← Chapters

ဓား ခုနစ်လက်။

Vol. 30 Ch. 409

ဓား ခုနစ်လက်။

Vol. 30 Ch. 409

“ လင်းယွန်က ဒီနေ့ သေရမယ်၊ သူ့ကို ဘယ်သူမှ မကယ် တင်နိုင် တော့တာ သေချာတယ်၊ မင်းလည်း ခြွင်းချက် မဟုတ်ဘူး ...။ "

ထို့နောက် လင်းယွန် ဆီသို့ လျှောက်လှမ်း သွား၏။ ခြေလှမ်း ခုနစ်လှမ်း လှမ်းယူ ပြီးနောက်၊ မီးခိုး ရောင်ဝတ် အဘိုးအို၏ အရှိန် အဝါမှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ လာသည်။

“ မင်းဝံ့ ရင် နောက်တလှမ်း လှမ်းလိုက်ပါ .... ”

သို့သော် မျက်နှာဖုံး ရှင်က လင်းယွန် အနား၊ ထပ်မံ တိုးကပ် လိုက်ပြီး၊ မီးခိုး ရောင်ဝတ် အဖိုးအိုအား ခြိမ်းခြောက် လိုက်သည်။

မီးခိုး ရောင်ဝတ် အဘိုးအိုက ပြိုင်ဘက်ကို ကြည့်ကာ၊ အနည်းငယ် တွေဝေ သွား၏။ ချင်ယုအား ဆန့်ကျင် ပြီးနောက်၊ သူ့အား အမှန် တကယ် ရင်ဆိုင် ဝံ့သူမှာ၊ ချင် အင်ပါယာ၌ မည်သူ ဖြစ်နိုင် မည်ကို၊ တွေးယူ နေမိ လေသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်အကဲခတ် လိုက်ကြသည်။

မကြာခင် မှာပင် လမ်းမ ပေါ်၌ ဆီးနှင်းများ ပြည့်လျှံ လာ၏။ ယခု နှစ်ဆောင်း ရာသီကပို၍ အေးစက် လှပေသည်။

တိုက်ပွဲများ ဖြစ်ပွား နေရာမှ၊ ရုတ်တရက်တိတ်ဆိတ် သွားသောကြောင့်၊ ယင်းကို ပို၍ သိသာ လာစေ၏။

မုန်တိုင်း မလာခင် ငြိမ်သက်ခြင်း မျိုးကဲ့သို့၊လေထုက လေးပင် လာပေသည်။ တစ်ခုခု လွဲချော် နေပြီဟု၊ လူတိုင်း ခံစား နိုင်၏။

လင်းယွန်က အိမ်ရှေ့ မင်းသား၏ မင်္ဂလာ ပွဲတွင်၊ ဓားဆွဲကာ ဟန်တားလာ သည်ကြောင့်၊ သေမင်းကို ဖိတ်ခေါ်သူ တစ်ယောက် အဖြစ် အားလုံးက ရှုမြင် ထား ကြသည်။

သို့သော် ရထားလုံးမှာ ရပ်တန့် သွားပြီး၊ လင်းယွန်က အသက် ရှင်နေ ခဲ့သည်။ သည့်အပြင် ခရမ်းရောင် နန်းတော်နယ် မြေရှိ၊ ကျွမ်းကျင် သူများ ဝင်ရောက် လာခြင်းဖြင့်၊ တိုက်ပွဲကို ပိုမို ရှုပ်ထွေး လာစေသည်။

ခရမ်းရောင် နန်းတော် သိုင်းသမား များမှာ၊ မဟာ ဂိုဏ်းကြီး လေးဂိုဏ်း တွင်ပင် များစွာ မရှိခြေ။

ထို့ကြောင့် ၎င်းတို့ကို လွယ်လင့် တကူ လှုပ်ရှား စေခြင်း မပြု ကြဘဲ၊ သူတို့အား စေလွှတ် လိုက် ခြင်းဖြင့်၊ ပြတ်သားသော သဘော ထားကို၊ ပြသရာ ရောက်ပေမည်။

တနည်း အားဖြင့် ဆိုရသော်၊ ခရမ်းရောင် နန်းတော် သိုင်းသမား တစ်ယောက်သည်၊ သူ့နောက်ကွယ် အင်အား စု၏ သဘောထား ပင်ဖြစ်သည်။

ဤလျှို့ဝှက်သော လူသည်၊ လင်းယွန် အားကူညီကာ၊ အိမ်ရှေ့ မင်းသားနှင့် ရင်ဆိုင် ခဲ့သည်။

အိမ်ရှေ့ မင်းသားသည် သူ့ခွန်အား အရ၊ ကြောက်စရာ မဟုတ် သော်လည်း၊ မဟာချင် အင်ပါယာ၏ အမြင့်ဆုံး အာဏာကို၊ ပိုင်စိုး ထားသော တော်ဝင် မိသား စုအား၊ ကိုယ်စားပြုသည်။

တော်ဝင် မိသားစု၏ အခွင့် အာဏာ ကြောင့်သာ မဟုတ် ပါက၊ ဓားနန်းတော် အနေဖြင့် ရှင်းယန်ကို ခေါ်သွားခွင့် ပြုမည် မဟုတ်ချေ။

ထို့ကြောင့်ပင် လူတိုင်းက၊ လျှို့ဝှက်သော မျက်နှာဖုံး ရှင်၏၊ အသွင် အပြင်နှင့် နောက်ခံအပေါ် စိတ်ဝင် စားမိ ကြသည်မှာ၊ အပြစ် မဆိုသာ။

တစ်ချိန်တည်း မှာပင် လင်းယွန်ကြောင့်၊ ဖြစ်ပေါ် လာသော အရှုပ် အထွေး များကိုလည်း သတိထား မိလာ ပြန်သည်။

“ စိတ်ဝင် စားစရာပဲ၊ ဒီလူက အိမ်ရှေ့စံ ကို ဆန့်ကျင်ဖို့၊ တကယ် သတ္တိ ရှိလား သိချင် မိတယ် …”

" လင်းယွန်သာ မင်္ဂလာ ပွဲကို ဖျက်နိုင်ရင်၊ ပွဲက ပိုပြီး စိတ်လှုပ်ရှား စရာ ကောင်းလာ လိမ့်မယ်။ ''

'' ဒီနေ့မှ လင်းယွန်ကို မသတ် နိုင်ရင်၊ ချင်ယု ဘ၀မှာ အစွန်း အထင်း ဖြစ်နိုင်တယ်၊ သူတကယ် ဆန့်ကျင် ရဲတာ မယုံ နိုင်စရာ ပါပဲ။”

“ ဒါနဲ့ ဒီလူက ဓားနန်းတော် ကလား၊ ဓား နန်းတော်က ဆိုရင် မျက်နှာဖုံး လိုမယ် မထင်ဘူး။ ''

" ဒီလူက ဘယ်သူ လဲ ... ''

လူအုပ် ထဲမှ သံသယ စကားများ ထွက်ကျလာသည်။

ရထားလုံး ပေါ်၌ ထိုင်နေသော၊ ချင်ယု၏ မျက်နှာ တစ်ပြင်လုံး၊ မည်းမှောင် သွားသည်။ သူ့အနေဖြင့် အမြဲ သတိထား တတ်သူ ဖြစ် သောကြောင့်၊ တစ်စုံ တစ်ရာ ဆောင်ရွက်ခြင်း မပြုမီ၊ အစီ အစဉ်များ ကြိုတင် ဆွဲရခြင်းကို၊ နှစ်သက်သည်။

နတ်ဘုရား အစောင့် များနှင့်၊ အသူရာ အဖွဲ့ဝင် များအား၊ လင်းယွန်က သတ်ပစ် လိုက်သည်ကို၊ မြင်တွေ့ ပြီးနောက် တွင်ပင်၊ တည်ငြိမ်စွာ ထိန်းထား နိုင်ခဲ့သည်။

လင်းယွန် တစ်ဦးတည်း ဖြစ်ကြောင်း သေချာမှသာ၊ ဤအရှုပ် အထွေးကို အဆုံး သတ်ရန်၊ ကျွမ်းကျင်သူ တစ်ဦးအား စေလွှတ် မိခြင်းသည်။

သို့သော် လျှို့ဝှက်သော မျက်နှာဖုံး ရှင်ကြောင့်၊ သူ့ တွက်ကိန်းမှာ လွှဲချော် လာပေသည်။

မဟာချင် အင်ပါယာ၌ သူ့အား ဆန့်ကျင် ဝံ့သူ နောက်တစ်ဦး ရှိလိမ့် မည်ဟု မထင်ထား မိပေ။

( ဒီကောင် ဘယ်သူလဲ၊ ဓားနန်းတော် ကလား၊ မဖြစ် နိုင်ဘူး၊ ရှင်းယန်က ဆန္ဒ မရှိ မှသာ ဓားနန်းတော်က ငါ့ကို အရေးယူ နိုင်မှာ၊ အခုက ရှင်းယန် ကိုယ်တိုင် သဘော တူခဲ့ မှတော့ သူတို့ လုပ်နိုင် စရာ မရှိ ပါဘူး၊

ဒါကြောင့် ဓားနန်းတော်က စွက်ဖက် လာစရာ မရှိဘူး၊ ပြီးတော့ တော်ဝင် မိသားစုကို ဆန့်ကျင်ဖို့၊ သူတို့မှာ အကြောင်း ပြချက် မရှိဘူး၊ ရှိလည်း ဝံ့မယ် မထင် ပါဘူး၊ ဒါဆို ဒီကောင် ဘယ်သူလဲ။ )

ချင်ယုက လျှို့ဝှက်သော မျက်နှာဖုံး ရှင်ကို၊ ကြည့်နေ လျက်မှ အံ့ဩ နေမိသည်။

ချင်းယု၏ သက်တော်စောင့် မီးခိုး ရောင်ဝတ်အိုးအို မျက်နှာမှာ မည်းမှောင် နေပြီး၊ သူ့ လမ်းကြောင်းတွင် ရပ်နေသော၊ မျက်နှာဖုံး ရှင်ကို လှမ်းကြည့် လိုက်သည်။

ထိုလူသည် ကောင်းကင်မှ ဆင်းသက် လာပြီး၊ နှင်းများ ပေါ်တွင် ခြေရာများ မကျန်အောင် လျှောက်လှမ်း ခဲ့သည်။

အရှိန်အဝါ သည်လည်း ထူးခြား နေသည်မို့၊ အလေး အနက် ထားလာ မိခြင်း ဖြစ်သည်။

ခြေလှမ်း ခုနစ်လှမ်း လှမ်းယူ ပြီးနောက်၊ လင်းယွန် ရှေ့သို့ အရောက်တွင်၊ သူ့ အရှိန် အဝါမှာ အထွတ် အထိပ်သို့၊ ရောက်နေပြီ ဖြစ်သည်။

သို့သော် မျက်နှာဖုံး ရှင်က၊ လင်းယွန် အနားတွင် နေရာ ယူထား သောကြောင့်၊ လင်းယွန်အား မသတ်မီ သူ့ကို၊ အရင် မောင်းထုတ် ရမည် ဖြစ်သည်။

ဆိုလို သည်မှာ လင်းယွန်ကို တိုက်ရိုက် သတ်ဝံ့သော မည်သူ မဆို၊ မျက်နှာဖုံးရှင် အတွက် လုံလောက်သော အချိန်များ ရရှိ သွားမည် ဖြစ်သည်။

မီးခိုး ရောင်ဝတ် အဘိုးအိုကို ရွေးချယ်ခွင့် ပေးထား၏။ သူ့အနေဖြင့် လင်းယွန်ကို သတ်ရန် ကြိုးစား လိုပါလျှင်၊ မျက်နှာဖုံး ရှင်၏ တိုက်ခိုက် မှုကို ခံယူ ရမည် ဖြစ်သည်။

ထို့ကြောင့် မျက်နှာဖုံး ရှင်အား၊ ဦးစွာ ဖြေရှင်း ပါက၊ လင်းယွန်ကို သတ်ရန်၊ အခွင့် အရေး စွန့်လွှတ် လိုက်ရ ပေမည်။

အထူး သဖြင့် ခရမ်းရောင် နန်းတော် နယ်မြေသို့ ရောက်ရှိ ထားကြ သူများက၊ အသက်နှင့် ဘဝကို မြတ်နိုး ကြသည်။

သူတို့ အဆင့်၌ အသက်ဖြင့် လောင်းကြေး ထပ်ရန်ထက်၊ အခွင့် အရေး ပေါ်တွင်သာ အားပြိုင် ကြပေသည်။ အနည်း ငယ်သော အားသာ ချက်သည်ပင်၊ တိုက်ပွဲကို အဆုံးသတ် နိုင်၏။

ယင်းကြောင့် မီးခိုး ရောင်ဝတ် အဘိုးအိုက ရှေ့ဆက် တိုးချင် သော်လည်း၊ ရပ်လိုက် ရခြင်း ဖြစ်သည်။

ပြိုင်ဘက် ရှေ့၌ အားနည်း ချက်ကို၊ ပြသမိ သည်မှာ၊ ဆိုးရွားသော ခံစားချက် ဖြစ်လာ စေသည်။ သို့သော် သူ့အနေဖြင့် တက်စွမ်း သည့်အရာ မရှိခြေ။

မျက်နှာ ဖုံးရှင် ထံမှ ချို့ယွင်းချက် တစ်စုံ တစ်ရာ ထွက်ပေါ် လာရန်သာ၊ မျှော်လင့် မိသည်။ သို့သော် မျက်နှာဖုံး စွပ်ထား သောကြောင့်၊ ပြိုင်ဘက်၏ အသွင် အပြင်ကို အကဲ ဖမ်းရ ခက်နေ ခဲ့သည်။

ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှု သည်သာ ကြီးစိုး နေပြီ၊ မိုးနှင်းများ တဖျောက်ဖျောက် ကျဆင်း နေသံကို ကြားနေ ရပေသည်။

သူတို့ နှစ်ဦးသည် ယနေ့ ပွဲ၏ အဆုံး အဖြတ် ဖြစ်ပြီး၊လင်းယွန်နှင့် ချင်ယုအား ကိုယ်စား ပြုပေသည်။

လူအုပ် ကြီးမှာ အသက်ပင် ဝဝ၊ မရှူရဲ ကြတော့ဘဲ၊ လမ်းမ ပေါ်ရှိ ခရမ်းရောင် သိုင်းသမား နှစ်ဦးကို ကြည့်ကာ၊ မျက်တောင် ခတ်ရန် မေ့လျော့ နေခဲ့ ကြသည်။

အဆုံးတွင် မီးခိုး ရောင်ဝတ် အဘိုးအိုက စိတ်ရှည် သည်းခံ မှုများ တဖြည်းဖြည်း ဆုံးရှုံး လာသည်။

သူတို့ အနေ အထားမှာ၊ သုံးပွင့်ဆိုင် အနေ အထား မျိုး၌ ရှိနေပြီး၊ မျက်နှာဖုံး ရှင်နှင့် လင်းယွန်သည်၊ ပို၍ နီးကပ် နေပေ၏။

လင်းယွန်က မျက်နှာဖုံး ရှင်၏ အမည်ကို၊ ကြိုးစား ခန့်မှန်း နေမိသည်။ သူနှင့် ရင်းနှီး သည်ဟု ခံစား မိသော်လည်း၊ တစ်ချိန် တည်းတွင် မရင်း နှီးဟု ခံစားမိ ပြန်၏။

သူ့ အမှတ် တရ များတွင်၊ ဤသူ ကဲ့သို့၊ အသွင် အပြင်မျိုး မရှိခြေ။ အချိန်ဖြုန်း လိုခြင်း မရှိ တော့ဘဲ၊ ဒဏ်ရာ များကို ထိန်းချုပ် ရန်အတွက်၊ မူလ စွမ်းအင်အား ဖြန့်ကျက် လိုက်သည်။

***

ထိုအချိန်တွင် ဓားနန်းတော်၌ ကာကွယ်သူ လေးဦးနှင့်၊ ဓားထမ်း အကြီး အကဲ ခုနစ်ဦး တို့မှာ၊ ခန်းမဆောင် တစ်ခု ထဲ၌ စုဝေး နေခဲ့ ကြသည်။

ကာကွယ်သူ မက်မွန်က၊ လူတိုင်းကို ကျောခိုင်းကာ၊ နံရံသို့ မျက်နှာမူ လိုက်၏။

နံရံတွင် ဓားနန်းတော်ကို တည်ထောင် ခဲ့သော၊ ဂျင်ဝူမင်၏ ပုံတူ ပန်းချီ ကားချပ်၊ တစ်ချပ် ရှိသည်။

ပန်းချီကား အောက်တွင် သမိုင်း အဆက်ဆက်၊ နန်းတော် သခင် များ၏ အောက်မေ့ဖွယ် ကျောက်ကမ္ပည်း ပြားများ ထားရှိရာ၊ ကျောက် စားပွဲကြီး တစ်လုံး ရှိနေသည်။

ထို ကမ္ပည်း တိုင်များ ရှေ့၊ စားပွဲ တစ်နေရာတွင် ကလပ်ပေါ် တင်ထားသော၊ ရှေးဟောင်း ဓားရှည် တစ်လက် ရှိသည်။

အဆိုပါ ဓားကိုယ် ထည်တွင် ပန်းပွင့် ပုံစံ များဖြင့် အလှ ဆင်ထားပြီး၊ သူ့ဘေး၌ နံ့သာအိုး တစ်လုံး ထွန်းလျက်သား ရှိ၏။

ဓားကို ဓားအိမ် အတွင်း ထည့်သိမ်း ထားခြင်း မရှိ သောကြောင့်၊ ထိုဓား ထံမှ ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါကို၊ ခံစား နိုင်သည်။

၎င်းသည် စကြာဝဠာ အဆင့် လက်နက် များကို ကျော်ဖြတ် နိုင်သော 'အလင်းသတ် ဓား' ဖြစ်၏။

ဘိုးဘေး ဂျင်ဝူမင်၏ လက်ဆွဲတော် ဓားတစ်လက် ဖြစ်ပြီး၊ မဟာချင် အင်ပါယာတွင် အထက် ရှဆုံး ဓားအဖြစ် လည်း၊ ကျော်ကြား ပေသည်။

ဓားနန်းတော် သမိုင်း တစ်လျှောက်တွင်၊ ဤဓားကို သုံးကြိမ်သာ အသုံးပြု ဖူး၏။

အကြိမ် တိုင်းတွင် ဂိုဏ်းသား တိုင်း၏ အသက်နှင့်၊ ပျက်စီးခြင်း ဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင် တွန်းလှန် နေရချိန် ဖြစ်သည်။

သို့သော် နန်းတော် သခင် သည်သာ၊ ထိုဓားကို ဆွဲခွင့် ရှိသည်။ ထို့နောက်တွင်၊ ကာကွယ်သူ မက်မွန် ကိုလည်း ခွင့်ပြု ခဲ့သည်။

နန်းတော် သခင် ဂျင်ရွှမ်းဟီက၊ သူ့ ရာထူးကို လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု လောက်ကပင်၊ ကာကွယ်သူ မက်မွန်ထံ လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။

လူသိ ရှင်ကြား ထုတ်ဖော် ပြောဆိုခြင်း မပြု ခြင်းသာ ဖြစ်သည်။ သူက ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိ သည်နှင့်၊ မဟာချင် အင်ပါယာမှ ထွက်ခွာ တော့မည် ဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ် ခန့်က အဖြစ် အပျက် ကြောင့်သာ မဟုတ် ပါလျှင်၊ ဂျင်ရွှမ်းဟီမှာဓားနန်းတော်၌ ရှိတော့မည် မဟုတ်ပေ။

" ကာကွယ်သူ မက်မွန် ...၊ လင်းယွန်က ညွှန်ကြားတဲ့ အတိုင်း ဟန်ယောင်း နောက်ကို၊ လိုက် မသွားဘူး၊ အတွင်း မြို့တော်ထဲ ဦးတည် သွားပါတယ်။ ”

“ လင်း ညီအစ်မ တွေက သူ့ကို သတင်း ပေးခဲ့ ပုံပဲ၊ ဂိုဏ်းကသာ မလှုပ် ရှားရင်၊ ချင်ယုက သူ့ကို သတ်ပစ် လိမ့်မယ်။ ”

" ကာကွယ်သူ မက်မွန်၊ ... ဆုံးဖြတ်ချက် ချရမယ့် အချိန် ရောက်ပြီ။ "

ဓားထမ်း အကြီး အကဲ များက၊ ကာကွယ်သူမက်မွန်၏ နောက်ကျောကို၊ ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက် ကြသည်။

ရှင်းယန်က သူ့ဆန္ဒ အတိုင်း လက်ထပ် ခဲ့ခြင်း အပေါ်၊ ဂိုဏ်း အနေဖြင့် တစ်စုံ တစ်ရာ လုပ်ပေး နိုင်ခြင်း မရှိပေ။

သို့သော် လင်းယွန် ကမူ ဓားနန်းတော်၏ မျှော်လင့်ချက် ဖြစ်သည်။ ထိုသို့သော သူ တစ်ယောက်ကို၊ ချင်ယုမှ သတ်ဖြတ် ခြင်းအား ကြည့်နေ မိပါက၊ နှမျော စရာ ဖြစ်ပေသည်။

သို့သော် လင်းယွန်ကို ကယ်တင် လိုလျှင်၊ အင်ပါယာကို ဆန့်ကျင်ရ မည်ဟု ဆိုလို ပြန်သည်။

ဆုံးဖြတ် ချက်ချ ဖို့ရန် ခက်ခဲ နေခဲ့ ခြင်းကြောင့်၊ ကာကွယ်သူ မက်မွန်က မျက်လုံး များကို မှိတ်ချ လိုက်၏ ။

လွန်ခဲ့သော ဆယ်နှစ်တွင်၊ အလားတူ ဆုံးဖြတ်ချက် တစ်ခုကို၊ ချမှတ် ခဲ့ရ ဖူးသည်။ နောက်ဆုံးတွင် ဓားဆွဲရန် ငြင်းဆန် ခဲ့ပြီး၊ 'ရီ' မျိုးနွယ်စုကို အင်ပါယာမှ သုတ်သင် ခြင်းအား ရပ်ကြည့် နေရသည်။

မဟာချင် အင်ပါယာ၏ ဧကရာဇ် မင်းနှင့်၊ သုံးရက်ကြာ ရင်ဆိုင် ခဲ့သူမှာ၊ နန်းတော် သခင်သာ ဖြစ်၏။

အနိုင် အရှုံး ရလဒ် အကြောင်းကို၊ မည်သူမျှ မသိ ခဲ့ကြ သော်လည်း၊ ထိုတိုက်ပွဲ အပြီးတွင် 'ရီ' မျိုးနွယ်စု ဝင်များ၊ သုတ်သင် ခံခဲ့ရ သော်လည်း၊ ရှင်းဂျူနှင့် ရှင်းယန် တို့မှာ ဓားနန်းတော်၌ နေထိုင်ခွင့် ရခဲ့သည်။

'ရီ' မောင်နှစ်မ နှစ်ယောက်ကို၊ နန်းတော် သခင်က သူ့ ခွန်အားဖြင့်၊ ကာကွယ် ပေးခဲ့ခြင်း ဖြစ်သည်။

ယခု၊ ကာကွယ်သူ မက်မွန် အနေဖြင့်၊ ဆယ်နှစ် အကြာတွင်၊ နောက်ထပ် ရွေးချယ်မှု တစ်ခုအား၊ ပြုလုပ် ရပေ ဦးမည်။

ဤတစ်ကြိမ်၌ နန်းတော် သခင်က ကူညီ ဖို့ရန် မဖြစ် နိုင်တော့ပေ။ နန်းတော် သခင်၏ နှလုံး သားမှာ၊ မဟာချင် အင်ပါယာတွင် မရှိ တော့ဘဲ၊ သူ့အပေါ်သာ အရာ အားလုံး ဆုံးဖြတ် ပိုင်ခွင့် ပေးထား ခဲ့သည်။

ဆိုလို သည်မှာ ကာကွယ်သူ မက်မွန်၏ ဆုံးဖြတ် ချက်သည်၊ ဂိုဏ်းသား များ၏ ဘဝနှင့် သေခြင်းအား၊ ကိုယ်စားပြု သည်ဟု ဆိုလိုသည်။

ဓားကို ဆွဲခြင်းသည် လွယ်ကူ သော်လည်း၊ ဓားကို သိမ်းရန်မှာ မလွယ် ကူပေ။ သတင်း အရ နောက်ပြန် လှည့်လာသော၊ လင်းယွန်၏ ဒုန်းဆိုင်း စီးနင်း လာသည့် မြင်ကွင်းကို၊ သူ စိတ်ကူး ကြည့်နိုင်သည်။

နောက်ဆုံးတွင်၊ သူ့ဓား ဆွဲရခြင်း အပေါ် မည်သည့် အခါမျှ၊ နောင်တ ရမည် မဟုတ်ကြောင်း၊ လင်းယွန်က ဆိုခဲ့ ဖူးပေသည်။ သွေးမြေ မကျမချင်း၊ ရပ်တန့် တော့မည် မဟုတ်နိုင်။

ဂိုဏ်းတွင် ရှင်သန် ခဲ့သော လင်းယွန်၏ ပုံရိပ်များက၊ ကာကွယ်သူ မက်မွန်၏ စိတ်ထဲ၌ ထွက်ပေါ် လာသည်။

ဤလူငယ်သည် သေခြင်း တရားကို ကြောက်လန့်ခြင်း၊ မရှိဘဲ ရှေ့သို့သာ တိုးခဲ့သည်။ အဆုံးတွင် နက်နဲ သွေးပြန်ကြော ပြတ်တောက် ခံရ ခြင်းဖြင့်၊ ပုံရိပ်များ ရပ်တန့် သွားသည်။

ရင်ဘတ် ဆီမှ နာကျင်သော ခံစားချက် များကြောင့်၊ ကာကွယ်သူ မက်မွန်က မျက်လုံး များကို ပြန်ဖွင့် လိုက်ပြီး၊

“ ငါ ဆုံးဖြတ်ချက် ချပြီးပြီ ... ။ ”

ဟု လှည့်ကာ ဆို လိုက်သည်။

" ကောင်း တယ် ...ကာကွယ်သူ မက်မွန်၊ မင်း ဆုံးဖြတ်တဲ့ အတိုင်း... ငါတို့ လိုက်နာမယ်။ "

ဓားထမ်း အကြီးအကဲ ခုနစ်ဦးက၊ ကောင်းကင် တိမ်လွှာ ဓား အသီးသီးအား ကိုင်ဆောင်ကာ၊ လက်ဝှေ့ယမ်း လိုက်ကြ လေသည်။

****

လျှို့ဝှက် မျက်နှာ ဖုံးရှင်၊ မီးခိုး ရောင်ဝတ် အဘိုးအိုနှင့် လင်းယွန် တို့က၊ လမ်းမ ပေါ်၌ မျက်နှာ ချင်းဆိုင်လျက်၊ ရပ်နေ ကြမြဲ ဖြစ်သည်။

နောက်ဆုံးတွင် ရှေ့ မတိုးသာ၊ နောက် မဆုတ်သာ ဖြစ်နေသော အခြေ အနေကို၊ ချင်ယုက စိတ် မရှည်တော့ ဟန်ဖြင့်၊ ကျယ်လောင်စွာ အမိန့် ပေးလိုက် လေသည်။

" လျူဖေးလောင် မင်းဘာကို စောင့်နေ တာလဲ။ "

စကားဆုံး သည်နှင့် အရှိန် ပြင်းပြင်းဖြင့်၊ လေထုအား ထိုးခွဲ ဖြတ်သန်း လာသော၊ အသံကို ကြားလိုက် ရသည်။

ချင်ယု၏ အမိန့် သံကြောင့် လူတိုင်းက ထိတ်လန့် သွားသည်။

'' နဂါး ဗိုလ်ချုပ် လျူဖေးလောင် .... ''

တိမ်လွှာ အတွင်းမှ ကြောက်မက် ဖွယ်ရာ ရောင်ဝါ တစ်ခု တိုးထွက် လာပြီး၊ ငွေရောင် ချပ်ဝတ်များ ဆင်မြန်း ထားသော၊ လူတစ်ယောက် ထွက်ပေါ် လာသည်။

မျက်နှာ ပေါ်၌ ငွေရောင် မျက်နှာဖုံး တစ်ခုကို၊ တပ်ဆင် ထားသော လျူဖေးလောင်က၊ လှံရှည် တစ်စင်းအား ဆုပ်ကိုင်ကာ၊ လူအုပ်ထံ ငုံ့ကြည့် လိုက်သည်။

သူ့ခန္ဓာမှ ဤနေရာရှိ အရာ အားလုံးထက်၊ ထင်ရှား စေသော ရောင်ဝါကို ထုတ်ဖော် ထားပြီး၊ လူအုပ် ကြီးအား ဦးညွှတ်ရန်၊ အတင်း အကြပ် ဖိအား ပေးလာ ခဲ့သည်။

ဒဏ်ရာ များကို ကုသရန် ကြိုးစား နေသော လင်းယွန်ထံ၊ လျူဖေးလောင်က စကား တစ်ခွန်းမျှ မဆိုဘဲ၊ လှံဖြင့် ထိုးချိန် လိုက်၏။

လှံသွားဖြင့် ချိန်ရွယ် ခံလိုက်ရ သည်နှင့်၊ မလှုပ်ရှား နိုင်တော့ သည်ကို သိလိုက် ရကာ၊ လင်းယွန်က ထိတ်လန့် သွားသည်။

အချိန်များ ရပ်တန့် သွားသကဲ့၊ ခံစား လိုက်ရပြီး၊ လှည့်ပတ် ထားသော မူလ စွမ်းအင် များမှာ၊ တုန့်ခနဲ ရပ်သွား တော့၏။

လျို့ဝှက်သော မျက်နှာဖုံး ရှင်က၊ ဤတိုက်ခိုက် မှုကို တားဆီးရန်၊ လေထဲသို့ ခုန်တက် လိုက်သော်လည်း၊ သူ့ အရွေ့ကို စောင့်မျှော် နေသော မီးခိုး ရောင်ဝတ် အဘိုးအိုက၊ ချက်ချင်း ဟန့်တား လာခဲ့သည်။

" ဖယ် စမ်း ...... "

မျက်နှာဖုံး ရှင်က မီးခိုး ရောင်ဝတ် အဖိုးအိုကို အော်ငေါက် လိုက်သည်။

“ ဟား ဟား ဟား ၊ နောက်ထပ် နှောက်ယှက် ပေးဖို့ မစဉ်း စားနဲ့၊ မျက်လုံး ဖွင့်ပြီး၊ ဒီကောင် ဘယ်လို သေသွားလဲ ကြည့်နေစမ်း ... ။ ”

အော်ဟစ် ကြိမ်းမောင်း လာသော မျက်နှာဖုံးရှင်ကို၊ မီးခိုး ရောင်ဝတ် အဘိုးအိုက ကြောက်ရွံ့ခြင်း မရှိဘဲ၊ ရယ်မော လိုက်သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ရထားလုံးဖြင့် မိုင်ငါးရာ အကွာ၌၊ လျူဖေးလောင် ထွက်ပေါ် လာပြီး၊ လင်းယွန်ထံ သူ၏ တိုက်ခိုက်မှုကို၊ ထုတ်လွှတ် လိုက်သည်။

သူ၏ အမြန် နှုန်းသည် သာမန် မျက်စိဖြင့် လိုက်မှီ နိုင်စရာ မရှိချေ။ လင်းယွန်ကို ကန့်သတ်လိုက် ပြီးနောက်၊ လျင်မြန် လွန်းလှသော၊ သူ၏ တိုက်ခိုက် မှုအား တားဆီး ရန်မှာ၊ အိမ်မက်သာ ဖြစ်ပေမည်။

'' ခ ရစ် ..... ''

ဤအခိုက် အတန့်တွင် လင်းယွန် အိတ်ဆောင် တစ်နေ ရာရှိ၊ ဓားနန်းတော် ဂိုဏ်းသား တံဆိပ်ပြားမှာ ကွဲအက် သွား၏။

ပြီးနောက် ရုန်းကြွ အသက်ဝင် နေသောရှေးဟောင်း အက္ခရာ များ ထွက်ပေါ် လာကာ၊ လင်းယွန်အား ဖုံးလွှမ်း သွားတော့သည်။

၎င်းမှာ ရူရ် များဖြင့် ဖွဲ့စည်း ထားသော အခင်း အကျင်း တစ်ခု ဖြစ်၏။ ထိုအခင်း အကျင်း ထွက်ပေါ် လာသည်နှင့်၊ မိုးကုတ် စက်ဝိုင်းကိုဖြတ်၍၊ ပျံသန်း လာသော အလင်း တန်းများ၊ ကောင်းကင်မှ ဆင်းသက် လာသည်။

အဆိုပါ အလင်းတန်း များမှာ 'ကောင်းကင်တိမ်လွှာ ဓား' များ ဖြစ်ပြီး၊ မြေပြင် အတွင်း ထိုးစိုက် သွားကာ၊ အခင်း အကျင်းဖြင့် စတင်

ချိတ်ဆက် နေတော့သည်။

ထိုးဆင်း လာသော အဟုန်ကြောင့်၊ မြေပြင်တစ်ခုလုံး တုန်ခါ နေဆဲ မှာပင်၊ ဓားခုနစ်လက် က ကြောက်စရာ ကောင်းသော ဓားရည်ရွယ် ချက်များ ထုတ်လွှတ် လာလေသည်။

***

All Chapters