ဓားနောက်ကို လိုက်။
Vol. 28 Ch. 390
ရှင်းဂျူက ရှင်းယန်၏ လက်ကို ဖမ်းယူ ဆုပ်ကိုင် လိုက်ပြီး ပြုံးလျက်ဖြင့်၊
" သွေးတွေ စီးဆင်းဖို့ ဆန္ဒ ရှိနေရင်၊ သူတို့ စီးဆင်း ကြ ပါစေ၊ မင်းရဲ့ လက်ကိုင် ပုဝါတွေ ညစ်ပတ် သွားရင်သာ၊ ငါစိတ် မချမ်း မသာ ဖြစ်မိ ရလိမ့်မယ်။ ”
“ အစ်ကိုကြီး၊ ငါ့ကို မခြောက်နဲ့ …”
ရှင်းယန်၏ အသံမှာ အဖျားခတ် တုန်ယင် သွားသည်။
ရှင်းဂျူ၏ နဖူးမှ သွေးများ၊ အဆက် မပြတ် စီးကျ လာသည် နှင့်အမျှ၊ အသက် ဓာတ်များ တဖြေးဖြေး ခမ်းခြောက် လာခဲ့သည်။
စီးကျ လာသော သွေးများက၊ မျက်နှာ တစ်ဝက် နီးနီး နီရဲ ဖုံးလွှမ်း သွား၏။
“ အစ် ကို ကြီး၊ ငါ့ ကို မ ခြောက် ပါ နဲ့ …”
ရှင်းယန်၏ မျက်ဝန်းများ၊ နီရဲ တုန်ယင် လာပြီး၊ သွေးများကို သုတ်ယူရန်၊ အသိ မဲ့စွာ အကြိမ်ကြိမ် ကြိုးစား နေမိသည်။
တစ်ဖက်တွင် လင်းယွန်က ရှင်းဂျူကို ထိတ်လန့် စွာဖြင့်၊ စိုက်ကြည့် လိုက်မိ၏။ ရှင်းဂျူ၏ မျက်ဝန်းများ ထဲရှိ၊ နာကျင်ရိပ် များကြောင့်၊ အသက်ရှူ ကြပ်သွား သကဲ့သို့ ခံစား လိုက်ရသည်။
ဓားထမ်း အကြီးအကဲနှင့် အခြားသော အကြီးအကဲ များက၊ လျင်မြန်စွာ ရောက်ရှိ လာပြီး၊ အခြေ အနေကို မြင်သော အခါတွင် မျက်နှာများ ပြောင်းလဲ သွားသည်။
“ ဒါ …..... ”
လျိုဖန်၏ အသံမှာ တုန်ခါ နေပေသည်။ သူရှေ့ရှိ မြင်ကွင်းကို မယုံကြည် နိုင်ပေ။ ရှင်းဂျူက ရှန်ရှင်းဓား ကို၊ ဆုပ်ကိုင် နိုင်ခဲ့သည့်အတွက်၊ အစောပိုင်း အချိန် ကပင်၊ သူ ပျော်နေ မိခဲ့သည်။
ထိုအပျော် လေးများ မဆုံး ခင်တွင်၊ ရှင်းဂျူ၏ အသက် ဓာတ်မှာ၊ ပျောက်ကွယ် သွားခဲ့သည်။
၎င်းကို သူ လက်မခံနိုင်။ ရှင်းဂျူနှင့် သူ့ကြား ဆက်ဆံ ရေးမှာ၊ အကြီးအကဲ တစ်ဦးနှင့်၊ တပည့် တစ်ဦး အဖြစ်သာ မဟုတ်ချေ။
ရှင်းဂျူ၏ ဖခင်က သူ့အား အပ်နှင်း ခဲ့ပုံကို ပြန်ပြောင်း သတိ ရလာသော အခါတွင်၊ မျက်ရည်များ စီးကျလာ တော့သည်။
“ ဓားထမ်း အကြီး အကဲ၊ အစ်ကို ကြီးကို ကယ်ပါဦး …။ ”
ရှင်းယန်က ဓားထမ်း အကြီးအကဲကို၊ တွေ့လိုက် သည်နှင့်၊ သူမ မျက်လုံးများ ထဲတွင်၊ မျှော်လင့် ချက်များ ဝေ့သီ လာသည်။
ဓားထမ်း အကြီးအကဲက လူအုပ် ကြီးအား တွန်းဖယ်ကာ၊ ရှင်းဂျူ၏ လက်ကောက် ဝတ်အား ကောက်ကိုင် လိုက်ပြီး၊ သွေးခုန် နှုန်းကို စမ်းကြည့် လိုက်သည်။
ပြီးနောက် ပျက်ယွင်းသော မျက်နှာဖြင့်၊ လျိုဖန်းအား လှည့်ကြည့် လိုက်လေသည်။
“ ဘာ လို့ လဲ ... ဘာ လို့ လဲ .... ”
ရှင်းယန်က ငိုသည်။ သူမ မျက်နှာ ပေါ်ရှိ၊ ဝမ်းနည်းမှု များက၊ မြင်ရ သူတိုင်းကို ကြေကွဲ လာစေ ခဲ့၏။
ယင်းကြောင့် အသက်နှင့် သေဆုံး ခြင်းကို၊ လျစ်လျူရှု ထားသော ရှင်းဂျူ သည်ပင်၊ ပုတ်နှိုးခံ လိုက်ရ သကဲ့သို့၊ ထိတ်လန့် မှုများ ဝင်ရောက် လာသည်။
သူ့ညီမ လေးကို ခါတိုင်းလို၊ ပွေ့ဖက် နှစ်သိမ့်ရန်၊ အားယူ လိုက်၏။
“ ရီ ရှင်း ယန်၊ မငိုနဲ့ …”
ကုန်းထလျှက် လမ်းလျှောက် ဖို့ရန်၊ ရုန်းကန် ကြိုးစား နေသည့် အခိုက် မှာပင်၊ ပြန်လဲကျ သွားသည်။
" စီနီယာ အစ်ကို ......"
" အစ် ကို ကြီး ..... "
ရှင်းဂျူအား မတ်တပ် ရပ်လာ စေရန်၊ အနီးနား ရှိသူ အချို့က၊ အထိတ် တလန့်ဖြင့် ကူညီ လိုက်ကြ၏။
သို့သော် ရှင်းဂျူ၏ မျက်လုံး များက၊ တစ်စုံ တစ်ယောက်ကို ရှာဖွေနေ သကဲ့သို့၊ သူ့လက်များအား လေထဲ ဝှေ့ယမ်း နေလေသည်။
" အစ်ကိုကြီး၊ ငါဒီမှာ .... "
ကယောင် ကတမ်း ဖြစ်နေသော လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ၊ ပါးပြင်၌ အပ်လိုက် ချိန်တွင်၊ ရှင်းယန်၏ နှလုံး သားများ ကြေကွဲ သွားကုန်သည်။
လက်ဖဝါး မှ တဆင့်၊ စီးဝင် လာသော နွေးထွေးမှု များကြောင့်၊ ရှင်းဂျူက ကြင်နာသော အပြုံးကို ထုတ်ဖော် ပြသကာ၊ နောက်ဆုံး ထွက်သက်အား ရှူထုတ် လိုက်တော့သည်။
" အစ် ကို ကြီး ....."
ရှင်းယန်က လှုပ်ခါလျက် ငို၏။ သို့သော် မည်သို့ပင် ကြိုးစား စေကာမူ၊ ရှင်းဂျူး ထံမှ တုံ့ပြန် မှုအား သူမ မရ နိုင်တော့ပေ။ ဤ တစ်ကြိမ်တွင် ထာဝရပင် ဖြစ်သည်။
ချစ်ရ သူကို ဆုံးရှုံး လိုက်သော ဝေဒနာက၊သူမအား လွှမ်းခြုံ လာချိန်တွင်၊ နှုတ်ခမ်း ထောင့်၌ သွေးများ စီးကျ လာပြီး၊ မေ့လဲ သွား၏။
“ မျှော်လင့်ချက် ရှိသေးတယ် … မျှော်လင့်ချက် ရှိသေးတယ် …”
ရုတ်တရက် အရူး တစ်ယောက် ကဲ့သို့ အော်ဟစ် လိုက်ပြီး၊ ရှင်းဂျူကို ပွေ့ယူ လိုက်သော လင်းယွန်ကြောင့်၊ လူတိုင်းက ထိတ်လန့် သွားခဲ့သည်။
" နဂါးလေး .... "
တစ်စုံ တစ်ရာကို တွေးမိ လိုက်ပြီး၊ သူ့အသံတွင် ဝမ်းနည်း ထိတ်လန့် ခြင်းများ၊ ပြည့်နှက် နေ၏။
ကြက်သွေးရောင် လျှပ်စီးကြောင်း တစ်စ တောထဲမှ ပြေးထွက် လာ၏။ ချက်ချင်းပင် ရှင်းဂျူအား ပွေ့လျက်ဖြင့်၊ ခုန်တက် လိုက်ကာ၊ လူတိုင်း၏ အမြင်မှ၊ လျင်မြန်စွာ ပျောက်ကွယ် သွားသည်။
" လင်းယွန်း ဘာလုပ်ဖို့၊ ကြိုးစား နေတာလဲ။ "
မိုက်မဲသော တစ်စုံ တစ်ရာအား၊ လင်းယွန် လုပ်ဆောင် မိမည်ကို၊ လျိုဖန်းက ကြောက်လန့် သွားခြင်း ဖြစ်သည်။
“ သူ့ကို လွှတ်လိုက်ပါ၊ သူ့မှာ ရှင်းဂျူကို ကယ်တင်ဖို့၊ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်။ ”
ဓားထမ်း အကြီး အကဲ ချင်ဇူအိုက၊ ခွန်အား မဲ့စွာ ဆိုလိုက်သည်။
ဤနေရာ၌ အသန် မာဆုံး ပုဂ္ဂိုလ် တစ်ဦး အနေဖြင့်၊ ရှင်းဂျူနှင့် လင်းယွန်ကို သူက စောင့်ရှောက် ရပေမည်။
ထို့ကြောင့် ရှင်းဂျူ သေဆုံးမှု အတွက်၊ သူ့၌ တာဝန်ရှိ သည်ဟု ခံစား ခဲ့ရသည်။
" သူ ဘယ်သွား တာလဲ။ "
“ ဓားသင်္ချိုင်း တောအုပ်က လွဲရင်၊ ဘယ်များ သွားစရာ ရှိမှာလဲ၊ ရှင်းယန်ကို ဂရုစိုက်ပါ၊ သူ့ကို ဘာမှ မဖြစ် ပါစေနဲ့ ... နားလည်လား။ "
ဓားထမ်း အကြီးအကဲ စကား များကြောင့်၊ လျိုဖန်း၏ မျက်ဝန်းများ တောက်ပ လာသည်။
လင်းယွန် သည်သာ ဓားသင်္ချိုင်း တောအုပ်သို့ သွားရိုး မှန်ပါက၊ အမှန် တကယ် မျှော်လင့်ချက် ရှိနိုင်သည်။
သို့သော် နဂါးသွေး မြင်း၏ အရှိန် ဖြင့်ပင်၊ ခုနစ် ရက်ခန့် ကြာနေ နိုင်သေးသည်။
ခုနစ်ရက် ကြာပြီးနောက်၊ ရှင်းဂျူ အတွက် မျှော်လင့်ချက် ရှိနိုင် ပါဦး မည်လော။
" နဂါးလေး မြန်မြန်.... မြန်မြန် .... "
နဂါးသွေး မြင်းက တောင်တန်း တစ်လျှောက် အရှိန် အဟုန်ဖြင့် ပြေးလွှား နေခဲ့သည်။
အချိန် အများ စုတွင်၊ သူ့၌ မိုက်မဲ မှုများ ရှိကောင်း၊ ရှိနိုင် သော်လည်း၊ လင်းယွန်၏ လက်ရှိ ခံစားချက် များကို၊ သိရှိ နေမိ သောကြောင့်၊ ဆိုးရွားစွာ နာကျင် လာမိသည်။
'' ဟီး.....ဟစ် ဟစ် ဟစ် ''
လင်းယွန်၏ ဝမ်းနည်း မှုနှင့် နာကျင် မှုသည်၊ သူ့အား အစွမ်းရှိ သမျှ ပြေးမိ စေ၏။
တောင်တန်း တစ်လျှောက် ပြေးလမ်း ပေါ်ရှိ၊ ပိတ်ဆို့ လာသော သစ်ပင် များကို၊ ခန္ဓာ ကိုယ်ဖြင့် တိုက်လှဲ ချသွားသည်။
စိုးရိမ် ပူပန် မှုကို ခံစား ခဲ့ရပြီး၊ သည့်ထက် မြန်မြန် မသွား နိုင်ခြင်း အတွက်၊ နဂါးသွေး မြင်းက သူ့ကိုယ်သူ မုန်းတီး မိ၏။
လေးရက်နှင့် လေးည တိတိ၊ မနားတမ်း ပြေးလွှားခဲ့ ပြီးနောက်၊ အမှောင် ထဲ၌ အိပ်ပျော် နေသော မြို့တော်ကို၊ လှမ်းမြင် လိုက်ရသည်။ သူ့ မျက်လုံး များတွင် မျှော်လင့် ချက်များ ဝင်းပ လာတော့သည်။
" အား တင်း ထား ..... "
နဂါးသွေး မြင်းက လျှပ်စီးလက် သကဲ့သို့ ပြောင်းလဲ သွားပြီး၊ အစောင့် များကို ဂရု မစိုက် တော့ဘဲ၊ မြို့ရိုးအား ဖြတ်ကျော် သွားသည်။
ရုတ်တရက် ကြက်သွေးရောင် အလင်းတန်း တစ်စ၊ ဖြတ်ကျော် သွားသည်ကို၊ အစောင့် များက သတိထား မိလိုက် ချိန်တွင်၊ နဂါးသွေး မြင်းမှာ ပျောက်ကွယ် သွားပြီ ဖြစ်သည်။
“ငါတို့ ရောက်ခါ နီးပြီ ... နည်းနည်း ထပ် မြန် ဦး ... ”
နဂါးသွေး မြင်းကို မြန်မြန် ပြေးဖို့ရန်၊ တိုက်တွန်း လိုသော အသံ များပင်၊ ပျောက်ဆုံး နေလေပြီ။
လင်းယွန်၏ မျက်လုံး များရှိ၊ သွေးကြောများ ယောင်ကိုင်း နီရဲ လာပြီး၊ အသံ မထွက် နိုင်တော့ပေ။
သို့သော် နဂါးသွေး မြင်းမှာ၊ ထုတ်ပြော စရာ မလို အောင်ပင်၊ သူ့ ခံစားချက် များကို နားလည် နိုင်ခဲ့သည်။
တရွေ့ရွေ့ အေးစက် လာသော ရှင်းဂျူ၏ ခန္ဓာ ကိုယ်ကြောင့်၊ သူ့အား နာကျင်မှု ပိုတိုး စေ၏။
ဤသို့ဖြင့် ခုနစ်ရက် ခရီးကို လေးရက် အထိ လျှော့ချ နိုင်ခဲ့သည်။ သူတို့ ရှေ့၌ မြူများဆိုင်းနေသော ရေကန် တစ်ကန်၊ ထွက်ပေါ် သည်နှင့်၊ ဟီသံ ပြုလျက် တစ်ဟုန်ထိုး ပြေးဝင် သွားသည်။
'' ဟီး ..... ဟစ် ဟစ် ဟစ် ''
တစ်ချိန်တည်း မှာပင်၊ ၎င်း၏ ကိုယ်ခန္ဓာရှိ နဂါး သွေးများ၊ လောင်ကျွမ်း သွားပြီး၊ နဂါး တစ်ကောင် ကဲ့သို့၊ ရေကန်ပေါ် ဖြတ်ကျော် ပျံသန်း လိုက်၏။
အလွန် အမင်း ပွက်လောရိုက် စေသော၊ အဖြစ် အပျက် များကြောင့်၊ ဤနေရာ ပိုင်ရှင်က၊ သဘာဝ အတိုင်း သတိထား မိသွား ခဲ့သည်။
ကမ်းစပ်တွင် ရပ်နေသော အဖိုးအို တစ်ဦးက၊
မြူခိုး များကို ဖြတ်ကျော် ပျံသန်း လာသော၊ နဂါး သွေးမြင်းနှင့်၊ လင်းယွန်အား မျက်မှောင် ကြုတ်လျက် လှမ်းကြည့် လိုက်၏။
“ သခင် ဆယ့်သုံး၊ ငါ့ အစ်ကို ကြီးကို ကယ်တင် ပေးပါ။ ”
လင်းယွန်က မြင်းပေါ်မှ ခုန်ချကာ၊ ဒူးထောက် လိုက်ပြီး၊ နဖူးအား မြေပြင် ပေါ်သို့၊ ကြိမ်ဖန် များစွာ 'တဒုန်းဒုန်း' ဖြင့်၊ ဦးတိုက် နေခဲ့သည်။
“ ထပြီး ပြောပါ။ ”
သခင် ဆယ့်သုံးက လက်ကို ဝှေ့ယမ်း အမိန့် ပေးလိုက်ပြီး၊ နဂါးသွေး မြင်း၏ ကျောပေါ်ရှိ၊ ရှင်းဂျူထံ မော့ကြည့် လိုက်သည်။
ရှင်းဂျူ၏ မျက်နှာကို မြင်လိုက် ရချိန်၌၊ တည်ငြိမ်သော သူ့ မျက်လုံး များတွင်၊ ထိတ်လန့် မှုများ ဝင်ရောက် လာခဲ့သည်။
စကား တစ်ခွန်းမှ မဆို တော့ဘဲ၊ ရှင်းဂျူ၏ နဖူးပေါ် သူ့ လက်ဖဝါးအား တင်လိုက်၏။
ခဏ အကြာတွင် သူ့ လက်ဖဝါးမှ တဆင့်၊ အပ် တစ်ချောင်းကို စုပ်ယူ ထုတ်လိုက်သည်။
အပ်ကို မြင်သည်နှင့် သခင် ဆယ့်သုံး၏ မျက်နှာတွင်၊ လူသတ် လိုသော ဆန္ဒများ တောက်လောင် သွားသည်။
၎င်းမှာ အစသာ ဖြစ်ပြီး၊ လက်ကို ဝှေ့ယမ်းကာ၊ ရှင်းဂျူ၏ ခန္ဓာကိုယ် ထဲမှ နောက်ထပ် အပ်များ ထပ်မံ ထုတ်ယူ လိုက်သည်။
စုစုပေါင်း 'အပ်' ရှစ်ချောင်း ထွက်ကျ လာ၏။ အဆိပ် 'အပ်' များကို ကြည့်ပြီး၊ လင်းယွန်၏ မျက်လုံးများ နီရဲ လာသည်။
အဆိပ်အပ် ရှစ်ချောင်းသည် သူ့ဆီ ဦးတည် လာခြင်း ဖြစ်ကာ၊ ရှင်းဂျူက သူ့ခန္ဓာ ကိုယ်ဖြင့် ဟန့်တား ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအတွေးအကြောင့် သူ့ သွေးများ ဆူပွက် လာ၏။ အဆိပ် အပ်များ စူးဝင် သွားချိန်၌၊ ရှင်းဂျူက မည်သို့သော ဝေဒနာမျိုး၊ ခံစား ခဲ့ရ မည်ကို၊ သူ မတွေး ရဲပေ။
" ဒါတွေက ဘာတွေလဲ။ "
ဒေါသကို မျိုသိပ် လိုက်ပြီး၊ အဆိပ် အပ်များကို ကောက်ယူရန် ပြင်လိုက်သည်။
" မ လုပ် နဲ့ ........ "
သခင် ဆယ့်သုံးက ဟန့်တား လိုက်ပြီး၊
“ ဒါက 'သွေးတွင်း ငွေအပ်ပင်' တွေပဲ၊ ယန္တရား ဂိုဏ်းက သူတို့ကို ဖန်တီး ထားတာ ...၊ ယန္တရား ဂိုဏ်း ဆိုတာက ရုပ်သေး ရုပ်တွေ၊ လက်နက် တွေနဲ့၊ အဆိပ် လက်နက် တွေကြောင့်၊ ကျော်ကြား ခဲ့တဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းပဲ၊ သူတို့ကို ကျင့်ကြံသူ တိုင်းက ကြောက်ရွံ့ ကြတယ်၊ အခုတော့ သူတို့ ဂိုဏ်းက ပျက်သုဉ်း သွားခဲ့ ပါပြီ၊ .... ”
“ ... သူတို့ ဂိုဏ်းရဲ့ ကြောက်စရာ ကောင်းတဲ့ လက်နက်တွေ ကိုတော့၊ အချို့က အခု ချိန်ထိ ထိန်းသိမ်း ထားနေ တုန်းပဲ၊ အလွန် ရှားပါးပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး မှာတောင်၊ များများ စားစား မကျန် တော့ဘူး။ ”
သခင် ဆယ့်သုံး၏ ရှင်းပြ မှုကြောင့်၊ လင်းယွန်က စိုးထိတ် လာသည်။
“ သခင် ဆယ့်သုံး အစ်ကိုကြီးကို ... ကယ်တင် နိုင်သေးလား။ ''
သခင် ဆယ့်သုံး၏ မျက်လုံး များတွင်၊ အလင်း ရောင်များ မှိန်ဖျော့ သွားကာ၊ ခေါင်းခါ ပြလိုက်၏။
“ သွေးတွင်း ငွေအပ်ပင် က၊ နက်နဲ နယ်မြေ ကျင့်ကြံ သူတွေ အတွက်၊ အထူး ရည်ရွယ် ထားတဲ့ အဆိပ် လက်နက်ပဲ၊ အဆိပ်က သွေးကနေ တဆင့်၊ အတွင်း အင်္ဂါတွေ ထဲကို စိမ့်ဝင်ပျက်စီး စေလိမ့်မယ်၊ .... ”
'' ... ခရမ်းရောင် နန်းတော် နယ်ပယ်က၊ ကျင့်ကြံ သူတွေရဲ့ မူလ စွမ်းအင်က၊ အသွင်ပြောင်း သွားတာကြောင့်၊ သူတို့ကို ဒီအဆိပ်က အန္တရာယ် မပေး နိုင်ဘူး၊ နက်နဲ သိုင်းသမား တွေ အတွက် ကတော့ ...၊ ဘယ်သူ မဆို သေရ လိမ့်မယ်။ ''
သခင် ဆယ့်သုံးတွင်၊ လင်းယွန်အား ထုတ်မပြော ခဲ့သော၊ အခြားအရာ တစ်ခု ရှိနေ သေးသည်။
သုံးရက် မျှသာ စောလာ နိုင်ပါက၊ ရှင်းဂျူကို ကယ်တင်ရန် ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ လင်းယွန်၏ အသွင် အပြင် အရ၊ ၎င်းကို ထုတ်မပြော တော့ရန်၊ ရွေးချယ် လိုက်ရသည်။
လင်းယွန်က သူ့ကိုယ်သူ အပြစ်တင် မိသွား မှာကို သူ ကြောက်သည်။
“ သူ့ကို မကယ်တင် နိုင်ပါဘူး …”
သခင်(၁၃) ၏ အဖြေကြောင့်၊ လင်းယွန် မျက်လုံးများ မှိတ်ကျ သွားသည်။ တစ်ချိန် တည်းမှာပင် နှလုံးသား တစ်ခုလုံး ဖောက်ထုတ် ခံလိုက်ရ သကဲ့သို့၊ ဗလာကျင်း သွား၏။
လက်ရှိ ခံစား နေရသော ဝေဒနာကို၊ ဖော်ပြရန် စကား လုံးများ မရှိပေ။ ရှင်းဂျူ သေမည့် အစား၊ သူသာ အသေ ခံချင် မိသည် ။
ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် သူ့အား ကယ်တင် ခဲ့ပြီး၊ သွေးအရိုး တောအုပ်၌၊ ပါရမီရှင် လေးပါးနှင့် အတူ၊ ထွန်းလင်း လာသော ရှင်းဂျူကို မြင်ယောင် လာမိသည်။
ထို့နောက် နာကျင်စွာ ငိုကြွေးသော ရှင်းယန်၏ ပုံရိပ်များ ...။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံး လာသော်လည်း၊ လင်းယွန်က ကျောက်ရုပ် တစ်ရုပ် ကဲ့သို့၊ ငြိမ်သက်စွာ ရှိနေသည်။
မအိပ်၊ မစား၊ ရေပင် မသောက်ချေ။
သို့သော် ဆယ်ရက် အကြာတွင်၊ သခင် ဆယ့်သုံး ရောက်ရှိ လာချိန်၌၊ လင်းယွင်က မူလ နေရာတွင် မရှိတော့ သည်ကို၊ သတိထား မိလိုက်သည်။
သူ့ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားသော်လည်း၊ ရေကန် နားတွင် ရပ်နေသော၊ လင်းယွန်၏ ပုံရိပ်ကို မြင်မှ သာလျှင်၊ စိတ် သက်သာရာ ရသွား၏။
သူက လင်းယွန် ထံသို့ တဖြည်းဖြည်း လျှောက်လှမ်း သွားလိုက်သည်။ အနားရောက် သည်နှင့် လင်းယွန်က လှည့် မကြည့်ပဲ၊ စကား စလာသည်။
“ သခင် ဆယ့်သုံး၊ ဒီကမ္ဘာမှာ လူကောင်း တွေက၊ ဘာလို့ အသက် မရှည် ရတာလဲ၊ ... ”
သို့သော် ထိုမေးခွန်းကို သခင် ဆယ့်သုံးက ပြန်မဖြေ မီတွင်၊
“ လွန်ခဲ့တဲ့ ဆယ်ရက် လုံးလုံး၊ ဒီပြဿနာကို ငါ တွေးနေ မိတာ၊ နောက်ဆုံးတော့ ဒါကို အရမ်းကြီး၊ စဉ်းစား နေစရာ မလို ဖူးလို့၊ ငါ ထင်တယ်၊ ငါ့နှလုံးသား နောက်ကို လိုက်ဖို့ပဲ လိုတယ် မဟုတ်လား။ "
“ အရင်က ပြောခဲ့ သလို ပါပဲ၊ အထောက် အထား မရှိရင်၊ ဘယ်သူ ဆိုတာ သိနေ ရင်တောင်မှ၊ ဓားနန်းတော်က မင်းနဲ့ အတူ ရပ်တည်ပြီး၊ သူတို့ကို အရေးယူ နိုင်မှာ မဟုတ်ဘူး။ ''
သခင်(၁၃)က လေးနက်သော အမူအယာဖြင့် ဖြည့်စွက် ရေရွတ် လိုက်သည်။
" ငါသွားဖို့ အချိန် ရောက်ပြီ။ "
လင်းယွန်က လှည့်ကြည့်ကာ ဆိုလိုက်သည်။ ဤကမ္ဘာ ကြီးတွင် စည်းကမ်းနှင့် ကန့်သတ် ချက်များ အလွန် များ၏။
သို့သော် မည်သူ မဆို၊ သေသည့် တိုင်အောင်၊ 'တာဝန် သိစိတ်' ရှိရ ပေမည်။ အနာဂတ်တွင် အိုမင်း လာပြီးနောက်၊ သူ့သွေး ထဲ၌ ထိုအသိများ စီးဆင်း နေမည်မှာ ဧကန်ပင်။
သူ့ လက်က ဓားကို လှမ်းကိုင် လိုက်၏။
***