အလျှော့ မပေး ။
Vol. 29 Ch. 393
" ဓားနန်း တော်ကို ဓား တွေနဲ့ တည်ဆောက် ထားတာပဲ၊ ငါတို့က ဓားတွေလို ဘယ်တော့မှ ဦးမညွှတ် ဖို့၊ ကတိ ပြုထားတယ်၊ ဓားနန်းတော်ရဲ့ တပည့် တစ်ယောက် အနေနဲ့ ၊ ငါက ဘာလို့ မင်းရှေ့မှာ၊ ဒူးထောက် နေရ မှာလဲ၊ ငါ့ဓားက ဘယ်တော့မှ နောင်တ မရဘူး။ "
ကျယ်လောင်သော အသံဖြင့် တုန့် ပြန် လိုက် ခြင်း ဖြစ်ရာ၊ သူ့ အသံက လေထု အတွင်း ပဲ့တင်ထပ် လာ ၏။
ပြီးနောက် ပန်းသင်္ချိုင်း ဓားကို ဆွဲကာ၊ ဘိုင်တင်းအား ရင် ဆိုင် ရန် ၊ ရှေ့သို့ ခြေတစ် လှမ်း တိုးလိုက် လေသည် ။
လင်းယွန်၏ စကားကြောင့်၊ ပတ်ဝန်း ကျင်ရှိ တပည့် များက၊ တုန်လှုပ် သွားခဲ့သည်။
ဓားနန်းတော်မှ တပည့် များအား၊ ဓားများ ကဲ့သို့ ဖြောင့်မတ်စွာ ကျင့်ကြံရန်၊ တောင်းဆို ထား သည်ကို၊ လူတိုင်း သိကြသည်။
သို့သော် ဤလူငယ်သည် အကြီးအကဲ များနှင့် ရင်ဆိုင် ရချိန် ၌ပင်၊ ထိုသို့သော သဘောထားကို၊ ထုတ်ပြနိုင် ခဲ့သည့် အတွက်၊ အံ့သြ သွား ၏။
တပည့်များ သာမက ဘိုင်တင်း နှင့်အတူ၊ ပါလာသော အကြီး အကဲများ သည်လည်း၊ မှင်တက် သွားကုန်သည်။
ခရမ်းရောင် နန်းတော် နယ်မြေ၌ ရှိသော၊ အကြီး အကဲ တစ်ဦးကို ရင်ဆိုင်ရန်၊ ရဲဝံ့စွာ ရှေ့တစ်လှမ်း တိုးလာ ခဲ့လေပြီ။
ဓားနန်းတော်တွင် ဤမျှ ရဲ့ရင့်သော တပည့်မျိုး၊ မည်သည့် အချိန် ကပင် ရှိနေခဲ့ သနည်း။
" အကြီးအကဲဘိုင်၊ ဆုံးဖြတ်ချက် မချခင်၊ ကာကွယ်သူ မက်မွန် ရောက်လာတဲ့ အထိ စောင့်ရအောင်။ "
“ အကြောင်း ရင်းကို ငါတို့ သေချာ မသိ သေးဘူး၊ ဒီကိစ္စကို မစုံ စမ်းပဲ လင်းယွန်ကို သတ်လိုက်တာ မသင့် တော်ဖူး ထင်တယ်။ "
“ လင်းယွန်က စည်းကမ်း တွေကို ချိုးဖောက်ပေမယ့်၊ စုံစမ်း စစ်ဆေး မှုတွေ လုပ်သင့်တယ်၊ ဒီလိုမှ မဟုတ်ပဲ သူ့ကို သတ်လိုက် မိရင်၊ အမှန် တရားကို ဖုံးကွယ် လိုက်တာနဲ့၊ အတူတူပဲ မဟုတ်လား။ ''
အကြီးအကဲ များက သူတို့၏ အမြင် များကို ဝင်ရောက် တင်ပြလာ ကြသည်။
'' သတ်ဝံ့တဲ့ သူကို သတ်ရမယ်၊ အဲဒါက ဂိုဏ်းရဲ့ စည်းမျဉ်း တွေပဲ၊ ဒါပေမယ့် လင်းယွန်က သာမန် တပည့် တစ်ယောက် မဟုတ်ဘူး၊ကာကွယ်သူ မက်မွန်က သူ့အပေါ် အလွန် အရေး ပေးတယ်။ ''
ကြာမိစ္ဆာ နယ်မြေတွင် ဂိုဏ်း၏ ဂုဏ်ကို ဆောင်ခဲ့သော တပည့် တစ်ယောက်၏ ကြီးကျယ် ခမ်းနားမှု အ ပေါ်၊ လူတိုင်း တုပ နိုင်စရာ မရှိခြေ။
မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန်မှာ သာမန် တပည့် တစ်ဦးထက်၊ သာလွန် နေပြီ ဖြစ်သည်။
ရှင်းရှင်း ပြောရ ပါလျှင် လင်းယွန်သည်၊ 'ဗြဟ္မာ ဦးခေါင်း' တစ်လုံး ပေပင် ။
လင်းယွန်အား သတ်ရန်၊ ဘိုင်တင်းအား ခွင့်ပြု မိပါက၊ ကာကွယ်သူ မက်မွန်၏ အပြစ် ဒဏ်မှ၊ မည်သူမျှ လွတ်မြောက် နိုင်မည် မဟုတ်ပေ။
စည်းကမ်း ဖောက်ဖျက်ကာ၊ လူသတ် နေသည့် အပေါ်၊ နောင်တ ရသည့် အရိပ် အယောင်မျှ မရှိဘဲ၊ အကြီးအကဲ တစ်ဦးကို ဆုံးမရန်၊ ဝံ့စား ဝံ့သော တပည့် ငယ်မှာ၊ ထို 'ဗြဟ္မာ ဦးခေါင်း' သာ မဟုတ် ပါလျှင်၊ သူတို့ လက်ချက်ဖြင့်၊ စိစိ ညက်ညက် ကြေ ပြီး နေ ပြီ ဖြစ်သည်။
သို့သော် သူတို့တွင် ထုတ်မပြ နိုင်သော၊ အချက် အလက် အချို့ ရှိနေ သေးသည်။
ယင်းမှာ ဝမ်ယန်သည် အကြီးအကဲ ဘိုင်တင်း၏ တပည့် ဖြစ်သောကြောင့်၊ သဘာဝ အတိုင်း အကြီးအကဲ ဘိုင်တင်းက၊ လင်းယွန်နှင့် ရန်ငြိုး ရှိနေပြီး ဖြစ်သည်။
ထို့ကြောင့်ပင် လင်းယွန်အား၊ ချက်ချင်း သတ်ရန် ပြုမူ နေခြင်းလည်း ဖြစ်၏။
သို့သော် အခြားသော အကြီး အကဲများ မှာမူ၊ ဝမ်ယန်နှင့် မပတ်သက် သောကြောင့်၊ ဤကိစ္စတွင် 'လက်ဝင် လျို' ရန်၊ ဆန္ဒ မရှိ ခဲ့ကြပေ။
ဘိုင်တင်းက သူ့ အပေါင်း အဖော် များ၏ တုန့်ပြန် မှုကြောင့်၊ ရုတ်တရက် လေးနက်သော အမူ အရာကို ထုတ်ဖော် လာကာ၊
" မင်းတို့ တွေက ဝမ်ယန် ကိုပဲ .... သတ်လိုက် တာလို့ ထင်နေ ကြတာလား ဟမ့်၊ ... မဟုတ်ဘူး၊ သူက နောက်ထပ် တပည့် ရှစ်ယောက်ကို သတ်ခဲ့ သေးတယ်၊ သူ့ အပြစ် တွေကို ဘယ်သူမှ ခွင့်လွှတ်လို့ မရဘူး။ ”
သူ့ စကားကြောင့် အကြီးအကဲ များ၏ မျက်နှာများ ပြောင်းလဲ သွားခဲ့သည်။ ဓားနန်းတော်၌ တစ်စုံ တစ်ယောက်ကို၊ သတ်ရန် မည်သူမျှ မကြိုးစား ရဲခြေ။
သို့သော် လင်းယွန်က ၎င်းကို ကြူးလွန် ခဲ့သည် သာမက၊ တပည့် ကိုးယောက် တိတိပင် သတ်ပစ် ခဲ့သည်။
" လင်းယွန် ငါပြောတာ မှန်တယ် မဟုတ်လား ...၊ မင်း ... လူသတ်ပြီး၊ နောင်တ မရှိ ဖူးလို့ ထပ်ပြော ရဲ သေးလား။ "
ဘိုင်တင်းက လင်းယွန်ကို အေးစက်စွာ ပြန်ကြည့်လျက် ဆိုသည်။
" ငါ သတ်ပြီး မှတော့၊ ဘာလို့ ငြင်းနေ ရမှာလဲ၊ မင်းက ငါ့ဆီက တောင်းပန် မှုကို၊ လိုချင် နေတာလား၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင် နေ တာလဲ ဟမ်၊ မင်းက ဝမ်ယန်ရဲ့ လက်ပါး စေ တစ်ယောက်ပါ၊ .... မင်းရဲ့ သခင် ကို တောင် သတ်ပြီး မှတော့၊ ငါက ခွေးတစ်ကောင်ကို ကြောက်လိမ့် မယ်လို့၊ ထင် နေ တာလား။ "
လင်းယွန်က အထင်အမြင် သေးစွာဖြင့်၊ ဘိုင်တင်းကို တုန့်ပြန် လိုက်သည်။
သူသာ သန်မာ ပါက သည်ဆိတ်အို ကြီးကို၊ သတ်ပစ် မိပေမည်။ ဂိုဏ်းထဲ ဝင်စ ကတည်း ကပင်၊ သူ့ကို သတ်ရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သည်။
သည့်အပြင် ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီးအကဲ တစ်ဦး မျှသာ ဖြစ်သော ဘိုင်တင်းက၊ သူ့အား ဒူးထောက်အောင် လုပ်နိုင် မည်ဟု၊ ထင်မှတ် ထား ခြင်းမှာ အိပ်မက်သာ ဖြစ်ပေမည်။
လင်းယွန်က ဘိုင်တင်းအား၊ ဝမ်ယန်၏ ခွေး အဖြစ်၊ ရည်ညွှန်း လိုက်သံကို ပတ်ဝန်း ကျင်ရှိ၊ တပည့်များ အားလုံး ကြားသည်နှင့်၊ လှောင်ပြောင်သော အမူ အရာ များဖြင့်၊ ကြည့်လာ ကြသည်။
ဂိုဏ်းထဲ၌၊ ဝမ်ယန် မောက်မာစွာ ပြုမူ လာနိုင်သည့် အကြောင်း ရင်းမှာ၊ ဘိုင်တင်း ဖြစ်ကြောင်း လူတိုင်း သိရှိ ထားသည်။
ဘိုင်တင်း၏ ပံ့ပိုး ကူညီမှု ကြောင့်သာ မဟုတ်ပါလျှင်၊ ဝမ်ယန်မှာ ဤမျှ ပြင်းပြင်း ထန်ထန် ပြုမူ ဝံ့မည် မဟုတ် ပေ။
ထို့ကြောင့် ဝမ်ယန်၏ ခွေးတစ်ကောင် အဖြစ်၊ နှိမ့်ချ ပြောဆိုမှု အပေါ် လွန်အံ့ မထင် ကြခြင်း ဖြစ်သည်။
တပည့်ပေါင်း များစွာ ရှေ့၌ ခွေးတစ်ကောင် အဖြစ်၊ ခေါ်ဝေါ် ခံလိုက်ရ သည်ကြောင့်၊ ဘိုင်တင်း မျက်နှာက၊ ချက်ချင်း မည်းမှောင် လာပြီး၊
" နောက်ထပ် တစ်ယောက် ယောက်ကို စောင့်ဖို့၊ မလိုအပ် တော့ဖူးလို့ ငါထင်တယ်၊ မင်းက တပည့် ကိုးယောက်ကို သတ်ပြီး၊ အကြီးအကဲ တစ်ယောက် အပေါ်၊ စော်ကား လိုက်တဲ့ နောက် တော့... ငါအခု ချက်ချင်း၊ မင်းကို သတ်ပစ် လို့ရ နေပါပြီ။ "
စကားဆုံး သည်နှင့် ဘိုင်တင်းက ကောင်းကင် ပေါ် ပျံတက် သွားပြီး၊ လင်းယွန်ထံ လက်ဖဝါး တစ်ချက် ရိုက်ချ လိုက်သည်။
'' ဝှစ် ...... ''
သူ့ လက်ဖဝါး နောက်ကွယ်ရှိ စွမ်းပ ကားမှာ၊ ကွင်းပြင် တစ်လုံး ချက်ချင်း တုန်ခါ သွားစေ၏။
ဤသည်မှာ ခရမ်း ရောင် နန်းတော် နယ်မြေ၏၊ စွမ်းအား အစစ် အမှန် ဖြစ်သည်။
'' မင်း ... မှား နေပြီ၊ ငါက ခွေးကိုး ကောင်ကို သတ်လိုက် တာပါ ...''
စွမ်းအား မဲ့သော အမူအရာဖြင့်၊ လင်းယွန်က တုန့်ပြန် လာသည်။
လင်းယွန် အပေါ် ဘိုင်တင်း၏ မုန်းတီးခြင်း များမှာ၊ ပို၍ နက်ရှိုင်း လာပြီး၊ အရိုးများ ထိတိုင် တူးခါး သွားလေသည်။
'' လူသေ တစ်ယောက်က၊ ပါးစပ် သရမ်း နေတာ မကောင်းဘူး။ ''
ဤအချိန်တွင် လင်းယွန်ကို ဖယ်ရှားရန်၊ အကောင်းဆုံး အခွင့် အရေး ဖြစ်၏။ သို့သော် မသတ်ခင် လင်းယွန်အား ကစားရန်၊ အရှက် မဲ့စွာ ဆုံးဖြတ် လိုက်သည်။
သူ့ အပေါ် ဆန့်ကျင် ခြင်း၏ အကျိုး ဆက်ကို၊ လင်းယွန်အား သိစေ လို၏။
လက်ဖဝါး ရိုက်ချက်မှာ ပတ်ဝန်း ကျင်ရှိ၊ တပြည့် ငယ်များ မျက်နှာ များကို၊ ပြောင်းလဲ သွားစေ ခဲ့သည်။
ဘိုင်တင်သည် ခရမ်းရောင် နန်းတော် နယ်မြေတွင် နှစ်ပေါင်း များစွာ နေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် အကြီးအကဲ ခန်းမ၌၊ ရိုသေ လေးစား ထိုက် သော ရာထူးကို ရရှိ ထားသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လက်ဖဝါးက လင်းယွန် ပေါ်သို့ ကျဆင်း သွား၏။
လင်းယွန်က လက်တုံ့ ပြန်ရန်၊ ကြိုးစား မိ သော်လည်း၊ ၎င်းတို့ ကြားရှိ ကြီးမား လွန်း သော ကွာခြား ချက်ကြောင့်၊ လှုပ်ပင် မလှုပ်နိုင်ခဲ့ပေ။
လက်ဝါးချက် ထိမှန် လိုက်သည်နှင့်၊ သွေးတစ်လုတ်ကို အန်ချ လိုက်ရပြီး၊ လွင့်စင် သွားသည်။ မြေပြင် ပေါ်၌၊ ကုန်းရုန်း ပြန် အထတွင်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေခဲ့၏။
" မင်းရဲ့ ဓားအတွက် နောင် တ မရ ဖူး ပေါ့ ဟုတ်လား ... ၊ ဒါဆို မင်းမှာ ဘယ်လို အရည် အချင်း ရှိလဲ ဆိုတာ ကြည့်ရအောင်။ ”
ဘိုင်တင်းက 'ရိပ်ခနဲ' လင်းယွန် ရှေ့၌၊ နောက်တစ်ကြိမ် ထပ်ပေါ် လာပြီး၊ လှောင်ပြောင် ရေရွတ် လိုက်သည်။
ဒုတိယ အကြိမ်မြောက် လက်ဖဝါးမှာ၊ ဒရာကိုဖီ ချပ်ဝတ်အား ကွဲကြေ သွားစေ သည်အထိ ပြင်းထန် ပေ၏။
ချပ်ဝတ် ကွဲအက်သွား သည်နှင့်၊ ခြေလှမ်း သုံးလှမ်းခန့် နောက်ပြန် ဆုတ်လိုက် ရကာ၊ ခြေ တစ်လှမ်းချင်း စီတွင် သွေးများ ပါးစပ် အပြည့် အန်ကျ လာသည်။
ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ သာမာန် သိုင်းသမား တစ် ယောက်ကို၊ ရင်ဆိုင် ရပါလျှင်၊ ဤမျှ ဆိုးရွားသော အခြေ အနေ ဖြင့်၊ ရှိ နေမည် မဟုတ်ပေ။
ဘိုင်တင်းမှာ အဆင့်တူ များထက်၊ များစွာ သန်မာသည်။
" ဒူး ထောက် .... "
မျက်နှာက ပို၍ပင် မည်းမှောင် လာပြီး၊ ဘိုင်တင်း ထံ၌ ကောက်ကျစ်သော အပြုံးများ၊ ထင်ရှား လာသည်။
တတိယ လက်ဖဝါး ကျဆင်း လာချိန်တွင်၊ လင်းယွန် ရပ် နေ သော ကျောက်ပြား ကြမ်းပြင်ကို၊ အက်ကွဲ သွားစေ ခဲ့၏။
ဒရာကိုဖီ ခန္ဓာ ကိုယ်၏၊ ပြန်လည် ကုသ နိုင်စွမ်း ဖြင့်ပင်၊ လင်းယွန်က ပြင်းထန်သော နာကျင်မှုကို ခံစား လိုက်ရသည်။
" မင်း ဒူးမထောက် သေးဘူးလား၊ ဓားကျွန် ... မင်း တော်တော် ခေါင်းမာ တာပဲ။ "
လက်ဖဝါး သုံးချက် ခံယူပြီး နောက်တွင်ပင်၊ မတ်တပ် ရပ်ရန် ရုန်းကန် နေသော လင်းယွန်ကို၊ ဒေါသ တကြီးဖြင့် လှမ်းကြည့် လိုက်သည်။
ရှေ့တစ်လှမ်း တိုးကာ၊ လင်းယွန်၏ ဒူးများကို ကန်ချိုးရန်၊ ခြေထောက်အား မြှောက်ချ လိုက်၏။
ထိုအချိန်တွင် လင်းယွန်၏ မျက်လုံး များ၌၊ အေးစက်သော အလင်း ရောင်များ၊ တောက်ပ သွားသည်။
သိုလှောင်အိတ် ကို ပုတ်လိုက်ပြီး၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို ထုတ်ယူကာ၊ အနီးကပ် တိုက်ခိုက်ရေး ပုံစံ အဖြစ် ပြောင်းလဲ လိုက်၏။
ပြီးနောက် သူ့ ဒူးဆစ်အား ကန်ချိုးရန်၊ ဝင်လာသော ဘိုင်တင်း၏ ရင်ဘတ်ပေါ်၊ အလံငယ်ဖြင့် ထိုးချ လိုက်သည်။
ဘိုင်တင်းကို ဒဏ်ရာ ကြီးကြီး မားမား ရ စေ လိုလျှင်၊ သတိ မမူမည့် အချိန်အား စောင့်ဆိုင်း တိုက်ခိုက်ရုံ မှတပါး၊ အခြား မရှိချေ။
ထို့ကြောင့် ဘိုင်တင်း ထံမှ လက်ဝါး သုံးချက်ကို၊ ခံယူ မိခြင်း ဖြစ်သည်။
ဘိုင်တင်း၏ ညစ်နွမ်းသော နှလုံးသား အရ၊ သူ့အား ချက်ချင်း သတ်ပစ်မည်၊ မဟုတ်ကြောင်း သူ သိသည်၊ ထို့ ကြောင့် အခွင့် အရေးကို အသက်ဖြင့် ရင်း ကာ၊ စောင့်မျှော် နေခဲ့ခြင်း ပေပင်။
သူ့ကိုယ်သူ ပြည့်ဝ လွန်း ပြီဟု၊ ယူဆ ထားသော ဘိုင်တင်းက၊ လင်းယွန်၏ အငိုက်ဖမ်း တိုက်ခိုက်လိုက် ခြင်းကို၊ ခံလိုက် ရ၏။
အလံငယ် ထံသို့ မူလ စွမ်းအင်ကို၊ လောင်းထည့် လိုက်သည့် အတွက်၊ မီးလျှံများ 'ဟုန်းခနဲ' တောက်လောင် လာသောကြောင့်၊ ဘိုင်တင်း၏ မျက်နှာမှာ လျင်မြန်စွာ ပြောင်းလဲ သွားပြီး၊ ချက်ခြင်း နောက်ပြန် ဆုတ်သွားသည်။
" မင်း လွတ်မြောက် နိုင်မယ် ထင်လား။ "
အလံငယ် ထဲသို့၊ မူလ စွမ်းအင်များ အရူး အမူး သွန်းလောင်း နေလျက်ဖြင့်၊ လင်းယွန်က လိုက်ပါ ခုန်ဝင် လာသည်၊
ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်က၊ ၎င်း၏ လမ်းကြောင်း ပေါ်ရှိ၊ အရာ အားလုံးကို ဖြတ် ကျော် ပစ်ခဲ့ပြီး၊ ဘိုင်တင်း၏ ခန္ဓာ ကိုယ်အား သိုင်းခြုံ ထားသော၊ မူလ စွမ်းအင် အလွှာအား ထိုးခွဲ လိုက် တော့သည်။
တစ်ချိန် တည်းမှာပင် အလံငယ်က ဘိုင်တင်း ရင်ဘတ်ထဲ ထိုးစိုက် သွား၏။ ပြီးနောက် လင်းယွန်က အလံကို ပြန်ဆွဲ ထုတ်လိုက် သော်လည်း၊ ဘိုင်တင်းက ရုတ်တရက် တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင် လိုက်သည်။
လင်းယွန်က မျက်ခုံးပင့် လိုက်၏။ မူလ စွမ်းအင် များကို ဖြန့်ကျက်ပြီး၊ ချုပ်ကိုင် မှုမှ လွတ်မြောက်ရန် အလံငယ်အား၊ ထပ်မံ တွန်းလွှတ် လိုက်သည်။
'' ဟိတ် ....... ''
ကျယ်လောင်သော ဟစ်ကြွေးသံ အောက်တွင်၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်မှာ၊ဘိုင်တင်း၏ ရင်ဘတ် ထဲသို့၊ နောက်တစ်ကြိမ်တိုးဝင် သွား ပြန်သည်။
သည်တစ်ကြိမ်၌ ဘိုင်တင်းအား၊ အရုတ် ကြိုးပြတ် လွင့်စင် သွား စေ၏။
" ငါမင်းကို သတ်မယ်။ "
မြေပြင်ပေါ် ပြုတ်ကျ သွားရာမှ၊ ကုန်ရုန်း ပြန်ထလျက် ရင်ဘက် ထဲရှိ၊ အလံငယ်ကို ဆွဲထုတ် လိုက်သည်။
ထိုမြင်ကွင်းက လူတိုင်းအား ထိတ်လန့် သွားမိ စေသည်။ ဘိုင်တင်းသည် လင်းယွန် လက်၌၊ ကြီးစွာသော အရှုံးကို ခံစားရ လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားပေ။
အဆိုပါ ရလာဒ်သည် သူ့ ဘဝ အတွက် အစွန်း အထင်း တစ်ခု ဖြစ်လာ ပေတော့မည်။
ထို့ကြောင့်ပင် ဘိုင်တင်းက သူ့ဒေါသကို မထိန်းနိုင် တော့ချေ။ သူ့ဆံပင် များက လေထဲတွင်၊ တဖျပ်ဖျပ် လွင့်လာပြီး၊ ဖရိုဖရဲ ဆန်သော အသွင် အပြင်နှင့် အတူ၊ မျက်လုံး များ၌ မုန်းတီး မှုများ၊ တောက် လောင် လာလေသည်။
ကြောက်စရာ ကောင်းသော အငွေ့ အသက်များ၊ လှိုင်းလုံးများ သဖွယ် ပေါက်ကွဲ လာကာ၊ လင်းယွန်ပေါ် ပြိုကျ သွား၏။
ထိုအရှိန်အဝါ အောက်၌ လင်းယွန်၏ ဖြစ်တည်မှုမှာ၊ များစွာ နိမ့်ကျ ပေသည်။ သို့သော် ၎င်းဖိအား အောက်တွင်၊ လင်းယွန်က မြဲမြံစွာ မတ်မတ်ရပ် နေဆဲ ဖြစ်သည်။
အမြီး ကုပ်ကုပ်ဖြင့် ရှင်သန် ရသည်ထက်၊ သေခြင်း တရားကို ရွေးချယ် ခြင်းမှာ၊ သာ၍ ကောင်းပေမည်။
ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းကို၊ လှည့်ပတ် လာစေရန် ခက်ခက် ခဲခဲ ကြိုးစား လိုက်သည်။
တစ်ချိန်တည်း မှာပင် လင်းယွန်၏ လက်ဖဝါး နောက်၌၊ ခရမ်းရောင် ဖျော့ဖျော့များ၊ ထုတ်လွှတ် နေသော ပန်းပွင့် တစ်ပွင့် ပုံရိပ်က၊ ဝိုးတဝါး ဖြစ်တည် လာသည်။
လှုပ်ခတ် လာသော၊ မူလ စွမ်းအင် လှိုင်းများကြောင့်၊ သူ့ ဆံပင်များ 'ဟုတ်ခနဲ' ပျံသန်း သွားချိန် မှာပင်၊ လက်သီးအား တွန်းထုတ် လိုက်တော့သည်။
မှိန်ဖျော့ဖျော့ ခရမ်းရောင် ပန်းပွင့်က လက်သီးထံ တိုးဝင် သွားပြီး၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် လှိုင်းများ အဖြစ်၊ ပြန်လည် ပြေးထွက် သွားသည်။
ကျောက်ခင်း လမ်းမမှာ ပေါက်ကွဲ သွားပြီး၊ ပတ်ဝန်း ကျင်ရှိ မရေ မတွက် နိုင်သော၊ သစ်ပင် များအား ဖုန်မှုန့် အဖြစ်၊ ချက်ချင်း ပြောင်းလဲ ပစ်လိုက်သည်။
အန္တရာယ်ကို ခံစား မိသောကြောင့်၊ ဘိုင်တင်း၏ နှုတ်ခမ်းများ တုန်ယင် သွားသည်။ လင်းယွန်က ၎င်းနှင့် အတူ၊ သူ့အား ခေါ်သွား ချင်ပုံ ရ၏။
တိုက်ခိုက် မှုကို ရင်ဆိုင်ရန် ဆုံးဖြတ် ထားသော ဘိုင်တင်းက၊ ချက်ချင်းပင် စိတ်ပြောင်း သွားသည်။
လင်းယွန်မှာ ပန်း တစ်ပွင့် ဖြစ်၏။ ပန်းတစ်ပွင့်သည် တိုတောင်းသော သက်တမ်းကိုပိုင်ဆိုင် ထားပြီး၊ ဥက္ကာပျံ များ ကဲ့သို့ ခေတ္တ မျှသာ တောက်ပ နိုင်ပေမည်၊
ထို့ကြောင့် ယင်းသည်၊ သူနှင့် ယှဉ်နိုင် စရာ မရှိသော၊ ဖြစ်တည် မှုသာ ဖြစ်၏။
လင်းယွန်က ဘိုင်တင်းအား လွတ်မြောက်ရန်၊ အခွင့် အရေး မပေး ခဲ့ဘဲ၊ သူ့ လက်သီးကို ရှေ့သို့၊ တဟုန်ထိုး တွန်းပို့ နေသည်။
လက်သီးအား မြင်ပြီးနောက်၊ ဘိုင်တင်းက သူ့ကိုယ်သူ ကာကွယ် ဖို့ရန် အတွက်၊ မူလ စွမ်းအင်များ ထုတ်ဖော် လိုက်သည်။
သို့သော် သူ၏ မူလ စွမ်းအင်ဖြင့်၊ ဖန်တီး ထားသော အကာ အကွယ် အလွှာမှာ၊ အဆုံးတွင် ကွဲအက် သွားပြီး၊ လက်သီး ချက်အား ခန္ဓာ ကိုယ်ဖြင့်၊ ခံယူ လိုက်ရ၏။
“ မ ဟုတ် ဘူး …... ”
သွေးအန် လျက်ဖြင့်၊ အမြောက် ကျည်ဆံ ကဲ့သို့ လွင့်ထွက် သွားပြီး၊ လမ်းတစ် လျှောက် တိုက်မိ သွား သော ကျောက်တုံး များအား ကြေမွှ သွားစေ ခဲ့သည်။
မြေပြင်ပေါ် လဲကျ သွားသည်နှင့်၊ အဆက် မပြတ် သွေးချောင်းများ ဆိုးလာပြီး ကိုယ်တွင်း အင်္ဂါများ အက်ကြောင်း၊ ထင်လာ သည်ကို၊ ခံစား လိုက်မိသည်။
သေချင်း တရားကို လျစ်လျူရှုကာ၊ ဘိုင်တင်းအား ဆွဲခေါ်လိုသော လင်းယွန်၏
လုပ်ရပ် ကြောင့်၊ အခြားသော အကြီးအကဲ များက အံ့သြသွား ကုန်သည်။
မူလ စွမ်းအင် များကို၊ အကုန် အစင် ထုတ်ဖော် ခဲ့ပြီး၊ ပြန်လည် ဆုတ်ခွာရန်၊ လင်းယွန်၌ ဆန္ဒ မရှိ ခဲ့ပေ။
အရှက်ခွဲ ခံရ ခြင်းထက်၊ သေချင်း တရားကိုသာ ရွေးချယ် ပေမည်။ သူ့အား အရှက် ခွဲရန် ကြိုးစားမိ သူတိုင်းက၊ တန်ဖိုး ကြီးကြီး မားမား ပေးဆပ် ရမည် ဖြစ်၏။ အကြီး အကဲ တစ်ဦး ဖြစ်လျှင်ပင်၊ ချွင်းချက် မရှိပေ။
ဘိုင်တင်းက သူ့ရှေ့တွင် ရှိသော လူငယ်ကို၊ မော့ကြည့် လိုက်ပြီးနောက်၊ အသက်ရှူ ကြပ်လာသည်။ မတ်မတ် ပြန်ရပ်ရန်၊ ကြိုးစား ရုန်းကန် နေရ၏။
ပြင်းထန်သော ဒဏ်ရာ များကို ခံစား ရချိန်တွင်၊ ကျောရိုး တစ်လျှောက် အေးစိမ့် သော၊ ခံစား ချက်များ ဝင် ရောက် လာသည်။
" သူ့ကို သတ် ..... "
လင်းယွန်ကို အလွယ်တကူ အနိုင်ယူ နိုင် တော့မည် မဟုတ်ကြောင်း၊ သိရှိ သွားသည့် အ ပြင်၊ ယခင်က ဖြစ်ပျက် ခဲ့သော အဖြစ် အပျက် များကြောင့်၊ ဘိုင်တင်းက စိတ်ဒဏ်ရာ ရရှိ သွားသည်။
ချောင်ပိတ် ရိုက်ခံ ရသော ကြွက်တစ်ကောင် ကဲ့သို့၊ တုန့်ပြန် လာသော လင်းယွန်ဖြင့်၊တိုက်ခိုက်ရန် သတ္တိ မရှိ တော့ ချေ။
ဓားကျွန် တစ်ယောက် နှင့်အတူ၊ မတော် တဆ သေဆုံး သွားမည်ကို၊ သူ ကြောက်ရွံ့ လာသည်။ ထို့ကြောင့် လက်အောက် ငယ်သား အချို့အား၊ အမိန့်ပေး လိုက်ခြင်း ဖြစ်သည်။
သို့ သော် ကျန်သော အကြီးအကဲ များက ကွဲလွဲ သော အမြင် များဖြင့်၊ တုန့်ပြန် လာကုန်သည်။
“ တပည့် ကိုးဦးကို သတ်ပစ်ပြီး၊ အကြီး အကဲ တစ်ယောက်ကို ပြင်းပြင်း ထန်ထန် ဒဏ်ရာ စေရတယ်၊ ဒါနဲ့တင် သူ့ကို ဘယ်သူမှ မကယ် နိုင်ဘူး၊ မင်းတို့ ထဲက တစ်ယောက် ယောက်က၊ ဘာလို့ မလှုပ်ကြ တာလဲ၊ မင်းတို့ အားလုံးက ကြံရာပါ တွေလား ... ဟမ်။ ''
မျှော်လင့်ထား သကဲ့သို့ ဖြစ်လာခြင်း မရှိဘဲ၊ မည်သူမျှ လှုပ်ရှား လာခြင်း မရှိ သောကြောင့်၊ ဘိုင်တင်းက ဒေါသ တကြီး အော်ဟစ် လိုက်သည်။
" ဘယ်သူက လှုပ်ရှား ရဲလဲ ဆိုတာ ... ငါကြည့်ချင်တယ်။ "
အကြီး အကဲများ အားလုံးက၊ ဘိုင်တင်း၏ ခြိမ်းခြောက် မှုကြောင့်၊ တုံ့ဆိုင်း နေချိန်တွင်၊ အကြီးအကဲ အချို့ ခြံရံလျက်၊ လျိုဖန်းက အပြေး အလွှား ရောက်ရှိ လာခဲ့သည်။
***