ဒုက္ခများ၊ ထပ်မံ၍။
Vol. 28 Ch. 388
အနက်ရောင် အဆိပ် မြူများ ထဲမှ၊ ဧရာမ စပါးအုံး မြွေကြီး တစ်ကောင်၊ ထွက်ပေါ် လာသည်။
စပါးအုံး မြွေ၏ အရှိန်အဝါ အောက်တွင်၊ သူတို့ အဖွဲ့၏ နတ်ဆိုး မြင်းများမှာ၊ အဆင်မပြေသော ခံစားချက် များဖြင့်၊ ရုန်းကန် လာတော့၏။
သူတို့ သည်သာ မက၊ စီးနင်း ထားသော ဓားနန်းတော် အဖွဲ့ ဝင်များ မှာလည်း၊ စိတ်မသက် မသာ ဖြစ်စေသော၊ ခံစားချက် များနှင့် အတူ၊ ကြောက်ရွံ့ မှုများ စတင် ဝင်ရောက် လာသည်။
ဦးခေါင်း ပေါ်ရှိ ဦးချို များတွင်၊ လျှပ်စီးများ တဖျပ်ဖျပ် လက်နေကာ၊ နဂါး အဖြစ်သို့ ပြောင်းလဲ တော့မည့်၊ လက္ခဏာများ ပြသနေသည်။
တူညီသော ကျင့်ကြံမှု တွင်ရှိသော၊ နတ်ဆိုးသားရဲ များကို၊ ၎င်းတို့၏ အစွမ်းသတ္တိ အပေါ် မူတည်၍၊ ကွဲပြားသော အဆင့်များ သတ်မှတ် ထားခဲ့ ကြသည်။
၎င်းတို့မှာ သာမာန် အဆင့်၊ အထက် တန်းစား အဆင့်၊ အုပ်စိုးရှင် အဆင့်၊ ဘုရင် အဆင့် ဟူ၍ ဖြစ်၏။
ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ဘုရင် အဆင့် သားရဲ မဆိုနှင့်၊ အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် သည်ပင်၊ ပြောစရာ မလိုလောက်အောင် ကြောက်စရာ ကောင်းလေသည်။
ဓားထမ်း အကြီးအကဲ ချင်ဇူအိုမှာ၊ အထွတ် အထိပ် အခြေ အနေ မျိုး၌၊ မရှိ တော့သည် ဖြစ်ရာ၊ ယခင်က ကဲ့သို့ မိုးကြိုး စပါးအုံး မြွေကို၊ ကောင်ကင် တိမ်လွှာ ဓားဖြင့်၊ မောင်းထုတ် နိုင်ခြင်း၊ ရှိ မရှိ မသေချာ တော့ပေ။
ကြီးမား လှသော ဦးခေါင်းကို တွေ့လိုက် ရသော အခါတွင်၊ လူတိုင်းက စိတ် တထင့်ထင့် ဖြစ်လာ ကြသည်။
“ ငါ ဒီလမ်းက ဖြတ်သွား ရုံပါ၊ ငါတို့ ဒီမှာ ကြာကြာ နေမှာ မဟုတ် ပါဘူး၊ ငါ့စကား တွေကို မင်းနားလည် နိုင်မယ်လို့၊ ငါယုံကြည် မိတယ်။ ”
ဓားထမ်း အကြီး အကဲက၊ ညှိနှိုင်းရန် ကြိုးစား လိုက်သည်။ ဤအဆင့်ရှိ နတ်ဆိုး သားရဲ တစ်ကောင်မှာ၊ လူ့စကား များကို နားလည် နိုင်ပေ၏။
သို့သော် မိုးကြိုး စပါးအုံး မြွေက၊ ပါးစပ် ဆီမှ လျှာကို၊ တစ်လစ် တစ်လစ် ထုတ်ကာ၊ ဓားထမ်း အကြီးအကဲ ချင်ဇူအိုကို၊ လောဘ ကြီးစွာဖြင့်၊ စိုက်ကြည့် လာခဲ့သည်။
ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ ဤသားရဲသည် အထွတ် အထိပ် အခြေ အနေ၌၊ မရှိကြောင်း သူ သိသည်။
ဆိုလို သည်မှာ မိုးကြိုး စပါးအုံး မြွေမှာ၊ ဒဏ်ရာ ရရှိ နေပြီးနောက်၊ ကလဲ့စား ချေဖို့ရန်၊ သည်နေရာသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။
သို့မဟုတ် သူ့ကို မျိုချရန်၊ ကြံရွယ် နေခဲ့ သည်လည်း ဖြစ်နိုင်၏။ လူသား ကျင့်ကြံသူ များက၊ နတ်ဆိုး သားရဲ အမြုတေ များကို သန့်စင် ခြင်းဖြင့်၊ ၎င်းတို့၏ ကျင့်ကြံ မှု အပေါ်၊ တိုးမြှင့် နိုင်သည်။
ထို့အတူ နတ်ဆိုး သားရဲများ သည်လည်း၊ လူသား ကျင့်ကြံသူ များကို စားသုံးကာ၊ ၎င်းတို့၏ ခွန်အားကို တိုးပွားစေ နိုင်သည်။
မိုးကြိုး စပါးအုံး မြွေ အတွက်၊ ဓားထမ်း အကြီးအကဲ ချင်ဇူအိုမှာ၊ စားကောင်း သောက်ဖွယ်၊ အားဆေး တစ်လုံး ဖြစ်လေသည်။
ထို့ကြောင့် အကြောင်း ပြန်ခြင်း မရှိဘဲ၊ သူ့ မေးရိုးကို ဖွင့်ကာ၊ အဆိပ် ပြင်းသော တံတွေးများဖြင့်၊ ပစ်ခတ် လိုက်၏။
" မင်း သေချင် နေတာပဲ။ "
ဓားထမ်း အကြီး အကဲက၊ ကောင်းကင် တိမ်လွှာ ဓားကို ဆွဲထုတ် လိုက်ပြီး၊ လွှဲယမ်းကာ၊ အဆိပ် ပြင်းသော တံတွေး များအား၊ ခွဲထုတ် ပစ်လိုက်သည်။
တိုက်ပွဲက အစသာ ဖြစ်သည်။ အဆိပ် ရှိသော တံတွေးများ၊ မပျောက်ကွယ် မီတွင် မိုးကြိုး စပါးအုံး မြွေက၊ ထပ်မံ ပစ်လွှတ် လိုက်ပြန်သည်။
တိုက်ပွဲမှာ ပြင်းထန် လှပြီး၊ မီတာ တစ်ထောင်ပတ်လည်ရှိ သစ်ပင်များ အားလုံး၊ မြေပြင်ပေါ်သို့ ပြိုလဲ ကုန်၏။
သက်ရောက် မှုများ အနေဖြင့်၊ မြေပြင်တွင် အက်ကြောင်းများ ပြန့်ကျဲ သွားကာ၊ တဆက်ဆက် တုန်ယင် လာသည်။
ဓားနန်းတော်၏ ကျန် အဖွဲ့သား များမှာ၊ ဤတိုက်ပွဲကို ကြည့်ရှု ရုံသာ တက်နိုင် ခဲ့၏။ သူတို့က တိုက်ပွဲတွင် ပါဝင်ရန်၊ အရည် အချင်း မပြည့်မီ ခဲ့ပေ။
လျိုဖန်းပင် ထိုအဆင့်၌ မရှိ။ တစ်ချိန်တည်းမှာပင်၊ တိုက်ပွဲမှ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော၊ လှိုင်းလုံးများ ပြန်ကျဲ လာ သောကြောင့်၊ ဓားနန်းတော် တပည့်များ ခံစစ် ပြင်ထားသော ဖွဲ့စည်း ပုံမှာ၊ ယို့ယွင်း လာတော့သည်။
လင်းယွန်က နဂါးသွေး မြင်းပေါ်မှ 'လွှားခနဲ' ခုန်ထွက် လိုက်သည်။ ပြိုကျ လာသော သစ်ပင် နှစ်ပင်ကို ရှောင်တိမ်း လိုက်ပြီးနောက်၊ လက်သီး အမြောက် အမြား ထုတ်ဖော် လိုက်ရ၏။
သူ့ လက်သီး များရှိ၊ ဓားရောင်ခြည် များနှင့်၊ လွင့်စင် လာသော သဏ္ဍာန်မဲ့ လှိုင်းများ၊ ထိပ်တိုက် တွေ့သည်နှင့်၊ လေထဲ၌ ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာခဲ့သည်။
မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာသော အခါတွင်၊ ဓားရောင်ခြည် များစွာက မိုးရေများ ကဲ့သို့၊ ထပ်မံ ကျဆင်း လာ၏။
ထို့ကြောင့် ခြေလှမ်း များစွာ၊ ထပ်မံ ဆုတ်ခွာလိုက် ရပြီး၊ သူ့ခြေလှမ်း တိုင်းတွင် နက်ရှိုင်းသော ခြေရာ ကြီးများ ကျန်ရစ် လာတော့သည်။
၎င်း ဓားရောင်ခြည် များက၊ ဓားထမ်း အကြီးအကဲ ချင်ဇူအို၏၊ တိုက်ခိုက်မှု များမှ ဖြစ်၏။
သူ၏ ဓားချက် များကို၊ မိုးကြိုး စပါးအုံး မြွေမှ၊ ချေဖြတ် လိုက်ပြီးနောက်၊ အကြွင်း အကျန် လှိုင်းများက၊ ဓားနန်းတော် အဖွဲ့သားများ ထံသို့၊ ကျရောက် လာခြင်း ဖြစ်သည်။
ဆိုရိုး စကားများ အတိုင်း၊ နတ်ဘုရား များကြား ရန်ပွဲတွင်၊ ပုရွတ်ဆိတ် အတွက် နေရာ မရှိခြေ ။
မည်သူမျှ သတိ လက်လွတ် မခံ ဝံ့တော့ဘဲ၊ တိုက်ခိုက်မှု များကို ရှောင်ရှားရန် ချက်ချင်းပင် ဖြန့်ကျက် လိုက်ရ၏။
ခဏ အကြာတွင် အဖွဲ့မှာ ပျံကျဲသွား ကြပြီး၊ ဤမျှ အချိန် တိုလေး အတွင်း၊ တစ်ဝက် နီးပါး ခန့် ဒဏ်ရာ ရရှိသွား ကြသည်။
အထူး သဖြင့် မိုးကြိုး စပါးအုံး မြွေ၏ အငိုက်ဖမ်း တိုက်ခိုက် ခဲ့ခြင်းကြောင့်၊ ပြင်ဆင်မှု မရှိသော တပည့် အချို့အား၊ ပြင်းထန်သော ဒဏ်ရာများ ရရှိ သွားစေခဲ့၏။
အားလုံးက တိုက်ပွဲကို ကြည့်ပြီး၊ မျက်နှာများ ဖြူဖျော့ လာကြသည်။
ဤအခိုက် အတန့်တွင် တစ်စုံ တစ်ယောက်က၊ 'အကြီးအကဲ လျို၊ ငါတို့ ဓားထမ်း အကြီး အကဲကို မကူညီနိုင် ဖူးလား' ဟု၊ အရဲစွန့် မေးလာသည်။
လျိုဖန်းက မေးမြန်းလာ သူကို လှည့်ကြည့်လိုက်ပြီး၊ အေးစက်စက် လေသံဖြင့် ပြန်ဖြေ လိုက်သည်။
“ မင်းက သေချင် နေတာလား၊ တုန်ခါမှု လှိုင်းလေး ကိုတောင်၊ မခံယူ နိုင်ဖူး ဆိုတော့၊ ဘယ်လို ကူညီ မလဲ၊ ငါ့ရဲ့ အသန်မာဆုံး အခြေ အနေ နဲ့တောင်၊ ဒီမြွေကို ထိခိုက် ဒဏ်ရာ ရအောင် မလုပ် နိုင်ဘူး၊ မင်းတို့က သေခြင်း တရားကို၊ ဆွဲခေါ်ဖို့ လုပ်နေ ကြတာပဲ။ ”
သူ့ စကားကြောင့် လူတိုင်း တိတ်ဆိတ် သွား ကုန်သည်။
တိုက်ပွဲ အခြေအနေ အရ၊ ခန့်မှန်း ချက်မှာ မှန်ကန် သွားပြီး၊ ဓားထမ်း အကြီး အကဲသည်၊ အထွတ် အထိပ် အနေ အထားတွင်၊ မရှိ သောကြောင့်၊ လင်းယွန်က သက်ပြင်းချ လိုက်မိသည်။
“ မြန်မြန်၊ ဒီအခွင့် အရေး ကိုယူ .... ၊ သွားရအောင် ... "
လျိုဖန်းက ပြတ်သားသော ဆုံးဖြတ် ချက်ကို ချလိုက်သည်။ ချက်ချင်း ထွက်ခွာ ခြင်းမှာ၊ သူတို့ အတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း၊ မေးခွန်း ထုတ်စရာ မလိုပေ။
ဓားထမ်း အကြီးအကဲ၏ ခွန်အားဖြင့်၊ သူ အလို ရှိသည့် အချိန်တိုင်း၊ ထွက်ခွာသွား ရန်မှာ ပြဿနာ မဟုတ်၊ သို့သော် မည်သူမျှ သူ့အား နောက်ဆံ မတင်း စေမှ သာလျှင် ဖြစ်မည်။
ဓားထမ်း အကြီး အကဲသာ၊ တစ်ခုခု ဖြစ်ခဲ့ ပါက ၎င်းတို့ အနေဖြင့်၊ ကူညီပေး နိုင်မည့် တစ်စုံ တရာ မရှိပေ။
လျိုဖန်း၏ ဆုံးဖြတ် ချက်သည်၊ အနည်းငယ် ရက်စက် နိုင်သော်လည်း၊ သူ့တွင် ရွေးချယ် စရာ မရှိကြောင်း၊ သိရှိ ထားသည်။
ဓားထမ်း အကြီး အကဲသာ၊ သူ့ နေရာ၌ ဆိုပါက၊ တူညီသော ဆုံးဖြတ်ချက် ကိုသာ ချပေမည်။
ထိုအချိန်တွင် တပည့် တစ်ဦး၏ နဖူးသို့ ဓားမြှောင် တစ်စင်းဖြင့်၊ ပစ်ခတ် ခံလိုက် ရ၏။
ထိုတပည့် ပြိုလဲသွား သည်နှင့်၊ သစ်ပင်များ အကွယ်မှ မြောက်များ စွာသော၊ ဓားမြှောင်များ ထပ်မံ ပျံသန်း လာလေသည်။
" အစ်မ၊ သတိထား .... "
လင်းယွန်၏ မျက်နှာက ပြောင်းလဲ သွားပြီး၊ ရှင်းယန်ထံ ပြေးဝင် လာသော ဓားမြှောင် သုံးစင်းကို၊ တားဆီးရန် ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်သည်။
တစ်ချိန် တည်းမှာပင်၊ လူအုပ် ကြီး၏ ဓားဆွဲ သံများ ညံလာ၏။
ထို ဓားမြှောင်များ ပျံသန်း လာပုံ အရ၊တိုက်ခိုက် လာသူမှာ၊ အနည်းဆုံး နက်နဲ နယ်မြေ၏၊ ဒဿမမြောက် အဆင့်တွင်၊ ဖြစ်ကြောင်း၊ လင်းယွန်က သိသည်။
" ဘာတွေ ဖြစ်နေ တာလဲ။ "
ရှင်းယန်က ထိတ်လန့် သွားသည်။ သူမ တင် မကဘဲ၊ လူတိုင်း၏ မျက်နှာ မှာလည်း၊ ပျက်ယွင်း ကုန်၏။
မိုးကြိုး စပါးအုံး မြွေ၏ ပိုင်နက် ထဲတွင် ရှိနေစဉ်၊ တိုက်ခိုက် ခံရ ခြင်းမှာ၊ သတင်းဆိုး တစ်ရပ်သာ ဖြစ်သည်။
" ငါတို့ ခြုံခို တိုက်ခိုက် ခံနေ ရပြီ။ "
ရှင်းဂျူက ပတ်ဝန်း ကျင်ကို ကြည့်ကာ၊ လေးနက်သော အမူ အရာဖြင့်၊ သတိပေး လိုက်သည်။
မိုးကြိုး စပါးအုံး မြွေက ဓားထမ်း အကြီး အကဲကို ချုပ်နှောင် ထားစဉ်တွင်၊ ရန်သူများ ရောက်ရှိ လာခြင်းမှာ၊ တိုက်ဆိုင်မှု တစ်ခု မဟုတ် နိုင်ပေ။
ယင်းမှာ သူတို့ အဖွဲ့အား ပို၍ ထိတ်လန့် လာစေသည်။ ဆိုလို သည်မှာ ရန်သူက၊ သူတို့၏ ခရီး စဉ်ကို၊ ကောင်းကောင်း နားလည် နေခဲ့သည်။
ဤကဲ့သို့ စေ့စပ် သေချာသော အစီ အစဉ်ကို၊မည်သူ့ အတွက် ပြင်ဆင်လာ လေသနည်း။
လင်းယွန်က သံသယ များဖြင့် ပြည့်နှက် သွား၏။ သို့သော် ၎င်းကို ထို့ထက် ပို၍ မတွေး နိုင်ခင် မှာပင်၊ အေးစက်သော အလင်း ရောင်များ ထွက်ပေါ်လာ ပြန်သည်။
“ ဒါ ငွေအလင်းဗုံး တွေပဲ၊ သူတို့ကို ရှောင် .... ''
'ငွေအလင်း ဗုံး' များသည်၊ ရှေးဟောင်း တာအိုဂိုဏ်း၏ 'ဓားနက် ကျီးကန်း' များနှင့် ဆင်တူသည်။ သူတို့ နှစ်မျိုး လုံးမှာ၊ ပေါက်ကွဲအား ပြင်းထန်ကာ၊ တန်ဖိုး ကြီးပေ၏။
ငွေအလင်း ဗုံး တစ်လုံးသည် ဒုတိယ တန်းစား ဝိညာဉ် ကျောက်စိမ်း (၃၀၀၀) ကုန်ကျပြီး၊ ထိုစျေးနှုန်း ဖြင့်ပင်၊ ၎င်းတို့ကို စျေးကွက်တွင် ရှာမတွေ့ နိုင်ခြေ။
ငွေအလင်း ဗုံး များ၏၊ မြန်လွန်းသော အဟုန် ကြောင့်၊ လျိုဖန်း၏ သတိပေး စကား သံမှာ၊ နောက်ကျ သွားခဲ့သည်။
ဗုံးများ ပေါက်ကွဲ ခြင်းကြောင့်၊ ဖြစ်ပေါ် လာသော လှိုင်းလုံး များမှာ၊ ဓားထမ်း အကြီး အကဲနှင့်၊ မိုးကြိုး စပါးအုံး မြွေတို့ကြား၊ ဖြစ်ပေါ် လာသော လှိုင်းများထက် အားနည်းခြင်း မရှိချေ။
အပူ လှိုင်းက လေထဲတွင် ရိုတ်ခတ် လာပြီး၊ ဓားနန်းတော်၏ လက်ကျန် ဖွဲ့စည်း ပုံအား၊ လုံးဝ ပြိုကွဲ သွားစေ တော့သည်။
များပြား လှသော ဗုံးများ ပေါက်ကွဲ ခြင်းကြောင့်၊ တပည့် အများ အပြား သေဆုံး ကုန်သည်။
ထိုဗုံး များ၏ တန်ကြေး အရ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၂၀၀,၀၀၀)၊ တန်ကြေး ရှိသောကြောင့်၊ လင်းယွန်အား အံအား သင့်စေ၏။
ဓားနန်းတော်ကို ကိုင်တွယ်ရန်၊ ဤမျှကြီးမားသော ငွေပမာဏကို မည်သူက သုံးစွဲ ခဲ့လေ သနည်း။
သေဆုံး သွားသော တပည့် များကို ကြည့်ပြီး၊သူ့ နှလုံး သွေးများ ယိုစီး လာသည်။ ပေါက်ကွဲ မှုများ အပြီးတွင်၊ အနက်ရောင် ဝတ်ဆင် ထားသော လူရိပ်များ၊ တောအုပ် အတွင်းမှ ထွက်ပေါ်လာ ကြ၏။
သူတို့ အထဲရှိ အနိမ့် ကျဆုံး သူမှာ၊ နက်နဲ သိုင်း နယ်မြေ၏၊ အဋ္ဌမ အဆင့်၌ ဖြစ်ပြီး၊ ခရမ်းရောင် နန်းတော် နယ်မြေ သိုင်းသမား များပင်၊ ပါရှိ နေသေးသည်။
" မင်းက ဘယ်သူလဲ၊ ဓားနန်းတော်ကို တိုက်ခိုက်ဖို့ သတ္တိ ရှိလား။ ”
လျိုဖန်းက မေးမြန်း လိုက်သော်လည်း၊ သူ့ကို ပြန်ဖြေ မည့်သူ မရှိခြေ။ ထိုအစား အနက်ဝတ် ထားသူ သုံးဦးက၊ သူ့အား ပိတ်ဆို့ လာ၏။
ဝိုင်းရံ တိုက်ခိုက် နေစဉ် အတွင်း၊ မည်သူမျှ စကား တစ်ခွန်း ပြန်မဆို ခဲ့ပေ။
" မင်း ... သေမင်းကို ဖိတ်ခေါ် နေတာပဲ... "
ရှေ့ရောက် လာသော၊ ရန်သူ တစ်ဦးကို ကြည့်ကာ၊ လင်းယွန်က ဟစ်အော် လိုက်သည်။ ချက်ချင်းပင် သူ့ ဓားဖြင့်၊ ရန်သူကို သတ်ပစ် လိုက်၏။
သို့သော် ရန်သူ များက လုံးဝ ထိတ်လန့် သွားခြင်း မရှိပေ။ လျင်မြန်သော အဟုန်ဖြင့်၊ ဒဿမ အဆင့်၌ ရှိသော ရန်သူ လေးယောက်၊ သူ့ထံ ပျံသန်း လာပြန်သည်။
လေးယောက်သား သူ့ကို သတ်ဖို့ရန် မကြိုးစား ခဲ့ဘဲ၊ ယင်းအစား ပိတ်ဆို့ ထားရုံသာ၊ အာရုံစိုက် လာကြ၏။
လင်းယွန်က လရောင် ရေစင် ဓားကို အသုံး ပြုနေ လျှက်မှ၊ ပိတ်ဆို့ ထားသော ရန်သူ လေးယောက်အား၊ စိတ် အတွင်း၌ အော်ဟစ် ကျိန်ဆဲ နေမိသည်။
သိပ်မ ကြာခင် မှာပင်၊ ရန်သူ သိုင်းသမား လေးယောက်လုံး၊ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း သွားသည်။
သို့သော် သူတို့က လင်းယွန်အား ထိန်းသိမ်းရန်၊ အသက်ကို လောင်းကြေး ထပ်ကာ၊ လျှောက်လှမ်း၊ နေကြဆဲ ဖြစ်၏။
ရန်သူ လေးယောက်က၊ နက်နဲ နယ်မြေ၏ ဒဿမ မြောက် အဆင့်တွင် ရှိနေ သောကြောင့်၊ အလွယ် တကူ မဖယ်ရှား နိုင်ခဲ့ပေ။
ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို၊ ထုတ်ယူရန် စိတ်ကူးဖြင့်၊ သူ့ မျက်ဝန်းများ အကြိမ်ကြိမ် တောက်ပ လာ သော်လည်း၊ ဝှက်ဖဲအား ထုတ်မပြ ချင်သောကြောင့် မြိုသိပ် နေရသည်။
“ သောက် ရူး ... မင်းဘာကို စောင့်နေ တာလဲ။ "
တိုက်ခိုက် နေရာမှ၊ အော်ဟစ် ကျိန်ဆဲ လိုက်သော၊ အနက်ဝတ် သိုင်းသမားကြီး စတစ်ယောက်၏ အသံကြောင့်၊ လျိုဖန်းက မျက်မှောင်ကြုတ် လိုက်သည်။
တစ်စုံ တစ်ရာ လွဲချော် နေပြီဟု၊ ယောင်ဝါးဝါး ခံစား နိုင် သော်လည်း၊ ပျံ့လွင့် သွားသော သူ့စိတ် အခြေ အနေကြောင့်၊ ပြိုင်ဘက်က တိုက်ပွဲ အဟုန်အား တိုးမြှင့်လာ ခဲ့သည်။
တမဟုတ် ချင်းမှာပင် သေစေ လောက်သည့် တိုက်ခိုက်မှု များနှင့်၊ ရင်ဆိုင် လိုက်ရ၏။
တိုက်ပွဲ မြေပြင်နှင့် လွတ်ကင်းသော သစ်ပင်ကြီး အောက်တွင်၊ အနက်ရောင် ဝတ်ဆင်ထား သူ တစ်ဦးက၊ ရှည်မျောမျော (ဆလင်ဒါ ပုံသဏ္ဍာန်) ဗူး တစ်ဗူးကို ကိုင်ဆောင် ထားသည်။
သူ့ အကြည့် များက၊ မီတာ တစ်ထောင် အကွာ၌၊ တိုက်ပွဲ ဝင်နေသော ရှင်းဂျူထံ၊ ရောက်ရှိ နေ၏။
သူ့ လက်ထဲရှိ အရာ ဝတ္ထုကို၊ အသက်သွင်း နိုင်သည်နှင့်၊ ပစ်မှတ်အား မလွဲမသေ သတ်ပစ် နိုင်ပေမည်။
၎င်းသည် တစ်ကြိမ်သာ အသုံးပြု နိုင်သော အဆင့်နိမ့် စကြာဝဠာ လက်ရာ တစ်ခု ဖြစ်၏။
ခရမ်းရောင် နန်းတော် အောက်ရှိ၊ မည်သူ မဆို ၎င်းဖြင့် ပစ်မှတ် ထားခံ ရသည့် အခိုက်တွင်၊ သေဆုံး သွားမည် ဖြစ်သည်။
အစီ အစဉ် အရ၊ ယခု အချိန်တွင် အသုံးပြု သင့်နေပြီ ဖြစ်သော်လည်း၊ အကြောင်း တစ်စုံ တစ်ရာကြောင့်၊ တွေဝေ နေခဲ့သည်။
တိုက်ပွဲ တစ်နေရာရှိ အခြားသူ တစ်ဦးက၊ သူ့အာရုံကို စွဲဆောင် နေခဲ့ သောကြောင့် ဖြစ်သည်။
ထိုသူမှာ ဓားသေတ္တာကို ထမ်းပိုးလျက်၊ ကြီးစိုး နိုင်လွန်းသော အရှိန် အဝါဖြင့်၊ပြိုင်ဘက် သုံးဦးကို ရင်ဆိုင် နေသော လင်းယွန် ဖြစ်လေသည်။
ရုတ်တရက် သူ့ မျက်ဝန်း များ၌ ဒေါသနှင့် မုန်းတီး မှုများ ပြည့်နှက် လာပြီး၊ အသိ စိတ်များ ပျောက်ကွယ် သွားကာ၊ လက်ထဲရှိ စကြာဝဠာ လက်နက်ကို၊ လင်းယွန်ထံ ချိန်ရွယ် ပစ်ခတ် လိုက်တော့သည်။
***