← Chapters

နောင်တ ချောက်ကမ်းပါး။

Vol. 29 Ch. 396

နောင်တ ချောက်ကမ်းပါး။

Vol. 29 Ch. 396

" ငါ့ ရဲ့ ညွှန် ကြား ချက် ..... ငါက ဘယ်သူ့ကို ညွှန်ကြား ခဲ့လို့လဲ။ "

" မင်း... ဝမ်ယန်ကို ..."

ဝမ်တျန်း၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွား၏။ ဝမ်ယန် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပြီး၊ ယင်းအဆို အတွက် သက်သေ မရှိ တော့ပေ။

" ဘိုးဘေးဝမ်၊ မင်းဘာလို့ ဆက်မပြော တော့တာလဲ၊ မင်းရဲ့ ဇာတ်လမ်းက တော်တော် စိတ်ဝင် စားဖို့ ကောင်းလာပြီ၊ ငါ ဒီမှာ သိချင် နေသေးတယ်။ ”

" ငါမင်းကို သတ်မယ်... "

ဝမ်တျန်းက ဒေါသ ထွက်လာပြီး၊ ချင်ယုကို တိုက်ခိုက်ရန် အားယူ လိုက်တော့သည်။

ရိပ်ခနဲ လှုပ်ရှား သွားပြီး၊ ချင်ယု ရှေ့သို့ ရောက်ရှိ လာ၏။ မူလ စွမ်းအင်များ အကုန် အစင် ထုတ်ဖော်ကာ၊ ချင်ယုထံ လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။

တရိပ်ရိပ် ကျဆင်း လာသော လက်ဖဝါးကြီး၏ ဖိအားကြောင့်၊ မြေပြင်တွင် အက်ကွဲ ကြောင်းများ ထင်ဟပ် လာစေပြီး၊ ကျောက်တုံး ကြီးငယ် များကို၊ ကွဲကြေ လွင့်စင် သွားစေသည်။

ချင်ယု၏ မျက်နှာ ပေါ်ရှိ၊ အပြုံးများ ပျောက်ကွယ် သွားပြီး၊ သူ့ အသွင် အပြင်မှာ လေးနက် လာ၏။

လက်ဖဝါးကို အားယူ လိုက်သည်နှင့်၊ ခန္ဓာကိုယ် အတွင်း အပူ ရှိန်များ၊ တောက် လောင် လာသည်။

လက်ဖဝါး ထံမှ ပြင်းပြသော အပူလှိုင်း တစ်ခု ပေါက်ကွဲ ထွက်လာပြီး၊ နေမင်းကြီး တစ်စင်း ကဲ့သို့၊ စူးရှသော အလင်းများ ပျံနှံ့ ကုန်သည်။

တောက်ပ လွန်းသော ထိုအလင်း များက၊ မြင်ကွင်း တစ်ခု လုံးအား ပိတ်ဆို့ ပစ်လိုက်၏။

သူ၏ ခုခံ တိုက်ခိုက်မှု တွင်လည်း၊ လွှမ်းမိုးချုပ်ကိုင် လိုသော အရှိန် အဝါများ၊ ပါရှိ နေသည်။

လက်ဝါး နှစ်ဖက် ထိမိသွား သည်နှင့်၊ ဝမ်တျန်းက ခြေလှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်ပေး လိုက်ရသည်။

မြေပြင် ပေါ်သို့ ပြန်လည် ဆင်းလာ ပြီး နောက်၊ ချင်ယုအား ထိတ်လန့်စွာ ကြည့်လိုက်၏။

" ဝမ်တျန်း ၊ ငါက ပါရမီရှင် ရှစ်ပါး ထဲက၊ တစ်ယောက် ဆိုတာ၊ မင်း မေ့သွား ပြီလား။ "

ချင်ယုက ပြုံးကာ မေးသည်။

" မြေကြီး အဆင့် နည်းစနစ်။ "

ဝမ်တျန်းက ထိတ်လန့်စွာ ရေရွတ် လိုက်သည်။ အံသြ မှုကြောင့် စကား မဆို မိခြေ။

ထိုလက်ဖဝါး ထံမှ၊ ချင်ယုမှာ မြေကြီး အဆင့် နည်းစနစ်ကို ကျင့်ကြံ ထားကြောင်း၊ သူ ခံစား နိုင်သည်။

နောက်ဆုံးတွင်၊ သူက ခရမ်းရောင် နန်းတော် နယ်မြေတွင်၊ အချိန် အတော်ကြာ နေခဲ့ ရသော၊ ဝမ်မျိုးနွယ်၏ ဘိုးဘေး ဖြစ်သည်။

ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ သာမန် ကျင့်ကြံ သူတိုင်း ထက်ပင်၊ ပို၍ သန်မာ၏။ သို့ သော် ချင်ယုမှာ မြေကြီး အဆင့် နည်းစနစ်ကို၊ မည်သို့ ကျင့်ကြံ နိုင်ခဲ့ သည်အား၊ သူ နားမလည် နိုင်မိပေ။

မြေကြီး အဆင့် နည်းစနစ် များမှာ၊ မြင့်မားသော လိုအပ် ချက်များ ရှိနေ သောကြောင့်၊ ခရမ်းရောင် နန်းတော် နယ်မြေ၊ ကျင့်ကြံ သူများ အတွက်ပင်၊ လေ့ကျင့်ရန် မလွယ် ကူ ကြောင်း၊ သူသိ ထားသည်။

( ဒီချင်ယုက ဘယ်လောက် တောင် အစွမ်း ထက် နေလိုက်လဲ။ )

ဝမ်တျန်းက ခိုကိုး ရာမဲ့ ဖြစ်လာပြီး၊ ကြောက်ရွံ့ သွားသည်။

ချင်ယုကို တိုက်ခိုက် ရသည့် အကြောင်း ရင်းမှာ၊ ဝမ်ယန် သေဆုံး သွားသည့် အတွက်၊ ကျိုးကြောင်း ဆီလျော် မှုများ၊ ဆုံးရှုံး သွားကြောင့် ဖြစ်သည်။

ယခု သူ၏ ကျိုးကြောင်း ဆီလျော် မှုကို၊ ပြန်လည် ရရှိ လာသော အခါတွင်၊ သူ လုပ်ခဲ့ မိသည့် အရာ ပေါ်၊ မယုံနိုင် ဖြစ်ခဲ့ ရသည်။

မဟာချင် အင်ပါယာ၏ အိမ်ရှေ့စံကို သတ် ဖြတ်ရန် ကြိုးစား မိခြင်း မည်၏။ ၎င်းသည် မျိုးဆက် ကိုးဆက် တိတိ၊ သုတ်သင် ရှင်းလင်း နိုင်သော၊ ရာဇဝတ်မှု မျိုးကို ကျူးလွန် မိခြင်း ဖြစ်သည်။

ဝမ်တျန်းက ချက်ချင်း ဒူးထောက် ချလိုက်ပြီး ၊

" ဒီ .... ဒီကျွန်ရဲ့ မဆင် မချင် အပြု အမူ များကို၊ ခွင့်လွှတ် တော်မူပါ အရှင် မင်းသား။ "

" မင်းက ဘာအပြစ် တွေများ လုပ်မိ လို့လဲ။ "

ချင်ယု၏ မျက်နှာမှ အေးစက် မှုများ၊ ပျောက်ကွယ် သွားကာ၊ ဖော်ရွေသော အပြုံးဖြင့်၊

'' ဦးလေးဝမ်၊ ငါတို့က ပျော်စရာ ကောင်းတဲ့၊ ကစား နည်းကို ဆော့ နေကြတာ မဟုတ် ဖူးလား၊ မင်းငါ့ကို တကယ်များ သတ်ချင် နေတာလား ... "

“ မဝံ့ ပါဘူး ... ကျွန်တော်မျိုး မလုပ် ရဲပါဘူး၊ အရှင် မင်းသားက အစွမ်း ထက်လွန်းပြီး၊ ဒီနှစ် နဂါး တံခါး ပြိုင်ပွဲမှာ၊ သေချာပေါက် ချန်ပီယံ ဖြစ်လာ မှာပါ။ "

ဝမ်တျန်းက လေသံကို ချက်ချင်း ပြောင်းပြီး ပြောလိုက်သည်။

" ပြန် သွား ... ဝမ်ယန် သေဆုံးမှု အတွက်၊ ရှင်းပြ ပေးမယ်၊ ဒါပေမယ့် အခု တော့ မဟုတ် သေးဘူး၊ နားလည်လား ...။ "

ချင်ယုက မောင်းထုတ် လိုက်သည်။

" ဒီကျွန်က ချက်ချင်း ထွက်သွား ပါ့မယ်။ "

ဝမ်တျန်းက စကားပင် မဆို ဝံ့တော့ပေ။ ဝမ်မျိုး နွယ်စုကို ဦးဆောင်ကာ၊ ချက်ချင်း လှည့်ထွက် သွားသည်။

“ ဒီခွေးအို ကြီးက အဆုံး ထိအောင်၊ တုန့်ဆိုင်း နေတုန်း ပါလား၊ ဘာပဲ ဖြစ် ဖြစ် အနည်း ဆုံးတော့၊ သူက လူမိုက် တစ်ယောက် မဟုတ် ပါဘူး …”

အနက်ရောင် ၀တ်စုံကို၊ ဝတ်ဆင် ထားသော အဖိုးအို တစ်ဦးက၊ ချင်ယု ဘေးတွင် ရုတ်တရက် ထွက်ပေါ် လာ ပြီး၊ ရေရွတ် လိုက်၏။

ထိတ်လန့် တ ကြား ပြန်လှည့် သွားသော၊ ဝမ်တျန်း၏ နောက်ကျောကို၊ မျှော်ကြည့် ပြီးနောက်၊ ချင်ယုကို လှည့်ကြည့် လာသည်။

ချင်ယုက စကား တစ်ခွန်းမှ မဆိုဘဲ၊ နှာခေါင်းကို လက်ညိုးဖြင့် ပွတ်သပ် လိုက်၏။ သူ့ လက်ညိုးတွင် စွန်းထင်း လာသော သွေးစ များကို၊ မြင်လိုက် ရသော အခါတွင်၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားခဲ့သည်။

တစ်စုံ တစ်ယောက်တွင် အကြောင်း ပြချက် မရှိဘဲ၊ နှာခေါင်း မှ သွေးများ လျှံထွက် လာခြင်း မရှိ နိုင်ခြေ။

“ 'လေးနက် သော ယန်' နည်းစနစ်က၊ မင်းခန္ဓာ ကိုယ်ကို နိုင်စား လွန်းတယ်၊ တတ်နိုင် သမျှ ရှောင်ပါ …”

အနက်ဝတ် သိုင်းသမား ကြီးက၊ ချင်ယု လက်ညိုးတွင် ပေနေသော သွေးစကို ကြည့်ကာ၊ သတိပေး ပြောဆို လိုက်သည်။

ရှေ့ဟောင်း နည်းစနစ် တိုင်းတွင်၊ မြင့်မားသော လိုအပ်ချက် တစ်ခု ရှိခဲ့ပြီး၊ ၎င်းတို့အား ရူးရူး မိုက်မိုက် စမ်းသုံး ကြည့်ခြင်းဖြင့်၊ မည်သူ မဆို ဆိုးရွားသော ရလာဒ်ကို၊ ရရှိမည် ဖြစ်သည်။

သွေးစွန်း နေသော သူ့ လက်ညိုးကို၊ ချင်ယုက ငုံကြည့် လိုက်ပြီးနောက်၊ လေးနက်သော အသံဖြင့်၊

“ နဂါး တံခါး ပြိုင်ပွဲမှာ...၊ ပညာရှင် တွေနဲ့ ပြည့်နှက် နေတာ မင်းလဲ အသိပါ၊ မူကွဲတဲ့ လမ်းကို မလျှောက် နိုင်ရင်၊ ဒီလူတွေ ထဲမှာ ဘယ်လိုလုပ် ရပ်တည် နိုင်တော့ မလဲ၊ ငါရဲ့ ' လေးနက် သော ယန်' နည်းစနစ်က၊ မတည်ငြိမ် သေးဘူး၊ အစီ အစဉ်ကို ဒိထက် အာရုံ ပိုစိုက် ရမယ်၊ ရှင်းယန် နိုးလာတဲ့ အခါ... ငါ့ကို ချက်ချင်း ပြောပါ။ ”

" မင်းဆန္ဒ အတိုင်း ပါပဲ။ "

အနက်ဝတ် အဘိုးအိုက၊ သူ့ဘေးတွင် မထွက်ပေါ် လာခဲ့ဖူး သကဲ့သို့၊ ပြန်လည် ပျောက်ကွယ် သွားတော့သည်။

အသူရာ အဖွဲ့ဝင် များနှင့်၊ တော်ဝင် မိသားစု အစောင့် များက၊ အနား ရောက်လာသော အခါတွင်၊ ချင်ယု၏ အသွင် အပြင်မှာ၊ ဖော် ရွေသော အမူ အယာသို့၊ ပြန်လည် ပြောင်းလဲ သွားသည်။

***

နောင်တ ချောက် ကမ်းပါးသည် ဓားနန်းတော်၏ ကန့်သတ် ထား သော နယ်မြေတစ်ရပ် ဖြစ်လေသည်။

ဤနေရာတွင် ပါရမီ ရှင်များအား၊ ခေတ် အဆက်ဆက် ပိတ်လှောင် ထားတက်၏။

သာမာန် တပည့်များ အတွက်မူ၊ ထောင်သွင်း အကျဉ်း ချခြင်း၊ ဆေးတောင် တန်းသို့ ပို့ဆောင် ခံရ ခြင်း၊ စသည့် နေရာများ တွင်သာ၊ ပို့ဆောင် ခံရ ပေမည်။

ဤနေရာရှိ လုံခြုံ ရေးမှာ၊ ဂိုဏ်းတွင်း အခြားသော နေရာ များထက်၊ ပိုမို ပြင်းထန် လှ၏။ သိုင်းခန်းမနှင့် စီမံရေးရာ ဌာန တို့၏ လုံခြုံရေး များထက်၊ နိမ့်ကျခြင်း ရှိမည် မဟုတ်ပေ။

လွတ်မြောက်ရန် ကြိုးစား ခြင်းမှာ ကောင်းကင်သို့ တက်လှမ်း သည်ထက်၊ ပို၍ ခက်ခဲ နိုင်၏။

ထွက်ပြေးရန် ကြိုးစား သော မည်သူ မဆို၊ သင်းထောက် များက ချက်ချင်း သတ်ပစ် နိုင်မည် ဖြစ်သည်။

ချောက် ကမ်းပါး၏ အရှေ့ ဘက်တွင်၊ အဆုံးမရှိသော ချိုင့်ဝှမ်းကြီး တစ်ခု ရှိ၏။ ထိုချိုင့်ဝှမ်းကြီး အတွင်း၊ ခြောက်သွေ့ နေသော သစ်ပင် များမှ လွဲ၍၊ မည်သည့် အရာ ကိုမျှ မြင်နိုင်ခြင်း မရှိပေ။

နောင်တ ချောက်ကမ်းပါး ပေါ်တွင်၊ ရပ်နေသော လင်းယွန်အား၊ ကာကွယ်သူ မက်မွန်က၊ စည်းမျဉ်း များကို ရှင်းပြ ခဲ့သည်။

သူတို့ နောက်တွင် ရပ်နေသော၊ သင်းထောက်များအား သက်တောင့် သက်သာ နေရန်၊ လက်ဖြင့် ဝှေ့ယမ်း မောင်းထုတ် လိုက်ပြီး၊

“ ဒီမှာ ဘယ်သူမှ မရှိ တော့ဘူး၊ အခု မင်းဘာလို့ ဝမ်ယန်ကို သတ်လိုက် တာလဲ ဆိုတာ.. ငါ့ကို ပြောပြ နိုင်မလား။ "

လင်းယွန်တွင် ဝမ်ယန်ကို သတ်ရန် အကြောင်း ပြချက်များ ရှိကြောင်း၊ ကာကွယ်သူ မက်မွန်က ယုံကြည်သည်။

နောက်ဆုံးတွင်၊ ဂိုဏ်းသား တပည့် တစ်ဦးကို၊ မဆင်မခြင် သတ်ဖြတ် ခြင်းသည်၊ လင်းယွန်၏ ပုံစံ မဟုတ်ပေ။

လင်းယွန်က တိုက်ရိုက် ပြန်မဖြေ ခဲ့ဘဲ၊ 'ငွေရောင် အပ်ငယ်' တစ်ချောင်းကို ထုတ်ယူ လိုက်သည်။ ဤသည်မှာ ဝမ်ယန်က ပထမဆုံး၊ ရှောင်လွှဲ နိုင်ခဲ့သော 'အပ်' ဖြစ်၏။

" ဒါ ဘာလဲ .... "

ကာကွယ်သူ မက်မွန်က နားမလည် ဟန်ဖြင့် မေး၏။

“သွေးတွင်း ငွေအပ်ပင် ...” ဟု လင်းယွန် က ပြန်ဖြေသည်။

“ မ ဖြစ် နိုင် ဘူး …”

ကာကွယ်သူ မက်မွန်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ သွေးတွင်း ငွေအပ်ပင် အကြောင်း၊ သဘာဝ အတိုင်း သူက သိရှိ ထား၏။

သို့သော် ယင်းမှာ အလွန် ကြောက်စရာ ကောင်းလွန်း သည့်အ ပြင်၊ ကမ္ဘာ ပေါ်၌ ပျောက်ကွယ် သွားသည်မှာ၊ ကြာပြီ ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့သော လက်နက်မျိုး မဟာချင် အင်ပါယာတွင် ရှိမနေ သင့်ပေ။

နောက်ဆုံးတွင်၊ ယန္တရား ဂိုဏ်း၏ လက်နက် များမှာ ရှားပါး လှပြီး၊ အသုံးများ သောကြောင့်၊ ပျောက်ကွယ် သွားခဲ့ သည်မှာ၊ ကြာ ပြီ ဖြစ်သည်။

မဟာချင် အင်ပါယာကို မဆိုနှင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး၊ တစ်ခုလုံး တွင်ပင်၊ ၎င်းတို့အား တွေ့နိုင်ခဲ ပေသည်။

“ စမ်း ကြည့်ပါ၊ သိပါ လိမ့်မယ်။ ”

လင်းယွန်က ခေါင်းညိတ်ကာ ဆိုသည်။ ငွေရောင် အပ်ငယ်မှာ၊ လင်းယွန် လက်ဝါး ပြင် ပေါ်မှ ပျောက်ကွယ် သွားပြီး၊ ကာကွယ်သူ မက်မွန်၏ လက်၌ ပြန်ပေါ် လာ၏။

သူ့ကိုယ်သူ ငွေရောင် အပ်ငယ် ဖြင့်၊ ညင်သာစွာ ထိုးချ လိုက်ရာ၊ သွေးများ မည်းတက်လာ သည်ကို၊ တွေ့လိုက် ရသည်။

'' တကယ်ပဲ ... ဒါက သွေးတွင်း ငွေအပ်ပင် ပဲ ...။ ''

ဟု၊ အတည်ပြု လိုက်၏။

“ အဆုံးမဲ့ တောင်တန်းမှာ တုန်းက၊ ဒီအပ်တွေနဲ့ ပစ်ခံ ခဲ့ရတာ၊ ပစ်တဲ့ သူ က မျက်နှာဖုံး စွပ်ထား ပေမယ့်၊ သူ့မျက်ဝန်း တွေကို၊ ကျွန်တော် မှတ်မိ နေတယ်၊ အဲ့ဒါ ဝမ်ယန်ပဲ၊ ဒီနေ့ သူ့ကို 'အပ်' ထုတ်ပြ လိုက်တော့ ... ဒီအပ်ရဲ့ နာမည်ကို၊ သူသိနေ ခဲ့တယ်။ ”

" အဲ့ဒါ မင်း သေချာလား။ "

ကာကွယ်သူ မက်မွန်က မေးမြန်း လိုက်သည်။

" အင်း သေချာတယ် ..."

လင်းယွန်က ခေါင်းညိတ်ပြော ပြောသည်။ ထို့ကြောင့် ကာကွယ်သူ မက်မွန်၏ မျက်နှာက မည်းမှောင် သွား၏။

ဝမ်ယန်သည် သွေးတွင်း ငွေအပ်ပင်၊ ကဲ့သို့သော အရာ တစ်ခုကို သိရန် မဖြစ် နိုင်ပေ။

ဝမ်ယန် သာမက ခရမ်းရောင် နန်းတော် နယ်မြေရှိ ၊ အကြီး အကဲ များစွာပင်၊ ယင်းကို သိရန် အဆင့် မမှီ သေးပေ။

" ဒါကြောင့် မင်းသူ့ကို သတ်လိုက် တာလား၊ ဂိုဏ်းကို တိုင်ကြားဖို့ ဘာလို့ မစဉ်းစား ရတာလဲ၊ ပုဂ္ဂိုလ်ရေး အရ မင်းကိုယ်တိုင်၊ အရေး ယူဖို့၊ မလို ပါဘူး။ ”

“ အဲဒါကို စဉ်းစား ပါသေးတယ်၊ ဒါပေမယ့် ဒါက တိကျ ခိုင်လုံတဲ့ သက်သေ မဟုတ်ဘူး၊ အဲဒီ အစား ဝန်ယန် ကိုသာ တပ်လှန့် လိုက်သလို ဖြစ်သွား လိမ့်မယ်၊ ဓားသင်္ချိုင်း တောအုပ် အတွင်းမှာ နေခဲ့တဲ့ ဆယ်ရက် လုံးလုံး၊ ဝမ်ယန်ကို အသက် မရှင် စေချင် တော့ဘူး။ ''

ခံစားချက် မဲ့သော အမူ အရာဖြင့်၊ ပြန်ဖြေ လိုက်သည်။

လင်းယွန် ပြောသည်မှာ မှန်နေ သောကြောင့်၊ ကာကွယ်သူ မက်မွန်က တိတ်ဆိတ် သွားသည်။

ဤမျှသော အထောက် အထားဖြင့်၊ ဝမ်ယန်ကို ဂိုဏ်းက သတ်ပစ်ရန် လက်တွေ့တွင်၊ မဖြစ် နိုင်ပေ။

ထို့ကြောင့်ပင် လူ မြင်ကွင်း၌ ဝမ်ယန်းအား သတ်ပစ်ရန်၊ လင်းယွန်က မည်သည့် အတွက်၊ ရွေးချယ် ခဲ့ရသည်ကို၊ နားလည် သွားသည်။

အမှန် တရားကို သိခဲ့ လျှင်ပင်၊ ဂိုဏ်း အနေဖြင့် မလုပ် နိုင်သော အရာ များစွာ ရှိသည်။

သို့သော် လင်းယွန်က ဂိုဏ်းအစား ဝမ်ယန်ကို သတ်ပေး ခဲ့သည်။ အနည်းတော့ သူ့ဓား၌ ဝမ်ယန် သေရ၏။ ထို့အတွက် ဂိုဏ်းက ပြန်ပေး ခဲ့သည်မှာ ....။

ကာကွယ်သူ မက်မွန်က သက်ပြင်းချ လိုက်သည်။

“ လက်နက်က လွဲရင် ... မင်းရဲ့ ပစ္စည်းတွေ ထဲက နှစ်ခုကို ယူလိုက်ပါ။ ”

သူက အကြောင်း အရာကို ပြောင်းလိုက်ပြီး၊ လင်းယွန်၏ သိုလှောင် အိတ်အား ထုတ်ယူ လိုက်သည်။

ဤသည်မှာ လင်းယွန် အတွက်၊ ခြွင်းချက် ဖြစ်၏။ သာမာန် အားဖြင့် ဆိုရသော်၊ နောင်တ ချောက် ကမ်းပါးသို့၊ အပြစ် ပေးခံရ သူများမှာ ၎င်းတို့ နှင့်အတူ၊ မည်သည့် အရာ ကိုမျှ ယူဆောင်ရန်၊ ခွင့်ပြု နိုင်မည် မဟုတ်ပေ။

အလေး အနက် စဉ်းစား ပြီးနောက်၊ လင်းယွန်က 'မဟာ လေဟုန် ကျမ်း' နှင့်၊ 'ချင်းဇီအန်မှတ်တမ်း' ကို ထုတ်ယူ လိုက်သည်။

" ဝမ်ယန်က ကစား ပွဲရဲ့ နယ်ရုပ်လေး ...တစ်ရုပ် ဖြစ်နိုင်ပြီး၊ တစ်ယောက် ယောက်က ဒီနောက်မှာ ရှိနေ မယ်လို့၊ မင်း တွေးကြည့် ဖူးလား။ "

ကာကွယ်သူ မက်မွန်က သိုလှောင် အိတ်အား ပြန်သိမ်း လိုက်ပြီး၊ လင်းယွန်အား တစ်ချက် ကြည့်ကာ၊ စူးစမ်း ဟန်ဖြင့် မေးလိုက်သည်။

“ အင်း တွေးခဲ့ ဖူးတယ် ... ဒီနှစ်ကုန် နဂါးတံခါး ပြိုင်ပွဲမှာ၊ တစ်ယောက် ယောက်က သူ့ကို တွေ့ ချင် ပုံမရ ဖူးလို့ ...၊ အစ်ကိုကြီးက ပြောပါတယ်၊ 'ကာကွယ် သူ'က ဒီ တပည့်ထက် ပိုသိ မယ်လို့ ယုံကြည် တယ်။ ”

လင်းယွန်က ဆိုသည်။ ကာကွယ်သူ မက်မွန်၏ စကားများ အတိုင်း၊ ရှင်းဂျူ သေဆုံး ခြင်းမှာ၊ ရိုးရှင်းမည် မဟုတ်နိုင်။

" ဒါကို ... ငါက သိနေတယ် ဆိုရင်ရော၊ ... "

ကာကွယ်သူ မက်မွန်က အောင့်သက် သက်ဖြင့်၊ ပြုံးပြီး သက်ပြင်းချ လိုက်ကာ၊

“ နန်းတော် သခင်ကို အပြစ် မတင် ပါနဲ့၊ သူက မင်းကို ကာကွယ်ဖို့ ကြိုးစား နေတာ၊ ဒါက စကားလုံး နည်းနည်းနဲ့၊ ရှင်းပြလို့ ရတဲ့ ဇာတ်လမ်း တစ်ပုဒ် မဟုတ်ဘူး၊ ဒါပေမယ့် ... ''

'' တစ်ခုတော့ သိထား ရမယ်၊ မင်းက အရမ်း ထက်မြက် လွန်းတဲ့ အတွက်၊ နောက်ထပ် ရှင်းဂျူ တစ် ယောက် ဖြစ်လာ နိုင်တယ်၊ မင်းကိုယ်မင် ထင်ပေါ်အောင် မနေ မိတာက၊ ပိုလုံခြုံ လိမ့်မယ်။ ”

" နက်နဲ သွေးပြန် ကြောကို၊ ချိုးဖြတ် လိုက် သလို မျိုးလား .... ။ "

လင်းယွန်က လှောင်ရယ် ရယ်လိုက်သည်။

" ဒါအမှန်ပဲ ... ၊ မင်းရဲ့ ... နက်နဲ သွေး ပြန် ကြောကို၊ ဖြတ်တောက် ပြီးတော့ပေါ့ .... ”

လေးနက်သော အမူ အရာဖြင့်၊ ကာကွယ်သူ မက်မွန်က ဆိုသည်။ ပြီးနောက် သူ့ရှေ့ရှိ 'နောင်တ ချောက် ကမ်းပါး' ကို ငုံ့ကြည့်ကာ၊

“ ငါတို့ရဲ့ ဘိုးဘေး များစွာက၊ နောင်တ ချောက် ကမ်းပါးမှာ၊ နေခဲ့ ကြဖူးတယ်၊ တချို့က သေဆုံးသွား ကြတယ်၊ တချို့က ဆင်ခြင်တုံ တရားတွေ ဆုံးရှုံးပြီး၊ တချို့က ပြန်လည်မွေးဖွား လာကြတယ်။ ”

စကားဆုံး သည်နှင့်၊ ကာကွယ်သူ မက်မွန်မှာ၊ အချိန် အတော်ကြာ ငြိမ်သက် သွားသည်။ နှစ်ဦး ကြား တိတ်ဆိတ် ခြင်းသာ ကြီးစိုး လာ၏။

အဆုံး မဲ့သော ချိုင်းဝှမ်း အတွင်းမှ၊ လေအေးများ ရုတ်တရက် ပင့်တိုက် လာကာ၊ သူတို့ နှစ်ဦး လုံး၏ ဆံပင် များကို၊ ဝဲခါ သွားစေ၏။

မြင့်မား လွန်းသော ချောက်ကမ်းပါး တစ်ခွင်၊ တဝုန်းဝုန်း တိုက်ခတ် လာ သော လေ ပြင်း များမှ လွဲ၍၊ တိတ်ဆိတ် ခြင်းများ ကြီးစိုး နေသော ပတ်ဝန်း ကျင်က၊ တစ်စုံ တစ်ယောက်၏ နာကျင်ဖွယ် အတိတ် များကို၊ တူးဆွ နိုင်ပေသည်။

သူက လင်းယွန်ဘက် ပြန်လှည့် ကြည့် လာပြီး၊ "ကိုယ့်ကိုကိုယ် ဂရု စိုက်ပါ " ဟု ဆိုလျက်၊ ကောင်းကင် ပေါ် ပျံတက် သွားတော့သည်။

နောင်တ ချောက်ကမ်းပါးတွင် တစ်ယောက်တည်း ကျန်ရစ် ခဲ့သော အခါတွင်၊ အဆုံးမဲ့ အထီးကျန် မှုများ လွှမ်းမိုး လာလေသည်။

ရုတ်တရက် လေ ပြင်း များပင် ထွက်ခွာ သွား သကဲ့သို့၊ ခံစား လိုက်ရ၏။ ဒဏ်ရာ များကို ကုသရန်၊ တင်ပျဉ်ခွေ ထိုင်ချ လိုက်သည်။

လေးနက်သော သွေးပြန်ကြော ပြတ် တောက် သွားသောကြောင့်၊ ဒဏ်ရာမှာ ပြင်းထန် လှ၏။

အခြေ တကျ ကုသ ခြင်း မရှိ ပါက၊ အချိန် အတိုင်း အတာ တစ်ခု အထိ၊ ပြန်ကောင်းလာ နိုင်ဖို့ရန် နည်းလမ်း မရှိ ပေ။

ခန္ဓာကိုယ် အတွင်း ပိုင်းအား စစ် ဆေး ကြည့်လိုက်ရာ၊ နဝမမြောက် နက်နဲ သွေးပြန်ကြော၊ ကွဲ နေ သည်ကို၊ တွေ့လိုက်သည်။

ယင်းမှာ နဝမ အဆင့်သို့၊ ပြန်လည် တက်ရောက် လိုပါက၊ ပို၍ ခက်ခဲ မည်ဟု ဆိုလိုသည်။

နှစ်အနည်းငယ် အတွင်းတွင်၊ သူ့အတွက် မျှော်လင့်ချက် တစ်စုံ တစ်ရာ ရှိလာ နိုင်မည် မဟုတ်ပေ။

“ ဒါ က … ”

ရုတ်တရက် ချိတ်ပိတ် ထား သော၊ ရွှေတံဆိပ် သုံးခုကို၊ တွေ့လိုက် ရသည့် အတွက်၊ အံ့သြ သွား ခြင်း ဖြစ်သည်။

ရွှေတံဆိပ် တစ်ခု စီတွင်၊ များပြား လှသော မူလ စွမ်းအင်များ ပါရှိ၏။ ထိုမူလ စွမ်းအင် များ၏ ပမာဏနှင့် အရည် အသွေးမှာ၊ လင်းယွန်၏ မူလ စွမ်းအင် များထက်၊ သာလွန် ပေသည်။

နက်နဲ နဝမ အဆင့်၌ ရှိသော၊ သူ၏ မူလ စွမ်းအင် များကို၊ အကုန်အစင် ထုတ်ဖော် ခြင်း ဖြင့်သာ နှိုင်းယှဉ် နိုင်သည်။ သို့သော် ယင်းမှာ ရွှေတံဆိပ် တစ်ခု ကိုသာ ယှဉ်နိုင် ပေမည်။

ရုတ်တရက် မျက်လုံးများ ပြန်ဖွင့် လာပြီး၊ အံ့အား သင့်စွာ ပြူးကျယ် သွားသည်။ ၎င်းတို့သည် ကျင့် ကြံမှု၊ အရင်း အမြစ်များ ဖြစ်သည်ဟု ဆိုလို ပေသည်။

ဆိုလို သည်မှာ ကာကွယ်သူ မက်မွန်၏၊ လက်ဖဝါး သုံးချက်သည် မရိုးရှင်း ဟု အဓိပ္ပါယ် ရ၏။

ထို ရွှေတံဆိပ် များရှိ မူလ စွမ်းအင်ကို၊ စုပ်ယူရန် ကြိုးစားသော အခါတွင်၊ သူ၏ နက်နဲ သွေးကြော များမှ နာကျင် မှုများ နှင့်အတူ၊ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ် လာသည်။

လေးနက် သော သွေး ပြန် ကြောကို ပြန်လည် ဖွဲ့စည်း ပြီးမှ သာလျှင်၊ ၎င်းတို့ကို သန့်စင် ပေးနိုင်မည် ဖြစ်ကြောင်း၊ သူ ချက်ချင်း သဘောပေါက် သွားသည်။

သို့မဟုတ် ပါက လေးလံသော ဝန်ကို၊ ချိတ်ဆွဲ ထားသော ကြိုးတစ်ကြောင်း ကဲ့သို့၊ ပြတ်ထွက် သွားမည် ဖြစ်၏။

ချိုင့်ဝှမ်း အတွင်း တစ် နေရာရှိ၊ ကာကွယ်သူ မက်မွန်က ချောက်ကမ်းပါး ထိပ်ကို၊ မျှော်ကြည့် လိုက်သည်။

အသွင် အပြင်မှာ၊ လူလတ်ပိုင်း အရွယ် ဖြင့်ပင်၊ ဆက်လက် တည်ရှိ နေသေး သော်လည်း၊မျက်နှာတွင် အရေး အကြောင်းများ၊ ပိုမို ဖြစ်ပေါ် လာပြီး၊ ဆံပင် အချို့မှာ ချက်ချင်း ဖွေးဆွတ် သွားလေပြီ။

သို့သော် သူ့မျက်ဝန်း များက၊ ပို၍ လေးနက် လာ၏။

“ ... မင်းကို ကူညီဖို့၊ ဒါက ငါ လုပ်နိုင်တာ အကုန် ပါပဲ၊ ပြန်လည် မွေးဖွား လာနိုင် မလား ဆိုတာ က တော့ .... မင်း အ ပေါ်သာ မူတည် ပါလိမ့်မယ်။ ”

***

All Chapters