← Chapters

စိတ်ငြိမ် သက်မှု။

Vol. 30 Ch. 413

စိတ်ငြိမ် သက်မှု။

Vol. 30 Ch. 413

ရထားလုံး ပေါ်သို့၊ ပေါ့ပါးစွာ ဆင်းသက် လိုက်ပြီး၊ လင်းယွန်က ရှင်းယန်ကို ပွေ့ယူ လိုက်သည်။

ဤမျှ အရှက် ရဖွယ် အဖြစ် အပျက်မျိုး၊ ချင်ယုက မခံစား ခဲ့ရ ဖူးပေ။ သည်အခြေ အနေ၌၊ သူ တက်နိုင် သည်များ မရှိ တော့သည် ဖြစ်ရာ၊ လည်ချောင်း ဝမှ သွေးများ ပျို့တက် လာ၏။

မျက်နှာ တစ်ပြင်လုံး နီရဲလာ ပြီးနောက်၊ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် များကို၊ ထိန်းမရ တော့ဘဲ၊ သွေးများ အန်ချ လိုက်ရ တော့သည်။

သွေး တစ်လုတ်ကို အန်ချ ပြီးနောက်၊ ချင်ယု၏ အသား အရေမှာ၊ ပုံမှန် ပြန်ဖြစ် သွားသည်။

သူက လင်းယွန်ကို တည်ငြိမ်စွာ တစ်ချက် ပြန်ကြည့် လိုက်၏။

လင်းယွန်က ရှင်းယန်ကို ကာကွယ်သူ မက်မွန်ထံ ခေါ်ဆောင်သွား ခဲ့သည်။

ထိုမြင်ကွင်းကို လူအုပ် ကြီးက တိတ်ဆိတ်စွာ ကြည့်နေမိ ကြသည်။ သူတို့ ရင်၌ ခံစား ချက်များ ပြည့်လျှံ လာ၏။

အဖြစ်အပျက် များမှာ စစ်ပွဲ ဖြစ်လု နီးပါး ဆိုသော်လည်း၊ ဒဏ္ဍာရီ တစ်ပုဒ် သဖွယ် ပျော်ရွှင်စွာ အဆုံးသတ် သွားရသည်။

အစောပိုင်း ကာလတွင်၊ နှင်း မုန်းတိုင်း အတွင်း၌ လင်းယွန် သေမည်ဟု ထင်ကြ၏။ သို့သော် မင်းသားလေး တစ်ပါး ကဲ့သို့ ရှင်းယန်ကို ကယ်တင် နိုင်ခဲ့သည်။

ယင်းမှာ နှင်း ပုံပြင်လေး တစ်ပုဒ် သဖွယ်၊ မဟာချင် အင်ပါယာ တခွင် ပျံ့နှံ့ လာပေ တော့မည်။

၎င်းသည် လှပသော မင်းသမီး လေးကိုကောက်ကျစ်သော ဘုရင်ကြီးက သိမ်းယူရာ၊ သူရဲကောင်း လေးက လာရောက် ကယ်တင်ခြင်းနှင့် တူ၏။

“ ဒီလင်ယွန်းက တကယ့်ကို ကြောက်စရာကောင်းတယ်၊ သူက 'စွံ့အ' နေတယ်လို့ ငါတို့ အားလုံးက ထင်ခဲ့ ကြတယ်၊ ဒါပေမယ့် အဆုံးထိ ရပ်တည် ပြပြီး၊ အံ့အား သင့်ဖွယ်တွေ ယူဆောင် လာခဲ့တယ်။ ”

" ဒါက ဓားသမားရဲ့ စိတ်ဓာတ်ပဲ၊ သူ သေရမယ် ဒါပေမယ့် သူလာတယ်။ "

“ ခုနက အဖြစ် အပျက်ကို ပြန်တွေး ကြည့်တော့၊ မင်းသွေးတွေ ပွက်ပွက်ဆူ သွားတယ် မဟုတ်လား၊ ဒီလူငယ်က တကယ့်ကို ရဲရင့်ပြီး၊ လေးစား စရာ ကောင်းပါတယ်။ ”

“ ဟား ဟား ဟား၊ အိမ်ရှေ့မင်းသား သွေးအန်တာ မင်းတို့ မြင်လိုက်လား၊ ပါရမီရှင် ရှစ်ပါး ထဲက တစ်ပါး ဖြစ်တဲ့၊ အင်ပါယာရဲ့ အမွေဆက်ခံသူ အနေနဲ့၊ သူရဲ့ သတို့ သမီး ကိုတောင် မကာကွယ် လိုက်နိုင်ဘူး။ "

“ ငါ သူ့ကို ထောက်ကူ ပေးရမယ်၊ ငါသာ ဆိုရင် သွေးအန် ရုံနဲ့၊ ရမှာ မဟုတ်ဘူး .... ဟား ဟား ဟား။ ”

“ ဒါနဲ့ ပြောရရင် နဂါး တံခါး ပြိုင်ပွဲက တစ်လပဲ လိုတော့တယ်၊ ဒီနှစ်တော့ စိတ်ဝင် စားစရာဖြစ်မယ် ထင်ပါတယ်၊ လင်းယွန်နဲ့ ဘိုင်လိရွှမ်ကြားက၊ ရန်ငြိုးက ဒီနေ့ ပြီးဆုံး သွားပုံ မရ သေးပါဘူး။ ''

လင်းယွန်၏ မိုက်ရူးရဲ ဆန်သော အသွင် သဏ္ဌန်သည်၊ လူတိုင်း၏ မျက်လုံး ထဲ၌ ကြီးကျယ် ခမ်းနား လာဟန် ရှိသည်။

ယနေ့ ပြီးနောက်၊ လင်းယွန်၏ အမည်မှာ မဟာချင် အင်ပါယာ တစ်ခွင်၊ ပျံ့နှံ့ သွားတော့မည် ဖြစ်သည်။

အိမ်ရှေ့ မင်းသား မင်္ဂလာ ပွဲကို ဓားဆွဲပြီး၊ ဟန့်တား ဝံ့သော ဇာတ်လမ်းမှာ လူငယ် များကြား၊ အားကျဖွယ် ဖြစ်လာ နိုင်၏။

ထို့ကြောင့် ရှင်းယန်ကို ပွေ့ချီသွား သည်ကို မြင်သည်နှင့်၊ လူ အများက ခံစား ချက်များ ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ ပြသ ခဲ့သော ခွန်အားအရ၊ သဘာဝ အတိုင်း ၎င်းတွင် ပါဝင်ရန်၊ အရည် အချင်း ပြည့်မီသည်။

ဆိုလို သည်မှာ ပါရမီရှင် ရှစ်ပါး အတွင်း၊ ဝင်ရောက် နိုင်ဖို့၊ အခွင့် အရေး ရှိပေသည်။

နောက်ဆုံးတွင်၊ လွင့်မျော နေသော ရေခွက်မှာ နှစ်ကုန် နဂါး တံခါး ပြိုင်ပွဲတွင် မပါဝင် တော့သဖြင့်၊ ယှဉ်ပြိုင်ရန် လူတိုင်း အတွက် ခွဲတမ်း တစ်ခု ရှိလာသည်။

" အရှင် မင်းသား၊ မင်းမှာ ပြောစရာ ရှိသေးလား။ "

လင်းယွန် လက်ထဲရှိ ရှင်းယန် အပေါ်၊ ပိတ်ဆို့ထားမှုများ အလုံးကို၊ ကာကွယ်သူ မက်မွန်က ဖယ်ရှား ပေးလျက်မှ မေးလိုက်သည်။

သူ၏ စိတ်တည်ငြိမ် မှုကို ပြန်လည် ရရှိသွားသော ချင်ယုက၊ ရထားလုံး ပေါ်မှ ခုန်ဆင်းကာ၊ မတ်တပ် ထရပ်ရန် ဘိုင်လိရွှမ်အား ကူညီပေးလိုက်၏။

“ ဒီအတွက် မင်းကိုယ်မင်း အပြစ်တင် စရာ မလိုပါဘူး။ ”

ပြီးနောက် တည်တည် ငြိမ်ငြိမ်ပင်၊ ဘိုင်လိရွှမ်အား နှစ်သိမ့်၏။

" ကျေးဇူး တင်ပါတယ်။ "

ဘိုင်လိရွှမ်က ခံစားချက် မဲ့သော မျက်နှာဖြင့် တုန့်ပြန် သည်။ သည်တစ်ကြိမ် ရှုံးနိမ့် မှုမှာ၊ သူ့ အတွက် ကြီးမားသော၊ ထိုးနှက်ချက် ပေပင်။

ရှက်ရွံ့ခြင်း မရှိ သော်လည်း၊ ယခင် နည်းအတိုင်း ထပ်မံ ရှုံးနိမ့်သွား သည့်အတွက်၊ ခံပြင်း သွားမိခြင်း ဖြစ်သည်။

သူ အနေဖြင့် အနည်းငယ် ယုံကြည်မှု လွန်ကဲသွား၏။ လင်းယွန်ကို လက်ဝါးဖြင့်၊ လွယ်လင့် တကူ ရိုက်သတ် နိုင်သော်လည်း၊ ဓားကို ရွေးချယ် မိသည်။

နောင်တသည် နောင်တသာ ဖြစ်ပြီး၊ ပလွှားမှု အတွက် တန်ဖိုး ပေးချေရ သည်မှာ၊ သဘာဝပင် ဖြစ်သည်။

သူတော်စင် ခန္ဓာသည် လှည့်စား၍ မရ နိုင်ဘဲ၊ သူ၏ အနာဂတ် အတွက်၊ အကန့် အသတ်မဲ့နိုင်သော်လည်း၊ ဖြစ်နိုင် ချေများ ကိုသာ၊ ကိုယ်စား ပြုသည်။

ချင်ယုက ခေါင်းညိတ် လိုက်ပြီး၊ သူ့ နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်ကာ၊ ကာကွယ်သူ မက်မွန်ကို မော့ကြည့် လိုက်၏။

" ငါ ပြောစရာ မရှိဘူး၊ အရှုံးက အရှုံး ပါပဲ၊ ကတိ ပေးထား ပြီးသား ဆိုတော့၊ ငါ့စကားကို ရုတ်သိမ်း စရာ မရှိ ပါဘူး။ "

ချင်ယုသည် ထိုသို့သော အနေ အထား မျိုးတွင် ကျရောက်နေ သော်လည်း၊ သူ၏ စိတ်တည်ငြိမ်မှုကို၊ ပြန်လည် ရယူ နိုင်ခဲ့သည်။

ဤနည်းဖြင့် သူ မရှုံးဟု၊ တခြား သူများ၏ အမြင်ကို၊ ရယူလို သောကြောင့် ဖြစ်သည်။

“ ဒါပေမယ့် ဒီနေ့ အတွက်တော့ ဒီကိစ္စကို မမေ့ ပါဘူး၊ လင်းယွန်ကို နဂါ တံခါး ပြိုင်ပွဲ အတွက်၊ စေလွှတ် ပေးမယ်လို့၊ မျှော်လင့် မိပါတယ်။ ”

ချင်ယုက နှုတ်ခမ်း လှုပ်ရုံသာ ပြုံးလျက်ဆိုသည်။ သူက လင်းယွန်ကို လေးလေး နက်နက် တစ်ချက်ကြည့် လိုက်ပြီး၊ လက်အား ဝှေ့ယမ်းကာ၊ "သွား ရအောင်" ဟုဆို လိုက်၏။

ချင်ယုနှင့် သူ့အဖွဲ့ ထွက်ခွာသွား သော်လည်း၊ ပရိသတ် များက ရပ်ကြည့် နေကြဆဲ ဖြစ်သည်။ သူတို့ အားလုံး၏ မျက်ဝန်း များက၊ လင်းယွန် အပေါ် နက်နက် ရှိုင်းရှိင်း ကျရောက် နေပေ၏။

ဤတိုက်ပွဲတွင် လင်းယွန်၏ ဇွဲ လုံးလနှင့်၊ စိတ်အား ထက်သန် မှုကို၊ သူတို့ မြင်တွေ့ ခဲ့ရသည်။ နက်နဲ သွေးပြန်ကြော ပြတ်တောက် သွားသော်လည်း၊ အားကောင်းဆဲ ဖြစ်သည်။ လျှော့တွက်၍ မရပေ။

အစော ပိုင်းတွင် ချင်ယု ပြသ ခဲ့သော အပြုံး အရ၊ ဤကိစ္စ သည်နေရာတွင် မပြီး သေးဘဲ၊ နဂါး တံခါး ပြိုင်ပွဲ၌ ဖြေရှင်း မည်ဟု အဓိပ္ပါယ် ရသည်။

လင်းယွန်သာ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခြင်း မရှိပါက၊ အဆင် ပြေမည်။ နို့မဟုတ် ပါက ချင်ယု၏ သတ်ခြင်းကို ခံရ နိုင်သည်။

ထိုအချိန်တွင် ပျံသန်း နေသော ငှက်မွေး ဟူသည့် ဂုဏ်ပုဒ် အောက်၌၊ တရားဝင် ပြုလုပ် နိုင်မည် ဖြစ်သည်။

ဘိုင်လိရွှမ်က ကာကွယ်သူ မက်မွန်ကို လက်ဝှေ့ယမ်း ဦးညွှတ်ကာ၊ ထွက်ခွာ သွားတော့သည်။

တစ်ချိန်တည်း မှာပင်၊ လျှို့ဝှက်သော မျက်နှာ ဖုံးရှင် သည်လည်း၊ ထွက်ခွာရန် ပြင်လိုက်ရာ၊ လင်းယွန်က လှမ်းကြည့် လိုက်ပြီး၊

" မင်း ဘယ်သူလဲ ဆိုတာ၊ ငါသိခွင့် ရှိနိုင် မလား၊ ဒီနေ့ ကျေးဇူးကို သေချာ ပြန်ဆပ် ပါ့မယ်။ "

လျှို့ဝှက်သော မျက်နှာဖုံး ရှင်က၊ လင်းယွန်အား ပြန်လှည့် ကြည့်ကာ ပြုံးလိုက်သည်။

" လင်းယွန်၊ ငါ့ကို ဘယ်သူလို့ မင်းထင်လဲ။ "

လွင့် မျော နေသော ရေခွက်။ လွင့်မျော နေသော ရေခွက်က သူ့ အသံကို၊ ကွယ်ဝှယ် ထားခြင်း မရှိ တော့ဘဲ၊ ပြန်မေး လာခဲ့သည်။

လင်းယွန်က ချက်ချင်း မှတ်မိ သွားသည်။ဆံပင် အတုထံ တစ်ချက် ကြည့်ကာ၊ မျက်နှာဖုံး တပ်ဆင် ထားရသည့် အကြောင်း ရင်းကို၊ နားလည် သွား၏။

ဆိုလို သည်မှာ ထာဝရ မြင့်မြတ် ခြင်းဂိုဏ်း အပေါ်၊ ဒုက္ခ မရောက် စေလို သောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်၊ လွင့်မျော နေသော ရေခွက် အနေဖြင့်၊ အိမ်ရှေ့ မင်းသားကို ဆန့်ကျင်ရာတွင်၊ သတိ ထားရန် မှတပါး ရွေးချယ် စရာ မရှိပေ။

သို့ရာတွင် အိမ်ရှေ့ မင်းသားက၊ လက်သီးကို ကြည့်ကာ၊ လွင့်မျော နေသော ရေခွက် ဖြစ်ကြောင်း၊ အသိ အမှတ် ပြုထား ပြီးသား ဖြစ်သည်။

" ဖီးနစ် ပန်းကလေး၊ မင်းရဲ့ အကူ အညီအတွက် ကျေးဇူး တင်ပါတယ်။ "

ကာကွယ်သူ မက်မွန်က ဓားနန်းတော် ကိုယ်စား၊ ဖီးနစ် ပန်းကလေးကို ကျေးဇူးတင်စကား ဆိုသည်။

“ ငါ့ကို ကျေးဇူးတင် နေစရာ မလိုပါဘူး၊ အနာဂတ်မှာ ဓားနန်းတော် ဆီက အကူ အညီလို လိမ့်မယ်၊ ပြီးတော့ ရှင်းယန်နဲ့ ငါ့ကို မိတ်ဆွေတွေ အဖြစ်၊ သတ်မှတ် နိုင်ပါတယ်။ "

ဖီးနစ် ပန်းကလေး၏ စကား များက ငြိမ်သက် နေပြီး၊ ဖုံးအုပ် ထားသော ပိုးပုဝါ နောက်ကွယ်ရှိ၊ သူမ အတွေးများ အပေါ်၊ မည်သူမှ မခန့်မှန်း နိုင်ပေ။

လင်းယွန် ဘက်သို့ လှည့်ကြည့် လိုက်သော၊ သူမ၏ အကြည့် များတွင် ရှုပ်ထွေး နေ၏။ တစ်ချိန် တည်းမှာပင် စိုးရိမ် ပူပန် နေပုံလည်း ရသည်။

အချိန် အတော်ကြာ တွေဝေ နေပြီးနောက်၊ သူမ၏ မျက်လုံး များတွင် စိတ်ပျက် သွားသော၊ ခံစား ချက်များ အရိပ် အမြွက် ထွက်ပေါ် လာသည်။

အဆုံးတွင် အကြည့်ကို ပြန်ရုတ် သိမ်းကာ၊ “ပြန်ကြ ရအောင်” ဟု ဆိုလိုက်၏။

" မင်းသမီးလေးက မင်းကို လေးလေး နက်နက် စွဲလန်း နေပုံ ရတယ်။ "

ရှင်းယန်က ဘေးမှ နေ၍ တစ်ချိန်လုံး အကဲခတ် နေရာမှ ပြုံးစိစိဖြင့်၊ ရေရွတ် လိုက်သည်။

ဖီးနစ် ပန်းကလေး၏ အကြည့် ထံမှ၊ တစ်စုံ တစ်ရာကို ဖမ်းဆုပ် နိုင်ခဲ့ သော်လည်း၊ လင်းယွန်က ၎င်းကို တိကျ သေချာခြင်း မရှိ လိုက်ချေ။

ထို့ကြောင့်ပင် အတွေး များအား ရှင်းထုတ်ပစ် လိုက်ကာ၊ ရုတ်တရက် ရှင်းယန်ဘက် လှည့်လိုက်ပြီး၊

“ စီနီယာ အစ်မ၊ မင်း ဆုံးဖြတ်ချက် တစ်ခုခု ချရင်၊ နောက်တစ်ကြိမ် ပြန်စဉ်းစား ပေးလို့ ရမလား .... ”

ဟု ဆိုလိုက်သည်။ ပြီးနောက်၊

'' ငါတင် မကဘူး၊ မင်းအတွက် စိတ်ပူ နေတဲ့ သူတွေ အများကြီး ရှိတယ်။ ”

" စီနီယာ အစ်မ ရှင်းယန် ... "

ရတနာ တောင်ကုန်း၏ တပည့်များက ရွှင်မြူး စွာဖြင့် ပြေးလာ ကြသည်။

သူနှင့် ရင်းနှီးသော မျက်နှာ များကို မြင်လိုက် ရသောကြောင့်၊ ရှင်းယန်၏ မျက်ဝန်းများ စိုစွတ် လာသည်။ နှုတ်ခမ်းကို ကိုက်လျက်၊ မျက်ရည် များအား၊ ထိန်းထား လိုက်ရသည်။

" သွားရအောင်၊ ငါတို့ ပြန်ဖို့ အချိန် တန်ပြီ။ ”

ကာကွယ်သူ မက်မွန်က ပြုံးကာ ဆိုလိုက် လေသည်။ လင်းယွန်ဘက် လှည့်ကြည့် လိုက်သော အခါတွင် သူ့ အပြုံးမှာ၊ ပျောက်ကွယ် သွားပြီး၊

" မင်းက သူခိုးကြီး အဆင့်ကို၊ အမဲလိုက် ရမယ့် အစား၊ ဒီကို ဘာလာ လုပ်တာလဲ ဆိုတာ၊ ဖြေရှင်းချက် ပေးဖို့ စဉ်းစား ထားပါ။ ''

ကာကွယ်သူ မက်မွန်၏ ငေါက်ငမ်း သံကြောင့်၊ လင်းယွန်က အဆင် မပြေသော အပြုံး ဖြင့်သာ တုံ့ပြန် နိုင်ခဲ့သည်။

ထိုအချိန်တွင် မြင့်မားသော ခေါင်မိုး တစ်ခု ပေါ်သို့၊ လူရိပ် နှစ်ရိပ် ပေါ့ပါးစွာ ဆင်းသက် လာပြီး၊ ဧကရာဇ် နန်းတော်ကို မျှော်ကြည့် လိုက်၏။

ထိုလူရိပ် နှစ်ရိပ်ကို လင်းယွန်သာ မြင်မိ ပါက၊အံသြ သွားပေမည်။ အဆိုပါ ပုံရိပ် နှစ်ရိပ်မှာ၊ နန်းတော် သခင် ဂျင်ရွှမ်းဟီနှင့် သခင် (၁၃) တို့ ဖြစ်သည်။

“ ဆယ့်သုံး၊ ဟိုတုန်းက မင်းပြော ခဲ့တာကိုမှတ်မိ သေးလား၊ ဓားသင်္ချိုင်း တောအုပ် ကနေ၊ ခြေ တစ်လှမ်းမှ မထွက်ဖူး ဆိုတာ ... ”

ဂျင်ရွှမ်းဟီက လှောင်ရိပ် စွန်းသော ပြုံးဖြင့်၊ သခင် ဆယ့်သုံးကို လှမ်းကြည့်သည်။

“ သူ့ကို ကာကွယ် မယ်လို့ ငါကတိ ပေးခဲ့တယ်၊ ဒါကြောင့် သူသေ တာကို သဘာဝ အတိုင်း ကြည့်မနေ နိုင်ဘူး၊ ငါသာ မရှိရင် 'သွေးဝတ်ရုံ သက်တော် စောင့်' တွေကို၊ မင်း တစ်ယောက်တည်း ထိန်းထား နိုင်မယ်လို့၊ တကယ် ထင်နေ တာလား ..... ဟမ့်။ ''

သခင် ဆယ့်သုံးက ပြန်လည် ဟစ်အော် လိုက်၏။

" ဘယ်သူ သိနိုင် မလဲ။ "

ဂျင်ရွှမ်းဟီက သူ့ မုတ်ဆိတ်ကို ဟန်ပါပါ ရိုက်ယူ လိုက်သည်။ ပြီးနောက်။

“ ဒါပေမယ့် ဧကရာဇ် အိုကြီးက ဉာဏ် ကောင်းတယ်၊ သူ့သားကို မဆင် မခြင် ပြုမူဖို့ ခွင့်မပြု ခဲ့ဘူး၊ လွန်ခဲ့တဲ့ ဆယ်နှစ် တုန်းက၊ ဓား တစ်လက်က သူ့ကို သင်ခန်းစာ ပေးနိုင် ခဲ့ ပုံ ပါပဲ။ ”

ဂျင်ရွှမ်းဟီ၏ လေသံမှာ အနည်းငယ် စိတ်ပျက် သွားသည်။ လွန်ခဲ့သော ဆယ်နှစ် အချိန်က ကာကွယ်သူ မက်မွန်သည်၊ ယနေ့ ကဲ့သို့ ပြတ်ပြတ် သားသား ရပ်တည် နိုင်ခြင်း မရှိ ခဲ့ပေ။

ထို့ကြောင့် သူက အင်ပါယာတွင် ဆယ်စုနှစ် တစ်ခုတိုင်၊ အချိန်ဖြုန်း နေခဲ့ ရခြင်း ဖြစ်သည်။

" ဒီဆယ်နှစ် အတွင်းမှာ၊ မင်း ကောင်းကောင်း ရိပ်သိမ်း နိုင်ခဲ့ပုံ ရတယ် ..."

သခင် ဆယ့်သုံးက ဂျင်ရွှမ်းဟီကို မျက်မှောင် ကြုတ်ကာ ကြည့်လိုက် လေသည်။

“ မင်းလည်း မဆိုး ပါဘူး၊ ဓားသင်္ချိုင်း တောအုပ် ထဲမှာ ရှိတဲ့၊ ဘိုဘေး ဝူမင်ရဲ့ လျှို့ဝှက် ချက်တွေကို၊ နားလည် နိုင်လု ပြီလို့ ငါ ယုံကြည်တယ်။ ''

နှစ်ယောက်သား အပြန် အလှန် ပုတ်ခတ် ပြောဆို နေကြ စဉ်တွင်၊ လူနှစ်ယောက် ထပ်မံ ရောက်ရှိ လာသည်။

ထိုသူ နှစ်ယောက်မှာ၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းနှင့် လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း တို့၏ ဂိုဏ်းချုပ်များ ဖြစ်လေသည်။

ဂျင်ရွှမ်းဟီနှင့် သခင် (၁၃) တို့ကို၊ အတူတူ တွေ့လိုက် ရသောကြောင့်၊ နှစ်ဦးသား ထိတ်လန့် သွားကြသည်။

" သခင် ဆယ့်သုံး ......"

ဂိုဏ်းချုပ်ကြီး နှစ်ပါးက၊ သခင် ဆယ့်သုံးကို လက်ဝှေ့ယမ်း နှုတ်ဆက် လိုက်ကြသည်။

သခင် ဆယ့်သုံး၏ အမူ အရာမှာ၊ ပြောင်းလဲခြင်း မရှိဘဲ ခေါင်းညိတ် ပြရုံ ဖြင့်သာ တုံ့ပြန် ခဲ့သည်။

သူတို့ နှစ်ယောက် ရောက်ရှိ လာသည်ကို၊ ဂျင်ရွှမ်းဟီ မအံ့သြ မိပေ။ ဤမျှ အုတ်အော် သောင်းနင်း ဖြစ်လာ ပြီးနောက်၊ သူတို့ မလာမှ သာလျှင်၊ ထူးဆန်း နေပေ လိမ့်မည်။

မဟာဂိုဏ်း ကြီးများ အနေနှင့် တပည့်များကြား ပြိုင်ဆိုင် မှုများ ပြင်းထန်လှ သော်လည်း၊ အလွန် လေးနက်သော ကိစ္စ များတွင်၊ စည်းလုံးခဲ့ ကြ၏။

“ အိမ်ရှေ့ မင်းသားကို 'သန့်စင်သော ယန် နန်းတော်'က၊ ထောက်ခံ ပေးခဲ့လို့ တော်တော့်ကို ခံပြင်း နေရတာ၊ ဒီ ကြားထဲ အသူရာ အဖွဲ့က ငါတို့ရဲ့ ဂိုဏ်းတွေ ထဲကို၊ အတား အဆီး မရှိ စိမ့်ဝင် နေတာကြောင့်၊ တစ်ယောက် ယောက်က သူ့ကို သင်ခန်းစာ တစ်ခု သင်ပေးမယ့် အချိန်ကို စောင့်နေတာ .... ။ ”

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြုံးကာ ဆိုလိုက်သည်။

သန့်စင်သော ယန် နန်းတော်သည်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ၏ အုပ်စိုးရှင် ဂိုဏ်းကြီး ကိုးဂိုဏ်း ထဲမှ တစ်ဂိုဏ်း ဖြစ်၏။

၎င်းတို့သည် မဟာချင် အင်ပါယာကို သွေးချောင်း စီးစေ ပြီးနောက်၊ အလွယ် တကူ ထွက်ခွာ သွားနိုင်သော၊ အင်ပါယာထက် သာလွန်သည့် တည်ရှိ မှုမျိုး ဖြစ်သည်။

လင်းယွန်နှင့် ကျန်သူများ အနေဖြင့်၊ ချင်ယု၏ နောက်ခံ အကြောင်း သိပါက၊ အံ့သြ သွားမည် ဖြစ်သည်။ ဂိုဏ်းချုပ် ကြီးများ အတွက်မူ သိပ် ထူးခြားဟန် မပြပေ။

" သန့်စင်သော ယန် နန်းတော်က သူ့ကို ပံ့ပိုး ပေးတာ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ ဒါပေမယ့် မင်းသမီးကို ဘယ်သူက ထောက်ခံ နေတာလဲ၊ ဒီ အကြောင်းကို တစ်ယောက် ယောက် သိလား။ "

ဂျင်ရွှမ်းဟီက မေးသည်။

" သူမကို မမြင် ရဘူး။ "

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းယမ်းကာ ပြန်ဖြေသည်။ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းချုပ်က၊ အချိန် အတော်ကြာ ငြိမ်သက်သွား ပြီးနောက်၊

'' ငါ သိထားတာ အချို့ ရှိတယ်၊ ဒါပေမယ့်သက်သေ မပြ နိုင်ဘူး၊ သေချာ တာကတော့ ဒီမင်းသမီး လေးရဲ့ နောက်ခံက၊ ငါတို့ အားလုံး စိတ်ကူး ထားနိုင် တာထက်၊ ပို သန်မာတယ်။ ”

သူ့စကားက လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေ ခဲ့သည်။ သန့်စင်သော ယန် နန်းတော်သည်၊ ကြောက်စရာ ကောင်း လောက်အောင် သန်မာ လှသော်လည်း၊ မင်းသမီးလေး၏ နောက်ခံမှာ ၎င်းတို့ ထက်ပင်၊ ပိုနေခဲ့ ပေသည်။

***

All Chapters