← Chapters

လှည့်ကွက် များနှင့် ရွေ့လှည့်။

Vol. 28 Ch. 387

လှည့်ကွက် များနှင့် ရွေ့လှည့်။

Vol. 28 Ch. 387

ခန္ဓာကိုယ် ထဲသို့ ငြင်သာစွာ၊ စိမ့်ဝင် လာသော စွမ်းအင် စီးကြောင်း များကြောင့်၊ နာကျင် မှုများ အားလုံး ပျောက်ကွယ် သွားသလို၊ ခံစား လိုက်ရသည်။

ခဏ အကြာတွင် ပင်ပန်း နွမ်းနယ် မှုများ လွှမ်းခြုံ သွားကာ၊ အသိ စိတ်များ တဖြည်းဖြည်း မှုန်ဝါး လာပြီး၊ အိပ်ပျော် သွားသည်။

လင်းယွန် အိပ်ပျော် သွားသည်နှင့်၊ ရှင်းယန်ကအချိန် အတော်ကြာ၊ စိုက်ကြည့် နေ ပြီးနောက်၊ လှည့်ထွက် သွားတော့သည်။

အာရုဏ်ဦး ရောင်နီ ထွက်ပေါ် လာချိန်တွင်၊ လင်းယွန်၏ မျက်လုံးများ ပြန်ဖွင့်လာ ခဲ့သည်။ အိပ်ရေး ဝဝ အိပ်စက် ပြီးနောက်၊ အလွန် စိတ်သက် သာရာ ရသွား၏။

ဒဏ်ရာများ ဆီ၌ နာကျင် မှုများ၊ ရှိမနေ တော့ပေ။ သူ့ခန္ဓာ ကိုယ်တွင် ပြင်ပ ဒဏ်ရာများ အပြင်၊ အတွင်း ဒဏ်ရာ များလည်း၊ ရရှိ ခဲ့သည်။ အနည်းငယ် လှုပ်ခတ် သွားလျှင်ပင်၊ နာကျင် ခဲ့ရသည်။

အသက်လု နေရခြင်း ကြောင့်သာ၊ နာကျင်မှုအား ဂရုမစိုက် မိခြင်း ဖြစ်၏။ သို့သော် ယခု ပြန်လည် သက်သာ လာသော အခါတွင်၊ သူ ခံစား ခဲ့ရသော၊ နာကျင်ခြင်း များမှာ၊ ပျောက်ကွယ် သွားသည်။

ယခု ချိန်တွင် ဒဏ်ရာ တစ်ဝက် နီးပါးခန့်၊ ပြန်လည် သက်သာ လာပြီဟု၊ ခံစား မိသည်။ ကျင့်ကြံ သူများ အတွက်၊ အိပ်စက် ခြင်းမှာ မလို အပ်ပေ။

ယင်းအစား တရား ထိုင်ခြင်း နှင့်၊ ကျင့်ကြံခြင်း တို့ကို၊ ပြုလုပ် နိုင်မည် ဖြစ်သည်။

ကျင့်ကြံ သူများ အတွက် အိပ်စက် ခြင်းသည် ပျင်းရိသော ဇိမ်ခံ ခြင်းသာ ဖြစ်၏။ ကြာမိစ္ဆာ နယ်မြေ၌ ရှိစဉ်တွင်၊ တစ်မှေးမျှ အိပ်စက်ခြင်း မပြု ခဲ့ပေ။

ရှင်းယန်က သူ့အပေါ် ငဲ့ညှာ နေမှန်း သိသောကြောင့် ပြုံးလိုက်သည်။ အဝတ် အစားများ လဲလှယ် ပြီးသည် အထိ၊ အခြား သူများမှာ ထွက်သွားမည့်၊ အရိပ် အယောင်များ မရှိသည်ကို၊ သတိ ထားလိုက် မိသည်။

ဆိုလို သည်မှာ မွန်းတည့် ချိန်မှသာ ထွက်ခွာ သွားဖွယ် ရှိ၏။ ထို့အတွက် ကြောင့် ပစ္စည်းများ ထုပ်ပိုးရန်၊ အလျင် စလို မရှိ ခဲ့ဘဲ၊ သိုလှောင်အိတ် အတွင်းမှ ပစ္စည်း လေးခုကို၊ ထုတ်ယူ လိုက်သည်။

ရေခဲ တိမ်လွှာ ဆေးပုလင်း၊ ဝိုင်တစ်အိုး၊ ဘူးသီး ခြောက်နှင့် ဆေဘာဓား တစ်လက် ဖြစ်သည်။

ကြာမိစ္ဆာ နယ်မြေမှ ထွက်လာသော အခါ၊ သူ့တွင် ရတနာ အမြောက် အမြား ရှိသော်လည်း၊ ဂိုဏ်းထံ လွှဲပြောင်း ပေးခဲ့သည်။

သူ့ကို ကာကွယ်ရန် အတွက်၊ ဂိုဏ်း၌ အသေ အပျောက် များပင် ကြုံခဲ့ ရသောကြောင့်၊ ၎င်းတို့အား ပြန်ပေး ဆပ်ရ မည်မှာ၊ သဘာဝ ပေပင်။

ထို့အပြင်၊ ကြာမိစ္ဆာ နယ်မြေ၌၊ သူက များစွာ အကျိုး ရှိခဲ့ပြီ ဖြစ်သည်။ ယင်းကြောင့်ပင် ဓားထမ်း အကြီးအကဲက သူ့ကို ရွေးခိုင်းသည့် အချိန်တွင်၊ ရတနာသုံး ခုကိုသာ ကောက်ယူ မိသည်။

ဆေဘာဓားမှာ ဓားထမ်း အကြီးအကဲက၊ သူ့အား အတင်း အကြပ်၊ ပြန်လည် ပေးအပ် ခဲ့သော အရာ ဖြစ်သည်။

ဤသို့ ပြန်လည် တွေးယူ ခြင်းဖြင့်၊ အတွင်း စိတ်၌ လုပ်ရပ်များ အပေါ်၊ သူ့ကိုယ်သူ လုံခြုံ လာမိသည်။ ယင်းမှာ ဓားသမား များအတွက်၊ အလို အပ်ဆုံး အရာ ပေပင်။

လင်းယွန်က ပြုံးလိုက်သည်။ ဂိုဏ်း အနေဖြင့် သူ့အား ဆုံးရှုံး နစ်နာ မှုများ၊ တက်နိုင် သမျှလျော့ချ ပေးချင် နေခဲ့သည်။

ဓားနန်းတော်တွင် ဆေဘာဓားကို မည်သူမျှ အသုံး မပြုကြ သော်လည်း၊ ဤဓားသည် အလွန် တန်ဖိုး ရှိသည် ဖြစ်ရာ၊ သိမ်းယူ ထား၍ ရပေသည်။

တစ်ဖက်တွင် ကျင့်ကြံ မှုမှာ၊ လတ်တလော တိုးတက် နိုင်ဦးမည် မဟုတ်ကြောင်း၊ သူ သိသည်။

ထို့ကြောင့် ဆေးလုံး များကို သိမ်းဆည်း ခြင်းဖြင့်၊ သူ့ အတွက် အသုံး ဝင်မည် မဟုတ်ပေ။ သို့သော် ရေခဲ တိမ်လွှာ ဆေးလုံးသည်၊ ဓားသုတ္တန်ကို အောင်မြင်မှု တစ်ခု ရရှိရန်၊ ကူညီ ပေးနိုင်သည်။

၎င်းအရာ များထက် 'နားခိုခြင်း ဘူးသီး ခြောက်'ကို၊ ပို၍ စိတ်ဝင်စား မိသည်။ ယင်းမှာ ရှားပါး ရတနာ ဖြစ်၏။

ရတနာ များနှင့် ရှေးဟောင်း ပစ္စည်း များမှာ မတူပေ။ လက်စွပ်များ၊ ဘုရား ဆင်းတုများ၊ ကြေးမှုန် မှန်ချပ်များ၊ ဆေးကြို အိုးများ ကဲ့သို့သော အရာ များကို၊ ရတနာဟု ခေါ်ဆို ကြသည်။

၎င်းကို ပိုင်ဆိုင်ခွင့် တောင်းဆိုရန် အတွက် သွေးများ ကြဲချ ရပေမည်။ 'နားခိုခြင်း ဘူးသီး ခြောက်'ကို၊ 'ဓား မွေးမြူသော ဘူသီး ခြောက်' ဟုလည်း၊ ခေါ်ဆို နိုင်၏။

ဓား တစ်လက်ကို အာဟာရ ဖြည့်ပေး နိုင်ပြီး၊ ပို၍ အစွမ်းထက် လာစေသော ရတနာ တစ်ပါး ပေပင်။

ဘူးသီးခြောက် အစို့ကို၊ ဖွင့်ထုတ်လိုက် သည်နှင့်၊ အိပ်ဆောင်တဲ အတွင်း ထက်ရှသော အရှိန် အဝါများ နှင့်အတူ၊ လေပြင်းများ တိုက်ခတ် လာသည်။

သွေး တစ်စက်ကို ချလိုက် ပြီးနောက်၊ ဘူးသီးခြောက်ကို အသုံးပြု လိုပါက၊ ရတနာ မြောက်များစွာ လိုအပ်မည် ဟူသော၊ ခံစားချက်များ ဝင်ရောက် လာသည်။

မဆိုင်း မတွဘဲ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို၊ ဘူးသီးခြောက် ထဲသို့ ပစ်ထည့် လိုက်၏။

ဝိညာဉ် ကျောက်စိမ်း များမှာ၊ ဘူးသီး ထဲသို့ ရောက်သည်နှင့်၊ ကြေမွသွား ပြီးနောက် ပြန်လည် အန်ချ လာသည်။

ဆိုလို သည်မှာ ဝိညာဉ် ကျောက်စိမ်း များဖြင့်၊ နားခိုခြင်း ဘူးသီး ခြောက်ကို၊ အသက် မသွင်း နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။

'' ဒါက ..... ''

မေ့စေ့အား ပွတ်လျက် သူ့ ကြည့်မှာ၊ ဝိုင်အိုး ပေါ်ကို ကျရောက် သွားသည်၊ ရုတ်တရက် စိတ်ထဲ အတွေး တစ်စ၊ ဖြစ်ပေါ် လာပြီး ဘူးသီး ထဲသို့၊ ဝိုင်များ လောင်းထည့် လိုက်သည်။

ဘူးသီးခြောက် အတွင်းမှ ထက်ရှသော အရှိန် အဝါမှာ၊ ပိုမို တောက်ပ လာပြီး၊ ၎င်းကို ပို၍ပင် သိပ်သည်း ပြတ်ထင် လာစေ၏။

စတုတ္ထတန်း ဝိုင်သည် ဝိညာဉ် ကျောက်စိမ်း များထက်၊ ပို၍ အဖိုးတန် သော်လည်း၊ ဘူးသီး ခြောက်ထဲ၌ ပျောက်ကွယ်သွား လေသည်။

ဝိုင်ကို လောင်းထည့် လိုက်ခြင်း ကြောင့်၊ ဘူးသီး ခြောက်မှာ၊ ပို၍ လေးလံ လာသည်ကို သူ ခံစား လိုက်ရသည်။ သို့သော် ဘူးသီးခြောက်၏ ဆယ်ပုံ တစ်ပုံပင် မပြည့် သေးပေ။

အနည်းငယ် စဉ်းစား လိုက်ကာ၊ မျောက်ဝိုင်များ ထုတ်ယူပြီး၊ ဘူးသီးခြောက် ထဲသို့ ထပ်မံ လောင်းထည့် လိုက်သည်။

ဘူးသီး ခြောက်ထဲ တစ်ဝက်ခန့် ပြည့်လာမှ သာလျှင်၊ မျောက်ဝိုင် လောင်းထည့် ခြင်းကို၊ ရပ်နား မိသည်။

" ရ ပြီ ..... ။ "

ဓားများကို သည်နည်းဖြင့်၊ ထိန်းသိမ်း နိုင်မည်ဟု ခံစား မိ၏။ ပန်းသင်္ချိုင်းဓား အပြင်၊ သူသတ် ခဲ့သော ရန်သူများ ထံမှ သိမ်းယူ ထားသော တော်ဝင် လက်နက် အချို့ ရှိနေ သေးသည်။

သိုလှောင်အိတ်ကို ညင်သာစွာ ပွတ်သပ် ပြီးနောက်၊ ဓားရှည် ခုနစ် လက်ကို ထုတ်ယူ လိုက်သည်။ ၎င်းတို့ အားလုံးသည် အလယ် အလတ် တန်းစား၊ တော်ဝင် လက်နက်များ ဖြစ်၏။

ထိုလက်နက် များမှာ ဓားနန်းတော်ရှိ တပည့်များ အတွက်ပင်၊ သင့်တော်သော ဓားများ ဖြစ်သည်။

'' သွား .....။ ''

မူလ စွမ်းအင်ကို ဘူးသီးခြောက် ထဲသို့၊ လောင်းထည့် လိုက်သည်။ ရုတ်တရက် စူးရှ တောက်ပသော အလင်းများ ထွက်ပေါ် လာပြီး၊ ဓား ခုနစ်စင်းအား စုပ်ယူရန် ကြိုးစား လိုက်သည်။

သို့သော်လည်း၊ ဓားရှည် များကို မဆွဲ ယူမီ၊ အနည်းငယ် လှုပ်ခါ သွားခဲ့သည်။

( အဆင့် သတ်မှတ်ချက် မလုံလောက် ဖူးလား။ )

အံ့သြ နေချိန်တွင်၊ အားပြင်းသော စုတ်ယူမှုတစ်ခု ထွက်ပေါ် လာပြီး၊ ဓားရှည် များကို ဘူးသီး ထဲသို့၊ စုပ်ယူ လိုက်၏။

တော်ဝင် လက်ရာ များမှာ၊ ဘူးသီးခြောက် အတွက် အလွန် ညံ့ဖျင်း နေပုံ ရသည်။

သို့သော် ၎င်းတို့သည် လက်နက်များ ဖြစ်နေ သရွေ့၊ စကြာဝဠာ လက်ရာ အမျိုးမျိုး ကိုပင်၊ သိမ်းဆည်း ထားနိုင်မည် ဖြစ်၏။

ဘူးသီး ခြောက်ကို လှုပ်ခါ ကြည့်လိုက်ရာ၊ ဓားရှည် များနှင့် ဘူးသီးခြောက်၊ တဖြည်းဖြည်း ပေါင်းစပ် လာသည်ကို၊ သူ ခံစား ရသည်။

ဝိုင်ကို အသုံး ပြုကာ၊ ဓားရှည် များကို ထပ်ခါ ထပ်ခါ၊ သန့်စင် ပေးသော ခင်းကျင်းမှု တစ်ခု၊ ဘူးသီးခြောက် ထဲ၌ ရှိ၏။

ဓားရှည်ကို ပြန်လည် ထုတ်ယူရန်၊ ကြိုးစား လိုက်သော အခါတွင်၊ ၎င်းကို ပြန်မထုတ် နိုင်တော့ကြောင်း၊ သိလိုက် ရသည်။

ဆိုလို သည်မှာ အာဟာရ ဖြည့်တင်းခြင်း၊ လုပ်ငန်းစဉ် မပြီးပြတ် သေးဟု၊ အဓိပ္ပါယ် ရ၏။

ဘူးသီး ခြောက်၏ မူလနှင့် ပတ်သတ်၍၊ နားမလည် နိုင်ပေ။ ယင်း၌ သမိုင်းကြောင်း ကြီးကြီး မားမား ရှိရ ပေမည်။ ပို၍ သန်မာလာ သည်နှင့် အမျှ၊ ဖြည်းဖြည်းချင်း ဖော်ထုတ် မည်ဟု၊ တေးမှတ် ထားလိုက်သည်။

ဘူးသီး ခြောက်ကို ပြန်လည် သိမ်းဆည်း လိုက်ပြီး၊ နဂါးသွေး မြင်းပေါ် ခုန်တက်ကာ၊ ထွက်ခွာရန် ပြင်နေသော အဖွဲ့ ထံသို့၊ ဦးတည် လိုက်၏။

အပြန် ခရီး၌ အဖွဲ့ အတွင်းရှိ လူတိုင်း၊ ဒဏ်ရာ များနှင့် ပြည့်နှက် နေခဲ့သည်။ အဆုံးမဲ့ တောင်တန်း ကြီးကို၊ ဖြတ်ကျော်သော အခါတွင်၊ ပို၍ သတိ ထားရန် မှတပါး၊ ရွေးချယ် စရာ မရှိ တော့ပေ။

ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ ဖုံးလွှမ်း နေပြီး၊ တောင်တန်း တစ်လျှောက်၊ ကျယ်လောင်သော သားရဲ ဟောက်သံ များကို၊ ရံဖန် ရံခါ ကြားနေ ရသည်။

အဆုံးမဲ့ တောင်တန်း အလယ် ဗဟိုရှိ၊ နတ်ဆိုး သားရဲ များမှာ၊ ကြောက်မက်ဖွယ် ကောင်းသော ကြောင့်၊ မည်သူမျှ သတိ မမူဘဲ၊ မပြု ဝံ့ကြပေ။

ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ နတ်ဆိုး သားရဲ များနှင့်၊ ထိပ်တိုက် တွေ့ဆုံ ခြင်းသည်၊ သာမန်ပင် ဖြစ်၏။

ဓားနန်းတော်သည် များပြား လှသော၊ အသေ အပျောက် ဒဏ်ကို၊ ခံစား ခဲ့ရပြီး ဖြစ်သောကြောင့်၊ နောက်ထပ် ဆုံးရှုံးမှု များအား၊ လက်မခံ လိုတော့ပေ။

ဓားထမ်း အကြီး အကဲ ချင်ဇူအိုက၊ အဖွဲ့ကို ဦးဆောင်ပြီး၊ တစ်စုံ တစ်ရာ လွဲချော်နေ သည်ဟု၊ သူခံစား ရချိန် တိုင်းတွင်၊ ကောင်းကင် တိမ်လွှာ ဓားအား၊ ဆွဲထုတ်မည် ဖြစ်သည်။

ဆယ်ရက် အကြာတွင်၊ အနက်ရောင် မြူများ ဖုံးလွှမ်း နေသော နေရာသို့၊ ရောက်ရှိ လာကြသည်။

အနက်ရောင် မြူများ အတွင်း အဆိပ် မြူများ ရောပါ နေပြီး၊ ယင်းမြူများ အတွင်းမှ၊ ထွက်ပေါ် လာတက်သော ဟောက်သံ များမှာ၊ သူတို့ကို ကြောက်ရွံ့ လာစေ၏။

ဤနေရာနှင့် ပတ်သက်၍၊ အလေး အနက် ထားသောကြောင့်၊ လင်းယွန်က မျက်မှောင် ကြုတ် လိုက်သည်။

၎င်းသည် ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ဘုရင် အဆင့်ရှိ နတ်ဆိုး သားရဲ များ၏၊ နေအိမ် ဖြစ်သည်။

သို့သော် ဂိုဏ်းကို ပြန်ရန် ဤနယ်မြေအား ဖြတ်သန်း ရပေမည်။ သို့မဟုတ် ပါလျှင်၊ အချိန် များစွာ ယူရပေ လိမ့်မည်။

ထို့ကြောင့်၊ ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ အလာ ခရီး စဉ်တွင် ဘုရင် အဆင့်ရှိ၊ နတ်ဆိုး သားရဲအား ဆုတ်ခွာ စေရန်၊ 'ကောင်းကင် တိမ်လွှာ ဓား' ကို၊ အသုံးပြု ခဲ့ရသည်။

အဖွဲ့၏ ရှေ့ဆုံးမှ အကြီးအကဲ များက၊ ယင်းနယ်မြေအား ကျော်ဖြတ် ခြင်းမှာ၊ ခက်ခဲသော စိန်ခေါ်မှု တစ်ရပ် ဖြစ်သည်ကို၊ သိရှိထား သောကြောင့်၊ လေးနက်သော အမူ အရာများ ထုတ်ဖော်ထား ကြသည်။

" ဘာလို့ ရှောင်ကွင်း မသွားရ တာလဲ။ "

လျိုဖန်းက မေးလိုက်သည်။ အခြား သူများထက် ပို၍၊ ဓားထမ်း အကြီးအကဲ ချင်ဇူအိုမှာ၊ ယခင် တိုက်ပွဲတွင် ဒဏ်ရာများ ရရှိခဲ့ သည်ကို၊ သူ သိသည်။

အကြီးအကဲ တစ်ယောက် အနေဖြင့်၊ သူ့ဒဏ်ရာ အပေါ် နုရွ ချင်ပုံ မရပေ။

ဓားထမ်း အကြီးအကဲက၊ လမ်းတစ်လျှောက် အသေ အပျောက် များကို လျော့ချရန်၊ သူ့ဓားကို အကြိမ်ကြိမ် ဆွဲခဲ့ ရသည်။

ဆိုလို သည်မှာ၊ အထွတ် အထိပ် အခြေ အနေ၌ မရှိ တော့ဘဲ၊ ယခု အချိန်တွင် အလွန် အားနည်း နေပြီဟု ဆိုလိုသည်။

“ ရှောင်ကွင်း သွားဖို့ မတတ် နိုင်ဘူး၊ အဲဒါက တစ်လ ခွဲလောက် ပိုကြာ လိမ့်မယ်၊ ဒီခရီးမှာ ငါ့ ခံစားချက်တွေ မကောင်းဘူး၊ ဒါကြောင့် တတ်နိုင် သမျှ၊ အမြန်ဆုံး ဂိုဏ်းထဲကို ပြန်သွား နိုင်ရင်၊ အကောင်းဆုံး ပါပဲ။ ”

ပတ်ဝန်း ကျင်အား အဆက် မပြတ် အကဲခတ် နေလျက်ဖြင့်၊ ဓားထမ်း အကြီး အကဲက ဆိုသည်။

သို့သော် အခြားသော အကြီးအကဲ များနှင့်၊ ကွဲလွဲသော အမြင် ဖြစ်လာ၏။

ရှောင်ကွင်း သွားလာ ခြင်းသည်၊ အချိန် ပိုကုန်မည် ဆိုလျှင်ပင်၊ ပညာ ရှိသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်သည်ဟု၊ သူတို့က ယူဆ နေကြသည်။

အဖွဲ့၏ နောက်ဆုံးတွင်၊ လိုက်ပါ လာသော တန်တုံ၊ လင်းယွန်နှင့် အခြား သူများ မှာလည်း၊ တစ်စုံ တစ်ရာ မှားယွင်း နေသည်ဟု၊ ခံစား ခဲ့ရသည်။ တန်တုံက၊

" ငါတို့ ဘာလို့ ရပ်လိုက် တာလဲ။ "

“ ရှေ့မှာ အကြီးအကဲတွေ ...၊ သဘောထား ကွဲလွဲ နေပုံ ရတယ်။ ”

ဟု လင်းယွန်က ပြန်ဖြေသည်။

နောက်ဆုံးတွင်၊ ၎င်းတို့ ရင်ဆိုင် ရမည့် အန္တရာယ်မှာ၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်သောကြောင့်၊ အနည်းငယ် ချွတ်ချော် သွားပါက၊ အုပ်စု အတွင်း များစွာသော၊ အသေ အပျောက်များ၊ ရှိလာမည် ဖြစ်သည်။

ထို့ပြင်၊ ဓားထမ် အကြီး အကဲ၌၊ အထွတ် အထိပ် ခွန်အားမျိုး မရှိ တော့ကြောင်း၊ လင်းယွန်က ခန့်မှန်းနိုင် သောကြောင့်၊ ဤကိစ္စနှင့် ပတ်သက်၍၊ အတွေးများ ပိုရှိ လာခဲ့သည်။

သို့မဟုတ် ပါက တခြားသော အကြီးအကဲ များနှင့်၊ သည်ကိစ္စ အပေါ်၊ ငြင်းခုံ နေစရာ အကြောင်း မရှိပေ။

အချိန်များ တရွေ့ရွေ့ ကုန်လာ သဖြင့် သင်းထောက် များနှင့်၊ တပည့်များ ကြားတွင်၊ မသက် မသာ ဖြစ်စေသော ခံစား ချက်များ၊ ဝင်ရောက် လာသည်။

ထိုအခိုက် အတန့်တွင၊ အနက်ရောင် အဆိပ် မြူများ အတွင်းမှ၊ ကျယ်လောင်သော ဟောက်သံ တစ်သံ ထွက်ပေါ် လာပြီး၊ မြေပြင် တစ်ခုလုံး ယိမ်းထိုး သွားလေသည်။

အဖြစ် အပျက်ကို နားမလည် နိုင်ခင်တွင်၊ အနက်ရောင် အဆိပ် မြူများ ထဲမှ ခေါင်းတစ်လုံး ပြူထွက် လာ၏။

၎င်းသည် ဦးခေါင်း ပေါ်၌၊ ဦးချို တစ်ချောင်း ပါရှိသော၊ ဧရာမ စပါးအုံး မြွေကြီး တစ်ကောင် ဖြစ်သည်။

နီမြန်းသော မျက်လုံး များက၊ လူတိုင်းကို ကျော်ဖြတ်၍၊ ဓားထမ်း အကြီးအကဲ ချင်ဇူအို ထံ ရပ်တန့် သွား၏။

ရန်သူများ အတွင်း ခြိမ်းခြောက် နိုင်စွမ်းသော၊ ပြိုင်ဘက်ကို ရှာတွေ့ သွားပုံ ရလေပြီ။

စပါးအုံး မြွေ၏ အရှိန်အဝါ အောက်တွင်၊ သူတို့ အဖွဲ့၏ နတ်ဆိုး မြင်းများမှာ၊ အဆင်မပြေသော ခံစားချက် များဖြင့်၊ ရုန်းကန် လာတော့၏။

သူတို့ သည်သာ မက၊ စီးနင်း ထားသော ဓားနန်းတော် အဖွဲ့ ဝင်များ မှာလည်း၊ စိတ်မသက် မသာ ဖြစ်စေသော၊ ခံစားချက် များနှင့် အတူ၊ ကြောက်ရွံ့ မှုများ စတင် ဝင်ရောက် လာသည်။

***

All Chapters