လေ မရှိလျှင် လှိုင်းများ မဖြစ်နိုင်ပါ။
Vol. 29 Ch. 401
လင်းယွန်၏ မျက်နှာက ပြောင်းလဲ သွားပြီး၊ ကောင်းကင်ကို မော့ကြည့် လိုက်သည်။
ချောက်ကမ်းပါး အစွန်းမှာ အလွန် မြင့်မား သောကြောင့်၊ တိမ်တိုက်များ ထဲသို့ ထိုးဖောက် ဝင်ရောက် နေသည်။
ခုန်ဆင်း လိုက်ချိန်က၊ မည်သို့ ပြန်တက် ရမည်ကို၊ မစဉ်းစား ထားခဲ့ပေ။
ထိတ်လန့် တကြား အကြပ်ရိုက် သွားသော လင်းယွန်၏ အမူအရာ ကြောင့်၊ အဘိုးအိုက ညစ်ကျယ်ကျယ် အပြုံးဖြင့်၊ ကြည့်လိုက် လေသည်။
ိုးသောက်ချိန် မတိုင်ခင် ချောက်ကမ်းပါး ပေါ်သို့၊ ပြန်မသွား နိုင်ပါက သေခြင်းဖြင့် ရင်ဆိုင် ရပေမည်။
ထို့ကြောင့် မျက်မှောင် ကြုတ်လျက် ချောက်ကမ်း ပါးအား မော့ကြည့် လိုက်သည်။ အဘိုးအို၏ စိတ်နေ စိတ်ထားကို၊ သူ ခန့်မှန်း ထားပြီး ဖြစ်သော်လည်း၊ ဤမျှ နှလုံးသား မဲ့နေ လိမ့်မည်ဟု၊ မမျှော်လင့် မိပေ။
ဒဿမမြောက် ဓားကို နားလည်ရန်၊ အဖိုးအိုက ရှင်းရှင်း လင်းလင်း ကူညီ ပေးခဲ့ သော်လည်း၊ ထိုကဲ့သို့ စိန်ခေါ်ချက် ထုတ်ပြန် ပေးခဲ့သည်။
“ ဓားနန်းတော် သခင်ရဲ့ ခံစားချက် တွေက၊ လွယ်လွယ် ပြောင်းသွား တက်တယ်လို့ ငါကြားထား မိတယ်၊ ကြည့်ရ တာတော့ ဒီကောလ ဟာလ တွေက အမှန် ဖြစ်ပုံ ရတယ်။ ”
အဘိုးအိုကို ပြန်လှည့် ကြည့်ကာ၊ လင်းယွန်ကရေရွတ် လိုက်သည်။ သူသာ မှန်ပါလျှင် ဤအဖိုးအိုသည် ဓားနန်းတော်၏၊ နန်းတော် သခင် ဂျင်ရွှမ်းဟီ ပေပင်။
သူမှ လွဲ၍ မည်သူမျှ၊ ဤသို့ လက်လွတ် စပယ် ပြုမူ ဝံ့မည် မဟုတ်ပေ။
“ ဒီမှာ အချိန်ဖြုန်း နေတာကို ရပ်လိုက်ပြီး... မင်းဘယ်လို ပြန်ရ မလဲ ဆိုတာ ကိုပဲ စဉ်းစားပါ၊ ဟား ဟား ဟား၊ လူသတ် တာကို နောင်တ မရတဲ့ ကောင်လေး ... မနက်လင်း လို့မှ မင်းကိုသာ မတွေ့ ခဲ့ရင်၊ မက်မွန်သီး လေးတောင် ကယ်တင် နိုင်မှာ၊ မဟုတ်ဘူး ဆိုတာကို၊ ငါသတိ ထပ်ပေး လိုက်မယ်။ "
( မက်မွန်သီး ကလေး တဲ့လား ... ဒါက ကာကွယ်သူ မက်မန်ရဲ့ နာမည် ပြောင်လား ... )
ဒုတိယ အကြိမ်မြောက် ကြားလိုက် ရသေ၊ ကာကွယ်သူ မက်မွန်၏ နာမည်ကြောင့်၊ လင်းယွန်က အနည်းငယ် ရယ်ချင် သွားသည်။
ဤအဘိုးအို သည်သာ ထိုအမည် ပြောင်ဖြင့်၊ ကာကွယ်သူ မက်မွန်အား၊ ခေါ်ဝံ့သူ တစ်ဦး ဖြစ်သည်။
လင်းယွန်က အဘိုးအို၏၊ အထိန်း အကွပ်မဲ့သော ပေါ့လျှံလျှံ အပြုအမူ များကို၊ ဥပေက္ခာ ပြုကာ၊ ရေကန် ဆီသို့ ပြန်ခုန် ဆင်းသွား ခဲ့သည်။
ချောက်ကမ်းပါးကို အကြမ်းဖျင်း သုံးသပ် ထားပြီး ဖြစ်ရာ၊ တိမ်လွှာ များအတွင်း ပျောက်ကွယ် နေသော ချောက်ကမ်းပါး အစွန်းအား မော့ကြည့် လိုက်သည်။
မီတာ တစ်ထောင်ခန့် အထိသာ သူ မြင်နိုင်သည်။ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို အသုံး ပြုကာ၊ နံရံ ပေါ် တွယ်တက်ရန် အားယူ လိုက်သည်။
'' ဟိတ် ....... ''
အလင်းတန်း တစ်ခု အဖြစ်သို့၊ ပြောင်းလဲ သွားသော လင်းယွန်က လျှပ်စီး တစ်စလို ကျောက် နံရံအား လှမ်းဆွဲ လိုက်၏။
သို့သော် သူ သိလိုက် ချိန်၌ နောက်ကျ သွားသည်။ ချောက်ကမ်းပါး နံရံအား မည်သို့မှ ကုပ်ယူ နိုင်ခြင်း မရှိ ခဲ့ပေ။
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ "
လင်းယွန်၏ မျက်နှာက ပြောင်းလဲ သွားသည်။ ဒရာကိုဖီ ခန္ဓာ ကိုယ်ကို လေ့ကျင့် ပြီးနောက်၊ သူ့လက် များမှာ၊ တော်ဝင် လက်နက် တစ်ခု ကဲ့သို့၊ အစွမ်းထက် လှသည်။
ယင်းကြောင့် ကျောက် နံရံအား ကုပ်ယူ နိုင်မည်ဟု ယူဆ မိသော်လည်း၊ ကမ်းပါး သည်သာ တုန်ခါ သွားလျက်၊ ကပ်တွယ် လိုက်နိုင်ခြင်း မရှိ ခဲ့ပေ။
'' တွမ် ...... ''
ချောက်ကမ်းပါးတွင် ခင်းကျင်းမှု တစ်ခု ရှိ နေပြီး၊ သူ့သည်းကုပ် ချက်ကို အရိပ် အယောင်မျှ မကျန်အောင် စုပ်ယူ သွား၏။
အခင်းကျင်း၏ ကာကွယ် မှုကြောင့်၊ ကျောက်နံရံမှာ ကြေးမုံပြင် ကဲ့သို့ ချောမွေ့ သွားပြီး၊ ခြေချ စရာ အဖြစ်၊ အသုံးပြု နိုင်သော တစ်စုံ တစ်ရာ မရှိခဲ့ပေ။
ယင်းကြောင့် လေးနက်သော ခြေလှမ်း ခုနှစ်လှမ်းကို၊ အကန့် အသတ်ထိ ထုတ် ဖော် လိုက်ရသည်။
'' ဝှစ် ..... ''
ရွှေရောင် တံဆိပ် တစ်ခု၊ နောက်ကျောတွင် ထွက်ပေါ် လာပြီး၊ ကျီးကန်း တစ်ကောင် ကဲ့သို့ ကောင်းကင်ပေါ် ပျံတက် သွားသည်။
သို့သော် ချောက်ကမ်းပါး အစွန်းနှင့် တစ်ဝက်ခန့် ကွာ ဝေးသော အမြင့် အရောက်၌၊ အရှိန်များ ပျောက်ဆုံး သွားခဲ့သည်။
မျက်လုံး များတွင် တုံ့ဆိုင်း နေသော ခံစား ချက်များ ထွက်ပေါ်လျက်၊ လေပေါ်သို့ နင်းတက်ကာ၊ နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ် အား ဖြစ် ပေါ် လာစေ လိုက်သည်။
'' ဖြောင်း ဖြောင်း ..... ဝှစ် ''
ပြီးနောက် ပုံရိပ် တစ်ရိပ် ချင်းစီက၊ လေဟာနယ်အား လက်ဖဝါးချက် များဖြင့်၊ ရိုက်ယူကာ၊ ပျံသန်းရန် ထပ်မံ အားယူ လိုက်သည်။
နောက်ဆက်တွဲ ပုံရိပ်များ၊ ပေါင်းစပ် သွားချိန်တွင် အသက် ပြင်းပြင်း ရှူလိုက်ပြီး၊ ကောင်းကင်အား မော့ကြည့် လိုက်၏။
တိမ်ယံများ အတွင်း၊ ခြောက်ကမ်းပါး အစွန်းကို မှုန်ဝါးဝါး တွေ့မြင် လိုက် ရသည်။
တဟုန်ထိုး ပျံတက် နေစဉ် တိမ်များ ခွဲလျက်၊ ထိုးဆင်း လာသော နေရောင်ခြည် များက၊ စူးရှစွာ တိုးဝင် လာတော့သည်။
အဘိုးအိုက တိမ်များ အတွင်း ပျောက်ကွယ် သွားသော လင်းယွန်ကို လှမ်းကြည့်ကာ၊ ရေနွေးကြမ်း တစ်ခွက်အား ဟန်ပါပါ သောက်ယူ လိုက်၏။
" မြင့်မြင့် ရောက် လေလေ ... မင်း အတွက် ပိုခက် လေလေ ပါပဲ။"
သူ့ကိုယ်သူ ပြောဟန်ဖြင့်၊ ရေရွတ် လိုက်သည်။
'' ဟမ့် ........ ''
တစ်ချိန် တည်းမှာပင် လင်းယွန်က သူ့ခေါင်းကို မြှောက် ကြည့်လိုက်ရာ၊ ချောက် ကမ်းပါး၏ အဆုံးအား၊ နီးကပ်စွာ မြင်လိုက် ရသည်။
ချက်ချင်း ဝမ်းသာ သွားသော်လည်း၊ သူ့မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ တစ်စက္ကန့်ပင် မခံ လိုက်ပေ။ ကြယ်တာရာ တစ်စင်း ကဲ့သို့ ရေကန်ထဲ ပြန်ပြုတ်ကျ လာတော့သည်။
'' ဗွမ်း ........ ''
ပြုတ်ကျ လာသော အရှိန်ကြောင့်၊ ကြီးမားသော လှိုင်းလုံးများ ဖြစ်သွား စေခဲ့သည်။
သူ့ခန္ဓာ ကိုယ်ကို စစ် ဆေး ကြည့်လိုက်ရာ၊အရိုးများ ကျိုး သွားကြောင်း၊ သိရှိ လိုက်ရသည်။
လက်ရှိ ခွန်အား အရ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း အကူ အညီ ဖြင့်ပင်၊ ချောက် ကမ်းပါးကို တက်ရန်၊ မဖြစ်ချေ။
အဘိုးအိုကို အကူအညီ တောင်းရန် စဉ်စားမိ သော်လည်း၊ ချက်ချင်းပင် ခေါင်းယမ်း လိုက်မိသည်။
အဘိုးအိုက ကူညီကောင်း ကူညီနိုင် သော်လည်း၊ သူ့အား နှိမ့်ချစွာ ရှုမြင် လာနိုင်သည်။
ယင်းကြောင့် ထိုအတွေးကို မေ့ဖျောက် လိုက်ကာ၊ ရေကန် ထဲမှ ခုန်တက် လိုက်ပြီး၊ ကျောက်စိမ်း တုံး တစ်တုံးကို၊ ထုတ်ယူ လိုက်၏။
၎င်းကျောက်စိမ်း တုံးမှာ၊ စကားလုံး ငါးလုံးသာ ပါရှိသော၊ မဟာ လေဟုန်ကျမ်း ဖြစ်သည်။
ဤသည်မှာ အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေမှ၊ ရရှိ ထားသော ဆုလာဘ် ပေပင်။
“ မဟာ လေဟုန် ကျမ်းနဲ့ အတူ၊ ကောင်းကင်ဘုံ ကိုးပါးကို ပျံတက် နိုင်လိမ့် မယ်လို့၊ ငါမျှော်လင့် ပါတယ်၊ ”
ဟူသော ကောင်းကင်ဘုံ ယဇ်ပလ္လင် ဝိညာဉ် တော်၏ အသံမှာ၊ နားထဲ၌ ပြန်လည် ထွက်ပေါ် လာသည်။
မဟာ လေဟုန် ကျမ်းကို၊ နက်နဲ ကျင့် ကြံသူ များအတွက်၊ နည်းစနစ် တစ်ခုဟု၊ အစတွင် ထင်ခဲ့ သော်လည်း၊ ၎င်းမှာ ကွဲပြားကြောင်း သူ သတိ ထားမိ ခဲ့သည်။
လေ့ကျင့် လိုပါလျှင်၊ နောက်ကွယ်ရှိ ရည်ရွယ် ချက်ကို နားလည် ရပေမည်။ မဟုတ် ပါက အန္တရာယ် ရှိနိုင်သည်။
မဟာ လေဟုန် ကျမ်းမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေ၊ ကျင့် ကြံ သူများ အတွက် ဖြစ်သည်ဟု ခံစား မိခဲ့ ရသည်။
အမှန် ဆိုရ ပါမူ၊ ရှေး ဟောင်း နည်းစနစ် များကို၊ ယနေ့ ခေတ်ဖြင့် မည်သို့မျှ၊ နှိုင်းယှဉ် နိုင်မည် မဟုတ်ပေ။
" ဒါကို စမ်းကြည့်ဖို့၊ ငါ့မှာ တစ်ညပဲ အချိန် ရှိတယ်။ "
ကျောက်စိမ်း တုံးကို နဖူးပေါ် တင်လိုက်ပြီး၊ အချက် အလက် များအား စုပ်ယူရန် ကြိုးစား မိ သည်။
[ မဟာလေဟုန်ကျမ်း။
မြောက်ပိုင်း စီရင်စု ထဲတွင် ခွန်ပန်ဟု အမည်ရသော ငါးတစ်မျိုး ရှိ၏၊ ထိုငါးသည် ငှက် အဖြစ် ပြောင်းလဲပြီး လေထဲ ပျံသန်း နိုင်၏။
အဆိုပါ ငါးပျံကို ကြည့်ကာ၊ ကောင်းကင်ဘုံ ကိုးပါး အထိ၊ ပျံသန်း နိုင်ရန် အတွက်၊ မဟာ လေဟုန် ကျမ်းကို ဖန်တီး ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပျံသန်း နိုင်ရန် လွတ်လပ်ပြီး အနှောင် အဖွဲ့ ကင်း သော 'လေ ဓာတ်' လိုအပ် ပေသည်။
အလုံး စုံသော သဘာဝ တရား ခြောက်ပါး တို့ကို စုစည်း ခြင်းဖြင့် သာလျှင်၊ အောင်မြင် နိုင်မည် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး အောက်တွင် လေ၊ မိုး၊ ယင်၊ ယန်၊ အလင်းနှင့် အမှောင် ဟူသော သဘာဝ တရား ခြောက်ပါး ရှိ၏။
လေသည် ၎င်းသဘာဝ တရား ခြောက်ပါးတို့ အနက်မှ တစ်ခု ဖြစ်ပြီး၊ သဘာဝ တရား ကြီး၏ အစ တွင်လည်း ရှိခဲ့သည်။
ဆိုလို သည်မှာ လေမရှိ ပါလျှင်၊ တခြားသော သဘာဝ တရား ငါးမျိုး မရှိ နိုင်ပေ။ ]
လင်းယွန်က ကျောက်စိမ်း တုံးကို ဖတ်ကြည့် ပြီးနောက်၊ မျက်လုံး ပြန်ဖွင့် လိုက် ချိန်တွင်၊ ကောင်းကင် ကြီးက မှောင်မဲနှင့် လေပြီ၊ သူ့၌ အချိန် သိပ်မကျန် တော့ပေ။
လင်းယွန်က ကျောက်စိမ်း တုံးကို၊ ပင့်မြှောက် စော့ ကစားကာ၊ ရေကန် ပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်း နေခဲ့သည်။
မဟာလေ ဟုန် ကျမ်းအား၊ ဤမျှ လွယ်ကူစွာ သူ သဘော ပေါက်ခဲ့ ခြင်းမှာ၊ လရောင် ရေစင် ဓားကို သရုပ်ဖော် အဆင့်သို့၊ ယူဆောင် လာနိုင်ခြင်း ကြောင့်လည်း၊ ဖြစ်ကောင်း ဖြစ်နိုင် ပေသည်။
ခွန်ပန် သည် ပင်လယ် ထဲတွင် ကူးခတ် နိုင်ပြီး၊ ငှက် အဖြစ်လည်း ပျံသန်း နိုင်၏။
ယခု အချိန်တွင် လင်းယွန်မှာ၊ ပင်လယ်ထဲ ကူးခတ် နေ သော ငါးတစ်ကောင် မျှသာ ဖြစ်နေပြီး၊ ပျံသန်းရန် ငှက်တစ်ကောင် အဖြစ် ပြောင်းလဲ ရပေမည်။
ဆိုလို သည်မှာ လေကို သူ လိုအပ်၏။ လေ မပါဘဲ ပျံသန်း နိုင်မည် မဟုတ်ပေ။
မဟာ လေဟုန် ကျမ်းတွင် အဆင့် လေးဆင့် ပါရှိပြီး၊ ၎င်းငည် ယနေ့ ခေတ် သတ်မှတ် ပုံများနှင့်၊ ကွဲပြား သော အဆင့်များ ဖြစ်သည်။
ရှင်းရှင်း ဆိုရသော် မဟာ လေဟုန် ကျမ်းကို အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်၊ ပါရမီရှင် ကျွမ်းကျင်မှု အဆင့်၊ အံ့ဩဖွယ် ကျွမ်းကျင်မှု အဆင့်နှင့် ပြိုင်ဘက်ကင်း ကျွမ်းကျင်မှု အဆင့် ဟူ၍ ပိုင်းခြား ထားသည်။
ကနဦး အဆင့်နှင့် အလတ် အလတ် အဆင့်များ မရှိဟု ဆိုလိုသည်။ ယင်းမှာ ကောင်းမွန် ပေ၏။
ဤပညာရပ်သည် မြင့်မားသော အဆင့် (အဆင့်မြင့် ကျွမ်းကျင်မှု) တစ်ခု ဖြင့်၊ စတင် နိုင်ပြီး၊ ၎င်းထံမှ တစ်ခုခု ရနိုင်သည် ဖြစ်စေ ကျရှုံးသည် ဖြစ်စေ အရှုံး မရှိ နိုင် ချေ။
'' လေက ဘယ်က လာတာလဲ။ ''
မူလ စွမ်းအင်ကို စုဆောင်းပြီး၊ လက်ဖဝါးအား ရှေ့သို့ တွန်းလွှတ် ခြင်းဖြင့်၊ လေကို သဘာဝ အတိုင်း ဖန်တီး နိုင်မည်၊ ၎င်းမှာ မှားယွင်းသော နည်းလမ်း မဟုတ်ကြောင်း ထင်ရှား လှသည်။
လေနှင့် မိုး ၊ ယင်နှင့် ယန် ၊ အလင်း နှင့် အမှောင်။ စသည် တို့သည် ကမ္ဘာဦး ကတည်း ကပင်၊ တည်ရှိ ခဲ့သော သဘာဝ တရားကြီး၊ ခြောက်ပါး ဖြစ်သည်။
လေ မရှိလျှင် အခြား သော သဘာဝ တရား ငါးပါးလည်း မရှိနိုင် ဟူသည့်၊ သဲလွန်စကို ခံစား မိ၏။
အဘိုးအိုက ထို အကြောင်းကို၊ တစ်စုံ တစ်ရာ သိကောင်း သိ နိုင် ပေ လိမ့်မည်။
ယင်း အတွေးကြောင့် အဘိုးအိုထံ လှည့်ကြည့် လိုက်မိ၏။ သို့သော် အဖိုးအိုက ကောင်းကင်ပေါ်၊ လက်ညိုး ညွှန်ပြ လိုက် ပြီး၊ သူ့အား အပြုံးဖြင့် တုန့်ပြန် လာသည်။
ကောင်းကင်က မှောင်မိုက် လာပြီး၊ သူ့၌ အချိန်သိပ် မကျန် တော့ဟု၊ အဘိုးအိုက ဆိုလို နေခြင်း ဖြစ်သည်။
အဘိုးအို၏ အမူအရာကြောင့်၊ လင်းယွန်က အဘိုးအို အပေါ် အားကိုးလို့ မရ နိုင်မှန်း သိလိုက်ရသည်။
( လေ... သစ်ရွက်တွေ လွင့်နေ တယ်ဆို တာက၊ လေက သစ်ရွက်ကို ရွေ့သွား စေတာလား၊ သစ်ရွက် ကိုယ်တိုင်က ရွေ့သွား တာလား။ )
သူ့ မျက်လုံးများ ရုတ်တရက် တောက်ပ လာကာ၊ တစ်စုံ တစ်ခုကို ဖမ်းဆုပ် မိသွားသည်။ မျက်လုံး မှိတ်ပြီး စဉ်းစားစ ပြုလာ၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန် သွားပြီးနောက်၊ မျက်ဝန်းများ ပြန်ပွင့်လာ ခဲ့သည်။
( လေ .... ဘယ် က လာ လဲ။ )
ဤလောက ကြီးတွင် ရွေ့လျား နေသော အရာဝတ္ထု တစ်ခုရှိ နေသရွေ့ လေ ရှိနေသည်။ ယင်းကြောင့် ရေကန်ကို ရွှေ့နိုင် ပါက၊ သဘာဝ အတိုင်း လေ ဖြစ်လာ နိုင်၏။
ထိုအကြောင်းကို တွေးမိ လေလေ သူ့ မျက်ဝန်းများ တောက်ပ လာလေလေ ဖြစ်သည်။
တစ်ချိန်တည်း မှာပင်၊ မဟာ လေဟုန် ကျမ်း၏၊ အချက် အလက်များ ကိုလည်း၊ ထိုးထွင်း သိမြင် လာခဲ့သည်။
ထိုအချက် အလက်များ အတိုင်း၊ သူ၏ မူလ စွမ်းအင်ကို ဖြန့်ကျက် လိုက်သည်နှင့်၊ အကန့် အသတ် မရှိသော ရောင်ဝါများ ပေါက်ကွဲသွား လေသည်။
'' သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ... ''
ပေါက်ကွဲ လာသော လင်းယွန်၏ အရှိန်အဝါကို ကြည့်ကာ၊ အဘိုးအိုက မျက်မှောင်ကြုတ် လိုက်မိသည် ။
ရုတ်တရက် လင်းယွန်က ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ ရေကန်ထံ လက်ဖဝါး ရိုက်ချက်များ ပစ်ချ လိုက်၏။
'' ဝုန်း ....... ''
လက်ဝါး ဖြင့် အရိုက် ခံရသော လေထုမှာ၊ ပြင်းထန်သော ဖိအား သက်ရောက် ခံရ ခြင်းကြောင့်၊ ရေမျက်နှာ ပြင်ပေါ် ရွေ့လျား သွားသည်။
လျင်မြန် လွန်းသော ရိုက်ချက် ၊ အဟုန်ကြောင့်၊ လေဟာနယ် တစ်ခု ဖြစ်ပေါ် လာပြီး၊ ပတ်ဝန်း ကျင်ရှိ လေများက၊ ထို လေဟာနယ် အတွင်းသို့၊ အလု အယက် တိုးဝင် လာ ကြသည်။
အ ခြား တစ်ဖက်တွင် ရေကန်ဆီ၊ တွန်းပို့ ခံရသော လေများက၊ ရေ မျက်နှာပြင်အား သုံးပေခန့် ဖိချ သွားသည်။
ပြီးနောက် ရေမျက်နှာ ပြင်၏ တွန်းကန် အားကြောင့်၊ လေများ ပြန်ကန်ထွက် လာပြီး၊ သူ၏ မူလ နေရာရှိ လေထုကို တွန်းထုတ် လိုက်တော့သည်။
ဤနည်းဖြင့် ပြင်းထန် သော လေစီးကြောင်း တစ်ကြောင်း ဖြစ်ပေါ် လာပြီး၊ လင်းယွန်အား တွန်းတင် ပစ်လိုက်၏။
'' ဖန်း....ဖ န်း ဖန် .... ''
ရေ မျက်နှာ ပြင်ထံ ဦးတည်သော လက်ဖဝါးရိုက်ချက်များ ထုတ်ဖော်လျက်၊ တစ်ဟုန်ထိုး မြင့်တက် သွားကာ၊ နောင်တ ချောက်ကမ်းပါးအစွန်းအား လှမ်းမြင် လိုက်ရသည်။
မီတာ ရာဂဏန်း အကွာသို့၊ အရောက်တွင် လေပြင်းအား ပျော့လာ သည်ကို၊ ခံစားလိုက် ရသောကြောင့်၊ လင်းယွန် မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားသည်။
'' ဒင်း ဒင် ဒင် ... ''
ဤအခိုက်အတန့်တွင်၊ ဗျတ် စောင်းသံ ထွက် ပေါ် လာပြီး၊ လေ ပြင်းများ ထပ်မံ ထွက်ပေါ် လာစေကာ၊ လင်းယွန်အား တွန်းတင် ပေးလိုက် လေသည်။
လေဟုန် စီးလျက် မြေပြင် ပေါ်သို့၊ ညင်သာစွာ ဆင်းသက် လိုက်သည်။ နောက်ဆုံးတွင် အဘိုးအို ထံမှ အကူ အညီအား လိုအပ်နေ ပေသေးသည်။
သို့သော် ၎င်းကို အကူ အညီဟု၊ မယူဆ နိုင်သောကြောင့်၊ အလေး မထား တော့ပေ။
ကောင်းကင်ပေါ်သို့ မော့ကြည့် လိုက်သော အခါတွင်၊ သင်းထောက် များက ဓားငှက်များပေါ်မှ၊ သူ့အား လှမ်းကြည့် နေသည်ကို၊ တွေ့လိုက် ရသည်။
နောင်တ ချောက်ကမ်းပါး ပေါ်တွင်၊ ရှိနေသော လင်းယွန်ကို မြင်မှ သာလျှင်၊ ထွက်ခွာ သွား ကြ၏။
လင်းယွန်က ချောက် ကမ်းပါးပေါ် ခုန်ဆင်း လိုက်သည့် အခိုက်တွင်၊ ကျန်ရစ် ခဲ့ သော ဇရပ် ရှေ့သို့၊ ကာကွယ်သူ မက်မွန် တစ်ယောက် ဆင်းသက် လာ ခဲ့သည်။
သူက ရေကန်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး၊
“ လှိုင်း တွေက တကယ်ကြီး တာပဲ ....”
“ လေ မရှိရင် လှိုင်းတွေ ဖြစ်မလာ နိုင်ပါဘူး၊ မင်းဒီကို ဘာအတွက် လာတာလဲ။ "
ကာကွယ်သူ မက်မွန်၏ စကားကို၊ အဘိုးအိုက ဂရု မစိုက် ဟန်ဖြင့်၊ မေးလိုက်သည်။
“ ဒီနေ့ အိမ်ရှေ့ မင်းသား ရောက်လာ ပြန်ပြီ။ ”
ကာကွယ်သူ မက်မွန်က ပျက်ယွင်းသော မျက်နှာဖြင့် ပြန်ဖြေသည်။
အဘိုးအိုက ရေကန်ကို စိုက်ကြည့်လျက် အချိန် အ တော်ကြာ ငြိမ်သက် သွားသည်၊ ခဏ အကြာတွင် နွမ်းလျသော၊ အမူ အရာများ ဖြစ်ပေါ် လာ၏။
ပြီးနောက် ဗျတ်စောင်းအား ဆွဲထုတ်ကာ၊ အေးစက်သော အမူ အယာဖြင့်၊ စတင် တီးခတ်လျက်၊ စကား ဆိုလိုက် လေသည်။
“ သူသာ ဆန္ဒ မရှိရင်၊ သူ့ကို ဘယ်သူမှ ထိလို့ မရဘူး၊ .... ''
( ဒင်း ........ )
'' ..... ဒါ ပေမဲ့ သူ ခေါင်းညိတ် သွားရင် တော့၊ ဘယ် သူမှ မကယ် တင် နိုင် ဘူး။ "
( ...... ဒေါင်......ဒင် )
***