နန်းတော် သခင်၏ အပြစ်ဒဏ်။
Vol. 29 Ch. 394
'' တပည့် ကိုးဦးကို သတ်ပစ်ပြီး၊ အကြီး အကဲ တစ်ယောက်ကို ပြင်းပြင်း ထန်ထန် ဒဏ်ရာ စေရတယ်၊ ဒါကိုတောင် မင်းတို့ ထဲက တစ်ယောက် ယောက်က၊ ဘာလို့ မလှုပ်ကြ တာလဲ၊ မင်းတို့ အားလုံးက ကြံရာပါ တွေလား ... ဟမ်။ ''
မျှော်လင့်ထား သကဲ့သို့ ဖြစ်လာခြင်း မရှိဘဲ၊ မည်သူမျှ လှုပ်ရှား လာခြင်း မရှိ သောကြောင့်၊ ဘိုင်တင်းက ဒေါသ တကြီး အော်ဟစ် လိုက်သည်။
" ဘယ်သူက လှုပ်ရှား ရဲလဲ ဆိုတာ ... ငါကြည့်ချင်တယ်။ "
အေးစက်သော ခြိမ်းခြောက် သံနှင့်အတူ၊ အကြီးအကဲ အချို့ ခြံရံလျက်၊ လျိုဖန်းက အပြေး အလွှား ရောက်ရှိ လာခဲ့သည်။
လျိုဖန်း ရောက်ရှိ လာခြင်း ကြောင့်၊ ဤကိစ္စတွင် ပါဝင်ရန် ဆန္ဒ မရှိသော အကြီး အကဲ များမှာ၊ သက်သာရာ ရသွား၏။
" မင်္ဂလာပါ အကြီးအကဲ လျိူ။ "
ပတ်ဝန် ကျင်၌ ရပ်ကြည့် နေသော တပည့် အများ အပြားက၊ ချက်ချင်းပင် နှုတ်ခွန်းဆက် စကား ပြောကြားရန်၊ အနားကပ် လာသည်။
အကြီး အကဲ ခန်းမ၌ ခန်းမ သခင် ပြီးနောက်၊ရာထူး အမြင့် ဆုံးမှာ၊ လျိုဖန်းနှင့် ဘိုင်တင်း ဖြစ်သည်။
“ လျိုဖန်း၊ ဒီကောင်က တပည့် ကိုးယောက်ကို သတ်ပြီး ငါ့ကိုတောင် ဒဏ်ရာ ရစေတယ်၊ ဒါကို မင်းက သူ့အပေါ် ကာကွယ်ဖို့၊ ကြိုးစား နေတာလား။ "
ဘိုင်တင်းက လျိုဖန်းကို ကြည့်ကာ၊ အံကြိတ်လျက် ဆိုသည်။
“ ဟမ့် ... ဘိုင်တင်း၊ မင်း ငါနဲ့ လာရှုပ်နေ တာလား၊ ခရမ်းရောင် နန်းတော် နယ်မြေမှာ ရှိတဲ့ အကြီးအကဲ တစ်ဦးက၊ တပည့် တစ် ယောက် ကြောင့် ဒဏ် ရာ ရတယ် တဲ့လား၊ ယုံချင် စရာပဲ၊ .... ''
'' .... ဒါ ပေမယ့် ဒါသာ မှန် တယ် ဆိုရင် ၊ မင်းက အားနည်း လွန်းပြီး၊ အကြီး အကဲ ရာထူးနဲ့ မထိုက်တန် တော့ဖူးလို့၊ ဆိုလို တာပဲ မဟုတ်လား။ "
လျိုဖန်းက သူ့ မုတ် ဆိတ် ကို လက် ဖြင့် ရိုက် လျက် ၊ လှောင် ရယ် လိုက် သည် ။
“ မင်း ..... ”
ဘိုင်တင်း၏ ခန္ဓာ ကိုယ်သည် ဒေါသကြောင့်၊ တုန်ယင်သွား သော်လည်း၊ စကား တစ်ခွန်းမျှ တုန့်ပြန် နိုင်ခြင်း မရှိပေ။
ခဏ အကြာတွင်၊ သူ့လက်ကို ဝှေ့ယမ်းကာ အေးစက် စွာဖြင့်၊
“ ကောင်းပြီ၊ ငါ ဒီကိစ္စကို ထားလိုက်မယ်၊ သူက တပည့် ကိုးဦးကို သတ်ခဲ့တယ်၊ သူတို့ ထဲက ဝမ်ယန်ကို၊ ငါတို့ အားလုံး ရှေ့မှာတင် သတ်ပစ် လိုက်တယ်၊ အဲဒါကို မင်းဘာပြော ချင်သေးလဲ။ ”
“ သူ လူသတ်တာ မှန်တယ်၊ ဒါပေမယ့် မင်း ဒီကိစ္စကို စုံစမ်း ခဲ့လား၊ မင်းက ဒီအရေးမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့၊ အနေ အထားမှာ မရှိပါဘူး၊ လင်းယွန် ကသာ သူ့အသက် အတွက် ခုခံ ကာကွယ် ခဲ့တာ ဆိုရင်ရော...၊ မင်းကသာ ဒီကိစ္စကို မစုံ စမ်းဘဲ၊ လင်းယွန်ကို သတ်ဖို့ ကြိုးစား နေတယ်၊ မင်းဘာတွေ စီစဉ် နေတာလဲ ဘိုင်တင်း ..... "
လျိုဖန်းက အေးစက်စွာ ပြန်ဖြေသည်။
“ ... ငါ့အထင် ဒီကိစ္စမှာ မင်းလည်း ပါဝင် ပတ်သက် နေပုံ ရတယ်၊ သက် သေကို ဖျောက်ဖျက်ဖို့ လင်းယွန်ကို သတ်ချင် နေတာလား။ ''
လျိုဖန်းက သူ့ကို တရားခံ အဖြစ်၊ ပြောင်းလဲ ပြောဆို သွားသည်ကို ကြားလိုက် ရသည်နှင့်၊ ဘိုင်တင်းက ဒေါသကြောင့်၊ သွေးအန် လုနီးနီး ဖြစ်သွားသည်။
လျိုဖန်းက လင်းယွန်ကို ကာကွယ်ရန်၊ ဤနေရာသို့ ရောက်ရှိ လာ ခြင်း ဖြစ်ကြောင်း၊ သူ နားလည် လိုက်သည်။
“ ဟားဟားဟား...လူအိုကြီး လျို၊ မင်းနဲ့ ဘာမှ ပြောစရာ မရှိ ပါဘူး၊ မင်း သူ့ကို ကာကွယ် နိုင်မယ် ထင်နေ တာလား၊ သူ့ကို ခေါ်သွား ကြစမ်း၊ စစ်ဆေး မေးမြန်း ပြီးရင်၊ အားလုံး သိလာ မှာပါ။ ”
ဘိုင်တင်းက အေးစက်စွာ အမိန့် ပေးသည်။
" ဘယ်သူက သူ့လက်ကို ဆွဲဝံ့လဲ ဆိုတာ ငါကြည့်မယ်။ "
လျိုဖန်းက ရှေ့သို့ တစ်လှမ်း တိုးကာ ဆိုသည်။ အကြီးအကဲ နှစ်ယောက်ကြား၊ ထိပ်တိုက် တွေ့ဆုံ မှုက လင်းယွန်ကို စိတ်သက်သာ ရာရ စေ၏ ။
***
အဖော်မဲ့ ကြယ် မဟာမိတ် အဖွဲ့ တည်ရှိရာ၊ မဟာမိတ် တောင်ကုန်း တစ်ခု ပေါ်၌၊ အိမ်ရှေ့ မင်းသား ချင်ယုက အဝေးရှိ လူအုပ် ကြီးကို မျှော်ကြည့်ကာ၊
" ဒီလင်းယွန် မသေ မှာကို၊ ငါ ကြောက်မိတယ်။ "
သူ့ ပတ်ဝန်း ကျင်တွင်၊ လူငယ် အချို့ မတ်တပ် ရပ်နေ ကြပြီး၊ ၎င်းတို့ အားလုံးက နက်နဲ နယ်မြေ၏၊ ဒသမ အဆင့်တွင် ရှိနေ ကြသည်။ ခရမ်းရောင် နန်းတော် တစ်ပိုင်း သိုင်သမားအချို့ပင် ပါရှိ နေ၏။
သူတို့ အားလုံးမှာ၊ မဟာချင် အင်ပါယာ ဒုတိယ အလွှာရှိ၊ အထက် တန်းစားများ ဖြစ် ပြီး၊ ပါရမီရှင် ရှစ်ပါး ပြီး နောက်၊ ဒုတိယ အသန်မာဆုံး သူများ ဖြစ်သည်။
ယခု နှစ်ကုန်တွင် နဂါး တံခါး ပြိုင်ပွဲ၌၊ ပါရမီရှင် ရှစ်ပါး နေရာအား၊ စိန်ခေါ် နိုင်မည်ဟု ထင်ကြေးပေး ခံထား ရ၏။
လင်းယွန်သာ ဤနေရာ၌ ရှိ နေ ပါက၊ သူတို့ ထဲမှ တစ်ယောက်ကို မှတ်မိ နိုင်ပေမည်။ ထိုသူမှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ ဟန်ဂန် ဖြစ်၏။ ဖီးနစ် ပန်းက လေး၏ မွေးနေ့ ပွဲ၌၊ ရှင်းဂျူအား ရှုံးနိမ့်ခဲ့ သူပင်။
ထိုအဖွဲ့က ဂိုဏ်း အသီးသီး၏ ဝတ်ရုံ များကို၊ ဆင်မြန်း ထားကြ သော်လည်း၊ သူတို့ အားလုံးမှာ တူညီသော၊ သခင် တစ်ယောက်ထဲ ကိုသာ ဦးညွှတ် ရန်အတွက်၊ အသူရာ အဖွဲ့ အတွင်းသို့၊ ဝင်ရောက် ထားသူများ ဖြစ်၏။
တော်ဝင် မိသားစုသည် ဂိုဏ်း ပေါင်းစုံမှ၊ အရည် အချင်း ရှိသော တပည့် များကို၊ လျှို့ဝှက် စုဆောင်း တက်ပြီး၊ ချင်ယု လက်၌ အဆ မတန် ကြီးထွား လာခဲ့သည်။
ဂိုဏ်းကြီး လေးဂိုဏ်း အတွင်း၊ စိမ့်ဝင် နိုင်ခဲ့ သည်မှာ၊ သံသယ ဖြစ်စရာ မရှိချေ။
ထို့ကြောင့် သူတို့ အားလုံးက၊ သူ တော်စင် ခန္ဓာ ကိုယ်ကို အောင်မြင် ခဲ့သော၊ ဘိုင်လိရွှမ် အတွက် ဂုဏ်ပြုရန်၊ ချင်ယု နှင့်အတူ ဤနေရာသို့၊ ရောက်ရှိ လာခြင်း ဖြစ်၏။
သို့သော် ဤကဲ့သို့ စိတ်လှုပ် ရှားဖွယ် ကစားပွဲ တစ်ခုအား၊ မြင်တွေ့ရ မည်ဟု မထင်ထား မိခဲ့ပေ။ သူတို့ အားလုံး၏ မျက်လုံးများ ထဲတွင်၊ တက်ကြွမှု များဖြင့် ပြည့်လျှံ နေ ပေသည်။
ဂိုဏ်းကြီး လေလေ စည်းမျဉ်းများ တင်းကျပ် လေလေ ဖြစ်၏။ ဂိုဏ်းများ အားလုံးက တိုက်ပွဲနှင့် ပြိုင်ဆိုင် မှုကို အားပေး ထား သော်လည်း၊ တပည့်များ အချင်းချင်း သတ်ဖြတ် ခြင်းကိုမူ၊ တားမြစ် ထားသည်။
ယင်းမှာ သေဒဏ် ပေးထိုက်သော ရာဇ၀တ်မှု ဖြစ်၏။ သို့သော် လင်းယွန်က ဂိုဏ်းတွင်း၌ တပည့် ကိုးဦးကို သတ်ပစ် ခဲ့ပြီး၊ နောင်တ တစ်စုံ တစ်ရာ ရရှိ ခြင်း မရှိဘဲ၊ အကြီးအကဲ တစ်ဦး ကိုပင် သတ် ဖြတ်ရန်၊ ထပ်မံ ကြိုးစား ဝံ့ လေသည်။
ထိုအဖွဲ့၏ နောက်တွင် အဖြူရောင် ဝတ်ထားသော လူငယ် တစ်ဦး ရှိ၏။ နောက်ကို လက်နှစ်ဖက် ပစ်လျက်၊ သွယ်လျ သော သူ့ အသွင် အပြင်ကို ထင်ရှားစေ ခဲ့သည်။
သူ၏ ကျင့် ကြံမှုမှာ နက်နဲ နယ်မြေ၏ အဋ္ဌမ အဆင့် တွင်သာ ရှိသော်လည်း၊ ဒဿမ အဆင့်ရှိ တပည့် တစ်ဦး တစ်ယောက် ကမျှ၊ သူ့အား အထင် သေးခြင်း မရှိပေ။
သူ့အသွင် အပြင်မှာ၊ ပါရမီရှင် ရှစ်ပါး ထဲ၌ ရပ်တည် ထားနိုင်သော ချင်ယု ဖြင့်ပင်၊ နှိုင်းယှဉ် နိုင်၏။
ယင်းလူငယ်က လူအုပ် အတွင်းရှိ လင်းယွန်အား၊ ခံစားချက် မဲ့ သော မျက်နှာဖြင့်၊ တည်ငြိမ်စွာ လှမ်းကြည့် နေသည်။
အိမ်ရှေ့မင်းသား ချင်ယုက၊ ထိုလူငယ်ဘက် လှည့်လာပြီး၊
" လိရွှမ် ... အဲဒီ လူနဲ့ ၊ မင်း ... ရန်ငြိုး ရှိတယ်လို့ ငါကြားတယ်။ "
“ ငါ သူ့ကို မေ့နေ ပါပြီ၊ အဖော်မဲ့ ကြယ်က ဂျူနီယာ တစ်ယောက်က၊ သူ့အကြောင်း ပြောပြ မှပဲ၊ သတိရ မိတော့တယ်၊ 'ယင်'လေ စီးကြောင်း ထဲကို၊ တွန်းပို့ ခံရ ပြီးတဲ့ နောက်မှာတောင်၊ ဓားနန်းတော်ကို လာဖို့ သတ္တိရှိ နေတာ အံ့ဩ စရာ ပါပဲ၊ သူ ငါ့ကို လက်စား ချေဖို့၊ ဒီမှာ ရှိနေတာ ဖြစ်နိုင် မလား ... "
ဘိုင်လိရွှမ်က အထင် အမြင် သေးစွာဖြင့် နှုတ်ခမ်းကို တွန့်ရုံ ပြုံး လိုက်သည်။
“ ဒါ ... ဖြစ်နိုင်တယ်၊ သူက သည်းခံ လိုစိတ် မရှိဘူး၊ မောက်မာ လွန်းတယ်၊ သူ့အတွက် လမ်းက ရှည်လျားမှာ မဟုတ်ဘူး၊ မင်းကတော့ သူနဲ့ မတူဘူး၊ မဟာချင် အင်ပါယာ ကနေ၊ ဒီထက် ပိုကြီးတဲ့ ဇာတ်ခုံကို လျှောက်လှမ်း ရလိမ့်မယ်၊ သူ့လို လူအတွက် မင်းအချိန်ကို ဖြုန်း မနေ ပါနဲ့၊ လူသတ် ပြီးတာတောင် သူက နောင်တ မရ ဖူးတဲ့လား ... ဟာသပဲ။ "
ချင်ယုက အခြေ အနေကို သုံးသပ် ပြီးနောက် ခေါင်းညိတ် လိုက်သည်။
တစ်ချိန် တည်းမှာပင်၊ ဓားထမ်း အကြီးအကဲ ခုနစ်ယောက် နှင့်အတူ၊ ကာကွယ်သူ လေးဦး တို့က၊ လင်းယွန်၏ ကိစ္စကို ဆွေးနွေးရန်၊ ခန်းမ တစ်ခု၌ စုဝေး နေခဲ့ ကြသည်။
အချိန် ကြာမြင့် လှ ပြီ ဖြစ်သော်လည်း၊ ဆုံးဖြတ် ချက်ကို မချမှတ် နိုင်သေးပေ။
" ကာကွယ်သူ မက်မွန်၊ လင်းယွန်က ဂိုဏ်းရဲ့ သံမဏိ စည်းကမ်းကို၊ ချိုးဖောက် တာကြောင့်၊ သတ်ပစ် သင့်တာ မှန်ပါတယ်၊ ဒါပေမယ့် သူက ဂိုဏ်းကို အကျိုးဆောင် ပေးခဲ့တယ်၊ ဒီလောက် များပြားတဲ့ ရတနာကို ဘယ်သူက၊ ပြန်လည် ပေးအပ် ခဲ့ဖူး လို့လဲ ...”
ယင်းသို့ ပြောဆို ခဲ့သူမှာ၊ ကြာမိစ္ဆာ နယ်မြေ အဖွဲ့ကို၊ ဦးဆောင် ခဲ့သူ အကြီးအကဲ ချင်ဇူအို ဖြစ်သည်။
သူ့တွင် လင်းယွန် အ ပေါ် လေးနက်သောအမြင်ရှိ နေသောကြောင့်၊ တုပ်တုပ်မျှ မလှုပ် သော ကာကွယ်သူ လေးဦးအား၊ သတ္တိကို စုဆောင်းကာ တင်ပြ လိုက်ခြင်း ဖြစ်သည်။
သို့သော် အ ခြား သော ပထမ ဓားထမ်း အကြီးအကဲ တစ်ဦးက၊
“ ဒါဆို တပည့် ကိုးယောက်ကို၊ သတ်ခဲ့ တာတောင် လွှတ်ထား ရမယ်လား၊ သူက ငါတို့ကို တင် ပြဖို့ ကြိုးစား ခဲ့ဖူးလား၊ ဒါက ဂိုဏ်းကို မထီ မဲ့မြင် ပြုတာနဲ့ အတူတူပဲ၊ ခြွင်းချက် ပေးလိုက်ရင်၊ နောင် အနာဂတ်မှာ ဂိုဏ်းရဲ့ စည်းမျဉ်း တွေကို၊ ဘယ်သူမှ မလိုက်နာ တော့မှာကို၊ ငါကြောက် မိတယ်။ ”
အ ခြား သော ဒုတိယ ဓားထမ်း အကြီးအကဲ တစ်ဦးက၊
“ စည်းကမ်းတွေက ဓားနန်းတော်ကို မောင်းနှင် နေတာပါ၊ အနာဂတ်မှာ လူတိုင်းက လင်းယွန်လို ပြုမူ လာရင်၊ ဂိုဏ်းက ပရမ်း ပတာ အဖြစ်ကို ရောက်သွား လိမ့်မယ် မဟုတ်လား၊ သူက အရည် အချင်း ရှိပေမယ့်၊ သူ တစ် ယောက်တည်း အတွက်နဲ့၊ ဂိုဏ်း တစ်ဂိုဏ်း လုံးရဲ့၊ အခြေခံ အုတ်မြစ်ကို၊ ထိခိုက် စေလို့ မရ ပါဘူး။ ”
လင်းယွန် အ ပေါ် မည်သို့၊ အရေး ယူရ မည်ကို၊ လူတိုင်း၌ အတွေး အမြင် များစွာ ရှိပေသည်။
သို့သော် နောက်ဆုံးတွင် ကာကွယ်သူ မက်မွန် သည်သာ၊ အဆုံး အဖြတ် ပေးမည့်သူ ဖြစ်၏။
ကာကွယ်သူ မက်မွန် သည်လည်း၊ လင်းယွန်ကို ကာကွယ်ရန် သဘာဝ အတိုင်း၊ ကြိုးစား လိုသော်လည်း၊ ဓားထမ်း အကြီးအကဲ များထံမှ၊ ကွဲပြားသော အ မြင် များကြောင့်၊ ခက်ခဲသော အနေ အထားတွင် ရှိနေသည်။
ကျန်သူ များက နှုတ်ဆိတ်နေ ကြ၏။ သို့မဟုတ် လင်းယွန်အား အပြစ်ဒဏ် ပေးမည့် ဆုံးဖြတ် ချက်ကို၊ ဆိတ်ဆိတ် နေ ခြင်း ဖြင့်၊ ထောက်ခံကြောင်း ပြသ လိုက်ခြင်း ဖြစ်သည်။
“ ဓားနန်းတော် တပည့် လင်းယွန်က၊ သေဒဏ်ထိုက်တဲ့ အမှုကို ကျူးလွန် ခဲ့တယ်၊ သူရဲ့ အကျိုး ဆောင်မှုတွေ အရ၊ သေခြင်း ကနေ ကင်းလွတ်ခွင့် ပြုမယ်၊ ဒါ ပေမဲ့ သူ့ရဲ့
နက်နဲ သွေး ပြန် ကြောကို ချိုးဖြ တ်ပြီး၊ နောင်တ ချောက်ကမ်း ပါးမှာ၊ နှစ်နှစ် ကြာအောင် ပိတ်လှောင် ထားရမယ်။ ”
ခန်းမ ထဲတွင် ခမ်းနားသော အသံ တစ်သံ ပဲ့တင်ထပ် လာသဖြင့်၊ လူတိုင်းက မတ်တပ် ထရပ် လိုက်သည်။
ထိုအသံမှာ နန်းတော် သခင်၏ အသံ ပေပင်။ လူလုံး ထွက်ပြခြင်း မရှိဘဲ၊ အပြစ်ဒဏ် ကိုသာ ချမှတ်ပေး လာ၏။
လင်းယွန် အပေါ် ကောင်းမွန်သော အမြင် ရှိသည့် ဓားထမ်း အကြီးအကဲ ချင်ဇူအိုက၊ နန်းတော် သခင်၏ အပြစ် ဒဏ်ကို ကြားရသော အခါတွင်၊ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားသည်။
“ ဂျူနီယာ ညီလေး မက်မွန်၊ ဒီ အပြစ် ဒဏ်ကို ချမှတ်ဖို့ မင်းမှာ တာဝန် ရှိတယ်၊ ဒီကိစ္စက ဒီမှာတင် ပြီးပြီ၊ ထပ်ပြီး ဆွေးနွေး နေစရာ၊ မလို တော့ဘူး။ ”
“ နားလည် ပါပြီ နန်းတော် သခင်။ ”
လူတိုင်းက ရုပ်အသွင် ထွက်ပေါ် လာခြင်း၊ မရှိသော လေထု ထဲရှိ၊ အသံ ပိုင်ရှင်ကို ဦးတည်လျက်၊ ဦးညွှတ် တုန့်ပြန် လိုက်သည်။
“ ကာကွယ်သူ မက်မွန်၊ လေးနက်တဲ့ သွေးပြန် ကြောကို ထိခိုက် စေတာက၊ လင်းယွန်ရဲ့ ဘဝတစ်ဝက် လောက်ကို ဖျက်ဆီး လိုက်တာနဲ့၊ အတူတူ ပါပဲ၊ မင်းအဲ့လို လုပ်လို့ မရဘူး …”
ချင်ဇူအိုက စိုးရိမ် တကြီး ဝင်ပြော လိုက်သည်။ လေးနက်သော သွေးကြော များကို ဖြိုခွဲ ခြင်းသည်၊ တပည့် တစ်ဦး အတွက် အပြင်းထန် ဆုံးသော ပြစ်ဒဏ် ဖြစ်သည်။
နာကျင်မှုကို ခံစား ရမည် သာမက၊ အနာဂတ်တွင် အောင်မြင် မှုများ ရယူရာ ၌လည်း၊ ပိုမို ခက်ခဲ လာနိုင်မည် ဖြစ်သည်။ စိတ် ဆန္ဒများသေဆုံး သွားပါက၊ ထိုတပည့်သည် ဆွံ့အ သွားခြင်းနှင့် အတူတူပင်။
“ နန်းတော် သခင်ရဲ့ အမိန့်နဲ့ ပတ်သက်ပြီး၊ ငါတို့ ဘာမှ လုပ်လို့ မရဖူး ဆိုတာ၊ မင်း သိပါတယ်။ ”
ကာကွယ်သူ မက်မွန်က ဆိုသည်။ ရွေးချယ် ခွင့်သာ ရှိပါလျှင်၊ သူသည်လည်း လင်းယွန်၏ လေးနက်သော သွေးပြန် ကြောကို၊ မထိခိုက် စေချင်ပေ။
သို့သော် နန်းတော် သခင်က၊ ဤကိစ္စတွင်ဓားနန်းတော်၏ စည်းကမ်းများ အတိုင်း၊ မသတ် ခဲ့ဘဲ လင်းယွန်ကို ကာကွယ် ပေးခဲ့သည်။ ထို့ကြောင့် အတွန့် တက်ရန်မှာ မဝံ တော့ခြေ။
သမိုင်း တစ်လျှောက် စည်းမျဉ်း များကို၊ ဖောက်ဖျက် ဝံ့သူ အများ အပြား မရှိ ခဲ့ပေ၊ ရှိခဲ့ သူများ မှာလည်း၊ သေဒဏ်မှ လွတ်မြောက်ပြီးနောက်၊ ကြီးကျယ် ခမ်းနားသော ပါရမီ ရှင်များ အဖြစ်၊ ရှင်သန် လာနိုင် ကြသည်။
အနာဂတ်တွင် လင်းယွန် သည်လည်း၊ ၎င်းတို့ထဲမှ တစ်ဦး ဖြစ်လာမည် ဖြစ်၏။
***
ကာကွယ်သူ မက်မွန်က ကောင်းကင်မှဆင်းသက် လာပြီး၊ လမ်းမ ပေါ်၌ စကားများ နေသော အကြီးအကဲ နှစ်ဦးကြောင့်၊မျက်မှောင်ကြုတ် သွားသည်။
“ မင်းတို့ နှစ်ယောက် ဘာလုပ် နေကြ တာလဲ။ ”
လျိုဖန်းနှင့် ဘိုင်းတင်းက ချက်ချင်း လှည့်ကြည့် လိုက်သည်။ ကာကွယ်သူ မက်မွန်ကို တွေ့လိုက် ရသည်နှင့်၊ မျက်နှာများ ပြောင်းလဲ သွား၏။
လျိုဖန်းက ဒေါသ အမျက် ထွက်လာပြီး၊ ဘိုင်တင်းကို လက်ညိုး ထိုးပြကာ၊
“ ကာကွယ်သူ မက်မွန်၊ ဘိုင်တင်က လင်းယွန်ကို မစုံ စမ်းပဲ၊ သတ်ဖို့ ကြိုးစား နေတယ်၊ ဒူးထောက်ပြီး အမှား တွေကို၊ ဝန်ခံ ဖို့တောင် တောင်းဆို ခဲ့တယ်။ ”
" အိုး ..... "
ကာကွယ်သူ မက်မွန်က ပြုံးကာ၊ ဘိုင်တင်းအား လှည့်ကြည့် လိုက်သည်။
" ဘိုင်တင်း၊ ကာကွယ်သူ လေးယောက်နဲ့၊ ဓားထမ်း အကြီးအကဲ ခုနစ်ယောက် မဟုတ်တဲ့ မင်းက၊ ဓားနန်းတော်မှာ ဆုံးဖြတ်ချက် ချနေ တာလား၊ အကြီးအကဲ တစ်ယောက် အနေနဲ့၊ မင်းကိုယ်မင်း အရည် အချင်း ပြည့်မီ နေပြီလို့၊ ထင်နေပုံ ရတယ်။ "
“ မရဲ ပါဘူး... ငါမဝံ့ ပါဘူး။ "
ကာကွယ်သူ မက်မွန်က ပြုံးနေ သော်လည်း၊ ထိုစကားများ အရ၊ ဘိုင်တင်းအား တုန်လှုပ် သွားစေ၏။
လင်းယွန်၏ ဒဏ်ရာ များကို တစ်ချက်ကြည့် လိုက်ပြီးနောက်၊ ကာကွယ်သူ မက်မွန်က အေးစက်စွာ၊ အမိန့်ပေး လိုက်သည်။
" လာခဲ့... ငါ့ရှေ့ကို .... "
အမိန့် သံမှာ ငြင်သာ လှသော်လည်း၊ ယင်းကို မလွန်ဆန် ဝံ့ဘဲ ဘိုင်တင်းက ခေါင်းငုံ့ကာ လျှောက်လှမ်း လိုက်မိသည်။ ခါးသီးသော အမူ အရာဖြင့်၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင် နေခဲ့ပြီး၊
“ သခင် .... ကာကွယ်သူ မက်မွန်၊ ငါ့အမှား တွေကို ငါ ကောင်းကောင်း သိပါပြီ …”
" အိုး ...၊ မင်း ဘာ အမှားတွေ လုပ်ခဲ့ လို့လဲ အကြီးအကဲ ဘိုင်တင်း၊ လင်းယွန်က စည်းကမ်း ဖောက်ဖျက် ခဲ့တဲ့ အတွက်၊ သတ်လိုက်တာ မင်း မှန်ပါတယ်၊ ... "
ထိုနေရာသို့ အရောက်တွင် ကာကွယ်သူ မက်မွန်၏ လေသံမှာ၊ ရုတ်တရက် ပြောင်းလဲ သွားပြီး၊ တင်းမာ သွား၏။
" .... ဟုတ်တယ် မင်း မမှား ပါဘူး...၊ ဒါပေမယ့် ကာကွယ်သူ တစ်ယောက် ဖြစ်တဲ့ ငါ့ကို၊ မင်း အရေး မစိုက်ဘူး၊ လင်းယွန်က ငါ့အာရုံကို ဖမ်းစား ထားတယ် ဆိုတာကို၊ ဂိုဏ်းထဲက ဘယ်သူ မဆို သိနေတယ်၊ စည်းကမ်းကို ဖောက်ဖျက် ခဲ့ရင်တောင်၊ သူ့ကို မေးခွန်း ထုတ်သင့်တယ် မဟုတ်လား၊ မင်းလက်ကို လှုပ်ဖို့ ဘယ်အချိန် ကတည်းက၊ ဆုံးဖြတ်ဝံ့ တာလဲ။ "
ရုတ်တရက် သူ့လက်ကို ဆန့်ထုတ် လိုက်ပြီး၊ဘိုင်ဘင်းအား ရိုက်ချ လိုက်သည်။
" မင်းက ငရဲကို ဘာထင် နေလဲ .... ဟမ့် ။ "
ကာကွယ်သူ မက်မွန် ထံမှ ထွက်လာသော အရှိန်အဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုဖိအားကြောင့် အကြီးအကဲများ အားလုံးကို ထိတ်လန့် သွားစေ ခဲ့၏။ ကာကွယ်သူ မက်မွန် အနေဖြင့်၊ သူ၏ တည်ငြိမ် မှုများ မပျောက်ကွယ် ဖြစ်သည်မှာ၊ ကြာပြီ ဖြစ်သည်။
ဆိုလို သည်မှာ ကာကွယ်သူ မက်မွန်၏ နှလုံး သားတွင်၊ အရာရာကို လျစ်လျူ ရှုထား ချင်သော အတိတ်မျိုး ရှိနေ ခဲ့သည်။
သို့သော် ယ နေ့ တွင်မူ၊ ဤလက်ဖဝါး ချက်ကြောင့်၊ ဘိုင်တင်း၏ အတွင်း အင်္ဂါများ ကွဲအက် သွားကာ၊ ပါးစပ်ထဲမှ သွေးများ ထွက်ကျ လာသည်။
နာကျင်မှုက အရမ်း ကြောက်စရာ ကောင်းခဲ့ပြီး၊ ခြေထောက်ပေါ် ပြန်မရပ် နိုင်တော့ပေ။ ရှုပ်ပွ ကုန်သော ဆံပင် များကို သေသပ်အောင် ပြုပြင်ချိန် မရဘဲ၊ မြေပြင် ပေါ်သို့ ဒူးထောက် ချလိုက်ပြီး၊
“ သခင် ... ကာကွယ်သူ မက်မွန်၊ ကျေးဇူး ပြုပြီး ငါ့ကို ခွင့်လွှတ်ပါ၊ ငါ နောက်နောင် မလုပ်ဝံ့ တော့ပါဘူး၊ ကျေးဇူး ပြုပြီး နောင်တ ရဖို့ အခွင့် အရေး ပေးပါ။ ”
" နောင်တ ရဖို့လား၊ မင်းက နောင်တရ နေမှတော့ ဆေးတောင် တန်းကို သွားပြီး၊ ဆယ်နှစ် တိတိ ဆင်ခြင် ပေးဆပ် နေပါ၊ သင်းထောက်တွေ သူ့ကို ခေါ်သွား ကြစမ်း ... "
ကာကွယ်သူ မက်မွန်က၊ အေးစက်သော အမူ အရာဖြင့် ဘိုင်တင်းအား၊ အပြစ်ပေး လိုက်သည်။
ဆေးတောင် တန်း၌ အပြစ်ပေး ခံရ ခြင်းသည်၊ မြေသြဇာ ကျဲပက် ရမည်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။
“ မဟုတ်ဘူး ..... ဆေးတောင် တန်းကို မသွားချင်ဘူး၊ မြေသြဇာကို ငါ မကိုင် ပါရ စေနဲ့ ... ”
အကြီးအကဲ တစ်ယောက် အနေဖြင့်၊ 'မစင်' အား ထိတွေ့ ဆက်ဆံ ရမည်ကို၊ သူ လက်မခံ နိုင်ပေ။ သို့သော် သူ့အား ဆွဲထုတ် ဖို့ရန်၊ ချက်ခြင်း လှုပ်ရှား လာသော သင်းထောက်များ၊ ရှိလာခဲ့ လေပြီ။
ကာကွယ်သူ မက်မွန်က လင်းယွန် ဘက်သို့ လှည့်လိုက်ပြီး၊ ဒဏ်ရာ များကို တစ်ချက် ကြည့်လိုက်ကာ၊
“ လင်းယွန်၊ မင်းရဲ့ ပြစ်ဒဏ် အတွက် ဂိုဏ်းက ဆုံးဖြတ် ပြီးပြီ၊ မင်းရဲ့ နက်နဲ သွေးပြန်ကြော တစ်ချောင်းကို ချိုးဖြတ်ပြီး၊ မင်းကို 'နောင်တ' ချောက်ကမ်းပါး မှာ၊ နှစ်နှစ်ကြာ ပိတ်လှောင် ထားရ လိမ့်မယ်၊ မင်းမှာ ပြောစရာ ရှိသေးလား ...."
“ လုပ် ပါ .... ။ ”
လင်းယွန်က ခံစားချက် မဲ့သော အမူ အရာဖြင့် ဆိုလိုက်သည်။
" နောင်တ ရလား ..."
ကာကွယ်သူ မက်မွန်က စူးစိုက် ကြည့်ကာ၊ မေးမြန်း လိုက်၏။
“ မရ ပါဘူး၊ အသုံး မဝင်တဲ့ ခွေးတွေ ကိုပဲ၊ သတ်နိုင် သေးတဲ့ အတွက်၊ ငါ့ကိုယ် ငါပဲ မုန်းမိ ပါတယ်၊ .... လုပ်ပါ၊ ဂိုဏ်းက ငါ့ကို မသတ် ခဲ့တာ ကျေးဇူး တင်ပါတယ်။ "
လင်းယွန်က မျက်လုံး များကို ဖြည်းညှင်းစွာမှိတ်ချ လိုက်ပြီး၊ ပြစ်ဒဏ်ကို စောင့်မျှော်နေ လေသည်။
***