← Chapters

ဖျန်ဖြေသူ။

Vol. 30 Ch. 411

ဖျန်ဖြေသူ။

Vol. 30 Ch. 411

ကြက်သွေးရောင် ငှက်သည် ကောင်းကင်ပေါ် ပျံတက်ကာ၊ မြို့တော်၏ ထောင့်တိုင်းသို့ လူးလား ခေါက်တုံ့ ပြေးလွှား အော်မြည် နေပေသည်။

“ ဒါက နတ်ဘုရား အစောင့် တွေရဲ့၊ 'တော်ဝင်အမိန့် ငှက် တံဆိပ်' ပဲ။ ”

" ဘာတွေ ဖြစ်နေ တာလဲ၊ သားရဲ ဒီရေ ရှိလာလို့ လား၊ ဒါမှ မဟုတ် တစ်စုံ တစ်ယောက်က အင်ပါယာကို ပုန်ကန် ခဲ့လို့လား ....။ "

( သားရဲ ဒီရေ ဆိုသည်မှာ၊ နတ်ဆိုး သားရဲများအကြောင်း အမျိုး မျိုးကြောင့်၊ စုပြုံ ပြေးလွှား လာကြခြင်း ဖြစ်သည်။ )

မြို့တော်၌ တော်ဝင် ငှက် တံဆိပ်ကို အသုံး ပြုခဲ ပေသည်။ ယင်းကို အသုံး ပြုသည့် အခိုက်တွင် အင်ပါယာသည် အန္တရာယ် ရှိသော အခြေ အနေသို့၊ ရောက်ရှိ နေသည်ဟု အဓိပ္ပယ် ရ၏။

ထို့ပြင် ၎င်း တံဆိပ်ကို၊ နတ်ဘုရား အစောင့်တပ်မှူး တစ်ဦး တည်းသာ၊ အသုံး ပြုခွင့် ရှိပေသည်။

တော်ဝင် ငှက် တံဆိပ်ကို၊ နောက်ဆုံး အသုံးပြုခဲ့သည်မှာ၊ နှစ်ပေါင်း ရာကျော် ရှိခဲ့ လေပြီ။

နောက်ဆုံး အကြိမ် ထွက်ပေါ် လာသော အခါတွင် အင်ပါယာသို့၊ နတ်ဆိုး သားရဲ ကောင်များ ပြိုကျ လာခြင်းဖြင့်၊ ရင်ဆိုင် ခဲ့ရချိန် ဖြစ်သည်။

ထို့ကြောင့်ပင် မြို့တော်ရှိ လူတိုင်း စိုးရွံ စပြုလာ ကြ၏။ အကြောင်းရင်း အမှန်ကို သိသော သူများမှာ ပို၍ပင်၊ စိုးရွံ့ သွားလေသည်။

ကာကွယ် သူ လေးဦးနှင့် ဓားထမ်း အကြီး အကဲ ခုနစ်ဦးသာ၊ အင်ပါယာကို ပုန်ကန် ကြမည် ဆိုပါလျှင်၊ အကျိုး ဆက်မှာ နတ်ဆိုး သားရဲ ဒီရေထက် ဆိုးလာ နိုင်ပေမည်။

အထူးသဖြင့် ဓား။ 'အလင်းသတ် ဓား' သည် မည်သူ မဆို ထင်ထား သည်ထက် ပို၍ ကြောက်စရာ ကောင်းပေ၏။

ချင်ယုက နှင်းမုန်တိုင်း ထဲရှိ၊ မှုန်ဝါး နေသော လူရိပ် များကို၊ မျက်လုံးများ မှေးစင်းလျက်၊ စိုက်ကြည့် လိုက်သည်။

နတ်ဘုရား အစောင့် တပ်များ မရောက် လာမီ၊ လင်းယွန်ကို အဝေးသို့ ခေါ်ဆောင် သွားပါက၊ သူတို့ကို ခွင့်လွှတ်ရန် သူ့ကိုယ်သူ တွန်းအား ပေးနိုင်သည်။

သို့သော် ကာကွယ်သူ မက်မွန်က၊ 'အလင်းသတ် ဓား' ကို ဆွဲနုတ် လိုက်သည်အား၊ မြင်လိုက် ရသောကြောင့်၊ သူ စိတ်ပျက် သွားသည်။

" လာပါ .... မင်းဆန္ဒ ရှိမှတော့ အဆုံးထိ သွားကြ တာပေါ့။ "

စကား သံနှင့် အတူ ကာကွယ်သူ မက်မွန်က၊ အလင်းသတ် ဓားကို ဆွဲကာ၊ ချင်ယုထံ လျှောက်လှမ်း လာလေသည်။

" အရှင် မင်းသားကို ကာကွယ်ပါ။ "

အလင်းသတ် ဓားဖြင့် ချဉ်းကပ် လာသော ကာကွယ်သူ မက်မွန်ကို၊ မြင်လိုက် သည်နှင့်၊ လျူဖေးလောင်က လှံကို လှည့်ပတ်ကာ၊ ရထားလုံးအား ကာကွယ် လိုက်သည်။

ချင်ယု၏ ဘေးကင်း မှုကို တာဝန်ယူ ထားရသော တော်ဝင် အစောင့် များက၊ မျက်လုံးပြူး သွားကြ လေသည်။

သူတို့ ဘဝ၌ ဓားနန်းတော်၏ ကာကွယ်သူ လေးဦးအား၊ ရင်ဆိုင် ရလိမ့် မည်ဟု၊ မထင် ထားမိပေ။

အထူး သဖြင့် အလင်းသတ် ဓားကို ကိုင်ဆောင် ထားသော၊ ကာကွယ်သူ မက်မွန်ကို ကြည့်ကာ၊ ထိတ်လန့် ကုန်ကြ ပေသည်။

ဓားနန်းတော် အနေဖြင့် နတ်ဘုရား အစောင့်များ ရောက် မလာမီ၊ အိမ်ရှေ့ မင်းသားကို ဖမ်းမိ ထားရန် လိုသည်။

နှစ်ဖက် စလုံးက တစ်ဖက်ကို တစ်ဖက် အဆုံး စွန်ထိ တွန်းပို့ ခဲ့ကြ ပြီမို့၊ တိုက်ပွဲ စသည်နှင့်၊ သွေးချောင်း စီးမှုများ ဖြစ်ပွား လာမည် ဖြစ်သည်။

ဆိုလို သည်မှာ အသက်ပေါင်း များစွာ သေကြေ ပျက်စီး ကြမည်ဟု ဆိုလိုသည်။ ဓားနန်းတော် ဖြစ်စေ၊ တော်ဝင် မိသားစု ဖြစ်စေ၊ နှစ်ဖက် စလုံးက၊ အောင်နိုင် သူများ ဖြစ်လာမည် မဟုတ်နိုင်။

ချင်ယုက သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်း ထားနိုင် သော်လည်း၊ မမျှော်လင့် ထားသော အခြေ အနေကြောင့်၊ သူ့ ရင်တွင်း၌ ထိတ်လန့် တုန်လှုပ် နေခဲ့သည်။

ယင်းမှာ သူလို ချင်သော ရလဒ် မဟုတ်ပေ။ ဓားနန်း တော်နှင့်၊ ခေါင်းချင်း ဆိုင်ခြင်းအတွက်၊ မည်သည့် အကျိုး အမြတ်မှ ရရှိမည် မဟုတ်ကြောင်း သူသိသည်။

သူ၏ ရည်ရွယ် ချက်မှာ၊ ရှင်းဂျူကို သတ်ပြီးနောက်၊ ရှင်းယန်အား အတင်း အကြပ် လက်ထပ် ခြင်းဖြင့်၊ အဆုံး သတ်ရန် ဖြစ်သည်။

ထိုလုပ်ငန်း စဉ်အား ဓားနန်းတော်မှ အရေး ယူနိုင်ခြင်း မရှိ စေရန် အတွက်၊ ကြိုးပမ်း ခဲ့သော်လည်း၊ ၎င်းကို လင်းယွန်က ဖျက်ဆီး ပစ်ခဲ့သည်။

ယခု အချိန်၌ ဝမ်ယန်ပြော သကဲ့သို့၊ လင်းယွန်ကို မသတ်ခဲ့ မိသည့် အတွက်၊ နောင်တ ရနေပြီ ဖြစ်သည်။

ဖြစ်စဉ် တစ်လျှောက်လုံး သတိထား နေခဲ့ သော်လည်း၊ မမြင် နိုင်သည့် ကံကြမ္မာ ဆိုးက၊ သူ့ထံသို့ တိုးလာ နေသေးသည်။

'' ဟိုင်း ရား၊ ဟိုင်း ..... ''

ထိုအချိန်တွင်၊ ရုတ်တရက် ကျယ်လောင်သော အော်ဟစ် သံများကြောင့်၊ တင်းကြပ် နေသော လေထုကို၊ အနှောင့် အယှက် ဖြစ်လာ စေသည်။

'' ............ ''

ထွက်ပေါ် လာရာ လမ်းကြောင်း ဆီသို့၊ လူတိုင်းက မျှော်ကြည့် လိုက်မိသည်။

အဆိုပါ အော်ဟစ်သံ များမှာ၊ နတ်ဘုရား အစောင့် များ၏ ကြွေးကြော် သံများ ဖြစ်ပေသည်။

နတ်ဘုရား အစောင့် များအား၊ မြင်တွေ့ လိုက်ရ သောကြောင့်၊ ချင်ယုမှာ စိတ်သက် သာရာ ရသွား သော်လည်း၊ ချက်ချင်းပင် မျက်မှောင်ကြုတ် သွားမိ လေသည်။

သန်မာသော လူ (၁၈)ဦးက၊ ကျောက်စိမ်း ဝေါယာဉ် တစ်စင်းအား၊ ထမ်းပိုး ထားသည်ကို တွေ့လိုက်ရ သောကြောင့် ဖြစ်သည်။

ဝေါယာဉ် ပေါ်၌ မျက်နှာကို ပိုးပုဝါဖြင့်၊ ဖုံးကွယ် ထားသော အမျိုးသမီး တစ်ဦး လိုက်ပါ လာသည်။

ဝေါယာဉ် ရှေ့တွင် နတ်ဘုရား အစောင့် စစ်သား တစ်ထောင်နှင့်၊ သူ့ အနောက်တွင် စစ်သား သုံးထောင်က လုံခြုံ ရေးကို၊ စောင့်ကြပ် ရယူ ပေးထား၏။

" ဒါ ဖီးနစ် ပန်းကလေး ပဲ ....."

“ အိမ်ရှေ့စံရဲ့ နှမတော် ဖီးနစ် မင်းသမီးလား၊သူ ဘာလာ လုပ်တာလဲ …”

အင်ပါယာ၏ မင်းသမီးမှ လွဲ၍၊ အခြား မည်သူမျှ၊ ထိုကဲ့သို့ ဇိမ်ကျကျ လိုက်ပါ နိုင်သော အခင်း အကျင်း မျိုးဖြင့်၊ ထွက်ပေါ် လာနိုင်မည် မဟုတ်ပေ။

ပိုးပုဝါက မျက်နှာ တစ်ပြင်လုံး ဖုံးကွယ် ထား သော်လည်း၊ သူမ မျက်ဝန်း များကို လူတိုင်း မှတ်မိ လေသည်။

ထို့အပြင် မင်းသမီး၌ မည်သူကို မဆို၊ လေးလေး နက်နက် စွဲလမ်း စေမည့်၊ ထူးခြားသော ရောင်ဝါ အချို့ ကိုလည်း၊ ပိုင်ဆိုင် ထားပြန်၏။

လင်းယွန် ဘေးရှိ လျှို့ဝှက်သော မျက်နှာဖုံးရှင်က၊ ဖီးနစ် ပန်းကလေး ရောက်ရှိလာ သည်ကို မြင်သော အခါတွင်၊ သက်သာရာ ရသွားသည်။

တော်ဝင် မိသားစု အတွင်း၊ မင်းသမီး သည်သာ အယုံကြည် ရဆုံး ဖြစ်ကြောင်း၊ သူ သိသည်။

ချင်ယု အတွက်မူ နိမိတ် မကောင်းသော၊ ကြိုတင် သတိ ပေးချက် တစ်ခု၊ ထွက်ပေါ် လာသည်။

" လျူဖေးလောင်... မင်းလူတွေ ခေါ်ပြီး ပြန်လိုက်ပါ ... "

ဖီးနစ် ပန်းကလေးက တည်ငြိမ်စွာ ညွှန်ကြား လိုက်သည်။

" တပ်ကို ရုတ်သိမ်းဖို့ ငါခွင့် မပြုဘူး ။ "

ချင်ယုက ငြင်းဆန် လိုက်သည်။

" ချင်ယု ... မင်းက ငါတို့ တော်ဝင် ဖခမည်း တော်ရဲ့ အမိန့်ကို ဆန့်ကျင် နေချင် တာလား။ "

ဖီးနစ် ပန်းကလေးက ဂရု မစိုက် ဟန်ဖြင့်၊ ပြန်မေး လိုက်သည်။

" အမိန့် ....၊ ငါက တော်ဝင် ဖခမည်း တော်ရဲ့၊ အမိန့်ကို နာခံ ရတာ သဘာဝ ပါပဲ၊ ဒါပေမယ့် မင်းက သူ့ နာမည်ကို အသုံးချ နေတာလား ဆိုတာ၊ ဘယ်သူ သိမှာလဲ ....။ "

ချင်ယုက သူ့ အမူအရာ ပြောင်းလဲခြင်း

မရှိဘဲ၊ ပြန်ဖြေသည်။

“ ဘယ်လို မိုက်မဲမှု မျိုးလဲ၊ နတ်ဘုရား အစောင့် တွေကိုပဲ မင်း မြင်လား၊ တော်ဝင် မိသားစုရဲ့ ကျွမ်းကျင်သူ တွေကို၊ နည်းနည်း လေးတောင် မခံစား မိဖူးလား၊ တော်ဝင် ဖခမည်း တော်ရဲ့ အမိန့် မပါဘဲ၊ ဒီပညာရှင် တွေက မင်းဆီကို ရောက်လာမယ် ထင်လား။ ”

ဖီးနစ် ပန်းကလေးက၊ မထီ မဲ့မြင် နိုင်သော လေသံဖြင့် ကြိမ်းမောင်းသည်။

လျူဖေးလောင်က အလေးအနက် တွေးတော လိုက်ပြီး၊ တံဆိပ် တစ်ခုကို ထုတ်ဖော်ကာ၊ ကောင်းကင်၌ စူးရှစွာ အော်ဟစ် နေသော ကြက်သွေးရောင် ငှက်ထံ၊ ပစ်ထုတ် လိုက်သည်။

အချက် ပြမှု ပျောက်ကွယ် သွားသော အခါတွင်၊ ဤနေရာသို့ အပြေးအလွှား ဦးတည် နေကြသော နတ်ဘုရား အစောင့် များက၊ကောင်းကင်ပေါ် မော့ကြည့်ကာ၊ သက်ဆိုင်ရာ စခန်း များသို့၊ လှည့်ပြန် သွား ကြသည် ။

ပြောင်းလဲ လာသော အခြေ အနေကြောင့်၊ကာကွယ်သူ မက်မွန်က အလင်းသတ် ဓားကို၊ ဓားအိမ်ထဲ ပြန်သိမ်း လိုက်၏။

သည်တိုက်ပွဲ၏ အကျိုး ဆက်ကို၊ နှစ်ဖက် စလုံးက ခံနိုင်ရည် ရှိသော အရာ မဟုတ်ပေ။

နောက်ဆုံးတွင် ဖီးနစ် ပန်းကလေး၏ စကားကြောင့်၊ မြို့တော် တစ်ဝက်ကို ဖျက်ဆီး ပစ်မည့် အရေးမှ၊ ကာကွယ် နိုင်ခဲ့သည်။

ယင်းကြောင့် လူများ စွာအား၊ စိတ်သက် သာရာ ရစေ၏။ စစ်ပွဲကြီး စတင်လိုက် သည်နှင့်၊ ဆုံးရှုံး မှုများ မည်မျှ ရှိလာ မည်ကို၊ မသိနိုင်ခြေ။ လူတိုင်းက စစ်ပွဲကြောင့်၊ ဖြစ်လာမည့် ဒုက္ခအား စိုးရွံ့ ကြပေသည်။

ရထားလုံး အတွင်း ထိုင်နေသော ချင်ယု၏ မျက်ဝန်း များတွင်၊ ဒေါသ အရိပ် အယောင် များဖြင့် လင်းလက် လာသည်။ ဤဖြစ်စဥ်သည် ရိုးရှင်းသော အရှက် ရမှုမျိုး မဟုတ်ပေ။

မင်းသမီး၏ နှိမ်နှင်း ခြင်းကို ခံနေ ရသောကြောင့်၊ ဒေါသ တကြီး ပိုဖြစ် ရသည်။

ထိုမျှမက အထက် စီးဆန်သော လေသံဖြင့်၊ ဖီးနစ် ပန်းကလေးက သူ့အား အမိန့် ပေးလာ ခဲ့သည်။

" ရှင်းယန်ကို လွှတ် ပါ .....။ "

“ ဟား ဟား ဟား၊ မင်း ဒီမှာ မင်းရဲ့ စည်းဘောင် တွေကို၊ ကျော်နေတာ မဟုတ် ဖူးလား၊ ဒါက ငါတို့ တော်ဝင် ဖခင်ရဲ့ အမိန့်လို့ ... ငါ့ကို မပြောနဲ့။ "

ချင်ယု၏ မျက်လုံး များတွင်၊ လူသတ် လိုသော ရည်ရွယ် ချက်ဖြင့် တောက်ပ လာသည်။ ရှင်းယန်မှာ သူ၏ အဓိက သော့ချက် ဖြစ်ပြီး၊ မည်သူမျှ ဖြတ်ကျော်ခွင့် မပေး နိုင်ပေ။

သူ့ ဖခမည်း တော်၏ အမိန့် အရ ဆိုလျှင်ပင်၊ ၎င်းကို လက်လျော့မည် မဟုတ်ကြောင်း၊ ဆုံးဖြတ် ထားသည်။

“ နောက်ကွယ်မှာ ဘယ်လို လှည့်ကွက် မျိုးတွေ၊ မင်း ကစား နေခဲ့တယ် ဆိုတာ၊ ငါ ကောင်းကောင်း သိပါတယ်၊ ငါ မင်းကို အရှက် တရား ကနေ၊ ကယ်တင်ဖို့ ကြိုးစား နေတာပါ၊ မဟုတ်ရင် မင်းကို အရှက် ရစေတဲ့ အတွက်၊ ငါ့ အပေါ် အပြစ် မတင် ပါနဲ့။ ”

ဖီးနစ် ပန်းကလေးက အေးစက်စွာ တွန်းအား ပေး လာခဲ့သည်။

" နောက်ကွယ်မှာ ဇာတ်လမ်း တစ်ပုဒ်၊ တကယ် ရှိနေ တာလား။ "

" ငါ ထင်သားပဲ၊ ရှင်းယန်က သူ့ကို စိတ်လိုလက်ရ၊ ဘယ်လိုလုပ် လက်ထပ် ချင်မှာလဲ။ ”

“ ဒီအခြေ အနေ ရောက်လာ တာတောင်၊ ချင်ယု နောက်မဆုတ် ရတဲ့၊ လျှို့ဝှက်ချက် တစ်ခု ရှိနေ မှာကို၊ ငါကြောက် မိတယ်။ ”

ဖီးနစ် ပန်းကလေး နှင့် ချင်ယု တို့၏ အငြင်းပွား မှုမှာ၊ ချက်ချင်းပင် တိမ်းစောင်း မခံသော အခြေ အနေသို့၊ ရောက်ရှိ သွားသည်။

" တကယ်လို့ ဒီ နောက်ကွယ်မှာ ဇာတ်လမ်း တစ်ပုဒ် ရှိနေ ခဲ့ရင် ....၊ အခုပဲ ဓားနန်းတော်ကို၊ ကြေနပ်အောင် ဖြေရှင်းချက် ပေးပါ။ "

ကာကွယ်သူ မက်မွန်၏ အသံက၊ တင်းမာစွာထွက်ပေါ် လာလေသည်။

" ဟမ့် .... ဖြေရှင်းချက် တွေကို လိုချင်လား၊ ဒါက ရှင်းယန် ကိုယ်တိုင် သဘော တူထားတဲ့ လက်ထပ် ပွဲပါ၊ လင်းယွန်ကို လွှတ်ပေးတာ နဲ့တင်၊ မင်းကို အမြင့်ဆုံး အခွင့် အရေး ပေးထား ပြီးပြီ၊ နတ်ဘုရား အစောင့်တွေ မရှိ ရင်တောင်၊ ငါက ဓားနန်းတော်ကို ကြောက်နေစရာ မရှိ ပါဘူး။ ”

ချင်ယုက ကာကွယ်သူ မက်မွန်ထံ၊ ဒေါသ တကြီ တုန့်ပြန် လိုက်သည်။

" ဒါဆို တောင်းပန် ပါတယ်၊ ဒီနေ့ လင်းယွန်မှ မဟုတ်ဘူး၊ ရှင်းယန် ကိုပါ မင်းထိလို့ မရဘူး။ ''

ရှင်းယန် အတွက် လင်းယွန်က မတ်တပ် ရပ်ဝံ့ သည် ဖြစ်ရာ၊ ကာကွယ်သူ တစ်ယောက် အနေဖြင့်၊ မပြတ်သား စရာ မရှိခြေ။

သူ့ဓားကို ဆွဲထားပြီး ပြီမို့၊ ပန်းတိုင် မရောက် မချင်း၊ နောက်ပြန် ဆုတ်လိမ့်မည် မဟုတ်ကြောင်း၊ ပြသ ရပေမည်။

" ချင်ယု ၊ ငါ မင်းကို အကြံ တစ်ခု ပေးပါ ရစေ၊ မင်းက ဧကရာဇ် မဟုတ် သေးတဲ့ အတွက်၊ အင်ပါယာ ထဲမှာ ပြောစရာ စကား မရှိ သေးပါဘူး၊ ဒီနေ့ မင်းဖန်တီး လိုက်တဲ့၊ အရှုပ် အထွေး နဲ့တင် လုံလောက် နေပါပြီ၊ ဆက်သွားဖို့ တွန်းအား ပေးမယ် ဆိုရင်တော့၊ နဂါး တံခါး ပြိုင်ပွဲရဲ့ ဝင်ခွင့်ကို စွန့်လွှတ် ရလိမ့်မယ် ဆိုတာ၊ ငါ သတိပေး ပါရစေ။ ''

ယင်းမှာ ဖီးနစ် ပန်ကလေး ထံမှ ချင်ယု အတွက်၊ နောက်ဆုံး သတိ ပေးချက် ဖြစ်ကြောင်း သိသာ လေသည်။

ကျောက်စိမ်း ဝေါယာဉ် ပေါ်တွင်၊ ထိုင်နေသော ဖီးနစ် ပန်းကလေး၏ သွယ်လျသော ရုပ်သွင်ကို ချင်ယုက စိုက်ကြည့် လိုက်သည်။

သူ့အမြင် အရ သွယ်လျသော အသွင် အပြင်သည်၊ ထူးခြားသော စိတ်ထားကြောင့် ဤကမ္ဘာနှင့်၊ မသက်ဆိုင် တော့ဟု ခံစား မိသည်။

သူတို့ နှစ်ဦးသည် အင်ပါယာ ပြင်ပမှ၊ ဝှက်ဖဲ များကို ကိုင်ဆောင် ထားကြ သော်လည်း၊ ချင်ယု အနေဖြင့် ဖီးနစ် ပန်းကလေး၏ ဝှက်ဖဲကို ခန့်မှန်း၍ မရပေ။

ထို့ကြောင့် နဂါး တံခါး ပြိုင်ပွဲတွင်၊ မပါဝင် နိုင်အောင်၊ ဖီးနစ် ပန်းကလေးမှ သူ့အား တားဆီး နိုင်စွမ်း ရှိကြောင်း၊ ယုံကြည်လိုက် မိသည်။

သူမကို မကြောက်ရွံ့ သော်လည်း၊ မည်သည့် မတော် တဆမှု မျိုးမှ အဖြစ် မခံ ချင်ပေ။

" ဓားသမား တွေ ကြားက၊ ကိစ္စ ဆိုတော့ ဓားနဲ့ပဲ ဖြေရှင်း ရအောင်။ "

ဘိုင်လိရွှမ်က ရုတ်တရက် ဝင်ရောက် ပြောဆို လိုက်သည်။ သူက မြင်းပေါ်က ခုန်ဆင်း လိုက်ပြီး၊ လင်းယွန်ကို လှမ်းကြည့်ကာ၊

" လင်းယွန်၊ မင်းငါ့နဲ့ တိုက်ခိုက်ပြီး၊ မတ်တပ် ရပ်နိုင် သေးရင်၊ ရှင်းယန်ကို မင်းခေါ် သွားနိုင်တယ်၊ မဟုတ်ရင်တော့ .... ''

'' .... ဓားနန်းတော်က ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးသာ လိုတယ်၊ အဲဒီ အကြွင်းမဲ့ ပါရမီ ရှင်က မင်း မဟုတ်ဘူး၊ ငါ ဘိုင်လိရွှမ်ပဲ၊ မင်းငါ့ကို တိုက်ခိုက်ဖို့ သတ္တိ ရှိလား။ "

***

All Chapters