ငါ့ဓား သွားရာ လမ်း ဘယ်မှာလဲ။
Vol. 29 Ch. 398
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ''
" မင်း ဘယ်သူလဲ ဆိုတာ .... တစ်ချက် ကြည့် ရအောင်။ "
အထီး ကျန်မှုကို သည်းခံ နိုင်သော်လည်း၊ တစ်ချိန်လုံး နှောက်ယှက် နေသော၊ ဗျတ်စောင်း သံကို၊ သည်းမခံ နိုင်တော့ချေ။
ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ မျက်ခုံး နှစ်ဖက်အား စုကျုံ့လျက်၊ ချောက်ထဲသို့ ငုံ့ကြည့် လိုက်၏။
ဤ ဗျတ်စောင်း သံမှာ၊ သူ့အတွေး များကို အနှောင့် အယှက် ပေးလွန်း လေပြီ။
'' ငါ ခုန်ချ သင့်လား ... ။ ''
တွေဝေ တိတ်ဆိတ် နေချိန်တွင် ဂီတ သံမှာ၊ ပို၍ပင် ရှုပ်ထွေး လာသည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ဒန် ဒင် ''
ဗျတ်စောင်း သံလား၊ ကျီးကန်း အော်သံလား၊ ခွဲမရ တော့ပေ။ ယင်းက သူ့အား ပို၍ ခံရ ခက်လာ စေ၏။
ဤမျှ ခံရ ခက်သော ဗရမ်း ဗတာ သံစဉ် များကို၊ မည်သို့ တီးခတ် နေသည်ကို သူ တွေးကြည့်၍ မရ နိုင်ပေ။
'' မင်းက ဒါကို ဂီတလို့ သတ်မှတ် ထား တာလား ...ဟမ့် ။ ''
ဂီတ လက်သင် တစ်ယောက်ပင်၊ သည်လောက် စိတ်ပျက် စရာ ကောင်းနိုင်မည် မဟုတ်ပေ။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် တင် ... ဒေါင် ဒေါင် ''
ဂီတသံ များမှာ ရုတ်ချည်း တိုးဖျော့ လာပြီး၊ ပြောင်းလဲ သွားလေရာ၊ ပို၍ပင် ကြောက်စရာ ကောင်းလာ ခဲ့၏။
ပတ်ဝန်း ကျင်တွင်၊ ယင်ကောင် တစ်ကောင် ပျံသန်းနေ သကဲ့သို့၊ မြည်သံ ပြုလာသည်။ မည်မျှပင် ကြိုးစား စေကာမူ၊ လစ်လျူ ရှု၍ မရချေ။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ....''
ပထမ ဦးစွာ သူ၏ မျက်နှာ ပေါ်တွင်၊ ရက်စက် ကြမ်းကြုတ်သော အမူ အရာများ ဖြစ်ပေါ် လာ၏။
များမကြာ မီပင် ရက်စက် မှုသည် ဒေါသအဖြစ်သို့ ပြောင်းလဲ သွားသည်။ ဒေါသကို ခံစား လာရ သည်နှင့်၊ ထိန်းသိမ်း ခြင်းငှာ မစွမ်း နိုင်တော့ဘဲ၊ ပို၍ပင် ပေါက်ကွဲ လာ၏။
ဝှစ်.... ။
နောက်ဆုံးတွင်၊ ဒေါသကြောင့် နောက်တစ်လှမ်းဆုတ် အားယူကာ၊ ခုန်ချ လိုက်သည်။
သို့သော် ခုန်ချ ခါနီးတွင် ရုတ်တရက် မျက်နှာ ပြောင်းသွားပြီး၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်မိ သွားသည်။
သိပ် မကြာခင် မှာပင် ချောက်ကမ်းပါး ဆီသို့ တိုးကပ် သွားမိ ပြန်၏။ ပြီးနောက် ပြန်ဆုတ် လာ ပြန်၏။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ''
ဗျတ်စောင်း သံမှာ၊ ပဲ့တင် ထပ်နေဆဲ ဖြစ်ပြီး၊ မည်မျှပင် ကြိုးစား နေပါမူ၊ သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင် ခဲ့ပေ။
အချိန် အတော်ကြာ မျက်လုံးများ မှိတ်ထား လျက်ဖြင့်၊ စိတ်တည် ငြိမ်မှုအား ပြန်လည် ရယူ လိုက်မိ၏။
ဗျတ်စောင်း သံမှာ သူ့အား လွှမ်းမိုး နိုင်သော သံစဉ် မဟုတ် သော်လည်း၊ နှလုံးသားက တင်းကြပ် ရှုတ်ထွေး နေပြီ ဖြစ်သည်။
နောင်တ ချောက်ကမ်း ပါးတွင်၊ လွန်ခဲ့သော ရက်ပေါင်း ငါးဆယ် လုံးလုံး၊ အထီးကျန် နေမှုသည်၊ သတိ မပြု နိုင်ခင် မှာပင် သူ့စိတ် အခြေ အနေအား ထိခိုက် သွားစေ ခဲ့သည်။
လမ်းခရီး၌ လေးနက်သော သွေးပြန်ကြော ကွဲအက် သွားပြီး၊ ဓားရေး နည်းစနစ်တွင် တိုးတက်မှု မရှိ ခဲ့ပေ။
သည့်အ ပြင် ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် နိုင်မည့်၊ အရိပ် အယောင်မျှ မခံစား မိသောကြောင့်၊ ဓား တာအိုတွင် တွန့်ဆုတ် မှုများ ရှိလာသည်။
ရှေးဦးကျမ်း၌ ထိုးထွင်း သိမြင် လာသော်လည်း၊ သတ်ဖြတ်ရေး ရူရ်များ ရေးထွင်း ရန်မှာ၊ သဘာဝ အတိုင်း မဖြစ် နိုင်ပေ။
ဆိုလို သည်မှာ တိုးတက်မှု မရှိသည့် အပြင်၊အရာရာမှာ ရပ်တန့်သွား ခြင်းဖြင့်၊ သူ့ စိတ်များ ကမောက် ကမ ဖြစ်နေပြီ ဖြစ်သည်။
ဓားနန်းတော်သို့ ဝင်ရောက် ပြီးနောက်၊ သူ၏ ကျင့်ကြံ မှုမှာ၊ နေ့တိုင်း တိုးတက် နေခဲ့သည်။
ဥပမာ အားဖြင့် ဆိုရသော်၊ ဤကာလများ အတွင်း၊ နက်နဲ နယ်မြေကို ရောက်ရှိ နိုင်ခဲ့ပြီး၊ ကျား-နဂါး လက်သီး၊ ဒရာကိုဖီ ခန္ဓာကိုယ်နှင့်၊ သခင့်ဓားကို သင်ယူ နိုင်ခဲ့သည်။
နဂါး မီးလျှံ သစ်သီးကို သန့်စင် ပြီးနောက်၊ ကြာမိစ္ဆာ နယ်မြေတွင် ဒဏ္ဍာရီ တစ်ပုဒ်အား ဖန်တီး နိုင်၏။
သူ့ လမ်းမှာ ချောမွေ့ လွန်းခဲ့ ပြီး၊ လမ်း တစ် လျှောက် ကြုံတွေ့ ခဲ့ရသော ဘဝနှင့်၊ သေခြင်း ဆိုင်ရာ အခက်အခဲ များကို၊ တိုးတက် လာစေရန်၊ ဖိအား အဖြစ် ပြောင်းလဲ နိုင်ခဲ့သည်။
သတိ မထား မိဘဲ၊ အဆက် မပြတ် တိုးတက် လာခြင်း များကြောင့်၊ အားလုံးက ဘီလူး တစ်ကောင် အဖြစ်ပင်၊ သတ်မှတ် လာ ကြ၏။
ဤသည်မှာ ယခု ကဲ့သို့ ရပ်တန့် သွားသောအခြေ အနေပေါ်၊ လက်မခံ နိုင်ရသည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။
ထို့ပြင် သူ့၌ မပြီးပြတ် သေးသော အရာ များစွာ ရှိပေ သေးသည်။
ဂီတသည် အကြောင်း ပြချက်၊ တစ်ရပ် မျှသာ ဖြစ်ပြီး၊ ဖရိုဖရဲ သံစဉ် များက သူ့အား မနှောက်ယှက် လျှင်ပင်၊ အနှေးနှင့် အမြန် ဆိုသလို၊ ဒေါသ တကြီး လျှောက်ရမ်း မိ တော့ မည်မှာ၊ ဧကန်ပင်။
'' နိဗ္ဗာန်ကို ခံယူပြီး၊ ပြန်လည် မွေးဖွားဖို့ အတွက်လား ... ''
သေ ခြင်း ဖြင့် နိဗ္ဗာန် ရောက်ရန် ဖြစ်နိုင် သော်လည်း၊ မွေးဖွား ခြင်း၌ ပြန်လည် မွေးဖွား ရန်မှာ၊ မဖြစ် နိုင် ပေ။
ဤသို့ ဆိုသော် သေခြင်းမှာ လွတ်မြောက် ခြင်း မမည်။
အကျပ် အတည်း စိုက်နေသော၊ နစ်မွန်းမှု အတွင်းမှ၊ ကံကောင်း စွာဖြင့် ပြန်လည် နိုးထ လာသည်။ သို့မဟုတ် ပါက၊ အနာဂတ် ပျက်စီး သွား နိုင်၏။
'' ဒါနဲ့ ... ငါ့ ဓားရဲ့ သွားရာ လမ်းကရော၊ ဘယ်မှာလဲ .... ။ ''
ကောင်းကင်ကို မော့ကြည့်လျက်၊ ရှုပ်ထွေး သွား ပြန်သည်။
အခြား သူများ အမြင်တွင်၊ ယုံကြည်မှု အပြည့် ရှိသော၊ သူ၏ အသွင် အပြင်ကြောင့်၊ အထင်ကြီး မှုများ အမြဲ ရရှိခဲ့ သော်လည်း၊ သူက အသက် (၁၇) အရွယ်၊ လူငယ် တစ်ယောက်သာ ဖြစ်သည်။
ထို့ကြောင့် သေခြင်း၏ အဆုံးသတ်ကို ရင်ဆိုင် ရသော အခါတွင်၊ ရှုပ်ထွေးမှု များဖြင့် ကြုံတွေ့ နေရ သေးသည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ...''
အသက် ပြင်းပြင်း ရှူထုတ် လိုက်ပြီး၊ ဖြည်းဖြည်းချင်း ငြိမ်သက် သွား၏။ ဤအချိန်တွင် ဗျတ်စောင်း သံမှာ၊ သူ့အား ယခင်က ကဲ့သို့၊ စိတ်အနှောက် အယှက်၊ မပေးနိုင် တော့ချေ။
ချင်းဇီအန် မှတ်တမ်းကို၊ အချိန် အတော် ကြာအောင်၊ ဖတ်ရှု နေမိသည်။
ရှေးဦးကျမ်းကို လွန်ခဲ့သော တစ်လ ခွဲခန့် ကပင်၊ ဒုတိယ အဆင့်သို့ ရောက်ရှိ နိုင်ခဲ့ပြီး၊ ဒုတိယတန်း ရူရ် အမြောက် အမြား ကိုလည်း၊ ဆုပ်ကိုင် လိုက်မိသည်။
သို့ သော် ရူရ် များဖြင့် လူသတ်ရန် အသုံး မချ နိုင်သောကြောင့်၊ စွန့်လွှတ် ခဲ့ရသည်။ ယခု ပြန်တွေး ကြည့်မိ ချိန်တွင်၊ အနည်းငယ် စိုးရွံ့ သွားသည်။
“ လူ တစ်ယောက်က အမြဲတမ်း အောင် မြင် နေပြီး၊ အရာ အားလုံးကို သိဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး၊ လောလောဆယ် ဒါကို မေ့ထား ရအောင် ..... ။ "
သူ့ကိုယ်သူ ငြိမ်သက်သွား စေရန်၊ အမှန် တရားဖြင့် သတိ ပေးကာ၊ ဗျတ်စောင်း အသံနှင့် ကျင့် ကြံမှု အကြောင်း၊ မတွေးရန် ဆုံးဖြတ် လိုက်သည်။
ချောက်ကမ်းပါးပေါ် ပက်လက် လှန်လျက်၊ ချင်းဇီအန် မှတ်တမ်းအား၊ အချိန် အ တော်ကြာ စိုက်ကြည့် နေမိ၏။
မှတ်တမ်းတွင် စုစုပေါင်း၊ စာမျက်နှာ သုံးဆယ့်ခြောက် မျက်နှာ ပါရှိပြီး၊ စာမျက်နှာ တိုင်းတွင် ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ ဖန်တီး ထားသော ပန်းချီ ကားများ ရှိသည်။
၎င်းကို 'ကောင်းကင် သင်္ချိုင်း' ဟု ခေါ်ဆို ခြင်းသည် လွန်အံ့ မထင်ပေ။ ရှေးဦးကျမ်းကို ဒုတိယ အဆင့်သို့ ရောက်မှ သာလျှင်၊ သူ့အား စတင် ဖတ်ရှု နိုင်စွမ်း ရှိလာသည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ''
စိတ်ပျက် စရာ ကောင်းသော ဗျတ်စောင်း သံမှာ၊ နောက်ခံ တေးဂီတ ကဲ့သို့ ပျံ့လွင့် လာ ပြန်သည်။
ဤတစ်ကြိမ်၌ လျစ်လျူရှု နိုင်ခဲ့ပြီး၊ မှတ်တမ်း အတွင်းမှ တစ်စုံ တစ်ခုကို ရယူရန် ကြိုးစား မိသည်။
သုံးရက် ကြာပြီး နောက်တွင်ပင်၊ သူ၏ အကြည့် များက၊ ချင်းဇီအန် မှတ်တမ်း ပထမ စာမျက်နှာ တွင်သာ ရှိနေ ခဲ့သေးသည်။
သို့သော် ယခု အချိန်၌ ယခင် အကြိမ် များ ဖြင့် ယှဉ်ပါလျှင်၊ ပန်ချီကား အတွင်း၊ ဝှက်ထားသော ဝိညာဉ် ရေးရာ ရူရ် များကို၊ သူမြင် ရသည်။
“ ဒါက မီးတောက် ရူရ် … ဒါ တိမ်မိုးကြိုး ရူရ်.... ဒါက ဓား ရူရ် … အို့ စိတ်ဝင် စားစရာပဲ ''
ပန်းချီကားကို မီးတောက် ရူရ် သုံးခု၊ ရွှေတံဆိပ် တစ်ခု တို့ဖြင့်၊ ဖန်တီး ထားသည်။
ဤမှတ်တမ်း ပိုင်ရှင်သည်၊ တကယ်ပင် အထင်ကြီး စရာ ကောင်းသည်။ ပြီးခဲ့သောကာလ များ၌ မမြင် နိုင်ခဲ့ သည်မှာ၊ အံ့သြ စရာ မဟုတ်ပေ။
'' ငါက ဒုတိယတန်း ရူရ် တွေကို၊ နားမလည် သေးတော့... အသစ် ဖန်တီး ထားတဲ့၊ ရူရ် တွေလို့၊ ထင်နေ မိတာကိုး ..... ၊ ''
အချိန်များ တရွေ့ရွေ့ကုန်လွန် လာပြီး၊ ချင်းဇီအန် မှတ်တမ်း၌ အပြည့်အဝ နစ်မြုပ် သွားခဲ့သည်။
ပထမစာ မျက်နှာရှိ ပန်းချီ ကားမှာ၊ သူ့ အမြင်၌၊ တဖြည်းဖြည်း ရှင်းလင်း သွား သည်ကို၊ သူပင် မသိ လိုက်ချေ။
ထူးထူး ခြားခြား ဓား ရောင်ဝါ များ ဖြင့်၊ ပြည့်နှက် နေသော တောင်ကြီး တစ်လုံး၊ ပန်ချီကား ထဲ၌ အက်ကွဲ နေသည်။
ခဏ အကြာတွင် လက်သည်းကြီး တစ်ဖက် ထွက်ပေါ် လာသည်။ တိတိ ပပ ဆိုရ ပါမူ ကောင်းကင်က ဆင်းသက် လာသော ကျားလက် တစ်ဖက် ဖြစ်သည်။
အချိန် ကာလ တစ်ခု၊ ကုန်လွန် သွားပြီးနောက်၊ ပြည့်စုံသော ပန်းချီကား တစ်ချပ် ထွက်ပေါ် လာသည်။
ပန်းချီကား ထဲရှိ လက်သည်း ကြီးက တစ်ချက် တည်းဖြင့်၊ တောင်ကြီးကို ချေမွှ ပစ် လိုက်သည်။ မရေ မတွက် နိုင်သော ကျောက်တုံး များက၊ ပန်းချီ ကားထဲ ပျံဝဲ သွား၏။
“ ဝိညာဉ် ရူရ် တွေနဲ့ ပန်းချီ ဆွဲဖို့ ဆိုတာ...၊ လွယ်ကူတဲ့ လုပ်ရပ် မဟုတ်ဘူး ...၊ ဒီချင်းဇီအန်က ဘယ်သူ များလဲ ... ။ ''
ပန်းချီ ကားတွင် အံ့ဖွယ် စွမ်းရည်များ ပါရှိ နေပေသည်။ တစ်ချိန် တည်းမှာပင် အချက် အလက်များ စတင် စီးဝင် လာပြီး၊ အာရုံများ တဖြည်းဖြည်း ကြည်လင် ပြတ်သား လာ၏။
အချက် အလက်များ စုပ်ယူပြီး ချိန်တွင်၊ စိတ်လှုပ်ရှား နေသော အသွင် အပြင်ကို၊ မထိန်းချုပ် နိုင်တော့ပေ။
မျက်လုံးကို အမြန် မှိတ်လိုက်ပြီး၊ နားလည် မှုကို အမိ အရ၊ ဖမ်းဆုပ်ရန် ကြိုးစား လိုက်မိသည်။
မှတ်တမ်း ပိုင်ရှင်၏၊ ရည်ရွယ်ချက် အစစ် အမှန်မှာ ရူရ် များဖြင့်၊ သဏ္ဍာန် ရှိသော ပန်းချီကား တစ်ချပ်ကို၊ ရေးဆွဲခြင်း မဟုတ်ဘဲ၊ ကိုယ်ခန္ဓာ အတွင်း ပုံဖော်ခြင်း ဖြစ်သည်။
ဆိုလို သည်မှာ ခန္ဓာကိုယ် အတွင်းရှိ၊ မူလ စွမ်းအင်တွင် ရူရ်များ ရေထွင်းကာ၊ ပန်ချီကား တစ်ချပ် ဖန်တီးရန် ဖြစ်သည်။
ယင်းမှာ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်ပြီး၊ဤပန်းချီ ကားဖြင့် ရန်သူကို၊ တိုက်ခိုက် နိုင်ပေမည်။
အစောပိုင်း အချိန် များ၌ တွေးယူ ထားမိ အယူ အဆမှာ၊ တကယ် ဖြစ်လာ၏။
ခန္ဓာကိုယ် အတွင်း သတ်ဖြတ် နိုင်သော၊ ပန်းချီကား တစ်ချပ် ရှိနေ ခြင်းဖြင့်၊ ကြောက်စရာ ကောင်းသော ဝှက်ဖဲ တစ်ချပ်၊ ပိုင်ဆိုင် ထားခြင်း နှင့်တူ ပေမည်။
အနာဂါတ် တိုက်ပွဲ များတွင်လည်း၊ အသုံးပြု ခြင်းဖြင့်၊ သူ၏ တိုက်ပွဲဝင် စွမ်းရည်မှာ၊ မြင့်တက် လာနိုင်သည်။
“ စိတ်ဝင် စားစရာပဲ …”
လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ သာမာန် လူများသည် ပန်းချီ ကားကို အကြိမ်ပေါင်း များစွာ၊ ဖြတ်ကျော် ကြည့်နိုင် လျှင်ပင်၊ ၎င်းကို နားလည် နိုင်မည် မဟုတ်ပေ။
သို့ သော် လင်းယွန် အတွက်မူ၊ ယင်းကို ကျင့်ကြံ နိုင်မည်ဟု ထင်သည်။ 'ရှေးဦးကျမ်း' ကို ကျင့်ကြံ ပြီးနောက်၊ သူ၏ မူလ စွမ်းအင် များတွင်၊ အသက် စွမ်းအင်များ မွေးမြူ ထားနိုင် ခဲ့သည်။
ဤသည်မှာ ဝိညာဉ် ရေးရာ ရူရ် များကို၊ မူလ စွမ်းအင်များ အတွင်း၊ အလွယ် တကူ ရေးထိုး နိုင် စေမည့်၊ အကြောင်း ရင်းလည်း ဖြစ်သည်။
သို့သော် ပန်းချီကား ရေးထွင်း ရာတွင်၊ စိတ်ရှည်ရန် လိုအပ်ပြီး၊ ယင်းအတွက် မည်သူမျှ အချိန် များစွာ ဖြုန်းမည် မဟုတ်ပေ။
အချိန်ဖြုန်း ခြင်းသည် ကျင့်ကြံခြင်း လမ်း ခရီး၌၊ အန္တရာယ် ကြီးမားသော လုပ်ရပ် တစ်ရပ် ဖြစ်သည်။
နောင်တ ချောက် ကမ်းပါးတွင်၊ အကျဉ်းချ ခံထား ရသော သူ့ အတွက်မူ၊ ဆန့်ကျင်ဘက် အဓိပ္ပါယ် ရသည်။
ပေါ ကြွယ်ဝ ဆုံး သော အရာမှာ၊ အချိန်နှင့် စိတ်ရှည် မှုများ ဖြစ်သည်။
ထို့ကြောင့် မဆိုင်း မတွဘဲ၊ ပန်းချီ ကားကို ရေးထွင်းရန် ကြိုးစား လိုက်သည်။ ဤသည်မှ လွဲ၍ သူ့၌ အခြား လုပ်စရာ မရှိခြေ။
လေးရက် ကြာပြီးနောက်၊ ပန်းချီကား တစ်ချပ် လုံးကို၊ ဆုပ်ကိုင် လိုက်နိုင်သည်။ လက်များဖြင့် တံဆိပ် တစ်ခုကို စတင် ဖွဲ့စည်းလိုက်၏။
တံဆိပ်ကို အပြီး သတ်ချိန်တွင်၊ အသိ စိတ်မှာ ရုတ်ချည်း နစ်မြုပ် သွားတော့သည်။
ဒါန်တမ် အတွင်းရှိ၊ ခရမ်း ရောင် ပန်းပွင့် ထဲ၌၊ ရူရ် (၁၈) ခု ပါဝင်သော ပုံ သဏ္ဍာန်ငယ် တစ်ခု၊ စတင် ဖြစ်တည် လာ၏။
ထို ရူရ် တိုင်းတွင် သိပ်သည်းသော အသက် စွမ်းအင်များ ပါရှိ နေသည်။
တံဆိပ်ကို အဆုံးသတ် လိုက်သည် နှင့်၊ ဝိညာဉ် စွမ်းအင်များ စတင် ပေါ်ပေါက် လာပြီး၊ ပန်းချီကား တစ်ချပ်က တဖြည်းဖြည်း ဖြစ်ပေါ် လာ ခဲ့သည်။
( အသက် စွမ်းအင် တစ်ယူနစ်၊ နှစ်ခုကို ပေါင်းစပ် ခြင်းဖြင့်၊ ဝိညာဉ် စွမ်းအင် တစ်ယူနစ်၊ ဖြစ်ပေါ် လာမည်။
ထိုသို့ ဖြစ်ပေါ် လာသော၊ ဝိညာဉ် စွမ်းအင်များ ပါရှိသည့်၊ ရှေးဟောင်း အက္ခရာ များကို၊ ဝိညာဉ် ရေးရာ ရူရ် များဟု၊ ခေါ်တွင်၏။
ထို့ကြောင့် ရူရ်များဖြင့် ဖွဲ့စည်း ထားသော၊ ပန်းချီကား တစ်ချပ်သည် ကုသရေး၊တိုက်ခိုက်ရေး၊ ယန္တရားများ၊ အစီရင်များ စသည့် အရာများ စွာတွင်၊ ပေါင်းစပ် အသုံးပြု နိုင်သည်။
ဤနည်းဖြင့် မတူညီသော အစွမ်း သတ္တိများ ပြသ ပေ၏။ တနည်း အားဖြင့် ဆိုသော် မှော်ပညာရပ် ဟုလည်း ဆိုနိုင်သည်။ )
ပန်းချီ ကားကို လက်တွေ့ ဖွဲ့စည်း ချိန်၌၊ အခက် အခဲမှာ၊ သူ့ စိတ်ကူးကို ကျော်လွန် သွားခဲ့သည်။
ဝိညာဥ် ရူရ် ပေါင်း တစ်ထောင်ကို ရေးထိုးခြင်း ကဲ့သို့၊ ရိုးရှင်းသည် မဟုတ်ပေ။
၎င်းတို့ကို ပန်းချီကား တစ်ချပ် အ ဖြစ် ပေါင်းစပ် ဖန်တီး ရလေသည်။ အနည်းငယ်သော အမှား အယွင်း ကပင်၊ ကျရှုံး သွားနိုင်၏။
( အသက် စွမ်းအင် များမှာ 'သရ'နှင့်၊ 'ဗျည်း' များ ဖြစ်ပြီး၊ ရူရ် များမှာ 'မြန်မာ အက္ခရာ' များနှင့် ဆင်တူ၏၊ ပန်ချီ ကားမှာ စာစီ စာကုံး တစ်ပုဒ် ဖြစ် သည်။
သရနှင် ဗျည်း များကို ပေါင်းစပ်ကာ၊ အက္ခရာ မည်မျှပင် ရှိစေ ကာမူ၊ ဝါကျများ ရေးသား နိုင်မှ သာလျှင်၊ စာစီ စာကုံး တစ်ပုဒ် ဖြစ်လာ နိုင်ပေမည်။
ထို့ထက် ပို၍ ကောင်းမွန်သော စာစီ စာကုံး တစ်ပုဒ် ရေးလို ပါက၊ စကားလုံး ဝေါဟာရများ၊ ကြွယ်ဝဖို့ လိုပေသည်။
လင်းယွန်မှာ ဗျည်းနှင့် သရကို ပေါင်းစပ်ကာ၊ အက္ခရာများ ရေးသား နိုင်သော အဆင့်၌၊ ရောက်ရှိ နေ၏။
ယခု စာစီစာကုံး အတွက်၊ ဝါကျ ဖွဲ့ရန် ကြိုးစား နေ ခြင်း ဖြစ်သည်။ t.k)
အကြိမ်ပေါင်း များစွာ အောင်မြင် လုနီးပါး ဖြစ်သော်လည်း၊ အဆုံးတွင် သူ အမှား လုပ်မိ လိုက်သည်။
ဤသည်မှာ သူ၏ ခုနစ် ရက်ကြာ၊ အားထုတ်မှု ပျက်သွား သည်ဟု ဆိုလိုသည်။
" ငါ ထပ်ပြီး မအောင်မြင် ဖူးလား။ "
အကြိမ်ကြိမ် ကြိုးစား ပြီးနောက် မောပန်း သွားသည်။ ချင်းဇီအန် မှတ်တမ်းကို ထုတ်ယူကာ အချက် အလက်များ အပေါ်၊ နောက်တစ်ကြိမ် အ သေးစိတ်၊ ထပ်မံ လေ့လာ မိ ပြန်သည်။
သေးငယ်သော အချက် အလက်လေး ကိုပင်၊ လွတ်မြောက် သွားခြင်း မရှိကြောင်း၊ သူ့ကိုယ်သူ သိသည်။
( ဤသို့ ဆိုပါလျှင် ပြဿနာသည် မည်သည့် အရပ်မှ ဖြစ် ပေါ် လာရ သနည်း။ )
( အဘယ်ကြောင့် အကြိမ်ကြိမ် ကျရှုံး နေရ သနည်း။)
သူ၌ ကိုးကား စရာ အခြားသော အချက် အလက်များ မရှိချေ။ ထို့ကြောင့် အချိန် အတော် ကြာအောင် ပန်းချီ ကားကို၊ ကြည့် နေ မိသည်။
ပန်းချီ ကားတွင် ကျားလက်သည်း တစ်ခု တည်းသာ မဟုတ်ဘဲ၊ ကျား ကောင် လုံးကို ပြသ ထားသည်။
သို့သော် ပန်းချီ ကား၏ ထောင့် တစ်နေ ရာ၌၊ လွှမ်းမိုး ချုပ်ကိုင် လိုသော အရှိန်အဝါ တစ်ခု ဝိုးတဝါး ထွက်ပေါ် နေ၏။ ၎င်း အရှိန် အဝါကို ကျား၌၊ ဖော်ပြ ထားခြင်း မရှိပေ။
ယင်းသည် တောင်ကို ဖြိုခွဲလိုက် သောကြောင့်၊ ဖြစ် ပေါ် လာသည့် ကျား၏ အငွေ့ အသက် ပေပင်။
( လွှမ်းမိုး ချုပ်ကိုင် မှုကို၊ မဖန်တီး နိုင်သော ကြောင့်၊ ကျရှုံး ရခြင်း ဖြစ်နိုင် သည်လော။ )
ထပ်မံ အနီးကပ် ကြည့်လိုက် သည်နှင့်၊ နောက်ထပ် ဝှက်ထားသော 'ဝိညာဉ် ရေးရာ ရူရ်' အချို့ကို၊ တွေ့လိုက် ရသည်။
ထို ရူရ် များကို နှလုံး သား ဖြင့်၊ ခံစားမိ သော်လည်း၊ မျက်လုံး များက ရှာမတွေ့ နိုင် ပေ။
ဆိုလို သည်မှာ ကျားကို၊ နားလည် သဘော ပေါက်ရုံ မျှသာ ရှာဖွေ နိုင်ခဲ့ပြီး၊ သူ့ဆန္ဒကို မဖမ်းယူ နိုင်ဟု အဓိပ္ပါယ် ရသည်။
အဆိုပါ ဝှက်ထားသော၊ ဒုတိယတန်း ဝိညာဉ်ရေးရာ ရူရ် များမှာ၊ နက်နဲ လွန်းပြီး ပန်းချီကား၏ ထောင့်တိုင်း၌ ပြည့်နေသည်။
မြင်သမျှ အရာ အားလုံးကို ဖယ်ထုတ် လိုက်သော အခါတွင်၊ ၎င်းတို့အား နေရာ တိုင်း၌ ရှိနေကြောင်း၊ သူ ခံစား မိသည်။
မှတ်တမ်းကို ပိတ်ချ လိုက်ပြီး၊ ပို၍ တိတ်ဆိတ် သွား တော့၏။ မှတ်တမ်း ပိုင်ရှင် အပေါ်၊ သူ၏ လေးစားမှုမှာ၊ စကားလုံး များဖြင့်၊ ဖော်ပြ နိုင်မည့် အရာ၊ မဟုတ် တော့ ပေ။
သူခံစား လိုက်ရသော တုန်လှုပ် မှုက၊ သူ၏ ကောင်းမွန် နေသော အခြေ အနေအား၊ ပြန်လည် ဆုတ်ယုတ် သွားစေ တော့သည်။
နောက်ထပ် လေးလံသော 'ဝန်' တစ်ရပ်၊ ထပ်ကျလာ သကဲ့သို့၊ ခံစား လိုက်ရ၏။
“ နောက်ဆုံးတော့ ကမ္ဘာ ပေါ်မှာ၊ ပိုသန်မာ တဲ့လူတစ်ယောက် အမြဲ ရှိမယ် မဟုတ်လား၊ ဒီကမ္ဘာ ကြီးက ကြီးမားပြီး ... အခု အချိန် အထိ၊ ငါ မြင်ဖူးတဲ့ အရာ အားလုံးက၊ သေးငယ်တဲ့ အစွန်း အဖျား မျှသာ ပါပဲ ..... ”
သက်ပြင်း ချလျက် တိုးဖွဖွ ရေရွတ် လိုက်သည်။ နောင်တ ချောက်ကမ်း ပါးသည် သူ့ခန္ဓာ ကိုယ်ကို ချုပ်နှောင် ထားနိုင် သော်လည်း၊ စိတ် ဝိညာဉ်အား ချုပ်နှောင် ထားနိုင်ခြင်း မရှိ တော့ပေ။
ထို့ကြောင့်ပင် သူ့စိတ်များ ချောက်ကမ်းပါး အတွင်းမှ လွတ်မြောက် သွားလေသည်။ တိမ်လွှာ များနှင့် အတူ၊ လေနှင်ရာ လွင့်ရန် အသင့် ပြင် နေ၏။
ပင်ပန်း နွမ်းနယ်မှု များက မျက်လုံး များမှ ပျောက်ကွယ် သွားပြီး တောက်ပ နေသော မျှော်လင့်ချက် များဖြင့်၊ အစားထိုး လာခဲ့သည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် .....''
သည်တစ်ကြိမ် ဖရိုဖရဲ သံစဉ် များမှာ၊ ယခင် ကဲ့သို့ ကြောက်စရာ ကောင်းမနေ တော့ပေ။
ဂီတက ပြောင်းလဲ သွားခြင်း မဟုတ် ခဲ့သော်၊ နှလုံး သားမှာ ပြောင်းလဲ သွားသည်လည်း၊ ဖြစ်ကောင်း ဖြစ်နိုင်သည်။
'' ဒင်း ... ဒေါင် ... ဒင်း ဒင် .... ''(
ဗျတ်စောင်း သံ အပေါ် လစ်လျူရှု လိုက်ပြီး၊ နောက်တစ်ကြိမ် ထပ်မံ ကြိုးစား ခြင်းဖြင့်၊ ပန်းချီ ကားကို ဖန်တီး နိုင်လိမ့် မည်ဟု၊ ယုံကြည် လာမိ လေသည်။
***