← Chapters

အမြင်များ ဖလှယ်ခြင်း။

Vol. 30 Ch. 416

အမြင်များ ဖလှယ်ခြင်း။

Vol. 30 Ch. 416

မူလ စွမ်းအင် အဆီ အနှစ် သုံးစက်၏၊ ရည်ရွယ် ချက်ကို နားလည် သွား ပြီးနောက်၊ သည်နေရာ၌ သူ့အား ပိတ်မတား နိုင်တော့ပေ။

" အကိုကြီး .... "

ကာကွယ်သူ မက်မွန် အိမ်မှ ထွက်လာစဉ်၊ လီဝူယု၏ အော်ခေါ် လိုက်သော အသံကို၊ ကြားလိုက် ရသည်။

" ဝူယု ဒီမှာ ဘာလုပ် နေတာလဲ ။ "

လီဝူယုကို တွေ့လိုက် ရသောကြောင့်၊ သူက အံသြ သွားသည်။ ကာကွယ်သူ မက်မွန်၏ နေအိမ်သည်၊ ဂိုဏ်း၌ တားမြစ် နယ်မြေ အဖြစ် သတ်မှတ် ခံထား ရပြီး၊ ခွင့်ပြုချက် မရ ပါက ၎င်းအနီး သို့ပင်၊ မည်သူမျှ လာခွင့် မပြု ထားပေ။

“ ရတနာ တောင်ကုန်းက ညီအစ်ကို တွေက မင်းကို စိတ်ပူ နေတယ်၊ ကာကွယ်သူ မက်မွန်က၊ မင်းရဲ့ နက်နဲ သွေးပြန်ကြော တွေကို နောက်ထပ်၊ ချိုးဖြတ် လိုက်မှာ ကြောက်လန့်နေကြတယ်၊ ငါဒီကို လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက ရောက်နေ ပေမယ့်၊ နတ်ဆိုးကြီး နေရာကို ငါရှာ မတွေ့ဖူး ဖြစ်နေတယ် အဟဲ။ ”

လီဝူယု၏ ကာကွယ်သူ မက်မွန် အပေါ်၊ ရည်ညွှန်း ချက်ကြောင့် လင်းယွန်က ပြုံးလိုက်သည်။ လီဝူယုမှာ တစ်ချိန်လုံး သူ့အား စိတ်ပူ နေခဲ့ ပုံရ၏။

သို့သော် ကာကွယ်သူ မက်မွန်၊ ဖန်တီး ထားသော ကန့်သတ် အလွှာကို၊ လီဝူယုက ကျော်ဖြတ် နိုင်မည် မဟုတ်ပေ။

" ကောင်းပါတယ်၊ အဲဒီ အစား မမျှော်လင့်ထားတဲ့ အရာ အချို့ကို၊ ငါရိတ်သိမ်း နိုင် ခဲ့တယ်။ ”

လီဝူယု၏ စိုးရိမ် မှုများ ပြေပျောက် သွားစေ ရန်သာ၊ ရည်ရွယ်သည်။ ထိုအကြောင်းကို အကျယ် တဝင့် ထပ်မဆို ချင်တော့ပေ။

" ဘာတွေ ရိတ်သိမ်း နိုင်ခဲ့လဲ။ "

လီဝူယု၏ မျက်လုံးများ တောက်ပ လာသည်။

“ အဲဒါကို နောက်မှ ပြောရအောင်၊ ဂိုဏ်းမှာ တစ်ခုခု ဖြစ်နေလား။”

" ဟီးဟီး ဟုတ်တယ်၊ နဂါး တံခါး ပြိင်ပွဲက တစ်လပဲ လိုတော့တယ် ဆိုတော့၊ နည်းနည်းတော့ လှုပ်ခတ် လာတာပေါ့၊ ဘယ်က စရ မလဲ ဘိုင်လိရွှမ် နဲ့ပဲ စလိုက် ရအောင်၊ သူပြန်လာ ထဲက တံခါးပိတ် ကျင့်ကြံ သွားတယ်၊ အဲဒါကို မလုပ်ခင်၊ ယန္တရား အရုပ် သုံးရုပ်ကို ချိုးဖျက် ပစ်လိုက် တယ်လို့၊ ကြားမိတယ်၊ .... ''

'' ... ပြီးတော့ မြို့တော်ကို ဂိုဏ်းငယ်တွေ ကြိုရောက် နေပြီ၊ နဂါးတံခါး ပြိုင်ပွဲ အတွက် လောင်းကြေး တောင်၊ ဖွင့်ထား ကြသေးတယ်။ ”

" လောင်း ကြေး ဟုတ်လား၊ ဘာ လောင်းကြေး လဲ ။ ''

“ ကစား ပွဲက အရာ အားလုံးပဲ၊ အဓိက အာရုံစိုက် ကြတာက၊ နဂါး တံခါး ပြိုင်ပွဲရဲ့ ပါရမီရှင် ရှစ်ပါး နေရာ အတွက်ပဲ၊ လက်ရှိမှာ လွင့်မျော နေသော ရေခွက်ရဲ့ အစား၊ လူသစ် ထဲက ဘယ်သူ ရယူ နိုင်မလဲ ဆိုတဲ့၊ ထင်ကြေးက ရေပန်း အစား ဆုံးပါ၊ .... ''

'' .... လူကြိုက် အများ ဆုံးက ဘိုင်လိရွှမ်၊ စီရွှယ်ယီနဲ့ ဇိုယန် တို့ပဲ၊ တချို့ လူတွေက သူတို့ သုံးယောက်ကို အသစ် တက်လာမဲ့၊ ပါရမီရှင် တွေအဖြစ် လောင်းကြေး ထပ်လာ ကြတယ်။ ”

လီဝူယု၏ အမည် စာရင်းကြောင့်၊ လင်းယွန်က အံ့သြ သွားသည်။ ပါရမီရှင် ရှစ်ပါး အတွင်း အချို့မှာ၊ မျိုးဆက်သစ် များကို မယှဉ် နိုင်ဟု၊ ထိုသူ များက အမှန် တကယ် ယူဆ ထားရဲ ပေသည်။

" အကိုကြီး၊ မင်း ပုံမှန်တော့ ဟုတ်ပါ တယ်နော်၊ မင်းကိုယ်မင်း ဘာလို့ ဒီလို ထင်ကြေးပေး မခံ ရတာလဲ ဆိုတာ မသိချင် ဖူးလား။ "

လီဝူယုက လျှို့ဝှက်သော အပြုံးဖြင့်၊ ဆိုလိုက်သည်။

လင်းယွန်က ဤအရာကို အနည်း ငယ်သာ စဉ်းစား မိခဲ့၏။ ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့အပေါ်၊ ထင်ကြေး ပေးခံရ ခြင်းအား သူ မအံ့သြပေ၊ သို့သော် ဇိုယန် ကိုမူ အံ့သြ နေမိသည်။

" သည်းထိတ် ရင်ဖို ဖြစ်အောင် လုပ်တာတွေ ရပ်လိုက် ဝူယု၊ အဲဒါကို ပြောပြပါ။ "

“ ဟား ဟား ဟား ကောင်းပြီ၊ မင်းရဲ့ လောင်းကြေးကို၊ ရတနာ ခန်းမက ဖွင့်ထား ခဲ့တယ်၊ ဒါက သီးသန့် လောင်းကြေး တစ်ခုပဲ၊ ထူးခြားတဲ့ လောင်းကြေးလို့ ဆိုရမယ်၊ အခြား လောင်းကြေး တွေထက်၊ လူစိတ်ဝင် စားမှု ပိုများတယ်၊ .... "

လီဝူယုက ခေတ္တ ရပ်ပြီး၊ လင်းယွန်ကို ကြည့်ကာ၊

“ ... နဂါး တံခါး ပြိုင်ပွဲကို၊ မင်းက ဝင်ရောက် ယှဉ်ပြိုင်ခြင်း ရှိ မရှိကို၊ သူတို့ လောင်းကြေး ဖွင့်ထားတယ်၊ တချို့က မင်း ပေါ်လာမှာ မဟုတ် ဖူးလို့ ယုံကြည် ကြတယ်၊ ... ''

'' ... တကယ်တော့ မင်းက နက်နဲ သွေးကြော ဖျက်ဆီး ခံထား ရတာ မဟုတ်လား၊ နဂါး တံခါး ပြိုင်ပွဲမှာ ပေါ်လာရင်၊ သေချာပေါက် သေလိမ့်မယ်၊ တစ်ချိန်က လုပ်ရပ် တွေကို အခြေ ခံပြီး၊ မင်းက သတ္တိ ကြောင်တဲ့၊ သူတစ်ယောက် မဟုတ် ဖူးလို့၊ လူ တချို့က ယူဆ ကြတယ်။ ''

လင်းယွန်က ထိုသို့သော လောင်းကြေး မျိုးကို တွေးမထား ဖူးပေ။ အခြား တစ်ဖက်တွင် နက်နဲ သွေးပြန်ကြော ပြန်မရမီ၊ ပြိုင်ပွဲ၌ ပါဝင် ခဲ့မည် ဆိုပါလျှင်၊ သူ့အတွက် အန္တရာယ် ရှိလာမည် ဖြစ်သည်။

မုန်တိုင်း ဗဟိုတွင် ရပ်နေ သူမို့၊ အခြားသော သူများ အတွက်၊ ဆွေးနွေး စရာ ခေါင်းစဉ် တစ်ခု အဖြစ်၊ သူကိုယ်တိုင် ရှောင်လွှဲ၍ မရကြောင်း၊ ခန့်မှန်း နိုင်သည်။

" အစ်ကိုကြီး၊ မင်း နဂါးတံခါး ပြိုင်ပွဲမှာ ပါဝင်မယ် ဆိုရင်၊ ငါ့ကို တိတ်တိတ်လေး ကြိုအသိပေး ထားနိုင် မလား။ "

လီဝူယု မျက်လုံးများ မှေးစင်းလျက်၊ သူ့နားရွက်ကို လက်ဖြင့် ကွယ်ကာ၊ လင်းယွန်၏ ပါးစပ် အနီး တိုးကပ် လိုက်သည်။

သူ့ ပုံစံမှာ ရယ်စရာ ကောင်း သောကြောင့်၊ လင်းယွန်က ပြုံးပြီး၊ ပုခုံးအား အသာတွန်း လိုက်သည်။

“ အဟဲ .... မင်းငါ့ကို မပြော ရင်တောင်၊ မင်းရဲ့ ဆုံးဖြတ် ချက်ကို၊ ငါ ခန့်မှန်း နိုင်ပါတယ်၊ ဒါကြောင့် ငါက လောင်းကြေး ထပ်ထားပြီး သားပါ၊ လျော်ကြေး ယူဖို့ အတွက် စောင့်ဆိုင်း နေရုံ ပါပဲ၊ ဒါထက် အရေး ကြီးတဲ့ ကိစ္စ တွေကို ပြောကြ ရအောင်။”

" အရေး ကြီးတဲ့ ကိစ္စ ဟုတ်လား။ ''

“ အင်း ဟုတ်တယ်၊ ပထမ ဦးစား ပေးက သဘာဝ အတိုင်း ဖီးနစ် မင်းသမီးရဲ့၊ အလည် အပတ် ခရီး စဉ်ပဲ၊ မင်းသမီး လေးက အခု ရတနာ တောင်ကုန်းကို၊ ရောက်နေတာ သုံးရက် ရှိပြီ။ ''

လီဝူယုက ပြုံးလျက် ပြန်ဖြေသည်။ ထိုသတင်း ကြောင့် လင်းယွန်က အံ့အားသင့် သွားသည်။

( သုံရက် .... )

ဖီးနစ် ပန်းကလေးမှာ ဓားနန်းတော်သို့၊ လာရောက် လည်ပတ်ပြီး၊ ရတနာ တောင်ကုန်း၌ သုံးရက် တိတိ အချိန်ဖြုန်း နေခဲ့သည်။

ထို့ကြောင့် ရှင်းယန်က မင်းသမီး လေးနှင့်၊ သိကျွမ်း သည်ဟု ပြောခဲ့ ခြင်းမှာ၊ လိမ်ညာ ခဲ့ပုံ မဟုတ်ပေ။ သူတို့ နှစ်ယောက်ကြား ဆက်ဆံ ရေးမှာ၊ ဤမျှ မရိုး ရှင်းကြောင်း သူ သိသည်။

“ ဒုတိယ သတင်း အနေနဲ့၊ စီနီယာ အစ်ကိုယီ ပြန်လာ ပြီဆိုတဲ့ သတင်းပဲ၊ အခု သူက ကောင်းကင် ရင်ပြင်မှာ၊ ဖိတ်ကြား ထားတဲ့ တစ်စုံ တစ်ယောက်နဲ့၊ အကြံ ဉာဏ်ချင်း ဖလှယ် နေတယ်၊ အဲ့ဒီ ပွဲကို စီနီယာ အစ်မ ရှင်းယန်နဲ့၊ ဖီးနစ် မင်းသမီးလေးက တက်ရောက် နေတယ်။ ”

'' စီနီယာ အစ်ကို ယီ... ၊ ဒါက ကောင်းကင် အဆင့်က ယီဖန်းလား။ ''

လင်းယွန်က မေးခွန်းထုတ် လိုက်သည်။

“ ဟုတ်တယ်၊ အဲ့ဒါ သူပဲ ...။ ”

ဟု လီဝူယုက ပြန်ဖြေ၏။

ယီဖန်းမှာ ကောင်းကင် အဆင့်တွင်၊ ပထမ နေရာ၌ ရပ်တည် နေသူ ဖြစ်သည်။ ဂိုဏ်းထဲတွင် ခြောက်နှစ်ကြာ နေခဲ့ ပြီးနောက်၊ သူ့ ရာထူးကို မည်သူမျှ မခြိမ်းခြောက် နိုင်ခဲ့ပေ။

သူ၏ ခွန်အားမှာ၊ တပည့်များ နားမလည် နိုင်လောက် အောင်ပင်၊ သန်မာ သည်ဟု ဆို၏။ လွန်ခဲ့သည့် နှစ်နှစ်ခန့် ကပင် ဂိုဏ်းမှ ထွက်ကာ၊ ခရီး ကြမ်းများ နှင်နေ ခဲ့သူ ဖြစ်သည်။

လင်းယွန်က ယီဖန်းကို တွေ့ချင် သွားသည်။ ကောင်းကင် အဆင့်အား စိုးမိုးရန်၊ မည်မျှ အားကောင်း မည်ကို၊ သူ သိချင် သောကြောင့် ဖြစ်သည်။

" ဘယ်သူ တွေနဲ့ ...၊ အကြံဉာဏ် ရယူ နေတာလဲ။ "

“ စီနီယာ အစ်ကို ယီနဲ့ ဖလှယ် နေတဲ့ သူက၊ အလွယ် တကူ အနိုင်ယူ လို့ရတဲ့ သူ မဟုတ်ဘူး၊ သူက 'နေဝင်ချိန်' ရဲ့ ဂျူနီယာ ညီလေး တစ်ယောက်ပဲ၊ သူရဲ့ ဓား နည်းစနစ်က အလွန် ကြောက်စရာ ကောင်းတယ်၊ ဒါကြောင့် မျိူးဆက်သစ် ပါရမီရှင် စာရင်းမှာ၊ သတ်မှတ် ခံထား ရပါတယ်။ ”

" အိုး ... ဒါဆို သွားကြည့် ရအောင်၊ ဟိုမှာ စီနီယာ အစ်မကြီးနဲ့ တွေ့လို့ ရတယ်။ ”

နှစ်ယောက်သား စကား စမြည် ပြောဆို လျက်ဖြင့်၊ ကောင်းကင် ရင်ပြင် ဆီသို့ ဦးတည် လိုက်ကြသည်။

လမ်းတစ် လျှောက်တွင် သူတို့နှင့်၊ တူညီသော အရပ်ထံ၊ ဦးတည် နေသော တပည့် များစွာ ရှိနေ ပေသည်။

တပည့် များက လင်းယွန်ကို မြင်သော အခါတွင်၊ လေးစားစွာ နှုတ်ဆက် လာကြသည်။ လင်းယွန်ကို မသိသူ၊ ဂိုဏ်းထဲ၌ တစ်ဦး တစ်ယောက်မျှ မရှိ တော့ခြေ။

မင်းသမီး၏ မွေးနေ့ပွဲ အတွင်း၊ သူ၏ စွမ်းဆောင်ရည်မှာ ကျော်ကြား ဖို့ရန်၊ ထိုက်တန် ပေသည်။

ထို့ပြင် ချင်ယု ထံမှ ရှင်းယန်ကို လုယူ လိုက်သော လုပ်ရပ် အရ၊ ဂိုဏ်းသား များ၏ စိတ်ဓာတ်ကို၊ အလွန် တိုးတက် သွားစေ ခဲ့သည်။

ဤသည်မှာ ဂိုဏ်း၏ တပည့်များ အားလုံး၊ လင်းယွန် အပေါ် လေးစား လာ ရသည့် အကြောင်းရင်း ဖြစ်သည်။

သူတို့ နှစ်ယောက် ကောင်းကင် ရင်ပြင်သို့ ရောက်သော အခါတွင်၊ ယီဖန်းကို တွေ့လိုသော တပည့် များဖြင့် ပြည့်နှက် နေခဲ့၏။ ယီဖန်းသည် ဓားနန်းတော်၏ ဒဏ္ဍာရီ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။

သူ၏ ပြိုင်ဘက်မှာ ၊ မျိုးဆက်သစ် ပါရမီ ရှင် စာရင်းတွင် ရှိနေသော သူတစ်ယောက် ဖြစ်၏။

လမ်းတွင် ထိုသူ့ အကြောင်း လင်းယွန်က မေးမြန်း လာမိသည်။ 'နေဝင်ချိန်' ဆိုသော ပါရမီ ရှင်၏ ဂျူနီယာ ညီငယ် တစ်ယောက် ပေပင်။

နေဝင်ချိန် မှာ ထူးခြားသော ပါရမီရှင် တစ်ဦး ဖြစ်သည်။

ပါရမီရှင် အများ စုက၊ မဟာ ဂိုဏ်းကြီး လေးဂိုဏ်း၊ တော်ဝင် မိသားစုနှင့်၊ ကောင်းကင်ဘုံ ချင် အင်စတီ ကျု တို့မှ ထွက်ပေါ် လာခြင်း ဖြစ်၏။

သို့သော် 'နေဝင်ချိန်' သည် ၎င်းတို့ အတွင်းမှ မဟုတ်ဘဲ၊ 'မိုးတိမ် ဓားနန်းတော်' ၏ တပည့် တစ်ဦး ဖြစ်ပေသည်။

မိုးတိမ် ဓားနန်းတော် သည်၊ မဟာချင် အင်ပါယာ နယ်နိမိတ် အတွင်းတွင် တည်ရှိပြီး၊ ၎င်းတို့၏ အခြေခံ အုတ်မြစ်မှာ၊ မဟာ ဂိုဏ်းကြီး လေးဂိုဏ်းနှင့် ကောင်ကင်ဘုံချင် အင်စတီကျုထက် အားနည်း ပေ၏။

ကောင်းကင်ဘုံ ဓားနန်းတော်နှင့်၊ မိုးတိမ် ဓားနန်းတော် တို့သည်၊ ၎င်းတို့၏ အမည်တွင် စကားလုံး တစ်လုံး တည်းသာ ကွဲပြားသည်။

ကောင်းကင်ဘုံ ဓားနန်းတော် မဖွဲ့ တည်မီ၊ မိုးတိမ် ဓားနန်းတော်မှာ မဟာချင် အင်ပါယာ၏၊ အသန်မာ ဆုံးသော ဓားဂိုဏ်း တစ်ဂိုဏ်း ဖြစ်ကြောင်း၊ အင်ပါယာ မှတ်တမ်း များ၌ ဖော်ပြထား ကြသည်။

သို့သော်၊ ကောင်းကင်ဘုံ ဓား နန်းတော်၏ ဘိုးဘေး ဂျင်ဝူမင်ကို၊ သူတို့က ရှုံးနိမ့် သွားပြီးနောက်၊ ပထမ ဓားဂိုဏ်း ဂုဏ်ပုဒ်အား လွှဲပြောင်း ပေးအပ် ခဲ့ရသည်။

အဆုံးတွင်၊ ကောင်းကင်ဘုံ ဓားနန်းတော်၏ အတင်း အကြပ် ဖိနှိမ် လာမှု များကြောင့်၊ မိုးတိမ် ဓားနန်းတော်က၊ ကောင်းကင်ဘုံ ချင် နိုင်ငံတော် အတွင်းမှ၊ ရွေ့ပြောင်း ပေးလိုက် ရသည်။

ထို့ကြောင့် ကောင်းကင်ဘုံ ဓားနန်းတော်မှာ၊ တစ်ချိန်က မည်မျှ ထိတ်လန့် စရာ ကောင်းသည်ကို တွေးကြည့် နိုင်သည်။

ကောင်းကင်ဘုံ ဓားနန်းတော်ရှိ ကောင်းကင်ဘုံ ဆိုသော စကားလုံး သည်ပင်၊ တိမ်များကို ကျော်လွှား ခြင်းဟု အဓိပ္ပါယ် ရ၏။

ထိုအချိန်မှ စ၍၊ မိုးတိမ် ဓားနန်းတော်မှာ မဟာချင် အင်ပါယာ၏ ဒုတိယ အင်အားစု အတွင်းသို့၊ ကျဆင်း သွားခဲ့ပြီး၊ မကြာ သေးမီ အချိန် ကသာ ပထမ အဆင့်သို့၊ ပြန်လည် တက်ရောက် လာနိုင်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်က ရှင်းဂျူသာ၊ နဂါး တံခါးသို့ ဝင်ပြိုင် ခဲ့ပါက၊ လက်ရှိ ရာထူးကို 'နေဝင်ချိန်' အနေဖြင့်၊ ရယူ နိုင်မည် မဟုတ်ကြောင်း၊ အများ စုက ထင်ကြေး ပေးခဲ့ ကြ၏။

ဆိုလို သည်မှာ 'နေဝင်ချိန်' သည် ရှင်းဂျူနှင့် ယှဉ်ပါက၊ အနည်းငယ် အားနည်း နေသေး သည်ဟု ဆိုပေသည်။

ထို့ကြောင့် အချို့သော သူများက သူ့ကိုစိန်ခေါ်ကာ၊ ဘွဲ့ တံဆိပ်အား လက်လွှဲ ယူရန် ကြိုးစား လာကြ သော်လည်း၊ အောင်မြင်ခြင်း မရှိ ခဲ့ကြပေ။

နဂါး တံခါး ပြိုင်ပွဲ ပြီးနောက်၊ 'နေဝင်ချိန်'၏ ဘွဲ့ တံဆိပ်မှာ၊ အတု အယောင် ဖြစ်သည် ဟူသော အမြင် များကို၊ သူ့ ဓားဖြင့် ပိတ်ပစ် နိုင်ခဲ့သည်။

ဆိုလို သည်မှာ ခွန်အား အရ၊ ပါရမီရှင် ရှစ်ပါး ဟူသော ဂုဏ်ပုဒ်နှင့်၊ အပြည့် အဝ ထိုက်တန် သူ ဖြစ်၏။

လင်းယွန်နှင့် လီဝူယုကို မြင်သည်နှင့်၊ ရှင်းယန်က နှုတ်ဆက် လိုက်သည်။

" ဂျူနီယာ မောင်လေး မင်းအတွက် ကာကွယ်သူ မက်မွန်က၊ ခက်ခဲတဲ့ အရာ တွေကို လုပ်ခဲ့ သေးလား။ "

လင်းယွန်က ရှင်းယန် စကားကို ပြန်မဖြေ အားဘဲ၊ ဖီးနစ် ပန်းကလေးကို ကြည့်ပြီး၊ လက်နှစ်ဖက် ဆုပ်ကာ၊ နှုတ်ဆက် လိုက်သည်။

မျက်နှာကို ဖုံးအုပ် ထားနိုင် သော်လည်း၊ သူမ၏ ကြွပ်ဆက်ဆက် အမူ အရာများ အပေါ်၊ မင်းသမီး လေးက ဖုံးကွယ် ထားနိုင်ခြင်း မရှိခြေ။

" ဟီးဟီး၊ ငါတို့ရဲ့ မင်းသမီးလေး ပေါ်က၊ မင်းရဲ့ မျက်လုံး တွေကို၊ မလွှဲ နိုင်ဖူး မဟုတ်လား။ ''

ရှင်းယန်၏ ကျီစယ် စကားကြောင့်၊ လင်းယွန်က ရှက်ရွံ့စွာ ပြုံးပြ လိုက်သည်။ ဖီးနစ် ပန်းကလေး ထံမှ ရင်းနှီးသော ခံစား ချက်ကို၊ ရရှိလိုက် သောကြောင့်၊ အတန်ကြာ စိုက်ကြည့် နေမိခြင်း ဖြစ်၏။

ထို့ကြောင့် ရှင်းယန် စကားကို၊ မည်သို့ တုန်ပြန်ရ မည်အား၊ သူ မသိ တော့ပေ။

သူ့စိတ် ထဲ၌ ပုံသဏ္ဍာန် တစ်ခု ထွက်ပေါ် လာပြီး၊ မင်းသမီး လေးနှင့် ထပ်တူ ကျသွား၏။ ယင်းမှာ မှုန်ဝါးလွန်း သောကြောင့်၊ အမှား လုပ်မိ မည်ကို၊ စိုးရွံ့ သွားမိသည်။

“ ထိုင်ပါဦး၊ ဒီလောက် သတိထား နေဖို့၊ မလို ပါဘူး။ ”

ဖီးနစ် ပန်းကလေးက ခေါင်းညိတ်ကာ၊ သတိပေး လိုက်သည်။

ကောင်းကင် ရင်ပြင်ရှိ စင်မြင့် တစ်ခု ပေါ်တွင်၊ လူငယ် အချို့ ရှိနေ ခဲ့ပြီး၊ ဖော်ရွေသော အပြုံးကို၊ ထုတ်ဖော် ထားကြသည်။

“ နဂါး တံခါး ပြိုင်ပွဲက၊ အခု ကစ တစ်လ အကြာမှာ၊ ကျင်းပ လိမ့်မယ်၊ ဒါကြောင့် မင်းရဲ့လာရောက် လည်ပတ်မှု အတွက်၊ ဂုဏ်ယူ မိပါတယ်။ "

“ ဒီလို မျက်နှာသာ ပေးတာကို မခံယူ ရဲပါဘူး၊မင်းက ဘွဲ့တံဆိပ် မရရှိ ထားပေမယ့်၊ ခွန်အား အရ ပါရမီရှင် ရှစ်ပါးကို ယှဉ်နိုင်တယ် ဆိုတာ ငါကြားဖူး ပါတယ်၊ 'မျိုးဆက်သစ် ပါရမီရှင်' စာရင်းမှာ၊ ညီအစ်ကို ယီကို ထည့်သွင်းခြင်း မရှိ တာက၊ တကယ်ပဲ မျက်စိ ကန်းနေ ကြတာပါ၊ ငါအမြင် အရတော့ မင်းက ဒီနှစ် နဂါး တံခါး ပြိုင်ပွဲမှာ၊ ဘွဲ့တစ်ခု ရဖို့ အတွက် အရည် အချင်း အရှိဆုံး လူပါပဲ။ ”

လူငယ်က အနားတွင် ရပ်နေသော ယီဖန်းကို၊ လေးစားဟန် အပြည့်ဖြင့်၊ ပြန်ဖြေ လိုက်သည်။

“ အခု ပြောခဲ့တဲ့ သူက 'နေဝင်ချိန်' ရဲ့ ဂျူနီယာ ညီငယ် လွေယုဟောင်ပဲ၊ သူက အရမ်း အစွမ်းထက် တာကြောင့်၊ စီနီယာ အစ်ကိုယီက သူ့ကို ဖိတ်ခေါ်ခဲ့တာလို့ ကြားမိတယ်၊ သူရဲ့ မိုးတိမ် ဓားနန်းတော်က အကြီးအကဲ တွေကလည်း၊ စီနီယာ အစ်ကိုယီနဲ့ ဖလှယ် စေလို ကြတယ်။ ”

ရှင်းယန်က နောက်မှ ရောက်ရှိ လာသော လင်းယွန် တို့ကို ရှင်းပြ လိုက်၏။

လင်းယွန်၏ အကြည့်က ယီဖန်း ဖြစ်နိုင်ခြေ အရှိဆုံး၊ လူတစ်ဦး ပေါ်သို့ ကျရောက် သွားသည်။

ယီဖန်းမှာ ရင့်ကျက် ပုံပေါက် သော်လည်း၊အသက် ကြီးဟန် မရှိ သေးချေ။ သူ့ အကြည့်များ အတွင်း၊ ဘဝ တစ်လျှောက် သတ်ဖြတ် ခဲ့သော၊ ဝိညာဉ် များ၏ သွေးရနံ့ များကို၊ ခံစား နိုင်သည်။

သူ၏ စိတ်နေ စိတ်ထားမှာ၊ အခြားသော တပည့် များနှင့်၊ သိသိ သာသာ ကွာခြား ပေသည်။ မဟာချင် အင်ပါယာ အပြင်၌၊ အတွေ့ အကြုံများ ရယူရန်၊ ထွက်ခွာ သွားခဲ့ကြောင်း၊ ကောလာ ဟလများ ထွက်ပေါ် ခဲ့သည်။

ရှန်းယန်က လေးနက်သော အမူ အရာဖြင့်၊

'' လွေယုဟောင် ဘေးက လူက စီနီယာ အစ်ကို ယီဖန်းပဲ၊ ငါ့ရဲ့ အစ်ကို ကြီးက သူ့ကို အလွန်လေးစားတယ်၊ စီနီယာ အစ်ကိုယီကကောင်းကင် အဆင့်မှာ၊ ပထမ ရဖို့ တကယ် ထိုက်တန် တယ်လို့ ပြောခဲ့ ဖူးတယ်။ ''

လွေယုဟောင်၏ ယဉ်ကျေး ပျူငှာသော မျက်နှာဖြင့်၊ ယီဖန်းကို ပြုံးပြပြီး၊

“ ညီအစ်ကိုလွေ၊ ငါတို့ နှစ်ယောက် စလုံးက ဓားသမား တွေပါ၊ မင်းရဲ့ စီနီယာ အစ်ကိုက 'နေဝင်ချိန်' လည်း ဖြစ်တယ်၊ ဒါကြောင့် ဓားတာအိုမှာ၊ ခရီးရောက် နေလိမ့် မယ်လို့ ငါယုံကြည်တယ်၊ မင်းသာ ဆန္ဒ ရှိရင် ငါတို့ချင်း ဖလှယ်ကြ မလား၊ နောက်ဆုံးတော့ ငါ့ညီငယ် တွေက၊ ဘယ်လောက် တောင် စိတ်လှုပ်ရှား နေလဲ ဆိုတာ၊ ကြည့်ကြည့် လိုက်ပါဦး။ ”

လွေယုဟောင်က လေးနက်သော အပြုံးကို ထုတ်ဖော် ပြ လိုက်သည်။

'' ညီအစ်ကို ယီ မင်းက မြှောက်ပင့် လွန်းတယ်၊ ဒါပေမယ့် ရလဒ် တွေကို မယုံကြည်တဲ့ သူတစ်ယောက် အမြဲ ရှိနေမှာ ဖြစ်လို့၊ စကားလုံးတွေနဲ့ ဖလှယ် တာက အဓိပ္ပါယ် မရှိ ပါဘူး၊ တစ်စုံ တစ်ယောက်ကို ငါ့ဓားနဲ့ အနိုင်ယူ ပြပြီး မှသာ၊ ဓားတာအို အကြောင်း နွေးဆွေး ရမှာ သဘာဝ ပါပဲ။ ”

သူ့ စကားက ဓားနန်းတော် အတွင်း ပေါက်ကွဲအား ပြင်းထန်သော လက်နက်ဗုံး တစ်လုံးကဲ့သို့ ကျရောက် သွားလေသည်။

လွေယုဟောင် ပြောသော၊ စကား နောက်ကွယ်ရှိ အဓိပ္ပာယ်ကို၊ မည်သူ မဆို ခံစား သိရှိ နိုင်သည်။

ဤနေရာရှိ လူတိုင်းကို သူ့ဓားဖြင့်၊ အနိုင်ယူ နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

***

All Chapters