အဆုံးထိ သွားရအောင်။
Vol. 30 Ch. 410
'' ခ ရစ် ..... ''
လင်းယွန် သိုလှောင်အိတ် ထဲရှိ၊ ဓားနန်းတော် ဂိုဏ်းသား တံဆိပ် ပြားမှာ ကွဲအက် သွား၏။
ပြီးနောက် ရုန်းကြွ အသက်ဝင် နေသောရှေးဟောင်း အစီရင်တစ်ခု ထွက်ပေါ် လာလေသည်။
ထိုအစီအရင် ထွက်ပေါ် လာသည်နှင့်၊ မိုးကုတ် စက်ဝိုင်းကို ဖြတ်ကာ၊ ဓား ခုနစ်လက် ဆင်းသက် လာ၏။
အဆိုပါ ဓားများမှာ 'ကောင်းကင် တိမ်လွှာ ဓား' များ ဖြစ်ပြီး၊ ထိုးဆင်း လာသော အဟုန်ကြောင့်၊ မြေပြင် တစ်ခုလုံး တုန်ခါ သွားစေသည်။
လူတိုင်းက ထိုဓားခုနစ် လက်၏ မူလကို ချက်ခြင်း မှတ်မိ ကြသည်။
၎င်းတို့မှာ ဓားနန်းတော်၏ ကောင်းကင်တိမ်လွှာ ဓားများ ဖြစ်ပြီး၊ ဓား တစ်လက်တည်း ဖြင့်ပင်၊ မည်သူ့ကို မဆို ခြိမ်းခြောက်ရန် လုံလောက် ပေသည်။
ထို့ကြောင့် ဓားခုနစ် လက်ကို တပြိုင် နက်တည်း တွေ့လိုက် ရချိန်၌၊ အားလုံးက အံ့သြ သွားခြင်း ဖြစ်သည်။
ဤသို့သော ဖြစ်ရပ်မျိုး၊ မဟာချင် အင်ပါယာ၏ သမိုင်း တစ်လျှောက်၊ တစ်ကြိမ်မျှ မဖြစ် ခဲ့ဖူးပေ။
ဂိုဏ်းအား ခြိမ်းခြောက် ခံရသည့် အခါ တိုင်းတွင်၊ ဓားနန်းတော် အနေဖြင့်၊ 'ကောင်းကင်ဓား အစီရင်' အား၊ အသက် သွင်းကာ၊ ကောင်းကင် တိမ်လွှာ ဓား ခုနစ် လက်ကို၊ အသုံး ပြုမည် ဖြစ်သည်။
တနည်း အားဖြင့် ဆိုသော် ယင်းမှာ၊ ဓားနန်းတော်၏ ကျော်ကြား လှသော၊ ကာကွယ်ရေး အစီရင် တစ်ခုဟု၊ ဆိုနိုင်သည်။
ယနေ့တွင် လူငယ် တစ်ဦး အတွက်၊ အဆိုပါ အစီရင်နှင့် ဓားခုနစ် လက်ကို အသုံးပြု လာခဲ့၏။
ဓားရှည် များက မြေပြင် ပေါ်တွင် တုန်ခါ နေကာ၊ ကြောက်မက်ဖွယ် ကောင်းသော ဓားရည်ရွယ်ချက် များကို၊ ထုတ်လွှတ် လိုက်သည်။
" ဓားနန်းတော်က သူတို့ရဲ့ ဓားကို ဆွဲဖို့၊ အခုတော့ ဆန္ဒ ရှိလာပြီ ထင်တယ်။ "
" မဟာချင် အင်ပါယာကြီး၊ မငြိမ် မသက် ဖြစ်လာတော့ မှာကို ငါကြောက် မိတယ်။ "
လမ်းဘေး ဝဲယာရှိ လူအုပ် ကြီးက 'ကောင်းကင် ဓား အစီရင်' ထဲရှိ၊ 'ကောင်းကင် တိမ်လွှာ ဓား' ခုနစ် လက်ကို ကြည့်ကာ၊ သက်ပြင်းချ လိုက်ကြသည်။
ဓားခုနစ် လက်သည် လင်းယွန်ကို ကာကွယ် မည်ဟူသော ဓားနန်းတော်၏ ဆန္ဒ အမှန်ကို ပြသရာ ရောက်ပေသည်။
ထိုအချိန်တွင် ကောင်းကင်၌၊ ကြီးမားသော နောက်ထပ် အစီရင် တစ်ခု၊ ပွင့်ထွက် လာသည်ကို တွေ့လိုက် ရသည်။
၎င်းကို 'ကြယ်ဥက္ကာ အစီရင်' ဟု ခေါ်တွင်ကာ၊ ဓားနန်းတော်၏ ထူးခြားသော ခင်းကျင်းမှု တစ်ခု အဖြစ်၊ အသိ အမှတ် ပြုထား ကြသည်။
ဓားနန်းတော် တပည့် များ၏၊ ဂိုဏ်းသား တံဆိပ် ပြားကို အသုံး ပြုကာ၊ ဤအစီရင် အား၊ ဖန်တီး နိုင်ပေသည်။
၎င်း၏ ရည်ရွယ် ချက်မှာ၊ ဓားနန်းတော်၏ ကျွမ်းကျင်သူ များက၊ မည်သည့် အကွာ အဝေးတွင် မဆို၊ ယင်း အစီရင်ကို ဖြတ်ကာ၊ ကြယ်တာရာ များကဲ့သို့၊ ကောင်းကင်မှ ဆင်းသက် နိုင်ရန် ရည်ရွယ်သည်။
( တည်နေရာ ရွေ့ပြောင်း အစီရင်နှင့် သဏ္ဍာန် တူသည်။ )
ရုတ်တရက် ပြောင်းလဲမှု နှင့်အတူ၊ ဆယ်မိုင်ပတ်လည် အတွင်းရှိ အဆောက် အအုံများ အားလုံး အက်ကြောင်းများ ပြန့်ကျဲ တုန်ခါ လာသည်။
လျူဖေးလောင်၏ လှံကို 'ကောင်းကင်ဓား အစီရင်' က၊ အချိန်မီ ဟန့်တား နိုင်ခဲ့သည်။
တိုက်ခိုက် မှုများ ထံမှ ထွက်ပေါ် လာသော လှိုင်း များက၊ လူပေါင်း များစွာအား ရိုက်ခတ်သွား လေသည်။
စွမ်းအင် လှိုင်း ထိမှန် ခံရ သူများမှာ၊ ဒဏ်ကြောင့် ပါးစပ်မှ သွေးများ အန်လျက်၊ လွင့်ထွက် သွားကုန်၏။
ကောင်းကင် တိမ်လွှာဓား ခုနစ်လက် ထံမှ ထွက်ပေါ် လာသော ဓားရည်ရွယ် ချက်က၊ လျူဖေးလောင်ကို ရပ်တန့် နိုင်ခဲ့သည်။
သို့သော်၊ လျူဖေးလောင်က နောက်ဆုတ် မည့်၊ အမူ အရာ မပြသ ခဲ့ပေ။ ဆန့်ကျင်ဘက် အနေနှင့်၊ သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို၊ အပြည့် အဝ ထုတ်လွှတ် လိုက်လေသည်။
နတ်ဘုရား အစောင့် တပ်မှူး အဖြစ်၊ မဟာချင် အင်ပါယာ၏ ထိပ်ဆုံးတွင် ရပ်တည် နေသူ တစ်ဦး ဖြစ်ရာ၊ 'ကောင်းကင် တိမ်လွှာ ဓား' ခုနစ် လက် အပေါ်၊ ကြောက်ရွံ့ နေစရာ နည်းလမ်း မရှိချေ။
သူ၏ အရှိန် အဝါမှာ အဆက် မပြတ် မြင့်တက် လာပြီး၊ လှံကို မြှောက်ကာ ပစ်ယူ လိုက်သည်။
“ တော်ဝင် မိသားစုရဲ့ ဂုဏ် သိက္ခာကို စိန်ခေါ်တဲ့ သူတိုင်း၊ သေခြင်းနဲ့ အဆုံးသတ် ရမယ် ....”
လင်းယွန်အား ကာကွယ် ထားသော အစီရင် အတွင်းရှိ၊ ဓားခုနစ် လက်မှာ ယိမ်းထိုး လာလေသည်။ ပြီးနောက် လျူဖေးလောင် ပစ်လွှတ် လာသော လှံကို၊ ရင်ဆိုင် တိုက်ခိုက် လိုက်သည်။
ခဏ အကြာတွင် အစီရင်ဖြင့်၊ အားဖြည့် ထားသော ဓားခုနစ် လက်က၊ လှံ၏ အရှိန် အဝါ အောက်၌ ဆက်လက် ရပ်တည်ရန်၊ ရုန်းကန် လာရ၏။
" ဒါပေမယ့် တော်ဝင် မိသားစုက၊ ဓားနန်းတာ်တပည့် တွေရဲ့ ... အသက်နဲ့ သေခြင်းကို၊ ဆုံးဖြတ် ပိုင်ခွင့် မရှိ ပါဘူး။ "
ကျယ်လောင်သော တုန့်ပြန်သံ နှင့်အတူ၊ 'ကြယ်ဥက္ကာ အစီရင်' အတွင်းမှ၊ လင်းတန်း ခုနစ်သွယ် မြေပြင် ပေါ်သို့၊ ဆင်းသက် လာတော့သည်။
ယင်းမှာ သဘာဝ အားဖြင့် ဓားထမ်း အကြီး အကဲ ခုနစ်ဦး ဖြစ်၏။ မြေပြင်သို့ ရောက်ရှိ သည်နှင့်၊ လျင်မြန်စွာ နေရာ ယူလိုက် ကြသည်။
" ဖွဲ့ စည်း ပုံ ....."
သူတို့ ခုနစ် ယောက်က၊ လျူဖေးလောင် မည်မျှ သန်မာ သည်ကို၊ သိရှိထား ကြသည်။ ၎င်းတို့ အနက် မည်သူ မဆို၊ လျူဖေးလောင်၏ လှုပ်ရှားမှု ဆယ်ကြိမ်ထက် ပို၍၊ လက်ခံ ယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လျူဖေးလောင်ဖြင့် ရင်ဆိုင်ရန် အတွက်၊ 'ကောင်းကင် ဓား အစီရင်' ကိုသာ၊ အားကိုး နိုင်ကြသည်။
အေးစက်သော မျက်ဝန်း တစ်စုံ ကိုသာ ပြသထားသော၊ လျူဖေးလောင်၏ အသွင် အပြင်မှာ၊ ငွေရောင် မျက်နှာ ဖုံးကြောင့် ထူးခြားသော ခံစား ချက်များ ပေးစွမ်း နေသည်။
သူ့ လက်ထဲတွင် ကိုင်ဆွဲ ထားရှိသော လှံက၊ ရုန်းထွက် လိုဟန်ဖြင့် နဂါးကြီး တစ်ကောင် ကဲ့သို့၊ ဇွတ်အတင်း တုန်ခါ လာ၏။
'' ဝှစ် .....။ ''
ထို့နောက်တွင် ကြောက်စရာ ကောင်းသော တိုက်ပွဲ ကြီးအား၊ အစပြု လိုက်တော့သည်။
'' ချွမ်..... ''
ဓားထမ်း အကြီးအကဲ ခုနစ် ဦးမှာ၊ ပြိုင်ဘက်၏ သန်မာသော ခွန်အားကြောင့်၊ ဓားကိုင် လက်များတွင် နာကျင်မှုများ ခံစား လာရသည်။
မည်သူ မဆို အကောင်းဆုံး လုပ်ဆောင် နေကြောင်း၊ သူတို့၏ အသွင် အပြင် များကို ကြည့်ကာ၊ သိရှိ နိုင်၏။
တစ်ချိန်တည်း မှာပင်၊ ကောင်းကင်ဓား အစီရင် သည်၊ လျူဖေးလောင်၏ လှံချက်များကို၊ တားဆီး နိုင်ခြင်း မရှိ တော့သည့် ဟန်ဖြင့်၊ တုန်လှုပ် သွားခဲ့သည်။
သူတို့ ရှစ်ယောက်ကြား တိုက်ပွဲက၊ တုန်လှုပ်စရာ ကောင်းလွန်း ပေ၏။ တိုက်ပွဲ ထံမှ ထွက်ပေါ် လာသော စွမ်းအင် လှိုင်း များမှာ၊ နက်နဲ သိုင်းသမား များကို၊ သတ်ပစ် နိုင်ပေသည်။
မီးခိုး ရောင်ဝတ် အဘိုးကြီးနှင့်၊ လျှို့ဝှက်သော မျက်နှာဖုံး ရှင်မှာ၊ နောက်ပြန် ဆုတ်နေပြီ ဖြစ်သည်။
လျှို့ဝှက်သော မျက်နှာဖုံး ရှင်က၊ ဆုတ်ခွာ နေစဉ်၊ လင်းယွန်ကို သူနှင့် အတူ၊ ခေါ်ဆောင် သွားသည်။
" ဘယ်လို စွမ်းအား မျိုးလဲ ....."
" လျူဖေးလောင်က နည်းနည်း အစွမ်းထက် လွန်းတယ်၊ ကောင်းကင်ဓား အစီရင်က နဂါးနဲ့ တူတဲ့ သူ့ကို၊ ကြာကြာ ထိန်းထား နိုင်မှာ မဟုတ်ဘူး။ ”
“ ဓားနန်းတော်က ...၊ အခု တော်ဝင် မိသားစု လက်မှာ ပြိုလဲ ရပြီ …။ ”
ပရိသတ် များက လျူဖေးလောင် အပေါ် ဤမျှ မမျှော်လင့် ထားကြပေ။ ထို့ကြောင့် အံ့အား သင့်သွား ကြသည်။
မဟာ ဂိုဏ်းကြီး လေးဂိုဏ်း၏ ခွန်အား အရ၊ အင်ပါယာကို ကျော်လွန်နိုင် သော်လည်း၊ ၎င်းတို့ တစ်ဂိုဏ်း ချင်းစီသည်၊ အင်ပါယာကို အန်တု နိုင်ခြင်း မရှိ ကြပေ။
သို့သော် ဂိုဏ်းလေး ဂိုဏ်းတွင် ရှည်လျားသော သမိုင်းကြောင်း ရှိသောကြောင့်၊ အလွယ် တကူ အနိုင်ယူ နိုင်မည် ဟုလည်း မဆိုလို၊ အင်ပါယာ အနေဖြင့် အောင်နိုင် ခဲ့လျှင်ပင်၊ တစ်စုံ တစ်ရာ ပေးဆပ် ရပေမည်။
ထို့အပြင် လူငယ် တစ်ဦးကြောင့်၊ ဤသို့ စစ်ပွဲ ကြီး တစ်ခု စတင်လာ လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားမိပေ။
ဤအခိုက် အတန့်တွင်၊ ဓားခုနစ် လက်၏ အဆက် မပြတ် တိုက်ခိုက် မှုများ အောက်၌၊ လျူဖေးလောင်၏ လှံမှာ ကွဲအက် သွားလေပြီ။
ယင်းကြောင့် ဓားထမ်း အကြီးအကဲ ခုနစ် ဦးကို၊ စိတ်သက် သာရာ ရစေ၏။
ထိုတိုက်ကို မျက်ခြေ မပြတ် စောင့်ကြည့် နေသော၊ ချင်ယု၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲ သွားပြီး၊ ကြက်သွေးရောင် လှံတစ်စင်းကို ထုတ်ယူ လိုက်သည်။
" လျူဖေးလောင်.... ဒီ လှံ ကို ယူ ...။ "
ပစ်လွှတ် လိုက်သော လှံကြောင့်၊ ထွက်ပေါ်လာသော လေခွင်း သံမှာ၊ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှ ပေသည်။
မီးတောက် နေသော လှံ တစ်စင်း၊ ပျံသန်းသွား သကဲ့သို့၊ မြင်ရသူ တိုင်းအား ကျောချမ်း စေသော အရှိန်အဝါကို ထုတ်လွှတ် လာသည်။
လှံဖျား၌ အသက်ပေါင်း မည်မျှ ပေးဆပ် ခဲ့ရ သည်ကို၊ မသိနိုင် ကြပေ။
“ ဒါက 'သွေး အကျဉ်းသား နတ်ဆိုး လှံ' ပဲ ...။ ”
လူအုပ် ထဲမှ တစ်ယောက်က လှံကို မြင် သည်နှင့်၊ လှမ်းအော်သည်။ ယင်းမှာ မရေ မတွက် နိုင်သော ဝိညာဉ် များနှင့် သွေးများ စွန်းနေသော လှံ တစ်လက် ဖြစ်၏။
၎င်းကို အသုံး ပြုသည့် အခိုက် အတန့်တွင်၊ ထိတ်လန့် စရာ စွမ်းအားကို ပြသ နိုင်သည်။
" ဖီးနစ်သွေး မီးလျှံ ....."
လျူဖေးလောင်က လှံကို ဖမ်းယူ လိုက်ပြီး၊ အပြင်းထန် ဆုံးသော လှုပ်ရှားမှုကို၊ ထုတ်ဖော် လိုက်သည်။
ဤလှံ၏ အမည် အစစ် အမှန်မှာ၊ ဖီးနစ်သွေး မီးလျှံ ဖြစ်ပြီး၊ ရန်သူ့ အသက်ပေါင်း များစွာကို၊ နတ်ဆိုး တစ်ကောင် ကဲ့သို့ နုတ်ယူ နိုင်ခဲ့သော၊ လှံတစ်စင်း ဖြစ်သည်။
သွေးဆာ နေသော နတ်ဆိုး တစ်ကောင်၏ အရှိန်အဝါ အောက်တွင်၊ ဓားထမ်း အကြီး အကဲ ခုနစ် ဦး၏ ဖွဲ့စည်း ပုံ၌၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ နှုတ်ထောင့်မှ သွေးများ စီးကျ လာလေသည်။
" ချိုး ဖြတ် စမ်း ..... "
လျူဖေးလောင်က ဟိန်းဟောက် လိုက်၏။ လှံကို လက်၌ လွှဲယမ်း လိုက်ပြီးနောက်၊ 'ကောင်းကင်ဓား အစီရင်' သို့ ခုနစ်ချက် ထိုးသွင်း လိုက်သည်။
လှံချက် တစ်ချက် ချင်းသည်၊ 'ကောင်းကင်ဓား အစီရင်' အတွင်းရှိ နေသော၊ ဓားထမ်း အကြီးအကဲ တစ်ဦးချင်း စီသို့၊ တိုးဝင် သွားသည်။
ပြိုကျ သွားသော 'ကောင်းကင်ဓား အစီရင်' ကို ကြည့်ကာ၊ လျူဖေးလောင်က စစ် နတ်ဘုရား တစ်ပါး ကဲ့သို့၊ ကောင်းကင်၌ မတ်တပ် ရပ်နေ၏။
သူ့ အကြည့် များက ဒဏ်ရာ ရသွားသော၊ ဓားထမ်း အကြီး အကဲ ခုနစ်ဦးကို၊ လျစ်လျူရှု လိုက်ပြီး၊ လင်းယွန်ထံ ပို့လွှတ် လိုက်သည်။
သူ့မျက်လုံး ထဲတွင်၊ သတ်ဖြတ် လိုသော အရိပ် အယောင်များ၊ ချက်ခြင်း စုစည်း လာပြီး၊
" ငါ့ကို ဘယ်သူ တားနိုင် လဲ ... ''
ဟု ကြုံးဝါး လိုက်ကာ၊ လင်းယွန်ကို လှံဖြင့် လှမ်းပစ်ရန်၊ လေထဲ ၌ပင် အားယူ လိုက်သည်။
သန်မာ လွန်းသော သူ့ ခွန်အား ကြောင့်၊ လင်းယွန် အစား လူတိုင်း၊ အသက်ရှူ ကြပ်သွား လေသည်။
အဘယ်ကြောင့် ဆိုသော် လျူဖေးလောင်မှာ၊ သန်မာ သည်ဟု သိရှိ ထားပြီး ဖြစ် သော်လည်း၊ ဤမျှ သန်မာ လိမ့်မည်ဟု၊ မထင် ထားမိ သောကြောင့် ဖြစ်သည်။
သို့သော် ဒုတိယ ခြေလှမ်းကို မလှမ်း ယူမီ၊ ကောင်းကင်၌ အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ် လာပြန်သည်။
ထိုအလင်းတန်း ထွက်ပေါ်လာ သည်နှင့်၊ ကောင်းကင်ကြီး တစ်ခုလုံး မှောင်မိုက် သွား၏။
လေထု ထဲရှိ အန္တရာယ် အငွေ့ အသက်ကြောင့်၊ လျူဖေးလောင်က တိုက်ခိုက် မှုကို ရုတ်သိမ်းကာ၊ နောက်ပြန် ဆုတ်လိုက် ရသည်။
ကောင်းကင်ကို ဖြတ်သန်း လာသော အလင်း တန်းက၊ မြေပြင် ပေါ်သို့၊ ကျဆင်း လာသော အခါတွင်၊ ပေါက်ကွဲ မှုကြီး တစ်ခု ဖြစ်ပေါ် လာသည်။
ရှေးဟောင်း အဆောက် အအုံ အချို့မှ လွဲ၍၊ ဆယ်မိုင် ပတ်လည် အတွင်းရှိ၊ အဆောက် အအုံများ အားလုံး၊ ပြိုကျ သွားကုန်၏။
စူးရှ လွန်းသော အဆိုပါ အလင်း တန်းကြောင့်၊ လူတိုင်းက သူတို့၏ မျက်လုံး များကို ပိတ်ကာ၊ လက်ဖြင့် အမြန် ကာလိုက် ရသည်။
အနည်းငယ် ငြိမ်သက် သွားပြီဟု ယူဆ နိုင်မှ သာလျှင်၊ မျက်လုံးကို ပြန်ဖွင့် ကြည့်လိုက် ကြ၏။
မျက်လုံးများ ပွင့်သည်နှင့်၊ အလင်း ရောင်ထံ တစ်ချက် ကြည့်လိုက်သော အခါတွင်၊ ဓားတစ်လက် ဖြစ်ကြောင်း၊ သိရှိ လိုက် ကြသည်။
ဓားကို မြင်သော်လည်း၊ ထိုဓား၏ မူလကို သူတို့ မသိပေ။ 'ကောင်းကင် တိမ်လွှာ ဓား' များထက်၊ သာလွန်ကြောင်း ကိုမူ ပြောနိုင်သည်။
ကောင်းကင် တိမ်လွှာဓား ခုနစ် လက်ကို ပေါင်းလျှင်ပင်၊ ထိုဓား၏ အစွန် အဖျားသာ ရှိပေမည်။
" ဒါ အလင်းသတ် ဓား မဟုတ်လား ...."
လျူဖေးလောင်က ဓားကို မြင်သော အခါတွင်၊ မျက်မှောင် ကြုတ်လျက် ရေရွတ် လိုက်သည်။
လျူဖေးလောင် ပါးစပ် ဖျားမှ၊ ဓား အမည်ကို ကြားလိုက် ရသော အခါတွင်၊ ချင်ယု မျက်နှာမှာ ပြောင်းလဲ သွားသည်။
မျက်မှောင် ကြုတ်လျက်၊ ရှေ့သို့ မျှော်ကြည့် လိုက်၏။ နှင်း မုန်တိုင်း ထဲတွင် လျင်မြန်စွာ ချဉ်းကပ်လာ နေသော၊ လူပုံ သဏ္ဍာန် ပုံရိပ် လေးရိပ်ကို၊ မှုန်ဝါးဝါး တွေ့မြင် လိုက်ရသည်။
ထိုပုံရိပ် လေးရိပ်ကို ဦးဆောင် လာသော သူမှာ၊ လျူဖေးလောင်ထက် မည်သို့မျှ အားနည်း နိုင်မည် မဟုတ်ပေ။
" ကာကွယ်သူ လေးယောက် ......။ "
" ဓားနန်းတော်ရဲ့ ကာကွယ်သူ လေးပါး တကယ် ရောက်လာ တာပဲ ....။ "
“ ကာကွယ်သူ လေးပါနဲ့ ....၊ ဓားထမ်း အကြီး အကဲ ခုနစ်ဦး၊ ဘုရားရေ ... ဒါက 'နန်းတော် သခင်' ပြီးရင်၊ ဓားနန်းတော်မှာ အသန် မာဆုံး သူတွေပဲ မဟုတ်လား။ ''
" ဒါဆို ဒီဓားဟာ ချင် အင်ပါယာ ကြီးကို ဖြတ်ကျော်ဖို့၊ ဓားနန်းတော်ရဲ့ ဘိုးဘေး ဂျင်ဝူမင် သုံးခဲ့ တဲ့ဓား ဖြစ်နိုင်တယ် ။ "
" ဒါဆို အလင်းသတ် ဓား ပေါ့.... ။ "
" ငါ့ကောင်းကင်၊ ဒီဓားက စကြာဝဠာ လက်ရာ တွေကို၊ ကျော်လွန် နိုင်တဲ့ ဓား တစ်လက်ပဲ၊ ချင် အင်ပါယာမှာ အထက်ရှဆုံး ဓား လို့လည်း လူသိ များတယ်။ ”
အလင်းသတ် ဓားဖြင့် ကာကွယ်သူ လေးယောက် ထပ်မံ ရောက်ရှိ လာသော အခါတွင်၊ လူတိုင်း၏ နှလုံး ခုန်သံများ၊ ခုန်ပေါက် သွားလေသည်။
လျူဖေးလောင်အား ဤဓားဖြင့် နောက်ပြန်ဆုတ်သွား စေသည်ကို၊ ယခု မည်သူမျှ မအံ့သြ ကြတော့ပေ။
“ ဓားနန်းတော်က အလင်းသတ် ဓား ဆွဲပြီး၊ ငါနဲ့ အင်ပါယာကို ဆန့်ကျင်မှာ သေချာလား ... ။ "
ချင်ယုက ပြုံးကာ မေးလိုက်သည်။
" ငါတို့ မဝံ့ ပါဘူး၊ ဒါပေမယ့် .... ဓားနန်းတော်က၊ ငါတို့ရဲ့ ဓားတွေလို တည့်မတ် နေအောင် ကျင့်ကြံ ယူကြတယ်၊ ဒါကြောင့် တပည့်တွေ ကိုတောင် မကာကွယ် နိုင်ရင်၊ ငါတို့ ဓားတွေကို ဘယ်လိုလုပ်၊ ဆက်ကိုင် ဝံ့တော့ မှာလဲ၊ ဒီနေ့ လင်းယွန် မသေ ရဘူး။ "
ကာကွယ်သူ မက်မွန်က၊ ချင်ယု စကားကို တုန့်ပြန် လိုက်သည်။ သူ့အသံတွင် အသက်နှင့် သေခြင်း အပေါ်၊ လျစ်လျူရှု ထားသော အရိပ် အမြွက်များ ပြသ လာပေ၏။
“ ဒါပေမယ့် သူက .... ''
ချင်ယုက စကား ဖြတ်ကာ၊ လင်းယွန်ထံ စိုက်ကြည့် လိုက် ပြီးနောက်၊
'' ... ငါ့မင်္ဂလာ ပွဲကို ဖျက်ဆီးပြီး၊ ငါ့လူတွေကို ဒဏ်ရာ ရစေ ခဲ့တယ်၊ အင်ပါယာရဲ့ နတ်ဘုရား အစောင့် တွေကိုလည်း သတ်ပစ် ခဲ့တယ်၊ ငါသူ့ကို မသတ်ရင် တော်ဝင် မိသားစုရဲ့ ဂုဏ် သိက္ခာကို၊ ဘယ်လို ထိန်းသိမ်း နိုင်မှာလဲ။ ”
" ရှင်းယန်က မင်းနဲ့ လက်ထပ်ဖို့၊ သဘောတူ လိုက်တဲ့ အတွက် ဓားနန်းတော်က လက်လျိုဖို့ စိတ်ကူး မရှိ ပါဘူး၊ ဒါပေမယ့် လင်းယွန်က ဓားနန်းတော်ရဲ့ တပည့် ဖြစ်တဲ့ အတွက်၊ သူ့ အမှားကို အပြစ် ပေးရမဲ့ သူက၊ တော်ဝင်မိသားစု မဟုတ်ဘဲ၊ ငါတို့ပဲ ဖြစ်သင့် တယ်။ ''
ကာကွယ်သူ မက်မွန်က တည်ငြိမ်စွာ ပြန်ဖြေ လိုက်သည်။ ဓားနန်းတော် အနေဖြင့် လင်းယွန်
ကို ကာကွယ်ရန် ဆုံးဖြတ် ခဲ့သည်။
ယင်းကြောင့် ချင်ယု၏ စိတ်ကို လှုပ်ခတ်လာ စေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ဖြစ်လျှင်၊ ဓားနန်းတော်မှ လင်းယွန်ကို ခေါ်ဆောင် သွားရန်၊ ခွင့်မပြု နိုင်ပေ။
လင်းယွန်ကို သတ်ရန် ဓားနန်းတော်နှင့်၊ ရန်ငြိုး ဖွဲ့ရ ပါက၊ ထိုက်တန် နိုင် သော်လည်း၊ ယခု အချိန်၌ ရှင်းယန်မှာ ပို၍ အရေး ကြီးပေသည်။
ရှင်းယန်နှင့် လက်ထပ် နိုင်သရွေ့၊ နဂါး တံခါး ပြိုင်ပွဲ အပြီးတွင်၊ လင်းယွန် အပေါ် အာရုံစိုက် နိုင်မည် ဖြစ်သည်။
“ ငါ ပြန်မလှည့် နိုင်ဘူး၊ ချင်ယုကို ကျေကျေ နပ်နပ်နဲ့၊ လက်ထပ် လိုက်တာပါ ဆိုတဲ့ စကားကို၊ အစ်မကြီး ရှင်းယန် ဆီက ကြားချင် ပါတယ်၊ ဒါမှ မဟုတ်ရင် ... ငါဒီမှာ သေမယ်။ ''
လင်းယွန် ထံမှ ခေါင်းမာသော ဆုံးဖြတ် ချက်ကြောင့်၊ ချင်ယု၏ မျက်နှာကို ချက်ချင်း ပျက်ယွင်း သွားစေ ခဲ့သည်။
" ကောင်းတယ် .... ကောင်းတယ် အရမ်း ကောင်းတယ်။ ”
ချင်းယုက ပြုံးကာ ခေါင်း တဆက်ဆက် ညိတ်လိုက်ပြီး၊
" ဒါဆို မင်းအပါ အဝင် ဘယ်သူမှ၊ ဒီနေ့ ထွက်သွားလို့ မရ တော့ပါဘူး၊ လျူဖေးလောင် ... ဓားနန်းတော်က သစ္စာဖောက် တွေကို ဖယ်ရှားဖို့၊ နတ်ဘုရား အစောင့် တပ်ကို ခေါ်လိုက်ပါ။ ”
အနည်းငယ် တုန့်ဆိုင်းသွား သော်လည်း၊ လျူဖေးလောင်က သူ့လက်ကို ဝှေ့ယမ်းကာ၊ အချက်ပြ မီးရှူးတိုင် တစ်ချောင်းကို ကောင်းကင်သို့ ပစ်လွှတ် လိုက်သည်။
မီးရှူး တိုင်မှာ ပျံတက် ပေါက်ကွဲ သွားပြီး၊ ကြက်သွေးရောင် ငှက်တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွား၏။
ထိုငှက်က မြို့တော် တစ်ခုလုံး၊ ထိတ်လန့် သွားစေသော အော်မြည် သံများ ပြုလျက်၊ လေထဲ၌ လူးလား ခေါက်တုံ့ ပျံသန်း နေပေသည်။
များမကြာ မီတွင် မြောက်များ စွာသော စစ်သည် တော်များ၊ နေရာ ပေါင်းစုံမှ ပြေးလာသဖြင့်၊ မြေပြင်မှာ တုန်ခါ လာတော့သည်။
ချင်ယုက နှင်းမုန်တိုင်း ထဲရှိ၊ မှုန်ဝါး နေသော လူရိပ် များကို၊ မျက်လုံးများ မှေးစင်းလျက်၊ စိုက်ကြည့် လိုက်လေသည်။
ဤသည်မှာ ဓားနန်းတော်ကို သူ ပေးနိုင်သည့် နောက်ဆုံး အခွင့် အရေးပင် ဖြစ်သည်။ နတ်ဘုရား အစောင့် တပ်များ မရောက် လာမီ၊ လင်းယွန်ကို အဝေးသို့ ခေါ်ဆောင် သွားပါက၊ သူတို့ကို ခွင့်လွှတ်ရန် သူ့ကိုယ်သူ တွန်းအား ပေးနိုင်သည်။
သို့သော် ကာကွယ်သူ မက်မွန်က၊ 'အလင်းသတ် ဓား' ကို ဆွဲနုတ် လိုက်သည်အား၊ မြင်လိုက် ရသောကြောင့်၊ သူ စိတ်ပျက် သွားသည်။
အလင်းသတ် ဓားထံမှ၊ စူးရှ တောက်ပ လွန်းသော အလင်း ရောင်များ၊ ထုတ်လွှတ် လာလေသည်။
ထိုအလင်း တန်းများ အောက်တွင် ကာကွယ်သူ မက်မွန်၏ အသွင်မှာ၊ ထက်ရှ ပြတ်သား နေပေသည်။
သူက အလင်းသတ် ဓားကို ကိုင်ဆွဲကာ၊ ချင်ယုထံ လှမ်းကြည့် လိုက်လေသည် ။
" လာပါ .... ငါ့ရဲ့ ဓားနန်းတော်က အဆုံး အထိ သွားဖို့ ဆန္ဒ ရှိပါတယ်။ "
***