ခရမ်းရောင် နန်းတော် သိုင်သမားများ။
Vol. 30 Ch. 408
ကောင်းကင်မှ ကျား လက်ဝါးကြီး ပြုတ်ကျလာကာ၊ မြေလွှာများ တုန်ဟီး သွားလေသည်။
ရုတ်တရက် ပေါက်ကွဲ မှုများကြောင့်၊ ကျောက်တုံး အပိုင်း အစများ လွင့်စင် ကုန်ကာ၊ ကျန်ရှိ နေသော နတ်ဘုရား အစောင့် များကို ပရမ်း ပတာ ဖြစ်စေ ခဲ့ပြီး၊ လူအများ အပြား ထိမှန် သွားကုန်၏။
ဟန်တင်းမင် သေဆုံး မှုမှာ၊ လူတိုင်း၏ မျှော်လင့် ချက်ထက် ကျော်လွန် နေလေပြီ။
ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ သိုင်းသမား တစ်ယောက် အနေဖြင့်၊ လင်းယွန်၏ တိုက်ခိုက် မှုကြောင့်၊ ဤမျှ ထိတ်လန့် စရာ ကောင်းသော၊ သေခြင်း မျိုးဖြင့် အဆုံးသတ်သွားလိမ့် မည်ဟု၊ မည်သူမျှ မထင်မှတ် ခဲ့ပေ။
ဟန်တင်းမင် ကိုယ်တိုင် ပင်လျှင်၊ ရလဒ်ကို တွက်ဆ မိပုံ မရဘဲ၊ မသေခင် တစ်စက္ကန့် အလို ထိပင်၊ လင်းယွန်အား ကစား နေခဲ့သည်။
" အစ်မ ငါနဲ့ အတူ ပြန် ရ အောင် ... "
လင်းယွန်၏ အကြည့် များက ငွေရောင် ရထားလုံး ပေါ်ရှိ၊ ရှင်းယန်ထံ ကျဆင်း သွားတော့၏။
မျက်နှာကို လာမှန်သော ကျောက်တုံး များ၏၊ နာကျင်မှု အပေါ် လျစ်လျူရှုကာ၊ ရှင်းယန် အား ခေါ်ဆောင်ရန်၊ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။
ချင်ယုက ရထားလုံး ပေါ်တွင် ငြိမ်သက်စွာထိုင်နေပြီး၊ ပျံသန်း လာနေသော လင်းယွန်ကို တည်တည် ငြိမ်ငြိမ်ဖြင့်၊ အကဲခတ် နေခဲ့သည်။
ချဉ်းကပ် လာနေသော လင်းယွန်က ချင်ယုကိုထွင်းဖောက် မမြင်နိုင် သကဲ့သို့၊ သူ့ အတွေးအား ဖမ်းဆုပ် မရပေ။
ရထားလုံး အနီးသို့ တိုးကပ် လာမိ ချိန်တွင်၊ ဓားရောင်ခြည် သုံးစင်း ရုတ်တရက် ထွက်ပေါ် လာပြီး၊ လင်းယွန် အပေါ် ကွန်တစ်ခု အသွင်၊ ဖုံးအုပ် လာသည်။
ထိုဓား ရောင်ခြည် များကို ထုတ်လွှတ် လာသူ များမှာ၊ ဝမ်ဖန်၊ ဂျီမူဟန်နှင့် တောင်းဂျင် တို့ဖြစ်၏။
သူတို့ သုံးယောက်သည်၊ ၎င်းတို့ ဂိုဏ်းအသီးသီး၌၊ အမာခံ တပည့်များ ဖြစ်ကြသော်လည်း၊ ချင်ယု နောက်သို့ လိုက်ရန်ဆုံးဖြတ်ထား သူများ ဖြစ်သည်။
သူတို့ သုံးယောက်၏ ခွန်အားမှာ၊ ဒဿမ အဆင့်တွင် ဖြစ်ပြီး၊ ဤလှုပ်ရှားမှု အတွင်း၊ ၎င်းတို့၏ စွမ်းအား အကုန် အစင်ကို၊ ထည့်သွင်း ထားကြသည်။
လင်းယွန်၏ အရေး ကြီးသော အစိတ် အပိုင်းများ အပေါ် ရည်ရွယ်ကာ၊ တိုက်ခိုက် မှုအား ထုတ်လွှတ် လာခြင်း ဖြစ်သည်။
ကျင့်ကြံမှု အဆင့်၊ နိမ့်ကျ နေသည် ဟူသော အချက်ကို၊ အခွင့် ကောင်းယူ လိုဟန် ရှိသည်။
သူတို့ သုံးဦးမှာ မတူညီသော ဂိုဏ်း များမှ ဖြစ်သောကြောင့်၊ ၎င်းတို့၏ ပူးပေါင်း တိုက်ခိုက် မှုသည်၊ နတ်ဘုရား အစောင့် အကြပ် များနှင့်၊ နှိုင်းယှဉ် နိုင်မည့် နည်းလမ်း မရှိပေ။
သို့ရာတွင်၊ ဂိုဏ်း အသီးသီး၏ အမာခံ တပည့်များ ဖြစ်ပြီး၊ သူတို့၏ လက်ရှိ ခွန်အားမှာ၊ အင်ပါယာရှိ ဒုတိယ အလွှာ၌ ရပ်တည် ထားနိုင်သည်။
ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှု များမှာ၊ နတ်ဘုရား အစောင့် များထက်၊ သဘာဝ အားဖြင့်၊ ပို၍ ကြောက်စရာ ကောင်းလေသည်။
တိုက်ခိုက်မှု သုံးခုက တစ်ခုနှင့် တစ်ခု တွဲယှက် နေပြီး၊ လင်းယွန် အပေါ် အုပ်မိုး ကျလာ၏။
လင်းယွန်က တုံ့ဆိုင်း သွားပြီး၊ နောက်ပြန် ဆုတ်ရန် ချိန်ဆ နေမိသည်။
ရူရ် များကို ထပ်သုံး နိုင်ခြင်း မရှိသေး သောကြောင့်၊ နတ်ဘုရား အစောင့်များ၊ ပြန်လည် ကောင်းမွန် လာချိန်တွင်၊ ရှင်းယန်အား ခေါ်ယူ ရမည့် အခွင့် အရေးအား၊ ဆုံးရှုံး သွားနိုင်မည် ဖြစ်သည်။
သို့သော် ဆုတ်ခွာခြင်း မရှိ ပါက၊ အနည်းငယ် တိမ်းစောင်း ရုံဖြင့်ပင်၊ အသတ် ခံရ ပေလိမ့်မည်။ အမာခံ တပည့် သုံးယောက်မှာ၊ လွယ်ကူသော ပြိုင်ဘက်များ မဟုတ်ပေ။
နောက်ဆုံးတွင် လင်းယွန်က နောက်ဆုတ်ရန် ဆုံးဖြတ် လိုက်သည်။
ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သည်နှင့်၊ ပန်းမြှုပ် ဓားမှာ မြည်သံ လာ၏။
ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်း၊ ပွင့်လန်း လာပြီး၊ ခန္ဓာကိုယ် အတွင်း ခရမ်းရောင် စွမ်းအင်များ အရှိန် အဟုန်ဖြင့်၊ စီးဆင်း လာစေသည်။
ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်မှာ၊ ပန်းသင်္ချိုင်း ဓားထံ စီးဝင် လာပြီး၊ ဓားရောင်ခြည် သုံးစင်းနှင့် ထိပ်တိုက် တွေ့ဆုံ သွားသည်။
စူးရှ တောက်ပသော အလင်း တန်းများ ထွက်ပေါ် လာကာ၊ ရပ်ကြည့် နေသူ တိုင်း၏ မျက်လုံးများ ကျိန်းစပ် နာကျင် လာစေ ခဲ့၏။
တစ်ချိန် တည်းမှာပင်၊ တိုက်ပွဲ ဆီမှ ပျံ့လွင့် လာသော စွမ်းအင်လှိုင်း များကြောင့်၊ တုန်လှုပ် ချောက်ချား သွားကုန်သည်။
ယင်းကြောင့် လူအုပ် ကြီးမှာ၊ သူတို့၏ ဓားရှည် အပေါ်၊ ထိန်းချုပ် နိုင်မှုများ ဆုံးရှုံး သွားခဲ့သည်။
" ငါ့ ဓား .... "
“ ဒါ… ဒါက အစွမ်းထက် လွန်းတယ်၊ ဒီလောက် ပြင်းထန်တဲ့ ဓား ရည်ရွယ် ချက်ကို၊ ငါ့တစ်သက် တစ်ခါမှ မမြင် ဖူးဘူး။ "
" ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ လင်းယွန်က သူတို့ သုံးယောက်ကို တကယ် ရင်ဆိုင် နိုင်ခဲ့တယ်၊ ''
အမာခံ တပည့် သုံးယောက်က ထုတ်လွှတ် လိုက်သော ရောင်ဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းလှရာ၊ လမ်းဘေး ဝဲယာတွင် ရပ်နေသော လူအုပ် ကြီးကို၊ တုန်လှုပ် သွားစေ ခဲ့သည်။
သို့သော် ဝမ်ဖန်၊ ဂျီမူဟန်နှင့် တောင်းဂျင်တို့ သုံးယောက် မှာမူ၊ မျက်နှာများ ပျက်ယွင်း ကုန်ပြီး၊ စိတ်ထဲမှ ကျိန်ဆဲ လိုက်ကြသည်။
ချင်ယု ရှေ့တွင် ဤသို့ အရှက် ရလိမ့် မည်ဟု၊ မတွေး မိခဲ့ ဖူးပေ။
မဟာချင် အင်ပါ ယာ၏ ပါရမီရှင် ရှစ်ပါး ပြီးနောက်၊ အသန် မာဆုံး ဟူသော သူတို့၏ ဂုဏ်ပုဒ်မှာ မြောင်းထဲ ရောက်သွား ခဲ့လေပြီ။
သုံးယောက်ပေါင်း တိုက်ခိုက် မှုသည် လင်းယွန်အား သတ်ပစ် ရမည့် အစား၊ ဖိနှိပ် ခံလိုက် ရ၏။
ကြီးမားသော ပေါက်ကွဲ သံနှင့် အတူ၊ နှစ်ဖက်စလုံး နောက်ပြန် ဆုတ် သွားကာ၊ တစ်ဖက်ကို တစ်ဖက် အေးစက်စွာ ကြည့်လိုက် ကြသည်။
အကျွင်း အကျန် စွမ်းအင် လှိုင်းများက၊ ပတ်ဝန်း ကျင်သို့ ရိုတ်ခတ် သွား၏။
သုံးယောက်သား အကြည့်ချင်း၊ ဖလှယ် လိုက်ကြပြီး၊ သူတို့၏ မျက်ဝန်း များတွင် သတ်ပစ် လိုသော ရောင်ဝါ များဖြင့်၊ လင်းလက် သွားသည်။
" တိမ်မြူ ထူထပ်သော ..... "
" မြစ်ကို ဖြတ်သန်းခြင်း "
" ကြီးစိုးသော ဓား "
အပြင်း ထန်ဆုံးသော တိုက်ခိုက်မှု များကို အသီးသီး ထုတ်ဖော်လျက်၊ လင်းယွန်ထံ ပြေးဝင် မိပြန်၏။
" ကောင်းတယ် .... ၊ လာ ကြ ... "
အဝတ် အစား များတွင် သွေးများဖြင့်၊ ဖုံးလွှမ်း နေသော်လည်း၊ လင်းယွန်၏ မျက်ဝန်း များက ဓားတစ်လက် ကဲ့သို့၊ စူးရှ နေဆဲ ပေပင်။
သူ့ထံ တိုက်ခိုက် မှုများ ကျရောက်လာ သည်ကို၊ မြင်လိုက် ရသော အခါတွင် အေးစက်သော အရှိန် အဝါ များ၊ ပေါက်ကွဲ လာတော့သည်။
သရုပ်ဖော် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ လရောင် ရေစင် ဓားမှာ သူ၏ ခန္ဓာကိုယ် အစိတ် အပိုင်း များကဲ့သို့၊ အသုံး ပြုရ လွယ်ကူ လာ၏။
အတွေး တစ်ချက် ဖြင့်ပင်၊ ကြောက်မက်ဖွယ် ကောင်းသော အေးစက်မှု အထိ၊ တမဟုတ်ချင်း မြင့်တက် လာခဲ့သည်။
လရောင် ရေစင် ဓားကို ကန့်သတ် ချက်သို့၊ တွန်းပို့ လိုက်သည်နှင့်၊ လင်းယွန်၏ ရုပ်ပုံမှာ ရုတ်တရက် ပေါက်ကွဲ သွားပြီး၊ ပုံရိပ် ကိုးရိပ် အဖြစ် ခွဲထွက် လာလေသည်။
" ဘာတွေ ဖြစ်နေ တာလဲ..... "
ဝမ်ဖန်တို့ သုံးယောက်၏ မျက်နှာများ ပြောင်းလဲ သွားသည်။ မူလ စွမ်းအင် လှုပ်ခတ်မှု အပေါ်၊ ဂရု တစိုက် အာရုံ ခံလိုက် သော်လည်း၊ နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ် အတွင်း၊ မည်သည်က လင်းယွန် အစစ် ဖြစ်သည်ကို၊ သူတို့ အတည် မပြု နိုင်ချေ။
" လရောင် အလင်း ပြန်ခြင်း ..... "
ကောင်းကင်၌ ပုံရိပ် ကိုးရိပ် တစ်ထပ်တည်း ကျရောက် သွားပြီးနောက်၊ တောက်ပသော လရောင်များ ထွက်ပေါ် လာသည်။
သူ့ဓားကို လွှဲရမ်း ပစ်လိုက် သည်နှင့်၊ လရောင် ထွက်ပေါ် လာသော ကောင်းကင်ကြီး ကဲ့သို့၊ ပတ်ဝန်းကျင် တစ်ခုလုံး ဝင်းပ သွား၏။
ဓားတစ်ချက် တည်းဖြင့်၊ ၎င်းတို့၏ တိုက်ခိုက် မှုများ ဖြိုခွဲ ခံရ ခြင်းကြောင့်၊ ဝမ်ဖန်တို့ သုံးဦးမှာ၊ အံ့အားသင့် သွားကြသည်။
သုံးယောက်သား ကောင်းကင်မှ တဖုတ်ဖုတ် ပြုတ်ကျ လာပြီး၊ သွေးများ အန်ထုတ် ပစ်လိုက် ရ၏။
တစ်ချိန် တည်းမှာပင် သူတို့၏ ဓားရောင်ဝါ များမှာ၊ ကြက်ဥခွံ တစ်လုံး ကဲ့သို့ ကွဲအက်သွားပြီး၊ နှင်းမုန်တိုင်း ထဲတွင် တဖြည်းဖြည်း မှိန်ဖျော့ လာသည်။
" တောက် ..... အရမ်း မိုက်တယ်။ "
" ဒါက ဘာဓားရေး နည်းစနစ်လဲ ..... "
" ငါက ဘယ်လို ငရဲ မျိုးကို၊ မြင်လိုက် ရတာလဲ။ "
ပတ်ဝန်း ကျင်မှ အာမေဋိတ် သံများ၊ ရုတ်ရုတ် သဲသဲ ထွက်ပေါ် လာသည်။ အစောပိုင်း တိုက်ခိုက်မှု များမှာ၊ လင်းယွန်၏ အစွန် အဖျား မျှသာ ဆိုပါလျှင်၊ လရောင် အလင်း ပြန်ခြင်းမှာ၊ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု ဖြစ်ပေ လိမ့်မည်။
လွန်ခဲ့သော သုံးလက ဒုက္ခိတ ဖြစ်သွား ခဲ့သည်ကို၊ သူတို့ မယုံချင် တော့ပေ။ သုံးလကြာ ပြီးနောက်၊ လင်းယွန်နှင့် မျက်ဝန်းချင်း ဆုံမကြည့် ရဲလောက်အောင်၊ သန်မာ လာခဲ့ ပေပြီ။
လင်းယွန်က အမာခံ တပည့် သုံးယောက်ကို ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိစေ ပြီးနောက်၊ ရှင်းယန်ထံ မော့ကြည့် လိုက်သည်။
'' ပြန် ရ အောင် ..... ''
ထို့နောက် မြေပြင်အား ခြေဖြင့် ၊ အသာ ပုတ်ကာ ရထားလုံး ထံသို့၊ လက်တစ်ဖက်ကို ဆန့်တန်းလျက်၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ ပြေးဝင် သွားသည်။
“ ဒါဆို လုံလောက်ပြီ …”
ချင်ယုက ခေါင်းညိတ်လျက် တည်ငြိမ်စွာ ရေရွတ် လိုက်လေသည်။ စကားဆုံး သည်နှင့် ရထားလုံး နောက်ကွယ်မှ၊ ကြောက်မက်ဖွယ် ကောင်းသော၊ အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာပြီး၊ လူတိုင်းကို ပြင်းထန်စွာ ဖိနှိပ်လာခဲ့သည်။
ပြင်းထန် လွန်းသော ဖိအားကြောင့်၊ လူများ စွာ၏ ခြေထောက် များက၊ ဆက်လက် ရပ်တည် ရန်ပင် ရုန်းကန် လိုက်ရသည်။
" ခရမ်ရောင် နန်းတော် ကျွမ်းကျင်သူ ... "
လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။
တစ်ချိန် တည်းမှာပင်၊ လင်းယွန်က ခေါင်းကို မော့ကြည့် လိုက်သော အခါတွင်၊ လက်ဖဝါး တစ်ဖက်အား 'ရိပ်ခနဲ' သာ တွေ့လိုက် ရသည်။
မြေပြင် ပေါ်သို့ လွင့်စင် လဲကျ သွားပြီး၊ ပါးစပ် အပြည့် သွေးများ အန်ချ ပစ်လိုက် ရသည်။
“ အရှင် မင်းသား၊ သူဒီမှာ တစ်ယောက်တည်း ဆိုတာ သေချာ ပါတယ်၊ သူနဲ့ အတူ ခရမ်းရောင် နန်းတော် ကျွမ်းကျင်သူ တစ်ယောက်မှ ပါမလာ ပါဘူး၊ ''
ရုတ်တရက် ထွက်ပေါ် လာသော အသံကြောင့်၊ ရထားလုံး ဘေးရှိ တော်ဝင် အစောင့် များမှာ၊ ထိတ်လန့် သွားသည်။
လမ်းဘေး ဝဲယာ၌ ဓားနန်းတော်၏ တပည့် များစွာ ရောထွေး နေသော်လည်း၊ အကြီးအကဲ တစ်ဦးမျှ ပါရှိခြင်း မရှိခြေ။
ချင်ယု ဘေးသို့၊ ပြန်လည် ရောက်ရှိ လာသော ၊ မီးခိုး ရောင်ဝတ် အဖိုအိုက၊ လေးနက်စွာ ဆိုလိုက်သည်။
လင်းယွန်ကို ယခု ကဲ့သို့ လွှတ်ထား ရသည့် အကြောင်း ရင်းမှာ၊ ဤနေရာတွင် တစ်ယောက်တည်း ရှိနေ သည်ကို၊ မယုံ သောကြောင့် ဖြစ်သည်။
လင်းယွန်ကို ကာကွယ်ရန်၊ ဓားထမ်း အကြီးအကဲ တစ်ဦး၊ ပုန်းကွယ် စောင့်ရှောက် နေမည်ဟု သူ ထင်သည်။
မည်သူ မဆို သူ့အား ဆန့်ကျင်ရန်၊ ဤမျှ ရဲဝံ့မည် မဟုတ်ပေ။
သူ့လမ်း၌ ပိတ်ဆို့ ခြင်းသည်၊ နက်နဲ အဋ္ဌမ အဆင့်ရှိ၊ သိုင်းသမား တစ်ဦး အတွက်၊ တရားခွင် တွင် သေဒဏ်ကို လာရောက် ခံယူ နေခြင်းနှင့် တူ၏။
ထို့ကြောင့် ရထားလုံးကို ရပ်တန့်ရန်၊ ဤနေရာ၌ လင်းယွန် တစ်ယောက်တည်း ရှိနေ သည့် အပေါ်၊ သူ မယုံ ကြည်ပေ။ ယင်းကို ပြုမူရန် တစ်စုံ တစ်ရာသော၊ ယုံကြည်ချက် ရှိခဲ့ ရပေမည်။
သို့သော် လင်းယွန်သည် တစ်ဦးတည်း လာရောက် ဟန့်တား ခဲ့သည်မှာ၊ သေချာ လေပြီ။
( အဖော်မဲ့ သူရဲကောင်း တစ်ယောက် ဖြစ်ဖို့ရန်၊ ကြိုးစား နေခဲ့ သည်လော။ )
ယင်းကို သိသည်နှင့် ချင်ယုက တုံ့ဆိုင်း မနေ တော့ပေ။ မျက်လုံး ထဲတွင် အေးစက်သော အလင်း ရောင်များ၊ လင်းလက် လာပြီး ခေါင်းညိတ် ပြသည်။
အဖိုးအိုက အမိန့်ကို လက်ခံ ရရှိ သည်နှင့်၊ ချင်ယု ဘေးမှ ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ လင်းယွန်အား လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။
အစောပိုင်း အချိန်က၊ လရောင် အလင်း ပြန်ခြင်းမှ၊ ကျန်ရှိ နေသော စွမ်းအား များကြောင့်၊ အဖိုးအို၏ လက်ဖဝါးကို၊ လင်းယွန်က ခံနိုင်ရည် ရှိခဲ့ခြင်း ဖြစ်သည်။
ယခု တစ်ကြိမ်တွင် သူ၏ ဓားရေးကို၊ အကောင် အထည် ဖော်ရန်၊ အခွင့် အရေး မရှိ တော့ပေ။
စစ်မှန်သော ခရမ်းရောင် နန်းတော် ကျွမ်းကျင်သူ တစ်ယောက် အတွက်၊ ထိုအဆင့် အောက်ရှိ လူတိုင်းမှာ၊ ပုရွက်ဆိတ် များသာ ဖြစ်ကြပြီး၊ သူ၏ ခွန်အားကို လင်းယွန် အနေဖြင့်၊ ဖြေရှင်း နိုင်စရာ နည်းလမ်း မရှိနိုင်။
သို့သော် တစ်ချိန် တည်းမှာပင်၊ မီးခိုး ရောင်ဝတ် အဖိုးအို၏ လက်ဖဝါးအား ထိပ်တိုက် တွေ့လိုသော၊ နဂါး နှင့် ကျား အရှိန် အဝါများ ကဲ့သို့၊ ကြီးမားသော လက်သီးကြီး တစ်လုံး ပျံသန်း လာသည်။
'' ဖုန်း......... ''
မျက်နှာဖုံး အဖြူကို တပ်ဆင် ထားသော လူရိပ် တစ်ရိပ်၊ ကောင်းကင်တွင် ထွက်ပေါ် လာပြီး၊ မီးခိုး ရောင်ဝတ် အဖိုးအိုအား ဟန်တား လာလေသည်။
အဘိုးအို၏ မျက်လုံး များတွင်၊ အေးစက်သော အလင်းများ တောက်ပ လာ ပြီးနောက်၊ ဝင်ရောက် ဟန့်တားလာ သူကို၊ မော့ကြည့် လိုက်၏။
“ မျက်နှာဖုံး နောက်ကွယ်မှာ ပုန်းမနေ ပါနဲ့၊ မင်း မျက်နှာကို ပြဝံ့လား။ "
“ ငါ ဘယ်သူလဲ ဆိုတာကို မင်း စိတ်ပူ နေဖို့ မလိုပါဘူး၊ ဒါပေမယ့် လင်းယွန်ကို သတ်ချင်ရင်၊ မင်းငါ့ကို ဖြတ်ကျော် ရလိမ့်မယ်။ "
မျက်နှာဖုံး ရှင်က မြေပြင်ပေါ် ဆင်းသက် လိုက်ပြီး၊ ပြန်ဖြေသည်။
တစ်ချိန် တည်းမှာပင် လူတိုင်း၏ စိတ်ထဲ၌၊ မီးခိုးရောင်ဝတ် အဖိုးအို ကဲ့သို့ပင်၊ စူးစမ်းလို စိတ်များ ဖြစ်ပေါ် လာ၏။
အိမ်ရှေ့ မင်းသား၏ အရေးကို အမှန် တကယ် ဝင်ရောက် စွက်ဖက် ဝံ့သူမှာ၊ လင်းယွန် အပြင် နောက်တစ်ယောက် ရှိလာခဲ့ လေပြီ။
သူ၏ ရွေ့လျားမှု နည်းစနစ်နှင့် အသွင် အပြင် အရ၊ ဓားနန်းတော်မှ တစ်ဦး တစ်ယောက် မဟုတ်ကြောင်း၊ မည်သူ မဆို သိနိုင်သည်။
ချင်ယု သည်လည်း အံ့ဩ သွား၏။ ယခုပင် လင်းယွန်အား စောင့်ရှောက် နေသော၊ ခရမ်းရောင် နန်းတော် နယ်ပယ်မှ၊ တစ်စုံ တစ်ယောက် မရှိဟု၊ အဘိုးအိုက ဆိုသည်။
“ လင်းယွန်က ဒီနေ့ သေရမယ်၊ သူ့ကို ဘယ်သူမှ မကယ် တင်နိုင် တော့တာ သေချာတယ်၊ မင်းလည်း ခြွင်းချက် မဟုတ်ဘူး ...။ "
မီးခိုး ရောင်ဝတ် အဘိုးအိုက၊ လွှမ်းမိုး နိုင်လွန်းသော လေသံဖြင့်၊ မျက်နှာဖုံး ရှင်ကို ကြည့်ကာ ဆိုလိုက်သည်။
ထို့နောက် သူသည် ခြေလှမ်း တိုင်းတွင်၊ နှင်းထဲ၌ နက်ရှိုင်းသော ခြေရာများ ထင်ရစ် စေလျက်၊ လင်းယွန် ဆီသို့ လျှောက်လှမ်း သွား၏။
ခြေလှမ်း ခုနစ်လှမ်း လှမ်းယူ ပြီးနောက်၊ မီးခိုး ရောင်ဝတ် အဘိုးအို၏ အရှိန် အဝါမှာ၊ နှင်းမုန်တိုင်း တစ်ခု လုံးကို ဖြိုခွင်း ပစ်လိုက်သည်။
လူတိုင်း အတွက် ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာ သကဲ့သို့၊ ဖိအားများ ဖြစ်လာ စေခဲ့၏။
“ မင်းဝံ့ ရင် နောက်တလှမ်း လှမ်းလိုက်ပါ .... ”
သို့သော် မျက်နှာဖုံး ရှင်က လင်းယွန် အနား၊ ထပ်မံ တိုးကပ် လိုက်ပြီး၊ မီးခိုး ရောင်ဝတ် အဖိုးအိုအား ခြိမ်းခြောက် လိုက်သည်။
ခြေရာများ နှင်းထဲ၌ ထင်ကျန်ခြင်း မရှိ ခဲ့သော၊ မျက်နှာဖုံး ရှင်၏ ရွေ့လျားမှု နည်းစနစ်ကြောင့်၊ မီးခိုး ရောင်ဝတ် အဘိုးအိုက မျက်မှောင်ကြုတ် သွားသည်။
သူ့ အရှိန် အဝါကို၊ ပို၍ သိသည်း စေလိုက် သော်လည်း၊ ခြေလှမ်း နောက်တစ်လှမ်း ထပ်မလှမ်း ဖြစ်တော့ပေ။
ပြိုင်ဘက်ကို ကြည့်ကာ၊ အနည်းငယ် တွေဝေ သွားသည်။ ချင်ယုအား ဆန့်ကျင် ပြီးနောက်၊ သူ့အား အမှန် တကယ် ရင်ဆိုင် ဝံ့သူမှာ၊ ချင် အင်ပါယာ၌ မည်သူ ဖြစ်နိုင် မည်ကို၊ တွေးယူ နေမိ လေသည်။
***