ရေစီးကြောင်း ။
Vol. 29 Ch. 395
“ လင်းယွန်၊ ... မင်းရဲ့ နက်နဲ သွေးပြန်ကြော တစ်ချောင်းကို ချိုးဖြတ်ပြီး၊ 'နောင်တ ချောက်ကမ်းပါး' မှာ၊ နှစ်နှစ်ကြာ ပိတ်လှောင် ထားရ လိမ့်မယ်၊ မင်းမှာ ပြောစရာ ရှိသေးလား ...."
“ မရှိ ပါဘူး .... ။ ”
လင်းယွန်က ခံစားချက် မဲ့သော အမူ အရာဖြင့် ဆိုလိုက်သည်။
" နောင်တ ရလား ..."
“ မရ ပါဘူး၊ အသုံး မဝင်တဲ့ ခွေးတွေ ကိုပဲ၊ သတ်နိုင် သေးတဲ့ အတွက်၊ ငါ့ကိုယ် ငါပဲ မုန်းမိ ပါတယ်၊ .... လုပ်ပါ ။ "
လင်းယွန်က မျက်လုံး များကို ဖြည်းညှင်းစွာမှိတ်ချ လိုက်ပြီး၊ သူ့ ပြစ်ဒဏ်ကို စောင့်မျှော်နေ ခဲ့သည်။
" ကာကွယ် သူ ...."
လျိုဖန်းက ထိတ်လန့် တကြား အော်ဟစ် လိုက်၏။
ဘိုင်တင်း အပေါ် သတ်လု နီးပါး၊ ဒေါသ ထွက်နေသော ကာကွယ်သူ မက်မွန်ကြောင့်၊ အခွင့် အရေး ရှိနိုင် မည်ဟု၊ သူက ယူဆ ထားမိခြင်း ဖြစ်သည်။
ဤမျှ ပြင်းထန်သော အပြစ် ဒဏ်ကို၊ ချမှတ် ခံရ လိမ့်မည် မဟုတ် ဟုပင်၊ သူထင် ခဲ့သည်။
သို့သော် လေးနက်သော သွေးပြန်ကြော များထဲမှ၊ တစ်ကြောအား ဖျက်ဆီး မည်ဟု ကြားလိုက် ရသော အခါတွင်၊ သူ အံသြ သွားမိသည်။
လေးနက်သော သွေးပြန် ကြောများ၊ ပျက်စီးသွားခြင်းသည် မည်သို့သော အဓိပ္ပါယ် ဆောင် သနည်း။
ယင်းကြောင့် နာကျင် ကိုက်ခဲ မှုနှင့်၊ ကျင့်ကြံမှု ကျဆင်းသော အကျိုး ဆက်မှာ၊ ကျင့်ကြံ သူတိုင်း အတွက် အကြပ်ရိုက် စရာ ဖြစ်သည်။
" လျိုဖန်း... မင်းမှာ ပြောစရာ ရှိသေးလား။ ''
လေးနက်သော အသံဖြင့်၊ ကာကွယ်သူ မက်မွန်က လှမ်းမေး လာ၏။
“ ကာကွယ်သူ မက်မွန်၊ မင်း ... သူ့ရဲ့ လေးနက်တဲ့ သွေးပြန်ကြော တွေကို၊ ဖျက်ဆီးလို့ မရဘူး၊ နက်နဲ နဝမ အဆင့်ကို ရဖို့ ဆိုတာ၊ သူ့အတွက် ဘယ်လောက် ခက်ခဲ ခဲ့လဲ၊ မင်း အသိ ဆုံးပါ၊ ....''
'' ... ဒါကို ကြာမိစ္ဆာ နယ်မြေမှာ၊ သူ့ အသက်နဲ့ ရင်းပြီး၊ ရယူ ထားခဲ့ ရတာ၊ ဒီနယ်မြေက နှစ်ပေါင်း နှစ်ဆယ်မှာ၊ တစ်ကြိမ်သာ ဖွင့်လှစ် နိုင်လို့၊ သူ့တစ်သက် ထပ်ဝင်ဖို့ ဆိုတာ မဖြစ် နိုင်တော့ဘူး၊ မင်းက ဖျက်ဆီး ပစ်လိုက်ရင် သူဘယ်လိုလုပ် ကျင့်ကြံတော့ မလဲ ...."
ရှင်းပြ နေလျက်ဖြင့်၊ နက်နဲ သွေးပြန်ကြော၊ ပျက်စီး သွားခြင်း၏ အကျိုး ဆက်ကို၊ တွေးမိ သွားကာ ထိတ်လန့် တုန်ယင် လာလေသည်၊ သူက လင်းယွန်ဘက် လှည့်လိုက်ပြီး၊
“ သူက ဂိုဏ်းအတွက် များပြားတဲ့၊ အရင်း အမြစ်တွေ လှူဒါန်း ထားတယ်၊ သူခိုးကြီး အဆင့် သိုင်းသမား တစ်ယောက်ကို သတ်ပြီး၊ အနီရောင် ဖီးနစ် ငှက်ကို အသံသွင်း ခဲ့တယ်၊ မင်းသမီး စံအိမ်မှာ လူတိုင်းကို နှိမ်နင်း ခဲ့ပြီး၊ ကြာနက် နန်းတော်ရဲ့ ဒဏ္ဍာရီကို ဖြတ်သန်း ခဲ့တယ်၊ ဒါတွေက မင်းအတွက် မလုံလောက် သေးဖူးလား .... ''
'' ... ကြာမိစ္ဆာ နယ်မြေက ရတဲ့ ရတနာ တွေက၊ ဂိုဏ်းအတွက် ဘယ်လောက် တန်ဖိုး ရှိလဲ ...မင်း အသိပါ၊ သူရ ခဲ့တဲ့ ရတနာတွေ အားလုံး၊ စီမံ ရေးရာ ဌာနကို ပို့လိုက်ပြီ၊ ဒါနဲ့တောင် သူ့ရဲ့ အဆုံး သတ်က ...၊ နက်နဲ သွေးကြောကို ပျက်စီး စေခြင်း တဲ့လား ....''
" ဒါဆို ဓားနန်းတော်ရဲ့ စည်းမျဥ်း တွေကို စိန်ခေါ် ပြီး၊ တပည့် ကိုးယောက်ကို သတ်ခဲ့တဲ့ အတွက်၊ သူ့ကို ဆုချ ရမယ်လို့ ...၊ မင်း ပြောချင် နေတာလား လျိုဖန်း ။ "
ကာကွယ်သူ မက်မွန်က လင်းယွန်ကို တစ်ချက် လှမ်းကြည့်ကာ၊ လျိုဖန်းအား မေးမြန်း လိုက်သည်။
စိတ်လှုပ်ရှား မှုကြောင့်၊ သူ့တစ်ကိုယ်လုံး တုန်ရီ နေလျက်ဖြင့်၊ လျိုဖန်းက တောင်တန်း များ ရှိရာ၊ အဝေး တစ်နေရာသို့၊ လှမ်းမျှော် ကြည့်လိုက်ပြီး။
“ ဂိုဏ်းရဲ့ စည်းကမ်း တွေက တင်းကြပ် နေတယ် … လွန်ခဲ့တဲ့ ဆယ်နှစ်တုန်း ကလည်း၊ အစ်ကိုကြီး ရီရဲ့ မိသားစု တစ်ခုလုံး၊ ပြိုကွဲ သွားတာကို၊ ငါတို့ ရပ် ကြည့် နေခဲ့ ရတယ်၊ ... ''
'' ... အစ်ကိုကြီး ရီက မင်း အသက်ကို ကယ်လိုက်တာ၊ အစ်ကိုကြီး ရီ ... ကြောင့်သာ မဟုတ်ရင်၊ လက်ရှိ ရာထူး ကိုတောင်၊ မင်းရ နိုင်ပါ့ မလား၊ ဂိုဏ်းရဲ့ စည်းမျဥ်းတွေ အရ ဆိုတဲ့ ၊ မင်းရဲ့ အကြောင်း ပြချက်ကို၊ ငါ လက်မခံ နိုင်ဘူး၊ ....''
'' ... ရှင်းဂျူက သေသွား ပြီး၊ ရှင်းယန်က သတိ လစ် နေတုန်းပဲ၊ ဘာဖြစ် လာမယ် ဆိုတာ ဘယ်သူမှ မသိဘူး၊ ဒါနဲ့တောင် လင်းယွန်ရဲ့၊ နက်နဲ သွေး ပြန် ကြောကို ဖြတ်တောက် 'ဦး' မတဲ့လား၊... ”
လျိုဖန်၏ စကား များက ကာကွယ်သူ မက်မွန်အား ထိရှ စေခဲ့သည်။ အစ်ကိုရီ၏ အကြောင်း အရာကို၊ ထည့်သွင်း ပြောဆိုသော အခါတွင်နှလုံးသား တစ်ခုလုံး တင်းကြပ် လာ၏။
ထိုအခွင့် အရေးကို အရ ယူပြီး၊ လျိုဖန်းက ကာကွယ်သူ မက်မွန်အား စိုက်ကြည့်ကာ၊
“ ဂိုဏ်းရဲ့ စည်းမျဉ်း တွေက၊ ငါတို့ အပေါ် သစ္စာ ရှိတဲ့ သူတွေကို၊ မကာကွယ် နိုင်ဖူး ဆိုရင်...၊ ဘာလို့ လိုအပ် နေဦး မှာလဲ၊ ကာကွယ်သူ မက်မွန် ကျေးဇူး ပြုပြီး ... မင်းရဲ့အမိန့်ကို ရုတ်သိမ်းပါ။ ”
လင်းယွန်၏ ပါးပြင် ပေါ်တွင်၊ မျက်ရည်များ စီးကျလာ သဖြင့်၊ မျက်လုံး များကို၊ မှိတ်ထား လိုက်သည်။
သူတွင် မျက်ရည်များ ခန်းခြောက် သွားပြီဟု ထင်ခဲ့ သော်လည်း၊ ယနေ့ မျက်ရည် များကို မထိန်း နိုင်တော့ပေ။
“ ကာကွယ်သူ အရှင်၊ စီနီယာ အစ်ကို လင်းရဲ့ နက်နဲ သွေးကြောကို မဖြတ် ပါနဲ့၊ ဝမ်ယန် အသက်က တန်ဖိုး မရှိ ပါဘူး၊ မောက်မာပြီး သူလုပ် သမျှက တပည့် တွေကို၊ အနိုင်ကျင့် တာပါပဲ။ ”
" အထက် တန်းစား ပြည်နယ်က၊ ငါတို့ ဂိုဏ်းရဲ့ အကျိတ် တစ်ခု ပါ၊ သူတို့ကို ကိုင်တွယ် သင့်တာ ကြာ နေပြီ၊ ဒီနေ့ စီနီယာ အစ်ကို လင်းရဲ့ လုပ်ရပ်ကို၊ ငါ ထောက်ခံ ပါတယ်။ ”
“ ဒီတပည့်က စီနီယာ အစ်ကို လင်းနဲ့ ထိ တွေ့ ဆက်ဆံ ဖူးချင်း မရှိပါဘူး၊ ဒါ ပေမယ့် သူ့က တပည့်တွေ အ ပေါ် အနိုင်ကျင့် တယ်လို့၊ တစ်ခါမှ မကြားဖူး တာတော့ အမှန်ပါ။ ”
အကြီးအကဲ လျိုဖန်၏ စကားကြောင့်၊ တပည့်များ အားလုံးက၊ လင်းယွန် အတွက် ဝင် ရောက် ပြောဆိုလာ ခဲ့သည်။
သူတို့က နက်နဲ သိုင်း သမားများ ဖြစ်သောကြောင့်၊ နက်နဲ သိုင်း နယ်ပယ်တွင် ကျင့် ကြံရန်၊ မည်မျှ ခက်ခဲ သည်ကို သိရှိ ထားကြသည်။
လေးနက်သော သွေး ပြန်ကြော ဖျက်ဆီး ခံရသူ အတွက်၊ ဆိုးရွားသော ထိုးနှက်ချက် ဖြစ်သည်။
လင်းယွန်၏ စိတ်စွမ်းအင်မှာ၊ လုံလောက်စွာ မခိုင်မာ ပါက၊ ကျင့် ကြံသူ တစ်ယောက် ဖြစ် သော၊ သူ့လမ်းသည် ပြီးဆုံး သွားမည် ဖြစ်သည်။
တပည့် များစွာက မြေပြင် ပေါ်တွင်၊ ဒူးထောက် လာသော မြင်ကွင်းကြောင့်၊ ကာကွယ်သူ မက်မွန်မှာ အနည်းငယ် တုန်လှုပ် သွားသည်။
ဂိုဏ်း၌ ဤမျှ စိတ်လှုပ် ရှားဖွယ် ကောင်းသော မြင်ကွင်းမျိုး၊ သူ တစ်ကြိမ်မျှ မမြင်ဖူး ခဲ့ ပေ။
သို့သော် မျက်လုံးများ မှိတ်လျက်၊ အပြစ်ကို စောင့်မျှော် ခံယူ နေသော၊ လင်းယွန်၏ ပါးစပ် ထဲမှ သွေးများ၊ ရုတ်တရက် စီးကျ လာသည်။
ယင်းက ဖြူဖျော့ နေပြီ ဖြစ် သော သူ့ မျက်နှာကို၊ ပို၍ပင် ဖြူ လျော် လာစေ၏။ တစ်ချိန် တည်းမှာပင် သူ၏ အရှိန်အဝါမှာ၊ တရိပ်ရိပ် ကျဆင်း သွားသည်။
လေးနက်သော သွေးပြန် ကြောများ ထဲမှ တစ်ခုကို၊ ကိုယ်တိုင် ဖြတ် တောက် ပစ်လိုက်ခြင်း ဖြစ်၏။
ထိုမြင်ကွင်းကြောင့် လူတိုင်းက ထိတ်လန့် သွား၏။ ကာကွယ်သူ မက်မွန်၏ မျက်နှာ သည်ပင်၊ သိသိ သာသာ ပြောင်းလဲ သွားခဲ့သည်။
" လင်း ယွန် .... "
အကြီးအကဲ လျိုဖန်းက မျက်လုံး ပြူးသွားပြီး၊
" မင်းဘာလို့ ဒီလို လုပ်တာလဲ၊ မင်းက အမြဲ ဒီလိုပဲ ..... "
ဟု မချိ တင်ကဲ လေသံဖြင့်၊ ညည်းတွား လိုက်လေသည်။
လင်းယွန်က ပြုံးကာ၊ အကြီးအကဲ လျိုဖန်းအား နှစ်သိမ့် လိုက်၏။
“ အကြီးအကဲ လျို ...၊ ကာကွယ်သူ မက်မွန် အတွက် ခက်ခဲအောင် မလုပ် ပါနဲ့၊ ဒါက သူ့ ဆုံးဖြတ်ချက် မဟုတ် နိုင်ပါဘူး၊ ဂိုဏ်းက ငါ့ကို သေခြင်း ကနေ၊ လွတ်မြောက်ခွင့် ပေးတာ နဲ့တင်၊ ကျေးဇူး တင်မိ နေပါပြီ။ ”
ထို့နောက် ပတ်ဝန်း ကျင်ရှိ တပည့်များ ဘက်သို့၊ လှည့်၍ လက် ဝှေ့ ယမ်းကာ၊
“ တော်တော် များများကို၊ ငါအရင်က မတွေ့ဖူး ပေမယ့်၊ အားလုံးက ငါ့အတွက် ပြောပေး ကြလို့၊ ကျေးဇူး တင်ပါတယ်၊ ဒီနေ့ ညီအစ်ကို တို့အားလုံး နဲ့အတူ၊ ဓားနန်းတော်ရဲ့ ဂုဏ်သိက္ခာက ဘယ်တော့မှ၊ ကျဆင်း တော့မှာ မဟုတ် ပါဘူး။ ''
“ စီနီယာ အစ်ကိုလင်း …”
ပတ်ဝန်းကျင်ရှိ တပည့် များက၊ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ၊ အံ့သြသွား ကြသည်။ အဆိုပါ ရလဒ်သည် မည်သူမျှ မျှော်လင့် မထားသော အရာ ဖြစ်သည်။
ကာကွယ်သူ မက်မွန်က သက်ပြင်းချ လိုက်၏။ သူက လင်းယွန် ထံသို့ လျှောက်သွားပြီး၊ ပခုံးပေါ် လက်ဝါး သုံးချက် ပုတ် ပေး လိုက်သည်။
လက်ဝါး တိုင်းတွင် ဒဏ်ရာ များကို ကုစားရန်အတွက်၊ များပြား လှသော စွမ်းအင် ပမာဏကို၊ ပေးပို့ လာခြင်း ဖြစ်သည်။
သုံးချက်ပြည့် ပြီးနောက်၊ လင်းယွန် ခံစား နေရသော နာကျင် မှုများ၊ ပျောက်ကွယ် သွား၏။
“ မင်းရဲ့ ဓားနဲ့ သိုလှောင်အိတ်ကို၊ 'နောင်တ ချောက် ကမ်းပါး' ဆီ၊ ယူဆောင်ခွင့် မပြုဘူး၊ ငါ့ကို ယုံရင် လွှဲအပ် ခဲ့လို့ ရတယ်။ "
ကာကွယ်သူ မက်မွန်က ဆိုသည်။ လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ ဓားသေတ္တာကို ချွတ် လိုက်၏။ ဓားနှင့် ဓား သေတ္တာကို ရရှိ ပြီး ကတည်း ကပင်၊ သူနှင့် တစ် ကြိမ်မှ ခွဲခွာ ခဲ့ဖူးခြင်း မရှိပေ။
စိတ်ထဲ၌ ဓားကျွန် ဖြစ်စဉ်က၊ ပုံရိပ်များ ရုတ်တရက် ထွက် ပေါ် လာသည်။ ဤဓားဖြင့် အသက်နှင့် သေခြင်းကို၊ အကြိမ် ကြိမ် ဖြတ်သန်း ခဲ့ရ၏။
ဓား သေတ္တာကို ကာကွယ်သူ မက်မွန်ထံ လွှဲပေး လိုက်ပြီး၊ သိုလှောင် အိတ်အား ထပ်မံ ထုတ်ယူကာ ကမ်းပေး လိုက်သည်။
သို လှောင်အိတ် ထဲတွင် ရတနာ များစွာ ရှိသော်လည်း၊ ကာကွယ်သူ မက်မွန်မှာ သူ ယုံကြည် ရသူ တစ်ဦး ဖြစ်လေသည်။
"သွားကြ ရအောင်။"
ကာကွယ်သူ မက်မွန်က နောင်တ ချောက် ကမ်းပါး ဆီသို့၊ ကိုယ်တိုင် ကိုယ်ကျ ဦးဆောင် လာခဲ့သည်။
မြင်ကွင်းမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော ရုပ်သွင်ကို၊ လူအုပ်ကြီးက မှင်တက်စွာ ငေးကြည့် နေမိသည်။
ထွက်ခွာ သွားပြီ ဖြစ်သော်လည်း၊ သူတို့၏ နှလုံးသား ထဲ၌၊ ပုံရိပ် တစ်ရိပ် ကျန်ရစ် နေဆဲ ဖြစ်သည်။ ၎င်းနှင့် ပတ်သတ်၍၊ ထိုက်ထိုက် တန်တန် မှိတ်မိ နိုင်သော၊ အရာ များစွာ ရှိပေသည်။
***
ဝင်လု ဆဲဆဲ ညနေ ဆည်းဆာ အောက်တွင်၊ ချင်ယုနှင့် သူ့ အဖွဲ့မှာ မြို့တော် ဆီသို့၊ တရွေ့ရွေ့ ဦးတည် နေကြသည်။
လမ်း တစ်လျှောက်တွင် အသူရာ အဖွဲ့ဝင်များအချင်းချင်း၊ ဓားနန်းတော်၌ ယနေ့ မြင်တွေ့ ခဲ့ရသော အချင်း အရာကို၊ ဆွေးနွေး လာကြ၏။
၎င်းတို့မှာ နက်နဲ နယ်မြေ၏ ဒဿမ အဆင့် နှင့်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်းရှိ ကျွမ်းကျင် သူများ ဖြစ်သည်။
အင်ပါယာတွင် သူတို့၏ ကျော်ကြား မှုမှာ၊ ပါရမီရှင် ရှစ်ပါး ပြီးနောက်၊ ဒုတိယ အဆင့်၌ ရှိ၏။
သို့သော် လင်းယွန်၏ လုပ်ရပ်က၊ သူတို့အားလုံးကို နှစ်ထောင်း အားရ ဖြစ်စေ ခဲ့သည်။
လင်းယွန်၏ အနေ အထားတွင် ရှိနေ ပါက၊ ၎င်းတို့ အနက်မှ မည်သူ မဆို၊ နက်နဲ သွေးကြော များကို၊ ထိခိုက် စေနိုင်မည် မဟုတ်ပေ။
တစ်ဖက်တွင်၊ နက်နဲ သွေးကြော များကို ဖြတ် တောက် ခံရ ပြီး နောက်၊ လင်းယွန်မှာ ခြိမ်းခြောက်မှု ရှိတော့မည် မဟုတ်ချေ။
ဓားနန်းတော်၏ အစွယ် အားလုံးကို ချိုးဖြတ် နိုင်ခဲ့ ခြင်းကြောင့်၊ ချင်ယုတွင် ကောင်းမွန်သော စိတ်အခြေ အနေများ ဖြစ်တည်လာ ခဲ့လေသည်။
ရှင်းဂျူ သေဆုံး သွားပြီး၊ လင်းယွန်မှာ 'စွံအ ' သွားပေ၏၊ နောက်ထပ် အောင်မြင်မှု များကို၊ အချိန်တို အတွင်း ရယူ နိုင်တော့မည် မဟုတ်ပေ။
ဆိုလို သည်မှာ ယခု နှစ်ကုန် နဂါး တံခါး ပြိုင်ပွဲတွင်၊ လင်းယွန် ပါဝင် နိုင်မည် မဟုတ်ဟု အဓိပ္ပါယ် ရ ၏။
ထို့အပြင်၊ အသက်ရှင် နေသော လင်းယွန်က၊ သေဆုံး သွားသော လင်းယွန်ထက် ပို၍ တန်ဖိုး ရှိ ပေသည်။
ရုတ်တရက် ရှေ့တူရှု လမ်းမထက် ဆီ၌၊ ဖုန်မှုန့်များ ထောင်းထောင်း ထလာ၏။ လူတစ်စုက သူတို့၏ ဦးတည်ရာ ဆီသို့၊ မြင်းများ ဒုန်းစိုင်း စီးနင်းလာ ကြခြင်း ဖြစ်သည်။
ချင်ယု၏ လမ်းအား ပိတ်ဆို့ရန်၊ မည်သူက ဤမျှ ရဲရင့် မည်ကို သိလို သောကြောင့်၊ လူတိုင်းက မျက်မှောင် ကြုတ်လိုက်သည်။
ဤလူ များမှာ အသက်ရှင် ရခြင်းအား၊ ငြီးငွေ့ နေကြ ပုံရ၏။
" အရှင် မင်း မြတ်၊ ငါ သွားကြည့် လိုက်မယ်။ "
ထာဝရ မြင့် မြတ်ခြင်း ဂိုဏ်း၏ ဟန်ဂန်က၊ မျက်ခုံးများ ထိဆက် သွားသည် အထိ၊ စုကျုံ ထားလျက်ဖြင့် ဆိုသည်။ ချင်ယုက ပြုံး ပြ လိုက်ပြီး၊
" စိတ်မပူ ပါနဲ့ ... ပြန်လာခဲ့၊ သူတို့က အမှိုက်တွေ ချည်းပဲ။ ”
“ ဒါပေမယ့် …”
ဟန်ဂန်က တွန့်ဆုတ် သွားသည်။
“ ပြန် လာ ...”
ချင်ယုက တည်ငြိမ်စွာ၊ ထပ်ဆို လိုက်ပြန်သည်။ အိမ်ရှေ့စံသည် စကား တစ်ခွန်းကို၊ သုံကြိမ် တိတိ ပြောကျင့် မရှိ သောကြောင့်၊ အခြား မည်သူမျှ ထပ်မံ မပြောဝံ့ ကြပေ။
သူသာ ဆန္ဒရှိ ပါလျှင်၊ ရရှိ လာမည့် နောက်ဆက်တွဲ ဆိုးကျိုး များကို၊ မည်သူမျှ မှန်းဆ နိုင်မည် မဟုတ်ခြေ။
နှစ်ကြိမ် တိုင်တိုင် ပြောဆို ခဲ့ပြီး ပြီမို့၊ တတိယ အကြိမ် ထပ်ရှိ လာစေရန်၊ ထင်ပေါ် ခြင်းငှာ မဝံ့ တော့ပေ။
ပတ်ပတ် လည်ရှိ တော်ဝင် အစောင့် များနှင့်၊ အသူရာ အဖွဲ့ဝင် အထက် တန်းစား များက ဆုတ်ခွာ သွားပြီး၊ ချင်ယုကို တစ်ဦးတည်း ထားခဲ့ လိုက်၏။
ဖုန်မှုန့်များ အတွင်းမှ၊ မြင်းစီး သမား များ၏၊ အသွင် အပြင် များမှာ၊ ထင်ရှား လာလေသည်။ ၎င်း တို့မှာ၊ ဝမ် မျိုးနွယ်စု၏ ဘိုးဘေး ဝမ်တျန်း ဖြစ် ၏။
တစ်ယောက်တည်း တည် ငြိမ်စွာ ရပ် စောင့် နေသော ချင်ယုကို ကြည့်ကာ၊ ဝမ်တျန်း၏ မျက်နှာက မည်းမှောင် သွားပြီး၊ သတ် ဖြတ် လိုသော ဆန္ဒများ ပြည့်နှက် လာသည်။
“ အိမ်ရှေ့စံ၊ မင်းက တကယ်ပဲ၊ ရဲရင့်တယ် ဆိုတာ ..ငါဝန်ခံ ပါတယ်၊ ငါ့ ဒေါသကြောင့် မင်းကို သတ် ပစ်မှာ မကြောက် ဖူးလား။ "
ဝမ်တျန်းက သူ့ နှလုံးသား ထဲရှိ၊ ဒေါသ များကို မျိုသိပ်ပြီး၊ အံကြိတ်လျက် မေးလိုက်သည်။
" ဝမ်ယန်ကို သတ်တဲ့ သူက လင်းယွန်ပဲ၊ မင်းလူမှား မှာကို ငါကြောက် မိတယ်။ ”
ချင်ယုက ပြုံးလျက် ပြန်ဖြေသည်။
" လင်းယွန်က ဝမ်ယန်ကို သတ်ခဲ့တာ မှန်တယ်၊ ဒါပေမယ့် မင်းက သူ့ကို ဓားနန်းတော်မှာ နေဖို့ ပြောတဲ့ သူပဲ .... "
ဝမ်ယန်က ချင်ယုကို လက်ညိုး ဖြင့်၊ ညွှန်ပြလျက် ငေါက်လိုက်၏။
" .... မင်းစကား ကြောင့်သာ မဟုတ်ရင်၊ ဝမ်ယန်က ဝမ် မိသားစုရဲ့ စံအိမ်မှာ၊ လုံခြုံ နေလိမ့်မယ်၊ မင်းရဲ့ ထက်မြက်တဲ့ အစီအစဉ် အတိုင်း၊ ဝမ် မျိုးနွယ်စုရဲ့ အသက် တွေကို ရင်းခဲ့ ရတယ်၊ ဒါပေမယ့် မင်းက တော့ ဝမ်ယန်ကို၊ အမြောက်စာ ကျွေးခဲ့ တာပဲ။ "
" အို့ တကယ်လား... အဲဒါက ငါ့ကို ပိုလို့တောင်၊ သိချင် လာစေ မိတယ်၊ မင်းရဲ့ ဝမ် မျိုးနွယ်ကို၊ ငါက ဘာလုပ် ခိုင်းခဲ့ လို့လဲ။ "
ဖော်ရွေသော အပြုံးဖြင့်၊ ချင်ယုက မေးလိုက်သည်။
“ နုံအ သလို ဟန်ဆောင်တာ အဓိပ္ပာယ် ရှိလား၊ မင်းရဲ့ ညွှန်ကြားချက် ကြောင့်သာ မဟုတ်ရင်၊ ငါ့ ဝမ်မျိုးနွယ်က ဘာလို့ စွန့်စားပြီး၊ ဓားနန်းတော်ရဲ့ ကောင်းကင် အဆင့်က၊ တပည့် တစ်ယောက်ကို၊ ချောင်းမြောင်း လုပ်ကြံ ရမှာလဲ။ ''
" ငါ့ ရဲ့ ညွှန် ကြား ချက် ..... ငါက ဘယ်သူ့ကို ညွှန်ကြား ခဲ့လို့လဲ။ "
ချင်ယုက ဘိုင်တျန်းကို ကြည့်ပြီး၊ လက်နှစ်ဖက်ကို နောက်ပစ် လိုက်သည်။
" မင်း... ဝမ်ယန်ကို ..."
ဝမ်တျန်း၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွား၏။ ဝမ်ယန် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပြီး၊ ယင်းအဆို အတွက် သက်သေ မရှိ တော့ပေ။
ခေါင်းကို မော့ ကြည့် လိုက်သော အခါတွင်၊ ချင်ယုက လှောင်ရိပ် စွန်းနေသော အကြည့်ဖြင့်၊ မျက်ခုံးပင့် လိုက်သည်ကို၊ တွေ့လိုက် ရ၏။
" ဘိုးဘေးဝမ်၊ မင်းဘာလို့ ဆက်မပြော တော့တာလဲ၊ မင်းရဲ့ ဇာတ်လမ်းက တော်တော် စိတ်ဝင် စားဖို့ ကောင်းလာပြီ၊ ငါ ဒီမှာ သိချင် နေသေးတယ်။ ”
ချင်ယုက ပြုံးကာ ဆိုလိုက်သည်။ ဤတစ်ကြိမ် အပြုံးသည် ဝမ်တျန်းအား၊ ဒေါသကို ထိန်းချုပ် နိုင်စွမ်း ဆုံးရှုံး လာစေ၏။
" ငါမင်းကို သတ်မယ်... "
ဝမ်တျန်းက ဒေါသ ထွက်လာပြီး၊ ချင်ယုကို တိုက်ခိုက်ရန် အားယူ လိုက်တော့သည်။
***