← Chapters

သွေးတစ်စက်။

Vol. 28 Ch. 389

သွေးတစ်စက်။

Vol. 28 Ch. 389

တိုက်ပွဲ တစ်နေရာတွင် ဓားသေတ္တာကို ထမ်းပိုးလျက်၊ ကြီးစိုး နိုင်လွန်းသော အရှိန် အဝါဖြင့်၊ ပြိုင်ဘက် သုံးဦးအား လင်းယွန်က ရင်ဆိုင် နေခဲ့သည်။

ရုတ်တရက် အနက်ဝတ် သိုင်းသမား၏ မျက်ဝန်း များ၌၊ ဒေါသနှင့် မုန်းတီး မှုများ ပြည့်နှက် လာပြီး၊ အသိ စိတ်များ ပျောက်ကွယ် သွားကာ၊ လက်ထဲရှိ စကြာဝဠာ လက်နက်ကို၊ လင်းယွန်ထံ ချိန်ရွယ် လိုက်တော့၏။

အဆိုပါ လက်နက်သည် ခရမ်းရောင် နန်းတော် အောက်ရှိ မည်သူ့ကို မဆို သေစေ နိုင်သည်။ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်ပယ်ပင်ခြွင်းချက် မရှိပေ။

သူ၏ တာဝန်မှာ ရှင်းဂျူ ဖြစ်ပြီး၊ ရှင်းဂျူကို သတ်ပြီးနောက်၊ ချက်ချင်း ပြန်ဆုတ်ခွာ သွားရမည် ဖြစ်သည်။

စကြာဝဠာ လက်နက်ကို၊ ကိုင်ဆောင် ထားသော အနက်ဝတ် လူက၊ သူ့တာဝန် အပေါ် ကောင်းစွာ နားလည် ထားသော်လည်း၊ လင်းယွန်အား မြင်သည်နှင့်၊ ရန်ငြိုးကြောင့် သူ့ကိုယ်သူ၊ ထိန်းချုပ် နိုင်စွမ်း မရှိ တော့ပေ။

( သေ စမ်း..... ။ )

မူလ စွမ်းအင်ကို စကြာဝဠာ လက်နက် ထဲသို့ လောင်းထည့် လိုက်ပြီး၊ စူရှသော အလင်းများ ထွက်ပေါ် လာသည်။

အလင်းများ ပျောက်ကွယ် သွားပြီးနောက်၊ ကြက်သွေးရောင် ပန်းတစ်ပွင့် ကဲ့သို့၊ သွေးနီရောင် အပ်များ၊ 'ဖွားခနဲ' ပွင့်ထွက် ကုန်၏။

မီတာ ထောင်ဂဏန်း အကွာတွင်၊ အနက်ဝတ် သိုင်းသမား လေးယောက်၏ ချုပ်နှောင် မှုကို၊ ခံထား ရသော လင်းယွန်က၊ ရုတ်တရက် အေးခဲ သွားသည်။

သူ၏ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်က၊ အကန့် အသတ်မဲ့ ကြောက်ရွံ့ခြင်း များနှင့် အတူ၊ မကြုံ စဖူး ထူးကဲသော အန္တရာယ် တစ်ခု နီးကပ် လာကြောင်း၊ ခံစား နိုင်လိုက်သည်။

( ငါသေ တော့ မှာလား။ )

လင်းယွန်၏ အသက်ရှူ သံများ ပြင်းထန် လာပြီး၊ ထိတ်လန့် စပြု လာသည်။ သို့သော် ထိုမျှ အရေး ကြီးသော အခိုက် အတန့်တွင်၊ လျှပ်စီး များ သူ့အပေါ် လွှမ်းခြုံ လာ၏။

ထိုလျှပ်စီး လူသားမှာ ရှင်းဂျူ ဖြစ်ပြီး၊ လင်းယွန် ရှေ့တွင် ရပ်ကာ၊ အပ် များကို ဓားဖြင့်၊ တွန်းဖယ် လိုက်သည်။

" သေ ...."

သူ့လက် ထဲရှိ စကြာဝဠာ လက်နက်မှာ၊ ထပ်မံ လင်းလက်သွား ပြီးနောက်၊ လင်းယွန်အား ပိတ်ဆို့ ထားသော၊ အနက်ဝတ် သိုင်းသမား လေးယောက်ကို၊ သတ်ပစ် လိုက်သည်။

သေခြင်းမှ လွတ်မြောက် သွားသော်လည်း၊ မြေပြင်တွင် ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ လင်းယွန်က သွေးတစ်လုတ် အန်ချ လိုက်သည်။

ကြောက်စရာ ကောင်းလွန်းသော၊ ဤခံစား ချက်မျိုး သူ တစ်ကြိမ်မျှ မခံစား ခဲ့ဖူးပေ။ ထိုအကြောက် တရားက၊ အသိ ညာဏ်ကို ကျော်လွန် သွားခဲ့သည်။

သေခြင်း တရားကို ရင်ဆိုင်ရ ချိန်တွင်၊ သူ့ခန္ဓာ ကိုယ်က သဘာဝ အတိုင်း၊ ထိန်းချုပ် နိုင်ခြင်း မရှိ တော့ဘဲ၊ ခုခံ နိုင်စွမ်းများ ဆုံးရှုံး လာ၏။

မူလ စွမ်းအင်ကို မျက်လုံးထဲ လောင်းထည့် လိုက်ပြီး၊ အပ်များ ပျံသန်း လာရာ အရပ်သို့၊ လှမ်းကြည့် လိုက်သည်။

သစ်ပင်ကြီး တစ်ပင် အောက်၌၊ မုန်းတီးမှု အပြည့်ဖြင့်၊ လှမ်းကြည့် နေသော မျက်ဝန်း တစ်စုံအား၊ တွေ့လိုက် ရလေသည်။

( ငါ့ ကို လား ။ )

လင်းယွန်က ထိုမျက်လုံး များနှင့်၊ ရင်းနှီး လွန်းလေသည်။ ဓားနန်းတော်သို့ ဝင်ချိန် ကပင်၊ သူ့ကို သတ်ဖို့ရန်၊ ကြိုးစား နေသော ဝမ်ယန် ဖြစ်၏။

" အနာဂတ်မှာ ပိုသတိ ထားရမယ်။ "

ရှင်းဂျူက ပြုံးပြီး၊ သူ့လက်ကို ဆန့်ကာ၊ လင်းယွန်အား ကမ်းပေး လိုက်သည်။

လက်ကို အားယူပြီး မတ်တပ် ပြန်ရပ် လိုက်သော်လည်း၊ ဤကိစ္စနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ လွဲချော် နေပြီဟု၊ လင်းယွန်က ခံစား နေမိသည်။

သို့သော် ယခု အချိန်တွင်၊ ထိုတစ်စုံ တစ်ရာကို ရှင်းပြ နိုင်ခြင်း မရှိ သေးပေ။

လက်နက်ပုန်း အပ်ငယ် များကို၊ ရိုက်ထုတ် လိုက်နိုင်သော ရှင်းဂျူအား မြင်သည်နှင့်၊ အနက်ဝတ် သိုင်းသမား သုံးယောက်က၊ ဓားများ ပင့်ကိုင်ကာ၊ ပြေးဝင် လာကြသည်။

ထို့နောက်တွင် အနက်ဝတ် သိုင်းသမား အားလုံး၊ သူတို့၏ တိုက်ပွဲ များကို ရပ်ကာ၊ ရှင်းဂျူထံ ဝိုင်းအုံ လာတော့၏။

“ အစ် ကို ကြိီး .... သူတို့က မင်း အတွက် .... ”

လင်းယွန်က ထိတ်လန့်စွာ၊ သတိပေး လိုက်သည်။ အနက်ဝတ် သိုင်းသမားက၊ ၎င်းတို့၏ ရည်ရွယ်ချက် အမှန်ကို၊ နောက်ဆုံး၌ ထုတ်ဖော် လာ၏။

“ နဂါး တံခါး ပြိုင်ပွဲမှာ၊ တစ်ယောက် ယောက်က၊ ငါ့ကို မတွေ့ စေချင် သလို ပါပဲ၊ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်၊ မင်းက နဂါး တံခါး ပြိုင်ပွဲကို၊ တက်မယ် မဟုတ်လား ညီလေး။ ”

ရှင်းဂျူက လင်းယွန်အား၊ ပေါ့ပေါ့ ပါးပါးပင် ပြန်လည် ပြုံးပြ လိုက်သည်။

“ ဒါတော့ သေချာ ပါတယ်၊ နဂါး တံခါး ပြိုင်ပွဲကို၊ ငါ သေချာပေါက် တက်ရောက် မှာပါ။ ”

ပြတ်သားသော လေသံဖြင့်၊ လင်းယွန်က ကတိပေး လိုက်သည်။ ရှင်းဂျူက ပြုံးပြီး၊ သူ့လက်ထဲက စကြာဝဠာ လက်နက်ကို၊ ငုံ့ကြည့် လိုက်သည်။

ဤသည်မှာ လင်းယွန် ပေးထားသော ဓား ဖြစ်၏။ ဓား၏ ကိုယ်ထည်တွင်၊ ပန်းပွင့်ငယ် များဖြင့် ဖုံးလွှမ်း နေသော ကြောင့်၊ အလွန် လှပ ပေသည်။

“ အစ်ကိုကြီး၊ သူတို့ လာပြီ။ ”

လင်းယွန်က သူ့လက်ကို၊ သိုလှောင်အိတ် ပေါ်တွင် ညင်သာစွာ တင်လိုက်ပြီး၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို၊ ထုတ်ယူ လိုက်သည်။

အနီးကပ် တိုက်ခိုက် ရေးပုံစံသို့၊ ပြောင်းလဲ တော့မည့် အချိန်တွင်၊ ရှင်းဂျူ၏ အမူအရာမှာ အေးစက် သွားကာ၊ သူ့ဓား ရည်ရွယ် ချက်အား၊ ထုတ်ဖော် လိုက်သည်။

ပြီးနောက် လင်းယွန်ထံ လှည့်ပြုံး ပြကာ၊

“ အဆင်ပြေ ပါတယ်၊ မင်းငါ့ကို ပေးခဲ့တဲ့ ဓား ရှိနေ မှတော့၊ သူတို့ ဘာမှ မတတ်နိုင် ပါဘူး။ "

ဓား ရည်ရွယ် ချက်က၊ အထွတ် အထိပ်သို့ ရောက်သော အခါ၊ ရှင်းဂျူ လက်ထဲရှိ ဓားမှာ အော်မြည် သံများ၊ ပဲ့တင် ထပ်လာပြီး၊ သူ့အား အလင်းရောင် များဖြင့်၊ သိုင်းခြုံ လိုက်လေသည်။

အားကောင်းသော ဓား ရည်ရွယ် ချက်ကြောင့်၊ လင်းယွန်က ထိတ်လန့် တုန်လှုပ် စွာဖြင့်၊ ခြေလှမ်း များစွာ ဆုတ်ခွာ လိုက်ရသည်။

( ဒါက ရှန်ရှင်း ဓား ရည်ရွယ် ချက်ပဲ။ )

ဤအခိုက် အတန့်တွင် ရှန်ရှင်း ဓားရည်ရွယ်ချက်ကို၊ ရှင်းဂျူက ဖြတ်ကျော် ဆုပ်ကိုင် နိုင်ခဲ့သည်။

သည့်တင် မက သူ့လက် ထဲရှိ၊ စကြာဝဠာ လက်နက်၏၊ အသိအမှတ် ပြုမှု ကိုလည်း၊ ရရှိ လာခဲ့သည်။

လင်းယွန်က အံ့သြ သွားသည်။ ယခု အချိန်တွင် ရှင်းဂျူ အတွက်၊ ပျော်ရွှင် နေသင့် သော်လည်း၊ အကြောင်း တစ်ခုခုကြောင့်၊ လွဲချော် နေပြီဟု၊ သူ ခံစား မိနေ သေးသည်။

ဓားနန်းတော်ရှိ အဖွဲ့ဝင် တိုင်းက ထိတ်လန့် သွားကြသည်။ စစ်မှန်သော ရှန်ရှင်း ဓား ရည်ရွယ်ချက် ရှေ့တွင်၊ သူတို့၏ ဓားများကို ထိန်းချုပ် နိုင်စွမ်းများ၊ ပျောက်ဆုံး သွားကုန်၏။

" ရှန်ရှင်း ဓား ရည်ရွယ်ချက်။ "

လျိုဖန်းက အနည်းငယ် ထိတ်လန့်သွား ပြီးနောက်၊ ပျော်ရွှင် သွားသည်။ ယင်းမှာ လင်းယွန်၏ ရှန်ရှင်း တစ်ပိုင်း၊ ဓား ရည်ရွယ်ချက်ထက်၊ များစွာ သန့်ရှင်း ပေသည်။

နဂါး တံခါး ပြိုင်ပွဲတွင်၊ ရှင်းဂျူ၏ လမ်းကို မည်သူမျှ တားဆီး နိုင်မည် မဟုတ်ပေ။

" အခုတော့ ငါ မင်းနဲ့ ထိုက်တန် နေပြီ မဟုတ်လား၊ ငါတကယ် အသုံး မကျ ခဲ့ပါဘူး …”

လှောင်ပြုံးဖြင့်၊ သူ့ကိုယ်သူ အပြစ်တင် လိုက်ပြီး၊ ပြေးဝင်လာ နေဆဲ ဖြစ်သော၊ အနက်ဝတ် သိုင်းသမား များထံ လှမ်းကြည့်သည်။

“ ကျဆင်း နေသော မိုးကြိုးသွား။ ”

လျှပ်စီးလက် သကဲ့သို့၊ ပြေးထွက် သွားသော ဓား အလင်း များကြောင့်၊ အနက်ဝတ် သိုင်းသမား ငါးဦးမှာ၊ လမ်းခရီး ၌ပင် သေဆုံး သွားခဲ့သည်။

ရှန်ရှင်း ဓား ရည်ရွယ် ချက်၏ ထက်ရှမှု အောက်တွင်၊ ရှင်းဂျူ လက်ထဲရှိ စကြာဝဠာလက်နက်က၊ သူ့အစွမ်းကို အပြည့် အဝ ထုတ်ဖော် လာ၏။

ရှင်းဂျူ၏ အသွင် အပြင်မှာ၊ လျှပ်စီးများ ခြံရံထားပြီး၊ ပတ်ဝန်း ကျင်တွင် မိုးခြိမ်း သံများပဲ့တင် ထပ်လာ စေသည်။

သူ သွားရာ လမ်းတစ်လျှောက် သွေးများ၊ ခြေများ၊ လက်များနှင့် ဦးခေါင်းများ ဝေ့ဝဲလာ ကုန်ပြီး၊ မိုးကြိုးဓား၏ နက်နဲ မှုကို၊ လုံးလုံး လျားလျား ထုတ်ပြ လာခဲ့သည်။

မိုးကြိုးဓား နည်းစနစ်မှာ အစွမ်း ထက်လွန်းနေ သည်လော၊ စကြာဝဠာ လက်နက်က အစွမ်းထက် လွန်းနေ သည်လော၊ ရှန်ရှင်း ဓားက အစွမ်း ထက်၍ ပင်လော။

သို့မဟုတ် ပါက ၎င်းတို့ အားလုံးထက် မည်သို့သော အရာမှာ၊ ပို၍ အစွမ်း ထက်လွန်း နေခဲ့လေ သနည်း။

မည်သို့ ပင်ဆို စေကာမူ၊ ရှင်းဂျူသည် အသက် များစွာကို၊ အဆက် မပြတ် နှုတ်ယူ နေခဲ့ သောကြောင့်၊ ရန်သူ များမှာ ဆိုးရွားစွာ သေဆုံး သွားကုန်သည်။

ရုတ်တရက် ကျယ်လောင်သော ဓားသွား အော်မြည်သံ တစ်သံ၊ လေထဲ၌ ပဲ့တင် ထပ်လာကာ၊ ကောင်းကင်နှင့် မြေကြီးအား တုန်လှုပ် လာစေ၏။

'' ရွှီး ....... ''

ထက်ရှသော ဓားအလင်း များနှင့် အတူ၊ ထည်ဝါသော ဓားတစ်လက်၊ ကောင်းကင်မှ ထိုးဆင်း လာသည်။

မြေပြင်ပေါ် ရောက်ပြီးနောက်၊ ဓားအလင်း များက နေရောင် ခြည်များ ကဲ့သို့၊ ပတ်ဝန်း ကျင်၌ ပျံ့နှံ့ သွား၏။

ပျံ့နှံ့ လာသော ဓား အလင်းများ ထိမှန်ကာ၊ ရန်သူ ဆယ်ဦးထက် မနည်း၊ ပြင်းထန်စွာ ဒဏ်ရာ၊ ရရှိ သွားကုန်သည်။

'' ဒါ ....... ''

" ကောင်းကင် တိမ်လွှာ ဓား။ "

အနက်ဝတ် ကျင့်ကြံသူ များ၏၊ ခေါင်းဆောင် ဖြစ်သူ သိုင်းသမား ကြီးက၊ မြေပြင်၌ စိုက်ဝင် လာသော ဓားကို ငုံ့ကြည့်ကာ၊ ကျယ်လောင်သော လေသံဖြင့်၊ အော်ဟစ် သတိပေး လိုက်သည်။

“ ပြန် ဆုတ် ကြ .... ”

တိုက်ပွဲ မြေပြင်၌ တုန်ခါ နေသော၊ ထည်ဝါ လွန်းသည့် ဓားကို ကြည့်ကာ၊ ရန်သူ များက ထိတ်လန့်စွာ နောက်ဆုတ်သွား ကြသည်။

ဓားနန်းတော် အဖွဲ့သား များက၊ သူတို့ နောက်သို့ ဆက်လိုက်ရန် ပြင်နေ ချိန်မှာပင်၊ လျိုဖန်းက အော်ဟစ် ဟန့်တား လိုက်၏။

“ မင်းတို့ ရောက်တဲ့ နေရာမှာ ... ရပ်။ ”

ဓားထမ်း အကြီး အကဲ ချင်ဇူအိုက ဒဏ်ရာ များဖြင့် ကောင်းကင်မှ ဆင်းသက် လာသည်။ မိုးကြိုး စပါးအုံး မြွေကို ဆုတ်ခွာရန်၊ သူက တွန်းအားပေး နိုင်ခဲ့သည်။

“ သူတို့ ဘယ်သူ တွေလဲ ဆိုတာ ... ကြည့်ရအောင်။ ”

တပည့်ငယ် တစ်ယောက်က ပြေးတက် လာပြီး၊ အနက်ဝတ် သိုင်းသမား အချို့၏ မျက်နှာဖုံး များကို၊ ဖယ်ရှားပေး လိုက်သည်။

မျက်နှာဖုံး အောက်မှ ရုပ်ပျက် ဆင်းပျက် နိုင်သော မျက်နှာ သေများ ထွက်ပေါ် လာခဲ့၏။

မျက်နှာ ပေါ်ရှိ ဒဏ်ရာ များက၊ လတ်ဆတ် နေပြီး၊ သူတို့၏ အသွင် အပြင်ကြောင့်၊ လူတိုင်းကို အသက်ရှု ကြပ်လာ စေသည်။

သို့သော် အလောင်း များက၊ ရုတ်တရက် မီးထ လောင်လာပြီး၊ ချက်ချင်း ပြာကျ သွားကုန်၏။

" အလောင်း မီးတောက် ဆေးလုံး၊ ဒါ သူတို့က လူသေ တွေပဲ။ ”

လျိုဖန်းက အော်ပြော လိုက်သည် ။

“ ဒီလောက် များတဲ့ လူသေ တွေကို တပြိုင် နက်ထဲ မွေးယူဖို့ ဆိုတာ မလွယ်ဘူး၊ ဒါက သူတို့ကိုယ် သူတို့ နောက်ဆုံးမှာ၊ ဘယ်သူ ဆိုတာ ဖော်ထုတ်ဖို့ သက်သေ ဖြစ်လာ လိမ့်မယ်။”

ဓားထမ်း အကြီးအကဲ ချင်ဇူအို၏ မျက်နှာမှာ မည်းမှောင် သွားသည်။ ဤသည်မှာ ကောင်းစွာ စီစဉ် ထားသော လုပ်ကြံသတ် ဖြတ်မှု တစ်ရပ် ဖြစ်သည်။

ယင်းကြောင့် တပည့်များ အားလုံး၊ အချင်းချင်း ဆွေးနွေး စရာ၊ အံ့အား သင့်ဖွယ် အကြောင်း အရာများ၊ ဖြစ်လာ တော့သည်။

'' ခဏ အနား ယူမယ် ပြီးရင်၊ ချက်ချင်း ထွက်သွားကြ ရအောင်၊ ငါတို့ကို လာကြိုဖို့ ဂိုဏ်းကို၊ ငါ အကြောင်း ကြားထား ပြီးပြီ။ ”

ဓားထမ်း အကြီး အကဲက၊ ညွှန်ကြား လိုက်သည်။

တန်တုံ၊ ရှင်းယန်၊ ရှင်းဂျူနှင့် အခြားသော တပည့် များက၊ နီးစပ်ရာ သစ်ပင် များကို မှီ၍၊ အနား ယူရန် စုရုံး နေမိ ကြသည်။

" ဒီခရီးက တကယ့်ကို၊ အလှည့် အပြောင်း တွေနဲ့ ပြည့်နှက် နေတယ်။ "

ဝမ်ဇင်က သက်ပြင်း ချကာ ဆိုလိုက်သည်။ အဆုံးမဲ့ တောင်တန်း ကြီးတွင်၊ မူလ ကတည်း ကပင်၊ အန္တရာယ် များ ပြည့်နှက် နေသည်။

သို့သော် ကျင့်ကြံ သူများ အချင်းချင်း လုပ်ကြံ သတ်ဖြတ် ခြင်းမှာ၊ နတ်ဆိုး သားရဲ များထက် ပို၍ ခြိမ်းချောက် နိုင်ပေ၏။

လူတိုင်းက ယခု အချိန်တွင်၊ ဂိုဏ်းသို့ အမြန်ဆုံး ပြန်ချင် နေကြ လေပြီ။

“ ဒါပေမယ့် ဒီ အဖြစ်ဆိုး ကနေ၊ စီနီယာ အစ်ကို ရှင်းဂျူက၊ သူ့ရဲ့ ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် နိုင်လိမ့် မယ်လို့၊ ဘယ်သူက ထင်ထား မှာလဲ၊ ပါရမီရှင် ရှစ်ပါးရဲ့ အဆင့် သတ်မှတ်ချက် ကတော့၊ အပြောင်း အလဲတွေ ရှိလာ တော့မယ့် ထင်တယ်။ ”

တန်တုံက ဆိုလိုက် သည်ကြောင့်၊ ကျန်သူ များမှာ ခေါင်းညိတ်လိုက် ကြသည်။

မဟာချင် အင်ပါယာတွင် မည်သူမျှ ရှန်ရှင်း ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားနိုင်ခြင်း မရှိပေ။

ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ဖြင့်၊ လင်းယွန် ပင်လျှင် အလွန် အစွမ်းထက် နေပြီ ဖြစ်သော ကြောင့်၊ လူတိုင်းက ရှင်းဂျူမှာ မည်မျှ ထိတ်လန့် ဖွယ်ရာ ကောင်းမည်ကို၊ စိတ်ကူး ကြည့်နိုင်မည် ဖြစ်သည်။

သည်နှစ် နဂါးတံခါး ပြိုင်ပွဲ၌၊ ရှင်းဂျူက ပျံသန်း ပေတော့မည်။ လူတိုင်း ထိုအတွေးကြောင့် စိတ်လှုပ်ရှား လာ၏။ ရှင်းဂျူ ကမူ ပြုံးရုံသာ ပြုံးပြီး၊ လူတိုင်းကို ငြိမ်သက်စွာ ပြန်ကြည့် နေသည်။

“ အစ်ကိုကြီး၊ မင်းနဖူးမှာ တစ်ခုခု ရှိနေတယ်။ ”

ဂုဏ်ယူသော မျက်ဝန်း များဖြင့်၊ ရှင်းဂျူကို ကြည့်ကာ၊ ရှင်းယန်က ပြုံးလိုက်သည်။

" ငါ့ကို ရှင်းပေး ပါလား။ "

" လူကြီး တစ်ယောက် ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို တောင် ဂရု မစိုက်နိုင် ဖူးလား၊ ရှက်စရာ .... ကောင်းပြီ၊ ဒီတစ်ကြိမ်ပဲ ငြိမ်ငြိမ်နေ ... "

ရှင်းယန်က နောက်ပြောင် လိုက်ပြီး၊ ရှင်းဂျူ နဖူး ပေါ်ကို လက်ကိုင် ပုဝါဖြင့်၊ သုတ်ယူ လိုက်သည်။

“ ရ ပြီ .... ”

သို့သော် လက်ကိုင် ပုဝါကို ငုံ့ကြည့် ပြီးနောက်၊ သူမ မျက်နှာ ပေါ်ရှိ အပြုံးများ၊ အေးခဲ သွားသည်။

ရှင်းဂျူ၏ နဖူး ပေါ်ရှိ၊ ထိုအစွန်း အထင်းမှာ အညစ် အကြေး မဟုတ်ဘဲ၊ သွေးစများ ဖြစ်သည်။

ချက်ချင်းပင် ရှင်းဂျူအား မော့ကြည့် လိုက်မိ၏။

မူလက ရန်သူ၏ သွေးစများ စင်ခဲ့ခြင်း ဖြစ်မည်ဟု၊ သူမ ထင်ခဲ့ သော်လည်း၊ နဖူးမှ သွေးများ ပို၍ စီးထွက် လာသည်ကို၊ သတိ ပြုမိ သွားသည်။

ထပ်ပြီး သန့်စင်ဖို့ ကြိုးစား လိုက်သော်လည်း၊သွေးများ အဆုံး မရှိ၊ စီးထွက် လာနေဆဲ ပေပင်။

အထပ်ထပ် သန့်စင် နေခဲ့သော၊ ပုံမှန် မဟုတ်သည့် အပြု အမူ များကြောင့်၊ လူတိုင်းက ရှင်းယန်ကို သတိ ထားမိ သွားသည်။

လင်းယွန်က မျက်လုံး ဖွင့်ကြည့် လိုက်ပြီး၊ တစ်စုံ တစ်ရာကို တွေးမိသွား ပြီးနောက်၊ သူ့မျက်နှာ ချက်ချင်း ပြောင်းလဲ သွား၏။

“ ငါအဆင် ပြေပါတယ်။ ”

ရှင်းဂျူက ရှင်းယန်၏ လက်ကို ဖမ်းယူ ဆုပ်ကိုင် လိုက်ပြီး ပြုံးလျက်ဖြင့်၊

" သွေးတွေ စီးဆင်းဖို့ ဆန္ဒ ရှိနေရင်၊ သူတို့ စီးဆင်း ကြ ပါစေ၊ မင်းရဲ့ လက်ကိုင် ပုဝါတွေ ညစ်ပတ် သွားရင်သာ၊ ငါစိတ် မချမ်း မသာ ဖြစ်မိ ရလိမ့်မယ်။ ”

“ အစ်ကိုကြီး၊ ငါ့ကို မခြောက်နဲ့ …”

ရှင်းယန်၏ အသံမှာ အဖျားခတ် တုန်ယင် သွားသည်။

လင်းယွန်နှင့် ကျန်တပည့် များက အနားသို့အလျင် အမြန် တိုးကပ် သွားမိရာ၊ ရှင်းဂျူ၏ နဖူးမှ သွေးများ၊ အဆက် မပြတ် စီးကျလာ သည်ကို၊ တွေ့လိုက် ရသည်။

***

All Chapters