← Chapters

အသစ် အသစ်သော ဖြစ်တည်မှု။

Vol. 30 Ch. 415

အသစ် အသစ်သော ဖြစ်တည်မှု။

Vol. 30 Ch. 415

“ အဆင် ပြေပါတယ်၊... တစ်လ လုံးလုံး ငါဒီမှာ နေပါမယ်၊ ဒါနဲ့ ဒီတပည့်က ပါရမီရှင် ရှစ်ပါး ထဲက တစ်ပါး ဖြစ်လာဖို့၊ အခွင့် အရေး ရှိတယ်လို့ မင်းထင်လား။ ''

နက်နဲ သွေးကြောကို၊ ဖြတ်တောက် ခံလိုက်ရ သောကြောင့်၊ သူ့၌ ယုံကြည်ချက် မရှိ တော့ပေ။

နက်နဲ အဋ္ဌမ အဆင့် ကျင့်ကြံ မှုဖြင့်၊ နဂါး တံခါး ပြိုင်ပွဲတွင်၊ ဝေးဝေး လျှောက်လှမ်း နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။

“ မင်းကို ငါပေး ခဲ့တဲ့ တံဆိပ် သုံးခုကို၊ မင်းမှတ်မိလား၊ သူတို့က ဒီလောက် မရိုးရှင်း ပါဘူး၊ မင်း လုပ်နိုင်ရင် ဘာမဆို ဖြစ်နိုင်တယ်။ ”

လင်းယွန်အား စိုက်ကြည့်ပြီး၊ ကာကွယ်သူ မက်မွန်က ပြန်ဖြေသည်။

( ဘာမဆို ဖြစ်နိုင်တယ်။ )

လင်းယွန်၏ နှလုံး ခုန်သံများ မြင့်တက်လာသည်။ ထိုအဓိပ္ပါယ် အရ နက်နဲ နဝမ အဆင့်သို့ ပြန်ရောက် နိုင်သည်လော။

နဝမမြောက် နက်နဲ သွေးပြန် ကြောကို၊ နတ်ဆိုး သားရဲ အမြုတေ၊ သို့မဟုတ် ကျွမ်းကျင်သူ များ၏ အကူ အညီ မပါဘဲ၊ ပြန်လည် ပြုပြင်ရန်၊ နှစ်နှစ် အချိန် ယူရ ပေမည်။

သို့သော် ကာကွယ်သူ မက်မွန်၏ စကားလုံးများက သူ့နှလုံးကို တုန်လှုပ် စေခဲ့၏။ တစ်ချိန် တည်းတွင် ၎င်းနှင့် ပတ်သက်ပြီး၊ လွဲမှားမှု တစ်ခု ရှိနေ သည်ဟု၊ သူ ခံစား နိုင်သည်။

“ နောင်တ ချောက် ကမ်းပါးမှာ၊ တံဆိပ် သုံးခုကို ငါစမ်းသပ် ကြည့်ပြီးပြီ၊ ဒါပေမယ့် အဲဒါကို ငါမတတ် နိုင်ဘူး၊ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုပေမယ့်၊ ငါ့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ ရပြီး၊ ကျန်တဲ့ နက်နဲ သွေးပြန်ကြော ရှစ်ခုက၊ ကွဲအက် တော့မဲ့ လက္ခဏာတွေ ပြသလာတယ်၊ .... ''

'' ... ရှင်းပါတယ် ဒါက ...၊ ငါရဲ့ နက်နဲ သိုင်း နယ်ပယ် နဝမ အဆင့်ကို ရောက်ပြီး မှသာ၊တံဆိပ် သုံးခုကို အသုံး ပြုနိုင် လိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ”

လင်းယွန်က သူခံစား မိသည် များကို၊ ကာကွယ်သူ မက်မွန်အား၊ ထုတ်ဖော် ပြောပြ လိုက်သည်။

တံဆိပ် သုံးခု ၏ မူလ အစမှာ၊ သန်မာလွန်း သောကြောင့်၊ လက်ရှိ ခွန်အား အရ၊ သူ ခံနိုင်သည့် အရာ မဟုတ်ပေ။

'ဘာမဆို ကြိုးစားရင် ဖြစ်တယ်' ဟူသောစကား ရပ်သည်၊ အချိန် တိုင်း၌ ယုတ္တိ မတန်ပေ။ ယင်းမှာ ယုတ္တိဗေဒ အမှား တစ်ခုသာ ဖြစ်သည်။

“ ငါ့ ထပ်မပြော တော့ဘူး၊ တစ်လလောက် ဒီနေရာမှာ ကြိုးစား ပြီးရင်၊ ဒါကို မင်း နားလည် လာမှာပါ။ ”

ကာကွယ်သူ မက်မွန်က ပြန်ပြောပြီး၊ လှည့်ထွက် သွားသည်။

ပုံမှန် အမူအယာ များမှ၊ ကွဲထွက် နေသော ကာကွယ်သူ မက်မွန်၏ ပုံစံကြောင့်၊ လင်းယွန်က အတွေးထဲ ကျရောက် သွားခဲ့သည်။

၎င်း နောက်ကွယ်၌ တစ်စုံ တစ်ရာ ရှိနေ နိုင်သည်လော။

ရုတ်တရက် လင်းယွန်က အတွေး ပေါက်လာပြီး၊ မျက်ခုံး နှစ်ဖက်ကို ထိစပ် လုမတက်၊ တွန့်ခေါက် လိုက်ကာ၊

" ကာကွယ်သူ မက်မွန်၊ အစ ကတည်းက တစ်ခုခုကို ငါနားလည် လိမ့်မယ်လို့၊ မင်းဘယ်တုန်း ကမှ၊ မမျှော်လင့် ထားခဲ့ ဖူးဘူး မဟုတ်လား၊ မင်းက ငါ့ကို ဒီမှာ ထောင်ဖမ်းပြီး၊ နဂါး တံခါး ပြိုင်ပွဲ ကနေ၊ 'ပထုတ်' ချင် နေတာပဲ။ "

အကြောင်း ပြချက်က သဘာဝ အတိုင်း ရှင်းပေသည်။ နဂါး တံခါး ပြိုင်ပွဲတွင် ပါဝင် ခဲ့မည် ဆိုပါလျှင်၊ သေမင်းကို ဖိတ်ခေါ်ရာ ရောက်ပေမည်။

ထို့ကြောင့် လင်းယွန်အား လာမည့် ပြိုင်ပွဲကို လွဲချော်ကာ၊ သုံးနှစ် အထိ စောင့်စေ လိုခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင်၊ ကွဲအက် သွားသော နက်နဲ သွေးပြန် ကြောများ၊ ပြန်လည် ကောင်းမွန် လာကာ၊ တံဆိပ် သုံးခု ကိုလည်း၊ သန့်စင် လာနိုင်မည်။

အဆိုပါ စကား များကြောင့်၊ ကာကွယ်သူ မက်မွန်၏ လှမ်းလက်စ ခြေလှမ်းများ ရုတ်တရက် ရပ်သွား ခဲ့သည်။ သူက ကျောခိုင်းလျက် အနေ အထားဖြင့်၊ သက်ပြင်း ချလိုက်ပြီး၊

“ လင်းယွန်၊ တစ်ခါ တစ်လေ ထက်မြက် လွန်းတာက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး၊ မင်းဘာလို့ ဒီလောက် ခေါင်းမာ နေရ တာလဲ၊ မင်းက ဆယ့်ရှစ် နှစ်ပဲ ရှိပါ သေးတယ်၊ နောက်ထပ် သုံးနှစ်လောက် မစောင့် နိုင်ဖူးလား၊ ဒီလကုန် နဂါး တံခါး ပြိုင်ပွဲမှာ ပါဝင်ဖို့၊ ဘာကြောင့် စိတ်အား ထက်သန် နေရ တာလဲ။ "

“ သုံးနှစ်ထိ မစောင့် နိုင်ဘူး၊ ဘာပဲ ဖြစ်ဖြစ် ဒီနှစ် နဂါး တံခါး ပြိုင်ပွဲမှာ၊ ဝင်ပြိုင် ရလိမ့်မယ်၊ အစ်ကိုကြီး ရှင်းဂျူကို ငါ ကတိ ပေးပြီး သားပါ၊ အစ်ကိုကြီး ရှင်းဂျူက ဒီတပည့်ကို ကယ်တင်ဖို့၊ သူ့ အသက် ပေးခဲ့တယ်၊ အခုက အစ်ကိုကြီး အတွက် တိုက်ပွဲ ဝင်ရမယ့် အလှည့်ပါ၊ ... ''

'' .... ချင်ယုနဲ့ ပတ်သတ်ရင် စီနီယာ အစ်မ ရှင်းယန် ရင်ထဲမှာ၊ တစ်ခုခု ရှိနေ တုန်းပါပဲ၊ ဒီဆူးကို အစ်မရဲ့ နှလုံးသား ထဲမှာ၊ နောက်ထပ် သုံးနှစ်ကြာအောင် မထားချင် တော့ဘူး၊ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ်၊ ဒီနဂါး တံခါး ပြိုင်ပွဲကို၊ သွားရ ပါလိမ့်မယ်။ ”

လင်းယွန်၏ အကြည့် များတွင်၊ နောက်ပြန် မဆုတ်ရန် ခိုင်မာသော စိတ်ပိုင်း ဖြတ်မှု များဖြင့်၊ တောက်ပ စူးရှ နေပေသည်။

" မင်း တကယ် ခေါင်းမာ တာပဲ.... ဟမ့်၊ မင်းက သေချင် နေမှတော့၊ ငါ မင်းကို မတား တော့ဘူး၊ ဒါပေမယ့် တံဆိပ် သုံးခုရဲ့၊ နောက်ကွယ်က လျှို့ဝှက် ချက်ကို၊ ငါပြော ပြမှာ မဟုတ်ဘူး။ "

ကာကွယ်သူ မက်မွန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သော အခါတွင်၊ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါ လာပြီး၊ လင်းယွန်အား ခြေလှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်သွား စေခဲ့သည်။

ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ် လာပြီး၊ တစ်ချိန် တည်းမှာပင် မရေ မတွက် နိုင်သော၊ မက်မွန် ပင်များ ပေါက်ကွဲ သွားတော့၏။

ပြင်းထန်သော ပေါက်ကွဲ မှုများ ငြိမ်သက် လာ သည်နှင့်၊ မြင်ကွင်းများ ပြန်လည် ကြည်လင်လာပြီး၊ မြေပြင်မှာ တုန်လှုပ်ခြင်း မရှိ တော့ပေ။ ထို့အတူ ကာကွယ်သူ မက်မွန်၏ ပုံရိပ် သည်လည်း၊ ပျောက်ကွယ် သွားခဲ့ လေပြီ။

“ အဲ့ဒီမှာ ကန့်သတ် ချက်တွေ ထားခဲ့တယ်၊ ငါချန်ထား ခဲ့တဲ့ တံဆိပ် သုံးခုကို၊ မင်း နားမလည်ရင် ဘယ်မှ သွားလို့ မရဘူး၊ အခု မင်းကိုယ်မင်းပဲ အားကိုး နိုင်မယ်။ ''

ကာကွယ်သူ မက်မွန်၏၊ ခံစားချက် မဲ့သောအသံသည်၊ လေထဲ၌ ပဲ့တင် ထပ်လာ လေသည်။

သူ့ ခန္ဓာကိုယ် ပေါ်ရှိ ဖုန်မှုန့် များကို ပွတ်သပ် လိုက်ပြီး၊ “ ဒီတစ်ခါ ကာကွယ်သူ မက်မွန်က တကယ်ကို ဒေါသ ဖြစ်သွား ပုံရတယ်” ဟု ညည်းတွား ရေရွတ် လိုက်၏။

သူ့ အနေဖြင့် ကာကွယ်သူ မက်မွန်ကို၊ အချိန် အတော် ကြာအောင်၊ သိခဲ့ပြီး ဖြစ်သော်လည်း၊ ဤမျှ အထိ ဒေါသ ထွက်သွားသော အသွင်နှင့်၊ မမြင် ဖူးခဲ့ပေ။

ဝမ်ယန်ကို သတ်ကာ၊ ဂိုဏ်း၏ စည်းကမ်း များကို ဖောက်ဖျက်သော အချိန် ၌ပင်၊ လင်းယွန် အပေါ်၊ တည်ငြိမ်စွာ ပြုမူ ခဲ့သည်။

ယင်းနောက် ချင်ယုနှင့် ပတ်သတ်ပြီး၊ သူ၏ အခက်တွေ့ ရပုံကို၊ ပြန်သတိ ရမိသည်။ နက်နဲ အဋ္ဌမ အဆင့် တွင်သာ ဆက်ရှိ နေပါက၊ နဂါးတံခါး ပြိုင်ပွဲ၌၊ ချင်ယုက သူ့အား လွှတ်ပေးမည် မဟုတ်ပေ။

နက်နဲ အဋ္ဌမ အဆင့် မဆိုနှင့်၊ နဝမ အဆင့်၊ သို့မဟုတ် ဒဿမ အဆင့် ရောက်လျှင်ပင်၊ ချင်ယုကို ရင်ဆိုင် နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။

မဟာချင် အင်ပါယာတွင်၊ ကျော်ကြား လာသော ဂုဏ်သတင်း အရ၊ လူ အများက သူ့အပေါ် ခြေနင်းတုံး သဖွယ်၊ အသုံးပြု လိုကြ၏။

ထို့ကြောင့် ကာကွယ်သူ မက်မွန်က၊ သူ့ခေါင်းမာ မှုအား အလွန် ဒေါသ ထွက်နေ သည်မှာ၊ အံ့သြ စရာတော့ မဟုတ်ပေ။ နဂါး တံခါး ပြိုင်ပွဲတွင် ချင်ယုနှင့်၊ မတွေ့ ဆုံမီ သူ သေဆုံး သွားနိုင်သည်။

သို့သော် ဆုံးဖြတ် ပြီးသား၊ ဆုံးဖြတ် ချက်အား စွန့်လွှတ်ရန် အကြောင်း မရှိနိုင်။ ရုတ်တရက် မက်မွန် ဥယျာဉ် ဆီသို့၊ လှည့်ကြည့် လိုက်သည်။

ကာကွယ်သူ မက်မွန်၏ လက်ဝါး တစ်ချက်သည်၊ ဥယျာဉ် တစ်ဝက် နီးပါး ပျက်စီး သွားစေ ခဲ့သည်။ ကာကွယ်သူ မက်မွန်မှာ မက်မွန်ပင် များကို၊ အရမ်း ချစ်၏။

ထို့ကြောင့် ပျက်စီး နေသော မက်မွန်ပင် များကို ကြည့်ခြင်းဖြင့်၊ မည်မျှ ဒေါသ ဖြစ်နေ မည်ကို သူ ပြောနိုင်သည်။

“ ထူး ဆန်း တယ်။ ”

လင်းယွန်က ဥယျာဉ် ဆီသို့ လျှောက်လှမ်း လာပြီး၊ ထူးခြားသော အရာ တစ်ခုကို တဖြည်းဖြည်း တွေ့ရှိ လာသည်။

မက်မွန် ပင်များ ထက်ပိုင်း ပြတ် သွားသော်လည်း၊ ၎င်းနေရာ များ၌ အပင် သစ်များ ပြန်လည် ပေါက်ရောက် လာ၏။

သိပ်မကြာ ခင်မှာပင်၊ လင်းယွန်၏ မျက်လုံး အောက်၌ မက်မွန် ပင်များ၊ တဖြည်းဖြည်း ပြန်လည် ရှင်သန်၊ ပေါက်ရောက် လာသည်။

“ တစ်သွေး တစ်မွေး ပါလား …”

မြင်ကွင်းမှာ ထူးခြား လွန်းလှပြီး၊ ကိုယ်တိုင် ကိုယ်ကျ မမြင်ဖူး မိပါက၊ ယုံနိုင် စရာ မရှိပေ။

ရုတ်တရက် လင်းယွန်၏ မျက်နှာက ပြောင်းလဲ သွားကာ၊ လေးလေး နက်နက် တွေးတော မိသွားသည်။ တစ်ခုခုကို ဖမ်းမိသွား၏။ ကာကွယ်သူ မက်မွန်၏ လက်ဝါးက၊ သူ့ကို သဲလွန်စ ပေးခဲ့သည်။

လင်းယွန်၏ မျက်ခုံး များကို၊ ဖြည်းညှင်းစွာ ဖြေလျှော့ လိုက်ပြီး၊ မှုန်မှိုင်းသော အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။

" ငါ သိပြီ၊ ... ကာကွယ်သူ မက်မွန်၊ ငါ့အတွက်လျှို့ဝှက်ချက် တွေကို၊ ဖော်ပြပေး ခဲ့တဲ့ အတွက်၊ မင်းရဲ့ နှလုံးက အရမ်း သိမ်မွေ့ လွန်းပါတယ်။ "

လင်းယွန်၏ အားရ ဝမ်းသာစွာ အော်ဟစ် လိုက်သံမှာ၊ လေထုထဲ ပဲ့တင် ထပ်သွား လေသည်။

ကာကွယ်သူ မက်မွန်၏ တံဆိပ် သုံးခုတွင်၊ မက်မွန် ပင်များ ကဲ့သို့ အကျိုး သက်ရောက်မှု ရှိကြောင်း၊ သဲလွန် စပေး ထားပြီး ဖြစ်သည်။

ထိုသဲလွန် စကို နားမလည် သေးပါက၊ အလွန် မိုက်မဲ ရာကျ ပေမည်။ ဆိုလို သည်မှာ သူ၏ နက်နဲ သွေးပြန် ကြောကို၊ တံဆိပ် သုံးခုအား အသုံးပြု ခြင်းဖြင့်၊ အသစ် မွေးဖွား နိုင်သည်။

“ ဒါက ကာကွယ်သူ မက်မွန်ရဲ့ သိုင်းဝိညာဉ်နဲ့၊ တစ်ခု ခုတော့ ဆက်စပ် နေနိုင်တယ်၊ ကြည့်ရတာ ကာကွယ်သူ မက်မွန်ရဲ့၊ သိုင်းဝိညာဉ် အပေါ် ထိန်းချုပ် နိုင်စွမ်းက၊ မယုံ နိုင်စရာ အဆင့်ကို ရောက်ရှိ နေပုံပဲ။ "

ဤသည်မှာ ကာကွယ်သူ မက်မွန်နှင့်၊ သိုင်းဝိညာဉ် ဆိုင်ရာ သီအိုရီမှ၊ ဆင်းသက် လာခြင်း ဖြစ်၏။

ချင်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချ လိုက်ပြီး၊ သူ့ခန္ဓာကိုယ် အတွင်း ပိုင်းကို၊ စတင် ကြည့်ရှု လိုက်သည်။

ကာကွယ်သူ မက်မွန်မှ ချန်ထား ခဲ့သော တံဆိပ် သုံးခုသည်၊ နေသုံးစင်း ကဲ့သို့ ရွှေ အလင်းများ ဖြာထွက် နေ၏။

" ကြည့်ရတာ ငါမှန် သလိုပဲ။ "

သူလုပ်ရ မည်မှာ မူလ စွမ်းအင်ကို၊ တံဆိပ် ထဲသို့ ထိုးဖောက် ဝင်ရောက်ရန် ဖြစ်ပြီး၊ ထိုတံဆိပ်တွင် ပါဝင်သော၊ ထူးခြားသည့် စွမ်းအင် အချို့အား၊ စုပ်ယူရန် ဖြစ်သည်။

သို့သော် သူ၏ မူလ စွမ်းအင် များက၊ တံဆိပ်နှင့် ထိသွား ချိန်တွင်၊ သမုဒ္ဒရာ ထဲ ဝင်ရောက် သွားသော ရေတစ်စက် ကဲ့သို့၊ ပျောက်ကွယ် သွား၏။

လက်မလျှော့ ခဲ့ဘဲ၊ မူလ စွမ်းအင်များ ဆက်လက် ပေးပို့ နေခဲ့ရာ၊ အကြိမ်ပေါင်း ရာနှင့်ချီ ကြိုးစား ခဲ့ပြီးနောက်၊ နောက်ဆုံးတွင် တံဆိပ်၏ အနက် ရှိုင်းဆုံး နေရာသို့၊ ဝင်ရောက် နိုင်ခဲ့သည်။

နူးညံ့ပြီး စိမ်းလန်းသော ရောင်ခြည်များ ဖြာထွက် နေမှုကို၊ သူ မြင်လိုက် ရ၏။ ထိုအရာကို မြင်သော အခါတွင်၊ လင်းယွန်က ပြုံးလိုက်သည်။

ထို့နောက် ဓားသုတ္တန်ကို ဖြန့်ဝေ လိုက်ပြီး၊ မူလ စွမ်းအင်များ တံဆိပ် သုံးခု ထဲသို့၊ ဆက်လက် လောင်းထည့် လိုက်သည်။

တံဆိပ်များ ထံမှ စူးရှသော၊ အလင်းများ ထုတ်လွှတ် လာပြီး၊ အစိမ်းရောင် စွမ်းအင် များက၊ မူလ စွမ်းအင် များမှ တဆင့်၊ သူ့ထံ ပြန်လည် စီးဝင် လာ လေသည်။

အစိမ်းရောင် စွမ်းအင် များက၊ ကွဲအက် နေသော နက်နဲ သွေးကြော ပေါ်သို့၊ ကျဆင်း သွား၏။

အချိန် အနည်းငယ် အကြာတွင်၊ နက်နဲ သွေးပြန် ကြောမှာ၊ မြင်သာသော အရှိန်ဖြင့် ပြန်လည် ကောင်းမွန် လာနေ သည်ကို၊ တွေ့လိုက် ရသည်။

သူ့ ခန္ဓာကိုယ် အနှံ့၊ နွေးထွေးသော စွမ်းအင် စီးကြောင်းများ၊ လှည့်ပတ် လာ၏။

မျက်မမြင် တစ်ယောက်၊ ရုတ်တရက် အမြင် အာရုံများ ပြန်လည် ရရှိလာ သကဲ့သို့၊ ခံစား လိုက်ရသည်။

ယင်းမှာ ချဲ့ကားလွန်း သည်ဟု ထင်ရ သော်လည်း၊ နက်နဲ သွေးပြန် ကြောကို ဖျက်ဆီး ခံရသော လင်းယွန် အတွက်၊ ပြီးပြည့် စုံသော ဥပမာ တစ်ခု ဖြစ်သည်။

သူ၏ နက်နဲ သွေးပြန် ကြောမှာ၊ အစိမ်းရောင်စွမ်းအင် များ၏၊ အာဟာရ ဖြည့်တင်း ပေးမှု များကြောင့် အရှိန် အဟုန်ဖြင့်၊ ရှင်သန် ကြီးထွား နေပေပြီ။

သုံးရက် အကြာ၌၊ လင်းယွန်၏ မျက်လုံးများ ပွင့်လာပြီး၊ ပြောင်းလဲ လာသော မူလ စွမ်းအင် များနှင့် အတူ၊ နဝမမြောက် နက်နဲ သွေးပြန် ကြောကို၊ ပြန်လည် ဖွဲ့တည် လာနိုင် ခဲ့သည်။

သူ့ ခန္ဓာ ကိုယ်မှ ကြီးစိုးသော ရောင်ဝါ တစ်ခု ထပ်မံ ထွက်ပေါ် လာ၏။ ဤအခိုက်တွင် နဝမ အဆင့်သို့၊ ပြန်လည် ရရှိ ခဲ့သည် သာမက၊ ယခင် ကထက် ပို၍ အားကောင်း နေခဲ့ လေပြီ။

“ နဝမ အဆင့်ကို ပြန်ရောက်ပြီ …”

လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး၊ မူလစွမ်းအင်ကို လက်ထဲ၊ လောင်းထည့် ကြည့်လိုက်၏။

လက်သီး အတွင်း၌၊ တဖျစ်ဖျစ် မြည်နေသော စွမ်းအင် များ၏၊ ပေါက်ကွဲ အားကို ခံစားမိ နိုင်သည်။ ၎င်းမှာ သူ၏ စစ်မှန်သော ခွန်အား ဖြစ်၏။

သို့သော်လည်း တံဆိပ် သုံးခုမှာ ခန္ဓာကိုယ် အတွင်းတွင် ရှိနေ သေးသည်။ နက်နဲ သွေးပြန် ကြောကို ပြုပြင်ရန်၊ အစိမ်းရောင် စွမ်းအင်များ စုပ်ယူထား သောကြောင့်၊ ကျန်ရှိ နေသော စွမ်အင် များမှာ၊ သန့်စင် နိုင်သော အနေ အထားသို့၊ ရောက်ရှိ လာသည်။

ထိုအချိန်တွင် လင်းယွန်၏ စိတ်ထဲ၌၊ အတွေး တစ်ခု ဝင်လာ၏။ တံဆိပ် သုံးခုကို မပေး အပ်ခဲ့ ပါလျှင်၊ ကာကွယ်သူ မက်မွန် အနေဖြင့်၊ ယခု အချိန်၌ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်သို့ တက်လှမ်းပြီး ဖြစ်နေ ပေလိမ့်မည်။

မူလ စွမ်းအင် အဆီ အနှစ် သုံးစက်၊ ဆုံးရှုံး လိုက်ရ ခြင်းဖြင့်၊ သူ၏ အောင်မြင် မှုကို ရယူရန်၊ အနည်းဆုံး ငါးနှစ်ခန့်၊ စောင့်ဆိုင်း ရတော့မည် ဖြစ်သည်။

ကာကွယ်သူ မက်မွန်၏ ခွန်အား အရ၊ သူ့အတွက် နက်နဲ သွေးပြန် ကြောကို၊ တိုက်ရိုက် ပြုပြင် ပေးနိုင် သော်လည်း၊ သူ မလုပ် ခဲ့ပေ။

၎င်းအား ပြုလုပ် ပြီးနောက် တွင်ပင်၊ လင်းယွန်မှာ ပါရမီရှင် ရှစ်ပါးကို၊ ရင်ဆိုင် နိုင်ခြင်း မရှိ သောကြောင့် ဖြစ်သည်။

ထိုအကြောင်းကို သတိပြု မိလိုက် သည်နှင့်၊ နှလုံး သားမှာ လေးကန် သွားရ၏။ ပါရမီရှင် ရှစ်ပါးသည်၊ တုပ နိုင်သော ခွန်အားမျိုး မဟုတ်ပေ။ မြင့်မားသော တောင်နှင့် တူ၏။

၎င်းတောင်ထွတ် များသည်၊ ကောင်းကင်ဘုံ ကိုးလွှာကို ကျော်လွန် နိုင်မည်လော။

ကောင်းကင်ကို အံတု ခြင်းသည် ဓားသမားတစ်ဦး အနေဖြင့်၊ လုပ်သင့်သည့် အရာ ဖြစ်၏။ သူ့ရှေ့၌ ပိတ်ဆို့ နေသော အရာမှာ၊ တောင်ကြီး တစ်လုံး ဖြစ်လျှင်ပင်၊ ဓားဆွဲကာ နှစ်ပိုင်း ခွဲပြစ် ရ ပေမည်။

စိတ် အာရုံကို ငြိမ်သက် စေကာ၊ နောက်လှည့်ပြီး လက်သီး သုံးချက် ပစ်ထုတ် လိုက်သည်။

နဂါး တံခါး ပြိုင်ပွဲ တွင်သာ၊ ကာကွယ်သူ မက်မွန်ကို၊ ပြန်လည် ပေးဆပ် နိုင်မည်။ မူလစွမ်းအင် အဆီ အနှစ် သုံးစက်၏၊ ရည်ရွယ် ချက်ကို နားလည် သွား ပြီးနောက်၊ သည်နေရာ၌ သူ့အား ပိတ်မတား နိုင်တော့ပေ။

ထို့ကြောင့် ဆက်လက် နေထိုင်ရန် ဆန္ဒ မရှိတော့ဘဲ၊ ရတနာ တောင်ကုန်းသို့ ပြန်ရန် ပြင်လိုက်သည်။

ကာကွယ်သူ မက်မွန် အနေဖြင့်၊ တစ်နေ ရာရာမှ သူ့အား စောင့်ကြည့် နေမည် ဖြစ်ပြီး၊ နက်နဲ သွေးပြန်ကြော ပြန်လည် ကောင်းမွန် လာချိန်တွင်၊ ကန့်သတ် ချက်ကို ဖယ်ရှား ပေးမည် ဖြစ်ကြောင်း၊ သူ ယုံကြည်သည်။

" အကိုကြီး .... "

ကာကွယ်သူ မက်မွန် အိမ်မှ ထွက်လာစဉ်၊ လီဝူယုက သူ့အား အော်ခေါ် လိုက်သော အသံကို၊ ကြားလိုက် ရသည်။

***

All Chapters