အဆုံးသတ်။
Vol. 30 Ch. 412
" ဓားသမား တွေ ကြားက၊ ကိစ္စ ဆိုတော့ ဓားနဲ့ပဲ ဖြေရှင်း ရအောင်။ "
ဘိုင်လိရွှမ်က ရုတ်တရက် ဝင်ရောက် ပြောဆို လိုက်သည်။ သူက မြင်းပေါ်က ခုန်ဆင်း လိုက်ပြီး၊ လင်းယွန်ကို လှမ်းကြည့်ကာ၊
" လင်းယွန်၊ မင်းငါ့နဲ့ တိုက်ခိုက်ပြီး၊ မတ်တပ် ရပ်နိုင် သေးရင်၊ ရှင်းယန်ကို မင်းခေါ် သွားနိုင်တယ်၊ မဟုတ်ရင်တော့ .... ''
'' .... ဓားနန်းတော်က ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးသာ လိုတယ်၊ အဲဒီ အကြွင်းမဲ့ ပါရမီ ရှင်က မင်း မဟုတ်ဘူး၊ ငါ ဘိုင်လိရွှမ်ပဲ၊ မင်းငါ့ကို တိုက်ခိုက်ဖို့ သတ္တိ ရှိလား။ "
ဘိုင်လိရွှမ်၏ စကား များက၊ မင်းသမီးနှင့် ကာကွယ်သူ မက်မွန်အား တုန်လှုပ် စေရုံသာ မက၊ ချင်ယု မျက်နှာ ကိုလည်း ပြောင်းလဲ သွားစေသည်။
ဘိုင်လိရွှမ်က သူ့ကိုယ်စား ဆုံးဖြတ်ချက် ချဝံ့သည့် အတွက်၊ အံ့သြ သွားခြင်း ဖြစ်သည်။
သို့သော် စကား နောက်ကွယ်ရှိ အဓိပ္ပါယ်ကို၊ ချင်ယုက မကြာမီ နားလည် သွားသည်။ ဘိုင်လိရွှမ် အနေဖြင့်၊ သူ့အပေါ် လေးစားဖွယ် ရှိသော်လည်း၊ ခံယူချက် ပြင်းပြသူ တစ်ယောက်လည်း ဖြစ်သည်။
ထို့ပြင် ဘိုင်လိရွှမ်မှာ၊ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားကြောင်း၊ မေ့လျော့ နေမိသည်။
လင်းယွန် ပေါ်လာ ပြီးနောက်၊ မြင်းပေါ်တွင် ဆက်လက် ရပ်တည် ထားနိုင်သည့်၊ တစ်ဦး တည်းသော သူလည်း ဖြစ်သည်။
ဘိုင်လိရွှမ်မှာ နှိမ့်ချ နေကောင်း နေသော်လည်း၊ ပလွှားသူ တစ်ဦး ဖြစ်ကြောင်း၊ သံသယ ရှိစရာ မလိုပေ။
လုပ်ဆောင် ချက်မှာ၊ သူ၏ ခွန်အား အပေါ် ယုံကြည်ချက် ကြောင့်သာ မဟုတ်ဘဲ၊ ခက်ခဲသော အနေ အထားတွင်၊ ရှိနေသော ချင်ယုကို ထွက်ပေါက် တစ်ခု ဖန်တီးပေး ခြင်းလည်း ဖြစ်သည်။
သူ့အမြင် အရ၊ နတ်ဘုရား အစောင့်များ မပါဘဲ၊ ဓားနန်းတော်နှင့် ဖီးနစ် ပန်းကလေးကို ရင်ဆိုင်ရန်၊ ချင်ယုမှာ မဖြစ် နိုင်ပေ။
ထို့ကြောင့် ဘိုင်လိရွမ်၏ အကြံပြု ချက်ကို၊ ချင်ယု အနေဖြင့် ငြင်းပယ်ရန်၊ အကြောင်း မရှိနိုင်။
အရေးကြီး ဆုံးမှာ၊ လင်းယွန်၏ လက်ရှိ အနေ အထား အရ၊ ဘိုင်လိရွှမ် ထံမှ ဓား တစ်ချက်ကို၊ လက်ခံ ရယူနိုင် လိမ့်မည်ဟု မထင်။ ထို့ကြောင့် ချင်ယုက ပြုံးကာ၊
“ သူက ငါ့ကို ကိုယ်စား ပြုနိုင်တယ်၊ ဘိုင်လိရွှမ်ရဲ့ တိုက်ခိုက် မှုကို၊ ခံနိုင်ရည် ရှိမယ် ဆိုရင်၊ ရှင်းယန်ကို ခေါ်သွား နိုင်ပါတယ်၊ ကာကွယ်သူ မက်မွန် ...၊ မင်းရဲ့ တပည့်တွေ အချင်းချင်း ဖြေရှင်းဖို့၊ ဒီကိစ္စကို ငါ ထားခဲ့ပြီ၊ မင်းမှာ တခြား ပြောစရာ အကြောင်း၊ မရှိတော့ ဖူးလို့ ငါယုံတယ် ... ဟုတ်တယ် မဟုတ်လား။ "
တစ်ဆက် တည်း မှာပင် ချင်ယုက၊ ဘိုင်လိရွှမ်ကို လေးလေး နက်နက် တစ်ချက် ကြည့်လိုက်သည်။ ဘိုင်လိရွှမ်က သူ့အား မမြင်နိုင် သော်လည်း၊ သူက ဘိုင်လိရွှမ်ကို မြင်နိုင်၏။
ကျောက်စိမ်း ဝေါယာဉ် ပေါ်ရှိ ဖီးနစ် ပန်းကလေးက၊ ငြိမ်သက်စွာ စဉ်းစား နေခဲ့သည်။
ချင်ယုမှာ ထက်မြက် ပေ၏။ သူ လုပ်သမျှ ပြဿနာ များကို၊ ကာကွယ်သူ မက်မွန်ထံ ပုတ်ထုတ် သွားနိုင်သည်။
အခြေခံ အားဖြင့် ဤသည်မှာ၊ ဓားနန်းတော်၏ တပည့်များ ကြားတွင် ရှိသော အရေး ဖြစ်လာ သည်ကြောင့်၊ ချင်ယု သို့မဟုတ် သူမပင် စွက်ဖက်ရန်၊ အကြောင်း မရှိ တော့ပေ။
" လိရွှမ် ....၊ မင်းက ဂိုဏ်းထဲ ငါကိုယ်တိုင် ခေါ်သွင်း လာတဲ့ လူတစ်ယောက်ပါ၊ ငါတို့ ဒီအထိ သွားဖို့ လိုသေးလား။ "
ကာကွယ်သူ မက်မွန်က၊ ခက်ခဲသော အနေ အထားသို့၊ ရောက်ရှိ လာသည် ဖြစ်ရာ၊ သက်ပြင်း ချလိုက်သည်။
" ကာကွယ်သူ မက်မွန်၊ အနာဂတ်မှာ ငါဘယ်သူပဲ ဖြစ်နေ ဖြစ်နေ၊ ဓားနန်းတော်ရဲ့ တပည့် တစ်ယောက် ဆိုတဲ့ ဝိသေသကို၊ ငါ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ် ပါဘူး။ "
ဘိုင်လိရွှမ်က အခြား သူများ၏ လေးစားမှုကို ခံယူ ထိုက်သော၊ မှိန်ဖျော့ဖျော့ ရောင်ဝါ များအား၊ သူ့ ခန္ဓာကိုယ် ပေါ်တွင်၊ ထုတ်လွှတ် လိုက်သည်။
ဤသည်မှာ ပြိုင်ဘက်ကို ဖိအား ဖြစ်စေသော၊ သူတော်စင် ခန္ဓာ၏ လက္ခဏာ ဖြစ်သည်။ လူတိုင်း မျှော်ကြည့် ရုံသာ တက်နိုင်သော၊ ကောင်းကင်ရှိ ကြယ်တာရာ တစ်စင်းနှင့် တူ၏။
တစ်ချို့သော သူများမှာ၊ ကောင်းကင်၌ ပျံသန်းရန် မွေးဖွား လာတက်ပြီး၊ ငိုက်မြည်း နေလျှင်ပင် တောက်ပ နေတတ် ပေသည်။
သို့သော် ဘိုင်လိရွှမ်သည် လုံးလဖြင့် ကောင်းကင်ကို အန်တုကာ၊ သူ့ ဖြစ်တည်မှု အပေါ် ပြောင်းလဲ ယူခဲ့သည်။
အပြင်ပိုင်း အသွင် အပြင် အရ၊ ဘိုင်လိရွှမ်မှာ ဓားနန်းတော်၏၊ တပည့် တစ်ဦး ဖြစ်နေသေး သောကြောင့်၊ ကာကွယ်သူ မက်မွန်က ဆုံးဖြတ် ချက်ချရန်၊ ခက်ခဲ နေခြင်း ဖြစ်သည်။
တော်ဝင် မိသားစု၏၊ အသူရာ အဖွဲ့ အစည်းသို့ ဝင်ရောက် သွားရန်၊ ဖြစ်နိုင်ခြေ မြင့်မား သော်လည်း၊ ဂိုဏ်း၏ အကျိုး စီးပွား အပေါ်၊ ထိခိုက် နစ်နာ စေသည့် မည်သည့် အရာ ကိုမှ၊ ဘိုင်လိရွှမ်က မလုပ် ခဲ့ဖူးပေ။
သို့သော် ယနေ့တွင် သူသည် လင်းယွန်အား မရဏ လမ်းထဲသို့ တွန်းပို့ လို၏။
ကာကွယ်သူ မက်မွန် အနေဖြင့်၊ လင်းယွန်ကို အင်ပါယာမှ ကာကွယ်ရန် သတ္တိ ရှိသော်လည်း၊ ဘိုင်လိရွှမ်မှ ဝင်ရောက် လာသော အနေ အထားတွင်၊ ငြင်းဆန်ရန် အခက်တွေ့ လာသည်။
ဘိုင်လိရွှမ်နှင့် လင်းယွန်ကို အသက် အပိုင်း အခြား အရ၊ မျိုးဆက် တူများ အဖြစ် ယူဆ နိုင်သည်။
“ ကျားနှစ်ကောင်ကို တောအုပ် တစ်ခု ထဲမှာ ထားလို့ မရ သလို၊ ဓားနန်းတော် ကလည်း ခမ်းနားတဲ့ ပါရမီရှင် နှစ်ယောက်ကို ပျိုးထောင် နိုင်မှာ မဟုတ်ဘူး၊ အရင်း အမြစ် မလုံ လောက်ဖူး ဆိုတဲ့၊ အကြောင်း ပြချက် အပြင် …”
ဘိုင်လိရွှမ်က သူစကားကို ခေတ္တရပ် လိုက်ပြီး လင်းယွန်ထံ လှမ်းကြည့်ကာ၊
“ လင်းယွန်နဲ့ ဒီတပည့် ကြားမှာ၊ ရန်ငြိုး တစ်ခုရှိနေတယ်။ ”
“ စကား တွေကို ရပ်လိုက် ရအောင်၊ ဓားနန်းတော်က ပါရမီရှင် နှစ်ယောက်ကို ပျိုးထောင် နိုင်မှာ မဟုတ်တဲ့ အတွက်၊ ဘယ်သူက ထိုက်တန်လဲ ဆိုတာ ...၊ ငါလည်း သိချင်တယ်၊ ဒီနေ့ စီနီယာ အစ်မ ရှင်းယန်ကို ခေါ်သွားရ လိမ့်မယ်။ ''
ဘိုင်လိရွှမ်၏ စိန်ခေါ်ချက်ကို မဆိုင်း မတွ လက်ခံ လိုက်သော လင်းယွန်ကြောင့်၊ လူအုပ်ကြီးက အံ့သြ သွားသည်။
“ လင်း ယွန် …”
လင်းယွန်မှာ ဒဏ်ရာ ရနေပြီ ဖြစ်သောကြောင့် ၊ ကာကွယ်သူ မက်မွန်က စိတ်ပူ သွားသည်။ဘိုင်လိရွှမ်၏ တိုက်ခိုက်မှုကို လက်ခံ ယူနိုင် စရာ နည်းလမ်း မရှိခြေ။
ဘိုင်လိရွှမ် ကိုယ်တိုင် သည်လည်း၊ ယုံကြည်ချက် မရှိ ပါလျှင်၊ ဤသို့ စိန်ခေါ်မည် မဟုတ်ပေ။
“ ကာကွယ်သူ မက်မွန်၊ ထပ်ပြီး နားချ မနေ ပါနဲ့တော့၊ သူ ပေးမယ့် အခွင့် အရေးကို၊ လက်လွှတ် မခံ နိုင်တာ သဘာဝ ပါပဲ။ ”
ကာကွယ်သူ မက်မွန်က သူ့ ဒဏ်ရာ များနှင့်ပတ်သက်ပြီး၊ စိတ်ပူ နေမှန်း သိသော်လည်း ဤသည်မှာ သူ့အတွက် တစ်ခု တည်းသောအခွင့် အရေး ဖြစ်သည်။
“ မင်း အနေနဲ့ ပါရမီရှင် ဆိုတဲ့ ဘွဲ့ထူး အတွက် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိ နေလည်း၊ အရေး မကြီး ပါဘူး၊ ဓားနန်းတော်ရဲ့ ပါရမီ ရှင်က ငါပဲ၊ မင်း ဒီနေ့ ရှင်းယန်ကို မခေါ် သွားနိုင် ပါဘူး၊ ပြီးတော့ ငါက မင်းကို သတ်ပစ် မှာမို့၊ ဒီနေ့ ပြီးရင် လင်းယွန် ဆိုတာ ရှိတော့မှာ မဟုတ် ပါဘူး။ ''
ဘိုင်လိရွှမ်က ဓားသေတ္တာ ထဲမှ တော်ဝင်လက်ရာ ရှေးဟောင်း ဓား တစ်လက်ကို ထုတ်ယူ လိုက်သည်။
သူ၏ ကျင့်ကြံ မှုကို ထုတ်လွှတ် လိုက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု လင်းလက် လာလေသည်။
အရှိန် အဝါမှာ နက်နဲ နဝမ အဆင့် အထွတ် အထိပ်တွင်၊ ရပ်တန့် သွားခြင်း မရှိဘဲ၊ မျက်စိတစ်မှိတ် အတွင်း မှာပင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ ဆီသို့၊ ချဉ်းကပ် သွားသည်။
" ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ အရှိန် အဝါလဲ ... ။ "
ရပ်ကြည့် နေသော သိုင်းသမား တစ်ယောက်၏၊ အာမေဋိတ် သံ ထွက်ပေါ် လာသည်။
နက်နဲ နဝမ အဆင့် တွင်သာ ရှိနေစဉ်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေနှင့် နှိုင်းယှဉ် နိုင်သည့်၊ သူတော်စင် ခန္ဓာကိုယ်၏ အရှိန် အဝါကို၊ အမှန် တကယ် လျှော့တွက်၍ မရနိုင်။
ဒဿမ အဆင့်သို့ တက်လှမ်း ပြီးနောက်၊ မည်မျှ အစွမ်း ထက်လာ မည်ကို၊ တုန်လှုပ်စွာ ခန့်မှန်း မိနေ ကြသည်။
တုန်လှုပ်၍ မဆုံး ခင်တွင် ဘိုင်လိရွှမ် ထံမှ၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ်ချက် ထွက်ပေါ် လာလေသည်။
" ဒီ ... ဓား ရည်ရွယ်ချက် ... "
" သူ့ရဲ့ ရှန်ရှင်း တပိုင်း ဓား ရည်ရွယ် ချက်က၊ လင်းယွန်ထက် အားနည်း ပုံမရဘူး၊ ”
" လင်းယွန် တော့ သွားပြီ။ "
" ဘိုင်လိရွှမ်က ဒီလို မောက်မာ ဝံ့တာ အံ့သြ စရာ မရှိ ပါဘူး၊ လင်းယွန် သေရ လိမ့်မယ်။ ''
လေထဲ၌ ပျံလွင့် နေသော ဓား ရည်ရွယ် ချက်ကိုကြည့်ကာ၊ လူအုပ် ကြီး၏ မျက်နှာများ ပြောင်းလဲ သွားသည်။
သို့သော် ချင်ယုက မည်သို့မျှ ပြောင်းလဲခြင်း မရှိ ခဲ့ပေ။ နောက်ဆုံး အနိုင် ရသူမှာ၊ သူသာ ဖြစ်လာ မည်ဟု၊ ယုံကြည် ထားမိ သောကြောင့်၊ အပြုံး သဲ့သဲ့ဖြင့်၊ ရှိနေ လေသည်။
" သေ လိုက် .... "
ဘိုင်လိရွှမ်က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ ဓားဖြင် လင်းယွန်ထံ ထိုးသွင်း လိုက်သည်။ ကျဆင်း လာသော နှင်းပွင့် များပင်၊ လေထဲ၌ ရုတ်တရက် အေးခဲ သွားလေသည်။
ဘိုင်လိရွှမ်က လေထဲ ဖြတ်ပျံကာ၊ စက္ကန့်ပိုင်း အတွင်း၊ လင်းယွန် အရှေ့ ရောက်ရှိ သွား၏။ သို့သော် လင်းယွန်က သူ့ ဓား ကိုပင် မဆွဲဘဲ၊တုန့်ပြန် လာသည်။
ဘိုင်လိရွှမ်၏ လှုပ်ရှားမှုကို လူအများ စုက၊ မမြင် နိုင်ကြ သော်လည်း၊ မြင်နိုင်သည့် သူများ မှာမူ၊ မျက်နှာ အမူ အရာများ ပြောင်းလဲ ကုန်ကြသည်။
ဓားထက်မှ ဖြာထွက် လာသော အလင်းတန်းမှာ၊ စူးရှ လွန်းသဖြင့် လူတိုင်းက မျက်လုံး မှိတ်လိုက် ရသည်။
အလင်းရောင် မှိန်ဖျော့ သွားချိန်၌၊ မယုံနိုင်စရာ မြင်ကွင်း တစ်ခုက၊ သူတို့အား စီးကြို နေခဲ့ ပေ၏။
" မ ဖြစ် နိုင် ဘူး .... "
လူတိုင်းက သူတို့ ရှေ့ရှိ၊ မြင်ကွင်း အပေါ် မယုံကြည် နိုင်စွာ၊ အော်ဟစ် ငြင်းဆန် လိုက် ကြသည်။
လင်းယွန်က ဘိုင်လိရွှမ်၏ ဓားကို၊ လက်ဗလာဖြင့် ဖမ်းယူ ခဲ့ခြင်း ဖြစ်သည်။
ဘိုင်လိရွှမ်၏ သူတော်စင် ခန္ဓာကိုယ်နှင့်၊ ဓားများ ကျိုးစေသော သူ့ခန္ဓာ ကိုယ်ကို၊ လောင်းကြေး ထပ်ကာ၊ လင်းယွန်က စွန့်စား လိုက်ခြင်း ဖြစ်သည်။
သူ့ အနေဖြင့် ယခင် တိုက်ပွဲများ အရ၊ မူလ စွမ်းအင်များ ကုန်ခမ်းလျက်၊ ဒဏ်ရာများ ဖုံးလွှမ်း နေခဲ့သည်။
မောပန်း နေပြီ ဖြစ်ပြီး၊ ခရမ်းရောင် နန်းတော် သိုင်းသမား ထံမှ၊ လက်ဖဝါး တစ်ချက် ကိုပင်၊ ခံယူ ထားခဲ့ ရသည်။
ဒရာကိုဖီ ခန္ဓာ ကိုယ်အား ကျင့်ကြံ ထားခြင်း မရှိ ပါက၊ ယခု ချိန်၌ သေဆုံး သွားနိုင်သည်။
ထို့ကြောင့် ဘိုင်လိရွှမ်၏ တိုက်ခိုက် မှုကို၊ လောင်းကြေး ထပ်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
ဘိုင်လိရွှမ်၏ ဓားအား မချိုး နိုင်ပါက၊ သူ့ခန္ဓာ ကိုယ်မှာ အလုပ် မဖြစ်ပေ။ ဆိုလို သည်မှာ သူ သေရ ပေမည်။
" အဲဒီ တုန်းက မင်းလုပ် ခဲ့တဲ့ အရာမျိုး၊ ပြန်လုပ် နိုင်မယ် ထင်နေလား၊ နုံအ လိုက်တဲ့မျှော်လင့်ချက် ...။ ”
ဓားကို ဖမ်းယူရန် ကြိုးစား လာသော လင်းယွန်ကြောင့်၊ အပြာရောင် နေမင်း လျှို့ဝှယ် နယ်မြေတွင် ကစားခဲ့ ပုံကို၊ ချက်ခြင်း ပြန်သတိ ရသွားသည်။
ထိုအချိန်က လင်းယွန်သည် သူ၏ ဓားရှည် များကို ဖျက်ဆီးရန်၊ အလားတူ နည်းလမ်းကို အသုံးပြု ခဲ့ဖူးသည်။
တူညီသော ပုံစံကို ထပ်မံ ကြိုးစား လာသည့် အတွက်၊ ဒေါသ မထွက်ဘဲ မနေ နိုင်တော့ပေ။
'' ........... ''
သို့သော် သူ့ဓားကို လင်းယွန်က ဖမ်းမိသွားပြီး၊ ရှေ့ဆက် ထိုးသွင်း နိုင်ခဲ့ သော်လည်း၊ ရုတ်တရက် ပြင်းထန်စွာ တုန်ခါ လာ၏။
'' ခရစ်........ ''
ထို့နောက် ဓား၌ အက်ကြောင်းများ ချက်ချင်း ဖုံးလွှမ်း သွားကာ၊ မူလ စွမ်းအင်များ ယိုစီးသွား သည်ကို၊ ခံစား လိုက်ရသည်။
ရုတ်တရက် လင်းယွန်က ရှေ့သို့ တိုးလာပြီး၊ သူ့အား တုံ့ပြန် ဖို့ရန် အခွင့် အရေး မပေး တော့ဘဲ၊ ရင်ဘတ်အား လက်ဖဝါးဖြင့် ရိုက်ချ လာလေသည်။
ပါးစပ်မှ သွေးများ အန်လျက်၊ အဝေးသို့ လွင့်စင် သွားသည်။ ထိုမြင်ကွင်း ကြောင့် လူအုပ်ကြီးမှာ မယုံ နိုင်စွာဖြင့်၊ မျက်လုံးများ ပြူးကုန် ကြလေသည်။
လင်းယွန် အနိုင်ရ မည်ဟု မည်သူမျှ မမျှော်လင့် ထားကြပေ။
မြေပြင် ပေါ်သို့ လဲကျ သွားသော ဘိုင်လိရွှမ်က၊ ဒေါသ တကြီး လင်းယွန်ကို မော့ကြည့် လိုက်သည်။
" ဒါက ဝူယု အတွက်ပဲ၊ နဂါး တံခါး ပြိုင်ပွဲမှာ မင်းနဲ့ အတူ၊ ကျန်တာတွေ အကုန် ရှင်းမယ်။ "
လင်းယွန်က စကား ဆိုကာ၊ ကောင်းကင်သို့ ခုန်တက် သွားလေသည်။
" ထွက် သွား စမ်း ။ "
အသူရာ အဖွဲ့ဝင် နှစ်ဦးက၊ လင်းယွန်ကို ဟန့်တားရန် ကြိုးစား လိုက်သော်လည်း၊ ပြန်လည်လွင့်စင် သွားကြ၏။
ရထားလုံး ပေါ်သို့၊ ပေါ့ပါးစွာ ဆင်းသက် လိုက်ပြီး၊ ချင်ယုကို လှည့်ပင် မကြည့်ဘဲ၊ ရှင်းယန်ကို ပွေ့ယူ လိုက်သည်။
ချင်ယု၏ မျက်ဝန်း များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ တောက်ပ လာပြီး၊ လှုပ်ရှား တော့မည့် အချိန်တွင်၊ သူ့ အပေါ်သို့ စူးစူး ရဲရဲ ကျရောက် လာသော မျက်ဝန်း နှစ်စုံကို၊ သတိပြု မိလိုက်သည်။
ကာကွယ်သူ မက်မွန်နှင့်၊ ဖီးနစ် ပန်းကလေး တို့ထံမှ ထွက်ပေါ် လာသော သတိပေး ချက်ကြောင့်၊ လင်ယွန်းကို တိုက်ခိုက်ရန် အကြံ အစည်အား၊ ဖယ်ရှား ပစ်လိုက် ရသည်။
နောက်ဆုံးတွင် သူ၏ သတို့ သမီးကို ခေါ်ဆောင် သွားသော လင်းယွန်အား၊ အတိုင်းသား ကြည့်နေ လိုက်ရ လေသည်။
ဤမျှ အရှက် ရဖွယ် အဖြစ် အပျက်မျိုး၊ မခံစား ခဲ့ရ ဖူးပေ။ သည်အခြေ အနေ၌၊ သူ တက်နိုင် သည်များ မရှိ တော့သည် ဖြစ်ရာ၊ လည်ချောင်း ဝမှ သွေးများ ပျို့တက် လာ၏။
မျက်နှာ တစ်ပြင်လုံး နီရဲလာ ပြီးနောက်၊ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် များကို၊ ထိန်းမရ တော့ဘဲ၊ သွေးများ အန်ချ လိုက်ရ တော့သည်။
***