← Chapters

နှင်းဆီ အရောင်များ ဆုံးရှုံးခြင်း။

Vol. 29 Ch. 403

နှင်းဆီ အရောင်များ ဆုံးရှုံးခြင်း။

Vol. 29 Ch. 403

" ရီရှင်းယန်၊ ဒါကို ကောင်းကောင်း စဉ်းစားပါ၊ ဒါက မင်းရဲ့နောက်ဆုံး အခွင့် အရေးပဲ၊ ဒါပေမယ့် မင်းမှာ သုံးရက်ပဲ အချိန် ရှိတယ်၊ မဟုတ်ရင် အကျိုးဆက် အတွက်၊ ငါ့ကို အပြစ် မတင်ပါနဲ့။ ”

တုန်လှုပ် နေသော ရှင်ယန်၏ နထင် အစပ်ရှိ၊ မွှေးညှင်းနု များကို၊ ချင်ယုက လေ ဖြင့် ခပ်သာသာ မှုတ်ထုတ် လိုက်ပြီး၊ ပြုံးလျက် လှည့်ထွက် သွား လေသည်။

" ငါ သဘော တူတယ်။ "

ချင်ယု ခြံဝ အရောက်တွင်၊ တုန်ယင် နေသောရှင်းယန်၏ အသံ ထွက်ပေါ် လာသည်။

ထိုအသံကြောင့် ချင်ယုက အေးစက်သော အပြုံးအား ထုတ်ဖော်ကာ၊ မတ်တပ် ရပ် လျက်ကျန်ရစ် ခဲ့သော ရှင်းယန်ကို လှည့်ကြည့် လိုက်သည်။

ရှင်းယန်သည် သန်မာ ပုံရ သော်လည်း၊ ယင်းမှာ မျက်နှာဖုံး တစ်ခု မျှသာ ဖြစ်သည်။ အချိန် အတော် ကြာအောင်၊ ဖိအားအား ပေးခံရ ပြီးနောက်၊ ပြိုကျ လုလု အခြေ အနေ၌ ရှိနေ ခဲ့သည်။

ထို့ကြောင့် လင်းယွန်ဖြင့်၊ ခြိမ်းခြောက် လိုက်သော အခါ၊ လဲကျ သွားတော့သည်။ သူမသည် မူလ အရောင်၊ ပျောက်ဆုံး နေသော နှင်းဆီ တစ်ပွင့် ဖြစ်လာ၏။

“ ကောင်းပြီ မင်္ဂလာ ပွဲကို အခုက စပြီး၊ ဆယ်ရက် အကြာမှာ ကျင်းပမယ်၊ ငါ မင်းကို ခမ်းနားတဲ့ မင်္ဂလာပွဲ တစ်ခု ပေးမယ်၊ မင်္ဂလာ ဆောင်ရင်၊ မင်းရဲ့ မျိုးနွယ်စု တွေက၊ ကျွန်အဖြစ် ကနေ လွတ်မြောက်ပြီး၊ သူတို့ရဲ့ မျိုးရိုး နာမည်ကို ပြန်ရ ရှိ လိမ့်မယ်၊ မင်းရဲ့ ဂျူနီယာ မောင်လေး အတွက်၊ ဘယ်သူမှ မထိ စေရ ဖူးလို့၊ ငါကတိ ပေးတယ်။ "

ချင်ယုက ညင်သာစွာ ပြုံးလိုက်သည်။

မေးရိုးကို တင်းတင်း စေ့ထားသော ရှင်းယန်၏ မျက်နှာမှာ ဖြူဖျော့ နေ၏။ ချင်ယုကို အချိန် အတော်ကြာ စိုက်ကြည့် ပြီးနောက်၊

" မင်းလောက် စက်ဆုပ် စရာ ကောင်းတဲ့ လူတစ်ယောက်ကို၊ ငါ တစ်ခါမှ မတွေ့ ဖူးဘူး၊ ငါ့မှာ ရွေးချယ် ခွင့်သာ ရှိရင်၊ မင်းကို ဒီနေရာမှာ၊ အခုပဲ သတ်ပစ် လိုက်တယ်။ "

သတ်ဖြတ် လိုစိတ်က သူမ၏ နှလုံးသားအောက်ခြေမှ ထွက်ပေါ် လာသောကြောင့်၊စကား များမှာ ဆောင်း ရာသီထက် ပို၍ အေးစက် နေ၏။ သို့သော် ချင်ယု ကမူ၊ အပြုံး မပျက် ခဲ့ပေ။

" ဒါတွေ အားလုံး မင်း အဖေရဲ့ အပြစ်ပဲ၊ မင်းအဖေက နတ်ဘုရား အစောင့်ရဲ့၊ ဗိုလ်ချုပ် ဖြစ်ပြီး၊ ရန်သူနဲ့ ပူးပေါင်း ခဲ့တယ်၊ ဓားနန်းတော် ကြောင့်သာ မဟုတ်ရင်၊ မင်းနဲ့ မင်းရဲ့ အစ်ကို သေသွားတာ ကြာပြီ။ ”

" ရန် သူနဲ့ ပေါင်း နေ တယ် တဲ့လား .... "

ရှင်းယန်က မထီမဲ့မြင် ဟန်ဖြင့် ရယ်မော လိုက်သည်။ ယင်းမှာ အကြီး ကျယ်ဆုံး စော်ကား ခြင်းဟု၊ ယူဆ ထားသည်။

ထိုအချိန်က ရှင်းယန် အနေဖြင့် ငယ်သေး သော်လည်း အရာ အားလုံးကို နားလည် အောင် တွေးယူ တက်နေပြီ ဖြစ်သည်။

ဓားနန်းတော်နှင့် သူမ ဖခင် အပေါ် အင်ပါယာ မင်းမြတ်က၊ သံသယ ဖြစ် သောကြောင့်၊ သတ်ပစ် ခဲ့ရခြင်း ပေပင်။

" ကိုယ့်ကိုကိုယ် ပြင်ဆင်ပါ၊ အခုက စပြီး ဆယ်ရက် အတွင်း၊ မင်္ဂလာပွဲ အကြောင်း၊ အင်ပါယာမှာ ရှိတဲ့ လူတိုင်းကို၊ အသိပေး လိုက်ပါမယ်။ ”

ထင်ထား သည်ထက် ပို၍ ခက်ခဲ သော်လည်း၊ ချင်ယု အ ဖြင့် ပန်းတိုင်ကို ရောက်ရှိ ခဲ့သောကြောင့်၊ အ ပြုံး တစ်ပွင့် နှင့်အတူ၊ လှည့်ထွက် လာခဲ့သည်။

သူထွက် လာသော အခါတွင်၊ လီဝူယုနှင့် မိုချန်အား ဘိုင်လိရွှမ်က တားထား သည်ကို၊ တွေ့လိုက် ရသည်။

ရတနာ တောင်ကုန်း၏၊ အဖွဲ့ဝင် အများ အပြားက၊ ၎င်းတို့ နှစ်ဦး နောက်တွင် ရပ်နေပြီး၊ တင်းမာသော အမူ အရာကို၊ ထုတ်ဖော် ထား ကြသည်။

" လူယုတ်မာ၊ မင်း ... အစ်မ ကြီးကို ဘာပြော ခဲ့တာလဲ ... "

ချင်ယု ထွက် ပေါ်လာ သည်နှင့် လီဝူယုက အော်ဟစ် ကျိန်ဆဲ လိုက်သည်။

" ဣန္ဒြ ရရ ပြုမူပါ။ "

ဘိုင်လိရွှမ်က လက်ကို မြှောက်လိုက် ရုံ ဖြင့်၊ သူ့ လက်ထဲ ဓားတစ်လက် ရောက်ရှိ လာပြီး၊ လီဝူယု ရင်ဘက်အား ထိမှန် သွားစေသည်။

မီတာပေါင်း များစွာ လွင့်စင် သွားပြီး၊ လီဝူယု ပါးစပ်မှ သွေးများ စီးကျ လာ၏။

“ မင်းအပြု အမူကို ထိန်းပါ၊ မင်းလို လူမျိုး အယောက် တစ်ရာ ဆိုရင်တောင် .... ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး။ ”

ဘိုင်လိရွှမ်က အထင် အမြင် သေးသော အကြည့် များဖြင့်၊ စိုက်ကြည့်ကာ ဆိုသည်။

" သေ ..... "

ဘိုင်လိရွှမ်က သိုင်းဝိဉာဉ်ကို ဆင့်ခေါ် ခါနီးတွင်၊ မိုချန်က ရှေ့တိုး လာပြီး၊ သူ့ရှေ့မှာ ရပ်လိုက်သည်။

“ အရှင် မင်းမြတ်၊ ရတနာ တောင်ကုန်းက မင်းကို မကြို ဆိုပါဘူး၊ ဒါကြောင့် အနာဂတ်မှာ ကိုယ့်ကိုကိုယ်၊ ငါတို့ရဲ့ ဧည့်သည်လို ပြုမူ မနေ ပါနဲ့။ ”

ချင်ယု အနေဖြင့်၊ မည်သည့် အတွက် လာနေမှန်း မသိ သော်လည်း၊ သုံးကြိမ်မြောက် ရောက်ရှိ လာ ခြင်း အ ပေါ်၊ သဘော ကျခြင်း မရှိပေ။

ချင်ယု ပြန်သွားတိုင်း၊ ရှင်းယန်ကို ဝမ်းနည်းခြင်း များ ဖြင့်၊ နစ်မြုပ်နေ သည်ကို သူ မြင်တွေ့ ခဲ့ရသည်။

“ အဲဒါကို စိတ်မပူ ပါနဲ့၊ ငါလာ စရာ မလိုတော့ ပါဘူး၊ ရှင်းယန်က ဆယ်ရက် နေရင်၊ ငါနဲ့ လက်ထပ် ပြီး ဓားနန်းတော်ကို စွန့်ခွာ မှာပါ ...''

ချင်ယု စကားကြောင့် လူတိုင်းက တုန်လှုပ် သွားသည်။

ကောလ ဟာလများ ထွက်ပေါ် နေသော်လည်း၊ ဤနေရာရှိ မည်သူ မဆို၊ ရှင်းယန် အနေဖြင့် ချင်ယုကို သဘော မကျကြောင်း သိရှိ ထားသည်။

ယင်းကြောင့် လက်ထက် ပွဲမှာ မဖြစ် နိုင်ဟု၊ သူတို့ ယုံကြည် ထားခြင်း ဖြစ်သည်။

ဘိုင်လိရွှမ်ပင် အံသြ သွားသည်။ ရှင်းယန်က ဤသို့ အလွယ် တကူ လက်ခံလာ မည်ကို၊ မမျှော်လင့် ထားပေ။

" မင်း လိမ်နေတာ.... "

“ မဖြစ် နိုင် ဘူး .....”

အားလုံးက ချက်ချင်း ဆိုသလို သံသယ စိတ်များ ဖြစ်ပေါ် လာပြီး၊ မျက်နှာများ ပြောင်းလဲ သွားသည်။ လီဝူယုက၊

“ ငါ့လမ်း ကနေ ဖယ်စမ်း....စီနီယာ အစ်မကိုမင်းဘာလုပ် ခဲ့လဲ၊ ငါသိချင်တယ်။ ”

" တောင်းပန် ပါတယ်။ "

ချင်ယုက ပြုံးကာ ဆိုသည်။ ပြီးနောက်၊

“ တိတိ ပပ ပြောရရင် ...၊ သူက အခု ငါရဲ့ သတို့ သမီး ဖြစ်နေပြီ၊ ဘယ်သူ နဲ့ မဆို တွေ့ဆုံခွင့် ပေးဖို့၊ သဘော ကောင်းနေမှာ မဟုတ် တော့ဘူး၊ အိမ်ရှေ့စံရဲ့ ကြင်ယာ တော်ကို၊ မနှောင့် ယှက်ဖို့ မင်းကို သတိ ပေးရ ဦးမယ်။ "

“ သောက်ရေး မပါ တာတွေ ....၊ ငါအခု စီနီယာ အစ်မ ရှင်းယန်နဲ့ တွေ့ဖို့ လိုတယ် ။ ”

လီဝူယုက ကျိန်ဆဲ အော်ငေါက်ပြီး၊ တံခါးဝ ဆီသို့ တွန်းထိုး သွားလာရန်၊ လုပ်နေ ခဲ့သည်။

ရုတ်တရက် ချင်ယု မျက်လုံးများ အတွင်း၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ အရိပ် အမြွက်မျှ ပြသကာ၊ လီဝူယုကို လှမ်းကြည့် သည်။

သို့သော် သူ့ထက် စောလျှင် စွာဖြင့်၊ ဘိုင်လိရွှမ်က သူတော်စင် ခန္ဓာ ကိုယ်၏၊ ဖိအားများ ထုတ်လွှတ်ပြီး၊ လီဝူယုအား တွန်းထုတ် ပစ် လိုက်သည်။

“ မင်း .... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ မင်းသားရဲ့ စကားကို နားမလည် ဖူးလား၊ ရှင်းယန်က အခု ချိန်မှာ၊ တော်ဝင် မိသား စုဝင် ဖြစ်နေပြီ၊ သူက မင်းဆန္ဒ ရှိတိုင်း တွေ့နိုင်တဲ့၊ စီနီယာ အစ်မ မဟုတ် တော့ဘူး။"

စကားဆုံး သည်နှင့်၊ ကြောက်စရာ ကောင်းသော လက်ဝါး ချက်ကို ထုတ်ဖော် လာခဲ့သည်။

လျင်မြန် လွန်းသော အဟုန်ကြောင့်၊ မည်သို့ တိုက်ခိုက် လိုက်သည်ကို၊ မည်သူမျှ မမြင် လိုက်ရပေ။

“ ဝူ ယု .....”

ထိတ်လန့် တကြား အော်ဟစ်သံ နှင့်အတူ၊ တစ်စုံ တစ်ယောက်က လီဝူယုအား၊ လှမ်းဆွဲလိုက်သည်။

ထိုသူမှာ ချင်းရွှမ်ဂျွန် ဖြစ်ပြီး၊ ကောင်းကင် အဆင့်ရှိ တပည့် တစ်ဦး ဖြစ်၏၊ ရတနာ တောင်ကုန်းတွင် လင်းယွန် ပြီးနောက်၊ ဒုတိယ အင်အား အကောင်းဆုံး ပေပင်။

ကြာမိစ္ဆာ နယ်မြေမှ ပြန်ရောက်လာ ပြီးနောက်၊ နက်နဲ နယ်မြေ ဒဿမ အဆင့်သို့ အောင်မြင်စွာ ဝင်ရောက် နိုင်ခဲ့သည်။

ချင်းရွှမ်ဂျွန်က လီဝူယု၏ ဒဏ်ရာ များကို စစ်ဆေး ခဲ့ပြီး၊

" ဘိုင်လိရွှမ်၊ မင်းက ဓားနန်းတော်ရဲ့ တပည့် တစ်ယောက် ဖြစ်ပြီး၊ မင်း သူ့ကို ဒီ လောက် အထိ၊ ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရအောင် လုပ်ဖို့ လိုလို့လား ။ "

ဘိုင်လိရွှမ်က ခံစားချက် မဲ့သော မျက်နှာဖြင့်၊ ချင်းရွှမ်ဂျွန်ကို လှမ်းကြည့် လိုက်သည်။ ချင်းရွှမ်ဂျွန် ကိုပင် သူက မျက်နှာသာ ပေးလိုပုံ မရခြေ။

" မင်း အလေး အနက် ပြောနေ တာလား ...သူ့ရဲ့ မဆင် မခြင် လှုံ့ဆော်မှု တွေက၊ တော်ဝင် မိသားစုနဲ့ ဓားနန်းတော် ကြားမှာ၊ 'သပ်' တစ် ချောင်း ဖြစ်ခဲ့မယ် ဆိုရင် ....၊ သူ့လို လူမျိုး အယောက် တစ်ရာ ရှိရင်တောင် .... ဖြေရှင်း နိုင်မှာ မဟုတ်ဘူး။ ”

“ ဘိုင်လိရွှမ် သောက်သုံး မကျ တဲ့ကောင်၊ မင်းက ...သစ္စာ ဖောက်တဲ့ ခွေးပဲ၊ မင်းရဲ့ နှလုံးသား ထဲမှာ၊ ဓားနန်းတော် ရှိ သေး ရဲ့လား ... အဟွတ် ဟွတ် ဟွတ် ...။ ''

လီဝူယုက အော်ဟစ်ပြီး သွေးချောင်းများ ဆိုးလာသည်။

" မင်း တွေ့လား... စီနီယာ အစ်ကို ချင်း၊ သူ ပါးစပ်ကို မင်း .... မပိတ် နိုင်ပေမယ့်၊ ချင့်ချိန် နိုင်စွမ်း ရှိလာအောင်၊ ငါ သင်ပေးနိုင် ပါတယ်။ ''

ဘိုင်လိရွှမ်က အေးစက်သော မျက်နှာဖြင့် ရှေ့တိုး လာခဲ့သည်။ သူ့အပြော အရ သည်ကိစ္စ အပေါ်၊ လွယ်လွယ်ဖြင့် လွှတ်ထား ဖို့ရန်၊ အစီစဉ် ရှိပုံ မရချေ။

“ ဒါဆို လုံလောက်ပြီ၊ ဘိုင်လိရွှမ် မင်း သူ့ကို တိုက်ခိုက်ဖို့၊ ကြိုးစား နေသေး နာလား ... ။ "

ချင်းရွှမ်ဂျွန်က အော်ငေါက် လိုက်သည်။

" မင်း ငါ့ကို တားရဲလား "

လီဝူယု ရှေ့တွင် ရပ်နေသော ချင်းရွှမ်ဂျွန်ကြောင့်၊ လှမ်းလက်စ သူ့ခြေလှမ်း များကို ရပ်ကာ၊ ဘိုင်လိရွှမ်က မေးလိုက်သည်။ ပြီးနောက် ခေါင်းရမ်း လိုက်ကာ၊

“ မင်း ... ငါ့ကို မတားနိုင် ပါဘူး။ ”

ဓားသွား အော်မြည် သံနှင့် အတူ၊ ဘိုင်လိရွှမ်က သူ့ဓားကို ဆွဲထုတ် လိုက်၏။

'' ချွမ် ....... ''

ဓားရည်ရွယ် ချက်ဖြင့်၊ ပေါင်းစပ် ထားသောဓားချက်ကို၊ ချင်းရွှမ်ဂျွန်က တားဆီး နိုင်ခဲ့ သော်လည်း၊ ခြေလှမ်း သုံးလှမ်း နောက်ဆုတ် ပေးလိုက် ရသည်။

" မင်းက ကောင်းကင် အဆင့်က၊ တပည့် တစ်ယောက် ဖြစ်တာ နဲ့ပဲ၊ ငါက ကြောက်လိမ့် မယ်လို့၊ တကယ် ထင်နေ တာလား၊ ချင်းရွှမ်ဂျွန်... ငါ မင်းကို စီနီယာလို့ ခေါ် နေတာ ယဉ်ကျေး သမှု နဲ့ပါ၊ ဒါပေမယ့် ငါ့ မျက်လုံး ထဲမှာ၊ မင်းက ခွေး တစ်ကောင်ထက်၊ ဘာမှ ထူးခြား မနေပါဘူး။ "

ထိုအချိန်တွင် ခြံတံခါး ပွင့်လာပြီး၊ သွေးများ ယိုစီး နေသော မျက်ဝန်း များဖြင့် ရှင်းယန်က၊

“ ဒါဆို လုံလောက်ပြီ .... ”

" စီ နီ ယာ အစ် မ ..."

ရတနာ တောင်ကုန်း၏၊ တပည့်များ အားလုံး ရှင်းယန်ကို လှမ်းကြည့်ကာ၊ အော်ဟစ် လိုက်ကြသည်။

" ဘိုင်လိရွှမ်.... ဒါ ငါ့ရဲ့ ရတနာ တောင်ကုန်းပါ၊ မင်း ဘယ်သူ့ ကိုမှ သင်ခန်းစာ ပေးနိုင်တဲ့ အနေ အထားမှာ မရှိပါဘူး ။ "

ရှင်းယန်က ဘိုင်လိရွှမ်ကို တိုက်ရိုက် ကြည့်ပြီး၊ အေးစက်စွာ ဆိုလိုက်သည်။

" မင်း ငါ့ကို ကျေးဇူး တင်ရမယ်၊ တကယ်လို့သာ အရှင် မင်းသား ဆိုရင်၊ ဒီကောင် အသက်ရှင် နေဦး မယ်လို့ မင်းထင်လား။ "

ဘိုင်လိရွှမ်က အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ ဓားကို ရုတ်သိမ်း လိုက်သည်။

ချင်ယုက သူ့မျက်ခုံးကို ပင့်ပြလျက်၊ ရှင်းယန်ကို ကြည့်ကာ၊

" မင်္ဂလာပွဲ အတွက် ပြင်ဆင်ဖို့ အချိန် အများကြီး မရှိ တော့ဘူး၊ ငါ အရင် ထွက် သွား လိုက် မယ် ။ "

ချင်ယု နှင့်အတူ ဘိုင်လိရွှမ်ပါ၊ ပျောက်ကွယ် သွားချိန်မှ သာလျှင် မိုချန်က၊

" စီနီယာ အစ်မ၊ မင်း တကယ် လက်ထပ် မှာလား။ "

ရှင်းယန်က မျက်လုံးများ မှိတ်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ၏ အဖြေကြောင့်၊ လူတိုင်းက နှလုံး သားများ၊ ချောက်ထဲ ပြုတ်ကျ သကဲ့သို့၊ နစ်မွန်း သွားခဲ့၏။

“ အကြီးအကဲ လျိုဖန်းကို ရှာပါ၊ ငါ ကာကွယ်သူ မက်မွန်နဲ့၊ တွေ့ချင် တယ်လို့ သူ့ကို ပြောပေးပါ။ "

ရှင်းယန်၏ မျက်လုံးများ၊ ပြန်ဖွင့် လိုက်သော အခါတွင် သူမ အကြည့် များက၊ တည်ငြိမ်လေးနက် လာလေသည်။

ချင်းရွှမ်ဂျွန်က သက်ပြင်းချ လိုက်၏။ မင်္ဂလာပွဲ နောက်ကွယ်တွင်၊ ဇာတ်လမ်း တစ်ပုဒ် ရှိမည်ကို သူ သိသည်။

ကိုးရက် အကြာတွင် ကာကွယ်သူ မက်မွန်က ဓားသေတ္တာ တစ်လုံးနှင့် အတူ၊ နောင်တ ချောက် ကမ်းပါးပေါ် ရောက်ရှိ လာသည်။

“ မင်း ဘယ်လို နေ သေးလဲ။ ”

အမူ အရာမှာ တည်ငြိမ် နေခဲ့ပြီး၊ လင်းယွန်အား မေးခွန်း ထုတ်လိုက်သည်။

လက် ထဲရှိ ဓားသေတ္တာနှင့် သိုလှောင် အိတ်ကို ကြည့်ကာ၊ လင်းယွန်က စူးစမ်းချင် စိတ်ဖြင့်၊ “ဘာကိစ္စ ရှိလို့လဲ” ဟု ပြန်မေး မိ၏။

“ ကောင်းပြီ၊ ဒါက မင်းအတွက် သတင်းကောင်း တစ်ခုလို့ ယူဆ နိုင်ပါတယ်၊ သူခိုးကြီး ဒဿမ အဆင့်က ဟန် ယောင်းရဲ့ သတင်း ရထားပြီ၊ မင်း သူ့ကို သတ်နိုင်ရင်၊ နောင်တ ချောက် ကမ်းပါးမှာ၊ ဆက် နေစရာ မလို တော့ဘူး။ ”

ကာကွယ်သူ မက်မွန်က သူလာ ရသည့် ရည်ရွယ်ချက်ကို ထုတ်ပြော လိုက်သည်။

သူခိုးကြီး အဆင့်က ဟန် ယောင်း။ ဤအမည်ကို လင်းယွန်က ကြားဖူးသည်။ ဂိုဏ်းတပည့် များနှင့်၊ သင်းထောက် အများ အပြားမှာ၊ ထိုသူ လက်၌ သေဆုံးခဲ့ ကြသည်။

မျက်တောင် တစ်ချက် မခတ်ဘဲ၊ သတ်ဝံ့သော သွေးအေး လူသတ် သမား တစ်ယောက် ဖြစ်၏။

အရေး အကြီး ဆုံးမှာ၊ လွန်ခဲ့သော နှစ်ပေါင်း များစွာ ကပင်၊ နက်နဲ နယ်ပယ်၏ ဒဿမ အဆင့်သို့၊ တက်ရောက် ထားနိုင်သူ ဖြစ်သည်။

မကြာခင် ခရမ်းရောင် နန်းတော် နယ်မြေကို၊ ဝင်ရောက် နိုင်တော့ မည်ဟု၊ ခန့်မှန်းထား ကြသည်။

ယင်းသို့ မအောင်မြင် ခဲ့လျှင်ပင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေတွင်၊ ရှိနေပေ လိမ့်မည်။

" ဂိုဏ်းက ငါ့အပေါ် တကယ်ကို အထင်ကြီး လွန်းနေ တာပဲ၊ နက်နဲ သိုင်း နယ်ပယ်ရဲ့ အဋ္ဌမအဆင့်မှာ ရှိတဲ့၊ အပြစ်သား တစ်ယောက်ကို၊ ဒီလို လေးနက်တဲ့ တာဝန်၊ ထမ်းဆောင် စေချင်တယ်လား။ "

လင်းယွန်၏ စကားကို၊ ကာကွယ်သူ မက်မွန်က ဝင်ရောက် သုံးသပ် ပြခြင်း မရှိဘဲ၊

“ ငါ့နဲ့ ဓားနန်းတော်က တပည့် ပေါင်းများစွာ သူ့ လက်ထဲမှာ သေဆုံး သွားရတယ်၊ သူက သွေးဆာ နေတဲ့ လူသတ် သမားပဲ၊ သူ့ကို သတ်နိုင်ရင် မင်းရဲ့ လွတ်လပ် ခွင့်ကို၊ မင်းပြန်ရ နိုင်တယ်၊ ဓားထမ်း အကြီး အကဲ ခုနစ် ဦးက၊ အဲဒါနဲ့ ပတ်သက်ပြီး၊ ကန့်ကွက်မှု တစ်စုံ တစ်ရာ ရှိလာမှာ မဟုတ်ဘူး။ ”

ရုတ်တရတ် ထွက် ပေါ် လာ သော တာဝန်ကြောင့်၊ လင်းယွန်က တိတ်ဆိတ် သွားသည်။

ဂိုဏ်းက သူ့ကို သည် နေရာ၌ နှစ်နှစ် ကြာအောင် ထားမည် မဟုတ်ကြောင်း၊ မှန်းဆထား ပြီးသား ဖြစ်သော်လည်း၊ ဤမျှ မြန်ဆန် လာလိမ့် မည်ဟု၊ မမျှော်လင့် ထားပေ။

သူက ကာကွယ်သူ မက်မွန်ကို၊ ရှုပ်ထွေးသော အမူ အရာဖြင့်၊ အကဲခတ် လိုက်သည်။ မျက်ဝန်း များမှ တဆင့် မည်သည့် အရာမျှ မမြင် နိုင်ခဲ့ပေ။

" မင်းဆန္ဒ မရှိရင် ငါမင်းကို အတင်း အကျပ် ခိုင်းမှာ မဟုတ် ပါဘူး၊ နဂါး တံခါး ပြိုင်ပွဲက ရက်ပေါင်း လေးဆယ် ကြာရင် ကျင်းပ တော့မယ်၊ ဒီအခွင့် အရေးကို လွတ်သွားရင်၊ မင်း သုံးနှစ် စောင့်ရ နိုင်တယ်။ ”

လင်းယွန်၏ တုံ့ပြန် မှုကို စောင့်ဆိုင်း နေစဉ်၊ ကာကွယ်သူ မက်မွန်က ထပ်မံ ပြောကြား ခဲ့သည်။

သူ့တွင် ရက် ပေါင်း လေးဆယ်သာ ကျန် ပေ တော့သည်။ အချိန် ကုန်သည်မှာ မြန်လွန်း သောကြောင့်၊ လင်းယွန်က သက်ပြင်းချ လိုက်သည်။

ဓား သေတ္တာကို ကြည့်လိုက်ရာ၊ ပန်းပွင့် ပုံစံ ဖောင်းကြွ များက၊ သူနှင့် သိပ် မရင်းနှီး သကဲ့သို့ ခံစား လာရ စေသည်။

“ ငါ သဘော တူတယ်၊ နဂါးတံခါး ပြိုင်ပွဲ မစခင်၊ သူခိုးကြီး ဟန်ယောင်းရဲ့ ဦးခေါင်းကို ပြန်ယူ လာမယ်။ ”

လင်းယွန်က ပြတ်သားစွာ ဆိုလိုက် ပြီး၊ မဆိုင်း မတွပင်၊

“ ဒါပေမယ့် မသွားခင်မှာ အစ်မနဲ့၊ တွေ့ချင်တယ်။ ”

တစ်ခုခု ဖြစ်နေ ခဲ့လျှင်၊ ဆိုသော အသိကြောင့်၊ ရှင်းယန်အား နှုတ်ဆက် လိုခြင်း ဖြစ်သည်။

" ရှင်းယန်က မင်းကို မတွေ့ ချင်ဘူး....၊ သူကအဲ့ဒီ လိုပဲ ငါ့ကို ပြောခဲ့ တာပါ။ ''

ကာကွယ်သူ မက်မွန်က၊ ခံစားချက် မဲ့သော အမူ အရာဖြင့် ဆိုသည်။

( စီနီယာ အစ်မက ငါ့ကို မတွေ့ချင် ဖူးတဲ့လား.... )

ထိုအ တွေးကြောင့် လင်းယွန်၏ နှလုံး ခုန် နှုန်းများ၊ မြှင့်တက် လာလေသည်။

***

All Chapters