ခုန်မှာလား၊ ဒါမဟုတ် မခုန် ဖူးလား။
Vol. 29 Ch. 397
“ ဒါ က … ”
ရုတ်တရက် ချိတ်ပိတ် ထား သော၊ ရွှေတံဆိပ် သုံးခုကို၊ တွေ့လိုက် ရသည့် အတွက်၊ လင်းယွန်က အံ့သြ သွား ခြင်း ဖြစ်သည်။
ချိုင့်ဝှမ်း အတွင်း တစ် နေရာရှိ၊ ကာကွယ်သူ မက်မွန်က ချောက်ကမ်းပါး ထိပ်ကို၊ မျှော်ကြည့် လိုက်ကာ တစ်ကိုယ်တည်း၊ ရေရွတ် လိုက်လေသည်။
“ ... မင်းကို ကူညီဖို့၊ ဒါက ငါ လုပ်နိုင်တာ အကုန် ပါပဲ၊ ပြန်လည် မွေးဖွား လာနိုင် မလား...၊ ဆိုတာ က တော့ မင်း အ ပေါ်သာ မူတည် ပါလိမ့်မယ်။ ”
***
မျက်စိ တစ်မှိတ် အတွင်း၊ ဆယ်ရက်ခန့် ကုန်လွန် သွားသည်။
ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကြောင့်၊ လင်းယွန်၏ ဒဏ်ရာ များမှာ၊ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာသည်။
သို့သော် နဝမမြောက် နက်နဲ သွေးပြန် ကြောကိုမူ၊ အကြိမ်ပေါင်း များစွာ ပြုပြင် ဖွဲ့စည်း ခဲ့ သော်လည်း၊ မအောင်မြင် ခဲ့ပေ။
သူ၏ မူလ စွမ်းအင် သိပ်သည်း ဆဖြင့်၊ နဝမမြောက် နက်နဲ သွေးပြန် ကြောကို၊ ဖွဲ့စည်းရန် လွယ်ကူ သင့်သည်။
ယခင် အချိန် များ၌ နဂါး မီးလျှံ သစ်သီးနှင့်၊ ယင်ယန် ဆေးလုံးများ ကဲ့သို့ သော ရတနာ မျိုးကို သန့်စင် ခဲ့ဖူးသည်။ ယင်းတို့မှာ ပါရမီရှင် ရှစ်ပါး ကိုပင်၊ ဆွဲဆောင် နိုင်သော ရတနာများ ဖြစ်၏။
ထို့ကြောင့်ပင် အခြေခံ အုတ်မြစ်မှာ၊ တည်ငြိမ် နေဆဲ ဖြစ်ပြီး၊ မူလ စွမ်းအင် သိပ်သည်း ဆသည်၊ နက်နဲ ဒဿမ အဆင့်ရှိ၊ ကျင့် ကြံသူ များထက်၊ အားနည်းမည် မဟုတ်ပေ။
သို့သော် နက်နဲသော သွေးပြန် ကြောကို ဖြိုခွဲ ခဲ့ပြီး နောက်၊ အောင်မြင် မှုကို ပြန်လည် ရယူရာတွင်၊ အခြား သူများ ကဲ့သို့၊ လွယ်ကူခြင်း မရှိ တော့ပေ။
အကြိမ်ကြိမ် ကျရှုံး ခြင်းဖြင့်၊ ရရှိ လာသော ဒဏ်ရာ များမှာ ပိုမို ဆိုးရွား လာသည်။ အဆုံးတွင်၊ မူလ စွမ်းအင်ဖြင့် နက်နဲ သွေးကြော များကို ကုစားရန်၊ အချိန် ပြန် ပေး နေ ရသည်။
တိုးတက်မှု အချို့ကို ပြုလုပ် နိုင်ခဲ့သော် ငြားလည်း၊ သိသာ ထင်ရှားသော အရွေ့ရှိ မလာပေ။
နဝမမြောက် လေးနက်သော သွေးပြန် ကြောကို၊ မည်သည့် အချိန်တွင်၊ ပြန်လည် ပြုပြင် နိုင်မည်ကို မသိဟု ဆိုခြင်း ဖြစ်သည်။
အခြား သော သူများသာ ဆိုပါလျှင်၊ ဤနေရာ၌ စိတ်ပျက် အားငယ် သွားပေမည်။ လင်းယွန် အတွက်မူ ၎င်းကို ရှုမြင်နိုင် ပြီးနောက်၊ လုပ်လက်စ လုပ်ငန်း စဉ်အား ရပ်နား လိုက်ကာ၊ ရှေးဦးကျမ်းကို စတင် ကျင့်ကြံ တော့သည်။
မူလ စွမ်းအင်ကို ပြန်သန့် စင်ခြင်းဖြင့်၊ ဤနည်းစနစ် အပေါ် ဒုတိယ အဆင့် အထိ၊ အောင်မြင်မှု ရရှိအောင် ကြိုးပမ်း နေမိ၏။
ဤသို့ ဖြင့် ပျင်းရိလာ ချိန်တွင် ကောင်းကင် ပေါ်ရှိ ကြယ်များအား ရေတွက် လိုက်သည်။
နောင်တ ချောက် ကမ်းပါးသည်၊ အလွန် တိတ်ဆိတ် နေပြီး၊ သူ့နှလုံး ခုန်သံ များကိုပင်၊ သူ ပြန်ကြား နေရသည်။
အချိန်ကို သတိ ရခြင်း မရှိ တော့ဘဲ၊ မျက်စိ တစ်မှိတ် အတွင်း၊ တစ်လခန့် ထပ်မံ ကုန်ဆုံး သွား ပြန်သည်။
ဆောင်းဦး ရာသီသို့၊ နက်နက် ရှိုင်းရှိုင်း ဝင်ရောက် လာသည်နှင့်၊ နောင်တ ချောက် ကမ်းပါးမှာ ပို၍ အေးစက် လာ၏။
ပြင်ပ ကမ္ဘာနှင့် အဆက် အသွယ် ပြတ်တောက် လာ သော ကြောင့်၊ ဤ နေရာရှိ တစ်လ ဆိုသော အချိန် ကာလသည်၊ တစ်နှစ် ကဲ့သို့ ခံစား မိစေသည်။
ထိုကာလ အတွင်း ဘိုင်လိရွှမ်မှာ၊ အောင်မြင်မှု တစ်ခုအား ပြုလုပ် နိုင်ခဲ့ပြီး၊ နက်နဲ ဒဿမ အဆင့်သို့ ရောက်ရှိ သွားသည်။
သူတော်စင် ခန္ဓာ၏ အလား အလာမှာ၊ မည်မျှ ထိတ်လန့် စရာ ကောင်းသည်ကို၊ အခြား သူများအား ပြသ ခဲ့၏။
ကျင့်ကြံသူ များအတွက် အရည် အချင်းနှင့် နားလည် မှုမှာ များစွာ အရေး ပါသည်။
အရည် အချင်းကို အကဲ ဖြတ် ရာတွင်၊ မည်မျှ လျင်မြန်စွာ ကျင့် ကြံ နိုင်ကြောင်း အပေါ် မူတည်၏။
အလားတူ အရင်း အမြစ်များ သုံးစွဲ ကြသူချင်း အတူတူဖြင့်၊ သူတော်စင် ခန္ဓာ ပိုင်ဆိုင်ထား သူသည်၊ သဘာဝ အတိုင်း ပို၍ မြန်ဆန်သည်။
ဘိုင်လိရွှမ်တွင် လုံလောက်သော အချိန်သာ ရှိ ပါက၊ မဟာချင် အင်ပါယာကို ထိတ်လန့် စေသော စွမ်းရည်အား၊ ပြသ လာ ပေ လိမ့်မည်။
အချိန် အတော်ကြာ ပျောက်ကွယ် သွားခဲ့ပြီး၊ မဟာချင် အင်ပါယာ ကပင် သူ့ကို မေ့လု နီးပါး ဖြစ်ခဲ့သည်။
သို့သော် သူပြန် ပေါ်လာ သည်နှင့်၊ လူတိုင်း၏ အာရုံကို ဆွဲဆောင် နိုင်ခဲ့ ပြန်သည်။ ဤသို့သော အုတ်အော် သောင်းနင်း ဆန်မှု များကို၊ လင်းယွန်က သိနိုင်ခြင်း မရှိ ခဲ့ပေ။
ဘိုင်လိရွှမ် အဆင့် ချိုး ဖြတ်သည့် နေ့မှာပင်၊ လင်းယွန်က အကန့် အသတ် မရှိသော အချက် အလက် များကို၊ ရွှေရောင် အဆင်း သဏ္ဍာန် အဖြစ် စုစည်း လိုက်ရာ၊ ရုတ်တရက် ပေါက်ကွဲသွား သည်ကို၊ ခံစား လိုက်ရသည်။
သူ၏ ဓာတ်ပုံ ရိုက်ယူ ထား သကဲ့သို့၊ စွဲထင် နေသော မှတ်ဉာဏ်ကြောင့်၊ အကြည့် တစ်ချက်ဖြင့် 'ရူရ်' များကို၊ အလွတ်ကျက် နိုင်ခဲ့သည်။
ရှေးဦးကျမ်းကို ဒုတိယ အဆင့်ထိ မြှင့်တင် နိုင်ပြီးနောက်၊ ရူရ်များ အပေါ် နားလည် နိုင်မှုမှာ၊ ဒုတိယ အဆင့်သို့ ရောက်ရှိ လာခဲ့သည်။
ဝိညာဉ် ရေးရာ ရူရ် များသည် ရှားပါးပြီး၊ ၎င်းတို့ကို အလွယ် တကူ ရှာ မတွေ့ နိုင် ပေ။ တွေ့ခဲ့လျှင်ပင် အရာ အားလုံးကို မည်သူမျှ အလွတ်ကျက် နိုင်မည် မဟုတ် ။
သို့သော် ရှေးဦးကျမ်းကို ဒုတိယ အဆင့်သို့ တိုး၍ ဆုပ်ကိုင် နိုင် သော အခါတွင်၊ မရေမတွက် နိုင်သော ဝိညာဉ် ရူရ်များ၊ သူ့စိတ် ထဲတွင် ထွက်ပေါ် လာသည်။
“ မီးလျှံ ရူရ် …”
သစ်ကိုင်း တစ်ကိုင်းကို ကောက်ယူပြီး၊ မြေပြင် ပေါ်တွင် ရေးဆွဲရန် စတင် လိုက်သည်။ သစ်ကိုင်း ထဲသို့ မူလ စွမ်းအင်များ လောင်းထည့်လျက်၊ ပေါက်ကွဲ စွမ်းအားများ ပြည့်နှက် နေသော ရူရ်များ ဆွဲယူ နေသည်။
သိပ်မကြာခင် မှာပင်၊ မီးတောက် နေသော ရှေးဟောင်း အက္ခရာ တစ်ခု ဖြစ်ပေါ် လာ၏။ ထိုမီး တောက်တွင် ဝိညာဉ် ပေါင်းစပ် ပါဝင်နေ သကဲ့သို့၊ ရှေးဟောင်း အက္ခရာမှာ ရုန်းကြွ နေပေသည်။
မြေပြင် ပေါ်တွင် ကလေးငယ် တစ်ယောက် လူးလှိမ့် နေသည်နှင့် တူ၏။ လှုပ်ရှား သက်ဝင် နေသော မီးလျှံ ရူရ် ကို ကြည့်ကာ၊ နက်နဲစွာ တွေးတော မိသွားသည်။
ရက်ပေါင်း လေးဆယ် ကြာပြီးနောက်၊ ရှေးဦးကျမ်း၏ အကျိုး အမြတ်ကို၊ ရိတ်သိမ်း နိုင်ခဲ့သည်။
ဒုတိယတန်း ဝိညာဉ် ရေးရာ ရူရ် များမှာ၊ ပထမတန်း 'ရူရ်' များထက်၊ အသက် ဓာတ်များ သာ၍၊ ပြည့်ဝ ပေသည်။
တိမ်မိုးကြိုး ရူရ် ....။
မုန်တိုင်း ရူရ် ..... ။
ရွှေရောင် စွမ်းအင် ရူရ် ...... ။
အပြာရောင် သစ်သား ရူရ် .... ။
ကောင်းမွန်သော စိတ်အခြေ အနေတွင် ရှိနေ သဖြင့်၊ ဒုတိယတန်း ရူရ် များကို၊ အဆက် မပြတ် ရေးဆွဲ နေမိသည်။
ဝိညာဉ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေ သော ရှေးဟောင်း အက္ခရာများ မြေပြင် ပေါ်တွင်၊တစ်လုံးပြီး တစ်လုံး ထွက်ပေါ် လာ၏။
ဝိညာဉ် ရေးရာ ရူရ် များသည် လေးနက်သော တည်ရှိ မှုမျိုး ဖြစ်၏။ ၎င်းတို့ကို မဟာချင် အင်ပါယာ တခွင်၌ ဆေးလုံးများ၊ လက်နက် များနှင့်၊ အစီရင်များ တည်ဆောက်ရန် အတွက်၊ အသုံးပြု ကြသည်။
ထို့ပြင် ယင်းတို့အား လူသတ် ရာတွင်၊ အသုံးချ နိုင်ခြင်းရှိ၊ မရှိ သူက တွေးတော နေမိ၏။
ထွက် ပေါ် လာ သော အတွေးကို ခေါင်းယမ်း ရှင်းထုတ် လိုက်၏။ 'ရူရ်' များရေး ဆွဲခြင်းကို ရပ်နား လိုက်ကာ၊ တင်ပျဉ်ခွေ ချိတ်လျက် ကျင့်ကြံရန် ပြင်သည်။
ဒါန်တမ်ရှိ ခရမ်းရောင် ပန်းတွင်၊ ပွင့်ချပ် (၇၁)ချပ် ဖြစ်တည် နေပြီး ဖြစ်သော်လည်း၊ နဝမ အဆင့်သို့ တက်လှမ်းရန်၊ အလှမ်းဝေး နေဆဲ ဖြစ်သည်။
ဓားသုတ္တန်အား အောင်မြင်မှု တစ်ခု ရယူ ရန်မှာ၊ မလွယ် ကူချေ။ ခရမ်းရောင် ပွင့်ချပ် များတွင်၊ ဓား အလင်းများ ကပ်ညိ ပါဝင် နေသည့် အပြင်၊ ထောင့် တစ်နေရာ ဆီ၌၊ လင်းလက် နေသော ရူရ် အချို့အား၊ ထပ်မံ တွေ့ရှိ လိုက်ရသည်။
ယခု အချိန်၌ ခရမ်းရောင် ပန်းပွင့် ဆီမှ၊ မှော်ဆန်သော အရှိန် အဝါများ၊ ထုတ်လွှတ်လျက် ရှိ၏။
ရှေးဦးကျမ်းသည် ဒုတိယ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ အသက် စွမ်းအင် များက၊ မူလ စွမ်းအင် များနှင့် ရောနှော သွားကာ၊ ရူရ်များ အဖြစ် ဖွဲ့တည် လာသည်။
ဆိုလို သည်မှာ သူ၏ မူလ စွမ်းအင်တွင်၊ အခြား သူများထက် ပေါက်ကွဲ စွမ်းအားများ၊ ပြည့်နှက် လာသည်ဟု၊ အဓိပ္ပါယ် ရပေသည် ။
စုစုပေါင်း 'ရူရ်' ဆယ့်ရှစ်ခု ရှိပြီး၊ ၎င်းတို့ တစ်ခုချင် စီသည်၊ အသက် စွမ်းအင်ကို ကိုယ်စား ပြုသည်။
နဝမမြောက် နက်နဲ သွေးပြန် ကြောကို၊ ပြန်ကြည့် မိရာ၊ အနည်းငယ် ကောင်းမွန် လာသည်ကို၊ တွေ့မြင် လိုက်ရသည်။
သို့ သော် ၎င်းကို အောင်မြင်မှု ပြန်လည် ရယူရန် အတွက်၊ သူ့အနေ ဖြင့် နှစ်နှစ်ခန့် အချိန်ယူရ ပေဦးမည်။
“ (၂) နှစ် …... ”
လင်းယွန်က တိုးဖွဖွ ရေရွတ် လိုက်၏။ ထို (၂)နှစ် အတွင်း ဤနေရာ၌ နေရမည်။ နက်နဲ သွေးပြန်ကြော ပြန်လည် ဖွဲ့စည်း ခြင်းနှင့်၊ ပိတ်လှောင် ခံရမည့် ကာလမှာ၊ အတူတူ ပေပင်။
ဆိုလို သည်မှာ နောက်တ ချောက် ကမ်းပါးတွင်၊ ပိတ်လှောင်ရန် အတွက်၊ နက်နဲ သွေးပြန် ကြောကို၊ ချိုးဖြတ် လိုက်ခြင်း ဖြစ်သည်။
နောင်တ ချောက် ကမ်းပါးသည် ကြီးများ သော လှောင်အိမ် ကြီး တစ်လုံး ဖြစ်၏။
ဤနေရာတွင် နေထိုင် ရခြင်းသည်၊ လှောင်အိမ်ထဲ ကျရောက် နေသော ကျားတစ်ကောင် နှင့်တူပြီး၊ အကျဉ်းချ ခံရ ခြင်း၏ ခါးသီးမှုကို၊ ပြတ်ထင်စွာ ခံစား ရစေသည်။
ယခင်က ဤနေရာ၌၊ ပိတ် လှောင် ခံခဲ့ ရဖူးသော တပည့် များမှ၊ ကျောက်သား များတွင် ကုပ်ခြစ် ထားခဲ့သော ခြစ်ရာများ ကိုပင်၊ သူ မြင်နိုင်သည်။
ချောက် ကမ်းပါးဆီ လျှောက်လှမ်း သွားကာ၊ အောက်သို့ ငုံကြည့် လိုက်၏။ ချိုင့်ဝှမ်း အတွင်းမှ တိုက်ခတ် လာသော လေထု ထဲတွင်၊ စိုထိုင်း ဆများ၊ ပါရှိ နေသည်။
အောက်ခြေရှိ မည်သည့် အရာ ကိုမျှ၊ မမြင် နိုင်ခဲ့ဘဲ၊ အချိန် အနည်းငယ် စိုက်ကြည့် ရုံဖြင့်၊ နှလုံး သားထဲ ကြောက်ရွံ့ မှုများ၊ ဝင်ရောက် လာသည်။
နောက်ဆုံးတွင်၊ ထိုချိုင့်ဝှမ်း အတွင်းရှိ အမည် မသိ အရာက၊ ခိုကိုး ရာမဲ့သော ခံစား ချက်များ ပေးစွမ်း နေ၏။
“ စီနီယာ အစ်မများ၊ နိုးလာ ပြီလား ... ”
လင်းယွန်က စိုးရိမ် စိတ်ဖြင့်၊ မျက်လုံးများ ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားသည်။
ယခု အချိန်တွင် ရှင်းယန် အတွက် သူ စိုးရိမ် မိသည်။ ထိုအကြောင်း တွေးလိုက် ရုံနှင့်ပင်၊ နောင်တ ချောက် ကမ်းပါးမှ ထွက်ခွာရန်၊ ပြင်းပြင်း ထန်ထန် တွန်းအား ဖြစ်လာ ခဲ့သည်။
သို့သော် ရှင်းဂျူ သေဆုံး ပြီးနောက်၊ ရှင်းယန်နှင့် တွေ့ဆုံရန် သူ၌ သတ္တိ မရှိချေ။ အဆုံး မရှိသော တိမ်တိုက် များကို၊ ခါးသီးစွာ မော့ကြည့် လိုက်သည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ''
ဤအခိုက် အတန့်တွင် နှလုံး သားအား၊ ပုတ်နှိုး လိုက်သော အသံ တစ်သံ၊ ချိုင့်ဝှမ်းကြီး ထဲမှ စူးစူး ဝါးဝါး ထွက်ပေါ် လာ၏။
" လာပြန် ပြီလား ... "
နောင်တ ချောက် ကမ်းပါးသို့ ရောက်ရှိ ပြီးနောက်၊ ရံဖန် ရံခါ ဗျတ်စောင်း (ဇီသာ) သံများကို၊ ကြားလာရ တက်သည်။
ထိုသံစဉ် များက အောက်သို့ ဆင်းလာရန်၊ သူ့အား သွေးဆောင် နေခဲ့ သော်လည်း၊ သူ့ကိုယ်သူ ထိန်းချုပ် ထားရသည်။
မျက်မှောင်ကြုတ် လိုက်ပြီး၊ မောဟများ ဖြစ်ပေါ် လာ၏။ ဗျတ်စောင်း သံမှာ နားဝင်ချို လှသော်လည်း၊ စည်းချက် မဲ့သော ဖရို ဖရဲ ဆန်သည့် 'သံစဉ်' များကြောင့်၊ နှလုံးသား၌ အလို မကျ မှုများ၊ ခံစား လာရသည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ''
ဤသို့ဖြင့် စိတ်ပျက် စရာ ကောင်းသော ဗျတ်စောင်း သံကို အံတုလျှက်၊ တစ်လခွဲ ကြာ မြင့် သွား၏။
နောင်တ ချောက်ကမ်းပါး ပေါ်တွင်၊ ငယ်ရွယ် နုပျိုသော အသွင် အပြင်နှင့် လူရိပ် တစ်ရိပ်၊ နေရောင် ခြည်ကို ငြိမ်သက်စွာ ခံယူ နေခဲ့သည်။
'' ဝှစ် ...... ''
သူ့ဘေးတွင် လူတစ်ယောက် ထွက်ပေါ် လာ ပြီး၊ ရုတ်တရက် တိုက်ခိုက် လာ လေသည်။ တမဟုတ် ချင်းမှာပင်၊ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပေါ် လာပြီး၊ နှစ်ဦး စလုံးက တူညီသော ဓားရေးကို၊ အသုံးပြု နေကြသည်။
'' အမှောင် ခွင်းသော လမင်း .... ''
'' အမှောင် ခွင်းသော လမင်း ..... ''
တောက်ပသော လမင်း နှစ်စင်း၊ ထိပ်တိုက် တွေ့ဆုံ သွား ပြီး နောက်၊ ဆီးနှင်းများ ကျဆင်း လာ၏။
'' အနန္တ နှင်း လွင်ပြင် ... ''
'' အနန္တ နှင်း လွင်ပြင် ... ''
'' လရောင် အလင်း ပြန်ခြင်း ...... ''
'' လရောင် အလင်း ပြန်ခြင်း ..... ''
အဆုံး စွန်သော လှုပ်ရှားမှု သုံးခုကို၊ ထုတ်ဖော် လိုက်သည်နှင့်၊ ဓားမှ အေးစက်သော အလင်းများ ပြေးထွက် သွားသည်။
တိမ်ထဲတွင် ပျံဝဲ နေသော ပန်းများ ကဲ့သို့၊ နေရောင် အောက်တွင် စူးရှသော အလင်းများ ဖြာထွက် လာ၏။
'' ဝှစ် ..... ။ ''
ဆီးနှင်းများ ပျောက်ကွယ်သွား သည်နှင့်၊ ချောက်ကမ်းပါး ပေါ်တွင်၊ လင်းယွန် တစ်ဦးတည်း ရပ်လျက်၊ ကျန်ရှိ နေခဲ့သည်။
အစောပိုင်း တိုက်ခိုက် နေသော လူရိပ်မှာ၊ သူကိုယ်တိုင်သာ ဖြစ်၏။
လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို၊ အထွတ် အထိပ်သို့ ရောက်သည်နှင့်၊ ၎င်းအား သူ လုပ်နိုင် ခဲ့ခြင်း ဖြစ်သည်။
နောင်တ ချောက် ကမ်းပါးတွင်၊ နတ်ဆိုးသားရဲ တစ်ကောင် တစ်လေပင် မရှိခြေ။ သူ တစ်ဦတည်း ရှိနေခြင်း ဖြစ်ရာ၊ သူ့ကိုယ် သူသာ ပြိုင်ဆိုင် နေခဲ့ ရသည်။
ထို မြင်ကွင်းအား တစ်စုံ တစ်ယောက် သည်သာ၊ တွေ့မြင် ရပါက အံ့သြ သွားမည်မှာ၊ သေချာ ပေသည်။
အ ကြင် သူသည်၊ ဓား နည်းစနစ်နှင့် ရွေ့လျားမှု နည်းစနစ် အပေါ်၊ မြင့်မားသော အောင်မြင်မှုသို့ ရောက်ရှိ မှသာ လျှင်၊ ယင်းကို လုပ်ဆောင် နိုင်မည် ဖြစ်သည်။
“ ကြည့်ရတာ လရောင် ရေစင် ဓားကို၊ ထပ်မံ တူးဖော် နိုင်မဲ့၊ အလား အလာ ရှိနေပုံ ရတယ်၊ ဒါပေမယ့် အခုက ... ပြီးပြည့် စုံတဲ့ ကျွမ်းကျင်မှုကို၊ ရရှိ နေပြီ မဟုတ်လား၊ ဒိနောက်မှာ နောက်ထပ် အဆင့် တစ်ခုများ ရှိ နေ လို့လား။ ”
ခံစား ရခြင်းများ အပေါ်၊ အံ့သြ သွားလျက် ရေရွတ် လိုက်သည်။ သိုင်း နည်းစနစ်များ အားလုံးတွင်၊ အဆင့် လေးဆင့် သတ်မှတ် ထား၏။
၎င်းတို့မှာ ကနဦး ကျွမ်းကျင်မှု ၊ အလယ် အလတ် ကျွမ်းကျင်မှု၊ အဆင့် မြင့် ကျွမ်းကျင်မှုနှင့်၊ ပြီးပြည့်စုံ သော ကျွမ်းကျင်မှုတို့ ဖြစ်သည်။
လရောင် ရေစင် ဓားမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိ သွားပြီး ဖြစ်ရာ၊ သဘာဝ အတိုင်း ထပ်မံ ကျွမ်းကျင် လာရန်၊ မဖြစ် နိုင် တော့ပေ။
သို့သော် ပြီးပြည့် စုံသော ကျွမ်းကျင်မှု အဆင့်ကို၊ ဖြတ်ကျော် နိုင်တော့မည့် အယောင်များ ပြသ လာခြင်း ကြောင့်၊ ရှုပ်ထွေး သွားမိခြင်း ဖြစ်သည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ''
သို့သော်၊ ဗျတ်စောင်း သံမှာ တစ်ဖန် ပြန်မြည် လာပြီး၊ သူ့အတွေး များကို အနှောင့် အယှက်ပေးလာ ပြန်၏။
" မင်း ဘယ်သူလဲ ဆိုတာ .... တစ်ချက် ကြည့် ရအောင်။ "
အထီး ကျန်မှုကို သည်းခံ နိုင်သော်လည်း၊ တစ်ချိန်လုံး နှောက်ယှက် နေသော၊ ဗျတ်စောင်း သံကို၊ သည်းမခံ နိုင်တော့ချေ။
ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ မျက်ခုံး နှစ်ဖက်အား စုကျုံ့လျက်၊ ချောက်ထဲသို့ ငုံ့ကြည့် လိုက်၏။
'' ငါ ခုန်သင့် သလား ... မခုန်သင့် ဖူးလား။ ''
***