← Chapters

ရွေးချယ် စရာ မရှိ။

Vol. 29 Ch. 402

ရွေးချယ် စရာ မရှိ။

Vol. 29 Ch. 402

“ သူသာ ဆန္ဒ မရှိရင်၊ သူ့ကို ဘယ်သူမှ ထိလို့ မရဘူး၊ .... ''

အဖိုးအိုက ဗျတ်စောင်းအား ဆွဲထုတ်ကာ၊ အေးစက်သော အမူ အယာဖြင့်၊ စတင် တီးခတ် လိုက်သည်။

( ဒင်း ........ )

ဗျတ်စောင်းသံ နှင့်အတူ အဖိုအို၏ အသံမှာ၊ဆက်လက် ထွက်ပေါ်လာ ခဲ့သည်။

'' ..... ဒါ ပေမဲ့ သူ ခေါင်းညိတ် သွားရင် တော့၊ ဘယ် သူမှ မကယ် တင် နိုင် ဘူး။ "

( ...... ဒေါင်......ဒင် )

အထူး သဖြင့် နောက်ဆုံး စကားကို ဆိုသော အခါတွင်၊ အဘိုးအို၏ အသံက အေးစက် သွား တော့သည်။

ယင်းကြောင့် ကာကွယ်သူ မက်မွန်က၊ မည်သို့ ဆက်ပြော ရမည်မှန်း မသိ တော့ခြေ။ ရှုပ်ထွေးသော ခံစား ချက်များ ဖြစ်ပေါ် လာပြီး၊ ရေကန်အား ငေးကြည့် နေလိုက်သည်။

ကာကွယ်သူ မက်မွန်၏ အမူအရာကို ကြည့်ပြီး၊ အဖိုးအိုက သက်ပြင်း ချကာ၊

" ဒါက သူနဲ့ပဲ ဆိုင်တာမို့၊ သူ့ အတွက် ငါတို့က ဆုံးဖြတ်ချက် မချပေး နိုင်ပါဘူး။ "

“ ဒါပေမယ့် ကျနော် တို့မှာ၊ ရွေးချယ် စရာတွေ အများကြီး မရှိ သလို၊ သူ့ ဆုံးဖြတ်ချက် ကလည်း၊ သူ့ဆန္ဒ အစစ် အမှန် မဟုတ် တော့မှာ စိုးမိတယ်။ ”

ကာကွယ်သူ မက်မွန်က၊ ၎င်း၏ လက်သီးများကို တွဲလျက် ဆုပ်ကိုင် လိုက်သည်။

" ဘာ လို့ လဲ ...."

အဖိုးအိုက လက်သီးဆုပ် ထားသော၊ ကာကွယ်သူ မက်မွန်ထံ လှမ်းကြည့်ပြီး၊

" .... ကမ္ဘာ ပေါ်မှာ အခက် ခဲဆုံး အရာက၊ မင်းရဲ့ နှလုံးသား နောက်ကို လိုက်ဖို့ ပါပဲ၊ သူ့ကို နားချဖို့ ငါမလုပ် နိုင်ဘူး၊ ဒါပေမယ့် သူသာ ဆန္ဒ မရှိရင်၊ ဘယ်သူမှ သူ့ကို မထိ စေရ ဖူးလို့၊ ငါပြောထား ပြီးသား မဟုတ်လား။ "

“ နန်းတော် သခင် …”

“ ထားလိုက်ပါ၊ မင်း ဆုံးဖြတ်ချက် ချပြီး ပြီမို့၊ ငါ့ကို မေးနေ စရာ မလို ပါဘူး၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က၊ ငါ လှုပ်ရှား ပေးခဲ့ ပြီးပြီ၊ ဒီကိစ္စမှာ ဝင် မစွက်ဖို့၊ အဲဒီ လူနဲ့ ကတိ ပြုထားတယ်၊ ဒါ ပေမယ့် မင်းကတော့ မလုပ် ခဲ့ဘူး၊ မင်းဆန္ဒရှိ သလို လုပ် နိုင် ပါတယ် ။ "

အဖိုးအိုက ကာကွယ်သူ မက်မွန်ကို၊ ထွက်သွားဖို့ရန် လက်ဝှေ့ယမ်း ပြလိုက်သည်။

" နားလည် ပါပြီ၊ သွားလိုက် ပါ့မယ်။ ''

အချိန် အတော်ကြာ နှုတ်ဆိတ် နေပြီးနောက်၊ ကာကွယ်သူ မက်မွန်က နှုတ်ဆက် စကား ဆိုလိုက်သည်။

နန်း တော် သခင် ပြောသလို ပင်။ ဓားနန်းတော် အနေဖြင့် လှုပ်ရှားရန်၊ အ ကြာင်း ပြချက် မရှိ သောကြောင့်၊ ကူညီလို သော်လည်း၊ လုပ်ဆောင် နိုင်ခြင်း မရှိပေ။

ဆိုလို သည်မှာ အကြောင်း ပြချက်နှင့်၊ အမှန် တရားသည် တစ်ဖက် ဖက်တွင် ရှိနေမည် ဖြစ်သည်။

ရတနာ တောင်ကုန်း တစ်နေရာတွင် လူနှစ်ယောက် အတူ တကွ ရပ်နေ ခဲ့သည်။ ထိုလူ နှစ်ယောက် အနက်၊ တစ်ယောက် ထံမှ၊ နားမလည် နိုင်သော အရိပ် အယောင်များ ပေးစွမ်း နေသည်။

ထိုလူ၏ ညာဘက်တွင် ရပ် နေ သော သူက၊ ဓားနန်းတော် ဝတ်စုံကို ၀တ်ဆင် ထားကာ၊ ခပ်ဖျော့ ဖျော့ အရှိန် အဝါများ ပြသ ထားသည်။

ပထမ လူမှာ မဟာချင် အင်ပါယာ၏ အိမ် ရှေ့ မင်းသား၊ ချင်ယု ဖြစ်၏။ ဒုတိယ လူမှာ ဘိုင်လိရွှမ် ဖြစ်ပြီး၊ မဟာချင် အင်ပါယာ၌ အ ကောင်း မွန်ဆုံး သော၊ အရည် အချင်း ရှိသူ၊ တစ်ဦး ဖြစ်သည်။

သူတော်စင် ခန္ဓာ ကိုယ်ကြောင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တွင်ပင်၊ သူနှင့် ယှဉ်ပြိုင် နိုင်သူ အများ အပြား မရှိပေ။

ယခု အခါတွင် သူ၏ ကျင့် ကြံမှုမှာ၊ နက်နဲ သိုင်း နယ်ပယ်၊ နဝမ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေပြီး၊ ဓား ရည်ရွယ်ချက် ၌လည်း၊ အောင်မြင် မှုမှာ မနိမ့်ကျ လှပေ။

" အရှင် မင်း မြတ်၊ ရှင်းယန် နိုးလာ ပြီးတည်းက၊ ဒီကို ရောက် လာတာ နှစ်ကြိမ် ရှိပြီ၊ ဒီတစ်ကြိမ်က တတိယ အကြိမ်ပဲ။ "

ဘိုင်လိရွှမ်က ထူးခြား နေသော ချင်ယုကို ကြည့်ကာ ဆိုသည်။

ရှင်းယန်နှင့် တွေ့ဆုံရန် အကြိမ်ကြိမ် ကြိုးစား လာသော ချင်ယုကြောင့်၊ ဤကိစ္စမှာ အရေးကြီးသော ကိစ္စ တစ်ရပ် အဖြစ်၊ ခန်းမှန်း ထားမိသည်။

ဆိုလို သည်မှာ ချင်ယု၏ မာန အရ၊ ဤမျှ အထိ လုပ်ဆောင်မည် မဟုတ်ကြောင်း သူ သိသည်။

ရှင်းယန်အား ချင်ယုက၊ သဘောကျ နေကြောင်း၊ ကောလာ ဟလများ ထွက်ပေါ် လာခဲ့ သော်လည်း၊ ထိုမျှ ရိုးရှင်း လိမ့်မည်ဟု မထင် မိပေ။

သဘာဝ အတိုင်း ဓားနန်းတော်၏ အလှဆုံး အမျိုးသမီးမှာ ရှင်းယန် ဖြစ်ပြီး၊ တပည့် များက သူမကို သဘော ကျခဲ့ ကြသည်။

သို့သော် မည်သူမှ သူမ အာရုံကို၊ ဖမ်းစား နိုင် ခြင်း မရှိ ခဲ့ ပေ။ သူမကို ကံစမ်း သူတိုင်းက သူမ ဓားဖြင့် အသတ်ခံ သွားရ တက်သည်။

ထို့ကြောင့် အိမ်ရှေ့ မင်းသားသည် သူမ ကဲ့သို့ သော၊ အမျိုးသမီး တစ်ဦး အပေါ် အနိုင်ယူလို သည်မှာ၊ အဓိပ္ပါယ် ရှိသော်လည်း၊ ၎င်းကို ဘိုင်လိရွမ်က မယုံ ခဲ့ပေ။

ချင်ယု၏ ဂုဏ်သတင်း အရ၊ သူလို ချင်သော မည်သူ့ကို မဆို၊ ရယူ နိုင်သည်။ ချင်ယုမှာ မိန်းမ တစ်ယောက် လက်၌၊ ကျရှုံး မည့်သူ မဟုတ်ကြောင်း သူသိသည်။

“ ဒါက မျှော်လင့် ကြည့်တာပါ၊ ဘဝက ချောမွေ့လွန်း နေရင်၊ ငါအတွက် အဆင် မပြေဘူး၊ ဒါနဲ့ မင်းငါ့ကို ငါ့နာမည်ပဲ ခေါ်ပါ၊ အင်ပါယာရဲ့ ဂုဏ်ပုဒ်ကို မင်းအနေနဲ့၊ စိုးရိမ် နေစရာ မလို ပါဘူး၊ အနာဂါတ်မှာ အင်ပါ ယာထက်၊ ပိုကြီးတဲ့ ကမ္ဘာ တစ်ခုဆီ၊ ထွက်သွား ရလိမ့်မယ်။ "

ချင်ယုက စကား ခဏ ရပ်ကာ၊ ဘိုင်လိရွှမ်ဘက် လှည့်ကြည့် လိုက်ပြီး၊

" နဂါး တံခါး ပြိုင်ပွဲက နှစ်လ နေရင် ကျင်းပတော့မယ် .... ပါရမီရှင် ရှစ်ပါးထဲ၊ မင်း ဝင်ရောက် နိုင်လိမ့် မယ်လို့ ထင်လား။ "

နဂါး တံခါး ပြိုင်ပွဲ အသံကို ကြားသည်နှင့်၊ ဘိုင်လိရွှမ်၏ မျက်နှာမှာ ညှိုးနွမ်း သွားသည်။ သူက၊

“ ပါရမီရှင် ရှစ်ပါးနဲ့ ယှဉ်ရင်၊ ငါ့မှာ အခြေခံ အုတ်မြစ် အားနည်း နေပါ သေးတယ်၊ နိုင်ပွဲ အတွက် ယုံကြည်မှု (၄၀%) ပဲ ရှိတယ်။ ”

“ မင်းက ကိုယ့်ကိုကိုယ် တော်တော် နှိမ့်ချ နေတာပဲ။ ”

ချင်ယုက ပြုံးကာ ဆိုလိုက်သည်။ ပြီးနောက် ကြည်လင် တောက်ပ နေသော၊ ဘိုင်လိရွှမ် ခန္ဓာ ကိုယ်ကို ငုံ့ကြည့်ကာ၊

" မင်းမှာ သူတော်စင် ခန္ဓာ ရှိတယ်၊ ဒါကြောင့် အောင်မြင်မှုက မင်းရဲ့အနားမှာ အမြဲရှိ နေမှာပါ၊ နောက်တစ်လ အကြာမှာ၊ ဘာဖြစ်မယ် ဆိုတာ ပြောဖို့ ခက်ပေမယ့်၊ သတင်းကောင်း တစ်ခု ရှိတယ်၊ 'လွင့်မျော နေသော ရေခွက်' က၊ နှစ်ကုန် နဂါး တံခါး ပြိုင်ပွဲကို၊ ပါဝင်မှာ မဟုတ် တော့ဘူး။ ”

" တကယ် ပြောနေ တာလား။ "

ဘိုင်လိရွှမ်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ အမှန်သာ ဆိုပါလျှင်၊ သတင်းကောင်း တစ်ပုဒ် ဖြစ်ပြီး၊ မဟာချင် အင်ပါယာ တစ်ခုလုံး ပျံ့နှံ့ သွားပေ လိမ့်မည်။

“ လုံးဝ သေချာတယ် ”

ချင်ယုက ပြန်ဖြေသည်။

" သူ့ အသက်က နှစ်ဆယ့် ငါးနှစ် ကျော်သွားလို့လား။ "

" မဟုတ်ဘူး ... သူက ငါ့ထက် တစ်နှစ် တောင် ငယ်တယ်၊ သူ ဘာတွေ တွေးနေလဲ ဆိုတာ ဘယ်သူက ခန့်မှန်း နိုင်မှာလဲ၊ ကောင်းပြီ ... သူက ဒီနဂါး တံခါး ပြိုင်ပွဲမှာ၊ မပါဝင် တော့ဖူး ဆိုတာ သေချာတဲ့ အတွက်၊ အရေး မကြီး တော့ပါဘူး။ ”

လွင့်မျော နေသော ရေခွက်မှာ၊ ယခင် နဂါးတံခါး ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ပြီး၊ ချင်ယု ကိုပင် အနိုင်ယူ ခဲ့သူ ဖြစ်သည်။

ချင်ယုက လွင့်မျော နေသော ရေခွက်ကို၊ ကြောက်ရွံ့ မိသော်လည်း၊ သည်တစ်ကြိမ် ပြိုင်ပွဲတွင်၊ ထိုဆုံးရှုံး မှုကို ရှင်းပစ် ချင်ခဲ့သည်။

သို့သော် လွင့်မျော နေသော ရေခွက်က၊ သူ့အား အခွင့် အရေး မပေး တော့ပေ။

လွင့်မျော နေသော ရေခွက် မပါဝင် ခြင်းကြောင့်၊ ချင်ယု အတွက် စိတ်သက် သာရာ ရ စေ သော်လည်း၊ တစ်ဖက်တွင် စိတ်ပျက်သွား မိသည်။

သို့သော် ဘိုင်လိရွှမ် အတွက်၊ သတင်းကောင်း တစ်ပုဒ် ဖြစ်ကြောင်း၊ သံသယ ဖြစ်ဖွယ် မရှိပေ။

အကယ်၍ ယမန်နှစ် ပါရမီ ရှင်များ ထဲမှ တစ်ဦးသည်၊ ပြိုင်ပွဲတွင် ပါဝင် ခြင်း မရှိတော့ ပါက၊ အဆင့် တစ်နေရာ စာ လွတ်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။

နောက်တစ်လ ကုန်လွန်ပြီး လျှင်ပင်၊ ပါရမီရှင် ရှစ်ပါးကို အနိုင် ယူရန်၊ ဘိုင်လိရွှမ်၌ အခွင့် အရေး ငါးဆယ် ရာခိုင် နှုန်းသာ ရှိသည်။

သို့သော် လွင့် မျာ နေ သော ရေခွက်သာ၊ ပါဝင် လာခြင်း မရှိ ပါက၊ သူ၏ အနိုင် ရနိုင် ခြေမှာ၊ (၈၀%)သို့ မြင့်တက် လာပေမည်။

ဘိုင်လိရွှမ်က လေးလေး နက်နက် တွေးယူ လိုက်ပြီး၊

" ဒါဆို ရင် တော့ .... ငါမင်းနဲ့ အတူ သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ ပါဝင်ဖို့ အခွင့် အရေး ရှိလာ ပါပြီ။ "

" အင်း အမှန်ပဲ ... အခုတော့ ရှင်းယန် ဆီကို၊ သွားကြ ရအောင်။ "

သူတို့ နှစ်ဦးသာ အသွင် အပြင်ကြောင့်၊ အနီး နားရှိ တပည့် များစွာ၏ အာရုံကို၊ ဆွဲဆောင် နိုင်ခဲ့သည်။

သူတို့ အတူတူ ရှိနေ ခြင်းက၊ ၎င်းတို့အား အံ့အားသင့် စေ၏။

လူအုပ် ထဲတွင် ပျက်ယွင်းသော အမူအရာထုတ်ဖော် ထားသူ နှစ်ဦး ရှိသည်။ ထိုသူ နှစ်ဦးမှာ လင်းကျူရှန်နှင့် လင်းယန်တို့ ညီအစ်မ နှစ်ယောက် ဖြစ်၏။

"အစ်မကြီး၊ ဝမ်မိသားစု ကနေ၊ ဖေဖေ ရလာတဲ့ သတင်း အရဆို၊ အိမ်ရှေ့ မင်းသားက စီနီယာ အစ်မ ရှင်းယန်ကို၊ အဆုံး စွန်ထိ တွန်းပို့ဖို့ ကြိုးစား နေတယ်လို့၊ ဆိုလိုတာ မဟုတ်လား။ "

လင်းယန်က ချင်ယုနှင့် ဘိုင်လိရွှမ်ကို၊ ဒေါသ ထွက်နေသော မျက်လုံး များဖြင့်၊ စိုက်ကြည့်ကာ ဆိုသည်။

" အဲဒါဆို ရင်ရော ... ငါတို့ ဘာလုပ် နိုင်မှာလဲ၊ သူက အိမ်ရှေ့ မင်းသားလေ၊ မဟာချင် အင်ပါယာမှာ၊ ဘယ်သူ ကများ သူ့ကို လွန်ဆန် ဝံ့မှာလဲ။ ''

လင်းကျူရှန်က ကူကယ်ရာ မဲ့ဟန်ဖြင့်၊ ပြုံးလိုက်သည်။

" ဒီကိစ္စကို အစ်ကိုကြီး လင်းကို ပြောပြ ရမယ်။ "

အ ပြစ် ဒဏ်မှ လွတ်မြောက် လာပြီးနောက်၊ လင်းယွန်သာ သိရှိ သွားပါမူ၊ နောင် တစ်ချိန်တွင် သူ တစ်သက်လုံး၊ နောင်တရ နေလိမ့် မည်ဟု၊ လင်းယန် ယုံကြည် သည်။

“ ကောင်မလေး... နောင်တ ချောက်ကမ်းပါး ထဲကို၊ တိုးဝင် ခြင်းက သေခြင်း တရား ဆိုတာ မင်းသိလား၊ ဒါက ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မင်းတက် နိုင်မှာ မဟုတ်ဘူး။ ”

လင်းကျူရှန်က ခေါင်းရမ်းကာ ဆိုသည်။

“ ဒါဆိုလည်း ဖြစ်ပါ လေ့စေ၊ ဘာပဲ ဖြစ်ဖြစ် ငါ စမ်းကြည့် ချင်တယ်။ ”

လင်းယန်၏ မျက်လုံး များက၊ ပိုင်းဖြတ် ထား သော ခံစားချက် များဖြင့်၊ ပုတ်ခတ် ပုတ်ခတ် ဖြစ်သွား ပြီး၊ သူမ လှုပ်ရှား တော့မည့် အချိန်တွင်၊ လင်းကျူရှန်က ဟန့်တား လိုက်ရသည်။

နောက်ဆုံးတွင်၊ နောင်တ ချောက်ကမ်း ပါးသို့ ခိုးဝင်သွား ခြင်းသည်၊ သေဒဏ် ပေးခံရ နိုင်ပြီး၊ ထိုနေရာတွင် စောင့် ကြပ် နေသော သင်းထောက် များက၊ သူမ တို့၏ နောက်ခံကို ဂရု စိုက်မည် မဟုတ်။

ထို့ကြောင့် လင်းကျူရှန်က ဤအန္တရာယ်ကို ကျော်လွှား လိုခဲ့သည်။

အတူ တကွ ရောက်ရှိ လာသော ဘိုင်လိရွှမ်နှင့် ချင်ယုကြောင့်၊ ရတနာ တောင်ကုန်း၏ အဖွဲ့ဝင် များက၊ တင်းမာသော အမူအရာ များဖြင့် ကြည့်လာ ကြသည်။

အထူး သဖြင့် ချင်ယုကို မြင်သော အခါတွင်၊မျက်နှာများ နီရဲ လာ၏။ သို့သော် ၎င်းနောက်ကွယ်ရှိ ချင်အင်ပါယာ၏ ပုံရိပ်ကြောင့်၊ တစ်စုံ တစ်ရာ လုပ်ဆောင် ဝံ့ခြင်း၊ မရှိ ကြချေ။

" လိရွှမ် ငါ့အတွက် ဒီမှာစောင့် ပေးပါ၊ ဘယ်သူ့ကိုမှ ပေးမဝင် ပါနဲ့။ "

" အဲဒါကို စိတ်မပူ ပါနဲ့ ..... "

ဘိုင်လိရွှမ်က ပြန်ဖြေသည်။ ချင်ယုက ခြံဝင်းထဲ လှမ်းဝင် လိုက်သည်နှင့်၊ ဓားကိုင် ထားသော ရှင်းယန်ကို၊ တွေ့လိုက် ရသည်။

သူမ၏ ဓားမှာ လေထဲတွင်၊ ကခုန် နေသော သွေးပန်းများ ကဲ့သို့ ဝဲလွင့် နေ၏။

( ဖြောင်း ...ဖြောင်း ဖြောင်း..... ။ )

“ တကယ်ပဲ ထက်မြက်တဲ့ ဓားနည်းစနစ် ပါပဲ။ ”

ချင်ယုက လက်ခုပ် တီးကာ ပြုံးလိုက်သည်။

" ထွက် သွား .... "

ရှင်းယန်က သူ့ဓားကို၊ ရုတ်သိမ်း လိုက်ပြီးနောက် ပြန် လှည့်မကြည့် ဘဲ၊ မောင်းထုတ် လိုက်သည်။

'' ရှင်းယန် ... မင်းက ဒီလောက်ထိ သွေးအေး နေဖို့ လိုသေး လို့လား၊ ဘာပဲ ဖြစ်ဖြစ် ငါတို့ ငယ်ငယ်က ခင်မင် ရင်းနှီး မှုတွေ ရှိနေ ဆဲပဲ လေ၊ အတူတူ ကြီးပြင်း လာခဲ့ တာလို့ ဆိုရင်၊ ချဲ့ကား ပြောရာ မရောက် ပါဘူး။ ”

ချင်ယုက ပြုံးကာ ဆိုသည်။

" အတူတူ ကြီးပြင်း လာတာလား ...၊ တတ်နိုင် သမျှ မေ့ပျောက် လိုက်ပါ၊ ငါ့ကို တိုက်ခိုက်ဖို့ အတင်း မတိုက် တွန်းပါနဲ့။ "

ရှင်းယန်က တုန်ယင်သော လေသံဖြင့် ပြောလိုက်သည်။ သူမ၏ ဒေါသကို မျိုသိပ် နေရပြီး၊ သတ်ပစ် လိုသော ဆန္ဒများ ဖြစ်ပေါ် လာကာ၊ လက်များ တုန်ရီ နေတော့၏။

" မင်း မလုပ်နဲ့ ...."

ချင်ယု၏ နှုတ်ခမ်း ပေါ်တွင်၊ ယုံကြည်မှု အပြည့် ရှိသော အပြုံးဖြင့်၊ ရှင်းယန်နှင့် မျက်နှာချင်း ဆိုင်ရန် ကြိုးစား လိုက်သည်။

“ တတိယ အကြိမ် ဆိုတာ ...၊ ငါ့အတွက် ဘယ်တော့မှ ရှိခဲ့တာ မဟုတ်ဘူး၊ မင်းက ခြွင်းချက် ပါပဲ၊ ထားပါ ငါတို့ စေ့စပ်ပွဲ လုပ်ရအောင် ... ၊ နောက်ကြောင်းကို ပြန်ပြောင်း ပြောဆို ရမယ် ဆိုရင် ... …”

ချင်ယုက ရှင်းယန်၏ မျက်နှာကို စစ်ဆေး ကြည့်ကာ၊ ပြုံးလျက် ဆိုလာသည်။

" ပိတ် ထား .... "

ရှင်းယန်က သတ်ရန် ရည်ရွယ် ချက်ကို၊ ထုတ်လွှတ် လိုက်သော်လည်း ဓားကို မဆွဲ ခဲ့ပေ။ လုပ်ရန် မဝံ့ သောကြောင့် မဟုတ်ကြောင်း၊ သူ သိသည်။

သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို၊ ခံစားမိ ပြီး နောက်၊ ချင်ယု၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး၊

“ မင်းက ဉာဏ်ကောင်းတဲ့ လူလို့ ငါထင်ခဲ့ ပေမဲ့ ....၊ မင်း ဒီလောက် ခေါင်းမာ မယ်လို့ မထင် ခဲ့မိဘူး၊ မင်းကို သုံးခါလောက် မေးပြီး လုံလောက်တဲ့ မျက်နှာ ပေးခဲ့တယ်၊ အနာဂတ်မှာ ငါ့ကို တောင်းပန် စရာ ရှိလာတဲ့ အခါ၊ ငါမင်းကို သိပ်သဘော ကောင်းနေမှာ မဟုတ်ဘူး ... "

အံကြိတ်လျက် တုန်ယင် နေသော ရှင်းယန်ကို လျစ်လျူရှု လိုက်ပြီး၊

“ မင်း ကိုယ့်ကိုကိုယ် သတ်သေ ချင်သွားလား၊ ဒီလောက် မလွယ်ဘူး၊ မင်းသေ သွားတဲ့ အခါ၊ အရာရာ ပြေလည် သွားမယ်လို့ မင်းထင်လား၊ နယ်ခြားကို နှင်ထုတ်ခံ ထားခဲ့ ရတဲ့၊ မင်းရဲ့ မျိုးနွယ် စုတွေ အပြင်၊ နက်နဲ သွေး ပြန် ကြောကို ဖြတ်ခံ ထားရတဲ့ လင်းယွန် ကိုလည်း၊ မင်းထည့် စဉ်းစား ရမယ်။ ''

" သတ္တိ ရှိရင် လုပ်စမ်းပါ၊ ဂျူနီယာ မောင်လေးရဲ့ ဆံခြည် တစ်မျှဉ် ကိုတောင် မထိနဲ့ ..... ။ ”

'' ချွှမ် ...... ''

ရှင်းယန်က ဓားကို ဆွဲထုတ်ပြီး၊ ချင်ယုအား ထိုးညွှန် လိုက်သည်။

" ဟား ဟား ဟား၊ မင်းသာ လုပ်ဝံ့ရင် ငါမဝံ့ စရာ မရှိ ပါဘူး၊ မင်းဘာလို့ လောင်းကြေး မထပ် ရတာလဲ၊ ..... ငါ မင်းကို စဉ်းစားဖို့ အချိန် သုံးရက် ပေးမယ် …”

ချင်ယုက ပြုံးပြီး ရှင်းယန်ကို ဖြတ်လျှောက် သွားသည်။ ရှင်းယန်နှင့် ပခုံးချင်း ယှဉ်မိ ချိန်တွင်၊ လှမ်းလက်စ ခြေလှမ်းကို ရပ်လိုက်ကာ၊ ရှင်းယန်ထံ စောင်းငဲ့ ကြည့် လိုက်သည်။

“ မင်းမှာ ရွေးချယ် စရာ၊ ရှိ သေး တယ်လို့ ထင်နေ တာလား၊ ငါ့ကို သဘောတူ ဖို့က လွဲလို့၊ တခြား မရှိ တော့ ပါဘူး။ "

ရှင်းယန်၏ ခန္ဓာ ကိုယ်မှာ တုန်ယင် လာကာ၊ နှလုံးသား တစ်ခုလုံး နာကျင် သွားရသည်။ ကွယ်လွန်သွား ခဲ့သော သူမ၏ အစ်ကိုကြီးမှာ၊ နောက်ဆုံး မျှော်လင့်ချက် ဖြစ်၏။

ယခု အချိန်၌ အမှန်ပင်၊ သူမ၌ ရွေးချယ်ခွင့် မရှိ ခဲ့ပေ။ သူမ အနေ ဖြင့် သန်မာ ဟန်ဆောင်နေ ခဲ့သော်လည်း၊ အားကိုး ရာမဲ့ ဖြစ်နေသည် ဟူသော အချက်ကို၊ ဖုံးကွယ် ထားနိုင်ခြင်း မရှိ သည်မှာ၊ အမှန်ပင် ဖြစ်သည်။

" ရီရှင်းယန်၊ ဒါကို ကောင်းကောင်း စဉ်းစားပါ၊ ဒါက မင်းရဲ့နောက်ဆုံး အခွင့် အရေးပဲ၊ ဒါပေမယ့် မင်းမှာ သုံးရက်ပဲ အချိန် ရှိတယ်၊ မဟုတ်ရင် အကျိုးဆက် အတွက်၊ ငါ့ကို အပြစ် မတင်ပါနဲ့။ ”

တုန်လှုပ် နေသော ရှင်ယန်၏ နထင် အစပ်ရှိ၊ မွှေးညှင်းနု များကို၊ ချင်ယုက လေ ဖြင့် ခပ်သာသာ မှုတ်ထုတ် လိုက်ပြီး၊ ပြုံးလျက် လှည့်ထွက် သွားလေသည်။

***

All Chapters