← Chapters

သရုပ်ဖော် အဆင့်။

Vol. 29 Ch. 406

သရုပ်ဖော် အဆင့်။

Vol. 29 Ch. 406

" သူ့ ကို သတ် ...."

ဟန်ဂန်က ဦးစွာ အမိန့်ပေး လိုက်သည်။

နောက် တစ်စက္ကန့်တွင်၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' က၊ ပြင်းပြသော သတ်လိုသည့် ရည်ရွယ် ချက်များ ထုတ်ဖော်ကာ၊ လင်းယွန်ထံ ပြေးဝင် လိုက်ကြ လေသည်။

ချင်ယု ကိုပင် ဂရု စိုက်ခြင်း မရှိသော လင်းယွန် အတွက်၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' အပေါ်၊ စိုးရိမ် နေခြင်း မရှိပေ။

ထို့ကြောင့်ပင် သူ့ မျက်နှာရှိ ဝမ်းနည်းသော အရိပ် အယောင်များ၊ တဖြည်းဖြည်း ပျောက်ကွယ် သွားကာ၊ ဓားတစ်လက် ကဲ့သို့ ထက်ရှမှုများ၊ အစားထိုး ဝင်ရောက် လာတော့၏။

'နဂါး အမှတ် အသား ပါသော မြင်း' ရှစ်ကောင်က၊ ၎င်းတို့၏ ရွှေရောင် အမွေးများ ထံမှ၊ တောက်ပသော အရှိန် အဝါများကို၊ ထုတ်ဖော် လိုက်ကြသည်။

'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' က၊ မြင်းများ ပေါ်မှ နေ၍ လှံများ ကိုင်ဆောင်ကာ၊ နဂါး ရှစ်ကောင် ကဲ့သို့ ဒုန်းဆိုင်း ပြေးဝင် လာ၏။

သူတို့၏ လှံများကို အားယူ လိုက်ရုံဖြင့်၊ လေပြင်း များကို ဖြစ်ပေါ် သွား စေသည်။

'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' နှင့်၊ မြင်းများ ပေါင်းစပ်မှုသည် ထိတ်လန့်ဖွယ် မြင်ကွင်းကို၊ အပြည့် အဝ ပြသ နေသည်။

သူတို့ ရှစ်ယောက် အတူတူ လုပ်ဆောင်ခြင်းဖြင့်၊ ခရမ်းရောင် နန်းတော် နယ်ပယ်၊ သိုင်းသမား များကိုပင်၊ သတ်ပစ် နိုင်သည် ဟူသော ကောလ ဟာလများ၊ ထွက်ပေါ်ခဲ့ ကြဖူးသည်။

သူ့ထံ အားသွင်း နေသော မြင်းစီး သူရဲ ရှစ်ယောက်ကို ကြည့်ကာ၊ လင်းယွန်က နဂါးသွေး မြင်း၏ လည်တိုင်အား၊ ညင်သာစွာ ပုတ်လိုက်၏။

'' ဟီး ..... ဟစ် ဟစ် ''

လင်းယွန်၏ အချက် ပြမှုကို ရသည်နှင့်၊ 'နဂါး အမှတ် အသား ပါသော၊ မြင်းစီး သူရဲ များ' ထံ မျက်နှာ မူကာ၊ နဂါးသွေး မြင်းက ဟောက်သံ ပြုသည်။

'' ရှပ် ရှပ် ..... ''

မြေပြင်တွင် ခွာများ ယှက်ကာ၊ လျှပ်စီးကြောင်း များကို လင်းလက် လာစေ၏။

တစ်ချိန် တည်းမှာပင်၊ ကြက်သွေးရောင် မီးတောက်များ ခန္ဓာကိုယ် ပေါ်၌ တောက်လောင် လာပြီး၊ ကောင်းကင် သို့တိုင် ပျံ့လွင့် သွားလေသည်။

'' ခွပ် ...... ''

အရှိန် အဝါများ အထွတ် အထိပ်သို့ ရောက်သည်နှင့်၊ နဂါးသွေး မြင်းက ရှေ့တစ်လှမ်း တိုးလိုက်၏။

ခွာဖြင့် နင်းခံ ရသော မြေပြင် ပေါ်ရှိ နှင်းများက၊ ပေါက်ကွဲ လာကာ၊ နဂါးသွေး မြင်း၏ ဟောက်သံ နှင့်အတူ၊ 'ဖွားခနဲ' လွင့်ထွက် သွားသည်။

ရိုးရှင်းသော ခြေလှမ်း တစ်လှမ်းဟု ထင်ရသော်လည်း၊ မြင်းခွာများ မြေပြင် ပေါ်သို့ ကျရောက် သွာသည်နှင့်၊ လေ တိုက်နှုန်းအား ပြောင်းလဲ စေခဲ့၏။

မိုးနှင်းများ ပြင်ထန်စွာ ရိုတ်ခတ် လာသောကြောင့်၊ 'နဂါး အမှတ် အသား ပါသော မြင်း' များ၏ ဖွဲ့စည်း ပုံမှာ၊ ပျက်ယွင်း သွားသဖြင့်၊ မြင်းစီး သူရဲ တို့၏ မျက်နှာများ၊ ပြောင်းလဲ သွားသည်။

( မျိုးမစစ် တွေကများ .... ငါ့ရှေ့ မာန်ဝင့် ရဲရ တယ်လို့၊ ဘာနဂါး အမှတ် အသားလဲ၊အကြေး ခွံလေး တစ်ခွံ လောက်နဲ့များ .... ဟားဟား ဟား)

နဂါးသွေး မြင်းက ရှေ့သို့ ပြေး ထွက်ခြင်း မရှိဘဲ၊ ဤမြင်ကွင်းကို အထင် အမြင် သေးစွာဖြင့် ကြည့်နေ ခဲ့သည်။

'နဂါး အမှတ် အသား ပါသော မြင်း' ရှစ်ကောင်သည်၊ နဂါး သွေမြင်း၏ ကြီးမားသော ဖိအားကြောင့်၊ မြေပြင် ပေါ်သို့ လဲကျကာ၊ ကြောက်လန့် တုန်လှုပ် သွားကြ လေသည်။

ယင်းကြောင့် 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲများ' မှာ၊ မြင်းများ ပေါ်မှ ပြုတ်ကျ လာကုန်၏။

နဂါး သွေးမြင်း ထံမှ၊ ရုတ်တရက် ပေါက်ကွဲ လာသော အရှိန် အဝါကြောင့်၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲ ' ရှစ်ယောက်က၊ အထိတ် တလန့် ဖြစ်ခဲ့ ရသည်။

သူတို့၏ မြင်းများမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ နတ်ဆိုး သားရဲနှင့်၊ ရင်ဆိုင်ရ ချိန်တွင်ပင်၊ ကြောက်လန့်ခြင်း မရှိပေ။

သို့သော် ၎င်းတို့သည် နဂါးသွေး မြင်း၏ ရောင်ဝါ အောက်၌၊ ကြောက်ရွံ့ ထိတ်လန့် ကုန်ကြ၏။

“ သတ် ... ''

'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲ' ရှစ်ဦးမှာ၊ အတွေ့ အကြုံ ရင့်ကျက်သော စစ်သားများ ဖြစ်ပေသည်။

ထို့ကြောင့် မြင်းများ ပေါ်မှ လဲကျသော အခါတွင်၊ မြေပြင်အား ပုတ်လျက် ထိန်းမတ် လိုက်ကြပြီး၊ နဂါး သွေးမြင်း ထံသို့ တဟုန်ထိုး ပြေးဝင် လိုက် ကြ၏။

'နဂါး အမှတ် အသား ပါသော မြင်းများ' မရှိလျှင် အားနည်း လှသော်လည်း၊ သူတို့က သန်မာ အားကောင်း နေဆဲ ဖြစ်သည်။

လင်းယွန်က နဂါး သွေးမြင်း ပေါ်သို့၊ ခုန်တက်လိုက်ပြီး၊ အေးစက်သော အရိပ် အယောင်များ ထုတ်လွှတ်ကာ၊ စောင့်မျှော် လိုက်သည်။

သူ့ ခံစား ချက်ကို နားလည် နေသော နဂါးသွေးမြင်းက၊ အရှိန် အဝါအား နောက်ထပ် မြှင့်တင် လိုက်၏။

သန့်စင်သော ရောင်ဝါကို၊ ရင်ဆိုင် လိုက်ရသော၊ မြင်းစီး သူရဲ ရှစ်ယောက်၏ မျက်နှာ များမှာ၊ ကြည့်မကောင်း အောင်ပင် ပျက်ယွင်း သွား လေသည်။

မရေ မတွက် နိုင်သော ဓားများက၊ ၎င်းတို့၏ ချပ်ဝတ် တန်ဆာ များကို၊ လာရောက် ခေါက်နေ သကဲ့၊ ခံစား လိုက်ရသည်။

" ထွက် သွား စမ်း .... "

လင်းယွန်က ဇက်ကြိုးကို ဆွဲလိုက်ပြီးအော်ဟစ် လိုက်၏။ ဇာတ်ကြိုး ဆွဲခံ ရသော နဂါးသွေး မြင်းက၊ ၎င်း၏ ရှေ့ခွာ များကို ကောင်းကင်သို့ မြှောက်လျက် အားယူကာ၊ ချက်ချင်းပင် မြေပြင်ပေါ် ပြန်နင်း ချလိုက်၏။

'' ဟီး...... ဟစ် ဟစ်.... ''

ပြီးနောက် အနားကပ် လာသော၊ မြင်းစီး သူရဲ ရှစ်ဦးကို နောက်ခြေဖြင့်၊ အဝေးသို့ ကန်ထုတ် ပစ်တော့သည်။

မြင်းခွာများ ထိမှန် ကုန်သော၊ ထိုရှစ်ယောက်မှာ မျက်နှာများ ဖြူဖျော့လျက်၊ ပြန်မထ နိုင်ကြ တော့ပေ။

ထိုမြင်ကွင်းကို လင်းယွန်က ခံစားချက် မဲ့သော အမူအရာဖြင့်၊ အေးစက်စွာ မျှော်ကြည့် လိုက်သည်။

နဂါးသွေး မြင်း ပေါ်တွင် ထိုင်နေသော သူ့ အသွင် အပြင်မှာ၊ ကြီးစိုးနိုင် လွန်းသော အရှိန် အဝါ များဖြင့်၊ တောက်ပ နေပေသည်။

'နဂါး အမှတ် အသား ပါသော မြင်းများ' နှင့်၊ မြင်းစီး သူရဲ များက၊ တခဏချင်း ရှုံးနိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားသော ကြောင့်၊ ပတ်ဝန်း ကျင်မှာ တိတ်ဆိတ် သွားတော့သည်။

ဤမြင်ကွင်းကို မယုံကြည် နိုင်ပေ။ နဂါးသွေး မြင်းကို ကြည့်ကာ၊ ကြောက်ရွံ့သော အရိပ် အယောင်များ၊ ဖြစ်ပေါ် လာကြသည်။

မြင်း တစ်ကောင်၏ ဒေါသမှာ အနည်းငယ် ပြင်းထန် လွန်းနေသည်။

မြေပြင် ပေါ်တွင် လဲလျောင်း တုန်ယင် နေသော၊ 'နဂါး အမှတ် အသား ပါသော မြင်း' ရှစ်ကောင်က၊ အိမ်ရှေ့ မင်းသား၏ မျက်နှာကို ကြီးစွာ ဖြတ်ရိုက် လိုက်ခြင်း မည်၏။

ချင်ယုက စကား တစ်ခွန်းမှ မဆိုဘဲ၊ ရထား ပေါ်တွင် ထိုင်နေ သော်လည်း၊ သူ့ခန္ဓာ ကိုယ်မှ ထွက်လာသော၊ သတ်ဖြတ် လိုခြင်း အငွေ့ အသက်ကို၊ မည်သူ မဆို ခံစား နိုင်ခဲ့သည်။

ရထား၏ ရှေ့တွင် ရပ်နေသော ဟန်ဂန်၊ ဝမ်ဖန်၊ ဂျီမူဟန်၊ တောင်းဂျင်နှင့် ဘိုင်လိရွှမ် တို့က၊ သတ်ဖြတ် လိုသော ဆန္ဒ များကို၊ ပြိုင်တူ ထုတ်လွှတ် လိုက် ကြသည်။

“ ဒီအမှိုက်ကို ငါ ရှင်းပါ ရစေ။ ”

ဟန်ဂန်က အခြား သူများ ရှေ့သို့ တိုးထွက်ကာ၊ မတ်တပ် ရပ် လိုက်သည်။ လင်းယွန်ကို ငေးကြည့်ပြီး၊ အေးစက်စွာ ဟောက်လိုက်၏။

“ နက်နဲ သွေးပြန် ကြောကို၊ ဖျက်ဆီး ခံလိုက် ရတဲ့၊ ဒုက္ခိတ တစ်ယောက်က အိမ်ရှေ့စံရဲ့၊ မင်္ဂလာ ပွဲကို လာရှုပ် ဝံ့တယ်လား၊ မင်း ... ကိုယ့်သေတွင်း ကိုယ် လာတူး တာပဲ။ ''

သူ၏ ဂျူနီယာ ညီဖြစ်သူ ဘိုင်ယုကို၊ 'စွံ့အ' စေချိန် ကပင်၊ လင်းယွန်အား သတ်ချင် နေပြီ ဖြစ်သည်။ သို့သော် ရှင်းဂျူကို ရှုံးနိမ့် ခဲ့ပြီး သူ့အရှက် သူ၊ ခွဲခဲ့ မိ၏။

ယခုတွင် သူ၏ ကျင့်ကြံမှု၊ မြင့်မား လာသောကြောင့်၊ ထိုစဉ်က ဟန်ဂန် မဟုတ် တော့ပေ။

နဂါး တံခါး ပြိုင်ပွဲမှ တဆင့် ထိုအရှက် တရားကို သန့်စင် လိုသော်လည်း၊ သူ၏ ပြိုင်ဘက် ပျောက်ကွယ် သွားခဲ့ သည်မှာ၊ စိတ်ပျက် စရာ ပေပင်။

သို့သော် ရှင်းဂျူ သေသွား ပြီးနောက်၊ လင်းယွန် ကျန်ရှိ နေပေ သေးသည်။ အသက်ရှင် နေသော လင်းယွန်က၊ အိမ်ရှေ့ မင်းသား၏ မင်္ဂလာ ပွဲအား တားမြစ် ခဲ့ပြီး၊ 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲ' များ ကိုပင်၊ ဒဏ်ရာ ရစေ ခဲ့၏။

ထို့ကြောင့် ၎င်းမှာ လင်းယွန်အား သတ်ရန်၊ အကောင်းဆုံး အခွင့် အရေး ဖြစ်လာ ပေသည်။

ဗုဒ္ဓ၏ လွှမ်းမိုး ချုပ်ကိုင် လိုသော၊ ရွှေရောင် အလင်း တန်းများကို၊ ရုတ်တရက် ထုတ်လွှတ် လိုက်သည်။

သတ်ဖြတ် လိုသော ရောင်ဝါနှင့် ပေါင်းစပ် လိုက်ပြီးနောက်၊ မိုးကြိုး နတ်ဘုရား တစ်ပါး ကဲ့သို့ ထွင်းလင်း လာ၏။

“ နတ်ဆိုး နိမ်နင်းခြင်း လက်သီး ... ”

“ ဟန်ဂန်ရဲ့ 'နတ်ဆိုး နိမ်နင်းခြင်း လက်သီး'က၊ ပြီးပြည့် စုံတဲ့ ကျွမ်းကျင် မှုကို၊ရောက်နေ ပြီလို့ ငါ ကြားတယ်၊ လင်းယွန် ကတော့ နက်နဲ သွေးပြန် ကြောကို၊ ဖြိုခွဲ ခံလိုက် ရတဲ့ အတွက်၊ သူ့ပြိုင်ဘက် ဖြစ်မလာ တော့ပါဘူး။ ”

" ဟန်ဂန်က လင်းယွန်ကို အသက် ရှင်ခွင့် ပေးမယ်လို့ မထင်ဘူး၊ လင်းယွန်က ဘိုင်ယုကို မင်းသမီး မွေးနေ့ ပွဲမှာ၊ 'စွံ့အ' စေခဲ့တယ် မဟုတ်လား။ ''

နှစ်ယောက် ကြားရှိ ရန်ငြိုး ဖွဲ့ရခြင်း အကြောင်းကို၊ သိထား သူများက အခြေ အနေကို၊ မှတ်ချက် ပေးလာ ကြသည်။

ဟန်ဂန်၏ အရှိန် အဝါက၊ အထွတ် အထိပ်သို့ ရောက်သွားသော အခါတွင်၊ သူစီး ထားသော မြင်းသည်ပင်၊ ဖိအားကို မခံနိုင် တော့ဘဲ၊ မြေပြင်ပေါ် လဲကျ သွားသည်။

မြင်း ပြိုလဲ သွားချိန်တွင်၊ ဟန်ဂန်က ကောင်းကင်သို့ ခုန်တက် သွားပြီ ဖြစ်ပြီး၊ လင်းယွန်အား လက်သီးဖြင့်၊ ထိုးပစ် လိုက်၏။

" သေ စမ်း ..... "

ဟန်ဂန်၏ မူလ စွမ်းအင်သည်၊ ရွှေရောင် တံဆိပ် တစ်ခု အသွင် ဖြစ်ပေါ် လာပြီး၊ လက်သီးထံ တိုးဝင် သွားသည်။

ယင်းနောက် ပြန်လည် ထွက်ပေါ် လာသော ရောင်ဝါကြောင့်၊ လူတိုင်းအား ပြင်းစွာသော ဖိအားများ ပေးစွမ်း လာခဲ့၏။

" ဘယ်လောက်တောင် အစွမ်း ထက်လိုက်တဲ့ ရောင်ဝါလဲ .... "

လက်သီးက တောင်ကြီးကို ဖြိုခွဲနိုင် သကဲ့သို့ ခံစား လိုက်ရပြီး၊ ထိုလက်သီး အောက်တွင် လင်းယွန်၏ ဖြစ်တည် မှုမှာ၊ အလွန်ပင် နုံချာ သွားလေသည်။

" မင်း အဲ့ဒါကို ပြီးမြောက်အောင် မစွမ်းဆောင် နိုင်မှာကို ငါကြောက်တယ် ... "

ဟန်ဂန်၏ လက်သီးအား ရင်ဆိုင်ရန်၊ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ်လိုက်၏။

ပန်းသင်္ချိုင်း ဓားကို ဖမ်းကိုင် လိုက်သော အခါတွင်၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်မှာ၊ ဓားထဲသို့ စီးဝင် သွားသည်။

သူ့၌ မြင့်မားသော ကျင့်ကြံမှု အဆင့်၊ မရှိနိုင် သော်လည်း၊ လေ့ကျင့်ရည် ပြည့်ဝ နေသော ဓားရေး နည်းစနစ်တွင်၊ ဓား ရည်ရွယ် ချက်ကို ပေါင်းစပ် လိုက်သောကြောင့်၊ ဟန်ဂန်၏ အရှိန်အဝါ ကဲ့သို့၊ အသွင် ဆောင်သွား ခဲ့သည်။

" ဓား ရည်ရွယ် ချက်လား ... "

ထက်ရှသော လင်းယွန်၏ ရောင်ဝါကြောင့်၊ ဟန်ဂန်က မျက်မှောင်ကြုတ် သွား၏။ ပြီးနောက်၊ လှောင်ပြောင် ဟန်ဖြင့်၊

“ မင်းရဲ့ ဓား ရည်ရွယ် ချက်က၊ အားကောင်း နေတယ် ဆိုရင်လည်း ကိစ္စ မရှိ ပါဘူး၊ ခွန်အား မရှိတဲ့ ဓားက၊ ငါ့အတွက် အခွံလွတ် တစ်လုံးလို ပါပဲ။ ''

အရှိန် အဝါများ လျင်မြန်စွာ မြင့်တက် လာပြီး၊ မူလ စွမ်းအင် များကို လက်သီးထဲ ထပ်မံလောင်းထည့် လိုက်သည်။

" အခွံ အလွတ် တစ်လုံးလား ... "

လင်းယွန်က လေထဲ ၌ပင် ပြုံးလိုက်ပြီး၊ ခရမ်းရောင် ပန်းရှိ ရူရ် (၁၈) လုံးကို၊ ဆွဲယူ လိုက်သည်။

ရူရ်များ အသက် ဝင်လာ ပြီးနောက်၊ နက်နဲ သွေးပြန် ကြောများ ကျယ်ပြန် လာကာ၊ မူလ စွမ်းအင်များ တဆတ်ဆတ် တိုးဝင် လာ၏။

တစ်ချိန် တည်းမှာပင် အဋ္ဌမ အဆင့် အရှိန် အဝါမှာ၊ စတင် မြင့်တက် လာပြီး၊ ပန်းသင်္ချိုင်း ဓားထံမှ အေးစက်သော အလင်းများ ပေါက်ကွဲ ထွက်ပေါ်လာ လေသည်။

စူးရှသော အလင်း များကြောင့်၊ ဟန်ဂန်၏ မျက်လုံးများ ကြိမ်းစပ် နာကျင် သွား၏။

သူ့ ပြိုင်ဘက် ထံမှ မကြုံ စဖူးသော ရည်ရွယ်ချက် တစ်ခု ထွက်ပေါ် လာသည်။ ပြိုင်ဘက်၏ ကျင့်ကြံ မှုမှာ သူ့ထက် အဆင့် နှစ်ဆင့် နိမ့်ကြောင်း၊ ထင်ရှား လှသော်လည်း၊ လမင်းကြီး ကဲ့သို့ ကျက်သရေ ရှိနေ ပေသည်။

ထိုအရှိန် အဝါဖြင့် နှိုင်းယှဉ် ပါလျှင်၊ သူ၏ ဖြစ်တည် မှုမှာ၊ သိမ်ဖျင်း သွားပေသည်။

ပြိုင်ဘက်က ပန်းသင်္ချိုင်း ဓားအား လွှဲယမ်း လိုက်ပြီး၊ သူ့ လက်သီးကို တားဆီး ပစ်လိုက်သည်။ အဆုံး မရှိသော ဓား ရည်ရွယ် ချက်များက၊ လက်သီးကို ဖြတ်ကျော်ကာ၊ သူ့ထံ တိုးဝင် လာ၏။

ထက်ရှသော ဓား ရည်ရွယ်ချက် အောက်တွင်၊ သူ၏ အရှိန် အဝါများ အက်ကွဲ လာသည်ကို သတိပြု မိလိုက်ရာ၊ ရုတ်တရက် တုန်လှုပ် သွားသည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ …”

ထိတ်လန့် တကြား ရေရွတ် လိုက်ပြီး၊ သူ့ ယုံကြည် ချက်များ၊ ယိမ်းယိုင် လာသည်။

" သောက် ပဲ ...၊ မင်းက သန်မာတဲ့ ခွန်အား ရှေ့မှာ၊ ရပ်ချင် နေတာပဲ .... ''

မျက်စိပျက် မျက်နှာ ပျက်ဖြင့် ကျိန်ဆဲ လိုက်သည်။ သူ၏ မူလ စွမ်းအင်ကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ပြီး၊ ရက်စက် ကြမ်းကြုတ်သော၊ နတ်ဆိုး သားရဲ တစ်ကောင် အဖြစ် ပြောင်လဲကာ၊ ပြန်လည် ထိုးနှက် လိုက်၏။

ရွှေရောင် အရှိန်အဝါများ နေရာ၌၊ အနက်ရောင် အရှိန် အဝါ များက၊ ရုတ်တရက် အစားထိုး ထွက်ပေါ် လာပြီး၊ ကျားနာ တစ်ကောင် ကဲ့သို့၊ ပြေးထွက် သွားသည်။

" မဟုတ်ဘူး၊ လင်းယွန် သေတော့မယ်။"

ရပ်ကြည့် နေသူ များက၊ ဟန်ဂန်၏ နှလုံးသားထဲရှိ ကြောက်ကန်ကန် နေသော ခံစားချက် များကို မမြင် နိုင်ချေ။

လက်သီး နောက်ကွယ်ရှိ၊ စွမ်းအား များကိုသာ မြင်လိုက်ရ ခြင်းကြောင့်၊ သက်ပြင်း ချမိသွား ကြသည်။

သို့သော် ထိုလက်သီး များက၊ လင်းယွန်၏ ဓား ရည်ရွယ် ချက်ဖြင့်၊ ထိလိုက် သည်နှင့်၊ လူတိုင်း မျှော်လင့် ထားသော မြင်ကွင်းမျိုး ဖြစ်မလာ ခဲ့ချေ။

ယင်းအစား၊ ကြီးမားသော၊ ပေါက်ကွဲ သံကြီး ထွက်ပေါ် လာကာ၊ နှစ်ယောက်သား ပြိုင်တူနောက်ဆုတ် မိကြသည်။

ပွဲကြည့် ပရိသတ်များ အနေဖြင့် တုန်လှုပ် ခြောက်ခြား၍ မဆုံး ခင်တွင်၊ လင်းယွန်က ဆဋ္ဌမမြောက် ဓားချက်ကို၊ ထုတ်လွှတ် လိုက်သည်။

'' နွေနှင့်မိုး၊ ပေါင်းဆုံသော မြစ်များ။ ''

လရောင် ရေစင် ဓား၏ အရှိန် အဝါများ၊ ပျံ့နှံ့ သွားသော အခါတွင်၊ လင်းယွန်၏ အသွင် အပြင်မှာ၊ ဆူနာမီ လှိုင်း များကို၊ ဖန်တီး နေသော လနတ်သား တစ်ပါး ကဲ့သို့၊ တည်ငြိမ် နေပေ၏။

ဟန်ဂန်သည် ဒေါသ တကြီး အော်ငေါက်နေ သော်လည်း၊ ဤဓားရေးနှင့် ပတ်သက်၍ သူတက် နိုင်သော အရာ မရှိပေ။

စွမ်းအင် လှိုင်းလုံး များက ကောင်းကင်သို့ ပျံ့လွင့် လာပြီး၊ ဟန်ဂန် အပါ အဝင် အရာ အားလုံးကို၊ ဝါးမျို သွားတော့သည်။

“ မ ဟုတ် ဘူး ..... ”

ထိုအချိန်တွင် ဟန်ဂန် အနေဖြင့်၊ ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ၊ ကျွမ်းကျင်သူ တစ်ဦးနှင့်၊ ရင်ဆိုင် နေရ သကဲ့သို့၊ ခံစား လိုက်ရသည်။

ဆဌမမြောက် ဓားချက် ဝင်ရောက် လာပြီး နောက်တွင်၊ စွမ်းအင် လှိုင်းများက အဘက် ဘက်မှ တိုးဝင် ရိုက်ခတ် လာကာ၊ သူ့ အရှိန် အဝါ များအား ချိုးဖြတ် လာခဲ့သည်။

မူလ စွမ်းအင် အကာ အကွယ် အလွှာ၊ အက်ကွဲ လာနေစဉ်၊

" သေ လိုက် တော့ ... ''

လင်းယွန် လက်ထဲရှိ ပန်းသင်္ချိုင်း ဓားက၊ ထပ်မံ လှုပ်ရှားလာ ပြန်၏။ ဤအကြိမ် ဓားချက်မှာ၊ လမင်း တစ်စင်း ကဲ့သို့ တည့်မတ်စွာ တိုးဝင် လာတော့သည်။

ယင်းမှာ ၎င်းတို့၏ အသိ ပညာကို၊ ကျော်လွန် သွားသော ကြောင့်၊ လူတိုင်းက အသက်ရှူ ကြပ်သွား ကြလေသည်။

" ရပ် ...... "

အသူရာ အဖွဲ့ ဝင်များ ထံမှ၊ အော်ဟစ် ဟန့်တားသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ ပုံရိပ် တစ်ရိပ် ကောင်းကင်သို့ ပျံတက် လာခဲ့သည်။

သို့သော် လင်းယွန်က သူ၏ တိုက်ခိုက် မှုကို၊ ထုတ်ဖော် ခဲ့ပြီး ဖြစ်သောကြောင့်၊ ရပ်တန့်ရန် နည်းလမ်း မရှိ တော့ပေ။

ဖြူရွသော မြေပြင် ပေါ်သို့၊ သွေးမိုးများ ကျဆင်း လာပြီး၊ ပတ်ဝန်း ကျင်အား အရောင်ဆိုး ပစ်လိုက် လေသည်။

ဟန်ဂန်၏ နံရိုးများ ကျိုးကြေ သွား၏။ တိုက်ခိုက်မှု နောက်ကွယ်မှ စွမ်းအားကြောင့်၊ မြေပြင်ပေါ် ပြုတ်ကျ သွားကာ၊ ဒရွတ်တိုက် လွင့်စင် သွားတော့သည်။

" သ ရုပ် ဖော် အဆင့်၊ ဒါ ... ဒါ ဒဏ္ဍာရီ ထဲက သရုပ်ဖော် အဆင့်ပဲ။ ”

လူအုပ် ထဲမှ အကြီး အကဲ တစ်ယောက် ရုတ်တရက် ထအော် လိုက်သည်။ သူ့အကြည့် များက လင်းယွန်ထံ၊ မယုံ ကြည်နိုင်စွာ ကျရောက် သွားလေသည်။

***

All Chapters