ပုံပြင် တစ်ပုဒ်။
Vol. 30 Ch. 414
" ချင်ယုရဲ့ နောက်ခံက အံ့သြ စရာတော့ မဟုတ် ပါဘူး၊ ဒါပေမယ့် မင်းသမီးကို ဘယ်သူက ထောက်ခံ နေတာလဲ၊ ဒီ အကြောင်းကို တစ်ယောက် ယောက် သိလား။ "
ဂျင်ရွှမ်းဟီက မေးသည်။ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းချုပ်က၊ အချိန် အတော်ကြာ ငြိမ်သက်သွား ပြီးနောက်၊
'' ငါ သိထားတာ အချို့ ရှိတယ်၊ ဒါပေမယ့်သက်သေ မပြ နိုင်ဘူး၊ သေချာ တာကတော့ ဒီမင်းသမီး လေးရဲ့ နောက်ခံက၊ ငါတို့ အားလုံး စိတ်ကူး ထားနိုင် တာထက်၊ ပို သန်မာတယ်။ ”
သူ့စကားက လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေ ခဲ့သည်။ ဆိုလို သည်မှာ သန့်စင်သော ယန် နန်းတော် ထက်ပင်၊ မင်းသမီး လေး၏ နောက်ခံက သန်မာ သည်ဟု အဓိပ္ပါယ်ရ ပေသည်။
***
ဓားနန်းတော်သို့ ပြန်ရောက် သည်နှင့်၊ ကာကွယ်သူ မက်မွန်က လင်းယွန်မှ လွဲ၍ လူတိုင်းကို၊ ထွက်ခွာ သွားရန် ဆိုလိုက်သည်။
ရှင်းယန်က လက် နှစ်ဘက်ကို၊ တင်းတင်း ဆုပ်လိုက်ပြီး၊
“ ကာကွယ်သူ မက်မွန် ကျေးဇူး ပြုပြီး၊ သူ့လုပ်ရပ် အတွက် ဂျူနီယာ မောင်လေးကို အပြစ် မတင် ပါနဲ့၊ ဒီကိစ္စကို ရှင်းယန် တာဝန် ယူပါမယ်။ ”
ဤအရှုပ် အထွေးသည် အင်ပါယာနှင့်၊ စစ်မက် ဖြစ်လု နီးနီး ပြင်းထန် ခဲ့သည်။ စစ်ပွဲ ဖြစ်ပွား သွားပါက၊ လူပေါင်း များစွာ သေဆုံး နိုင်ပြီး၊ ဓားနန်းတော် သည်လည်း၊ ပျက်သုဉ်း သွား နိုင်၏။
ထိုရလဒ်သည် စိတ်ကူး မယဉ် နိုင်ဘဲ၊ လင်းယွန်၏ အမိန့်ကို မနာ ခံသောကြောင့် ဖြစ်လာ ရခြင်း ဖြစ်သည်။
ထို့ကြောင့် ကာကွယ်သူ မက်မွန် သည်သာ၊ အဆိုပါ ပြဿနာကို မီးခိုး ကြွက်လျှောက် စစ်ဆေးမည် ဆိုပါလျှင်၊ လင်းယွန်မှာ ပြစ်ဒဏ်မှ လွတ်ကင်း နိုင်မည် မဟုတ်ပေ။
" ကာကွယ်သူ မက်မွန် ....၊ လင်းယွန်ကို အပြစ် မတင် ပါနဲ့၊ တင်စရာ ရှိရင် အိမ်ရှေ့ မင်းသား ကိုသာ အပြစ် တင်ပါ၊ သူက ကောက်ကျစ် လွန်းတယ်။ ”
" ဒါအမှန် ပါပဲ စီနီယာ အစ်ကို လင်းက အပြစ် မရှိပါဘူး။ ”
လင်းယွန်ကို အပြစ် ပေးတော့ မည်ဟု ခံစား မိသော အခါ၊ ရတနာ တောင်ကုန်း အဖွဲ့ဝင် များက၊ ဝင်ရောက် တောင်းဆိုလာ ကြသည်။
“ ဒီကိစ္စ အတွက် ဒီတပည့်မှာ အပြည့် အဝ တာဝန် ရှိပါတယ်၊ ဒါက အစ်မနဲ့ ဘာမှ မဆိုင် ပါဘူး။ ”
လင်းယွန်က သူ့ကိုယ်သူ ဆင်ခြေ ပေးရန် မကြိုး စားခဲ့ပေ။ ဖြစ်ခဲ့ ပြီးနောက် သူ့တာဝန် သူ ယူရ ပေမည်။
" တိတ် စမ်း.... လင်းယွန်နဲ့ ပတ်သတ်ပြီး၊ ဘာလုပ် ရမယ်၊ မလုပ် ရဖူး ဆိုတာ ငါဆုံးဖြတ် ရမဲ့ ကိစ္စပဲ၊ မင်းတို့က ငါ့ ဆုံးဖြတ် ချက်ကို စွက်ဖက်ဖို့၊ ဘယ်အချိန် ကတည်းက အရည် အချင်း ရှိလာ တာလဲ။ "
ကာကွယ်သူ မက်မွန်က၊ အေးစက်စွာ အော်ငေါက် လိုက်သည် ကြောင့်၊ အသံများ ချက်ချင်း တိတ်ကျ သွားသည်။
သူက ရှင်းယန်ကို တစ်ချက် ကြည့်လိုက်ပြီး၊ နွေးထွေးသော အမူအရာဖြင့်၊
" ရှင်းယန် ....၊ မင်း အရင် သွားနှင့်ပါ၊ မင်းအတွက် ခက်ခဲ သွားရပြီ၊ ကောင်းကောင်း အနား ယူပါ၊ ...လင်းယွန် ငါနဲ့ လိုက်ခဲ့ ...။ ”
လင်းယွန် အလှည့် ရောက်သော အခါ၊ ကာကွယ်သူ မက်မွန်၏ လေသံမှာ၊ ဖော်ရွေမှု မရှိ တော့ပေ။ လင်းယွန်အား တုန်ပြန်ခွင့် မပေး တော့ဘဲ၊ လှည့်ထွက် သွားသည်။
" အားလုံးပဲ စီနီယာ အစ်မ ရှင်းယန်ကို ဂရုစိုက်ပေးပါ၊ ငါအရင် သွားနှင့် လိုက်မယ်။"
လင်းယွန်က နှုတ်ဆက်ကာ၊ ကာကွယ်သူ မက်မွန်နောက်သို့ အလျင် အမြန် ပြေးလိုက် သွား၏။
ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင်များ တဖြည်းဖြည်း ပြောင်းလဲလာ သည်ကို၊ သတိ ထားမိ လာသည်။
တစ်ချိန် တည်းမှာပင် ရင်းနှီးသော ပတ်ဝန်းကျင် အရ၊ ကာကွယ်သူ မက်မွန်၏ နေအိမ်သို့ သွားနေကြောင်း သိလိုက် ရ၏။
လွန်ခဲ့သော တစ်နှစ်ခွဲ ခန့်က၊ မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲ အပြီးတွင်၊ ဤနေရာသို့ ရောက်ရှိ ခဲ့ဖူးသည်။
လိုရာ ခရီးသို့ ရောက်ရှိ ဖို့ရန်၊ အချိန် သိပ်မကြာ လိုက်ပေ။ ပတ်ဝန်းကျင် တစ်ခုလုံး မက်မွန်ပင် များဖြင့်၊ ပြည့်နှက် လာကာ၊ လေထု ထဲတွင် သက်တောင့် သက်သာ ဖြစ်စေသော၊ ခံစား ချက်များ ပါရှိ နေသည်။
ဤနေရာရှိ ဝိညာဉ် စွမ်းအင်သည် အလွန် သိပ်သည်းပြီး၊ မြူခိုးများ အဖြစ်ပင် ဖြစ်ပေါ် နေပေ၏။
ထိုစဉ်က ခုတ်လှဲ ခဲ့သော မက်မွန်ပင် များကို ပြန်သတိရ သွားသော အခါတွင်၊ အပြစ် ရှိသလို ခံစား ရသောကြောင့်၊ လင်းယွန်က ပို၍ပင် တိတ်ဆိတ် သွားတော့သည်။
တောင်အတု များကို ဖြတ်ကာ၊ ရေကန် တစ်ကန်သို့ အရောက်တွင် ကာကွယ်သူ မက်မွန်က ခြေလှမ်းများ ရပ်သွားသည်။
ရေကန် မျက်နှာပြင် တစ်ခုလုံး ပန်းပွင့် များဖြင့် ဖုံးလွှမ်း နေပြီး၊ ရေကန် အောက်ခြေအား ကြည်လင်စွာ ဖြတ်၍ မြင်နေ ရ၏။
ဤနေရာ၌ သုံးရက်ကြာ ကျင့်ကြံ ထားခဲ့ဖူး သောကြောင့်၊ လင်းယွန်က ကောင်းစွာ မှတ်မိ နိုင်သည်။
ရေက အေးစက် နေပြီး၊ ဝိညာဉ် စွမ်းအင်များ ကြောင့်၊ ဖြစ်ပေါ် လာသော မြူခိုး များဖြင့် ဖုံးလွှမ်း နေ၏။ ဤသည်မှာ စစ်မှန်သော ဝိညာဉ် ရေကန် တစ်ကန် ဖြစ်သည်။
" မင်းကို ဘာလို့ ဒီခေါ်လာ တာလဲ သိလား။ "
ကာကွယ်သူ မက်မွန်က လင်းယွန်ကို၊ ကျောခိုင်း ထားလျက်မှ မေးလိုက်သည်။
“ မ သိ ပါ ဘူး။ ”
ကာကွယ်သူ မက်မွန် အနေဖြင့်၊ သူ့အား အပြစ် ပေးမည် မဟုတ်ကြောင်း သိနေခဲ့ သော်လည်း၊ မည်သို့သော ရည်ရွယ်ချက် ရှိနေ မည်ကို ခန့်မှန်း၍ မရခြေ။
" ငါ့မှာ ပုံပြင် တစ်ပုဒ် ရှိတယ်၊ မင်း နားထောင် ချင်လား .... "
" ဟုတ်ကဲ့.... ''
လင်းယွန်က ခေါင်းညိတ် လိုက်သည်။
“ အခု ဘယ်က စရ မလဲ …”
ကာကွယ်သူ မက်မွန်က ရေကန်ကို ကြည့်ကာ၊ သက်ပြင်းချ လိုက်သည်။
“ ... လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက် ရှိနိုင် မလဲ၊ မမှတ်မိ တော့ဘူး …၊ နှစ်ပေါင်း နှစ်ဆယ် ဒါမှ မဟုတ်၊ သုံးဆယ် လောက်တော့ ရှိမယ် ထင်တယ်၊ ဘာပဲ ဖြစ်ဖြစ် ထားလိုက်ပါ၊ အဲ့ဒီ အချိန် တုန်းက၊ မင်းနဲ့ ဘိုင်လိရွှမ်ထက် အရည် အချင်း မနိမ့်တဲ့၊ ပါရမီရှင် တစ်ယောက်၊ ဓားနန်းတော်မှာ ရှိခဲ့ ဖူးတယ်။ "
ထိုစကားကို ကြားလိုက် ရသော အခါ လင်းယွန်၏ နှလုံးသား တုန်လှုပ် သွားသည်။ ထိုလူမှာ ရှင်းယန်၏ ဖခင် ဖြစ်နိုင်၏။
“ သူက အင်ပါယာထက် ပိုကြီးတဲ့ ကမ္ဘာ တစ်ခုကို သွားချင် ပေမယ့်၊ သူ့ ဘိုးဘေးက စစ်သားဆိုတော့ ဂိုဏ်းက ထွက်ပြီး၊ စစ်တပ်ထဲ ဝင်လိုက် ရတယ်၊ ထက်မြက်တဲ့ သူ ဖြစ်တာကြောင့်၊ စစ်တပ်ကို ဦးဆောင်ရာ မှာလည်း၊ အောင်မြင် မှုတွေ ရယူ ပေးနိုင် ခဲ့တယ်၊ .... ''
'' ... အင်ပါယာမှာ ရှိတဲ့၊ ခရိုင် တစ်ရာ ထဲက၊ ခရိုင် ဆယ်ခုကို၊ သိမ်းပိုက် ပေးနိုင် ခဲ့တယ်၊ သူ့လက်မှာ စစ်တပ်က လျင်မြန်စွာ ကြီးထွား လာကြောင့်၊ သိပ် မကြာခင် မှာပဲ နတ်ဘုရား အစောင့် တပ်ရဲ့၊ တပ်မှူး အဖြစ် တိုးမြှင့် ခံလာ ရတယ်၊ .... ''
'' ..... ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်က၊ ဧကရာဇ် မင်းက ဂိုဏ်းအသီး သီးရဲ့၊ နောက်ခံကို ရယူ ထားနိုင်တဲ့ ဗိုလ်ချုပ် တွေကို၊ တစ်ည ထဲနဲ့ သန့်စင် ခဲ့တယ်၊ အဲ့ဒီ စာရင်းထဲမှာ သူကပါခဲ့ပြီး၊ သူပုန် တစ်ဦး အဖြစ် သတ်မှတ်ခံ ခဲ့ရတယ်၊ ဒါက ရယ်စရာ ကောင်းမနေ ဖူးလား၊ ..... ''
ကာကွယ်သူ မက်မွန်က လှောင်ပြောင် ရေရွတ် လိုက်သည်။
“ .... သူ့ ခွန်အား အရ ဆန္ဒသာ ရှိရင်၊ သူထွက်သွား နိုင်တယ်၊ ဒါပေမယ့် အပြစ် မရှိကြောင်း သက်သေ ပြဖို့၊ ဧကရာဇ် မင်းမြတ်ထံ ကြိုးစား ခဲ့တယ်၊ ဓားနန်းတော်ကို ဦးဆောင်တဲ့ သူ့ သူငယ်ချင်း ကတော့ .... ၊ သူ့အတွက် ဓားဆွဲဖို့ တုံ့ဆိုင်း နေတယ်၊ ... ''
'' ... နောက်ဆုံး ဓားဆွဲ လိုက်ချိန် မှာတော့၊ နတ်ဘုရား အစောင့် တပ်မှူးကို၊ တော်ဝင် မိသားစုရဲ့ ကျွမ်းကျင် သူတွေက၊ သတ်ဖြတ် ပစ်လိုက် ကြပြီ၊ ... ”
၎င်းကို လင်းယွန်က တွက်ဆ ထားပြီး ဖြစ်သောကြောင့်၊ ကာကွယ်သူ မက်မွန်က ထုတ်ဖော် ပြောဆို လာချိန်တွင်၊ အံ့အား သင့်ခြင်း မရှိ ခဲ့ပေ။
“ ... အဲဒီနောက် မှာတော့ ဓားနန်းတော် မှာရှိတဲ့၊ သူ့ သူငယ်ချင်းရဲ့ ကျင့်ကြံမှုက၊ ရပ်တန့် သွားခဲ့တယ်၊ သူ့ နှလုံးသား ထဲမှာ နတ်ဆိုး တစ်ကောင် မွေးယူ မိသွားပြီး၊ ခရမ်းရောင်နန်းတော် အထွတ် အထိပ်မှာ၊ ပိတ်မိ သွားတယ်၊ ... ''
ကာကွယ်သူ မက်မွန်က စကား ခဏ ရပ်ကာ၊ လင်းယွန်ကို လှည့်ကြည့်ပြီး၊
“ မှန်ပါတယ် အဲ့ဒီ လူက ငါပဲ၊ ငါ မင်းကို ကျေးဇူး တင်ချင်လို့၊ ဒီကို ခေါ်လာ ခဲ့တာ၊ ဆယ်စုနှစ် တစ်ခု လုံးလုံး၊ နှောင့်ယှက် နေခဲ့တဲ့ နတ်ဆိုးကို၊ နောက်ဆုံးတော့ ငါဖြေရှင်း နိုင်ခဲ့ပြီ။ ”
“ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘယ်လောက်ထိ၊ ပြင်းထန်မယ် ဆိုတာကို ငါစဉ်းစား ခဲ့ပြီးပြီ၊ ဒါပေမယ့် ခေါင်းငုံ့ နေခဲ့ ရင်တောင် မင်းရဲ့ရန်သူက၊ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ဓားနန်းတော်က ဓားတွေနဲ့ ဖွဲ့စည်း ထားတယ်၊ ဒါကြောင့် ဓားသမား တစ်ဦးက၊ သေခြင်း တရားကို အချိန် မရွေး ရင်ဆိုင် ရဲရမယ်။ ''
ကာကွယ်သူ မက်မွန်၏ ပြောင်းလဲ လာသော စိတ်နေ စိတ်ထားကို ခံစား နိုင်သည်။ ကျင့်ကြံခြင်း လမ်း၌၊ ရုတ်တရက် ထိုးထွင်း သိမြင် မှုများ ရရှိ သွားပုံ ရ၏။
" ကာကွယ်သူ မက်မွန်၊ မင်း အောင်မြင်မှု တစ်ခု ရယူ ပြီးပြီလား။ "
လင်းယွန်က မေးလိုက်သည်။
" မရ သေးပါဘူး၊ ဒါပေမယ့် ငါ့ နှလုံးသား ထဲက၊ နတ်ဆိုးကို ဖြေရှင်း ပြီးပြီ ဆိုတော့၊ ဒါက အချိန် တစ်ခုကို စောင့်ရုံ ပါပဲ ....။ "
ကာကွယ်သူ မက်မွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ ၎င်းကို အရေး မကြီးဟု၊ သူ ထင်ခဲ့သည်။
သို့သော် လင်းယွန် ကမူ အလွန် တုန်လှုပ် သွား၏။ ဤသည်မှာ သူတို့ ပြောနေ ကြသော ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် ဖြစ်ပြီး၊ ၎င်းခွန်အား မျိုးမှာ အင်ပါယာကို အန်တု နိုင်ပေသည်။
ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိရန် မလွယ်ကူ သော်လည်း၊ အချိန်နှင့် အရည် အချင်း၊ နှစ်ခု ရှိနေ သရွေ့၊ မည်သူ မဆို ပြုလုပ် နိုင်သည်။
ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေသည် ထိုသို့ မဟုတ်ပေ။ ယင်းအတွက် အသုံး ပြုရသော အရင်း အမြစ် များမှာ၊ များပြား လွန်းသည့်အပြင်၊ ထိုအဆင့်သို့ ရောက်ရန် နားလည်မှု မှာလည်း၊ အလွန် မြင့်မား ရပေမည်။
ကျင့်ကြံ သူများ အတွက်၊ ၎င်းမှာ မြင့်မားသော စံနှုန်းများ ဖြစ်သောကြောင့်၊ တစ်သက်တာ အတွင်း၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်၏ ပိတ်ဆို့မှု များကိုပင်၊ မထိ တွေ့ နိုင်သော သူ များစွာ ရှိသည်။
" ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ရဲ့ အနှစ် သာရကို မင်းသိလား။ ''
“ ဟင့်အင်း …”
" အဲ့ဒါက သိုင်းဝိညာဉ်ပဲ .... နက်နဲ နယ်ပယ်နဲ့၊ ခရမ်းရောင် နန်းတော် နယ်ပယ်မှာ၊ ကျင့်ကြံ သူတွေက၊ သူတို့ရဲ့ သိုင်းဝိညာဉ် တွေကို ဝှက်ဖဲ အဖြစ် သုံးနေ ကြပြီ၊ ဒါပေမယ့် တစ်နေ့မှာ မင်းရဲ့ သိုင်းဝိညာဉ်က၊ မင်းရဲ့ အကြီးမားဆုံး လက်နက် ဆိုတာကို၊ မင်း နားလည် လာလိမ့်မယ်၊ ..."
“ ... ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်က တံခါးဝ တစ်ခုပဲ၊ မင်း ရောက်နိုင် မှသာ ပိုပြီး၊ ကျယ်ပြန့်တဲ့ ကမ္ဘာကို မြင်လိမ့် နိုင်မယ်၊ ဒါကြောင့် မင်းရဲ့ သိုင်းဝိညာဉ်ကို ကောင်းကောင်း ကာကွယ် ရမယ်၊ အဲဒါက အနာဂတ်မှာ မင်းရဲ့ အပြင်းထန်ဆုံး ဝှက်ဖဲ ဖြစ်လာ မှာမို့၊ ပျက်စီး သွားခွင့် မင်းမပြု ရဘူး။ ”
ကာကွယ်သူ မက်မွန်က လင်းယွန်အား သူ၏ နားလည် မှုကို ဝေမျှ ခဲ့သည်။
အချို့သော ကျင့်ကြံသူ များက၊ မည်သည့် အတွက်ကြောင့်၊ ၎င်းတို့၏ သိုင်းဝိညာဉ်များ မသုံး ကြသေး သည်ကို၊ ယခု သိလိုက် ရသည်။ ဤသည်မှာ သူ့အား သတိပေး ပြီးသား ဖြစ်လာ စေ၏။
" .... ငါ့ကို စိတ်အနှောက် အယှက် ဖြစ်စေတာ နောက်တစ်ခု ရှိသေးတယ်။ "
ကာကွယ်သူ မက်မွန်က၊ လင်းယွန်ကို ကြည့်ပြီး မျက်မှောင် ကြုတ်ကာ၊
'' မင်း..... ဘိုင်လိရွှမ် ရဲ့ဓားကို၊ ဘယ်လို ချိုးလိုက် တာလဲ။ ''
လင်းယွန်က ထိုမေးခွန်း အပေါ်၊ မည်သို့ ပြန်ဖြေရ မည်ကို မသိ သောကြောင့်၊ ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးလိုက်သည်။
ဓားတွေကို ကျိုးစေသော သူ့လက် နှစ်ဖက် အကြောင်းအား၊ သူပင် နားမလည် မိပေ။ အပြာရောင် နေမင်း နိုင်ငံတွင် သူ လုပ်ယူ ခဲ့သည့် အတိုင်း၊ ဘိုင်လိရွှမ်၏ ဓားကို လွယ်လွယ် ကူကူ ဖမ်းဆုပ် ချိုးယူ နိုင်မည်ဟု၊ ခံစားမိ သောကြောင့် ပြုလုပ် ခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် ဘိုင်လိရွှမ်၏ ဓားကို၊ သူ ဖမ်းဆုပ် ခြင်းမှ လွတ်လု နီးပါး ပေပင်။ ဆိုလို သည်မှာ ဘိုင်လိရွှမ်၏ ဓား ကျိုးသွား သော ကြောင့်သာ၊ အဆင်ပြေ သွားခြင်း ဖြစ်သည်။ ၎င်းအား မည်သို့ ရှင်းပြ ရမည် မသိ တော့ပေ။
“ အဆင်ပြေ ပါတယ်၊ ဒါက မင်းရဲ့လျှို့ဝှက်ချက်ပဲ၊ ဒီအကြောင်းကို ဘယ်သူ့ ကိုမှ၊ မင်း ပြောပြ နေစရာ မလို ပါဘူး။ "
ကာကွယ်သူ မက်မွန်က၊ လင်းယွန် ထံမှ တစ်စုံ တစ်ရာကို ခံစား သိရှိ နိုင်သောကြောင့်၊ လေးလေး နက်နက် ခေါင်းညိတ် ပြလိုက်သည်။
ထိုအချိန်က ဘိုင်လိရွှမ်ကို ရင်ဆိုင်ရန်၊ လင်းယွန်မှာ ဓားပင် မကိုင် နိုင်ကြောင်း၊ ရှင်းလင်းစွာ သူ သိမြင် ထားခဲ့သည်။
" ကျေးဇူး တင်ပါတယ် ... ကာကွယ်သူ မက်မွန်၊ ငါ တစ်ခု မေးလို့ ရမလား၊ ဘိုင်လိရွှမ်ကို ဓားနန်းတော်ထဲ ခေါ်ယူ လာတဲ့ သူက ..... ''
ထိုမေးခွန်းသည် သူ့အတွက် အရေးကြီးသောကြောင့်၊ ကာကွယ်သူ မက်မွန်ကို အလေး အနက် ထားကြည့် လိုက်သည်။
“ ဟုတ်တယ် ငါပဲ ခေါ်လာ ခဲ့တာပါ၊ ဟိုတုန်း ကတော့ သူ့အပေါ် မျှော်လင့် ချက်တွေ အများကြီး ထားခဲ့ ဖူးပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ၊ သူက အသူရာ အဖွဲ့ ထဲကို၊ ဝင်သွား ခဲ့လို့ နှမျော စရာ ပါပဲ၊ ချင်ယုက မငြင်း နိုင်တဲ့ကမ်းလှမ်းမှု တစ်ခု လုပ်ခဲ့ ပုံရတယ်၊ ...''
'' ဒီနေ့ အဖြစ် အပျက် အရ၊ ချင်ယုကို ခက်ခဲတဲ့ အနေ အထား ကနေ ရုန်းထွက်ဖို့၊ ဘိုင်လိရွှမ်က ကြိုးစား ပေးခဲ့ တယ်လို့ ထင်ရ ပေမယ့်၊ တကယ်က ဓားနန်းတော်ကို အခွင့်အရေး ပေးခဲ့ တာပါ။ ”
ကာကွယ်သူ မက်မွန်က ရှည်လျားစွာ ရှင်းပြ လိုက်သည်။
" နားလည် ပါပြီ။ "
ကာကွယ်သူ မက်မွန် ပြောသည်မှာ မှန်၏။ ဘိုင်လိရွှမ် အတွက်သာ မဟုတ် ပါလျှင် ချင်ယု အနေဖြင့်၊ ရှင်းယန်ကို လွယ်ကူစွာ လွှတ်ပေးမည် မဟုတ်ပေ။
" မင်းတို့ နှစ်ယောက် ကြားက၊ ရန်ငြိုးတွေ အကြောင်း ငါမမေး တော့ပါဘူး ...၊ ဒါပေမယ့် မင်းကို တစ်ခုပဲ တောင်းဆို ချင်ပါတယ်၊ မင်းကို သူရှုံး ခဲ့ရင် ... သူ့ အသက်ကို ချမ်းသာ ပေးလိုက်ပါ။ ”
အချိန် အတော်ကြာ တုံ့ဆိုင်း နေပြီးနောက်၊ကာကွယ်သူ မက်မွန်က ဆိုလိုက်သည်။
ထိုစကားကြောင့် လင်းယွန်က အံ့သြ သွား၏။ အချိန် အနည်းငယ် ကြာသည် အထိကာကွယ်သူ မက်မွန်ကို စိုက်ကြည့်ကာ၊ ခေါင်းညိတ် ပြလိုက်သည်။
သူ့ နှလုံးသားတွင် မတော့၊ ကူကယ် ရာမဲ့ ဟန်ဖြင့် ပင့်သက် ရှိုက်လိုက်သည်။
တောင်းဆိုမှု အရ ဘိုင်လိရွှမ် အသက်ကို၊ နှမြော ပေးနိုင် သော်လည်း၊ ဘိုင်လိရွှမ်က သူ့ အား ခွင့်လွှတ် ပေးမည်လော။ မသေချာ။
သို့သော် မည်သို့ပင် ဆိုစေ ကာမူ၊ ကာကွယ်သူ မက်မွန် အပေါ် အကြွေး တင်ထား ပြီးဖြစ်ရာ၊ မည်သည့် တောင်းဆိုမှု မျိုးကို မဆို၊ သဘော တူမည် ဖြစ်သည်။
" နဂါး တံခါး ပြိုင်ပွဲ စဖို့၊ တစ်လပဲ လိုတော့တယ်၊ ဒီကာလ အတွင်း ဘယ်ကိုမှ မသွား ပါနဲ့၊ မင်း ဒီမှာပဲ နေပါ။ "
" ဓားနန်းတော်က မလုံ ခြုံတော့ လို့လား ...။ "
" ဝမ်ယန်က ငါတို့ကို သင်ခန်းစာ တစ်ခု ပေး ထားပြီး သားမို့၊ တခြား တစ်ယောက်နဲ့ ထပ်မံ ကြိုးစား လာဦး မလား ဆိုတာ၊ ဘယ်သူ သိနိုင် မလဲ၊ မင်း လုပ်ကြံ ခံရရင် ငါတို့ ဘာမှ လုပ်လို့ မရဘူး၊ ဒီရက်ပိုင်း အတွင်း သတိ လက်လွတ် မနေ ပါနဲ့။ ”
အရာ အားလုံးကို၊ အလေး အနက် ထားသော အသုံး အနှုန်း များဖြင့်၊ ကာကွယ်သူ မက်မွန်က ရှင်းပြ လာခဲ့သည်။
အိမ်ရှေ့ မင်းသား၏ ညစ်ပတ်သော လှည့်ကွက် များ အပေါ်၊ သူတို့ သတိ ထားရ ပေမည်။
“ အဆင် ပြေပါတယ်၊... တစ်လ လုံးလုံး ငါဒီမှာ နေပါမယ်၊ ဒါနဲ့ ဒီတပည့်က ပါရမီရှင် ရှစ်ပါး ထဲက တစ်ပါး ဖြစ်လာဖို့၊ အခွင့် အရေး ရှိတယ်လို့ ထင်လား။ ''
နက်နဲ သွေးကြောကို၊ ဖြတ်တောက် ခံလိုက်ရ သောကြောင့်၊ သူ့၌ ယုံကြည်ချက် မရှိ တော့ပေ။
နက်နဲ အဋ္ဌမ အဆင့် ကျင့်ကြံ မှုဖြင့်၊ နဂါး တံခါး ပြိုင်ပွဲတွင်၊ ဝေးဝေး လျှောက်လှမ်း နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။
ထို့ပြင် ယနေ့ တိုက်ပွဲ အတွင်း၊ သူ၏ ဝှက်ဖဲများကို အကုန် အစင် ထုတ်ဖော် ပြသ ခဲ့ရပြီး ဖြစ်သည်။
ပါရမီရှင် ရှစ်ပါး မဆိုနှင့်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်းကို အနိုင် ယူရန်ပင်၊ ခက်ခဲ နေသေးသည်။
“ မင်းကို ငါပေး ခဲ့တဲ့ တံဆိပ် သုံးခုကို၊ မင်းမှတ်မိလား၊ သူတို့က ဒီလောက် မရိုးရှင်း ပါဘူး၊ မင်း လုပ်နိုင်ရင် ဘာမဆို ဖြစ်နိုင်တယ်။ ”
လင်းယွန်အား စိုက်ကြည့်ပြီး၊ ကာကွယ်သူ မက်မွန်က ပြန်ဖြေသည်။
***