← Chapters

ငါတို့ မတွေ့တာ အချိန် အတော် ကြာခဲ့ပြီ။

Vol. 28 Ch. 391

ငါတို့ မတွေ့တာ အချိန် အတော် ကြာခဲ့ပြီ။

Vol. 28 Ch. 391

" ငါသွားဖို့ အချိန် ရောက်ပြီ။ "

လင်းယွန်က လှည့်ကြည့်ကာ ဆိုလိုက်သည်။ ဤကမ္ဘာ ကြီးတွင် စည်းကမ်းနှင့် ကန့်သတ် ချက်များ အလွန် များ၏။

သို့သော် မည်သူ မဆို၊ သေသည့် တိုင်အောင်၊ 'တာဝန် သိစိတ်' ရှိရ ပေမည်။ အနာဂတ်တွင် အိုမင်း လာပြီးနောက်၊ သူ့သွေး ထဲ၌ ထိုအသိများ စီးဆင်း နေမည်မှာ ဧကန်ပင်။

သူ့ လက်က ဓားကို လှမ်းကိုင် လိုက်၏။

လေပြေများက သခင် ဆယ့်သုံး၏ မုတ်ဆိတ်ဖြူဖြူ များကို မှုတ်ထုတ် လိုက်ပြီး၊ မျက်နှာပေါ်ရှိ အရေး အကြောင်းများ အပေါ်၊ ဖုံးလွှမ်း သွားသည်။

သူ့ရှေ့က လူငယ်ကို ကြည့်လိုက် ချိန်တွင်၊ သခင် ဆယ့်သုံး၏ ရင်၌၊ ခံစား ချက်များ ပြည့်နှက် လာ၏။

မကြာသေးမီ ကပင် ရှင်းဂျူ၏ အလောင်း ဘေးတွင်၊ နာကျင်စွာ အော်ဟစ် ငိုယို နေသောကြောင့်၊ ဤလူလေးကို သူ စိတ်ပူ ခဲ့ရသည်။

တစ်ချိန်က ဓားသင်္ချိုင်း တောအုပ် ထဲကို၊ အတင်း အကြပ် တွန်းပို့ ခံရ ချိန်၌ပင်၊ မျက်ရည် တစ်စက် မကျ ခဲ့ပေ။

သို့သော် လွန်ခဲ့သော ဆယ်ရက် အတွင်း၊ ကြိမ်ဖန် များစွာ ငိုခဲ့ သည်ကို မြင်ခဲ့ ရသည်။

သူ့ အနေဖြင့် လင်းယွန်အား၊ အမှန် တကယ် ချစ်ခင် သောကြောင့်၊ ဤအရိပ်မှ ရုန်းမထွက် နိုင်တော့ မည်ကို စိုးရွံ့ သွားမိ၏။

သို့သော် လင်းယွန်မှာ ငယ်ရွယ်လွန်း သော်လည်း၊ နောက်ဆုံးတွင် အောင်မြင် ခဲ့သည်။ ဝမ်းနည်း ခြင်းနှင့် မုန်းတီးခြင်း ထဲသို့ မနစ်မြုပ် ခဲ့ပေ။

ဖုံးကွယ်၍ မရသော အဆင် မပြေမှု များသာ၊ မျက်လုံးများ ထဲတွင် ရှိနေသည်။

'' ကောင်လေး၊ မင်း လုပ်ချင်တာ လုပ်ပါ၊ ငါ့ဓားကို ငါဆွဲနိုင် သရွေ့၊ မင်းကို ငါကူညီမယ်။ ''

သခင် ဆယ့်သုံးက ဆိုသည်။

" သခင် ဆယ့်သုံး၊ အပ် တွေကို သုံးလို့ ရသေးလား။ ''

လင်းယွန်က မြေပြင် ပေါ်ရှိ၊ အဆိပ် အပ်များ ပေါ်သို့ ငုံ့ကြည့် လိုက်သည်။ အပ်များက ငွေရောင် အစင်း များဖြင့်၊ လှပနေ သောကြောင့်၊ ၎င်းတို့မှာ အဆိပ် ပြင်းသော လက်နက်များ ဖြစ်လိမ့် မည်ဟု၊ မည်သူမျှ ထင်မိမည် မဟုတ်ပေ။

" မင်း လုပ်နိုင် ပါတယ်၊ အဆိပ်က သွေးနဲ့ မထိတွေ့ သရွေ့တော့၊ ထွက်လာမှာ မဟုတ်ဘူး။

သခင် ဆယ့်သုံးက၊ လင်းယွန် ဘာလုပ်ချင် သည်ကို၊ ခန့်မှန်း နိုင်ခဲ့သည်။ လက်ကို ဝှေ့ယမ်းကာ အဆိပ်အပ် များအား၊ လင်းယွန်ထံ တွန်းပို့ လိုက်၏။

အဆိပ်အပ် များကို၊ လက်ခံ ယူလိုက် ချိန်တွင်၊ အေးစက်သော အလင်းများ သူ့မျက်လုံး များ၌၊ တောက်ပ လာခဲ့သည်။

ထို့နောက် ရှင်းဂျူကို နက်နက် နဲနဲ တစ်ချက် ကြည့်လိုက်၏။ သေပြီဟု မသိ သူတိုင်း အတွက်၊ ရှင်းဂျူ အသွင် အပြင်မှာ အိပ်ပျော် နေ သကဲ့သို့ ပေပင်။ လင်းယွန်က လှည့်ထွက် လာခဲ့သည်။

" သွား တော့ မယ်။ "

( အစ်ကိုကြီး၊ နဂါးတံခါး ပြိုင်ပွဲကို သေချာပေါက် ငါ သွားမှာပါ၊ အစ်မ ရှင်းယန်ကို ကာကွယ်ဖို့၊ ငါ့ဓားကို အသုံး ပြုပါ့မယ် ... )

ဆောင်းဦး ရာသီထဲ တိုးဝင်လာ နေပြီ၊ ဖြစ်၍ လမ်းများ ပေါ်တွင် လူများဖြင့်၊ စည်ကား နေသည်။

နဂါးသွေး မြင်း၏ သိုင်းကြိုးကို ကိုင်ထားလျက်၊ လင်းယွန်က လျှောက်လှမ်း လာခဲ့သည်။ စိတ်နှင့် လူဖြင့် အစေး ကပ်ခြင်း သိပ်မရှိပေ။

ရတနာ ခန်းမ ရှေ့တွင် ရပ်လိုက် သည်နှင့်၊ထူးခြားသော သူ့အမူ အရာကြောင့်၊ အစောင့် သိုင်းသမားက လင်းယွန် ဆီက မြင်းကို၊ လက်ခံဖို့ ချက်ချင်း ရှေ့တက် လာသည်။

" မင်းနာမည် မေးလို့ ရမလား၊ လိုအပ်တာ ရှိရင် ပြောပါ၊ ရတနာ ခန်းမက မင်းရဲ့တောင်းဆို မှုကို၊ ကျေနပ်အောင် အစွမ်းကုန် ကြိုးစား ပေးမှာပါ။ ''

ဧည့်ကြို တစ်ဦးက ပြေးထွက် လာပြီး၊ ခရီး ဦးကြို ပြုလိုက်သည်။

'' လင်း ယွန် ..... ''

ဧည့်ကြိုက အနည်းငယ် အံ့အား သင့်သော မျက်နှာဖြင့်၊ လင်းယွန်အား ခေတ္တမျှ စစ်ဆေးကြည့်နေသည်။

ထို့နောက် သူ့ မျက်လုံးများ တောက်ပ လာပြီး၊ 'မင်းက ဓားနန်းတော်ရဲ့ လင်းယွန် လား' ဟု၊ စိတ်လှုပ် ရှားသော အသံဖြင့်၊ မေးလိုက်သည်။

တစ်ချိန်က ရတနာ ခန်းမကို၊ ရုန်းရင်း ဆန်ခတ် ဖြစ်စေခဲ့ ဖူးပြီး၊ ဖီးနစ် ပန်းကလေး မွေးနေ့ ပွဲတွင်၊ တဟုန်ထိုး ကျော်ကြားလာခဲ့သော ဓားနန်းတော်၏ ဘီလူးငယ် ပင်လော။

'' ဟုတ်တယ် ငါပါ ...၊ မင်းရဲ့ ခန်းမ သခင် ဆီကို ခေါ်သွား ပေးပါ။ ''

" အိုး ဟုတ်ကဲ့ ....၊ သခင်လေး .... မင်းရောက် လာတဲ့ အကြောင်း၊ ချက်ချင်း အစီရင်ခံ လိုက်ပါ့မယ်။ "

ဧည့်ကြိုက နဂါးသွေး မြင်းကို ထိန်းသိမ်း ပေးရန်၊ အစောင့် သိုင်းသမားကို အချက်ပြ လိုက်ပြီ၊ ခန်းမ သခင် ဝေယွီအား မရှာ ဖွေခင်၊ လင်းယွန်ကို ဧည့်ခန်း တစ်ခန်း ထဲသို့ ခေါ်ဆောင်လာ ခဲ့သည်။ ပြီးနောက် လှည့်ထွက် သွား၏။

သိပ်မကြာခင် လင်းယွန် စောင့်နေသော အခန်း ထဲသို့၊ ဝေယွီ ရောက်ရှိ လာခဲ့သည်။

' ဒီနေ့ ငါတို့မှာ ရှားရှား ပါးပါး၊ ဧည့်သည် တစ်ယောက် ရှိနေ တာပဲ၊ မင်းဒီကို ဘာလာ ယူ တာလဲ။ "

ဝေယွီက လင်းယွန် အပေါ် ကောင်မွန်သောအမြင် ရှိနေရာ၊ ယဉ်ကျေးသော အသံဖြင့် မေးလိုက်သည်။

" လူတစ်ယောက်ကို ရှာဖို့၊ မင်းရဲ့အကူ အညီလိုနေတယ်"

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

" ဘယ်သူလဲ ဆိုတာ ငါသိနိုင် မလား။ "

'' ဝမ် မိသားစုရဲ့ .... ဝမ်ယန်။ ''

'' ဒါ ..... ''

ဝေယွီ၏ အပြုံးများ အေးခဲ သွားပြီး၊ တင်းမာသော အမူ အရာကို ထုတ်ဖော်ကာ၊

'' သခင်လေးလင်း၊ ငါက စီးပွားရေး သမားပါ၊ တစ်စုံ တစ်ယောက်ကို ရှာတွေ့ဖို့၊ ကူညီပေး နိုင်စွမ်း မရှိ ပါဘူး၊ တစ်စုံ တစ်ယောက်ကို ရှာချင်ရင် လူတစ်ချို့ ကိုတော့ အကြံ ပေးနိုင် ပါတယ်၊ ကျွမ်းကျင်တဲ့ ပညာ ရှင်တွေ ကသာ၊ ဒီလို ကိစ္စ မျိုးကို ကိုင်တွယ်တာ၊ ပိုကောင်း ပါတယ်။ ''

တုန့်ပြန် လာသော ဝေယွီ၏ အမူ အရာကို မြင်သော အခါတွင်၊ လင်းယွန်က စကား ဆိုခြင်း မရှိ တော့ချေ။

ပြတင်းပေါက် ဆီသို့ လျှောက်သွား လိုက်ပြီး၊လူစည် ကားသော လမ်းမပေါ် အချိန် အတော်ကြာ ငေးကြည့်ကာ၊

'' 'သတင်း' ဆိုတာ၊ စီးပွားရေး သမား တစ်ယောက် အနေနဲ့၊ ဆုပ်ကိုင်ထား သင့်တဲ့ အရာပဲ၊ ခန်းမ သခင်ဝေ ဒုက္ခကို ကြောက်ရင်၊ မင်း ရိုးသား နိုင်ပါတယ်၊ ငါမင်းကို အတင်း အကျပ် လုပ်မှာ မဟုတ် ပါဘူး။ "

အကြောင်း တစ်ခုခုကြောင့် ဝေယွီ၏ ကျောရိုး တစ်လျှောက်၊ အေးစက်သွား သကဲ့သို့ ခံစား လိုက်ရသည်။

'' သခင်လေးလင်း ...၊ ဒီနည်း အတိုင်းပဲ လုပ်ကြရအောင်၊ မင်းကို ငါဝေ့ဝိုက် မနေ တော့ဘူး၊ ဝမ်ယန်ကို ရှာတွေ့အောင် ငါကူညီ နိုင်ပါတယ်၊ .... ''

'' .... ဒါပေမယ့် ကြာနက် နန်းတော်မှာ ဒဿမ အဆင့်ကို တက်ပြီး၊ ဒဏ္ဍာရီ တစ်ပုဒ်ကို မင်းဖန်တီး နိုင်ခဲ့တယ် လို့လည်း၊ ငါကြားသိ ထားတယ်၊ ရတနာ ခန်းမ အတွက်၊ လေလံ တင်ဖို့ ရတနာ တစ်ခု၊ ဒါမှ မဟုတ် နှစ်ခုလောက် အထိ၊ ချန်ထား ခဲ့နိုင် မလားလို့ သိချင် မိတယ်။ ''

'' ခန်းမ သခင်ဝေ၊ မင်းရဲ့ လုပ်ရည် ကိုင်ရည်က တော်တော် တိုးတက် လာပြီ။ ''

လင်းယွန်က လှောင်ပြောင်သော အကြည့်ဖြင့် ရေရွတ် လိုက်သည်။

'' ဒါက မပျံ့နှံ့ သေးပေမယ့်၊ အင်ပါယာ တစ်ခုလုံးက အဲဒီ အကြောင်းကို သိဖို့၊ သိပ်ကြာမှာ မဟုတ် ပါဘူး၊ ငါတို့လို ကုန်သည်ကြီး တွေက၊ ကြာမိစ္ဆာ နယ်မြေကို အာရုံ စိုက်မိတာ သဘာဝ ပါ၊ နောက်ဆုံးတော့ ရတနာတွေ အတွက်ဆို၊ ခြေ တစ်လှမ်းတောင် နောက်ကျလို့ မရဖူး မဟုတ်လား။ ''

ဝေယွီက ရှက်ရွံ့သော အပြုံးဖြင့် ပြန်ဖြေ လိုက်သည်။

'' ငါ့ဂိုဏ်းကို အားလုံး ပေးခဲ့ ပြီးပြီ၊ မင်း လိုချင် ရင်တော့ ဒီလှံကို ယူလို့ ရပါတယ်။ "

လင်းယွန်က သိုလှောင်အိတ် ထဲရှိ၊ လှံ တစ်စင်းကို သတိရ သွား၏။ ရူရ်များ ကွဲအက် လာသောကြောင့်၊ ၎င်းအား ဂိုဏ်း ထံသို့ မပေးအပ် ခဲ့ခြင်း ဖြစ်သည်။

ခန်းမသခင် ဝေယွီက လှံကို လက်ခံ ယူသည်။ဤအရာသည် ပျက်စီး လုနီးပါး ဖြစ်သော စကြာဝဠာ လက်ရာ ဖြစ်သည်ကို၊ သူ သတိ ပြုမိ သော်လည်း၊ ဝမ်းမြောက် သွားသည်။သူက လျင်မြန်စွာ ပြုံးလိုက်ပြီး၊

'' ဒါက ပျက်စီး နေပေ မယ့်လည်း၊ ရှေးဟောင်း စကြာဝဠာ လက်ရာ တစ်ခု ဖြစ်နေတုန်း ပါပဲ၊ ကြာမိစ္ဆာ နယ်မြေရဲ့ ဂုဏ်သတင်းကို မှီခိုပြီး၊ ကောင်းမွန်တဲ့ စျေးနှုန်းနဲ့ ရောင်းချ နိုင်လိမ့်မယ်။ "

လှံကို ယူ၍ ခန်းမ သခင် ဝေက၊ လင်းယွန်ကို ကြည့်ကာ၊

" ကျေးဇူး ပြုပြီး ငါ့ကို ဒီမှာ စောင့်ပါ၊ မကြာခင် မင်းအတွက်၊ ဝမ်ယန်ရဲ့ တည်နေရာကို ငါရှာ လာမယ်။ "

မကြာမီ ဝေယွီက အဆင် မပြေသော အမူ အရာဖြင့် ပြန်ရောက် လာသည်။ သူက၊

'' သခင်လေးလင်း၊ ဝမ်ယန်က ဓားနန်းတော် ထဲက၊ အထက် တန်းစား မဟာမိတ် ပြည်နယ်မှာ ရှိနေတယ်။ ''

" ဟမ် ... သူက ဝမ် မိသားစု စံအိမ်မှာ မဟုတ် ဖူးလား။ "

ဝမ်ယန်သည် ဝမ် မိသားစု၏ ဌာန ချုပ်တွင် ပုန်းအောင်း နေရ မည်ဟု၊ လင်းယွန်က မျှော်လင့် ထားမိခြင်း ဖြစ်သည်။

ဓားနန်းတော်တွင် အမှန် တကယ် ရှိနေ သည့်အတွက်၊ သူ အံ့အားသင့် သွား၏။

" ဝမ် မိသားစုရဲ့ စံအိမ်က၊ ဓားနန်းတော် ထက်ပဲ လုံခြုံ ရဦး မလား၊ တစ်စုံ တစ်ယောက်က သူကို သတ်ဖို့၊ ဓားနန်းတော် ထဲကို၊ ဝင်ဝံ့ မယ်လို့တော့ ငါမထင် ပါဘူး။ ''

ဝေယွီက ရယ်လျက် ဆိုသည်။

ဝေယွီ ပြောသည်မှာ မှန်၏။ ဓားနန်းတော်သည် ဝမ်ရန် အတွက်၊ အခြား နေရာ များထက် ပိုလုံ ခြုံသည်။

သူ့အား မည်သူမျှ တစ်စုံ တစ်ရာ လုပ်ရဲမည် မဟုတ်ကြောင်း၊ တွက်ဆ နိုင်ပုံ ရသည်။ ဝမ် မျိုးနွယ်စု နောက်ခံကြောင့်၊ သက်သေ တစ်စုံ တစ်ရာ မရှိ ပါက၊ ဓားနန်းတော် အနေ ဖြင့်ပင် သူ့အား၊ မည်သို့မျှ လုပ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် သူ့၌ နောက်ထပ် အကာ အကွယ်အဖြစ် အိမ်ရှေ့ မင်းသားလည်း၊ ရှိနေ သေး၏။

တစ်စုံ တစ်ဦးက ဂိုဏ်း၏ စည်းမျဉ်း များအား ဆန့်ကျင်ကာ၊ လူသတ်မှု ကျူးလွန် ရဲမည် မဟုတ်ပေ။

၎င်းကို နားလည် ထားမိသော ဝမ်ယန်က ကောင်းမွန်သော စိတ်အခြေ အနေဖြင့်၊ရယ်မော ပျော်ရွှင် နေပေ လိမ့်မည်။

လင်းယွန်က ဝမ်ယန်၏ ခံစားချက် များကို ခန့်မှန်း တွေးတော ပြီးနောက်၊ ကြေနပ်စွာ ရယ်မော လိုက်သည်။

'' ဒါနဲ့၊ မကြာ သေးမီက ဓားနန်းတော်မှာ၊ အုတ်အော် သောင်းနင်း အဖြစ် အပျက် တစ်ခု ဖြစ်ပွား ခဲ့တယ်၊ ဒါကို မင်းမသိ သေးဖူး ထင်တယ်။ ''

ဝေယွီက ရုတ်တရက် သတိ ရသွား ဟန်ဖြင့်၊ ပြောလာသည် ။

" အဲ့ဒါ ဘာ များ လဲ ... "

ရှင်းဂျူ၏ သေဆုံးမှု ပြန့်နှံ့ သွားခြင်း ပင်လောဟု၊ လင်းယွန်က တွေးဆ နေမိ၏။

" ဘိုင်လိရွှမ်...၊ လွန်ခဲ့တဲ့ တစ်လ လောက်က၊ တံခါးပိတ် ကျင့်ကြံရာ ကနေ ထွက်လာ ခဲ့တယ်၊ သူထွက် လာချိန် မှာပဲ၊ ကောင်းကင်မှာ သက်တံ ရောင်စဉ်တွေ၊ သုံးရက်ကြာတောက်ပ နေစေတဲ့၊ သဘာဝ ဖြစ်စဉ် တစ်ခု ထွက်ပေါ် လာတယ်၊ ...''

'' .... ကောလ ဟာလတွေ အတိုင်း၊ သူက သူတော်စင် ခန္ဓာကို အောင်မြင် ခဲ့ပုံ ရတယ်၊ ဒါသာ အမှန်ဆို သူရဲ့ အရည် အချင်းအရ၊ ချင်အင်ပါယာ ကြီးမှာ၊ အကောင်း မွန်ဆုံး ဖြစ်လာ လိမ့်မယ်။ ''

ထိုဖြစ် စဉ်ကို ကိုယ်တိုင် မြင်ခဲ့ရ သောကြောင့်၊ ဝေယွီ၏ လေသံမှာ ခံစားချက် များနှင့်၊ တုန်ခါ နေခဲ့သည်။

ကျင့်ကြံသူ များအား အကဲဖြတ် ရာ၌၊ အရည် အချင်းနှင့် ထိုးထွင်း နားလည်မှု ဟူသော၊ အချက် နှစ်ချက် အပေါ် အခြေခံ သည်။

နားလည်မှုကို တိုင်းတာရန် မဖြစ်နိုင် သော်လည်း၊ အရည်အချင်း ကိုမူ စမ်းသပ် နိုင် ပေ၏။

လင်းယွန်သည် အဋ္ဌမတန်း ဝိညာဉ် အဆင့်ခန္ဓာ ကိုယ်ကို ပိုင်ဆိုင်ထား သဖြင့်၊ မဟာချင် အင်ပါယာ၏ ထိပ်တန်း ပုဂ္ဂိုလ်များ ထဲမှ တစ်ဦး အဖြစ်၊ သတ်မှတ် ခံထား ရသည်။

သူတော်စင် ခန္ဓာ မှာမူ မကြုံစဖူးသော စွမ်းရည်တစ်ခု ဖြစ်၏။ ယေဘုယျ အားဖြင့်၊ အနာဂတ်တွင် ဘိုင်လိရွှမ်မှာ ကျားများ ကြားက နဂါး၊ ဖြစ်လာမည့် အဓိပ္ပါယ် ပေပင်။

တောင်ပိုင်း ရှေးဟောင် နယ်မြေ တစ်ခုလုံး တွင်ပင်၊ သူတော်စင် ခန္ဓာကို အောင်မြင်အောင်၊ စွမ်းဆောင် နိုင်သူ အများ အပြား မရှိပေ။

'' နောက်ဆုံးတော့ သူ ထွက်လာ ပြီပေါ့၊ တိုက်ဆိုင် လိုက်တာ။ "

ဘိုင်လိရွှမ် ထွက်လာ ချိန်တွင် အင်ပါယာ တစ်ခွင်အား၊ ထိတ်လန့် တုန်လှုပ် လာစေ မည်ဟု ပြောဆို နေကြ သည်ကို၊ သူ ကြားထား ဖူးပြီ ဖြစ်သည်။

ကောလ ဟာလ များသည် မှားယွင်း ပုံမရချေ။ ချင်အင်ပါယာ ကြီးတစ်ခု လုံးကို၊ လွှမ်းခြုံ ထားသော၊ သဘာဝ ဖြစ်စဉ် တစ်ခု၊ သုံးရက်ကြာ ထွက်ပေါ် နေခဲ့ သည်လော။

'' နှုတ်ဆက် ပါတယ်။ ''

ခန်းမ သခင် ဝေယွီအား နှုတ်ဆက်ကာ၊ ရတနာ ခန်းမမှ ထွက်ခွာ လာခဲ့သည်။

" ဒီကလေး ဘာဖြစ် နေတာလဲ၊ သူနဲ့ မတူတော့ သလို ပါလား၊ ဒါမှ မဟုတ် ငါပဲလား .... "

ဝေယွီက မေးစေ့အား ပွတ်ကာ၊ စဉ်စား နေမိသည်။ လင်းယွန်၏ စိတ်နေ စိတ်ထားမှာ၊ ယခင် ကတည်း ကပင် ထူးထူး ခြားခြား ဖြစ်သည်။

သို့သော် ယနေ့ လင်းယွန်သည် ပို၍ နားမလည် နိုင်စွမ်းများ ပေစွမ်း နေသည်။ တံခါးပိတ် ကျင့်ကြံ နေရာမှ၊ ဘိုင်လိရွှမ် ထွက်လာသည့် အပေါ် စိတ်ပူပုံ မရပေ။

ဂူတစ်ဂူ တည်းတွင်၊ ကျား နှစ်ကောင် ရှင်သန်ရန်မှာ မဖြစ်နိုင် သည်ကို၊ သူက သတိပေး လိုခြင်း ဖြစ်သည်။

ဆန္ဒ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ဘိုင်လိရွှမ်နှင့် သူ၏ တိုက်ပွဲမှာ၊ ရှောင်လွှဲ စရာ နည်းလမ်း ရှိမည် မဟုတ်ပေ။

ကျင့်ကြံ ခြင်း လမ်းခရီး၌ ဂရု မစိုက် ပါက၊ တခြားသူ များ၏ နင်းချေ ခြင်းကို၊ ခံရပေ လိမ့်မည်။

ခုနစ်ရက် ကြာပြီးနောက်၊ အထက် တန်းစား ပြည်နယ်တွင်၊ အလွန် ကောင်းမွန်သော စိတ်အခြေ အနေကို၊ ပိုင်ဆိုင် ထားသည့် ဝမ်ယန်က ရပ်နေ ခဲ့သည်။

လင်းယွန်၏ မှန်းဆချက် မှန်ကန် ခဲ့၏။ ဝမ်ယန်က ရာနှင့် ချီသော၊ တပည့် များနှင့် အတူ မိုးကြိုး ရှစ်ဖော်ကို မျက်နှာ မူကာ၊ စင်မြင့်တစ်နေရာ၌ ဓားရေး လေ့ကျင့် နေသည်။

ဓားရေး လေ့ကျင့် နေစဉ် အတွင်း၊ အောင်မြင်မှု တစ်ခုကို ရယူ နိုင်ခဲ့ပြီး၊ နက်နဲ သိုင်းနယ်ပယ်၏ နဝမ အဆင့်သို့၊ ရောက်ရှိ လာခဲ့သည်။

မိုးကြိုး ရှစ်ဖော်ကို တိုက်ပွဲတွင်၊ အနည်းငယ် အသာစီး ရယူ ထားနိုင်သည်။

" အရှုံး ပေး စမ်း ... "

ဝမ်ယန်က သူတို့ကို ငေါက်လိုက်ပြီး၊ ဓားဖြင့်ပိုင်းချ လိုက်ရာ၊ မိုးကြိုး ရှစ်ဖော်အား လွင့်စင် သွားစေ တော့၏။

လဲကျ သွားသော မိုးကြိုး ရှစ်ဖော်က၊ မြေပြင်ပေါ် ထရပ် လိုက်ပြီး၊ ဖုန်များကို သုတ်လျက် ဝမ်ယန်အား ဂုဏ်ပြုရန်၊ ပြန်တက်လာ ကြသည်။

ဝမ်ယန်၏ အရှိန်အဝါမှာ ဆက်လက် မြင့်တက် နေပြီး၊ ကြေနပ်ဖွယ် စွမ်းအားကို ခံစားမိ စေသည်။

အိမ်ရှေ့မင်းသား ပေးအပ် ခဲ့သော ဆေးလုံးမှာ အစွမ်း ထက်လှ ပေ၏။ အဌမ အဆင့် ပိတ်ဆို့မှု များကို၊ သူက ချက်ချင်း ဖြတ်ကျော် နိုင်ခဲ့သည်။

" စီနီယာ အစ်ကို၊ မင်းရဲ့ ခွန်အားနဲ့ ကောင်းကင် အဆင့်ကို ရောက်ဖို့၊ အချိန် သိပ်မယူ ရတော့ ပါဘူး။ "

" မင်း နာမည်ကို ကောင်းကင် အဆင့်မှာ၊ အနှေးနဲ့ အမြန်ဆို သလို၊ သတ်မှတ် ခံရ လာလိမ့်မယ်။ "

" ကောင်းကင် အဆင့်ရဲ့ တပည့် တွေက လွဲလို့ ၊ မင်းအတွက် ပြိုင်ဘက် မရှိတော့ မှာကို၊ ငါ ကြောက် မိတယ်။"

မိုးကြိုး ရှစ်ဖော်၏ မြှောက်ပင့် ပေးနေသောစကား များကြောင့်၊ ဝမ်ယန်က ပြုံးလိုက်သည်။

အဆုံးမဲ့ တောင်တန်းမှ ပြန်လာသော အခါတွင်၊ သူစိတ်မှာ မသက် မသာ ဖြစ်မိသည်။ ရှင်းဂျုကို သတ်နိုင် ခဲ့ခြင်းမှာ၊ တိုက်ဆိုင်မှုသက်သက် သာ ဖြစ်၏။ သူ၏ ဆန္ဒမှာ လင်းယွန် ဖြစ်လေသည်။

အိမ်ရှေ့ မင်းသားက သူတော်စင် ခန္ဓာ ကိုယ်ကို ရရှိ ခဲ့သော ဘိုင်လိရွှမ် အတွက်၊ ဂုဏ်ပြုရန် ရောက်ရှိ နေသည်။

ထို့ကြောင့်ပင် သူ့အား အဆင့် ချိုးဖြတ်ရန် ကူညီပေး လာခြင်းကြာင့်၊ စိတ်သက် သာရာ ရသွားသည်။

နောက်ထပ် အခွင့် အရေး ရှိခဲ့ ပါလျှင်၊ လင်းယွန်ကို နောင်တ မရဘဲ သတ်ပစ် မိပေမည်။အထူး သဖြင့် ဓားကျွန် တစ်ယောက်က၊ သူ့ညီ ဝမ်နင်ကို သတ်လိုက် ခြင်းဖြင့်၊ အရှက်ရ စေသည်။

လင်းယွန် အကြောင်း တွေးမိ သွားပြီးနောက်၊ သူ့ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် လာကာ၊

" ဓားကျွန်က ပြန်မလာ သေးဖူးလား။ "

ဟု မေးမြန်း မိလေသည်။

" မလာ သေးပါဘူး၊ ကြာမိစ္ဆာ နယ်မြေကို သွားတဲ့ အဖွဲ့ ပြန်ရောက်တာ ကြာပါပြီ၊ လင်းယွန်ကတော့ သူတို့နဲ့ အတူ၊ ပါ မလာ ပါဘူး ...။ ''

" ဘိုင်လိရွှမ်က ရတနာ တောင်ကုန်း မှာတောင်၊ သူ့ကို သွားရှာ ခဲ့ပါ သေးတယ်။ ''

" ဟား ဟား ဟား၊ ဘိုင်လိရွှမ်က ဓားကျွန်နဲ့ ရန်ငြိုးတွေ ရှိနေ လိမ့်မယ်လို့၊ ဘယ်တုန်း ကမှ မမျှော်လင့် ထားမိဘူး၊ နောက်ဆုံးတော့ ဒီဓားကျွန်ကို၊ ကိုင်တွယ် ဖြေရှင်းဖို့ တစ်ယောက် ယောက် ရှိလာ ပါပြီ။ ''

" ဘိုင်လိရွှမ် ကမှ တကယ့်ကို ဘီလူး တစ်ကောင်ပါ၊ တံခါးပိတ် ကျင့်ကြံရာ ကနေ ထွက်ထွက် လာချင်း၊ ကောင်းကင် အဆင့်က တပည့် ခြောက်ယောက်ကို၊ ဆယ်ကွက် အတွင်း ... အနိုင် ယူခဲ့ တယ်လို့၊ ကြားမိ ပါတယ်။ "

" သူတော်စင် ခန္ဓာ ကိုယ်က ဘယ်လောက်တောင် အစွမ်း ထက်လဲ ဆိုတာ ...၊ ငါတို့ နားလည် နိုင်တဲ့၊ အရာမှ မဟုတ်တာ ... "

ဝမ်ယန်က ပြုံးပြီး၊ မိုးကြိုး ရှစ်ဖော်ကို ကျော်ကာ၊ ရတနာ တောင်ကုန်း ရှိရာ အရပ် ဆီသို့၊ မျှော်ကြည့် လိုက်သည်။ ပြီးနောက်၊

'' ဓားကျွန် ပြန်လာတဲ့ အခါ၊ သူတော်စင် ခန္ဓာ ကိုယ်ကို ဖွဲ့တည် ထားနိုင် ခဲ့တဲ့ ဘိုင်လိရွှမ်က၊ သူ့ကို စောင့်နေတာ သိရင် ... ၊ သူ့ မျက်နှာက ဘယ်လို ပြောင်းသွား မလဲလို့၊ တွေးနေ မိတယ်။ "

" ငါတို့ နောက်ဆုံး တွေ့ခဲ့တာ၊ အချိန် အတော်ကြာ နေပြီ၊ ဒါတောင် မင်းငါ့ကို အရင် လိုပဲ စိတ်ပူ နေသေး တာလား စီနီယာဝမ် .... "

ရုတ်တရက် တည်ငြိမ်သော အသံ တစ်သံ ထွက်ပေါ် လာပြီး၊ ဝမ်ယန်၏ ကောင်းမွန်သောစိတ်ခံစား ချက်ကို ချိုးဖျက်ပစ် လိုက်သည်။

အသံ ထွက်ပေါ် လာရာ ဆီသို့ လှည့်ကြည့် လိုက်၏။ နောက်ကျောတွင် ဓားသေတ္တာ တစ်လုံးအား၊ ထမ်းပိုး ထားသော လူငယ် တစ်ယောက်၊ လျှောက်လှမ်း လာ သည်ကို တွေ့လိုက် ရသည်။

" လင်း ယွန် "

မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားကာ၊ ဝမ်ယန်က အော်ဟစ် ရေရွတ် လိုက်သည်။

***

All Chapters