို ဂိုဏ်းနှင့် ကျန်သော ဂိုဏ်းသုံးဂိုဏ်းက၊ နတ်ဘုရား အစောင့် များကို ကြည့်ကာ၊ ဒေါသထွက် လာ၏။

သူတို့ အောင်ပွဲ ခံရန်၊ မဝေးကွာ လှသော အခိုက် အတန့်ကို၊ နတ်ဘုရား အစောင့် များက၊ ပျက်စီး စေခဲ့သည်။

အင်ပါယာ၏ အကောင်းမွန် ဆုံးသော စစ်တပ်ကို စေလွှတ်ကာ၊ မည်သည့် အရာ အတွက်၊ ကြိုးစား လာသည်ကို၊ မသိနိုင် ကြပေ။

ငွေရောင် ချပ်ကာနှင့်၊ ဒိုင်း တစ်ခုစီ ကိုင်ဆွဲ ထားသော၊ အစောင့် တပ်သား များက၊ ဂိုဏ်း ငါးဂိုဏ်းကို၊ ဝန်းရံ လိုက်ကြသည်။

၎င်းတို့သည် သတ်ဖြတ်ခြင်း၊ အရှိန် အဝါများ ပြည့်နှက် နေသော၊ အထက် တန်းစားများ ဖြစ်သည်။

တစ်ဦးချင်း စီတွင် အထင်ကြီး လောက်စရာ မရှိ သော်လည်း၊ ပေါင်းစည်း မိပြီးနောက်၊ ကြောက်မက်ဖွယ် ကောင်းလှ ပေသည်။

ဆုတ်ခွာရန် လမ်းကြောင်းများ အားလုံးကို ဖြတ်တောက် သည့် အနေဖြင့်၊ လေထဲတွင် ပျံဝဲ ပိတ်ဆို့ ထားသော ယဉ်ပါး ပြီးသား၊ နတ်ဆိုး သားရဲ များလည်း ရှိနေ ခဲ့သည်။

စုဖွဲ့မှု အတွင်း သံချပ် ကာဝတ်၊ အစောင့် တပ်သားများ လူစု ကွဲသွားကာ၊ နတ်ဆိုး သားရဲ မြင်း တစ်ကောင်ကို၊ အသားကျ စီးနင်း လာသော၊ စစ်သား တစ်ဦးက ရှေ့သို့ တိုးထွက် လာသည်။

သူ့ အကြည့် များက အေးစက် နေပြီး၊ တပ်ဆင် ထားသော ငွေရောင် မျက်နှာ ဖုံးကြောင့်၊ မျက်နှာ အမူ အရာကို မည်သူမျှ၊ မခန့်မှန်းနိုင်ခြေ။

သို့သော် ဤနေရာရှိ လူတိုင်းက၊ ယင်းကို သူ၏ ကိုယ်ပိုင် လက္ခဏာ အဖြစ်၊ အသိ အမှတ် ပြုထား ကြသည်။

" လျူ ဖေး လောင် ... "

လျူဖေးလောင်ကို အင်ပါယာ၏ ပျံသန်း နေသော နဂါးကြီး အဖြစ် ခေါ်ဆို ကြ၏။ သူ၏ ဖြစ်တည် မှုမှာ၊ မဟာချင် အင်ပါယာတွင်၊ အသန်မာ ဆုံးသော တည်ရှိ မှုမျိုး ဖြစ်သည်။

လျူဖေးလောင်မှာ လူမြင်ကွင်းမှ နှစ်ပေါင်း များစွာ ကြာအောင် ပျောက်ကွယ် နေခဲ့ဖူးသည်။

ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ကို ဖြတ်ကျော် ဝင်ရောက် ဖို့ရန်၊ ကျင့်ကြံ နေသည်ဟု ကောလ ဟာလများ၊ ထွက်ပေါ် နေခဲ့၏။

လျူဖေးလောင်ကို တွေ့လိုက် ရသည်နှင့်၊ ဓားထမ်း အကြီးအကဲ သည်လည်း၊ အံ့သြ သွားသည်။ သို့သော် သူ့ အကြည့်က လျူဖေးလောင် ဘေးတွင်၊ ရပ်နေသော လျူယွီ ထံသို့ အရောက်တွင်၊ မျက်မှောင်ကြုတ် သွားမိ၏။

လျူယွီ ကြောင့်လား။

လွန်ခဲ့သော နှစ်လ ခန့်က လျူယွီအား ဓားနန်းတော်မှ၊ ထုတ်ပယ် ခဲ့သည်။ မင်းသမီး မွေးနေ့ပွဲ အပြီးတွင်၊ သူမ၏ လုပ်ဆောင်ချက်များကို၊ ကာကွယ်သူ မက်မွန်က အမြင် ကြည်ခြင်း၊ မရှိ သောကြောင့် ဖြစ်သည်။

" ဗိုလ်ချုပ်လျူ၊ ဒါက ဘာ အဓိပ္ပာယ်လဲ။ "

မိစ္ဆာ မီးလျှံ ဂိုဏ်း၏ မဟာ အကြီး အကဲက၊ မျက်မှောင် ကြုတ်ကာ၊ မေးခွန်း ထုတ်လိုက်သည်။ အခြားသော ဂိုဏ်းများ၏ အကြီး အကဲ များစွာ ကလည်း၊ ကြေနပ်ပုံ မရချေ။

နောက်ဆုံးတွင် ၎င်းတို့၏ ဂိုဏ်းဝင် များကို စတေးပြီး၊ ဓားနန်းတော် အပေါ် တွန်းအား ပေးခဲ့ ရခြင်း ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရား အစောင့်များ၊ ဤကိစ္စတွင် ဝင်ရောက် စွက်ဖက်ခြင်း ဟူသောအချက်ကို၊ သူတို့ လက်မခံ နိုင်ကြပေ။

“ နတ်ဘုရား အစောင့်တပ်က... အင်ယာကို အလုပ် အကျွေး ပြုပေမယ့်၊ မင်းတို့ ဂိုဏ်းအချင်းချင်း အငြင်းပွား မှုတွေမှာ၊ ဘယ်တော့မှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ ... ''

'' ဒါပေမယ့် တော်ဝင် မိသားစု အပေါ်၊ သစ္စာ စောင့်သိ ရမယ်၊ ဒါကြောင့် နတ်ဘုရား အစောင့် တပ်က၊ တော်ဝင် မိသားစုကို ကိုယ်စား ပြုပြီး၊ မင်းက ငါတို့ရဲ့ ရန်သူ မဟုတ် သရွေ့ အဆင်ပြေ နေမှာပါ .... ''

အကြီးအကဲ တစ်ယောက်မှ ရှေ့သို့၊ တိုးကာ မေးမြန်း လာသော်လည်း၊ လျူဖေးလောင်က သူ့ကို လျစ်လျူရှု ခဲ့သည်။

“ မိစ္ဆာ မီးလျှံ ဂိုဏ်းနဲ့ မပတ်သက်တဲ့၊ ဘယ်သူ မဆို ... အခု ထွက်သွား သင့်တယ်။ ”

ယွီချင်းက နတ်ဆိုး သားရဲ မြင်းကို စီးလျက်၊ လူအုပ် ထဲမှ ထွက်လာပြီး၊ အော်ဟစ် သတိပေး လိုက်သည်။

ယင်းကြောင့် ဂိုဏ်း အသီး သီးရှိ၊ အကြီး အကဲများ အံ့သြသွား ကြ၏။

ဝမ်ရန်းဘိုက ချက်ချင်းပင်၊ သူ့ ဂိုဏ်းဝင် များကို အချက်ပြ လိုက်သည်။ ရှေးဟောင်းတာအိုဂိုဏ်း၏ အကြီးအကဲ များနှင့်၊ တပည့် များက၊ မိစ္ဆာ မီးလျှံ ဂိုဏ်းဖြင့်၊ အကွာ အဝေး တစ်ခု သတ်မှတ်ကာ၊ တိတ်တဆိတ် နောက်ဆုတ် လိုက်ကြသည်။

ပျက်စီးခြင်း ခုနစ်ပါး နန်းတော်နှင့်၊ သွေးရိုး တံခါးဂိုဏ်း သည်လည်း၊ တစ်စုံ တစ်ခု လွဲချော် နေပြီဟု၊ ခံစား လိုက်ရပြီး အမြန် ပြန်ဆုတ် သွားခဲ့သည်။

ဂိုဏ်း သုံးဂိုဏ်း ဆုတ်ခွာ လာသည်နှင့်၊

ဝန်းရံ ထားသော ဒိုင်းတပ်သား များက၊ အဝန်း အဝိုင်းကို ထပ်မံ ကျဉ်းမြောင်း စေရန်၊ ရှေ့သို့ တိုးလာ ကြသည်။

သိပ်မကြာခင် မှာပင်၊ မိစ္ဆာ မီးလျှံ ဂိုဏ်း တစ်ဂိုဏ်း တည်းသာ၊ 'ထီးတည်း' ကြီး ကျန်ရစ် ခဲ့တော့သည်။

ထိုမြင်ကွင်း ကြောင့် မိစ္ဆာ မီးလျှံ ဂိုဏ်း၏၊ အကြီးအကဲ များနှင့် တပည့် များက ထိတ်လန့်စ ပြုလာ၏။

သူတို့က 'နုံအ' သူများ မဟုတ် ကြရာ၊ နတ်ဘုရား အစောင့် များမှာ၊ သူတို့နှင့် အခြေအတင် ဖြစ်လာ တော့မည် ဖြစ်ကြောင်း၊ ခန့်မှန်းနိုင် ကြသည်။

မိစ္ဆာမီးလျှံ ဂိုဏ်း၏ မဟာ အကြီး အကဲ တစ်ယောက်က၊ ရှေ့သို့ လှမ်းလာပြီး ပြုံးရယ် ပြကာ၊

" ဗိုလ်ချုပ်၊ နားလည်မှု လွဲနေ တာလား၊ ငါ .... ''

သို့သော် သူ့စကား မဆုံး ခင်တွင်၊ လျူဖေးလောင်က ရုတ်တရက် လှုပ်ရှား လိုက်၏။

မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ၊ မိစ္ဆာ မီးလျှံ ဂိုဏ်း၏ အကြီးအကဲ ခန္ဓာ ကိုယ်မှာ၊ မြေပြင်ပေါ် ခွေကျ သွားလေသည်။

လျူဖေးလောင် လှုပ်ရှား သွားမှန်း၊ မည်သူမျှ မမြင် လိုက် ရပေ။

မြေပြင်ပေါ် လဲကျ နေသော၊ မိစ္ဆာ မီးလျှံ ဂိုဏ်း၏ မဟာ အကြီးအကဲ ဦးခေါင်းတွင်၊ စူးရှသော ထိုးသွင်းရာ တစ်ခုအား မြင်မှ သာလျှင်၊ လျူဖေးလောင်က တိုက်ခိုက် လိုက်ကြောင်း၊ သိရှိ ကုန်ကြသည်။

“ သူတို့ကို အသက် မရှင် စေနဲ့ ... တစ်ယောက် မကျန် အကုန် သတ်။ "

နတ်ဘုရား အစောင့် များကို၊ ယွီချင်းက အေးစက်စွာ ညွှန်ကြား လိုက်လေသည်။

***

All Chapters