← Chapters

ဓားနှင့် တူသော နှလုံးသား။

Vol. 29 Ch. 399

ဓားနှင့် တူသော နှလုံးသား။

Vol. 29 Ch. 399

“ နောက်ဆုံးတော့ ကမ္ဘာ ပေါ်မှာ၊ ပိုသန်မာ တဲ့လူတစ်ယောက် အမြဲ ရှိမယ် မဟုတ်လား၊ ..... ”

သက်ပြင်း ချလျက် တိုးဖွဖွ ရေရွတ် လိုက်သည်။ နောင်တ ချောက်ကမ်း ပါးသည် သူ့ခန္ဓာ ကိုယ်ကို ချုပ်နှောင် ထားနိုင် သော်လည်း၊ စိတ် ဝိညာဉ်အား ချုပ်နှောင် ထားနိုင်ခြင်း မရှိ တော့ပေ။

'' ဒင်း ... ဒေါင် ... ဒင်း ဒင် .... ''

ဗျတ်စောင်းသံ အပေါ် လစ်လျူရှု လိုက်ပြီး၊ ချင်းဇီအန် မှတ်တမ်းအား ပိတ်ကာ၊ တံဆိပ် များကို နောက်တစ်ကြိမ် ဖွဲ့စည်းရန်၊ ဆုံးဖြတ် လိုက်သည်။

လက်ချောင်းများ ကွေးညွှတ်လျက်၊ ရှုပ်ထွေးသော လက်သင်္ကေတ သဏ္ဍန် များဖြင့်၊ လေထဲ လွှဲယမ်း လိုက်၏။

တစ်ဆက် တည်းမှာပင် သူ့ အာရုံက၊ ဒါန်တမ်း အတွင်းရှိ ခရမ်းရောင် ပန်း ပေါ်သို့၊ လုံးလုံး လျားလျား ကျရောက် သွားသည်။

အကြိမ်ကြိမ် ကျရှုံးမှု များကြောင့်၊ ယခု တစ်ကြိမ်တွင် ပို၍ ကျွမ်းကျင် လာခဲ့သည်။

မူလ စွမ်းအင် ထဲရှိ၊ အသက် စွမ်းအင် များကို၊ 'မှင်' အဖြစ် အသုံး ပြု၍၊ ပန်းချီ ဆရာ တစ်ဦး ကဲ့သို့ ရေထွင်း နေမိသည်။

တိမ်မိုးကြိုး ရူရ်၊ မုန်တိုင်း ရူရ်၊ ရွှေရောင် စွမ်းအင် ရူရ်၊ နှင်းခဲ တိမ်လွှာ ရူရ်နှင့်၊ မီးလျှံ ရူရ် တို့သည်၊ သူ့ ခန္ဓာကိုယ် အတွင်း၊ စတင် ဖွဲ့စည်း လာ ပြီး၊ ပြီးပြည့် စုံသော 'ရူရ်' များအသွင် ဖြစ်ပေါ် နေသည်။

ပြီး နောက် ဝိညာဉ် စွမ်းအင်များ အချင်းချင်း၊ ချိတ်ဆက် နေသော လုပ်ငန်းစဉ် တစ်ရပ်အား၊ ဖြည်းညှင်းစွာ လုပ်ဆောင် လာ၏။

လင်းယွန်၏ ရုပ်ခန္ဓာမှာ ငြိမ်သက်စွာ ထိုင်နေ ခဲ့သည်။ သို့သော် များပြား လှသော ရူရ်များကို၊ ပေါင်းစုံစေ ခြင်းဖြင့်၊ ပန်းချီကား တစ်ချပ်အား၊ သူ၏ ကိုယ်ပိုင် ကမ္ဘာ အတွင်း၌၊ ခက်ခဲစွာ ရေးဆွဲ နေမိ၏။

'စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်' သာ မရှိ ပါလျှင်၊ ဤမျှလောက် အမျိုး မျိုးသော၊ ရူရ် များ စွာကို စုစည်း ထားသည့်၊ ပန်းချီကား တစ်ချပ်အား၊ ဖန်တီး နိုင်မည် မဟုတ်ပေ။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ သုံးရက်ခန့် အကြာတွင်၊ ခရမ်းရောင် ပန်းရှိ ပွင့်ချပ် များမှာ၊ ပျောက်ကွယ်လု နီးပါး နွမ်းခွေ ကျ လာ၏။

အဘယ်ကြောင့် ဆိုသော်၊ အသက် စွမ်းအင်များ ကုန်ဆုံးလာ သောကြောင့် ဖြစ်သည်။

နောက်ဆုံး 'လေ ရူရ်'ကို ရေးထိုး ပြီးချိန်တွင်၊ ပန်းချီ ကားက ပုံသဏ္ဍာန် ဖွဲ့တည် လာ တော့၏။

အပ်စိုက်မှတ် များတွင် ရေးထိုး ထားသော ဝိညာဉ် ရေးရာ ရူရ် များသည်၊ ခန္ဓာကိုယ် အတွင်း၌ ရှိ သော ကြယ်များ ကဲ့သို့၊ တောက်ပ လာသည်။

သို့သော် မည်သူ မဆို ဂရု တစိုက် ကြည့်ပါလျှင်၊ ကြယ်များမှာ အမှန် တကယ်ပင် ပန်းချီကား တစ်ချပ် ဖြစ်ကြောင်း၊ သိလိုက် ရသဖြင့် ထိတ်လန့် သွားမည် ဖြစ်သည်။

အဆိုပါ ပန်းချီ ကားမှာ၊ တောင်ကြီး တစ်လုံးကို၊ ဖြိုခွင်း တော့မည့် ကျား တစ် ကောင်၏ လက်ဖဝါး တစ်ဖက် ဖြစ်၏။

" သူ့ရဲ့ စွမ်းအားကို စမ်းသပ်ဖို့ အချိန် ရောက်ပြီ"

အတွေး တစ်စ ဖြင့်ပင်၊ တောက်ပ နေသော အလင်းများ ထွက်ပေါ် လာပြီး၊ အရှိန် အဝါများ မြင့်တက် သွားသည်။

၎င်းသည် နက်နဲ သိုင်း နယ်မြေ၏၊ နဝမ အဆင့်နှင့် ဒသမ အဆင့်ကို ကျော်ဖြတ်ကာ၊ ထိုမျှဖြင့် ရပ်တန့် လိုခြင်း မရှိပေ။

တရိပ်ရိပ် ဆက်လက် မြင့်တက် နေဆဲ ဖြစ်ပြီး၊ ခရမ်းရောင် နန်းတော် တပိုင်း နယ်မြေကို ထပ်မံ ဖြတ်ကျော် သွား ပြီး နောက်၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်မှ သာလျှင် ရပ်တန့် သွား လေသည်။

ကျား ဟောက်သံ နှင့်အတူ ခရမ်းရောင် အလင်းများ ထွက်ပေါ်ပြီး၊ တစ်ချိန် တည်းမှာပင် ကောင်းကင်မှ လက်ဖဝါးကြီး တစ်ဖက် ဆင်းသက် လာ၏။ ။

ယင်းမှာ ကျား တစ်ကောင်၏ လက်ဖဝါး ဖြစ်ပြီး၊ နောင်တ ချောက်ကမ်းပါး ပေါ်သို့ လေးကန်စွာ သက်ဆင်း သွားလေသည်။

ချောက်ကမ်းပါး တစ်ခုလုံး တုန်ယင် သွားပြီး၊ အဆိုပါ လက်ဖဝါး အောက်တွင်၊ ကောင်းကင်နှင့် မြေကြီးပင်၊ ပြိုကျ လာတော့မည် ကဲ့သို့၊ ခံစား လိုက်ရ၏။

ချောက်ကမ်းပါး ဖျက်ဆီး ခံရ တော့မည် အရေးကြောင့်၊ ဝှက်ထားသော ကာကွယ်ရေး အစီရင်မှာ၊ စတင် အသက်ဝင် လာ၏။

စူးရှသော ရူရ်များ တဖျပ်ဖျပ် လက်လာပြီး၊ လက်ဖဝါး ရိုက်ချက်အား၊ စုပ်ယူ ပစ်လိုက် လေသည်။

ကောင်းကင် ပေါ်ရှိ၊ သင်းထောက် များက၊ ဤမြင်ကွင်းကို ၎င်းတို့၏ ဓားငှက် များပေါ် မှတဆင့်၊ အံ့အား သင့်စွာ လှမ်းကြည့် လိုက် မိ၏။

“ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအားလဲ၊ အဲ့ဒါကို သူ ဘယ်လို လုပ်လိုက်တယ် ထင်လဲ..... ''

" သူ့ရဲ့ နက်နဲ သွေးကြောကို၊ ဖြတ်ခံ ထား ရတယ် မဟုတ် လား။ "

“ ဒါက မယုံနိုင် စရာ ပါပဲ …။ ”

သူတို့ အားလုံးက လင်းယွန်အား ထိတ်လန့် သွားကြသည်။ နက်နဲ အဋ္ဌမ အဆင့်မှ တစ်စုံ တစ်ယောက်သည်၊ ထိုကဲ့သို့သော စွမ်းအား မျိုကို ထုတ်လွှတ် နိုင်သည့် အပေါ်၊ မယုံ နိုင်ခဲ့ ကြဘဲ၊ တွေးဆ၍ မရ ခဲ့ပေ။

သူတို့က လင်းယွန် ထွက်ပြေးရန် ကြိုးစားခြင်း၊ ဟုတ် မဟုတ် အချိန် အတော် ကြာအောင် စောင့်ဆိုင်းပြီး၊ ထွက်ပြေး ဖို့ရန် ကြိုးစားခြင်း မဟုတ် ကြောင်း၊ သေချာမှ သာလျှင်၊ ပြန်လည် ထွက်ခွာသွား ကြသည်။

လင်းယွန် ကမူ ထိုအချင်း အရာကို မသိပေ။ ရလာဒ် ကြောင့် ထိတ်လန့် သွားသည်။ နက်နဲ နဝမ အဆင့် အထွတ် အထိပ် ခွန်အားဖြင့်၊ သူ အသုံး ပြုခဲ့သော 'လရောင် အလင်း ပြန်ခြင်း' ဓားချက်ထက်၊ နိမ့်ကျခြင်း မရှိပေ။

အရေး အကြီး ဆုံးမှာ၊ ဤတိုက်ခိုက်မှု အတွက်၊ မူလ စွမ်းအင်များ မသုံး စွဲခဲ့ ရ ခြင်းပင် ဖြစ်သည်။

လက်ရှိ အဆင့်တွင် တောင်လုံးကို ဖြိုခွဲရန် သဘာဝ အတိုင်း မစွမ်း ဆောင်နိုင် သော်လည်း၊ ခရမ်းရောင် နန်း တော် နယ်ပယ် သို့မဟုတ်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် တွင်ရှိ နေပါက၊ ကွဲပြား သော ရလဒ် ဖြစ်လာပေ လိမ့်မည်။

တုန်လှုပ် နေခြင်းမှ ပြန်လည် သက်သာလာ ပြီးနောက်၊ ငြိမ်သက် သွားကာ စူးစမ်း မှုအား စတင် ခဲ့သည်။ နောက်ဆုံးတွင် သူ၏ အတွေးများကို၊ ဝိညာဉ် ရေးရာ ရူရ် များ ပေါ်တွင် ထားလိုက်သည်။

အကယ်၍ ဤတိုက်ခိုက်မှု များတွင်၊ သူ၏ မူလ စွမ်းအင် (၁၀၀%) ကို ပေါင်းထည့် လိုပါက၊ မူလ စွမ်းအင်များ အတွင်း အသက် စွမ်းအင်အား၊ သန့်စင် ရမည် ဖြစ်သည်။

ဓားကို သတ္တုဖြင့် သွန်းလုပ်ထား သကဲ့သို့၊ ကျောက်စိမ်း များကို သွေးယူ ခြင်းဖြင့်၊ အဖိုးမဖြတ် နိုင်သော ရတနာများ၊ ဖြစ်လာနိုင် ပေမည်။

မျက်လုံး များကို မှိတ်ချ လိုက်ပြီး၊ သူ့ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ် ရူရ် များကို ပြန်လည် သုံးသပ် မိသည်။

ထိုတိုက်ခိုက် မှုကို ထုတ်လွှတ် ပြီးနောက်၊ ကြယ်များ ကဲ့သို့ ထွန်းလင်း နေသော ဝိညာဉ် ရေးရာ ရူရ် များ၊ မှိန်ဖျော့ သွားသည်။

သို့သော် သူ့တွင် လင်းလေးရှိ ပြီးနောက်၊ ပစ်စရာ မြှားတံသာ လိုတော့ ပေမည်။ ပန်းချီကား တစ်ချပ် လုံးကို၊ ပြန်လည် တည်ဆောက် နေစရာ၊ မလို ဟု ဆိုလိုခြင်း ဖြစ်သည်။

စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်ကို အသုံး ပြု ခြင်း ဖြင့်၊ မြှားတံ အတွက် ပူစရာ မလိုတော့ပေ။

ဤနည်းစနစ်ကြောင့် အသက် စွမ်းအင်နှင့် မူလ စွမ်းအင်များ၊ ဖြည့်တင်းရန် စောင့်ဆိုင်း စရာ မလိုဘဲ၊ လျင် မြန်စွာ ပြန်လည် ရရှိ နိုင်မည်။

“ ရူရ် တွေက လူ မသတ်နိုင် ပေမယ့်၊ ပန်းချီကား တစ်ချပ်လို ဖန်တီး ပြီးရင်၊ ကွဲပြားတဲ့ ရလာဒ် တစ်ခု ပါပဲ .... ”

လင်းယွန်က ကြီးစိုးသော လေသံဖြင့် ရေရွတ် လိုက်သည်။ သူ့ အတွက် တံခါး အသစ် တစ်ချပ် ပွင့်လာ ခဲ့ လေ ပြီ။

ယခု သူသည် ရူရ် များ၏ စွမ်းပကားကို၊ မျက်မြင် တွေ့ခဲ့ ရပြီး၊ ဝိညာဉ် ရေးရာ ဆရာ သခင်များ အပေါ် လျှော့တွက်၍ မရ နိုင်ကြောင်း၊ သူသိ လာသည်။

“ ပန်းချီ ကားကို တိုးတက်အောင် ကြိုးစား ရမယ်။ ”

ချင်းဇီအန် မှတ်တမ်းကို ပြန်လည် ထုတ်ယူကာ၊ ဆက်လက် လေ့လာ မိသည်။ သည်အချိန်တွင် သူ့စိတ်များ ငြိမ်သက် သွားပြီး၊ တုန်လှုပ် ခြောက်ခြား မှုများ ရှိမ နေ တော့ ပေ။

နေ့ဘက်တွင် ပန်းချီ ကားကို ကြည့်ရှု ခြင်း၊ တိမ်များထံ ပျံသန်းခြင်း၊ မိုးရေ စက်များ ဖြင့် ပြုံး ရယ်ခြင်း၊ စသည် တို့အား အလျင်းသင့် သလို ပြုမူ နေတက်သည်။

ညဘက်တွင် အနား ယူခြင်း၊ သို့မဟုတ် ဓား ရေး နည်းစနစ်ကို လေ့ကျင့် ခြင်းများ၊ ပြုလုပ် မိ၏။

လ ရောင် ရေစင် ဓားကို ကျွမ်းကျင် လာပြီးနောက်၊ ဆန္ဒရှိ သ၍ လွယ်ကူစွာ အသုံးပြု လာနိုင်သည်။

ပို၍ လေ့ကျင့် လေလေ၊ တူးဆွ နိုင်ရန် အလား အလာ ပို၍ ရှိ လေလေဟု၊ ခံစားလာ မိသည်။ တိုးတက် လာသည်နှင့် အမျှ၊ သူ့လမ်းတွင် ပိတ်ဆို့ နေသော တံခါးကြီး တစ်ချပ်အား၊ လှမ်းမြင် လိုက်ရသည်။

ဆိုလို သည်မှာ လ ရောင် ရေစင် ဓားကို အမြင့်ဆုံး အဆင့်ထိ၊ အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။

ဧကရာဇ် မင်းတစ်ပါး အနေဖြင့်၊ အစာသွပ်ထားသော ပေါင်မုန့် တစ်ချပ်ကို၊ စားသုံး လိုချင်းမှာ၊ ပုံမှန်သာ ဖြစ် သော်လည်း၊ သူတောင်းစား တစ်ယောက် အတွက်မူ၊ ထိုသို့ မဟုတ် တော့ပေ။

ဤသည်မှာ အကြမ်းဖျင်း ဥပမာတစ်ခု ဖြစ်သော်လည်း၊ သူ့အမြင်၌ ပြီးပြည့်စုံသော ဥပမာ တစ်ခု ဖြစ်သည်။

ယင်းကို လူတော်တော် များများက သဘော မပေါက်နိုင် ကြပေ။ အသားညှပ် ပေါင်မုန့်ပင် မစား နိုင်ဘဲ၊ တခြား သော မည်သည့် အရာ ကိုမျှ၊ တွေး တော နေရန် မလို အပ်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။

'ဓား'ကို ဖယ်လိုက်ပြီး၊ လက် နှစ်ဖက်အား နောက်ပစ်ကာ၊ နောင်တ ချောက် ကမ်းပါး တဝိုက်၊ လမ်းလျှောက် နေမိ၏။

သစ်ပင် အကိုင်း အခက်ကို ဓားအဖြစ်အသုံးပြု ခဲ့သော်လည်း၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကြောင့်၊ မည်သည့် တော်ဝင် လက်နက် များထက် မဆို၊ နိမ့်ကျမည် မဟုတ်ပေ။

'' ငါသွားရာ လမ်းက ဘယ် မှာ လဲ ....... ''

သူ့ကိုယ်သူ ပြန်မေး ရာ၌ ရှုပ်ထွေးခြင်း မရှိ သော်လည်း၊ စိတ်လှုပ်ရှား နေခဲ့သည်။ ဤတစ်ကြိမ်တွင် မတူညီသော အမြင် သစ်ဖြင့်၊ ကောင်းကင် ကြီးအား၊ မော့ကြည့် လိုက်၏။

'' ဒင်း ... ဒေါင် ... ဒင်း ဒင် ... ''

ရုတ်တရက် ဗျတ်စောင်း သံစဉ်မှာ၊ တစ်ဖန် ထွက်ပေါ် လာပြန်သည်။ နားစည် အတွင်း တဝဲ လည်လည်ဖြင့် ရိုက်ခတ် နေသော်လည်း၊ မောဟများ ဖြစ်ပေါ် လာခြင်း မရှိ တော့ခြေ။ ယင်းအစား အေးချမ်းသော အဟုန် ကိုသာ၊ ငြိမ့်ခနဲ ခံစား လိုက်ရသည်။

နောင်တ ချောက်ကမ်း ပါးသို့၊ ရောက်ရှိ လာပြီး နောက်၊ ဗျတ်စောင်း သံက ဘယ်သော အခါမှ မရပ်တန့် ခဲ့ပေ။

နတ်ဆိုး တစ်ကောင် ကဲ့သို့ တစ်ချိန်လုံး ခြောက်လှန့် နေခဲ့ သော်လည်း၊ ယခု အကြိမ်တွင် သာယာသော ဂီတသံ အဖြစ်၊ ပြောင်းလဲ သွား တော့သည်။

၎င်းမှာ သူ့စိတ်နေ စိတ်ထား ပြောင်းလဲ လာခြင်းကြောင့် ဖြစ်ကြောင်း သူသိ၏။

" ဘယ်သူ ဖြစ်နိုင် မလဲ ...."

စူးစမ်း လိုစိတ်က တဖွားဖွား ထွက်ပေါ် လာသည်။ ဤလူသည် နောင်တ ချောက် ကမ်းပါးတွင်၊ ဗျတ်စောင်းကို တီးခတ် ကစား နိုင် သောကြောင့်၊ ဂိုဏ်း၌ မြင့်မားသော ရာထူးမျို ပိုင်စိုး ထားရ ပေမည်။

သို့မဟုတ် ခဲ့သော် ထိုသူကို၊ သင်းထောက် များက မောင်းထုတ် ပြီးသား၊ ဖြစ်ပေ လိမ့်မည်။

'' ဒီ ဗျတ်စောင်း သံက ငါ့ကြောင့်လား ... ဒါမှ မဟုတ် အမြဲတမ်း ဒီမှာ ရှိနေ တာလား ..... ''

ချောက်ကမ်းပါး အစွန် ဆီသို့ လျှောက်လှမ်း သွားပြီး၊ ချိုင့်ဝှမ်း အတွင်း ငုံ့ကြည့် လိုက်သည်။

ကာကွယ်သူ မက်မွန်၏ စကားများ အရ၊ ဤချိုင့်ဝှမ်း အတွင်းမှ၊ ဖြတ်သန်း ပြေးလွှားရန် ကြိုးစား မိသူတိုင်း၊ ဆိုးရွားသော ရလဒ်ဖြင့် အဆုံး သတ်ခဲ့ သည်ဟု ဆို၏။

ချိုင့်ဝှမ်း ထဲတွင် နက်ရှိုင်းသော အမှောင်ထုသည်သာ ကြီးစိုး နေပြီး၊ ငုံ့ကြည့်ရုံ ဖြင့်ပင်ကျောရိုး တစ်လျှောက်၊ အေးစက် လာစေသည်။

အမှောင်၏ အဆုံး၌ နတ်ဆိုး တစ်ကောင်က၊ သူ့ကို စောင့်မျှော် နေသကဲ့သို့၊ ထင်မြင် လာမိ၏။

မျက်လုံး များကို ဖြည်းညှင်းစွာ မှိတ်ချ လိုက်ပြီး၊ အတွေး တစ်ခု ရုတ်တရက် ဖြစ်ပေါ် လာသည်။

'' ငါ့လမ်း ဘယ်မှာလဲ ....''

မျက်လုံးများ ပြန်ဖွင့် လိုက်သော အခါတွင်၊ ရဲဝံ့သော အလင်းများ တောက်ပ လာပြီး၊ ဆံပင် ရှည်ရှည် များက 'ဟုတ်ခနဲ'၊ လွင့် မျော သွားလေသည်။

စိတ်လှုပ်ရှား မှုကြောင့်၊ မူလ စွမ်းအင်များ အလို အလျောက် လှိုင်းထ သွား သောကြောင့်၊ လှုပ်ခါ လာခြင်း ဖြစ်၏။

သူ့လမ်းမှာ ဓားတစ်လက် ကဲ့သို့၊ ဖြောင့်မတ် နေသည်။ မည်သည့် အခါမှ နောက်ပြန် ဆုတ်ခြင်း မရှိဘဲ၊ ရှေ့သို့သာ သွားရ ပေမည်။

ထိုအ တွေးများ ရရှိလာ သည်နှင့်၊ ရှေ့တစ်လှမ်း တိုးကာ၊ ချောက် ကမ်းပါးထဲ ခုန်ချလိုက် တော့သည်။

'' ဒင် ...........''

ရုတ်တရက် မျက်လုံးများ အတွင်း ဝင်းပသော အလင်းများ ဝင်ရောက် လာသည်။ တုန်ပြန် နိုင်ခြင်း မရှိခင်၊ ရေကန် ကြီး တစ်ကန် အလယ်မှ၊ သတ် ဖြတ် လိုသော ရည်ရွယ်ချက်ဖြင့် ဗျတ်စောင်း သံများ၊ ပြေးထွက် လာသည်။

ရေကန် အလယ်၌ ကျွန်း တစ်ကျွန်း ဖြစ်တည်နေ၏။ ထိုကျွန်း ပေါ်တွင်၊ ဇရပ် တစ် ဆောင် ရှိပြီး၊ ယင်းဇရပ် ရှေ့၌ ဗျတ်စောင်းကို တီးခတ် နေသော၊ လူ တစ်ယောက်အား မှုန်ဝါးဝါး လှမ်းမြင် လိုက် ရသည်။

'' ဒင် ......... ''

ထိုလူမှာ သတ်ပစ် လိုသော ရည်ရွယ် ချက်ဖြင့်၊ ဗျတ်စောင်း သံစဉ်ကို ခတ်ထုတ် နေသော အရင်း အမြစ်ပင် ဖြစ်သည်။

အခြား အရာ များကို မစဉ်းစား နိုင်မီတွင်၊ ရေကန် အတွင်းမှ ချွန်ထက်သော ရေပန်း အချို့ ပြေးထွက် လာကာ၊ သူ့ကို သတ်ရန် ကြံရွယ် လာ၏။

'' ဟိတ် ........''

ဆေးအိုး ငါးလုံးနှင့် ညီမျှသော လက်သီးကို၊ အလျင် အမြန် ပစ်ထုတ် လိုက်ရပြီး၊ အဆိုပါ ရေပန်း များအား ချေဖြတ် လိုက်မိသည်။

ရေပန်းများ ပျောက်ကွယ် သွားသည်နှင့်၊ သူ့အား ဝါးမျို လိုသော သားရဲ တစ်ကောင် ကဲ့သို့ ရေလှိုင်းများ ပြေးဝင် လာ ပြန်သည်။

လေးနက်သော ခြေလှမ် ခုနစ် လှမ်း၏၊ ရွှေကျီးကန်း တံဆိပ်ကို၊ ရုတ်ချည်း ထုတ်ဖော် လိုက်ရသည်။ လေထု အတွင်းရှိ ရေစက် များအား၊ အသာယာ နင်းယူလျက် လက်များကို ဆန့်ခွဲကာ ကောင်းကင်ပေါ် ပျံတက် လိုက်၏။

ပြီးနောက်၊ အမှောင်ခွင်းသော လမင်းကို အသုံး ပြုရန်၊ ကောင်းကင် ထက်မှ လက်ဖဝါးအား ဓားကဲ့သို့ ခုတ်ချ လိုက်သည်။

ဤလက်ဝါးစောင်း ခုတ်ချက်သည် ပြိုကျ လာသော ဧရာမ လမင်းကြီး တစင်း ကဲ့သို့ ဆင်းသက် သွား၏။

လမင်းနှင့် အတူ လိုပါ လာသော လင်းယွန်၏ လက်တွင်၊ ခရမ်းရောင် ဓားတံဆိပ် ထွက်ပေါ် လာပြီး၊ ဗျတ်စောင်း သမားထံ ရည်ရွယ် ပစ်လွှတ်လိုက်သည်။

'' ရွှတ်......။ ''

နတ်ဘုရား ပုံရိပ်ယောင် လက်ညှိုးဖြင့်၊တိုက်ခိုက် ခံလိုက် ရသော၊ ဗျတ်စောင်း သမားက၊ တီးခတ် နေခြင်းအား ရပ်နား လိုက် ပြီး၊ ကောင်းကင်သို့ ခုန်တက် ရှောင်တိမ်း လာ၏။

သို့သော် သူ အောက်သို့ ပြန်လည် ဆင်းသက် လာသော အခါတွင်၊ တိုက်ခိုက်မှု တစ်ခုက နောက်တစ်ကြိမ် ထပ်ဝင် ရောက်လာ ပြန်သည်။

ဗျတ်စောင်း သမားက ဟန်ချက်ကို ပြန်ထိန်းနေရ သောကြောင့်၊ တုန့်ပြန်ရန် အနည်းငယ် နောက်ကျ သွားသည်။

ခရမ်းရောင် ဓား အလင်း တစ်လက်က၊ သူ့ရင်ဘတ်ကို ပွတ်ဆွဲ သွားပြီး၊ ရေကန်ထဲ ပြုတ်ကျ သွား၏။

ရေခဲ လွှာများ ပင့်ကူ မျှဉ်များ သဖွယ်၊ ရေ မျက်နှာပြင် ပေါ်၌ ချက်ချင်း ပျံ့နှံ့ သွားကာ၊ သူ့ လမ်းကြောင်း ပေါ်ရှိ၊ အရာ အားလုံး အေးခဲ လာကုန် စေသည်။

ရေကန်နှင့် ဆက်စပ်လျက် ရှိသော လေထု ထဲရှိ၊ ရေခိုး ရေငွေ့များ သည်ပင်၊ လေထု ထဲ၌ ရပ်တန့် အေးခဲ ကုန်၏ ။

သဘာဝ အားဖြင့် အနန္တ နှင်း လွင်ပြင်ကို အသုံးပြု လိုက်ခြင်း ဖြစ် လေသည်။

ပတ်ဝန်းကျင် တစ်ခုလုံး၊ တခဏ အတွင်း အေးခဲ သွားကာ၊ ကျွန်းပေါ်သို့ ခြေချရန် လုံလောက် သော အချိန် ရရှိ သွားခဲ့သည်။

ကျွန်း ပေါ် ခြေချမိ သည်နှင့်၊ သူ့ နောက် ကျောရှိ ရေခဲ လွှာများ ရုတ်တရက် အရည်ပျော် ကျလာသည်။

ပြိုကျ လာသော ရေခဲလွှာ များက၊ ရေမျက် နှာပြင်အား တဝုန်းဝုန်း ရိုက်ခတ်ကာ၊ လှိုင်းများ ထန်လာ စေ၏။

ဗျတ် စောင်း သမားမှာ ထွားကျိုင်းသော အဘိုးအို တစ်ဦး ဖြစ်သည်။

ရှည်လျားသော ဆံပင်များ အားလုံး ဆွတ်ဆွတ်ဖြူ နေသော်လည်း၊ မျက်ဝန်း တစ်စုံ မှာမူ၊ တစ်စုံ တစ်ယောက်၏ နှလုံးသား ထဲသို့၊ ထိုးဖောက် ဝင်ရောက် နိုင်သည် အထိ၊စူးရှ တောက်ပ နေပေ၏။

ကြည့်လင် တောက်ပ နေသော မျက်ဝန်း တစ်စုံက၊ သူနှင့် မဆိုင် သကဲ့သို့၊ အဆိုပါ အချင်းအရာ များကို လျစ်လျူ ရှုကာ၊ ဗျတ်စောင်းအား ဂရုတစိုက် သိမ်းဆည်း လိုက်လေသည်။

" စီနီယာ ဒီမှာ ရှိနေတာ ဘယ်လောက် ကြာပြီလဲ။ "

လင်းယွန်က စူစမ်း လိုက်သည်။

“ ဆယ် နှစ် ...... ”

ဗျတ်စောင်း သမားက သိမ်းဆည်း လျက်မှ မော့ မကြည့်ဘဲ ပြန်ဖြေသည်။

" ဆယ် နှစ်၊ ...အို ဒါက တော်တော် ရှည်လျားတဲ့ ကာလ တစ်ခုပဲ၊ မင်းဒီမှာ ဘာလုပ် နေတာလဲ စီနီယာ။ "

လင်းယွန်က အံ့သြစွာ ပြန် မေး လိုက်၏။

" ပန်းကို ကြည့်နေတာ...၊ ပန်းက လွန်ခဲ့တဲ့ ဆယ်နှစ် ကလို ပွင့်ဦး မလားလို့ ....၊ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ် တုန်းကနဲ့ မတူ တော့တာ၊ စိတ်မကောင်း စရာ ပါပဲ။ ”

အဘိုးအိုက သက်ပြင်း ချကာ ပြန်ဖြေ သည်။

ခပ်လှမ်း လှမ်းရှိ ဇရပ် တစ်ဆောင် ဆီသို့၊ လင်းယွန်က လျှောက်သွား လိုက်သည်။ သွားနေလျှက်မှ ပြုံးကာ အဘိုးအိုအား စစ်ဆေး ကြည့်ပြီး၊

" လွန်ခဲ့တဲ့ ဆယ်နှစ် တုန်းကလို၊ မင်းက မခန့်ငြား တော့မှာကို၊ ငါကြောက် မိတယ်၊ ... ။ "

" အဲဒါကို ... မင်း ပြောစရာ မလို ပါဘူး။ "

အဘိုးအို၏ မျက်နှာမှာ အေးစက် သွား၏။ လင်းယွန်က ထိတ်လန့် သွားခြင်း မရှိဘဲ၊

“ ပန်းတွေကို ၊ ဒီမတိုင် ခင်က ဘယ်လို ပွင့်လဲ ဆိုတာကို၊ ဆယ်နှစ် ကြာအောင် စောင့်ကြည့် နေတယ်၊ ပန်းက သူ့ပုံစံ အတိုင်း ပွင့်နေသေး ပေမယ့်၊ လူတစ်ယောက် ကတော့ မတူ နိုင်ပါဘူး၊ .... ''

'' ..... နဖူးမှာ မှဲ့ခြောက်တွေ ဖြစ်လာပြီး၊ မျက်လုံး ထောင့်မှာ အရေး အကြောင်းတွေပေါင်းစပ် လာလိမ့်မယ်၊ အထူး သဖြင့် မင်းရဲ့အဝတ် အစား တွေက လျော့ရဲရဲ ဖြစ်နေပြီ။ ''

လှောင်ပြောင် ဝေဖန်ခြင်း ခံရသည့် အတွက်၊ အဘိုးအိုက အနည်းငယ် အံ့အားသင့် သွားပြီး၊

“ လူက ပိန်သွား ပြီလို့ ပြောဖို့ ...၊ အဲဒီလို အသုံး အနှုန်းကို၊ လူတွေက သုံးကြတယ်၊ မင်း ငါ့ကို လှောင်ပြောင် နေတာလား။ "

“ ငါ မလုပ် ပါဘူး၊ ဒါပေမယ့် ပိန်သွားရင် နေလို့ မကောင်း သလို၊ 'ဝ'တက် လာရင်လည်းအတူတူ ပါပဲ၊ ဘောလုံး တစ်လုံးလို ဆူဖြိုး လာတာက၊ နောင်တ ရစရာ မဟုတ်ဖူးလို့၊ မင်းယူဆ နိုင်ရင်တော့ ...၊ အထင် ကြီးစရာ ပါပဲ။ ”

လင်းယွန်က ပြုံးကာ ဆိုသည်။

အဘိုးအိုက မတ်တပ် ထရပ် လိုက်ပြီး၊ စားပွဲပေါ်မှ ဗျတ် စောင်းကို ခတ်ဆက်ဆက် ပုတ်ကာ၊

“ ငါက မင်းထက်တော့ 'ဝ'တယ်၊ မဟုတ်လား။ ”

ဟု လှောင်ပြောင် ရေရွတ် လိုက်သည်။

လင်းယွန်က သူ့အပေါ် ဝေဖန် ခြင်းအား၊ ကြေနပ်ပုံ မရခြေ။ ထို့ကြောင့်ပင် စိတ် ပင်ပန်းသည့် ဒဏ်ကြောင့်၊ ဖြူဖျော့ နေသော လင်းယွန်ကို ကြည့်ကာ ဆိုလိုက်ခြင်း ဖြစ်သည်။

" ဒါနဲ့ မင်းကို မေးခွန်း တစ်ခု မေးပါ ရစေ"

အဘိုးအို၏ ခံစား ချက်ကို၊ လင်းယွန်က လစ်လျူရှု လိုက်ပြီး၊ စူးစမ်းဟန် ပြင် လိုက်သည်။

“ မေး ပါ .... ”

အဘိုးအိုက ခေါင်းညိတ် ပြပြီး၊ သူ့စကားကို ဆက်လိုက်သည်။

“ ဆယ်နှစ် အတွင်း၊ နောင်တ ချောက်ကမ်းပါး ပေါ်ကို၊ လူများစွာ လာခဲ့ ကြတယ်၊ ခုန်ချဝံ့ သူတွေ ရှိသလို ... မဝံ့သူ တွေလည်း ရှိတယ်၊ ငါ့လက်မှာ သေဆုံး သွားတဲ့ သူတွေ က တော့ အတိုင်း အဆ မရှိ ပါပဲ၊ ဒါပေမယ့် မင်းက ငါ့ရှေ့ကို ပထမဆုံး ရောက် အောင် လာနိုင် ခဲ့တယ်၊ အဲဒီ အတွက် မင်းငါ့ကို မေးခွန်း တစ်ခု မေးခွင့် ပြုပါတယ်။ "

***

All Chapters