← Chapters

ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု။

Vol. 29 Ch. 405

ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု။

Vol. 29 Ch. 405

ရှင်းယန်သည် သူမ၏ အလှကြောင့်၊ ဓားနန်းတော်တွင် နာမည် ကြီးခဲ့ပြီး၊ သွေးနှင်းဆီ ဟုပင် နာမည် ပြောင်ရ ထား၏။

ချင်ယုသည် မဝာချင် အင်ပါယာ၏၊ ရာဇ ပလ္လင်ကို အမွေ ဆက်ခံ မည့်သူ ဖြစ်ပြီး၊ ပါရမီရှင် ရှစ်ပါး ထဲမှ တစ်ဦး ဖြစ်သည်။

သူ၏ ခွန်အား အရ ဖြစ် စေ၊ အဆင့် အတန်း အရ ဖြစ်စေ၊ ရှင်းယန်နှင့် ထိုက်တန် ပေသည်။

ထို့ကြောင့်ပင် နှင်းမိုး များကို အံတုကာ၊ အိမ်ရှေ့စံနှင့် သူ့ ကြင်ယာတော် တို့အား၊ ဖူးမျှော်ရန်၊ စောင့်မျှော် နေကြခြင်း ဖြစ်သည်။

မိုးနှင်းများ ပြိုကျ လာသည် နှင့်အမျှ၊ မြို့တော်၏ လမ်းမများ ပေါ်၌၊ စူစမ်း လိုသည့် သူများဖြင့်၊ တဖြည်းဖြည်း ပြည့်နှက် လာတော့၏။

မင်းသား စံအိမ်သို့ သွားရာ လမ်းပေါ်တွင်၊ ဘီး လှိမ့် သံများ၊ ကဆုန်ပေါက် ပြေးလွှား လာသော ခွာသံများ၊ ရုတ်တရက် ဆူညံစွာ ထွက်ပေါ် လာသည်။

နောက်ဆုံးတွင် အဓိက ဇာတ်ကောင်မှာ ထွက်ပေါ်လာ တော့မည် ဖြစ်၏။ များပြား လှသော မြင်းခွာသံ များကြောင့်၊ မြေပြင် တစ်ခုလုံး တုန်ခါ သွားသည်။

အခြားသူ များကို အဆုံး မရှိ၊ စိတ်ကူး စိတ်သန်း များဖြင့်၊ ပြည့်နှက် စေသည့် အရှိန်အဝါ တစ်ခုက တ ရွေ့ ရွေ့ တိုးကပ် လာ နေသည်။

'' သူတို့ ဒီမှာ .... ''

ဝရုန်း သုန်းကား နိုင်သော အသံများ၊ နီးကပ် လာသည် နှင့်အမျှ၊ အားလုံးက ရင်ခုန် လာ ကြ ကုန်သည်။

'နဂါး အမှတ် အသား ပါသော မြင်း' ရှစ်ကောင်က၊ ဦးဆောင်သော လူတန်းရှည် ကြီးကို၊ ဦးစွာ တွေ့မြင် လိုက် ရ၏။

'နဂါး အမှတ် အသား ပါသော မြင်း' များသည်၊ စစ်မှန်သော နဂါး၏ မျိုးဆက်သွေးကို၊ ပိုင်ဆိုင်သော မြင်း မျိုးစိတ်များ ဖြစ်သည်။

သူတို့၏ မျိုးဆက် သွေးသည်၊ နဂါးသွေး မြင်း များထက် သန့်စင်ပြီး၊ အလွန် ရှားပါး၏။ နတ်ဘုရား အစောင့်များ တွင်ပင်၊ ရှစ်ကောင်သာ ရှိသည်။

မြင်းများ၏ ရွှေရောင် အမွေး များမှာ၊ မိုးနှင်းများ အောက်တွင်၊ တလက်လက် တောက်ပ နေခဲ့ပြီး၊ ကြီးစိုးသော အရှိန် အဝါကို ပေးစွမ်း နေသည်။

၎င်းတို့ကို အင်ပါယာ၏ အထူး ဧည့်သည် တော်များ ကြိုဆို ရာ၌၊ အသုံး ပြုရန် သူကောင်းပြု ခံထား ရသော သားရဲများ ဖြစ်သည်။

အများ အားဖြင့် သူတို့ကို အသုံး ပြုခြင်း မရှိ ကြပေ။ မြင်းရှစ်ကောင် လုံးကို တစ်ပြိုင် နက် တည်း၊ အသုံးပြု ဖို့ဆို သည်မှာ သာ၍ပင်၊ ကြုံတွေ့ ခဲသည်။

'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' ဟု လူသိ များသော၊ နတ်ဘုရား အစောင့်များမှာ၊ ဂုဏ် ကျက်သရေ မြင့်မား သူများ၊ ဖြစ်ကြသည်။

မြင်းများအား စီးနင်းရန် သတ်မှတ် ချက်မှာ၊ နက်နဲ နဝမ အဆင့် ကျင့်ကြံသူ ဖြစ်ရ ပေမည်။ သည့်တင် မက စစ်မြေပြင် အတွင်း၊ ထူးခြားသော အောင်မြင်မှု များကို၊ ရရှိ ထားရန်လည်း၊ လိုအပ်၏။

'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' အား၊ တောက်ပသော ချပ်ဝတ် တန်ဆာ များဖြင့်၊ အလှဆင် ပေးထားပြီး၊ အိမ်ရှေ့ မင်းသား တစ်ဦးတည်း သည်သာ၊ ထိုသို့သော ဂုဏ်ပြုမှု မျိုးကို၊ ခံယူ ထိုက်မည် ဖြစ်သည်။

ရှင်းရှင်း ဆိုရ ပါမူ၊ မင်္ဂလာ ပွဲသည် လူအများ စိတ်ကူး ထားသည်ထက်၊ ပို၍ ခမ်းနား နေ၏။

'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' ၏ နောက်တွင်၊ ဇိမ်ခံ ရထားလုံး တစ်စင်းကို၊ ဆွဲငင် ထားသော ငွေရောင် မြင်းရှစ်ကောင် ပါရှိသည်။

ရထား လုံးကို ပုလဲ များဖြင့် အလှဆင် ထားပြီး၊ ငွေရောင် ထီးဖြူများ ဆောင်းပေး ထားကာ၊ ငွေရောင် ဇာပုဝါ များနှင့် ဖုံးအုပ်ထား၏။

ဆီးနှင်း များဖြင့်၊ ဖွေးဖွေး လှုပ်နေသော ပတ်ဝန်း ကျင်၌၊ ထိုရထား လုံးမှာ ပျောက်ကွယ် လုလု၊ ဖြူရွ နေ ပေသည်။

ရထား ပေါ်၌ လူနှစ်ယောက် ထိုင်ကာ၊ လမ်းမပေါ်ရှိ လူတိုင်း၏ အကြည့်ကို ခံယူရန်၊ ငွေရောင် ဇာပုဝါကို၊ တစ်ဝက် ဖွင့်လှစ်ပေး ထားလေသည်။

ထိုသူ နှစ်ယောက်မှာ ထီးမွေ နန်းလျာ မင်းသားကြီး ချင်ယုနှင့်၊ သူ၏ ကြင်ယာတော် ရှင်းယန် တို့ ဖြစ်၏။

အင်ပါယာ၏ အိမ်ရှေ့စံ ပီပီ ချင်ယု ထံ၌၊ ထူးခြားသော ရောင်ဝါ တစ်မျိုး ရှိ လေသည်။ ထို့ကြောင့် အခမ်း အနား အဝတ် အစားများ၊ ဝတ်ဆင် လိုက်သော အခါတွင်၊ ပို၍ပင် သန့်စင် လာ တော့သည်။

သူ့ အနားတွင် ရှင်းယန်က၊ ဖီးနစ် သရဖူကို တပ်ဆင် ထားကာ၊ လိမ်းခြယ် ထားသောအသွင် အပြင်ကြောင့်၊ မြင်ရ သူတိုင်းကို တသသ ဖြစ်လာ စေခဲ့သည်။

ရဲရဲတောက် နီမြန်း နေသော မင်္ဂလာ ဝတ်စုံကြောင့်၊ လူတိုင်းနှင့် ဝေးကွာ သွားသည်ဟု၊ ခံစား စေရသော သူမ၏ မျက်နှာတွင်၊ မည်သည့် ခံစား ချက်မှ ရှိမနေ ခဲ့ပေ။

" ဘယ်လောက် တောင် လှနိုင် လွန်းတဲ့ ရှင်းယန်လဲ၊ ဓားနန်းတော်မှာ သူရဲ့ အလှကြောင့်၊ နာမည် ကြီးတယ်လို့ ကြားဖူး ပါတယ်၊ အခု ကြည့်ရ တာတော့ ...၊ သူ့ကို အင်ပါယာမှာ အလှ ဆုံးလို့၊ ခေါ်ရ တော့မယ့် ပုံပဲ။ ''

'' ဒါပေမယ့် ဒီနေ့ ပြီးရင်၊ အိမ်ရှေ့ စံရဲ့ ကြင်ယာတော် ဖြစ်ရ တော့မယ် နှမျော စရာပဲ၊ အိမ်ရှေ့စံက တကယ် ထိုက်တန်တဲ့ ကြင်ယာကို ရှာနိုင် ခဲ့တာကိုး။ ''

" ဟား ဟား ဟား ..... ဒီလို အလျင် စလို မင်္ဂလာပွဲ ကျင်းပ ရတာဟာ၊ တော်ဝင် မိသား စုရဲ့ ပုံစံနဲ့ လုံးဝ မကိုက် ညီဘူး၊ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဖုံးကွယ် ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်၊ ရှိကို ရှိ ရမယ်။ ''

" ဒါ တော့ အမှန်ပဲ၊ အစ်ကို ဆုံးတာဖြင့် မကြာသေးဖူး၊ ရှင်းယန်က အခုလို အလျင် စလို၊ လက်ထပ် လိုက်တာက ပုံမှန် မဟုတ်ဘူး။ ''

" ဝမ်ယန်က ရှင်းဂျူကို အိမ် ရှေ့စံ အမိန့် အရ သတ်လိုက် တာလို့ ငါကြားတယ်။ "

'' တိတ်စမ်း ... မင်းရဲ့ အသံကို တိုးတိုး ပြောပါ၊ သက်သေ မရှိဘဲ၊ ပါးစပ် သရမ်း မနေနဲ့။ "

" သက်သေလား ... ရှင်းဂျူကို ဝမ်ယန်က မသတ် ခဲ့ရင်၊ လင်းယွန်က ဝမ်ယန်ကို ဘာလို့သတ်ရ တာလဲ .... ၊ ပြီး တော့ ဝမ်ယန်က ချင်ယုရဲ့ ... ခွေးဆိုတာ လူတိုင်း သိတယ်၊ ချင်ယုသာ ဆန္ဒ မရှိရင်၊ ဝမ်ယန် ဘယ်လောက်ပဲ သတ္တိ ရှိရှိ၊ ရှင်းဂျူကို မသတ် ဝံ့ဘူး။ ''

'' အင်း အဲဒီ အကြောင်း ပြောရရင်၊ လင်းယွန် အတွက် တကယ်ကို စိတ်မကောင်း ဖြစ်မိတယ်၊ သူက တကယ့် ဘီလူး... ၊ ဒါပေမယ့် အခုတော့ နက်နဲ သွေးကြော ဖျက်ဆီး ခံလိုက် ရပြီ၊ ဒါက သူ့ရဲ့ အနာဂတ်ကို ထိခိုက် စေလိမ့်မယ်။ ''

ကန့်လန့်ကာ နောက်ကွယ်ရှိ ရှုပ်ပွ နေသော ဖြစ်ရပ် များကြောင့်၊ လူတိုင်းက မြင်တိုင်း မယုံချင် ကြတော့ပေ။

ရုန်းရင်း ဆန်ခတ် အငြင်းပွား မှုများ အပေါ်၊ နှုတ်ပိတ်ရန်၊ ချင်ယုက ခမ်းနား သော ပကာ သန များကို ပြုလုပ် ခဲ့သည်။

သို့ သော် သက်ရောက် မှုက သူထင် ထားသည်နှင့် ၊ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ သည်မှာ၊ စိတ်မကောင်း စရာပင်။

ချင်ယုသည် အင်ပါယာတွင် အဆင့် အတန်း မြင့်မားသော ပါရမီရှင် ရှစ်ပါး အနက်မှ တစ်ပါး ဖြစ်သည်ကြောင့်၊ ကျယ်လောင်သောအသံဖြင့် ပြောဆို ဝံ့သူ မရှိခြင်း သာဖြစ်သည်။

ငွေဖြူရောင် ရထားလုံး ဘေးတွင်၊ အသူရာ အဖွဲ့ အစည်း၏ ကျွမ်းကျင် သူများ ရှိ နေ ခဲ့သည်။

ထိုသူ များမှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ ဟန်ဂန်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း၏ ဝမ်ဖန်၊ ရှေးဟောင်း တာအို ဂိုဏ်း၏ ဂျီမူဟန်၊ ကောင်းကင်ဘုံ ချင် အင်စတီကျုမှ တောင်းဂျင်နှင့်၊ ဓားနန်းတော်၏ ဘိုင်လိရွှမ် တို့ ဖြစ်သည်။

၎င်းတို့သည် ပါရမီရှင် ရှစ်ပါး ပြီးနောက်၊ဒုတိယ အသန် မာဆုံး သူများ ဖြစ်ကြသည်။

ထို့ပြင် သူတို့ အားလုံး၏ ကျင့်ကြံမှာ၊ နက်နဲ နယ်ပယ် ဒဿမမြောက် အဆင့် တွင်လည်း ဖြစ်သည်။

သူတော်စင် ခန္ဓာ ကိုယ်ကို ဖွဲ့တည် နိုင်ခဲ့သော သတင်းသည်၊ အင်ပါယာ တခွင် ပျံ့နှံ့သွား ပြီးနောက်၊ ဘိုင်လိရွှမ်မှာ ၎င်းတို့ အနက်၊ အာရုံ စိုက်မှု အခံ ရဆုံး၏၊ ဗဟိုချက် ဖြစ်လာ ခဲ့သည်။

'' ဘယ်လောက်တောင် ခမ်းနား ပြနေလဲ၊ ဟန်ဂန်၊ ဝမ်ဖန်၊ ဂျီမူဟန်၊ တောင်းဂျင်နဲ့ ဘိုင်လိရွှမ်.. သူတို့ ငါးယောက် လုံးက၊ ချန်ပီယံဆု အတွက် ပြိုင်ဆိုင်ဖို့ ခွန်အားတွေ ရှိကောင်း ရှိနိုင်တယ်။ ''

'' ဟုတ်တယ်...၊ မတတ် နိုင်ရင် တောင်မှ အဲဒါနဲ့ သိပ်မဝေး သင့်ဘူး၊ သူတို့က ဒီနှစ်ကုန် နဂါး တံခါး ပြိုင်ပွဲ ကျရင်၊ တောက်ပ နေမှာ၊ သေချာ တယ်။ ''

'' အရှင် မင်းမြတ်က အကြောင်း တစ်ခုခုကြောင့်၊ အိမ်ရှေ့စံ အဖြစ်ပဲ ရှိနေသေး ပေမယ့်၊ ပါရမီရှင် တော်တော် များများက သူ့အတွက် ဝိုင်းရံဖို့ ဆန္ဒရှိ ကုန်ကြပြီ။ ''

" ဟား ဟား ဟား၊ နောက်ကွယ်က ဇာတ်လမ်းက မင်းထင် သလောက် မရိုး ရှင်းမှာ၊ ငါကြောက် မိတယ်။ "

အသူရာ အဖွဲ့ အစည်း၏ တည်ရှိမှု အကြောင်းကို၊ သိရှိ ထားသူ အချို့ ရှိခဲ့ သော်လည်း၊ ၎င်းတို့ အနက်မှ ထုတ်ဖော် ပြောဆို လာခြင်း၊ မရှိ ကြပေ။

လူအုပ် ကြားတွင် လူငယ် တစ်ဦးက၊ ငွေဖြူရောင် ရထားလုံး ပေါ်ရှိ အမျိုး သမီးကို၊ လက်သီး ဆုပ်လျက်ဖြင့် ကြည့်နေ၏။

ထိုလူငယ်မှာ လီဝူယု ဖြစ်သည်၊ သူ့ ဘေးရှိ ချင်းရွှမ်ဂျွန်က စိတ်မြန် လက်မြန် ရှိသော လီဝူယုကို တားဆီးရန်၊ သူ့လက်အား ဝှေ့ယမ်းပြ လိုက်သည်။

'' တောက် ..... စီနီယာ အစ်မက လုံးဝ မပျော်တာ သေချာတယ်၊ သူ့ကို ကြည့်ရတာ အသေကောင် တစ်ကောင် လိုပဲ၊ ဟိုခွေးသားကတော့ ပျော်ရွှင် နေတယ်၊ ဂိုဏ်းရဲ့ အကြီး အကဲတွေက မျက်စိ ကန်းနေလား မသိဘူး၊ သားရဲ တွင်းထဲ ဝင်နေတဲ့ စီနီယာ အစ်မကို၊ သူတို့ တကယ် ကြည့်နေ ရက်တယ်။ ''

ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါ သွားကာ၊ သွားများကို ကြိတ် ချေ လိုက်၏။ သူ့ အမြင်၌ ရှင်းယန်မှာ၊ ကျား ပါးစပ်ထဲ ဝင်သွားသော ယုန်သငယ် ကဲ့သို့၊ သနား စရာ ကောင်းလွန်း လှပေသည်။

" ရှင်းယန်က သဘောတူ ခဲ့ပြီး တဲ့နောက်၊ ဂိုဏ်းကို မင်းက ဘာလုပ် စေချင် တာလဲ၊ အိမ်ရှေ့ မင်းကို သတ်ပြီး၊ အင်ပါယာ တစ်ခု လုံးရဲ့ ရန်သူ ဖြစ်လာ စေချင် တာလား။ ''

ချင်းရွှမ်းဂျွန်က သက်ပြင်း ချကာ ဆိုလိုက်၏။ သူ့ စကားကြောင့် လီဝူယုမှာ တိတ်ဆိတ် သွားသည်။

မြေပြင် ပေါ်တွင် မြင်းခွာ အမှတ် အသားများ၊ နက်ရှိုင်းစွာ ကျန်ရစ် ခဲ့ပြီး၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲ များ'က၊ မင်းသား စံအိမ် ဆီသို့ စနစ် တကျ ဦးတည် နေ ကြသည်။

ထို့နောက်တွင် အဖြူရောင် ရထားလုံး၊ သူနှင့် ကပ်ရပ်တွင် မဟာချင် အင်ပါယာ၏၊ ဒုတိယ အလွှာရှိ အထက် တန်းစားများ၊ ကိုယ်လှုပ်တော် မောင်းမ အချွေ အရံများ၊ တော်ဝင် အစောင့် ကျွမ်းကျင်သူ များနှင့်၊ နတ်ဘုရား အစောင့်များ စသည့်၊ အစဉ်လိုက် ရွေ့လျား လာကြ ပေသည်။

သို့သော် ရုတ်တရက် လူတန်းရှည် ကြီးမှာ လမ်းမ ပေါ်၌ တုန့်ခနဲ ရပ်သွား၏။

" ရပ်သွား တာလား။ "

" ဘာလို့ ရပ်သွား တာလဲ.... ''

" ရှေ့မှာ ဘာဖြစ် နေတာလဲ ... ။ "

ရုတ်တရတ် ရပ်တန့် သွားသော အဖြစ် အပျက် ကြောင့်၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲ များ' ကို ကျော်လျက်၊ အဝေးသို့ မျှော်ကြည့် လိုက်သော အခါတွင်၊ လူအုပ် ကြီးမှာ ထိတ်လန့်သွား ကြသည်။

'' ဘယ်သူလဲ ... ''

မိုးနှင်း များကို အံတုလျက်၊ လမ်းမ ပေါ်တွင် ခိုင်မြဲစွာ ရပ်နေသော၊ လူငယ် တစ်ယောက်အား တွေ့လိုက် ရသည်။

သူ့ကျောတွင် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးထားကာ၊ နတ်ဆိုး မျက်နှာ ဖုံးကို တပ်ဆင်ထား၏။

လူငယ်မှာ ငြိမ်သက်လွန်း သဖြင့်၊ မိုးနှင်း များကြောင့် အေးခဲ သေဆုံး သွားခဲ့ပြီ ဟုပင်၊ ယူဆ သွားမိ ကြသည်။

သို့သော် သူ့ဘေးတွင် ရပ်နေသော ကြက်သွေးရောင် မြင်းတစ်ကောင်က၊ လူအုပ်ကိုမြင်သည်နှင့် ဝမ်းသာအားရအပျင်းကြောဆွဲလိုက်၏။

လှုပ်ခါသွားသော ထိုမြင်းကြောင့်၊ သူ့ဘေးရှိ လူငယ် ပေါ်တွင် ဖုံအုပ် နေသော နှင်းလွှာများ၊ကွာ ကြ ကုန်လေပြီ။

ထို မြင်ကွင်း အရ အဆိုပါ လူငယ်မှာ၊ သေဆုံး နေခြင်းမျိုး မဟုတ်ဘဲ၊ ဤနေရာ၌ စိတ်ရှည် လက်ရှည် စောင့်ဆိုင်း နေခဲ့ကြောင်း၊ ထင်ရှား လှပေ၏။

'' လင်းယွန်လား။ ''

အားလုံးက မျက်နှာ ဖုံးတပ် လူငယ်နှင့်၊ နဂါးသွေး မြင်းကို မြင်သော အခါ၊ လူတစ်ဦးကို တွေးမိ သွားကြသည်။ သို့သော် မဖြစ် နိုင်ဟု ခံစား မိပြန်သည်။

လင်းယွန်မှာ နောင်တ ချောက်ကမ်းပါး တွင် အပြစ်ဒဏ် ခံ နေ ရသည်သာ မက၊ ဒုက္ခိတ တစ် ယောက် ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် အ ဖြူ ရောင် ရထား လုံးကို ဟန့်တား လိုပါလျှင်၊ သူ့ကိုယ်သူ သတ်သေ ခြင်းဖြင့် ကွာခြား တော့မည် မဟုတ်ပေ။

သည့်အပြင် အိမ်ရှေ့ မင်း၏ မင်္ဂလာ ပွဲကို တားဆီးရန်၊ မည်သူမျှ မိုက်မဲ ဝံ့မည် မဟုတ်ကြောင်း၊ သူတို့ ယုံကြည်ထား ကြသည်။

" လင်း ယွန်.... "

ဟန်ဂန်၏ မျက်နှာမှာ ပျက်ယွင်း သွားသည်။ လင်းယွန်သည် သူ၏ ဂျူနီယာ ဖြစ် သော ဘိုင်ယုအား မင်းသမီး စံအိမ်တွင်၊ မည်သို့ နစ်နာ စေခဲ့ သည်ကို၊ ပြန်သတိ ရမိ၏။

အကယ် ၍သာ သူ့လမ်းတွင်၊ ရှင်းဂျူမှ ပိတ်ဆို့ ရပ်နေ ခြင်း မရှိ ပါက၊ သတ်ပြီးသား ဖြစ် နေ ပေလိမ့်မည်။

" တကယ် ဂျူနီယာ ညီ လေးလား .... "

ရှင်းယန်ကို အဝေးမှ လိုက်ပါ ပို့ဆောင် ကြသော၊ လမ်းဘေး ဝဲယာရှိ ရတနာ တောင်ကုန်း ပြည်နယ်၏၊ တပည့် များစွာက၊ ငယ်ရွယ် နုပျိုသော ရုပ်သွင်ကို မြင်လိုက် ရသော အခါတွင်၊ စိတ်လှုပ်ရှား သွားသည်။

သို့သော် နက်နဲ သွေးပြန် ကြောကို၊ ဖျက်ဆီး ခံရသော လင်းယွန် အဖြစ်ကို၊ ပြန်လည် သတိရ သွားမိကာ၊ စိုးရိမ် စိတ်များ ဝင်ရောက် လာ တော့၏။

ခြေထောက်များ ပေါ်တွင်၊ ဖုံးလွှမ်း နေသော ရေခဲလွှာ များကို လျစ်လျူရှုကာ၊ နတ်ဆိုး မျက်နှာ ဖုံးအား၊ လင်းယွန်က ဖယ်ရှား လိုက်၏။

ယင်းကြောင့် လူအုပ် ကြီးမှာ၊ အသက်ရှု ကြပ်သွား သည်။

ဓားနန်း တော်၏ အတွင်း တပည့် လင်းယွန်။

သူ့ အကြောင်းကို လူတိုင်း ကြားဖူး ကြပေသည်။

အနီ ရောင် ဖီးနစ် ငှက်ကို အသံ မြည်စေကာ၊ ကြာနက် နန်းတော်၏ ဒဿမ အဆင့်သို့၊ တက်လှမ်း နိုင်ခဲ့ သော၊ သူ ဖြစ်သည်။

အလား အလာမှာ စိတ်ကူး မယဉ် နိုင်စရာ ဖြစ်ပြီး၊ မည်သူမျှ သူ့အား မတားဆီး နိုင်ပေ။

ဝမ်ယန်ကို လူမြင် ကွင်းတွင် သတ်ခြင်းဖြင့်၊ ဂိုဏ်း၏ စည်းမျဉ်း များအား ချိုးဖောက် ခဲ့သည်၊ ယင်းကြောင့် လေးနက်သော သွေးကြော များကို ဖြတ်တောက် အပြစ်ပေး ခံရ၏။

ထို့ပြင် သတ်ဖြတ်ခြင်း အပေါ်၊ နောင်တ မရကြောင်း၊ သူ၏ ကြေငြာ ချက်ကြောင့်၊ အင်ပါယာ တစ်ခုလုံး စိတ်လှုပ်ရှား ခဲ့ရပြီ ဖြစ်သည်။

သို့သော် ဘိုင်လိရွှမ်က၊ တံခါးပိတ် ကျင့်ကြံ ရာမှ ထွက်လာသော အချိန်တွင်၊ 'စွံအ' သွားသော လင်းယွန် အပေါ်၊ လူတိုင်း မေ့သွား ကြကုန်၏။

ယခု ကဲ့သို့ အိမ်ရှေ့စံ ၏ လမ်း၌ ပေါ်လာရန်၊ သာ၍ပင် မမျှော်လင့် ထားကြပေ။

လင်းယွန်၏ အကြည့် များက၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' ကို၊ ဖြတ် ကျော် သွားသည်။

ပြီး နောက် ရှေ့တိုး လာသော ဟန်ဂန်၊ ဘိုင်လိရွှမ် တို့ကို ဥ ပေက္ခာ ပြုကာ၊ ချင်ယုကို ကြည့်လိုက်၏၊

ယင်းမှာ အဆုံးသတ် မဟုတ် ခဲ့ဘဲ၊ သူ့ အကြည့် များကို၊ အဖြူရောင် ပတ်ဝန်း ကျင်ဖြင့် နောက်ခံ ပြုလျက်၊ ရဲရဲနီ နေသော ရှင်းယန်ထံ ကျဆင်း သွားသည်။

နှင်းမိုး များ ထဲတွင်၊ တစ်ကိုယ်တည်း ရပ်နေသော လင်းယွန်ကို ကြည့်ကာ၊ ရှင်းယန်၏ မျက်ဝန်း များက ရုတ်ချည်းပင်၊ နီရဲ လာ၏။

ရှင်းဂျူ ကွယ်လွန် ပြီး နောက်၊ သူမ၌ မျက်ရည် တစ်စက်မှ မကျန် တော့ဟု၊ ယူဆ ထားမိသည်။

သွယ်လျသော အသွင် အပြင်ဖြင့်၊ ခေါင်းမာစွာ ရပ်နေသော လင်းယွန်ကြောင့်၊ ထိုအယူ အဆကို ဆန့်ကျင်ကာ၊ မျက်ရည်များ စီးကျလာ ခဲ့၏။

လာမည်ဟု အတပ် သိ၏၊ ထို့ကြောင့် ကာကွယ်သူ မက်မွန်အား အကူအညီ တောင်းကာ၊ အဝေးသို့ စေလွှတ်ရန် တောင်းဆို ခဲ့သည်။

'' အရမ်း .... မိုက်လွန်းတယ်။ ''

ဝမ်ယန်ကို သတ်ပစ် ခြင်းဖြင့်၊ သူ့ အတွက် လုံလောက်အောင် မိုက်မဲ နေပြီး ပြီမို့၊ ဤသို့ ထပ်မံ ပြုမူရန် မသင့် တော့ ပေ။

" မင်းမလာ သင့်ဘူး။ "

သက်ပြင်းချ ရေရွတ်လိုက် ချိန်တွင်၊ မျက်ရည် များကြောင့် ရှင်းယန်၏ မြင်ကွင်းများ မှုန်ဝါး သွား လေသည်။

" ငါဘာလို့ မလာ ရမှာလဲ ... ။ "

မြင်း ဘေးရှိ လင်းယွန်က၊ ရှင်းယန်၏ တိုးညှင်းသော စကား သံများကို၊ အဝေးမှ ခံစား မိဟန်ဖြင့်၊ သူ တစ်ကိုယ်တည်း ကြားရုံ ရေရွတ် လိုက်သည်။

ပြီးနောက် ပြတ်သားသော လေသံဖြင့် အော်ဟစ် လိုက်၏။

'' စီနီယာ အစ်မ ... ငါဒီကို လာမှာ မင်းသိ ပါတယ်၊ ဓားတာအိုကို ရွေးချယ် ပြီးတဲ့ နောက်တော့၊ ဒီကမ္ဘာ ကြီးက 'သောက ပွေ' လွန်းမယ် ဆိုတာ ငါသိပြီး သားပါ၊ နှင်း မုန်တိုင်းက ငါ့ကို မတား နိုင်သလို... ၊ ငါ့ဓား ကိုလည်း ... သူတို့ မတား နိုင်ပါဘူး။ "

လေသည် ပို၍ပင် ပြင်းထန် လာကာ၊ မုန်တိုင်း မလာခင်၊ ရှေ့ဦး လေပြင်းများ ကဲ့သို့ လင်းယွန်နှင့်၊ နဂါးသွေး မြင်းဆီ ဂုဏ်ယူစွာ ပြေးဝင် သွားသည်။

ထို လေ ပြင်း များကြောင့်၊ မိုးနှင်း များဖြင့် ပက်ဖြန်းလိုက် သကဲ့သို့၊ ဖြူဖွေး သွား၏။ သူ့ စကားက တင်းမာပြီး၊ အေးစက် နေသောကြောင့်၊ လူတိုင်းကို အသက်ရှူ ကြပ်သွား စေသည်။

ရထားလုံး ပေါ်ရှိ ချင်ယု၏ အပြုံးများ ပျောက်ကွယ် သွားကာ၊ သူ့ မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွား၏။

" သူ့ ကို သတ် ...."

ယင်းကို သတိ ထားမိ လိုက် သော ဟန်ဂန်က ဦးစွာ အချက်ပေး လိုက်သည်။

နောက် တစ်စက္ကန့်တွင်၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' က၊ ပြင်း ပြသော သတ်လိုသည့် ရည်ရွယ် ချက်များ ထုတ်ဖော်ကာ၊ လင်းယွန်ထံ ပြေးဝင် လိုက်ကြ လေသည်။

ချင်ယု ကိုပင် ဂရု စိုက်ခြင်း မရှိ သော လင်းယွန် အတွက်၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' အ ပေါ်၊ စိုးရိမ် နေခြင်း မရှိပေ။

ထို့ကြောင့်ပင် သူ့ မျက်နှာရှိ ဝမ်းနည်း သော အရိပ် အယောင်များ၊ တဖြည်းဖြည်း ပျောက်ကွယ် သွားကာ၊ ဓားတစ်လက် ကဲ့သို့ ထက်ရှမှုများ၊ အစားထိုး ဝင်ရောက် လာတော့၏။

***

All Chapters