ငါ့ဓားက၊ ဘယ်တော့မှ နောင်တ မရဘူး။
Vol. 28 Ch. 392
" ငါတို့ နောက်ဆုံး တွေ့ခဲ့တာ၊ အချိန် အတော်ကြာ နေပြီ၊ ဒါတောင် မင်းငါ့ကို အရင် လိုပဲ စိတ်ပူ နေသေး တာလား စီနီယာဝမ် .... "
ရုတ်တရက် တည်ငြိမ်သော၊ အသံ တစ်သံ နှင့်အတူ၊ နောက်ကျောတွင် ဓားသေတ္တာ တစ်လုံးအား၊ ထမ်းပိုး ထားသော လူငယ် တစ်ယောက်၊ လျှောက်လှမ်း လာ သည်ကို တွေ့လိုက် ရသည်။
" လင်း ယွန် "
မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားကာ၊ ဝမ်ယန်က အော်ဟစ် ရေရွတ် လိုက်သည်။
ဓားနန်းတော်သို့ ပြန်ရောက် ရောက်ခြင်း၊အထက် တန်းစား ပြည်နယ် မဟာမိတ် အဖွဲ့ ထံသို့၊ လင်းယွန်က တိုက်ရိုက် လာခဲ့ခြင်း ဖြစ်သည်။
မိုးကြိုး ရှစ်ဖော်နှင့် လေ့ကျင့် နေသော ဝမ်ယန်ကို အဝေး ကပင် သူ တွေ့မြင် ခဲ့သည်။
ကောင်းမွန်သော စိတ်အခြေ အနေဖြင့်၊ စကား စမြည် ပြောနေ မိသော ဝမ်ယန်က၊ ရုတ်တရက် ရောက်ရှိ လာသော၊ လင်းယွန်၏ အသွင် အပြင်ကြောင့်၊ ထိတ်လန့် သွားခဲ့သည်။
သို့သော် ဓားနန်းတော်တွင် လူသတ် ခြင်းအား တားမြစ် ထားသည်ကို သတိရ မိသွားကာ၊ ပြန်လည် တည်ငြိမ် လာ၏။
ဤစည်းမျဉ်းကို ဆန့်ကျင်သူ၊ မည်သူ မဆို ခြွင်းချက် မရှိ အသတ်ခံ ရမည် ဖြစ်သည်။
အကယ်၍ ထိုစည်းမျဉ်း ကြောင့်သာ မဟုတ်ပါက၊ လင်းယွန်ကို လွန်ခဲ့သည့် အချိန် များစွာ ကပင်၊ သူ သတ်ပစ် ခဲ့ပြီး ဖြစ်ပေမည်။
အဆိုပါ ကစား ပွဲမှာ ပြောင်လဲ သွားနိုင် သည်ဟု၊ သူ မမျှော်လင့် မထားပေ။ လင်းယွန်ကို ယခင်က ကာကွယ် ပေးခဲ့သော စည်းမျဉ်းသည်၊ ယခု အချိန်၌ သူ့၏ ပုန်းကွယ်ရာ ဖြစ်လာ နေပေသည်။
ထို့ပြင် ဤနေရာသည်၊ တပည့်များ ရာနှင့်ချီ ရှိသော၊ အထက် တန်းစား ပြည်နယ် ဖြစ်ပြီး၊ လင်းယွန် တက်နိုင်မည့် အရာ မရှိပေ။
" ဓားကျွန်၊ မင်း ဘာလုပ် နေတာလဲ၊ ဒီကို လာဖို့ မင်းမှာ ခွင့်ပြုချက် တစ်စုံ တစ်ရာ ရှိလား၊ ထွက်သွားစမ်း ... ။ "
ဝမ်ယန်က အေးစက်စွာ ကြိမ်းမောင်း လိုက်သည်။ မိုးကြိုး ရှစ်ဖော်နှင့်၊အထက် တန်းစား ပြည်နယ်၏ အဖွဲ့ဝင် များက၊ ဝမ်ယန်ကို ကာကွယ်ရန် လှုပ်ရှား လာ၏။
တစ်ဖက်တွင်၊ အဆုံးမဲ့ တောင်တန်း၌ စိုက်ကြည့် နေသော မျက်ဝန်း တစ်စုံနှင့်၊ ဝမ်ယန်၏ မျက်ဝန်း များ၊ ထပ်တူကျ မကျကို၊ လင်းယွန်က အာရုံစိုက် နေခဲ့သည်။
ရန်သူမှာ ဝမ်ယန်သာ ဖြစ်ပါက၊ ဓားတစ်ချက်ဖြင့် သတ်ပစ် နိုင်ပေမည်။
ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ပြီးနောက်၊ တရွေ့ရွေ့ လျှောက်လှမ်း လာသော လင်းယွန်၏ အသွင် အပြင်ကြောင့်၊
“ မင်း ... ငါ့ရဲ့ အထက် တန်းစား ပြည်နယ်ကို ဒုက္ခ ပေးဝံ့ သလား၊ ဒီဓားကျွန်ကို ငါ့အစား သင်ခန်းစာ သင်ပေးလိုက် ကြစမ်း ...."
လူတိုင်းက ဓားများ ချက်ချင်း ဆွဲထုတ် လိုက်ကြသည်။ သို့သော် သူတို့ ဓားများ ဓားအိမ်ထဲမှ၊ လုံးလုံး လျားလျား လွတ်ထွက် မလာခင် မှာပင်၊ ဓားသွား အော်မြည် သံများ ပဲ့တင် ထပ် လာသည်။
လင်းယွန်၏ ရှန်းရှန်း တစ်ပိုင်း ဓား ရည်ရွယ်ချက် အောက်တွင်၊ ပန်းသင်္ချိုင်း ဓားမှာ နေမင်း ကဲ့သို့၊ တောက်ပ လာ၏။
ပတ်ဝန်းကျင် တစ်ခုလုံး ဓားမြည် သံများဆူပွက် လာပြီ၊ သူတို့ အားလုံး၏ လက်ထဲရှိ ဓားများက ကောင်းကင်သို့ ပျံထွက် သွားသည်။
ပြီးနောက် ရှင်ဘုရင်အား နှုတ်ခွန်း ဆက်သ လာသော ကျွန်များ ကဲ့သို့၊ မြေပြင်ပေါ်ပြန်လည် ပြုတ်ကျ လာကုန်သည်။
ပန်းသင်္ချိုင်းဓား ထံမှ ထွက်လာသော ရောင်ဝါသည် လမင်း တစ်စင်း ကဲ့သို့၊ အေးစက် နေပေသည်။
ထိုဓားရောင်ဝါ အောက်တွင်၊ အထက် တန်းစား ပြည်နယ် အဖွဲ့ဝင် များ၏ မျက်နှာမှာ၊ ဖျော့တော့ သွားကုန်သည်။
မြေပြင် ပေါ်ရှိ ထိုးစိုက် နေသော ဓားရှည်များက၊ သူတို့ မျက်နှာအား ဖြတ်ရိုက် နေလေပြီ။
ဓားသမားသည် သူ့ဓားကို ဆုံးရှုံး ပြီးနောက်၊ ရပ်တည် ခြင်းငှာ ရှက်စရာ ကောင်းပေ၏။
မိုးကြိုး ရှစ်ဖော် မှလွဲ၍၊ တပည့် အနည်းငယ် သည်သာ၊ ၎င်းတို့၏ ဓားများကို ဆက်လက် ကိုင်ဆောင် ထားနိုင် ခဲ့သည်။
ဝမ်ယန်၏ အမိန့်ပေး သံမှာ၊ ဟာသ တစ်ပုဒ် ကဲ့သို့ ဖြစ်လာ၏။
ဓားကို ဆုပ်ကိုင် ထားနိုင်ခြင်း၊ မရှိသော ဓားသမား များဖြင့်၊ လင်းယွန်အား သင်ခန်းစာ တစ်ခု ပေးရန်၊ ကြိုးစား လိုက်မိသည့် ဝမ်ယန်မှာ၊ လူပြက် တစ်ယောက် ပေပင်။
ပုရွက်ဆိတ်က ဆင်ကို သတ်နိုင် မည်လော။ ဆင်တစ်ကောင်ကို ရာပေါင်း များစွာသော ပုရွက်ဆိတ် များက မသတ် နိုင်သောကြောင့်၊အရေ အတွက်မှာ အရေး မပါပေ။
အနည်း ဆုံးတော့ ဆင်တစ်ကောင်ကို သတ်ဖို့ရန်၊ ဝံပုလွေ တစ်ကောင်တော့ ဖြစ်ရ ပေမည်။ သို့သော် အထက် တန်းစား ပြည်နယ်၏ အဖွဲ့ဝင်များမှာ ပုရွက်ဆိတ် များသာ ဖြစ်သည်။
ဆန့်ကျင်ဘက် အနေ ဖြင့်မူ၊ ဆင် တစ်ကောင်သည်၊ မရေ မတွက် နိုင်သော ပုရွက်ဆိတ် များကို၊ တစ်ချက် တည်းဖြင့် နင်းသတ် နိုင်၏။
ထို့ပြင် လင်းယွန်မှာ ယခင် ကနှင့် မတူ တော့ပေ။ ရှေးကျသော ကျင့်ကြံမှု နည်းစနစ်ကို ဆုပ်ကိုင် ထားပြီး၊ လရောင် ရေစင် ဓားအပေါ်၊ ပို၍ ကျွမ်းကျင် နိုင်ခဲ့သည်။
ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ်ချက် ရှိကာ၊ နက်နဲ နဝမမြောက် အဆင့်သို့ ရောက်ရှိ နေပြီဖြစ်သည်။
ဒရာကိုဖီ ခန္ဓာနှင့် ကျားနဂါး လက်သီး သည်လည်း နောက်ကျ မကျန် ခဲ့ခြေ။ သူ၏ ဝှက်ဖဲများနှင့် ခွန်အားမှာ၊ ဝမ်ယန်၏ စိတ်ကူးထက် ကျော်လွန် နေပေပြီ။
နက်နဲ နဝမ အဆင့်ရှိ ဝမ်ယန်ကို ဖယ်ထုတ် ထားပါက၊ အထက် တန်းစား ပြည်နယ်တွင်၊ ဒုတိယ အသန်မာ ဆုံးမှာ၊ နက်နဲ အဋ္ဌမ အဆင့် များသာ ဖြစ်သည်။
တုန်ခါ လာသော ပန်းသင်္ချိုင်းဓား နှင့်အတူ၊ ဝမ်းယန် ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ် လာခဲ့သည်။
သူ့ အတွေးတွင် မည်သို့ ရှိနေ မည်ကို၊ လူတိုင်းက မှင်တက်စွာ ခန့်မှန်း နေမိ လေသည်။
လင်းယွန်၏ အရှိန်အဝါများ ပေါက်ကွဲ ထွက်လာ မှသာလျှင်၊ သတိဝင် လာကုန်၏။ သို့သော် ပြိုကျ လာသော သူတို့၏ ရောင်ဝါများကြောင့်၊ ဖိအား အောက်တွင် ရပ်တည် ဖို့ရန်ပင်၊ အနိုင်နိုင် ရုန်းကန် လိုက်ရသည်။
ဝမ်ယန် ဘေးတွင် ရှိသော မိုးကြိုး ရှစ်ဖော် သည်လည်း ထိတ်လန့် သွား၏။ လင်းယွန်အပေါ် သူတို့၏ ယူဆချက်မှာ၊ နက်နဲ သိုင်းနယ်ပယ်၏ ပဉ္စမ အဆင့်၌ ရှိစဉ်က၊ ခွန်အားမျိုး သာပင်။
ထိုအချိန်က သူတို့နှင့် တိုက်ခိုက်ရန် အတွက်၊ စကြာဝဠာ လက်နက် ကိုပင် အားကိုး ခဲ့ရသည်။
သို့သော် ထိုပုရွက်ဆိတ်မှာ၊ 'လ' အနည်းငယ် အတွင်း၊ သူတို့ မျှော်ကြည့် ရသော၊ အထွတ် အထိပ် တည်ရှိ မှုမျိုး၊ ဖြစ်လာ ခဲ့၏။
" လင်းယွန်၊ မင်းက ...ဓားနန်းတော်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့၊ ကြိုးစား နေတာလား။ "
ဝမ်ယန်က အလန့် တကြား သတိပေး လိုက်သည်။ တိုက်ပွဲ မစခင် မှာပင်၊ အထက် တန်းစား ပြည်နယ်၏၊ ဖွဲ့စည်းပုံ တစ်ခုလုံး ပြိုကျသွားသည်။
ထိုရလာဒ် မျိုးကို တစ်ကြိမ်မျှ မတွေး ကြည့်ထား ဖူးပေ။ ဓားနန်းတော် အတွင်းရှိ အထက် တန်းစား ပြည်နယ်သည်၊ သူ့အတွက် ဝမ်မျိုးနွယ်စု ထက်ပင် အလုံ ခြုံဆုံး ဖြစ်ရ ပေမည်။
သို့သော် စည်းမျဉ်း များကို ဂရု မစိုက် တက်သော လင်းယွန်၏ စရိုက် လက္ခဏာကို၊ ရုတ်တရက် သတိရ သွား၏။ ဖြစ်နိုင် ခြေကို တွက်ဆ မိပြီးနောက်၊ ထိတ်လန့်စ ပြုလာသည်။
ဤနတ်ဆိုးသည် သည်နေရာ၌၊ သူ့အား သတ်ရန် ဆုံးဖြတ် ဝံ့ပေ၏။
" သူ့ကို မလာ စေနဲ့။ "
တည်ငြိမ် မှုများ ပျောက်ဆုံးကာ၊ ဝမ်ယန်က ထပြေး လိုက်တော့သည်။ သူ မသေချင် သေးပေ။
အိမ်ရှေ့ မင်းသား အတွက် ကြီးမြတ်သော အရာ တစ်ခုကို ပြုလုပ် ပေးခဲ့ပြီး ဖြစ်ရာ၊ သူ့အနာဂါတ်မှာ အဆုံး မရှိနိုင်။
ဝမ် မျိုးနွယ်စု ခေါင်းဆောင် ဖြစ်လာ ပြီးနောက်၊ စည်းစိမ် ချမ်းသာများ ခံစားရန် ကျန်ရှိ နေသေးသည်။
ထို့အတွက်ကြောင့် ဓားကျွန် တစ်ယောက် လက်၌၊ ခွေး တစ်ကောင်လို မသေ ချင်လို။
“ မင်း ... လွတ်မယ် ထင်လား။ ”
အသက် အတွက် ဝက်တစ်ကောင် ကဲ့သို့၊ လွတ်မြောက် လိုသော ဝမ်ယန်ကို၊ ငြိမ်သက်စွာ ကြည့်နေသည်။
မိုးကြိုး ရှစ်ဖော်မှ လွဲ၍၊ အခြားသော တပည့်များက ကြောက်လန့်ပြီး၊ ထွက်ပြေး သွားကုန်၏။
သူတို့ အားလုံးမှာ ဓားနန်းတော်၏ တပည့်များသာ ဖြစ်ကြပြီး၊ ဝမ်ယန်၏ ရက်ရောသောကမ်းလှမ်းမှု များကြောင့်၊ အထက် တန်းစား ပြည်နယ်တွင်၊ ပါဝင် မိခြင်း ဖြစ်သည်။
ဝမ်ယန် အတွက်၊ သူတို့ အသက်ကို စွန့်လွှတ် ဖို့ရန်၊ ဆန္ဒ မရှိပေ။ ဝမ်ယန် အပေါ် စစ်မှန်သော သစ္စာ စောင့်သိသူ များမှာ၊ မိုးကြိုး ရှစ်ဖော်သာ ရှိ၏။
၎င်းတို့ ရှစ်ဦးသည် ဓားနန်းတော်၏ တပည့်များ အဖြစ်၊ ခံယူ ထားခြင်း မရှိဘဲ၊ ဝမ်မိသားစု၏ နောက်လိုက်များ ဖြစ်ကာ၊ ဝမ်ယန် ကိုသာ ဦးညွှတ် ကြသည်။
" မင်းသတ္တိ ရှိရင် ငါတို့ကို သတ်လိုက်စမ်း ... "
မိုးကြိုး ရှစ်ဖော်က ဓားများကို၊ တင်းကြပ်စွာဆုပ်ကိုင်လျက် ဆိုသည်။ သူတို့က နောက်ပြန် ဆုတ်ဖို့ရန် ရည်ရွယ်ချက် မရှိပေ။
" ကောင်းပြီ ... မင်းဆန္ဒ အတိုင်း ပါပဲ ။ "
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို လွှဲယမ်း လိုက်ရုံဖြင်၊ မိုးကြိုး ရှစ်ဖော်မှာ သေဆုံး သွားလေသည်။ ခေါင်းပြတ် ရှစ်လုံးကို ကြည့်ကာ၊ ဝမ်ယန်က သတိလစ် မတက် တုန်ယင် လာ၏။
လင်းယွန်က မည်သို့ မည်ပုံ တိုက်ခိုက် လိုက်သည်ကို သူ မမြင် နိုင်ခဲ့ပေ။ မြေပြင် ပေါ်သို့ ပြုတ်ကျ ကုန်သော၊ မိုးကြိုး ရှစ်ဖော် ကိုသာ၊ လှမ်းမြင် လိုက်ရခြင်း ဖြစ်သည်။
ထိတ်လန့် တကြားဖြင့် 'အဖော်မဲ့ ကြယ် မဟာမိတ်' အဖွဲ့ ထံသို့၊ ဦးတည် ပြေးလွှား လိုက်သော်လည်း၊ ဒူးများ တဆက်ဆက် ရိုက်ပြီး လဲကျ သွား၏။
သေခြင်း တရားသည်၊ ဤမျှ ကြောက်စရာ ကောင်းလိမ့် မည်ဟု၊ သူ မထင်ပေ။ လက်နှစ်ဖက်နှင့်၊ ခြေထောက် များကို အသုံးပြုကာ၊ ဆက်လက် ပြေးလွှားရန် ကုန်းထ မိသည်။
အိမ်ရှေ့ မင်းသားသည် 'အဖော်မဲ့ ကြယ် မဟာမိတ်' အဖွဲ့၌၊ ဘိုင်လိရွှမ်အား ဂုဏ်ပြုရန် ရောက်ရှိ နေသည်။ ထိုနေရာသို့ သွားနိုင် ပါက၊ သူ လုံခြုံမည် ဖြစ်၏။
သို့သော် ပြန်ကုန်း အထတွင်၊ အေးစက်သော အကြည့် များကို၊ ခံစားမိ သောကြောင့်၊ ရှေ့သို့ မော့ကြည့် လိုက်သည်။
ကျောက်ရုပ် တစ်ရုပ် ကဲ့သို့၊ ရပ်နေသော လင်းယွန်ကို တွေ့လိုက်ရ သည်နှင့်၊
" မင်း... မင်း .... "
ထိတ်လန့် မှုကြောင့်၊ ထင်မှတ် မှားမှု အဖြစ်၊ သူ ထင်ခဲ့ သေးသည်။ သူ မြင်တာကို အတည် ပြုဖို့ရန် နောက်သို့၊ ပြန်လှည့် ကြည့်လိုက်သည်။
နောက်တွင် မည်သူမှ မတွေ့တော့ သည်နှင့်၊ ချက်ချင်း ရှေ့သို့ ပြန်လှည့် ကြည့်လိုက်၏။
ယခုပင် သူ့ရှေ့၌ ရှိနေသော လင်းယွန်မှာ၊ မူလ နေရာမှ ပျောက်ကွယ် သွားပြီး၊ ရုတ်တရက် သူ့ကို ဓားဖြင့် ထိုးလာခဲ့ လေသည်။
ရှောင်တိမ်းချိန် မရ ခဲ့ဘဲ၊ အဝေးသို့ လွင့်စင် လဲကျ သွား၏။ သွေး တစ်လုတ် အန်ချ လိုက်ပြီး၊ ကုန်းထကာ နောက်ပြန် မလှည့်ဘဲ၊ဆက်လက် ပြေးလွှား လာခဲ့သည်။
ဒယိမ်း ဒယိုင်ဖြင့် ပြေးလွှား နေသော ဝမ်ယန်ကို၊ ထပ်မံ တိုက်ခိုက်ခြင်း မပြုဘဲ၊ ရပ်လျက် စောင့်ကြည့် နေမိ၏။
ဝမ်ယန်ကို ချက်ချင်း သတ်ပစ် ချင်သော်လည်း၊ လွယ်လွန်း သည်ဟု သူ ထင်သည်။ ဤမျှ လွယ်လွယ်ဖြင့် မသေစေ လိုပေ။
ဆယ့်ငါးမိနစ် အကြာတွင်၊ ဝမ်ယန် တစ်ကိုယ်လုံး ဒဏ်ရာ များဖြင့် ဖုံးလွှမ်း သွားပြီး၊ ပုရွက်ဆိတ် သန်းပေါင်း များစွာ၊ အကိုက် ခံရ သကဲ့သို့ နာကျင် လာ၏။
" ဓားနန်းတော်မှာ ... ၊ လူသတ် နေတယ်၊ လင်းယွန် လူသတ် နေတယ်။ ''
ထိုငိုကြွေး သံမှာ၊ မည်မျှ တုန်လှုပ် ချောက်ချား နေသည်ကို ထင်ဟပ် စေခဲ့ပြီး၊ ပတ်ဝန်း ကျင်ရှိ တပည့် များက၊ အပြေး အလွှား လာရောက် ကြည့်ရှု ကုန်ကြသည်။
တွေ့လိုက် ရသော မြင်ကွင်းကြောင့်၊ ပါးစပ် အဟောင်း သားဖြင့်၊ သူတို့အား ထိတ်လန့် သွား၏။ မကြာခင် မှာပင် တပည့်များ၊ တဖွဲ့ဖွဲ့ ရောက်ရှိ လာလေသည်။
" ... လူသတ် နေတယ်၊ လင်းယွန် လူသတ် နေတယ်။ ''
အဖော်မဲ့ ကြယ်သို့ သွားသော လမ်း၏၊ သုံးပုံတစ်ပုံ မျှသာ၊ ရောက်ရှိ သေးကြောင်း သတိထား မိလိုက် သည်နှင့်၊ အကူ အညီ တစ်စုံ တစ်ရာ ရလို ရငြား၊ ထပ်မံ အော်ဟစ် လိုက်ပြန်သည်။
လမ်းတစ်လျှောက် ဝိုင်းအုံ ရပ်ကြည့်
နေသော လူပေါင်း များစွာ ရှိသော်လည်း၊ လင်းယွန်အား ဟန့်တား မည့်သူ မရှိပေ။
ခွေး တစ်ကောင် ကဲ့သို့ နာကျင် စွာဖြင့်၊ တရွေ့ရွေ့ တွားသွား လိုက်ပြီး၊ ၎င်းကို မခံစား နိုင်တော့ကာ၊ လင်းယွန်အား ပြန်လည် အော်ဟစ် လိုက်သည်။
" လင်းယွန်... မင်း ဘာလုပ်ဖို့၊ ကြိုးစား နေတာလဲ ဟမ်၊ မင်း ရူးနေလား ... ငါတို့ ကြားက ရန်ငြိုး ရှိကောင်း ရှိပေမယ့်၊ မင်းငါ့ကို ဓားနန်းတော် ထဲမှာ၊ သတ်ဖို့ လိုအပ် လို့လား။ ''
" ဒါကို မင်း မှတ်မိလား စီနီယာ ဝမ် ... "
လင်းယွန်က သူ့ မေးခွန်းအား ပြန်ဖြေ မည့် အစား၊ အပ် တစ်ချောင်းကို ထုတ်ယူ ပြလာသည်။
“ သွေးတွင်း ငွေအပ်ပင်။ ''
ဝမ်ယန် ဆီမှ ကြောက်လန့် တကြား၊ အော်ဟစ်သံ ထွက်ပေါ် လာ၏။
" မင်းမှာ မှတ်ဉာဏ် ကောင်းတွေ ရှိနေ ပုံပဲ၊ စီနီယာဝမ် ..."
လင်းယွန်က အဆိပ် အပ်ဖြင့်၊ ပစ်ပေါက် လိုက်၏။
ပျံသန်း လာသော အပ်ကို ကြည့်ကာ၊ သေငယ် ဇောကြောင့်၊ မထင်မှတ် ထားသော စွမ်းအားများ၊ ရုတ်တရက် ပေါက်ကွဲ လာပြီး၊ ဝမ်ယန်က ရှောင်တိမ်း လိုက်သည်။
ပြီးနောက် ချာခနဲ လှည့်ကာ၊ ဆက်ပြေး နေစဉ်တွင်၊ ဘိုင်တင်းနှင့် အကြီး အကဲများ သူ့ဆီသို့၊ ပျံသန်း လာနေ သည်ကို၊ တွေ့လိုက် ရသည်။
ကယ်တင်ခြင်း ခံရ တော့မည် ဖြစ်ကြောင်း၊ သိလိုက် ရ၏၊ ချက်ခြင်းပင် ဝမ်းမြောက် သွားပြီး၊ ကောက်ကျစ်သော အပြုံး တစ်ပွင့်၊ သူ့နှုတ်ခမ်း၌ တွဲခို လာကာ၊ ရယ်စ ပြုလာသည်။
သို့သော် သူ့ ခန္ဓာ ကိုယ်ထဲ၊ အပ်များ တစ်ချောင်းပြီး တစ်ချောင်၊ ပျံသန်း ဝင်ရောက် လာ သည်ကို၊ သတိ ထားမိ လိုက်သည်နှင့်၊ မျက်နှာ ပေါ်ရှိ ပျော်ရွှင်မှု များမှာ၊ အေးခဲ သွားလေသည်။
အဆိပ်က သူ့ ခန္ဓာကိုယ် အတွင်း ပျံ့နှံ့ လာပြီး၊ အတွင်း အင်္ဂါများ ဆီသို့ ဝင်ရောက် သွားကုန်၏။
( ငါ ဒီမှာ သေရ တော့ မှာလား။ )
သူ အသုံး ပြုခဲ့သော အဆိပ်အပ် များဖြင့်၊ သေရလိမ့် မည်ဟု မထင်ထား ခဲ့ပေ။ နောက်ဆုံးတော့ ကံကြမ္မာက ခွေးမ တစ်ကောင်ပင် ဖြစ်သည်။
'သွေးတွင်း ငွေအပ်ပင်' သည်၊ ခရမ်းရောင် နန်းတော် နယ်မြေတွင် မရှိ သ၍၊ သေဆုံး ရပေမည်။
" ဓားကျွန်၊ ငါ မင်းကို သတ်မယ် .... "
ဝမ်ယန်က အော်ငေါက်ပြီး၊ လင်းယွန်ကို ပြေးဟပ် လိုက်၏။ သူ မသေခင် လင်းယွန်၏ အသား တစ်ဖဲ့မျှ၊ ကိုက်ဖြတ် လိုခြင်း ဖြစ်သည်။
သို့သော် လင်းယွန်က သူ့ကို ဤအခွင့် အရေးအား မပေး ခဲ့ပေ။ ပန်းသင်္ချိုင်း ဓားကို မြှောက်ကာ၊ ဝမ်ယန်၏ နဖူးအား၊ ထိုးဖောက် လိုက်လေသည်။
" ရပ် ...... "
ဘိုင်တင်း၏ စကား မဆုံး ခင်တွင် ဝမ်ယန်မှာ၊ မြေပြင်ပေါ် မှောက်ကျ သွား၏။
အထူး သဖြင့် အကြီး အကဲများ ရှေ့တွင်၊ ဂိုဏ်းသား တစ်ဦးကို သတ်ပစ်ပြီး၊ ဓားနန်းတော်၏ စည်းမျဉ်း များကို၊ မည်သူမျှ စိန်မခေါ် ဝံ့ကြပေ။
ထို့ကြောင့်ပင် ဘိုင်တင်း နောက်ရှိ၊ အကြီး အကဲများ အားလုံး၊ အံ့အား သင့်သွား ကြသည်။
" ...ဘယ်လိုတောင် သတ္တိရှိ လိုက်လဲ၊ အခု မင်း ... ဘာတွေ လုပ်ခဲ့လဲ ဆိုတာ ... သိလား။ "
ဘိုင်တင်းက လင်းယွန်ကို တုန်တုန် ယင်ယင်ဖြင့် လက်ညိုး ထိုးလိုက်သည်။ ဝမ်ယန် ဘေးကင်း စေရန် အတွက်၊ အလျင် အမြန် ပြေးလာခဲ့ သော်လည်း၊ သူ့ မျက်စိ ရှေ့မှာတင် အသတ်ခံ လိုက်ရ လေသည်။
“ ငါ သိတာပေါ့၊ ဒါက ခွေး တစ်ကောင်ကို သတ်ရုံ လေးပါ။ ”
လင်းယွန်က အေးတိ အေးစက် ပြန်ဖြေသည်။
" ဟား ဟား ဟား၊ မင်းက .... ခွေးတစ်ကောင်ကို သတ်လိုက် တာလား၊ ကောင်းပြီ ဒူးထောက် ... ၊ မဟုတ်ရင် ...ငါ မင်းကို အစစ် အဆေး၊ အမေး အမြန်း မရှိ၊ ချက်ချင်း သတ်ရ လိမ့်မယ်။ ”
ဘိုင်တင်းက ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ လင်းယွန် အပေါ် ဖိအားများ၊ သက်ရောက် စေလိုက်သည်။
လင်းယွန်က ပန်းသင်္ချိုင်း ဓားနှင့်အတူ၊ ဘိုင်တင်းကို တည်ငြိမ်စွာ လှမ်းကြည့် လိုက်၏။ ပြီးနောက်၊
" ဓားနန်းတော်ကို ဓားတွေနဲ့ တည်ဆောက် ထားတာပဲ၊ ငါတို့က ဓားတွေလို ဘယ်တော့မှ ဦးမညွှတ် ဖို့၊ ကတိ ပြုထားတယ်၊ ဓားနန်းတော်ရဲ့ တပည့် တစ်ယောက် အနေနဲ့ ၊ ငါက ဘာလို့ မင်းရှေ့မှာ၊ ဒူးထောက် နေရ မှာလဲ၊ ငါ့ဓားက ဘယ်တော့မှ နောင်တ မရဘူး။ "
ကျယ်လောင်သော အသံဖြင့် တုန့်ပြန် လိုက်ခြင်း ဖြစ်ရာ၊ သူ့ အသံက လေထု အတွင်း ပဲ့တင်ထပ် လာ၏။
ပြီးနောက် ပန်းသင်္ချိုင်း ဓားကို ဆွဲကာ၊ ဘိုင်တင်းအား ရင်ဆိုင်ရန်၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက် လေသည်။
***