ဒဿမ ဓား။
Vol. 29 Ch. 400
“ ပိန်သွားရင် နေလို့ မကောင်း သလို၊ ဘောလုံး တစ်လုံးလို ဆူဖြိုး လာရင်လည်း အတူတူပါပဲ ၊ ”
လင်းယွန်က ပြုံးကာ ဆိုသည်။ အဘိုးအိုက မတ်တပ် ထရပ် လိုက်ပြီး၊ စားပွဲပေါ်မှ ဗျတ် စောင်းကို လက်ဖြင့် ခတ်ဆက်ဆက် ပုတ်ကာ၊
“ ငါက မင်းထက်တော့ 'ဝ'တယ်၊ မဟုတ်လား။ ”
" ဒါနဲ့ မင်းကို မေးခွန်း တစ်ခု မေးပါ ရစေ"
အဘိုးအို၏ ခံစား ချက်ကို၊ လင်းယွန်က လစ်လျူရှု လိုက်ပြီး၊ စူးစမ်းဟန် ပြင် လိုက်သည်။
“ မေး ပါ .... ”
အဘိုးအိုက ခေါင်းညိတ် ပြပြီး၊ သူ့စကားကို ဆက်လိုက်သည်။
“ ဆယ်နှစ် အတွင်း၊ ငါ့ရှေ့ကို ပထမဆုံး ရောက် အောင် လာနိုင် တဲ့သူ ဖြစ်တဲ့ အတွက် ဒါကို မင်း လုပ်နိုင် ပါတယ်။ ''
( ဆယ်နှစ် အတွင်း ... ဒီကို ပထမဆုံး ရောက်အောင် လာနိုင်တဲ့ သူက ငါလား။ )
လင်းယွန်၏ နှလုံး ခုန်သံများ ကျယ်လောင် လာသည်။ အဘိုးအို၏ စကားကြောင့် သူ့ကျော ရိုးအား၊ အကြောင်း ပြချက် မရှိဘဲ၊ အေးစက် သွားစေ၏။
အကယ်၍ ဗရမ်း ဗတာ တီးခတ် နေသော ဗျတ်စောင်း သံကို သည်းမခံ နိုင်ပါက၊ ယခု အချိန် ရေကန် အောက်တွင် လဲလျောင်း နေရ ပေမည်။
ဆိုလို သည်မှာ ထိုစဉ်က ဗျတ်စောင်း သံကြောင့် အမှန် တကယ် ခုန်ချ မိပါက၊ သူ သေဆုံး နိုင်သည်။
ယင်းကို လက်မခံ နိုင်သော၊ အရာ တစ်ခု အဖြစ် ခံစား မိသည်။ ပြန်တွေး ကြည့်ချိန်တွင် အဖိုးအို အပေါ် အကြမ်းဖျင်း ခန့်မှန်း နိုင်သည်။
ခွန်အားနှင့် ပတ်သက်ပြီး၊ အဖိုးအို စကားမှာ မေးခွန်း ထုတ်စရာ မရှိ ချေ။
မည်သို့ပင် ဆို စေ ကာမူ၊ အဘိုးအိုက သူ့ မေးခွန်းကို ဖြေရန် ဆန္ဒ ရှိနေ သောကြောင့်၊ အနည်း ဆုံးတော့ ပန်းတိုင်းကို ရောက်နိုင် ပြီဟု၊ ယူဆ မိသည်။
“ စီနီယာ၊ နည်းစနစ်ကို အပြည့် အစုံ ကျွမ်းကျင် ပြီးတဲ့ နောက်မှာ၊ ဘာရှိ သေးလဲ ဆိုတာ သိချင် ပါတယ်။ ”
အချိန် အတော်ကြာ၊ စိတ်အနှောင့် အယှက် ဖြစ်မိသော မေးခွန်းကို မေးမိသည်။
“ ရှိ တယ် .... ”
အဘိုးအိုက လင်းယွန်ကို တစ်ချက် လှမ်းကြည့်ကာ၊
“ နည်းစနစ် တိုင်းအတွက် အဆင့် လေးဆင့် ရှိပါတယ်၊ ကနဦး၊ အလယ် အလတ်၊ အဆင့်မြင့်နဲ့၊ ပြီးပြည့်စုံတဲ့ ကျွမ်းကျင် မှုပဲ၊ ဒါက အားလုံး သိထားတဲ့ အဆင့်တွေ၊ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှု တွေကို ရရှိဖို့ ဆိုတာ၊ လူတိုင်း အတွက် ထိုက်တန်တဲ့ အရာ မဟုတ်ဘူး ... ”
အဘိုးအိုက လှောင်ရိပ် စွန်းသော အပြုံးကို ထုတ်ပြပြီး၊
“ ... ပြီးပြည့် စုံတဲ့ ကျွမ်းကျင်မှုကို တတ်မြောက် နိုင်တဲ့သူ အများ အပြား မရှိ သလို၊ ပြီးပြည့်စုံတဲ့ အဆင့်ရဲ့ အထက်ကို၊ တွေးတော ဆင်ခြင် နိုင်တဲ့ သူက ရှိတောင် မရှိဘူး၊ ... ”
“ ... အားလုံးက ပုံသဏ္ဍာန် တစ်ခု ထဲမှာ၊ ပိတ်မိ နေတဲ့ လူပိန်း တွေပဲ၊ တစ်ဖက်က ကြည့်ရင် ဒီလောက် ဝေးဝေးကို ရောက်နိုင်ပုံ ထောက်ရင်၊ မင်းက ပုံစံခွက် ထဲက ထွတ်လု နီးပါး ဖြစ်နေပြီ ထင်မိတယ်။ "
" ပြီးပြည့် စုံတဲ့ ကျွမ်းကျင်မှု၊ အထက် အဆင့်က၊ သရုပ်ဖော် အဆင့်လား ... "
လင်းယွန်က မေးလိုက်သည်။ အဘိုးအို၏ နောက်ထပ် ရှင်းပြ ချက်ကို စောင့် နေ သော၊ သူ့အသွင် အပြင်က တစ်ခုခုကို၊ ဖမ်းဆုပ် နေပုံ ရ၏။
“ မှန်တယ်၊ ပြီးပြည့်စုံ မှုကို ရရှိပြီး၊ သူ့ ပုံစံကနေ ထွက်သွား နိုင်ရင်၊ သရုပ်ဖော် အဆင့်ကို ရောက်နိုင်ပြီ၊ ဖန်တီးခြင်း အဆင့် လို့လည်း ခေါ်တယ်၊ ''
အဘိုးအိုက သူ့စကားကို လင်းယွန် နားလည် ခြင်း၊ ရှိ မရှိအား ဂရု မစိုက်ပေ။ စားပွဲခုံ ပေါ်ရှိ လက်ဖက်ရည် တစ်ခွက်ကို ဟန်ပါပါ မော့သောက်လိုက် ပြီးနောက် ဆက်လက်၍၊
“ မင်းအတွက် အသုံးပြု ချင်ရင် ပိုးအိမ်ထဲ ကနေ ဖောက်ထွက် ရမယ်၊ တကယ်တော့ နည်းစနစ် တစ်ခုက၊ ဘယ်လောက်ပဲ အစွမ်း ထက်ထက်၊ အခြားသူ တစ်ဦး ဖန်တီး ထားတဲ့ ပညာရပ် တစ်ခု ဖြစ်နေ ဆဲပဲ ... ”
“ ... ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင် နည်းစနစ် ဖြစ်လာအောင်၊ 'ဖန်တီးခြင်း အဆင့်'ကို တက်လှမ်း နိုင်ရမယ်၊ ဘယ်လိုလဲ အခု နားလည် ပြီလား ....။ "
“ .... ဒါပေမယ့် မင်းကို ဒီလို ပြောပြ နေလို့လည်း၊ ငါ့အတွက် အချည်းနှီး ပါပဲ၊ မင်း သိရင်တောင် မလုပ်နိုင် မှာကို၊ ငါကြောက် မိတယ် …”
အစောပိုင်း အချိန်က သူ့အား ရယ်မော ခဲ့သော လင်းယွန် အပေါ်၊ အတေး အမှတ် ထားနေပုံ ရသည်။
ထိုကြောင့်ပင် လက်စား ချေသည့် အနေဖြင့်၊ အထင် သေးစွာ လှောင်ပြောင် လိုက်၏။
" သိခဲ့ ရင်တောင်၊ ငါက အောင်မြင် နိုင်မှာ မဟုတ် ဖူးလို့ ပြောနေ တာလား၊ ဒါဆို ဒီပုံစံခွက် ထဲက ထွက်နိုင်အောင် ဘာဆက် လုပ်ရ မလဲ …”
လင်းယွန်က အဖိုးအို ပြောမည့် စကားကို၊ သတိထား နားထောင် လိုက်သည်။ သို့သော်၊
“ ဆယ်နှစ် အတွင်း ဒီနေရာကို၊ ရောက်အောင် လာနိုင် ခဲ့တဲ့၊ သူ တစ်ယောက် အနေနဲ့ ... မင်းက 'နုံအ'မှာ မဟုတ် ပါဘူး၊ ဒါပဲ ငါပြောချင် ပါတယ်။ ”
-ဟု အဘိုးအိုက ပြုံးလျက် ဆိုသည်။
လင်းယွန်က လက်နှစ်ဖက်ကို ဆုပ်ကိုင် အရို အသေ ပြုလိုက်ပြီး၊ တိတ်ဆိတ်စွာ ထွက်ခွာ လာခဲ့သည်။
သူက ရေကန် အလယ် ဆီသို့ လျှောက်လှမ်း လိုက်ခြင်း ဖြစ်သည်။ သူ့ လမ်းကို သိထား ပြီးနောက်၊ နားလည် နိုင်မည် ဆိုသည်အား၊ ကြည့်ရ ပေမည်။
ပတ်ဝန်း ကျင်အား တစ်ချက် ကြည့်ကာ၊ မျက်လုံးများ မှိတ်ချ လိုက်သည်။ အဘိုးအိုက ၎င်းကို မြင်သည်နှင့်၊ မုတ်ဆိတ်မွေး များအား ပွတ်သပ်လျက်၊ ပြုံးနေ ခဲ့သည်။
အောင်မြင်သည် ဖြစ်စေ၊ မဖြစ်စေ ချက်ခြင်း ကြိုးစား လုပ်ဆောင် တက်သော လင်းယွန်ကို သဘော ကျသည်။
သို့ သော် ပုံစံခွက် ထဲမှ ဖောက်ထွက် လာဖို့ ဆိုသည်မှာ၊ ထင်သလောက် မလွယ် ကူပေ။ အဆင့် အသစ်သို့ မ ချိုး ဖြတ်မီ၊ နည်းစနစ် ပေါ်တွင် ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက် ထားရန် လိုအပ်သည်။
ဆိုလို သည်မှာ အနည်း ငယ်သော အမှား လေးသည်ပင်၊ လင်းယွန်အား ချိနဲ့ သွားစေ နိုင်သည်။
သို့ သော် ဤလူငယ်သည် ထိုအချိန်က၊ 'ဆိုးပေလေး' နှင့် ဆင်တူသည်၊ ၎င်းကို မအောင်မြင် နိုင်ဟု ယုံကြည်ရန် ငြင်းဆန် ခဲ့သည်။
ယခု အချိန်၌ ဆိုပေလေးမှာ ဆိုးပေကြီးအဖြစ်၊ ဓားသင်္ချိုင်း တောအုပ်တွင် မည်သည့် အရာများ လုပ်ဆောင် နေမည်ကို၊ သူ မသိ တော့ပေ။
အဘိုးအို စိတ်ထဲတွင် အတိတ်က ပုံရိပ်များထင်ဟပ် လာပြီး အိပ်ပျော် သွားတော့သည်။
ရေကန် ပေါ်တွင် ရပ်လျက်၊ လရောင် ရေစင်ဓား၏ အချက် အလက် များကို အသေးစိတ် ပုံဖော် နေမိသည်။
ပြီးနောက် လရောင် ရေစင် ဓား၏ လှုပ်ရှားမှုများကို ဖြိုခွဲရန် အာရုံ စိုက်လိုက်၏။
တစ်ဆက်တည်း မှာပင်၊ လရောင် ရေစင် ဓားဖြင့်၊ အချင်းချင်း တိုက်ခိုက် နေသော ပုံရိပ်များ ထွက်ပေါ် လာသည်။
လရောင် ရေစင် ဓားတွင်၊ အလှည့် အပြောင်း (၁၈)ခု ပါရှိသော ဓားချက် ကိုးချက် ပါရှိသည်။
ထိုဓားချက် တိုင်းသည် ရည်ရွယ် ချက်ကြီး (၅)ချက်အား ကိုယ်စား ပြု၏။ အချိန်များ တရွေ့ရွေ့ ကုန်လာ သည်နှင့် အမျှ၊ နောက်ဆက်တွဲ ပုံရိပ်များ၊ တစ်ရာ ကျော်ခန့် ထွက်ပေါ် လာ လေသည်။
သုံးရက် အကြာတွင် အဘိုးအိုမှာ၊ နိုးထ လာပြီး ရေကန်၏ အလယ် ဗဟိုကို လှမ်းကြည့် လိုက်၏။
မြင်လိုက် ရသော မြင်ကွင်းကြောင့်၊ သူ့မျက်နှာ ပြောင်းလဲ သွားကာ၊ ချက်ချင်း ထခုန် လိုက်သည်။
'' အို့ ... သောက်ခွေး..... ''
ပိုးအိမ် ကဲ့သို့ ရေခဲ မျှဉ်များ၊ ဖုံးအုပ် ထားသော လင်းယွန် ထံမှ၊ ဝိညာဉ် ရောင်ခြည်များ ဖြာထွက် နေသောကြောင့်၊ ဖြစ်သည်။
“ ဒါ …”
အဘိုးအိုက ထိတ်လန့် သွားသည်။ ၎င်းကို သူ မမျှော်လင့် ထားပေ။
တစ်ဖက်တွင်၊ လရောင် ရေစင် ဓား၏ နယ်နိမိတ်ကို ဖြတ်ကျော် ရာ၌၊ အပြည့် အ၀ အာရုံစိုက် နေသောကြောင့်၊ လင်းယွန်က ပတ်ဝန်း ကျင်အား လျစ်လျူရှု မိသည်။
ဓားရေး လေ့ကျင့် နေသော၊ လင်းယွန်ပေါင်း အယောက် တစ်ရာ ကျော်ကို၊ အသေးစိတ် ကြည့်ရှုရန်၊ ကျောက်တုံး ကြီးပေါ် ခုန်တက် ထိုင်လိုက်၏။
တစ်ခါ တစ်ရံတွင် ခေါင်းများ ရမ်းလျက်၊ လင်းယွန် များကို ဖျက်ဆီးရန်၊ သူ့ လက်ညှိုးအား တောက်ထုတ် တက်ပေသည်။
သိပ်မကြာခင် မှာပင်၊ လင်းယွန် တစ်ယောက်ပြီး၊ တစ်ယောက် ပျောက်ကွယ် သွားကာ၊ ထက်ရှ သော အသွင် အပြင်ဖြင့် လင်းယွန် တစ်ယောက်သာ၊ ကျန်ရစ် ခဲ့တော့၏။
ထိုလင်းယွန်က ဓားကို ဆွဲလျက်ဖြင့်၊ ပြောင်းလဲ လာသော ပတ်ဝန်း ကျင်ကို ဝေ့ကြည့်သည်။
နယ်နိမိတ် များကို ဖြတ်ကျော်ကာ၊ လွတ်လပ်သော ကမ္ဘာသစ် ကြီးအား၊ စတင် ခံစား လာမိ ပုံရသည်။ ပြီးနောက်၊ ထိုကမ္ဘာ ကြီးနှင့် လိုက်ဖက်သော၊ ဓား တစ်လက်အား ထုဆစ်ရန် အားယူ လိုက်၏။
ဤကမ္ဘာကြီး အတွင်း၌ ကောင်းကင်သည် သူဖြစ်ကာ၊ မြေကြီးသည် လင်းယွန် ဖြစ်၏။ လေသည် သူ့နှင့် ပေါင်းစပ် နေပြီး၊ ရေမှာ သူ့အား သွန်းလောင် နေ၏။
ရေသည် ရေ ဖြစ်ဆဲ၊ လသည် လဖြစ်ဆဲ ဖြစ်သော်လည်း၊ ကွဲ ပြား သော ဓား တစ်လက်အား မကြာမီ ဖန်တီး နိုင်ခဲ့သည်။
“ ဒါက လုံလောက် သင့်ပြီ။ ”
ကျောက်တုံးကြီး ပေါ်မှ ထိုင်ကြည့် နေသော လင်းယွန်က ခေါင်းညိတ် လိုက်ပြီးနောက်၊ တစ်ယောက်တည်း ကျန်ရစ် ခဲ့သော လင်းယွန်ထံ ခုန်ဝင်သွား လိုက်သည်။
နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ် ဖြစ်ပေါ် လာပြီး၊လင်းယွန် နှစ်ယောက် ပေါင်းစပ်သွား ချိန်တွင်၊ ရေကန် အလယ်၌ ရပ်နေသော လင်းယွန်က၊ မျက်လုံးဖွင့် ကြည့်လာ၏။
'' ခရစ်......''
သူ့အား သိုင်းခြုံ ထားသော ရေခဲ ပိုးအိမ်မှာကွဲအက် သွားသည်။
ပိုးအိမ် ပျောက်ကွယ် သွားချိန်တွင်၊ သစ်ကိုင်းတစ်ကိုင်းကို ဆုပ်ယူ လိုက်ကာ၊ ဓားကဲ့သို့ ဝှေ့ယမ်း လိုက်သည်။
'' နွေနှင့် မိုး၊ ပေါင်းဆုံသော မြစ်များ။ ''
လရောင် ရေစင် ဓားတွင် ရည်ရွယ်ချက် ငါးခုကို ကိုယ်စား ပြုသော အဓိက လှုပ်ရှားမှုကြီး ကိုးခု ရှိသည်။ ယခု ၎င်းတို့ကို ဖြိုခွဲပြီး၊ တစ်ခုတည်း အဖြစ် ပေါင်းစပ် ပစ်လိုက်ခြင်း ဖြစ်သည်။
ဓားကို လွှဲယမ်း လိုက်သော အခါတွင်၊ မိုးရေများ စီးဝင် လာသော မြစ်တစ်စင်း ကဲ့သို့ ခံစား လာရ၏။
ဤတိုက်ခိုက် မှုတွင်၊ အတက် အကျ လှိုင်းများအား စွန့်ပစ် ခဲ့ပြီး၊ စွမ်းအင် များကို တစ်ခုတည်း အဖြစ်၊ ပေါင်းစပ် ထားသည်။
ယင်းနောက် အရာရာကို ကြီးစိုး လိုသော အရှိန်အဝါ တစ်ခု အဖြစ်သို့၊ ပြောင်းလဲသွားတော့၏။
ထို အရှိန်အဝါ ထွက်ပေါ် လာသော အခါတွင်၊ ရေကန် တစ်ခုလုံး ခမ်းနားသော မြူများဖြင့် ဖုံးလွှမ်း သွားသည်။
အသစ် ဖန်တီး လိုက်သော ဓားတွင် ရည်ရွယ်ချက် တစ်ခုသာ ရှိပေ၏။
'' လှိုင်း ထန် သော မြစ်။ ''
ဓားအလင်း များက၊ ကခုန် နေသော ဓားသွား တစ်လက် ကဲ့သို့၊ ရေကန် ပေါ်တွင် ရုန်းကြွ အသက်ဝင် နေ၏။
ထိုနေရာ၌ တစ်စုံ တစ်ယောက်သာ ရှိ နေ ပါက၊ ဓားအလင်း များကို ဖမ်းဆုပ် ဖို့ရန် မဆိုနှင့်၊ မြေကြီး ပေါ်တွင် ခိုင်မြဲစွာ ရပ်တည် နိုင်လျှင်ပင်၊ လုံလောက် ပေလိမ့်မည်။
လရောင် ရေစင် ဓား၏ ဆဋ္ဌမမြောက် ဓားချက်ကို ထုတ်ဖော် လိုက်ပြီး၊ မတူညီသော ပြောင်းလဲ ခြင်း များကို ပြသ နိုင်ခဲ့သည်။
သို့သော် ဓားချက် တိုင်းတွင်၊ လမင်း တစ်စင်း ကဲ့သို့၊ အဖော်မဲ့ ခြင်းနှင့် ကြီးစိုး လိုသော ရည်ရွယ် ချက်များ ပါဝင် နေပေသည်။
'' အမှောင် ခွင်းသော လမင်း။ ''
ဖြာကျ နေသော လမင်း၏ အလင်း ရောင်ချင်း တူညီ ပေ၏။ သို့သော် ပေးစွမ်း လာသော ခံစား ချက်မှာ မတူ နိုင်ပေ။
ခရမ်းရောင် ဓားအလင်း တစ်လက်ဖြင့်၊ ခရမ်းရောင် လမင်းကို ဖန်တီးပေး နိုင်မည်။
လရောင် ထွက်ပေါ် လာသော အခါတွင်၊ သူ့ရုပ် ပုံမှာ ရုတ်တရက် ပျောက်ကွယ် သွား၏၊ ရေကန်ပေါ် ကျဆင်း တော့မည့် လမင်း သည်သာ၊ ဝင်းပစွာ ကျန်ရစ် တော့သည်။
လ ရောင် ခြည် သွားရာ လမ်းတစ်လျှောက်၊ အချိန် ယန္တရားများ ရပ်တန့် သွား ပြီး၊ အထီးကျန် မှုများ ကြီးစိုး လာသည်။
အလင်း ရောင် ပျောက်ကွယ် သွားမှသာ၊ လင်းယွင်၏ ရုပ်သွင်က ပြန်လည် ထွက်ပေါ် လာ ၏။
သူ အမှန် တကယ် ပျောက်ကွယ် သွားခဲ့ ခြင်း မဟုတ်ဘဲ၊ စူးရှ သော လ ရောင်ခြည် ကသာ အရာ အားလုံးကို၊ ဖုံးလွှမ်း သွားခြင်း ဖြစ် လေသည်။
'' အနန္တ နှင်း လွင် ပြင် ။ ''
'' လရောင် အလင်း ပြန် ခြင်း ။ ''
အဆုံး စွန်သော လှုပ်ရှားမှု နှစ်ခုကို၊ ထပ်မံ ပြုလုပ် ခဲ့သည်။ ဖန်တီး ခြင်း အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ထိုဓားချက် နှစ်ချက်မှာ၊ လုံးဝ ပြောင်းလဲ သွား သော်လည်း၊ သူနှင့် ပို၍ လိုက်ဖက် လာသည်။ လရောင် ရေစင် ဓားကို သူ ဖန်တီးထား သကဲ့ သို့ပင်၊ ထင်မှတ် လာစေ၏။
သို့သော် ၎င်းမှာ မလုံ လောက်ဟု၊ ခံစား နေရသည်။ ရေကန် ပေါ်တွင် ရပ်၍၊ နက်နဲသော အတွေး ထဲသို့၊ ရောက်ရှိ သွား ပြန်၏။
လှုပ်ရှားမှု များ ပြီးမြောက် သွားသော အခါတွင်၊ လရောင် ရေစင် ဓားမှာ ပို၍ တိုးတက် ကောင်းမွန် လာသည်ဟု ခံစား ရမိသည်။
သို့သော် ၎င်းကို လုံး၀ ဆုပ်ကိုင် ထားနိုင်ခြင်းမရှိ သေးကြောင်း၊ ဇဝေဇဝါ ခံစား လာရ၏။
'' ဒင်း.... ဒင် ဒင် ''
စျာန် ဝင်စားခြင်း အခြေ အနေမှ၊ လွတ်ထွက်တော့မည့် အချိန်တွင်၊ ဗျတ်စောင်း သံမှာ ရုတ်တရက် ထွက်ပေါ် လာ သည်။
ယင်းကြောင့် မျက်ဝန်းများ တောက်ပ လာပြီး၊ ညာဏ် ကွန့်မြူးခြင်း အခြေ အနေ ထံသို့၊ ပြန်လည် ဝင်ရောက် သွား၏။
ဗျတ်စောင်းသံ နှင့်အတူ၊ လရောင် ရေစင် ဓား၏ ဆယ်ကြိမ်မြောက် လှုပ်ရှားမှုကို၊ လွှတ်ထုတ် လိုက်သည်။
ရေကန် မျက်နှာ ပြင်မှာ ပေါက်ကွဲ လာပြီး၊ လေ ဆင်နှာမောင်း သဏ္ဍာန် ရေဝဲများ ဖြစ်ပေါ် လာ၏။
ကောင်းကင် တစ်ပြင်လုံး ရုတ်တရက် မည်းမှောင် လာကာ၊ အဆုံးမ ရှိသော ဓား ရည်ရွယ်ချက်က၊ ထိတ်လန့် တုန်လှုပ်ဖွယ် အငွေ့ အသက်များ နှင့်အတူ၊ မိုးကုတ် စက်ဝိုင်းအား ဖြတ်သန်း သွား လေသည်။
ဤဓားဖြင့် ကောင်းကင်နှင့် တိမ်တိုက် များကို ဖြိုခွဲ နိုင်ပြီး၊ လမင်း တစ်စင်း ကဲ့သို့ ထာဝရ တည်ရှိ နေမည် ဖြစ်သည်။
" ဒီဓားချက်ကို 'ကောင်းကင်က တိမ်တိုက်တွေကို ဖြိုခွဲမယ်' လို့ ခေါ်ကြ ရအောင် ..... ။ "
သူ့အတွက် လုံးဝ လိုက်ဖက်သော လှုပ်ရှားမှုတစ်ခု ပေပင်။
“ မင်းကိုယ်မင်း လေးလေး နက်နက် ဖုံးကွယ်ထားတာပဲ၊ ငါ မင်းကို အထင် လွဲခဲ့တယ်။ ”
ဇရပ် ပေါ်တွင် ထိုင် လျက် ရေနွေး ကြမ်း သောက် နေ သော အဘိုးအိုက မကျေ မနပ် လေသံဖြင့် ဆိုသည်။ လင်းယွန်က ပြုံးရုံသာ ပြုံးလိုက်၏။
လရောင် ရေစင် ဓားကို သုံးလကြာ တွေးတောခဲ့ပြီးနောက်၊ သူ၏ နားလည် နိုင်စွမ်းမှာ ပြည့်လျှံ နေသည့် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
နယ်နိမိတ်ကို ဖြတ်ကျော်ရန် ခြေ တစ်လှမ်းသာ လိုတော့ကြောင်း၊ သူသာ သိခဲ့သည်။ ထို့ကြောင့် သုံးရက် အတွင်း၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။
အ မြင်၌ သုံးရက်သာ ဖြစ် သော်လည်း၊ ထိုသုံးရက် မတိုင်ခင် သုံးလ တိတိ၊ နောင်တ ချောက် ကမ်းပါး၌၊ သူ ဖြတ်သန်း ခဲ့ရ သော ပင်ပန်းမှုကို၊ မည်သူမျှ သိကြမည် မဟုတ်ပေ။
" ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမ နေရင်၊ ဘာလို့ ဒီချောက် ထဲကို စိန်ခေါ် နေမှာလဲ။ "
လင်းယွန်က ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေသည်။ တစ်ချိန်တည်း မှာပင် သူ့လေသံ တွင်၊ သူသာ သိသော ခါးသက်သက် အငွေ့ အသက်များ ပါရှိ နေ၏။
ပြီး နောက် ဇရပ်တွင် ထိုင်နေသော အဖိုးအိုကို၊ ကျေးဇူး တင်ကြောင်း ပြသသည့် အနေဖြင့်၊ လက်နှစ်ကို ယှက်ကာ ဦးညွှတ် လိုက်သည်။
အဘိုးအို၏ ဗျတ်စောင်းသာ မရှိ ပါလျှင်၊ ဒဿမမြောက် ဓားကို၊ နားလည် နိုင်တော့မည် မဟုတ်ကြောင်း သူ သိသည်။
အကယ်၍ ထိုစျာန်ဝင်စား မှုကို လွတ်သွား မိပါက၊ ကောင်းကင် ယံမှ တိမ်တိုက် များကဲ့သို့၊ သူ့ တစ်သက် တာလုံး၊ နားလည်ရန် အခွင့် အရေး၊ မရှိနိုင် တော့ပေ။
အခွင့် အရေး တစ်ခုသည် တစ်ကြိမ်သာပေါ်လာ တက်ပြီး၊ ၎င်းကို ကောင်းစွာ ဖမ်းဆုပ် နိုင်ရန် လိုသည်။
အဘိုးအိုက ထူးခြားဟန် မပြဘဲ၊ ပျင်းရိ ပျင်းတွဲ အမူ အရာဖြင့်၊ ခေါင်းညိတ် ပြသည်။
“ စီနီယာ၊ မင်းဒီမှာ ပန်းတွေကို စိုက်ကြည့် နေတာ ဆယ်နှစ် ရှိပြီ လို့ပြောတယ်၊ ဒါပေမယ့် ကျွန်းပေါ်မှာ ဘာလို့ ပန်း မတွေ့ ရတာလဲ။ ...''
“ ငါ့ဓားနဲ့ ခုတ်ဖြတ် လိုက်ပြီ။ ”
လင်ယွန်၏ အမေးကို အဖိုးအိုက ပြန်ဖြေသည်။
" ဘာ လို့ လဲ ... "
“ မင်းပြော သလို ပါပဲ၊ ပန်းက ပိုလှလေ၊ လူက ဘယ်လောက် ရုပ်ဆိုး သလဲ ဆိုတာကို ပိုသိလာလေ ပါပဲ၊ ဒါကြောင့် ခုတ်လိုက်တာ ...”
အဖိုးအို၏ စကားကြောင့် လင်းယွန်က တုန်လှုပ် သွား၏။
ဆိုလို သည်မှာ အဘိုးအိုသည် ပန်းကို ကြည့်ရန်၊ ဤနေရာ၌ အမှန် တကယ်ရှိ နေခြင်း မဟုတ်ဘဲ၊ သူ့ဓားကို နားလည်ရန် ဆယ်နှစ်ကြာ၊ ကြိုးစား နေခြင်း ဖြစ်သည်။
( သူ့ဓား ဆိုသည်မှာ ဓားရည်ရွယ် ချက်ကို ဆိုလို၏။ )
သို့သော် ဆယ်နှစ် ကြာအောင် နားလည်မှု ရယူ ခဲ့သော သူ့ဓားကို စွန့်ပစ် ခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလ အတွင်း၊ သူ၏ ထိုးထွင်း နားလည် မှုမှာ၊ မှားယွင်း နေသည်ဟု၊ အဖိုးအိုက ခံစား မိခဲ့ ခြင်း ပင်လော။
သို့သော် ငြားလည်း ၎င်းသည် လွန်ခဲ့သော ဆယ်နှစ် လုံးလုံး၊ သူ၏ ကြိုးစား အားထုတ်မှု ဖြစ်နေဆဲ ပေပင်။
ယင်းကို အဖိုးအိုက တစ်ချက် တည်းဖြင့်၊ ဖြိုခွင်းလိုက် ခြင်း ဖြင့်၊ လင်းယွန်အား ထိတ်လန့် သွား စေ ခဲ့သည်။
" စီနီယာ မင်း နောင်တ ရလား ... ။ "
လင်းယွန်က စိတ်ဝင် တစား မေးသည်။
" ဟား ဟား ဟား ....၊ ဓားနန်း တော်မှာ လူသတ် ပြီးတာတောင်၊ မင်းက နောင်တ မရ သေးတာ၊ ပန်းလေး တစ်ပွင့်ကို ခုတ်လှဲ မိတဲ့ ငါက၊ ဘာလို့ နောင်တ ရရ မှာလဲ။ "
အဘိုးအိုက လက်ထဲရှိ ရေနွေး ခွက်ကို၊ ချလိုက်ပြီး ပြုံးရယ် ပြကာ၊
“ မင်းငါ့ကို စိတ်ပူ နေစရာ မလို ပါဘူး၊ အဲဒီ အစား မင်းကိုယ်မင်း စဉ်းစားပါ၊ အခုနောင်တ ချောက်ကမ်းပါး ကနေ၊ မင်းပျောက်နေတာ သုံးရက် ရှိပြီ၊ မနက် မိုးလင်း လို့မှ မင်းကို ထပ်မတွေ့ ရရင် ... မက်မွန်သီး ကလေး ကတောင် ဒီအရေးကို၊ ကယ်နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်၏ မျက်နှာက ပြောင်းလဲ သွားပြီး၊ ကောင်းကင်ကို မော့ကြည့် လိုက်သည်။ တစ်ခု တည်းသော တောင်ထွတ်မှာ၊ အလွန် မြင့်မား သောကြောင့်၊ တိမ်တိုက်များ ထဲသို့ ထိုးဖောက် ဝင်ရောက် နေသည်။
ခုန်ဆင်း လိုက်ချိန်က၊ မည်သို့ ပြန်တက် ရမည်ကို၊ မစဉ်းစား ထားခဲ့ပေ။
ထိတ်လန့် တကြား အကြပ်ရိုက် သွားသော လင်းယွန်၏ အမူအရာ ကြောင့်၊ အဘိုးအိုက ညစ်ကျယ်ကျယ် အပြုံးဖြင့်၊ လှမ်းကြည့် လိုက် လေသည်။
***