ကန့်လန့်ကာ နောက်ကွယ်တွင်။
Vol. 28 Ch. 385
မြေပြင်ပေါ် လဲကျ သေဆုံး သွားသော၊ မိစ္ဆာ မီးလျှံ ဂိုဏ်း၏ မဟာ အကြီးအကဲကြောင့်၊ လူအုပ်ကြီးမှာ တိတ်ဆိတ် သွားကုန်သည်။
“ သူတို့ကို အသက် မရှင် စေနဲ့ ... တစ်ယောက် မကျန် အကုန် သတ်။ "
နတ်ဘုရား အစောင့် များကို၊ ယွီချင်းက အေးစက်စွာ ညွှန်ကြား လိုက်လေသည်။
ရက်ရက် စက်စက် သတ်ဖြတ် နေသော၊ သားသတ်ပွဲ မြင်ကွင်း တစ်ခု ဖြစ်ပြီး၊ နာကျင် ညည်းတွား သံများမှာ၊ အချိန် အတော် ကြာအောင်၊ ပျံ့လွင့် နေခဲ့သည်။
မိစ္ဆာ မီးလျှံ ဂိုဏ်းသည်၊ ဓားနန်းတော်နှင့် တိုက်ပွဲတွင်၊ ကြီးမားသော ဆုံးရှုံး မှုကို၊ ခံစား ခဲ့ရပြီး ဖြစ်သောကြောင့်၊ နတ်ဘုရား အစောင့် များ အပေါ်၊ မည်သို့မျှ ခုခံ နိုင်စွမ်း မရှိ တော့ပေ။
ထို့ပြင် သူတို့၏ မဟာ အကြီးအကဲကို၊ လျူဖေးလောင်မှ သတ်ပစ် လိုက်ခြင်းဖြင့်၊ မျှော်လင့် ချက်များ၊ မဲ့သွား စေခဲ့သည်။
နတ်ဘုရား အစောင့် များက သူတို့ကို ဝိုင်းထား သောကြောင့်၊ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။
သွေးမုန်တိုင်း ကြားတွင် အော်ဟစ် သံများ ပဲ့တင် ထပ်နေ ပေသည်။
မိစ္ဆာ မီးလျှံ ဂိုဏ်းမှာ ဓားပြ များနှင့် တူပြီး၊ သူတို့၏ တပည့်များမှာ၊ မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံ သူများ ဖြစ်ကြသည်။
ကြာမိစ္ဆာ နယ်မြေ အတွင်း၊ ၎င်းတို့၏ လုပ်ရပ် များမှာ လူတိုင်း၏ ဒေါသအား နှိုးဆွ ခဲ့သည်။
ထို့ကြောင့် လူတိုင်းက သည်ပွဲကို ကြည့်ရာ၌၊ သနား ငဲ့ညှာ ခြင်းများ အစား၊ အပျော် များပင် ဝင်ရောက် လာပေသည်။
နတ်ဘုရား အစောင့် များက ဂိုဏ်းများ ကြားတွင်၊ မည်သည့် အခါမျှ ဝင်ရောက် စွက်ဖက်ခြင်း မရှိ သည်မှာ မှန်၏။
လုပ်ဆောင် လိုလျှင်ပင်၊ အရိပ်ထဲ ကသာ ကြိုးကိုင် ပေလိမ့်မည်။ ဂိုဏ်း တစ်ဂိုဏ်း လုံးကို၊ ဤကဲ့သို့ လူသိ ရှင်ကြား သုတ်သင် ကြသည်မှာ၊ ကြုံတောင့် ကြုံခဲ ပေပင်။
အစောင့် တပ်သားများ ပြန်လည် ဆုတ်ခွာ သွားချိန်တွင်၊ စစ်မြေပြင်၌ အလောင်း များသာ ကျန်ရစ် ခဲ့တော့သည်။
သွေးရိုး တံခါး နှင့် ပျက်စီးခြင်း ခုနစ်ပါးနန်းတော် တို့သည် ဤမြင်ကွင်းကြောင့် ထိတ်လန့် သွား၏။
မိစ္ဆာ မီးလျှံ ဂိုဏ်းကို သုတ်သင် ပြီးနောက်၊ နတ်ဘုရား အစောင့် များက ဆုတ်ခွာ သွားခဲ့ရာ၊ သူတို့အား စိတ် သက်သာရာ ရစေ ခဲ့သည်။
နတ်ဘုရား အစောင့် များက သူတို့ အတွက် လာပုံ မရချေ။ သို့သော် ဓားနန်းတော်ကို၊ လှမ်းကြည့် မိလိုက်သော၊ သူတို့ မျက်နှာ များမှာ၊ ဆိုးရွား သွားသည်။
အစောပိုင်း သင်ခန်း စာများ အရ၊ လင်းယွန်ကို သတ်ဖြတ် ရာ၌၊ နတ်ဘုရား အစောင့် များ ဝင်ရောက် စွက်ဖက်လာ နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ရန် သတ္တိ မရှိ ကြတော့ပေ။
" ဗိုလ်ချုပ်လျူ၊ ငါတို့ကို ဒီအရှုပ် အထွေး ကနေ လွတ်မြောက်အောင်၊ ကူညီ ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်"
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ လက်ဝှေ့ ယမ်းကာ ဆိုသည်။
" ကျေးဇူးတင် တာလား .... အဲဒီ အစား မင်းရဲ့တပည့် လင်းယွန်ကို ကျေးဇူး တင်ပါတယ်၊ သူ့ကြောင့်သာ မဟုတ်ရင် 'ယွီအာ' က၊ ဒီလူတွေရဲ့ လက်ထဲကို ရောက်သွား ရလိမ့်မယ်၊ ငါ့သမီးကို စော်ကားဖို့၊ ကြိုးစား တာက သေမင်းကို ဖိတ်ခေါ် တာနဲ့ အတူတူပဲ၊ ဒါကြောင့် ငါလုပ် သမျှဟာ သူတို့ရဲ့ ဆန္ဒကို၊ ဖြည့်ဆည်း ပေးရုံ သက်သက်ပါ။ ”
ငွေရောင် မျက်နှာဖုံး နောက်ကွယ်ရှိ၊ လျူဖေးလောင်၏ အမူအရာကို မည်သူမျှ မမြင်နိုင်သော်လည်း၊ သူ့ စကား များက လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။
ထိုစကားကို ပြန်ကြား လိုက်ရ သည်နှင့်၊ လူအုပ်ကြီး အတွင်း၊ အချင်းချင်း ဆွေးနွေး သံများ၊ ထွက်ပေါ် လာသည်။
ဆိတ်သုန်း နေသော နယ်မြေ တစ်ခုလုံး၊ ချက်ချင်းပင် ရုတ်ရုတ် သဲသဲ ဖြစ်သွား တော့၏။
“ မိစ္ဆာ မီးလျှံ ဂိုဏ်းက တကယ်ပဲ၊ သေမင်းကို ဖိတ်ခေါ် ခဲ့တာပဲ။ ''
“ သူတို့ရဲ့ တပည့် တွေက၊ ရဲရင့် တယ်လို့ ငါကြား ဖူးတယ်၊ ဒါပေမယ့် ဗိုလ်ချုပ် လျူရဲ့ သမီးကို ရန်စတဲ့ အထိတော့ ...၊ စိတ်ကူး မယဉ်ခဲ့ သင့်ဘူး။ ”
“ နဂါး ဗိုလ်ချုပ်က ဒီကိစ္စကို လက်တုန့်ပြန် ခဲ့တာ အံ့သြ စရာ မရှိ ပါဘူး၊ မဟုတ်ရင် အနာဂတ်မှာ ဘာဖြစ်မယ် ဆိုတာ၊ ဘယ်သူ သိမလဲ။ ”
“ မိစ္ဆာ မီးလျှံ ဂိုဏ်း အတွက်၊ အဲဒါက ထိုက်တန် ပါတယ်၊ အခုတော့ ဓားနန်းတော်ရဲ့ အကျပ် အတည်းကို၊ ဖြေရှင်း ပြီးသားလည်း ဖြစ်သွားပြီ မဟုတ်လား။ ”
“ မိစ္ဆာ မီးလျှံ ဂိုဏ်းက၊ လျူယွီကို စော်ကားဖို့ ကြိုးစား ပြီးမှတော့၊ သေခြင်း တရားက လိုက်ပါ လာတာ၊ မစမ်း ပါဘူး။ "
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ နတ်ဘုရား အစောင့်များ ပြန်လည် ဆုတ်ခွာ သွား ပြီးနောက်၊ နက်နဲစွာ တွေးတော မိသွားသည်။
သူ့ဘေးတွင် ရပ်နေသော လျိုဖန်းက၊ ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးလိုက်ပြီး၊
" ဒီ လျူယွီကို ... လွန်ခဲ့တဲ့ နှစ်လက ငါတို့ မောင်းထုတ် ခဲ့တယ်၊ ဒါပေမယ့် သူက ဒီနေ့ ငါတို့ကို ကယ်တင်မဲ့ သူ၊ ဖြစ်လာ လိမ့်မယ်လို့ ငါ မထင် ထားမိဘူး။ "
“ အင်း .... ငါတို့ တကယ် ကံကောင်း ပါတယ်၊ လျူဖေးလောင်ရဲ့ ခွန်အားက၊ ပိုလို့တောင် နားမလည် နိုင်တော့ဘူး။ ”
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ သက်ပြင်း ချလျက် ပြန်ဖြေ လိုက်သည်။
" သူ့ရဲ့ ခွန်အားကို အကြီးအကဲ ချင်ဇူအိုတောင်၊ မမြင် နိုင်ဖူးလား။ "
လျိုဖန်းက အံ့သြ သွားသည်။
“ အင်း ... ငါ မလုပ်နိုင် ခဲ့ဘူး၊ သူက အနည်း ဆုံးတော့ ကာကွယ်သူ မက်မွန်နဲ့၊ အဆင့် တူမှာရှိတယ်။ ”
ခိုကိုး ရာမဲ့ အမူ အယာဖြင့်၊ ဓားထမ်း အကြီးအကဲ ချင်ဇူအိုက ပြန်ဖြေသည်။
လျူဖေးလောင်က မိစ္ဆာ မီးလျှံ ဂိုဏ်း၏၊ မဟာ အကြီး အကဲကို မည်ကဲ့သို့ သတ်လိုက် သည်အား၊ သူ မမြင် နိုင်ခဲ့ပေ။
" သွား ကြ ရ အောင်။ "
ဓားနန်းတော် အပေါ် အရေး ယူခြင်း ကိစ္စမှာ၊ မဖြစ် နိုင်တော့ကြောင်း သိပြီးနောက်၊ ဝမ်ရန်းဘိုက ထွက်သွားဖို့ ဆုံးဖြတ် လိုက်သည်။
ထို့ကြောင့် ဂိုဏ်းငါး ဂိုဏ်းကြား တိုက်ပွဲမှာ၊ နောက်ဆုံးတွင် ပြီးဆုံး သွားရ လေပြီ။
သို့သော် ယနေ့ ပြသ ခဲ့သော၊ လင်းယွန်၏ ခွန်အားက လူတိုင်း အပေါ်၊ လေးနက်သော အထင်ကြီး မှုကို၊ ချန်ထား ခဲ့သည်။
“ ဒီကောင်လေးက တကယ်ပဲ၊ အသက်ရှင် နေတုန်း ပါလာ … သူ ကံကောင်း လွန်းတယ်။ ”
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ အကြီးအကဲက သက်ပြင်း ချကာ ဆိုလိုက်သည်။
" ကဲ ငါတို့လည်း သွားကြ ရအောင်။ "
လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းတွင်၊ ရွှန်းဝူဟန်က လင်းယွန်နှင့် ရှင်းဂျူ တို့အား စိုက်ကြည် နေသည်။ သူ့ စိတ်ထဲ၌ အနည်းငယ် အားကိုးရာ မဲ့နေ သကဲ့သို့၊ ခံစား နေရ၏။
မဟာချင် အင်ပါယာတွင်၊ သူတို့ နှစ်ဦး၏ ကြီးထွား လာမှုကို သည်နေ့ ပြီးနောက်၊ မည်သူမျှ ရပ်တန့် နိုင်မည် မဟုတ်ပေ။
ရှင်းဂျူ၏ ခွန်အားမှာ၊ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိ နေပြီး၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီးအကဲ တစ်ဦးကို၊ အမှန် တကယ် ပြန်လည် တွန်းလှန် နိုင်ခဲ့သည်။
ဆိုလို သည်မှာ ရှင်းဂျူသည်၊ ပါရမီရှင် ရှစ်ပါး၏ ခွန်အား မျိုးနှင့်၊ ယှဉ်နိုင်တော့ မည်ဟု ဆိုလိုသည်။
ယခု နှစ်ကုန်၊ နဂါး တံခါး ပြိုင်ပွဲတွင်၊ ထိပ်ဆုံး (၃)ဦး အဆင့်သို့၊ ဝင်ရောက်ရန် အလား အလာ ရှိပေ၏။
လင်းယွန် ကမူ ယခုနှစ် နဂါး တံခါး ပြိုင်ပွဲ၌ မပါဝင် နိုင်ခဲ့ လျှင်ပင်၊ နောက်တစ်ကြိမ်၌ ချန်ပီယံ ဖြစ်ဖို့ရန်၊ သူ့အတွက် ပြဿနာ ရှိနိုင်မည် မဟုတ်ပေ။
သည်အချိန်တွင် ဓားနန်းတော်၏ ဂုဏ်သတင်းကို မည်သူမှ တားဆီး နိုင်လိမ့်မည် မဟုတ်ပေ။
ဂိုဏ်းအသီး သီးက တရွေ့ရွေ့ ထွက်ခွာ သွားနေကြ စဉ်၊ ဓားနန်းတော်အား ရှုပ်ထွေးသော အကြည့် များဖြင့်၊ လိုက် ကြသည်။
အကယ်၍ သူတို့သာ အစောပိုင်း အချိန်၌၊ ဓားနန်းတော်အား ကူညီ ခဲ့မည် ဆိုပါလျှင်၊ ယင်းအတွက် အကျိုး ရှိလာ နိုင်ပေမည်။
သို့သော် ဘဝ၌ ' အကယ်၍' ဆိုတာ မရှိပေ။ ဖြစ်ပြီး ခဲ့သမျှ အတိတ်သာ ဖြစ်သည်။ ၎င်းကို ပြောင်းလဲရန် နည်းလမ်း မရှိပေ။
လင်းယွန်နှင့် ရှင်းဂျူ တို့ အနီးမှ ဖြတ်သွားသော အခါတွင်၊ လျူယွီက မျက်နှာပျက် သွားသည်။
လင်းယွန်၏ ရင်ဘတ် ပေါ်ရှိ၊ ကြောက်မက် ဖွယ်ရာ ခွဲဖွင့် ခံထား ရသော ဓားဒဏ်ရာကို ကြည့်ပြီး၊ အနည်းငယ် တုံ့ဆိုင်း သွားသော်လည်း၊ ဒဏ်ရာကို စစ်ဆေးရန် မြင်းပေါ်မှ ခုန်ချ လိုက်၏။
သို့သော် ခုန်ဆင်း ရန်ပြင် လိုက်သော သူမအား၊ လျူဖေးလောင်က မျက်ဝန်း များဖြင့် ဟန့်တား လိုက်သည်ကြောင့်၊ မြင်းပေါ် မှ မဆင်းရဲ တော့ပေ။
သူမက 'လင်းယွန်၊ အဆင်ပြေ ရဲ့လား' ဟုသာ မေးနိုင် ခဲ့သည်။
" ငါ သေတော့မှာ မဟုတ် ပါဘူး။ "
လင်းယွန်က သူမကို ပြန်လည် ခေါင်းညိတ် ပြသည်။
“ သွား ကြ စို့ ...”
လျူဖေးလောင်က ညွှန်ကြား လိုက်သည်။ သူ့အကြည့် များက လင်းယွန် ထံတွင်၊ ရပ်တန့် သွားခြင်း မရှိဘဲ၊ ရှင်းဂျူ ကိုသာ အနည်းငယ် ကြာအောင် စိုက်ကြည့် လိုက်သည်။
တစ်ဖက်တွင်၊ လျူယွီက နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ တောင်းပန်သည့် အကြည့်ဖြင့်၊ ထွက်ခွာ သွား ရလေသည်။
“ ကြည့်ရတာ သူက မင်းကို စိတ်ဝင်စား နေပုံပဲ၊ ဒါပေမယ့် မင်းက နည်းနည်း လေးတောင်ဂရု စိုက်ပုံ မရဘူး။ "
ရှင်းဂျူက ပြုံးလျက် ဆိုလိုက်သည်။ ရှင်ဂျူး စကား အပေါ်၊ လင်းယွန်က တုန့်ပြန်မှု မပေး ခဲ့ပေ။
သူ့ နှလုံးသား ဆန္ဒ အရ၊ လျူယွီကို ခရီးသွား ဟန်လွှဲ ကူညီ ပေးခဲ့ ခြင်းသာ ဖြစ်သည်။ သူ့နေရာ၌ ရှင်းဂျူ ဆိုပါ လျှင်လည်း၊ ထိုသို့ ကူညီ ပေးလိမ့် မည်ဟု၊ သူ ယုံကြည်သည်။
သို့သော် လျူယွီ အတွက်၊ သူ့တွင် ကောင်းမွန်သော အမြင် ရှိသည်ဟု၊ မဆို လိုပေ။
သူ့ အမြင်ကို ချက်ခြင်း ပြောင်းလဲ ဖို့ရန်၊ မည်သို့မှ မဖြစ် နိုင်သော်လည်း၊ သူတို့အား ကူညီပေး ခဲ့သော လျူယွီအား၊ တကယ်ပင် ကျေးဇူး တင်မိသည်။
ထို့ကြောင့် လျူယွီ၏ ပုံရိပ်သည် သူ့နှလုံးသား ထဲ၌၊ စတင် ပြောင်းလဲ လာ၏။
“ အိုး .... ဟုတ်သား၊ ရော့... မင်းရဲ့ ဓားကို ပြန်ယူလို့ ရပြီ။ "
ရှင်းဂျူက ဓားကို ဓားအိမ်ထဲ ပြန်စွပ်ပြီး ပေးလာသည်။ လင်းယွန်က ရှင်းဂျူ လက်ကို တွန်းလွှတ် လိုက်ပြီး၊
"အကိုကြီး၊ ကျေးဇူး ပြုပြီး ... ဒီလို မလုပ်ပါနဲ့၊ သွေးအရိုး တောအုပ်နဲ့၊ အခု အပါ အဝင် အခု နှစ်ကြိမ် တိတိ၊ မင်းက ငါ့ကို ကယ်တင် ခဲ့ပြီးပြီ၊ ဒီဓားကို စီနီယာ အစ်မ ရှင်းယန် အတွက်၊ အစက ရည်ရွယ် ခဲ့တာပါ၊ ဒါပေမယ့် မင်းလက်ထဲ ပိုသင့် တော်ပုံ ရတယ် .... "
" .... ပြီးတော့ မင်းငါ့ကို တစ်ကြိမ် ငြင်းခဲ့ပြီး ပြီမို့၊ ထပ်မငြင်း စေချင် တော့ဘူး။ "
ရှင်းဂျူက တိတ်ဆိတ် သွားသည်။ နဂါး မီးလျှံ သစ်သီး အကြောင်း၊ လင်းယွန် ပြောနေမှန်း သူသိသည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး၊
" ဒါဆို ငါ မင်းနဲ့ ယှဉ်ပြီး၊ ယဉ်ကျေး မနေ တော့ဘူး။ "
ဂိုဏ်းငယ် အများ စုမှာ နာရီဝက် အတွင်း၊ ထွက်ခွာ သွားကြ သော်လည်း၊ ဓားနန်းတော် ကမူ ထွက်ခွာ သွားခြင်း မရှိ သေးချေ။
အကြီးအကဲ များ၏ ထက်ဝက် ခန့်သည် ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ပြီး၊ အနည်းဆုံး တစ်လခွဲ ကြာသည့်တိုင်၊ တိုက်ပွဲ ဝင်နိုင် တော့မည် မဟုတ်ပေ။
သင်းထောက် အယောက် လေးဆယ်တွင်၊ တစ်ဆယ့် ရှစ်ယောက် အပြင်၊ မြေကြီး အဆင့်ရှိ တပည့် ရှစ်ဦး ကိုလည်း၊ ဆုံးရှုံး ခဲ့ရသည်။
၎င်းတပည့်များ အနက်၊ သုံးဆယ့် ခြောက်ဦး၊ ဒဏ်ရာ အပြင်း အထန် ရကာ၊ ငါးဆယ်ကျော်မှာ အပေါ့စား ဒဏ်ရာ များဖြင့်၊ ကျန်ရစ် ခဲ့သည်။
လူတိုင်း နီးပါး၊ အတိုင်း အတာ တစ်ခု အထိ၊ ဒဏ်ရာ ရရှိ ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့ အနီးတွင်၊ ဓားထမ်း အကြီး အကဲသာ မရှိ ပါက၊ အသေ အပျောက် စာရင်း၊ ပိုလာ နိုင်ပေမည်။
စခန်း ချရာ အရပ်သို့ ပြန် အရောက်တွင်၊ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ သူ ရိတ်သိမ်း နိုင်ခဲ့ သမျှ၊ အားလုံးကို ဆွဲထုတ် လိုက်သည်။
ရှင်းယန်နှင့် ကျန်သူများ သည်လည်း၊ ၎င်းတို့၏ ရိတ်သိမ်းမှု အချို့အား၊ ဂိုဏ်းထံ ပေးအပ် နေခဲ့သည်။
ထုံးစံ အတိုင်း၊ ဂိုဏ်းက သူတို့ကို စွမ်းဆောင်ရည် ရမှတ်ဖြင့်၊ လျော်ကြေး ပေးပေ လိမ့်မည်။
ဂိုဏ်းနှင့် တပည့် များကြား၊ ရှင်သန်ရန်အတွက်၊ အချင်းချင်း မှီခို ကြရ ပေ၏။
လင်းယွန်က ရာပေါင်း များစွာသော၊ ကြာနက် အမြုတေ များကို၊ မြေပြင်ပေါ် ပုံချ လိုက်သည်။
တောင်ငယ် တစ်လုံးစာ ခန့်ရှိသော၊ ကြာနက် အမြုတေ များစွာကို ကြည့်ကာ၊ ဓားထမ်း အကြီးအကဲ မှတပါး၊ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။
သို့သော် ယင်းမှာ အစသာ ဖြစ်ကြောင်း၊ သူတို့ မသိပေ။ နောက်ထပ် ရတနာ မျိုးစုံကို၊ မြင်လိုက် ရသော အခါ မှသာလျှင်၊ ဓားထမ်း အကြီးအကဲ မျက်နှာမှာ၊ ပြောင်းလဲ သွား၏။
၎င်းတို့မှာ မပြည့် စုံသော ရှေးဟောင်း သိုင်းပညာ ရပ်များ၊ ဒါဇင် များစွာသော ဝိညာဉ် အဆင့် ဆေးလုံးများ၊ သစ်သီး ငါးမျိုး၊ ဂျင်ဂျူး၏ စကြာဝဠာ အဆင့် ရှေးဟောင်း ဆေဘာဓား တစ်လက်၊ ပန်ချီကား တစ်ချပ်၊ ရှေးဟောင်း ဝိုင်အိုး တစ်အိုး၊ ဖျာတစ်ချပ်၊ ဆေးကြိုအိုး တစ်အိုး၊ နံ့သာအိုး တစ်အိုး၊ ဓား ထိန်းသိမ်းရာ 'နားခိုခြင်း ဘူးသီးခြောက်' တစ်လုံးနှင့်၊ အခြားသော ရတနာ မျိုးစုံတို့ ဖြစ်သည်။
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ ရတနာ များကို ကြည့်ကာ၊ သက်ပြင်း ချ လိုက်ပြီး၊
“ ဂိုဏ်းလေး ဂိုဏ်းက၊ လက်ချင်း ချိတ်တာ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ သူတို့ နေရာမှာ ငါ ဆိုရင်လည်း၊ ဒီလို လုပ်မိမှာ အမှန် ပါပဲ၊ ... ဒီရတနာ တွေက တကယ်ကို ဆွဲဆောင် နိုင်လွန်းတယ်။ ''
“ စီနီယာ အစ်ကိုကြီးကို ပေးခဲ့တဲ့ ဓားနဲ့၊ ကြာနက် နန်းတော် ထဲမှာ သန့်စင် မိခဲ့တဲ့၊ ဆေးလုံးတွေ အပြင်၊ ဒီတပည့် ရိတ်သိမ်း နိုင်ခဲ့တဲ့၊ အရာ အားလုံး ဒီမှာပါ။ ''
လင်းယွန်က သူ့ လက်ကို ယမ်းကာ၊ ရတနာ အပုံ ကြီးအား၊ ညွှန်ပြ လိုက်သည်။ ယခင်က လွှဲပြောင်း ပေးရန်၊ ရည်ရွယ်ချက် မရှိသော အရာ အချို့ ရှိခဲ့ သော်လည်း၊ အသေ အပျောက် စာရင်းကို၊ ရေတွက် နေသော လျိုဖန်းအား ကြည့်ကာ၊ စိတ်ပြောင်း သွားခဲ့သည်။
“ အားလုံးကို ပေးဖို့ မလို ပါဘူး။ ”
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးလျက် ဆိုသည်။
“ ... ဂိုဏ်းရဲ့ စည်းမျဉ်း စည်းကမ်းတွေ အရ၊ မင်းကို စွမ်းဆောင်ရည် ရမှတ်နဲ့၊ ဝိညာဉ်ကျောက်စိမ်းတွေ၊ လျော်ကြေး ပေးလိမ့်မယ်၊ ဒီရတနာတွေ အားလုံး အတွက်၊ ဂိုဏ်းက လျော်ကြေး ပေးဖို့၊ ဝိညာဉ် ကျောက်စိမ်း လုံလုံ လောက်လောက် ရှိမယ် မထင်ဘူး …”
“ ... ဒါဆို ဘာလျော် ကြေးမှ မပေး ပါနဲ့၊ ဂိုဏ်းကြောင့်သာ မဟုတ်ရင်၊ တပည့်က ဒီမှာ အသက်ရှင် ကျန်ရစ် နိုင်မှာ၊ မဟုတ် ပါဘူး။ ”
ဂိုဏ်းက သူ့ကို ကာကွယ် လိုခြင်း မရှိ ပါက၊ သူ သေရ ပေလိမ့်မည်။ သူ့ စကား များက အဓိပ္ပာယ် ရှိသော်လည်း၊ ဓားထမ်း အကြီး အကဲကို၊ ခက်ခဲသော အနေ အထားသို့၊ တွန်းပို့ လာခဲ့သည်။
ဓားနန်းတော်သည် သဘာဝ အားဖြင့်၊ ၎င်းတို့၏ တပည့် များ အပေါ်၊ အခွင့်ကောင်း ယူမည်၊ မဟုတ် သော်လည်း၊ လင်းယွန်က ပေးဆောင်ရန်၊ ကြံရွယ်နေ သောကြောင့်၊ မည်သို့ ဆက်လုပ် ရမည်ကို၊ သူ မသိ ခဲ့ပေ။
ထိုအချိန်တွင် လျိုဖန်း ပြုံးကာ၊
" အကြီးအကဲ ချင်ဇူအို ...၊ ဒါကို မင်းဘယ်လို ထင်လဲ၊ ဒီရတနာတွေ ထဲက အချို့ကို၊ တပည့်တွေ ဖြန့်ဝေ ပေးရအောင်၊ ဂိုဏ်းအတွက် ကတော့ ... ကြာနက် အမြုတေ နည်းနည်းနဲ့၊ နည်းစနစ် တွေရှိတယ်၊ အဲဒါတွေ လောက်တော့ လင်းယွန် အတွက်၊ ဝိညာဉ် ကျောက်စိမ်း အဖြစ်၊ ပြန်ပေး အပ်ဖို့ လုံလောက် မယ်လို့၊ ငါ ယုံကြည် ပါတယ်။ ”
“ ကောင်းပြီ ဒီနည်းလမ်းက အဆင် ပြေမယ်၊ လင်းယွန် ... ငါတို့ တပည့် တွေကို ဝေမျှဖို့၊ မင်းဘယ်လို ထင်လဲ။"
ဓားထမ်း အကြီး အကဲက ပြုံးကာ၊ မေးလိုက်သည်။ ဤအစီ အစဥ်ကို ငြင်းပယ်၍ မရမှန်း သူ သိသောကြောင့်၊ လင်းယွန်က ခေါင်းညိတ် ပြသည်။
သူက ရှေ့သို့ လှမ်းလိုက်ပြီး၊ 'ရေခဲ တိမ်လွှာ' ဆေး ပုလင်းကို ကောက်ယူ လိုက်သည်။ သူ၏ ကျင့်ကြံ မှုမှာ၊ အချိန် အတော် ကြာအောင်၊ ပိတ်မိ နေဦးမည် ဖြစ်ရာ၊ သူ့အပေါ် သက်ရောက်မှု များစွာ၊ ရှိလာမည် မဟုတ် သော်လည်း၊ ယင်းဆေးလုံး များသည် ဓားသုတ္တန်နှင့် ကိုက်ညီ ပေ၏။
အခြေခံ အားဖြင့် အနည်းငယ်၊ အသုံး ဝင်ခဲ့ လျှင်ပင် အဆင် ပြေသည်။ ထို့နောက် ဓား သိမ်းဆည်းရာ 'နားခိုခြင်း ဘူးသီးခြောက်' နှင့်၊ ဝိုင်အိုးကို ထပ်ယူ လိုက်၏။
ဓားထမ်း အကြီးအကဲက လင်းယွန် ကောက်ယူ လိုက်သော အရေ အတွက်မှာ၊ အလွန် နည်းပါး သောကြောင့်၊ မျက်ခုံးပင့် သွားသည်။
သူ့လက်ကို ဝှေ့ယမ်းပြီး၊ ရှေးဟောင်း စကြာဝဠာ လက်နက်ကို၊ လင်းယွန်ထံ ပေးပို့ လိုက်၏။
“ ဂိုဏ်းမှာ ဆေဘာဓားကို အသုံးပြု တဲ့သူ မရှိဘူး၊ ဒါကြောင့် ဒါကို မင်းသိမ်းထား နိုင်ပါတယ်၊ ဒါနဲ့ ဒဿမ အဆင့်မှာ ... မင်းဘာတွေ ကြုံခဲ့လဲ။ "
ဒဿမ အဆင့်သည်၊ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်သောကြောင့်၊ လူတိုင်းက လင်းယွန်၏ အဖြေ အပေါ် အာရုံ စိုက်လာ ကြ၏။
လင်းယွန် အတွက်မူ မည်သည့် နေရာမှ၊ စတင် ရမည်ကို မသိ သဖြင့်၊ အချိန် အတော် ကြာအောင်၊ စဉ်းစား နေမိ လေသည်။
***