← Chapters

မြို့တော်ရဲ့ လမ်းတွေမှာ နှင်းတွေဖုံး နေတယ်။

Vol. 29 Ch. 404

မြို့တော်ရဲ့ လမ်းတွေမှာ နှင်းတွေဖုံး နေတယ်။

Vol. 29 Ch. 404

“ ငါ သဘော တူတယ်၊ နဂါးတံခါး ပြိုင်ပွဲ မစခင်၊ သူခိုးကြီး ဟန်ယောင်းရဲ့ ဦးခေါင်းကို ပြန်ယူ လာမယ်၊ ဒါပေမယ့် မသွား ခင်မှာ၊ စီနီယာ အစ်မနဲ့ တွေ့ချင်တယ်။ ”

သူ တစ်ခုခု ဖြစ်နေ ခဲ့လျှင်၊ ဆိုသော အသိကြောင့်၊ ရှင်းယန်အား နှုတ်ဆက် လိုခြင်း ဖြစ်သည်။

" ရှင်းယန်က မင်းကို မတွေ့ ချင်ဘူး....၊ သူကအဲ့ဒီ လိုပဲ ငါ့ကို ပြောခဲ့ တာပါ။ ''

ကာကွယ်သူ မက်မွန်က၊ ခံစားချက် မဲ့သော အမူ အရာဖြင့် ဆိုသည်။

ထိုစကား များကြောင့် လင်းယွန်၏ နှလုံး ခုန် နှုန်းများ၊ မြှင့်တက် လာလေသည်။

ရှင်းဂျူ ကွယ်လွန် ပြီးနောက်၊ ဤမျှ နာကျင်မှုကို မခံစား ခဲ့ရပေ။ ရှင်းယန်က မတွေ့ ချင်သည့် အပေါ်၊ သူ နားလည် ပေးနိုင်သည်။

ရှင်းဂျူသည် သူ့ကြောင့် သေဆုံးသွား ခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့် သူကို မြင်ချိန်တွင်၊ အစ်ကို ကြီးအား သတိ ရစေ နိုင်မည်။ သူမ၏ နာကျင်မှုကို သတိ မရ လိုသောကြောင့်၊ သူ့အား မတွေ့ လိုခြင်း ဖြစ်နိုင်သည်။

၎င်းအပြင်၊ လွန်ခဲ့သော သုံးလတာ လုံးလုံး၊ နောင်တ ချောက် ကမ်းပါးတွင်၊ ခါးသီးစွာ နေခဲ့ ရသည်။

အဆုံးတွင် သူ အစိုးရိမ်ဆုံး အရာမှာ ဖြစ်လာ ခဲ့သည်။ ဓားသင်္ချိုင်း တောအုပ်မှ ထွက်လာ ပြီးနောက်၊ စီနီယာ အစ်မထံ သွားရောက် လည်ပတ်ခြင်း မပြု မိသည့် အတွက်၊ အပြစ်ရှိ သလို ခံစား မိသည်။

ယင်းကို သူ့ နှလုံးသား၏ အနက် ရှိုင်းဆုံး နေရာ၌ ဖုံးကွယ်ထား သောကြောင့်၊ မည်သည့် အရာ ကိုမှ ထပ်မမေး၊ ထပ်မကြား လိုတော့ပေ။

မမေး ဝံ့သော်လည်း ရှင်းယန် အတွက် စိုးရိမ်မှုမှာ၊ လွန်ခဲ့သော သုံးလထက်၊ လုံးဝ လျော့နည်း သွားခြင်း မရှိကြောင်း၊ အာမခံ နိုင်သည်။

ဟန်ယောင်းကို အမဲ လိုက်ခြင်း အတွက်၊ အသက် ရှင်လျက် ပြန်လာ နိုင်ခြင်း ရှိ မရှိကို သူ မသိ သည်မို့၊ မထွက် ခွာခင် ရှင်းယန်အား တွေ့လိုခြင်း ဖြစ်သည်။

လင်းယွန် မျက်နှာ ပေါ်ရှိ ခါးသီးသော အပြုံးကို ကြည့်ပြီး၊ ကာကွယ်သူ မက်မွန်က သက်ပြင်း ချကာ၊

" လင်းယွန်၊ ရှင်းယန်ကို အပြစ် မတင် ပါနဲ့။ "

'' ဘာလို့ အစ်မကို အပြစ် တင်ရ မှာလဲ ...'''

လင်းယွန်က ကာကွယ်သူ မက်မွန်၏ စကား လုံးများ အတွင်း၊ ဖုံးကွယ် ထားသော အဓိပ္ပါယ်ကို မသိ သောကြောင့်၊ အာရုံပြောင်း သွားသည်။

ဓားသေတ္တာကို လက်ခံ ရယူ ပြီးနောက်၊ ၎င်းကို ဖွင့်၍ ပန်းသင်္ချိုင်း ဓားအား၊ ကိုင်ကြည့် လိုက်သည်။

" တော်တော် ကြာခဲ့ ပါပြီ။ "

ခပ်ဖွဖွ ရေရွတ် လိုက်ကာ၊ ဓားကို ဖမ်းဆုပ် လိုက်သော အခါတွင်၊ ပန်းသင်္ချိုင်း ဓားမှာ တုန်ခါ သွား၏။ ပန်းသင်္ချိုင်း ဓားထံမှ စိတ်လှုပ်ရှား မှုကို၊ ခံစား နိုင်လိုက်သည်။

ပန်းသင်္ချိုင်း ဓားကို၊ ဓား သေတ္တာထဲ ပြန်ထည့် လိုက်ပြီး၊ သိုလှောင် အိတ်အား လှမ်းယူ လိုက်သည်။

" ကာကွယ်သူ မက်မွန် ... ၊ သူခိုးကြီး ဟန်ယောင်းက 'ရှေးဟောင်း မြို့တော်' မှာ၊ ရှိနေတာ သေချာလား။ "

'' အင်း သေချာတယ် ..... ''

ရှေးဟောင်းမြို့တော်သည်၊ မဟာချင် အင်ပါယာ၏ နယ်စပ်တွင် တည်ရှိပြီး၊ ထိုအရပ်သို့ အသွား အပြန် ခရီး အတွက်၊ အချိန် တစ်လ ကြာမည် ဖြစ်သည်။

နဂါး တံခါး ပြိုင်ပွဲ မစ တင်မီ၊ ပြင်ဆင်ချိန် ဆယ်ရက် ခန့်သာ၊ အချိန် ရှိပေ တော့မည်။

နောင်တ ချောက် ကမ်းပါးမှ ထွက်လာ သောအခါ၊ သူ့မျက်နှာ ပေါ်တွင် အပြုံး တစ်ခု တပ်ဆင် ထားသည်။ သူ စိတ်ကူး ထားသည် ထက် အချိန်ပို နေပုံ ရသည်။

အချိန် အတော် ကြာကြာ ခွဲခွာ ပြီးနောက်၊ အလွန်ပင် တက်ကြွ နေပုံ ရသော နဂါးသွေး မြင်းကို၊ သင်းထောက် တစ်ယောက်က၊ ပေးအပ် လာသည်။

မြင်းပေါ် ခုန်တက် လိုက်ပြီးနောက်၊ လင်းယွန် ထံ၌ ယခင်က ကဲ့သို့၊ ဂုဏ်ကျက် သရေမျိုး ပြန်လည် တောက်ပ သွား၏။

'' မင်း မျက်နှာဖုံး တစ်ခု လိုမယ်၊ နောက်ဆုံးတော့၊ နောင်တ ချောက်ကမ်းပါး ထဲက၊ မင်း ထွက်သွား တာကို၊ တစ်ယောက် ယောက်က မြင်ရင် မကောင်းဘူး။ ''

ကာကွယ်သူ မက်မွန်က အင်္ကျီ တစ်ထည်ကို ပစ်ပေး လိုက်သည်။

သိုလှောင်အိတ် အတွင်းမှ၊ နတ်ဆိုး မျက်နှာ ဖုံးကို ထုတ်ယူရန်၊ ပြင်နေသော လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက်၊

" အင်း ... ငါသုံး ပါ့မယ် ..."

'' ဟီး .... ဟစ် ဟစ် ဟစ် ''

နဂါးသွေး မြင်းက ပေါ့ပါး လွတ်လပ် သွားသော အမူ အရာဖြင့်၊ ရှေ့ခြေ နှစ်ချောင်းကို မြှောက်ကာ၊ မြည်ဟီးသံ ပြုလျက် တဟုန်ထိုး ပြေးထွက် လိုက်တော့သည်။

မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ် သွားသော လင်းယွန်ကို ကြည့်ကာ၊ ကာကွယ်သူ မက်မွန်က အတွေးနက် နေခဲ့သည်။

မနက်ဖြန် ရှင်းယန်ကို တော်ဝင် မိသားစု လက်ထဲ ထည့်ရ ပေတော့မည်။ ထိုအချိန်တွင် လင်းယွန်မှာ အင်ပါယာ၏ အဝေး၌၊ ရောက်ရှိ နေမည် ဖြစ်သည်။

နဂါးသွေး မြင်း၏ အဟုန်ကြောင့်၊ အာရုဏ် မတက်မီ၊ ကောင်းကင်ဘုံ ချင်နိုင်ငံ အတွင်းမှ ထွက်ခွာ နိုင်မည်ဟု၊ လင်းယွန်က တွက်ဆ မိသည်။

မြောက်ပိုင်း သဲကန္တာ ရ၏၊ နယ်စပ်ကို အဝေးမှပင်၊ လှမ်းမြင် နေရ ပေသည်။ ထိုအချိန်တွင် ကောင်းကင်မှ နှင်းများ၊ ရုတ်တရက် ကျဆင်း လာ၏။

" နှင်းကျ လာတာပဲ ... "

လင်းယွန်က ပတ်ဝန်း ကျင်ကို တစ်ချက် ဝေ့ကြည့်ပြီး၊ ရေရွတ် လိုက်သည်။

'' ကြည့်ရတာ ဆောင်းရာသီ ကုန်တော့မယ့် ပုံပဲ။ ''

သူ့ကို နောင်တ ချောက်ကမ်းပါး ဆီသို့ ပို့လိုက်သည့် အချိန်မှာ၊ ဆောင်းဦးပေါက် ရာသီ ဖြစ်ပြီး၊ ယခု သုံးလကြာ ခဲ့ပြီ ဖြစ်သည်။

ဓားနန်း တော်ကို ပထမဆုံး ဝင် ရောက်စဉ် ကပင်၊ နှင်းများ ထူထပ်စွာ ကျ နေခဲ့ သည်ကို၊ ပြန်လည် အမှတ်ရ သွား၏။

သည့်အပြင် ရှင်းယန်နှင့် ပထမဆုံး တွေ့ချိန်၌၊ နှင်းတောထဲ ခိုက်ခိုက် တုန်နေသော လီဝူယုကို သတိ ရသွား ပြန်သည်။

စီနီယာ အစ်မ၏ ကြီးစိုးသော အမူ အယာဖြင့်၊ လီဝူယု အဝတ် အစား များကို၊ စုပ် ဖြဲ အပြစ် ပေးလိုက်သော၊ မြင်ကွင်းထံ အရောက်တွင်၊ သူပြုံး လိုက်မိသည်။

( ဒီနှင်းတွေက အမြဲတမ်း ဖြူစင် နိုင်ပါ့ မလား။ )

နဂါးသွေး မြင်းပေါ်မှ ရုတ်တရက် ခုန်ချ လိုက်ကာ၊ မြေပြင် ပေါ်ရှိ နှင်း တစ်ဆုပ်အား ကောက်ယူ မိ၏။

ဖြူရွ နေသော နှင်းပွင့် များကို ကြည့်လျက်၊ ရှင်းဂျူအား ပေးခဲ့ သော ကတိကို တည်ရန်၊ ကြိုးစား ရမည် ဖြစ်ကြောင်း၊ သတိရ သွားသည်။

နဂါး တံခါး ပြိုင်ပွဲ အတွက်၊ သူ အသက် ရှင်လျက် ပြန်လာ နိုင်ရ ပေမည်။ အမျိုး ကောင်းသား တစ်ယောက် အနေဖြင့်၊ ပေးထားသော ကတိကို၊ ဖျက်စရာ အကြောင်း မရှိပေ။

ထိုအချိန်တွင် ရုတ်တရက် စူးရှ သော အသံတစ်သံ၊ ကောင်းကင်မှ ထွက်ပေါ် လာသောကြောင့်၊ လင်းယွန်က ခေါင်းမော့ ကြည့်လိုက်သည်။

ထိုအသံမှာ ဥက္ကာပျံ တစ်စင်း ကဲ့သို့၊ ထိုးဆင်း လာသော ဓားငှက် တစ်ကောင် ဖြစ်ပေသည်။ မြေပြင် ပေါ်သို့ ရောက်သည်နှင့် မောပန်းမှုကြောင့်၊ အဆိုပါ ဓားငှက်မှာ ပြိုလဲ သွားသည်။

ပြုတ်ကျ လာသော အရှိန်ကြောင့်၊ နှင်းမှုန်များ 'ဖွားခနဲ' ပွင့်ထွက် ကုန်ပြီး၊ ၎င်းနှင်းများ အတွင်းမှ လူရိပ် နှစ်ရိပ်၊ အလူးအလဲ ကုန်းထလာသည်။

ထိုလူရိပ် များမှာ လင်းယန်နှင့် လင်းကျူရှန် တို့ ဖြစ်၏။ နှစ်ယောက်သား ပြုတ်ကျ လာသည့် အရှိန်ကြောင့်၊ ဒဏ်ရာ ဒဏ်ချက်များ ပြည့်နှက် နေပေသည်။

သို့သော် သူတို့ နှစ်ယောက်မှာ၊ နာကြင်မှုကို မခံစား နိုင်သေးဘဲ၊ လင်းယွန်ထံ အပြေး အလွှား ဝင်လာကြ သည်ကြောင့်၊

'' မင်းတို့ နှစ်ယောက်က၊ ဘာလို့ ဒီမှာ ရှိနေ ရတာလဲ ''

ဟု လင်းယွန်က မေးလိုက်သည်။

" အစ်ကိုကြီး လင်း၊ ကြီး ကြီး မားမား တစ်ခု ခုတော့ ဖြစ်သွားပြီ။ "

လင်းယန်က ဦးစွာ စိုးရိမ်တကြီး လှမ်းပြောသည်။

" စိတ်အေးအေး ထားပါ၊ ငါ့ကို နားလည်အောင် ပြောပါဦး။ "

လင်းယန်၏ အလော တကြီး နိုင်လှသော အမူ အရာကြောင့်၊ သတိ ပေး သံများ မြည်လာ ခဲ့သည်။

လင်းယန်က အသက်ကို အလု အယက် ရှူ လိုက် ပြီးနောက်၊ ငိုရှိုက် သံဖြင့်၊

" အစ်ကိုကြီး လင်း၊ လီဝူယု ... ဘိုင်လိရွှမ်ကြောင့် ဒဏ်ရာ ရသွားတယ်၊ စီနီယာ အစ်မ ရှင်းယန်က အိမ်ရှေ့ မင်းသားနဲ့၊ လက်ထပ် တော့မယ်။ "

ဝေမျှ လာသော သတင်းကြောင့်၊ လင်းယွန် နှလုံးသားမှာ အံ့အား သင့်ခြင်း နှင့်အတူ၊ ရုတ်တရက် ပေါက်ကွဲ သွားသည်။

'' မဖြစ် နိုင်တာ .....''

" ဒါအမှန် ပါပဲ ...."

လင်းကျူရှန်က သက်ပြင်းချ လိုက်သည်။ လွန်ခဲ့သော ဆယ်ရက် ကပင်၊ လင်းယွန်အား ဤသတင်းကို ပေးပို့ရန်၊ ကြိုးစား နေခဲ့ ကြသည်။

နောင်တ ချောက် ကမ်းပါးကို ခိုးဝင်သော ပြစ်မှုမှာ၊ ပြင်းထန် လွန်းသောကြောင့်၊ တုန့်ဆိုင်း နေမိခြင်း ဖြစ်သည်။

ယနေ့တွင် ပြောဖို့ရန်၊ စိတ် ဒုန်းဒုန်းချ ဆုံးဖြတ် လိုက်ကာ၊ နောင်တ ချောက်ကမ်း ပါးဆီ ခိုးဝင် မိသည်။

တောင်ပေါ်မှ ပြေးထွက် သွားသော လင်းယွန် ကို တွေ့ရ လိမ့်မည်ဟု မထင်ခဲ့ မိ ပေ။ ချက်ချင်းပင် ဓားငှက်ကို ဆင့်ခေါ်ကာ ပြေးလိုက်ခဲ့ သော်လည်း၊ နဂါးသွေး မြင်းကို မှီရန်ခက်ခဲ နေခဲ့သည်။

နှင်းများ ရုတ်တရက် ကျဆင်း လာမှုကြောင့် ကျေးဇူးတင် ရပေမည်။ သို့မဟုတ် ပါလျှင် ဓားငှက် သေဆုံးပြီး နောက်တွင်ပင်၊ အမီလိုက် နိုင်မည် မဟုတ်ချေ။

လင်းယန် ပြောသည်ကို ကြားလိုက်ရ သည်နှင့်၊ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။

လက်ရှိ အခြေ အနေကို၊ ခွဲခြမ်း စိတ်ဖြာ နေသော၊ သူ့ မျက်ဝန်း များတွင် ရှုပ်ထွေး မှုများ၊ ဝင်ရောက် လာပေသည်။

" စီနီယာ အစ်မက အစ်ကို ကြီးကို၊ ဆုံးရှုံး လိုက်ရတဲ့ အတွက်၊ ချင်ယု ဆန္ဒကို သဘော တူနိုင် စရာ မရှိဘူး၊ ချင်ယုက ဝမ်ယန်ကို ကြိုးကိုင် တဲ့သူ ဖြစ်ဖို့၊ ဖြစ်နိုင်ခြေ မြင့်မားတယ်၊ ဒီလို လူကို အစ်မက လက်ခံ စရာလား။ ''

ဝမ်ယန်သည် အိမ်ရှေ့ မင်းသား၏၊ စစ်တုရင် အစိတ် အပိုင်း တစ်ခု မျှသာ ဖြစ်ကြောင်း၊ လူတိုင်း သိထား ကြပြီး၊ ရှင်းဂျူ သေဆုံးမှု အတွက်၊ ချင်ယုကို သံသယ အရှိဆုံး ဖြစ်သည်။

ထို့အပြင် ယခု နှစ်ကုန်၊ နဂါး တံခါး ပြိုင်ပွဲတွင်၊ ရှင်းဂျူနှင့် ယှဉ်ပြိုင် ရရန်၊ အလား အလာ မြင့်မား ခဲ့သည်။

လင်းယွန်က သူ့ သံသယများ အပေါ်၊ ပေါ့ပေါ့ တန်တန် ဆုံးဖြတ်ချက် မချ ဝံ့ပေ။ သွေးတွင်း အဆိပ် ပင်ကို၊ အသုံးပြု လာသော ဝမ်ယန်အား မြင်သောကြောင့်၊ သတ်နိုင် မည်ဟု ယုံကြည်ကာ၊ ဓားဆွဲ လိုက်ခြင်း ဖြစ်သည်။

ချင်ယု မှာမူ ထိုသို့ မဟုတ်ပေ။ ရှင်းယန်က လက်ထပ် ဖို့ရန်၊ လုံးဝ သဘော တူမည် မဟုတ် ကြောင်း၊ သူသိ ထားသောကြောင့်၊ သံသယ ဝင်မိ ခြင်းသာ ဖြစ်သည်။

သံသယသည် သံသယသာ ဖြစ်ပြီး၊ အသုံး မဝင် လှပေ။ ဆိုလို သည်မှာ နောက်ကွယ်၌ ဇာတ်လမ်း တစ်ပုဒ် ရှိရ ပေမည်။

'' နောက် တစ်ခုလည်း ရှိသေးတယ်၊ ဒါပေမယ့် ပြောသင့် လားတော့ မသိဘူး .... ''

လင်းကျူရှန်က တုံ့ဆိုင်း သွားသည်။ လင်းယန် ကမူ ထိုသို့ မဟုတ်ပေ။

'' ဘာလို့ မပြောသင့် ရမှာလဲဲ ... အစ်ကိုကြီးလင်း၊ ဂုဏ်သိက္ခာ ရှိတဲ့ မျိုးနွယ်စု လေးစု ကြားမှာ၊ ဒီရက်ပိုင်း ကောလ ဟာလ တစ်ခု ထွက်နေတယ်၊ ... ''

'' .... ချင်ယုက 'လေးနက်သော ယန် ' နည်းစနစ်ကို စွန့်စား ကျင့်ကြံ နေတယ်၊ ဒီနည်းစနစ်က သဘာဝ အတိုင်း ကြီးစိုး နိုင်လွန်း တာကြောင့်၊ ချင်ယုရဲ့ ကျင့်ကြံမှုက ဒီနည်းစနစ် အတွက် မလုံ လောက်ဘူး၊ သူ့အတွက် ထိန်းညှိဖို့ 'လရောင် ရေစင်' မရှိရင်၊ အနှေးနဲ့ အမြန်ဆို သလို၊ သေဆုံးသွား လိမ့်မယ်။ ''

" ဒါ တကယ် လား .... "

'' တကယ်ပါ ဝမ်မိသားစု ကနေ၊ ဒီသတင်း ပထမဆုံး ထွက်လာ တာပဲ၊ အခုတော့ မျိုးနွယ်စု လေးစုမှာ ပျံ့နှံ့ နေပြီ၊ ... ''

'' .... ရှေးဟောင်း မှတ်တမ်းတွေ အရ၊ 'စိမ်းပြာ လမင်း သိုင်းဝိညာဉ်' ရဲ့၊ 'လရောင် ရေစင်'က 'ယင် စွမ်းအင်' ဖြစ်တာကြောင့်၊ 'ယန် စွမ်းအင်' ကို ထိန်းညှိ ပေးနိုင် ရုံသာ မကဖူး၊ 'လေးနက်သော ယန်' နည်းစနစ် ကိုလည်း၊ အဆင့်သစ် တစ်ခုထိ ယူဆောင် ပေးနိုင်တယ်၊ ... ''

'' ... ဒါက ချင်ယု အနေနဲ့၊ စီနီယာ အစ်မ ရှင်းယန်ကို နှစ်သက်လို့ မဟုတ်ဘူး၊ လူသား ဆေးအိုး အဖြစ်၊ သုံး ချင် နေတယ် ဆိုတာ ထင်ရှား နေတာပဲ၊ ပြီးတာနဲ့ ... ပြီးတာနဲ့ ..... ''

လင်းယန်က ရှေ့ဆက် မသင့် သောကြောင့်၊ တုန့်ဆိုင်း နေသော်လည်း ၊လင်းယွန်က သူမ ပြောမည့် စကားကို၊ သိထားပြီး ဖြစ်သည်။

လူသား ဆေးအိုး တစ်လုံး၏ ကံကြမ္မာကို၊ ကျင့်ကြံ သူတိုင်းက နားလည် နိုင်သည်။

" ငါ နား လည် ပြီ။ "

လင်းယွန်က အသက် ပြင်းပြင်း ရှူလိုက်သည်။ချင်ယုသည် ဤမျှ ရက်စက် ကြမ်းကြုတ်လိမ့်မည်ကို၊ သူ မထင် ထားခဲ့ပေ။

အကြည့် များက၊ နှင်း လွင်ပြင်ပေါ် ပြိုကျ သွားပြီးနောက်၊ အတွေးထဲ နစ်မျော သွားလေ၏။

နောက်ဆုံးတော့ ဇာတ်လမ်း တစ်ပုဒ် လုံးကို သိလိုက် ရပေပြီ။

လင်းညီအစ်မ နှစ်ယောက် လုံးက၊ စိတ်ပူ နေကြ သော်လည်း၊ မေးခွန်း မထုတ် ဝံ့တော့ပေ။

ရှင်းဂျူသည် ရှင်းယန်၏၊ အုပ်ထိန်းသူ ဖြစ်ပြီး၊ နောက်ခံကို ဆုံးရှုံး စေရန် အတွက်၊ ရှင်းဂျူကို သတ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန် တည်းမှာပင် သူမ ထံမှ၊ ဤသို့သော ဆုံးဖြတ် ချက်ကို ချပစ်ရန်၊ အတင်း အကြပ် စေခိုင်းသော၊ နောက်ထပ် တစ်စုံ တစ်ရာ ရှိနေ မည်မှာ၊ သေချာသည်။

နဂါး တံခါး ပြိုင်ပွဲတွင် ချန်ပီယံ ဆုကို ရယူရန်၊ ရှင်းဂျူ၏ လွှဲအပ် လာခြင်း အပေါ်၊ ပြန်အမှတ် ရသွားသော အခါတွင်၊ ခါးသီးသော အပြုံးကို ထုတ်ဖော် လိုက်မိသည်။

ချန်ပီယံသည် အင်ပါယာထံ၊ မည်သည့် အရာ မဆို တောင်းဆို နိုင်ပြီး၊ အင်ပါယာက ယင်းကို သဘောတူ ရမည် ဖြစ်သည်။

ချင်ယု၏ ရည်ရွယ် ချက်မှာ၊ ချန်ပီယံ ဖြစ်ရန် အတွက်၊ ရှင်းယန်ကို အလို ရှိနေ ပေသည်။ ထို့ကြောင့် ရှင်းဂျူမှာ၊ ပစ်မှတ် ဖြစ်သွားခြင်း ဖြစ်သည်။

ရုတ်တရက် ကာကွယ်သူ မက်မွန်၏ မစ်ရှင်အပေါ် သတိရ သွားသည်။ ဤကာလ အတွင်း သူ့ကို ထွက်သွား စေရန်၊ ရှင်းယန်က တောင်းဆို ခဲ့ပုံ ရသည်။

မင်္ဂလာ သတင်းကြောင့်၊ နောင်တ ချောက် ကမ်းပါးမှ ထွက်လာ မည်ကို၊ သူမ စိတ်ပူ နေခြင်း ဖြစ်ပေမည်။

"မနက်ဖြန် မင်္ဂလာ ပွဲလား"

လင်းယွန်က မေးသည်။ လင်းကျူရှန်က ကောင်းကင်ကို မော့ကြည့် လိုက်ပြီး၊

'' မဟုတ်ဘူး ဒီနေ့ပဲ၊ ချင်ယုက အင်ပါယာကို လှည့်လည်ဖို့၊ အခမ်း အနား တစ်ခုကို ပြင်ဆင် ထားတယ်၊ စီနီယာ အစ်ကိုလင်း.... မင်း ဘာမဆို လုပ်ဖို့၊ နှစ်ခါ ပြန်စဉ်းစား ရမယ်၊ အိမ်ရှေ့ မင်းရဲ့ မင်္ဂလာ ပွဲမှာ၊ နတ်ဘုရား အစောင့် တွေက စောင့်ကြပ် လိမ့်မယ်၊ ပြီးတော့ ကျွမ်းကျင် ပညာရှင် တွေကိုလည်း၊ စေလွှတ် ထားတယ်။ ''

လင်းကျူရှန် စကား၏ နောက်ကွယ်က အဓိပ္ပါယ် အရ၊ လင်းယွန်ကို သေစေ လိုပုံ မရ ခဲ့ပေ။

" ဒါပေမယ့် ငါရှင်းအောင် လုပ်စရာ တွေ ရှိသေးတယ်။ "

စကားဆုံး သည်နှင့် လင်းယွန်က မြင်းပေါ် ခုန်တက် သွားသည်။ သူက ရှင်းယန်ကို မေးခွန်းတစ်ခု မေးချင် နေသေးသည်။

ချင်ယုနှင့် လက်ထပ် ခြင်း၌၊ သူမ ဆန္ဒ မရှိ ပါက၊ သူ့ဓားကို ဆွဲရန် ဆိုင်းငံ့ စရာ မရှိ ချေ။

လင်းယန်နှင့် လင်းကျူရှန်၏ ထိတ်လန့် တုန်လှုပ် နေသော အကြည့်များ အောက်တွင်၊ လင်းယွန်၏ ပုံရိပ်မှာ တရွေ့ရွေ့ ပျောက်ကွယ် သွား တော့သည်။

မြို့တော် အတွင်း အာရုဏ်ဦး အလင်းရောင်ကို၊ ဆီးနှင်း များက ထူထပ်စွာ ဖုံးလွှမ်းထား၏။

ကျင့်ကြံ သူများ အနေ ဖြင့်၊ မူလ စွမ်းအင် များအား ထုတ်ဖော်ကာ၊ အအေး ဒဏ်ကို ကာကွယ် ထားနိုင်သည်။

ဤမျှ အေးစက်သော ရာသီ ဥတု အောက်တွင်ပင်၊ မြို့တော်၏ လမ်းမများ ပေါ်၌ လူအများ စည်ကား နေ၏။

ယနေ့တွင် မဟာချင် အင်ပါယာ အိမ်ရှေ့စံ၏၊ မင်္ဂလာ ပွဲရှိ ပေသည်။

ရုတ်တရက် ဖြစ်ပေါ် လာသော မင်္ဂလာပွဲ သတင်းကြောင့်၊ အင်ပါယာ တစ်ခုလုံး လှုပ်ခါ နေခဲ့သည်။

ရှင်းယန်သည် သူမ၏ အလှကြောင့်၊ ဓားနန်းတော်တွင် နာမည် ကြီးခဲ့ပြီး၊ သွေးနှင်းဆီ ဟုပင် နာမည် ပြောင်ရ ထား၏။

သူမ အမည်မှာ၊ မဟာချင် အင်ပါယာ တစ်လျှောက် ပျံ့နှံ့ ခဲ့ပြီး၊ လူ အများက သူမ အကြောင်းကို၊ အိပ်မက် မက် ကြသည်။

သို့သော် ယနေ့ ချင်ယုနှင့် လက်ထပ် တော့မည် ဖြစ်ရာ၊ လူတိုင်းအား မှင်တက် သွားစေ၏။

အခြား တစ်ဖက် တွင်မူ၊ ၎င်းမှာ သိပ်အံ့သြ စရာ မရှိပေ။ ချင်ယုသည် ရာဇ ပလ္လင်ကို အမွေ ဆက်ခံ မည့်သူ ဖြစ်ပြီး၊ ပါရမီရှင် ရှစ်ပါး ထဲမှ တစ်ဦး ဖြစ်သည်။

သူ၏ ခွန်အား အရ ဖြစ် စေ၊ အဆင့် အတန်း အရ ဖြစ်စေ၊ ရှင်းယန်နှင့် ထိုက်တန် ပေသည်။

ထို့ကြောင့်ပင် နှင်းမိုး များကို အံတုကာ၊ အိမ်ရှေ့စံနှင့် သူ့ ကြင်ယာ တော်တို့၊ လှည့်လည် ဖူးမျှော် ခံမည့် အချိန်ကို၊ စောင့်မျှော် နေကြခြင်း ဖြစ်သည်။

မြို့တော်၏ လမ်းမများ ပေါ်၌၊ စူစမ်း လိုသည့် သူများဖြင့် တဖြည်းဖြည်း ပြည့်နှက် လာတော့၏။

***

All Chapters