← Chapters

ဓားဆွဲပြီး နောက်ပြန် မလှည့်နဲ့။

Vol. 30 Ch. 407

ဓားဆွဲပြီး နောက်ပြန် မလှည့်နဲ့။

Vol. 30 Ch. 407

" သေ လိုက် တော့ ... ''

လင်းယွန် လက်ထဲရှိ ပန်းသင်္ချိုင်း ဓားက၊ ထပ်မံ လှုပ်ရှားလာ ပြန်၏။ ဤအကြိမ် ဓားချက်မှာ၊ လမင်း တစ်စင်း ကဲ့သို့ တည့်မတ်စွာ တိုးဝင် လာတော့သည်။

" ရပ် ...... "

အသူရာ အဖွဲ့ ဝင်များ ထံမှ၊ အော်ဟစ် ဟန့်တားသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ ပုံရိပ် တစ်ရိပ် ကောင်းကင်သို့ ပျံတက် လာခဲ့သည်။

သို့သော် တိုက်ခိုက်မှု နောက်ကွယ်မှ စွမ်းအားကြောင့်၊ ဟန်ဂန်မှာ မြေပြင်ပေါ် ပြုတ်ကျ သွားကာ၊ ဒရွတ်တိုက် လွင့်စင် နေခဲ့ပြီ ဖြစ်သည်။

ဟန်ဂန်၏ နံရိုးများ ကွဲကြေသွား သဖြင့်၊ မြေပြင် ပေါ်သို့ လဲကျသွား ပြီးနောက် သွေးများ စီးကျ လာ၏။

သူ၏ ကျင့်ကြံမှု ဖြင့်ပင်၊ ပြင်းထန်သော ဒဏ်ရာများ ရရှိ ခဲ့သည်။ အကယ်၍ သူသည်ဒဿမ အဆင့်ရှိ၊ သာမန် လေ့ကျင့်သူ တစ်ဦး ဖြစ်ခဲ့ ပါက၊ ဤဓားဖြင့် နှစ်ပိုင်းခွဲ ခံရမည် ဖြစ်သည်။

သူ့ကိုယ်သူ ကာကွယ် ဖို့ရန်၊ ဆင့်ခေါ် လိုက်သော မူလ စွမ်းအင် အလွှာမှာ၊ ဓားချက်အား ခုခံ ကာကွယ် နိုင်ခြင်း မရှိ ခဲ့ပေ။

လူတိုင်းက လင်းယွန်ကို အရောင် အမျိုး မျိုးဖြင့်၊ လှမ်းကြည့်နေ ကြသည်။ ထိတ်လန့် စရာ ကောင်းသော မြင်ကွင်းက၊ လူအုပ်ကို ရုန်းရင်း ဆန်ခတ် ဖြစ်သွား စေ၏။

ဓားတစ်ချက် တည်းဖြင့်၊ ဟန်ဂန်ကို ဒဏ်ရာအပြင်း အထန် ရစေရန်၊ မည်သို့ လုပ်ဆောင် ခဲ့လေ သနည်း။ လင်းယွန်မှာ 'စွံ့အ' နေသူ တစ်ယောက်ပင် မဟုတ် ပါလော။

" သ ရုပ် ဖော် အဆင့်၊ ဒါ ... ဒါ ဒဏ္ဍာရီ ထဲက သရုပ်ဖော် အဆင့်ပဲ။ ”

လူအုပ် ထဲမှ အကြီး အကဲ တစ်ယောက် ရုတ်တရက် ထအော် လိုက်သည်။ သူ့အကြည့် များက လင်းယွန်ထံ၊ မယုံ ကြည်နိုင်စွာ ကျရောက် သွားလေသည်။

တစ်ချိန် တည်းမှာပင် အဘိုးအို၏ အာမေဋိတ်သံကြောင့်၊ လူတိုင်း နိုးကြားလာ တော့၏။

" ဒဏ္ဍာရီ ဆန်တဲ့ သရုပ် ဖော်ခြင်း၊ အဆင့် လား ... "

" ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ၊ ဒုက္ခိတ တစ်ဦးက ဓား နည်းစနစ်ကို၊ သရုပ်ဖော် အဆင့်ထိ၊ ကျင့်ကြံ နိုင်တာလား၊ ဒါက အဓိပ္ပါယ် မရှိဘူး။ ”

“ ပြီးပြည့် စုံတဲ့ အဆင့်ကို ရောက်ဖို့တောင် ခက်နေပြီ၊ ဒါကို သူက ငယ်ငယ် ရွယ်ရွယ်နဲ့ သရုပ်ဖော် အဆင့်ကို၊ ရောက်အောင် လုပ်နိုင်ခဲ့တယ် …။ ”

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ သူက အဋ္ဌမ အဆင့်နဲ့၊ ဟန်ဂန်ကို ရင်ဆိုင်နိုင် ခဲ့တာ အံ့ဩ စရာ မရှိ ပါဘူး။ ”

' သရုပ်ဖော် အဆင့်' သည် ချင် အင်ပါယာတွင် ဒဏ္ဍာရီ အဆင့် ဖြစ်သောကြောင့်၊ လူများ စွာက ၎င်းကို၊ ကြားဖူး နားဝ မျှသာ ရှိပြီး၊ မျက်မြင် တွေ့ဖူးခြင်း၊ မရှိ ကြပေ။

" မင်းက ကိုယ့်သေတွင်း ကိုယ်တူး လိုက်တာပဲ။ ''

လင်းယွန်ကို ရပ်တန့်ရန်၊ လှမ်းအော် လိုက်သော အသူရာ အဖွဲ့ဝင် တစ်ဦးက၊ သေလု မျောပါး ဖြစ်နေသော ဟန်ဂန်ကို၊ မြင်လိုက်ရ သည်နှင့်၊ အမျက် ထွက်သွားသည်။

ရုတ်တရက် ကောင်းကင် ယံ၌၊ နှင်းမိုး များကို ခွဲလျက်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ နှင့်အတူ၊ ပုံရိပ် တစ်ရိပ် ပျံသန်း သွား၏။

ထို ပုံရိပ်မှာ နတ်ဘုရား အစောင့် တပ်၏၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ ကျွမ်းကျင်သူ ဖြစ်သည်။

ကောင်းကင်တွင် ကြက်သွေးရောင် အလင်း ပွင့်ကြီးကို ကြည့်ကာ၊ လင်းယွန်က ရှေးဟောင်း တံဆိပ် တစ်ခုအား၊ စတင် ဖွဲ့စည်း လိုက်သည်။

တိုက်ခိုက် မှုကို ချက်ချင်း တုံ့ပြန်ခဲ့ သော်လည်း၊ အရမ်း မြန်လွန်း သောကြောင့်၊ ခွန်အား၏ (၈၀%) အတွက်သာ၊ ဖြေရှင်း နိုင်ခဲ့သည်။

ကျန်သော (၂၀%)ထိ မှန်ကာ၊ သွေးတစ်လုတ် အန်လျက် လွင့်စင် ခဲ့ရ၏။ သူ့၌ နဝမ အဆင့် ခွန်အားသာ ရှိနေ သေးပါက၊ ဒဏ်ရာ ကြီးကြီး မားမား ရလိမ့်မည် မဟုတ်ပေ။

သို့သော်၊ လက်ရှိ ကျင့်ကြံမှု အရ၊ ခရမ်းရောင်နန်းတော် တစ်ပိုင်း သိုင်းသမား တစ်ဦးနှင့် ရင်ဆိုင်ရန်၊ ကြီးမားသော ကွာဟချက် ရှိနေ သေးသည်။

ထို့အပြင် သူ၏ အသန်မာ ဆုံးသော တိုက်ခိုက်မှု တစ်ခုကို ထုတ်ဖော် ခဲ့ရသည်။ ယင်းကြောင့် ရုတ်တရက် တိုက်ခိုက် လာမှုကို၊ သတိ မပြု မိခြင်း ဖြစ်သည်။

ဓားသုတ္တန်မှာ စတင် လှည့်ပတ် လာပြီး၊ ပြင်ပအား သက်ရောက် မှုကြောင့်၊ လှုပ်လှုပ် ရွရွ ဖြစ်လာ မူလ စွမ်းအင် များကို၊ ငြိမ်းသတ် ပစ်လိုက်သည်။

တစ်ချိန် တည်းမှာပင်၊ မြေပြင်ပေါ် ရောက်သည်နှင့် ဟန်ချက်ကို ထိန်းရန်၊ နောက်သို့ ခြေလှမ်း သုံးလှမ်း ဆုတ်ယူ လိုက် ရ၏။

" မောင်လေး .... "

ရှင်းယန်၏ မျက်နှာတွင် သွေရောင်များ စွန်းထင်း သွားသည်။ ထရပ်ရန် ကြိုးစားလိုက် သော်လည်း၊ နာကျင်သော အမူ အရာဖြင့် ပြန်ထိုင် ကျသွား၏။

မတော် တဆမှု မှန်သမျှကို ကာကွယ်ရန်၊ သူမ၏ ကျင့်ကြံ မှုကို၊ ချင်ယုမှ ပိတ်ထားခြင်း ဖြစ်သည်။

မြင်ကွင်း တစ်ခုလုံးကို အေးစက်သော အပြုံးဖြင့်၊ ချင်ယုက လှမ်းကြည့် နေခဲ့သည်။ တည်ငြိမ် နေသော သူ့ ဟန်ကြောင့်၊ မည်သည့် အရာများ တွေးနေ မည်ကို၊ မခန့်မှန်း နိုင်ကြခြေ။

" အစ်မ၊ ငါ အဆင်ပြေ ပါတယ်။ ''

လင်းယွန်က နှုတ်ခမ်း ထောင့်စွန်းရှိ၊ သွေးစ များကို သုတ်လိုက်ပြီး၊ ပြုံးလျက် ဆိုလာသည်။ ထိုပြုံးသည် နှင်းမုန်တိုင်း အောက်၌ နွေးထွေး နေခဲ့၏။

“ အထင် ကြီးစရာ ပါပဲ၊ ငါ့ရဲ့ 'သွေး လက်ဖဝါး' ကို ယူပြီး နောက်တောင်၊ မင်းက ... တကယ် ပြုံးနိုင် သေးတာလား။ "

တိုက်ခိုက် သူက မြေပြင် ပေါ်သို့ ဆင်းသက်လာပြီး၊ ခြောက်ကပ်ကပ် ရယ်မော လိုက်သည်။

ထိုသူမှာ အသက် သုံးဆယ် ကျော်ခန့် ရှိသော၊ နတ်ဘုရား အစောင့် တပ်သား ဝတ်စုံကို၊ ဝတ်ဆင် ထားသည့် လူရွယ် တစ်ယောက်ဖြစ်၏။

သူ၏ မျက်ဝန်း များတွင်၊ စပါး အုံးမြွေ တစ်ကောင် ကဲ့သို့၊ ကောက်ကျစ်သော အရိပ် အယောင်များ၊ ပြသ နေပေသည်။

“ ဒါက... 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲ' တွေရဲ့၊ တပ်မှူး ဟန်တင်းမင်ပဲ …”

“ အဲဒီ လူက ကျော်ကြားတဲ့ သမိုင်းကြောင်း ရှိတယ်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ သိုင်းသမား တွေ ထဲမှာ၊ အသန် မာဆုံး အဖြစ် လူသိ များတယ်၊ ခရမ်းရောင် နန်းတော် နယ်မြေက တစ်ယောက် ယောက်နဲ့၊ မရင် ဆိုင်ရ သရွေ့တော့၊ သူက မယုံ နိုင်စရာ ခွန်အားမျိုး ပါပဲ။ ”

" လင်းယွန် အခု ဒုက္ခ ရောက်ပြီ၊ အဲဒီ့ ဓားကို မလွှဲ ခဲ့ရင်၊ 'သွေး လက်ဖဝါး' ကို ထိမှန် စရာ မရှိဘူး။ ”

လူအုပ်ကြီးက နတ်ဘုရား အစောင့် အကြပ်များ အတွင်း၊ ကျော်ကြားသော ဂုဏ် သတင်းကို ပိုင်ဆိုင် ထားသည့်၊ ဟန်တင်းမင်ကို ချက်ချင်း မှတ်မိသွား ကြသည်။

" မင်း သေချင် နေတာလား ဟမ့် .... အိမ်ရှေ့ မင်းသားရဲ့ မင်္ဂလာ ဆောင်ကို၊ ဟန့်တားရဲ ရအောင် မင်းကိုယ်မင်း .... ဘယ်သူ ထင်နေလဲ။ "

စစ်သား တစ်ယောက်၏ ရိုင်းစိုင်း ကြမ်းတမ်းသော အရှိန် အဝါကို၊ ပြသ လာခဲ့သည်။

လင်းယွန်ကို အသက် ရှုရန်၊ အခွင့် အရေး မပေး တော့ဘဲ၊ နတ်ဘုရား အစောင့် များအား၊ အချက်ပြ လိုက်သည်။

မြင်းများ စီးလျက် နတ်ဘုရား အစောင့် များက လင်းယွန်ထံ ဝိုင်းလာ ကြ၏။ သည်တစ်ကြိမ်တွင် 'နဂါး အမှတ် အသား ပါသော မြင်းစီး သူရဲ' ရှစ်ယောက် တင်မ ကဘဲ၊ သံချပ်ကာ တပ်သား၊ အယောက် တစ်ရာ အထိ၊ ဝင်ရောက် လာလေသည်။

၎င်းတို့သည် နတ်ဘုရား အစောင့် တပ်၏၊ အထက် တန်းစားများ ဖြစ်ကြပြီး၊ သူတို့၏ သတ်ဖြတ်ခြင်း ရောင်ဝါကို၊ အတူတကွ ပေါင်းစပ် လိုက်သည်။

စစ်မြင်း များက အရှိန် အဟုန်ဖြင့်၊ ဖွဲ့စည်းပုံအတိုင်း၊ ပြေးဝင် လာသော ကြောင့်၊ ပတ်ဝန်း ကျင်တွင် ရုန်းရင်း ဆန်ခတ် မှုများ မြင့်တက် လာတော့၏။

တဝုန်းဝုန်း တုန်ခါ လာသော၊ မြင်းတပ် ကြီးကို မြင်လိုက် ရသော လူအုပ် ကြီးမှာ၊ အနည်းငယ် ထိတ်လန့် သွားသည်။

နတ်ဘုရား အစောင့် တပ်၏ အထက် တန်းစား များသည်၊ ဂိုဏ်း တစ်ခု၏ ပါရမီရှင် များနှင့် ယှဉ်ပြိုင် နိုင်သည် အထိ၊ သန်မာခြင်း မရှိ သော်လည်း၊ ရာနှင့် ချီသော လူများဖြင့် ပေါင်းစပ် သိုင်းကွက်ကို၊ ဖန်တီး လိုက်သော အခါတွင်၊ ကွဲပြားသော ရလာဒ် တစ်ခု ဖြစ်လာ နိုင်ပေမည်။

အဋ္ဌမ အဆင့် တွင်သာ ရှိသေးသော လင်းယွန် မဆိုနှင့်၊ နက်နဲ ဒဿမ အဆင့်၌ ရှိသော၊ တစ်ဦး တစ်ယောက် ပင်လျှင်၊ ဤတိုက်ခိုက်မှု အောက်၌၊ သေဆုံး သွားရမည် ဖြစ်သည်။

လင်းယွန်၏ မျက်လုံးများ တောက်ပ လာပြီး၊ ဒုန်းဆိုင်း ပြေးဝင် လာသော မြင်းသည်တော် များကို တည်ငြိမ်စွာ လှမ်းကြည့် လိုက်သည်။

လက်ထဲရှိ ပန်းသင်္ချိုင်း ဓားက၊ ရုတ်တရက် တုန်ခါ လာသည်နှင့်၊ ရွှေကျီးကန်း တံဆိပ် ပွင့်လာကာ၊ ရွှေရောင် အလင်းတန်း ကဲ့သို့၊ လူအုပ်ထဲ ပြေးဝင် သွားသည်။

နတ်ဘုရား အစောင့် တပ်၏ အထက် တန်းစား များ ထံသို့၊ တရွေ့ရွေ့ ချဉ်းကပ် လာချိန် မှာပင်၊ သူ့ အသွင်က မှုန်ဝါး လာ၏။

'' ဘယ်ရောက် သွားလဲ ...''

၎င်းတို့၏ ပစ်မှတ် ပျောက်ကွယ် သွားသောကြောင့်၊ နတ်ဘုရား အစောင့် များမှာ၊ ရှုပ်ထွေး သွားသည်။

" ဟို မှာ ...."

လင်းယွန်ကို သတိ ထားမိသော အခါတွင်၊ သူတို့ အထက် လေထု ထဲ၌ ရပ်နေ သည်ကို၊ တွေ့လိုက် ရသည်။

ကောင်းကင် ထက်၌ ရပ်နေသော လင်းယွန်က၊ သတ်ဖြတ်ခြင်း အရှိန် အဝါကို ထုတ်လွှတ် ကာ၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်၏။

ဓားသွား မြည်သံများ၊ ဆူညံစွာ ဟစ်ကျွေး လာပြီး၊ ပြိုင်ဘက် များက သူတို့၏ လက်နက်များ အပေါ်၊ ထိန်းချုပ် နိုင်စွမ်းများ ဆုံးရှုံးသွား ကြသည်။

အဆိုပါ ဖြစ်စဉ်ကြောင့်၊ ရာနှင့် ချီသော နတ်ဘုရား အစောင့် များကို၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ စေသည်။

လင်းယွန်က လူအုပ် ထဲသို့၊ ခုန်ဆင်း လိုက် ပြီးနောက်၊ သူ့လမ်းတွင် ရပ်နေသော နတ်ဘုရား အစောင့် တိုင်ကို၊ စတင် သုတ်သင် လိုက်တော့သည်။

မြေပြင် ပေါ်ရှိ ဖြူရွ နေသော ဆီးနှင်း များမှာ၊ဆေးနီများ ပက်ဖြန်းလိုက် သကဲ့သို့ ရဲရဲနီ ကုန်၏။

မကြာမီတွင် တိုက်ပွဲ မြေပြင် တစ်ခုလုံး သွေးရောင်များ ဖုံးလွှမ်း သွားကာ၊ နတ်ဘုရား အစောင့် တပ်သားများ အားလုံး၊ လဲကျ သွားလေပြီ။

တစ်ယောက် မကျန် သေဆုံးသွား ကြပြီးနောက်၊ ချက်ချင်းပင် ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ် သွားသည်။

လေထု ထဲ၌ သွေး ရနံ့များ ထုံမွှန်း သွားပြီးနောက်၊ ဆီးနှင်းများ ပေါ်တွင်လည်း၊ အကွက်လိုက် အကွက်လိုက်၊ စွန်းထင်း လာ၏။

သို့သော် ကျန်ရှိ နေသော နတ်ဘုရား အစောင့်များမှာ၊ သတိ ဝင်လာ ကြပြီး၊ တိုက်ခိုက်ရန် ထပ်မံ အားယူ လာ ပြန်သည်။

စစ်သည် များသာ ဖြစ်၍၊ သူတို့၏ အဓိက တာဝန်မှာ အမိန့် နာခံရန် ဖြစ်၏။

မြင်းတပ်၏ မြင်းစီး သူရဲများ ရှေ့သို့ တိုးလာသောအခါ၊ လင်းယွန်က နောက်တစ်ကြိမ် တိုက်ခိုက်ရန် အတွက်၊ မူလ စွမ်းအင်ကို စတင် စုဆောင်း လိုက်သည်။

လေ အဝှေ့တွင် ဆံနွယ်များ တဖျပ်ဖျပ် လွင့်လာ ခဲ့ပြီး၊ မူလ စွမ်းအင်များ အမြင့် ဆုံးသို့ ရောက်ရှိ လာသည်နှင့်၊ အမှောင် ခွင်းသော လမင်းကို၊ ခင်းကျင်း လိုက်၏။

သူ့ လက် ထဲရှိ ပန်းသင်္ချိုင်း ဓားသည်၊ အရာ အားလုံး အပေါ် လွှမ်းမိုး လိုသော၊ အလင်းများ ထုတ်လွှတ် လာ လေသည်။

အော်ဟစ် မြည်တမ်း သံများ၊ ရုတ်ခြည်း ထွက်ပေါ် လာပြီး၊ ထပ်မံ ဝင်ရောက် လာသော နတ်ဘုရား အစောင့် များကို၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား စေသည်။

ယင်းကို အခွင့် ကောင်းယူကာ၊ လင်းယွန်က တိုက်ခိုက်ရန်၊ ထပ်မံ အားယူ လိုက်စဉ်၊ သူ့ထံသို့ ကြက်သွေးရောင် အလင်းတန်း တစ်ခု၊ ပြေးဝင် လာ သည်ကို၊ မြင်လိုက် ရသည်။

ဟန်တင်းမင်က 'သွေး လက်ဖဝါး' ကို ထုတ်ဖော်ကာ၊ လှောင်ပြောင် ဟန်ဖြင့် သူ့အား ရိုက်ချ လာခြင်း ဖြစ်သည်။

လင်းယွန်က ၎င်း၏ သေကွင်း သေကွက် များကို၊ ထိမှန် ခြင်းမှ ရှောင်လွှဲကာ၊ ပခုံးဖြင့် ခံယူ လိုက်သည်။

ဓားတခြား လူတခြား မြေပြင် ပေါ်သို့ လဲကျ သွားပြီး၊ ပခုံးကို ဆုပ်ကိုင် ထားသော၊ သူ့ လက်ဖဝါး အောက်မှ သွေးများ စီးထွက် လာ၏။

" ဘယ်လောက်တောင် အရှက်မဲ့ လိုက်လဲ။ "

ထိုမြင်ကွင်းကို မြင်လိုက် ရချိန်တွင်၊ လူအများ စုမှာ အံကြိတ် ရေရွတ်လိုက် ကြသည်။

ဟန်တင်းမင်သည် ကျင့်ကြံ မှုတွင်၊ အားသာချက် ရှိသော်လည်း၊ သူ၏ တိုက်ခိုက် ပုံမှာ အလွန် စက်ဆုပ်ဖွယ် ကောင်းပေသည်။

ထို မတိုင်ခင် နတ်ဘုရား အစောင့်များ၊ လင်းယွန်၏ ဓားကြောင့် သေဆုံး နေ သည်ကို၊ အကြင်နာ မဲ့စွာ သူက ကြည့်ရှု နေခဲ့၏။

အခြား တစ်ဖက်တွင်၊ အချိန် ကြာလာ သည်နှင့် အမျှ၊ လင်းယွန်၏ ခန္ဓာ ကိုယ်၌ ဒဏ်ရာများ တရွေ့ရွေ့ တိုးလာ ခဲ့လေပြီ။

နောက်ဆုံးတွင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ သိုင်သမား တစ်ယောက်ကို၊ ပြင်ဆင် ထားခြင်း မရှိ ပါက၊ သူ့ အနေဖြင့် အပြည့် အ၀ ခုခံ ခြင်းငှာ၊ မလွယ်ကူ သေးပေ။

" လင်းယွန် ထွက်သွား၊ ငါ့ကို ဂရု မစိုက်နဲ့ ..."

ရှင်းယန်က ထိတ်လန့် တကြား အော်ဟစ် မောင်းထုတ် လိုက်သည်။ နောက်ထပ် နတ်ဘုရား အစောင့် တပ်သားများ၊ ထပ်မံ ရောက်ရှိ လာ သည်ကြောင့်၊ စိုးရိမ် သွားမိခြင်း ဖြစ်သည်။

ပတူအုံကို တုတ်ဖြင့် ထိုးလိုက် သကဲ့သို့ ကုန်ဆုံး သွားရန် လမ်းမမြင်။

ရှေ့တွင် နတ်ဘုရား အစောင့်များ၊ သေဆုံး ခြင်းကို၊ ချင်ယုက လျစ်လျူရှု ထားသော အမူ အရာဖြင့်၊ ထိုမြင်ကွင်းအား လှမ်းကြည့် နေလေသည်။

အသူရာ အဖွဲ့ရှိ အထက် တန်းစားများ ကလည်း၊ လင်းယွန်အား လူသေ တစ်ယောက် ကဲ့သို့ လှမ်းကြည့်၏။

လမ်းဘေး ဝဲယာရှိ စူစမ်း နေသော လူအုပ် ကြီးက၊ လင်းယွန် အပေါ် သနား လာကြသည်။

ချင်ယုသည် အကြောင်း ပြချက် တစ်ခုကြောင့်၊ အိမ်ရှေ့ မင်းသား ဖြစ်လာ ရခြင်း ဖြစ်သည်။

လင်းယွန်ကို ဤအခြေ အနေသို့ ကျရောက် သွားစေရန် အတွက်၊ သူ့ လက်အား မြှောက်ရန်ပင် မလို အပ်ခဲ့ကြောင်း၊ သိသာ နေခဲ့သည်။

လရောင် ရေစင် ဓားကို သရုပ်ဖော် အဆင့်ထိ ဆုပ်ကိုင် နိုင်ကာ၊ နတ်ဘုရား အစောင့် များအား၊ သတ်ဖြတ် နိုင်ခဲ့ သော်လည်း၊ ဟန်တင်းမင် ဝင်ရောက်လာ ပြီးနောက်တွင်၊ ယင်းမှာ အရေး မပါ တော့ပေ။

“ သတ် ..... ''

ဟန်တင်းမင်၏ မျက်နှာတွင် အေးစက်သော အပြုံးများ တွဲခို နေပြီး၊ အထင် အမြင် သေးသော အမူ အရာဖြင့်၊ နတ်ဘုရား အစောင့် များကို အမိန့် ပေးလိုက် ပြန်၏။

လင်းယွန် ကဲ့သို့ ဘီလူး တစ်ကောင်ကို၊ ကစားခွင့် ရခြင်းအား နှစ်သက် မိသည်။ လွန်ခဲ့သော ဆယ်နှစ် အချိန်က သူ သည်လည်း၊ ပါရမီရှင် တစ်ဦး ဖြစ်ခဲ့ ဖူးလေသည်။

သို့သော် ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ဝင်ရောက် နိုင်ခြင်း မရှိ ခဲ့ခြေ။ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်ပယ်တွင်၊ နစ်မြုပ် နေဆဲ ဖြစ်သောကြောင့်၊ ဉာဏ်ကြီးရှင် များအပေါ်၊ အပြစ်တင် မုန်းတီး မှုများ ဖြစ်လာ ရခြင်း ဖြစ်သည်။

ဟန်တင်းမင်၏ အမိန့် အရ၊ လင်းယွန်အား တိုက်ခိုက်ရန်၊ နောက်ထပ် မြင်းတပ် သားများ ထပ်မံ ပြေးဝင် သွားသည်။

" မြန်မြန် ထွက်သွား ...."

ရှင်းယန်က ငိုချ လိုက်သည်။ လင်းယွန်က သူမ ငိုသံကြား သည်နှင့်၊ သွေးခုန် နှုန်းများ စောင့်တိုး လာ၏။

“ အစ်မ... ငါဒီမှာ ရှိနေပြီ ဆိုမှတော့၊ ငါထွက်သွားဖို့ ဆန္ဒ မရှိ ပါဘူး၊ ငါ့သွေးက ရဲတယ်၊ ဒါကြောင့် ငါ့ဓားကို ရုတ်သိမ်း စရာ အကြောင်း မရှိဘူး။ ”

သူ့ဓားကို ဆွဲပြီးနောက် နောက်ပြန် မလှည့် ဖို့ရန်၊ ဆုံးဖြတ် ထားသည်။ လက်ဖဝါးကို မြေပြင် ပေါ်သို့ ရိုက်ချ လိုက်ပြီး၊ အားယူကာ ခုန်ထ လိုက်၏။

" ဓား ....... "

ပန်းသင်္ချိုင်း ဓားက အသံမြည် လာပြီး၊ သူ့လက်ထဲ ပျံသန်း လာ၏။ ရာနှင့် ချီသော နတ်ဘုရား အစောင့် များကို ကြည့်ကာ၊ ဓားအား ဝှေ့ယမ်း လိုက်သည်။

သူ့ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံး၊ အေးခဲ သွားစေသော၊ အကန့် အသတ် မရှိ အအေး ဓာတ်ကို ထုတ်လွှတ် လာလေသည်။

'' အနန္တ နှင်း လွင်ပြင်။ ''

မိုးနှင်း များထက် သူ့ နှလုံး သားက ပို၍ အေး ပေ၏။ သူ၏ ဓားသည် မည်သည့် အတွက် ကြောင့်မှ၊ နောက်ပြန် လှည့်မည် မဟုတ်ပေ။

ပန်းသင်္ချိုင်း ဓားထံမှ၊ ထုတ်လွှတ် လိုက်သော အအေးလှိုင်း များက၊ ရာနှင့် ချီသော နတ်ဘုရား အစောင့် များကို၊ အဝေးသို့ တွန်းထုတ် ပစ် လေသည်။

သို့သော် ၎င်းတို့ အားလုံး လွင့်စင် နေစဉ်တွင်၊ ဟန်တင်းမင်က လင်းယွန် နောက်၌ ရုတ်တရက် ထွက်ပေါ် လာပြန်သည်။

" သေ စမ်း ...... ''

ကောက်ကျစ် ယုတ်မာသော အပြုံးဖြင့်၊ လင်းယွန်၏ ဦးခေါင်းကို၊ ချိန်ရွယ် ရိုက်ချ လိုက်သည်။

( သ တိ ထား ..... )

ရက်စက် ကြမ်းကြုတ်သော ဟန်တင်းမင်၏ တိုက်ပွဲဝင် ပုံစံကြောင့်၊ ရပ်ကြည့် နေသည့် လူအုပ် ကြီးမှာ၊ ကျယ်လောင်စွာ အော်ဟစ် လိုက်ကြသည်။

သို့သော် အသက်ရှူ ကြပ်သွားသော အခြေ အနေကြောင့်၊ ဟစ်အော် လိုက်သံမှာ လည်ချောင်းဝ တွင်ပင်၊ ပျောက်ဆုံး သွားကြသည်။

ဟန်တင်းမင်၏ စိတ်နေ စိတ်ထားမှာ၊ မြွေပွေး တစ်ကောင် ထက်ပင်၊ ပို၍ ကောက်ကျစ် လေသည်။

သို့သော် ကောင်းကင် ပေါ်မှ ခုန်ဆင်း ရိုက်ချ လာသော၊ ဟန်တင်းမင်၏ အပြုံးမှာ၊ အနည်းငယ် တွန့်ဆုတ် သွားသည်။

ပြိုင်ဘက်၏ တည်ငြိမ် လွန်းသော မျက်ဝန်း တစ်စုံက၊ သူ့အား ကျောချမ်း လာစေ၏။ လူသေ တစ်ကောင်အား မြင်လိုက်ရ သကဲ့သို့၊ လင်းယွန်က သူ့အား ပြန်မော့ ကြည့်နေ ခဲ့သည်။

" ဘာ လဲ .... "

ဟန်တင်းမင်က သံသယ ဝင်စ ပြုလာ၏။

တစ်ဆက်တည်း မှာပင်၊ လင်းယွန်၏ ခန္ဓာကိုယ် အတွင်း၌၊ ရူရ်များ ကြယ်တာရာ များကဲ့သို့ လင်းလက် လာပြီး၊ ပုံသဏ္ဍာန် တစ်ခု အဖြစ် ဖွဲ့တည် သွားသည်။

နက်နဲ အဋ္ဌမ အဆင့် ......၊ နဝမ အဆင့် ....၊ ဒသမ အဆင့် .....၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ .....။

အရှိန် အဝါများ တရိပ်ရိပ် မြင့်တက် လာပြီး၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ အထွတ် အထိပ် နယ်မြေ ရောက်မှသာ၊ ရပ်တန့် သွားလေသည်။

လင်းယွန်၏ ဦးခေါင်းနှင့် လက်မ ဝက်ခန့် အကွာတွင်၊ ဟန်တင်းမင်၏ လက်ဖဝါးမှာ တုန့်ခနဲ ရပ်တန့် သွား၏။

ရှေ့သို့ ဆက်တွန်း နိုင်ခြင်း မရှိ တော့ဘဲ၊ လင်းယွန်မှ ပေါက်ကွဲ လာသော အရှိန်အဝါ များက၊ မာကျောသော ကျောက်တောင်ကြီး တစ်လုံး ကဲ့သို့၊ ဟန့်တား လာလေသည်။

ခရမ်းရောင် နန်းတော် တစ်ပိုင်း အရှိန်အဝါကြောင့်၊ ဟန်တင်းမင်က တုန်လှုပ် သွားသည်။ သူ့ မျက်လုံးကို သူ မယုံနိုင် ခဲ့ပေ။

ထိုအချိန်တွင် ကျား တစ်ကောက်၏ ဟိန်းဟောက် သံကြီး ထွက်ပေါ် လာကာ၊ ကြီးမားသော လက်ဖဝါးကြီး တစ်ဖက် ကောင်းကင်မှ ဆင်းသက် လာ၏။

“ မ ဟုတ် ဘူး ..... ”

ဟန်တင်းမင်က အထိတ် တလန့် ဖြစ်လာပြီး၊ လက်မခံ လိုဟန်ဖြင့် အလျင် အမြန်၊ နောက်ဆုတ် လိုက်သည်။ သို့သော်။

အတိ အကျ ဆိုရ ပါမူ၊ တောင်ကြီး တစ်လုံး ကိုပင်၊ ဖိခြေ နိုင်စွမ်းသော ကျား လက်ဝါးကြီး တစ်ဖက် ဖြစ်ကာ၊ ဟန်တင်းမင်အား အသားပြား ကဲ့သို့၊ ဖိသိပ် ပစ်လိုက်၏။

လမ်းပေါ်ရှိ ဆီးနှင်း လွှာများ ပေါက်ကွဲ သွားပြီး၊ မြေလွှာ တစ်ခုလုံး တုန်ဟီး လာလေသည်။

ထွက်ပေါ် လာသော စွမ်းအင်လှိုင်း များက၊ လူပေါင်း များစွာအား ကောင်းကင် ပေါ်သို့ မြောက်တက် သွားစေ၏။

" စီနီယာ အစ်မ ငါနဲ့ လိုက်ခဲ့ပါ ... "

လင်းယွန်၏ အကြည့် များက ငွေရောင် ရထားလုံး ပေါ်ရှိ၊ ရှင်းယန်ထံ ကျဆင်း သွားကာ၊ ခုန်လွှား ပြေးဝင် လိုက်တော့သည်။

***

All Chapters