← Chapters

ဓားနဲ့ပဲ စကား ပြောရအောင်။

Vol. 30 Ch. 417

ဓားနဲ့ပဲ စကား ပြောရအောင်။

Vol. 30 Ch. 417

'' ညီအစ်ကို ယီ မင်းက မြှောက်ပင့် လွန်းတယ်၊ဒါပေမယ့် ရလဒ် တွေကို မယုံ ကြည်တဲ့၊ သူတစ်ယောက် အမြဲ ရှိနေမှာ ဖြစ်လို့၊ တစ်စုံ တစ်ယောက်ကို ငါ့ဓားနဲ့ အနိုင်ယူ ပြပြီး မှသာ၊ ဓားတာအို အကြောင်း၊ ဆက်နွေးဆွေး ကြတာပေါ့။ ''

သူ့ စကားက ဓားနန်းတော် အတွင်း ပေါက်ကွဲအား ပြင်းထန်သော လက်နက်ဗုံး တစ်လုံးကဲ့သို့ ကျရောက် သွားလေသည်။

လွေယုဟောင် ပြောသော၊ စကား နောက်ကွယ်ရှိ အဓိပ္ပာယ်ကို၊ မည်သူ မဆို သိရှိ နိုင်သည်။

ဤနေရာရှိ လူတိုင်းကို သူ့ဓားဖြင့်၊ အနိုင်ယူ နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

လိုယုဟောင်၏ စကားများက မောက်မာ လွန်းပြီး၊ ဓားနန်းတော်၏ တပည့် များကို စိတ်မသက် မသာ ဖြစ်လာ စေ၏။

သို့သော် နေဝင်ချိန်၏ ဂျူနီယာ ညီငယ် တစ်ယောက် ပီပီ၊ သူ့တွင် နားမလည် နိုင်သော ကျင့်ကြံမှု တစ်ခု ရှိနေသည်။

ထို့ကြောင့် တပည့် များက မည်မျှ ရုန်းရင်း ဆန်ခတ် ဖြစ်လင့် ကစား၊ တစ်ဦး တစ်ယောက်မှ ရှေ့မတိုး ဝံ့ခြင်း ဖြစ်သည်။

တစ်စုံ တစ်ယောက်ကို အနိုင် ယူပြီး မှသာ၊ ဓားတာအိုတွင် အကြံဉာဏ် ပေးနိုင် မည်ဟု ဆို၏။

ဆိုလို သည်မှာ ရှုံးနိမ့် ခြင်းဖြင့် မပြီး ဆုံးနိုင်ဘဲ၊ သူတို့အား ဥပမာ ပေးကာ၊ လူပုံ အလည် လမ်းညွှန် မှုများ ခံရမည် ဖြစ်သည်။ စဉ်းစား ကြည့်သည် နှင့်ပင်၊ ရှက်စရာ ကောင်းပေ၏။

၎င်းမှာ မိမိ ကိုယ်ကို အရှက် ရရုံ သာမက၊ ဓားနန်းတော် အတွက်လည်း၊ နိမ့်ချရာ ရောက်နိုင်သည်။

လွေယုဟောင်က မထီ မဲ့မြင် ပြုသော အမူ အယာဖြင့်၊ နှုတ်ခမ်းကို တွန့်ရုံ ပြုံးကာ၊ ရုတ်တရက် ထရပ် လိုက်ပြီး၊

" မျိုးဆက်သစ် ပါရမီရှင် စာရင်း ထဲမှာ၊ ငါက အဆင့်ငါး နေရာကို ရရှိထား ပါတယ်၊ စီနီယာအစ်ကိုယီ ကတော့၊ နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းသိမ်း ထားတာကြောင့်၊ ဒီစာရင်း ထဲမှာ မပါဝင် ပါဘူး၊ ဘာကြောင့် ပါလဲ ...၊ လူတိုင်းက အဆင့် သတ်မှတ် ချက်တွေထဲ၊ မဝင်တာ နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းထားလို့ လို့၊ ထင်ပါ သလား၊ ... ''

“ ... သန်မာ ပေမယ့် အဆင့် မဝင်တဲ့ သူတွေကို၊ နှိမ့်ချတဲ့ သူတွေလို့ ခေါ်ကြတယ်၊ ခွန်အား မရှိလို့ အဆင့် သတ်မှတ်ချက်၊ မဝင်တဲ့ သူတွေ အားလုံး ကတော့၊ အမှိုက်တွေ ချည်းပါပဲ၊ ငါ ဘယ်သူ့ ကိုမှ ပစ်မှတ် ထားတာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့ ထဲက တစ်ယောက်မှ၊ ငါ့ပြိုင်ဘက် မဖြစ် နိုင်တာ သေချာ ပါတယ်။ "

သူ့ စကားက ချက်ချင်းပင် ရုတ်ရုတ် သဲသဲ ဖြစ်သွား စေ၏။ ၎င်းတို့ မငြိမ် သက်ခင် မှာပင် လွေယုဟောင်က၊

“ ဘာ လို့လဲ၊ မင်းတို့ ဘာလို့ ကျွဲမြီးတို နေကြ တာလဲ၊ ဒါဟာ အမှန် တရားပဲ၊ ဓားနန်းတော်ရဲ့ ဘိုင်လိရွှမ်က အဆင့် သတ်မှတ် ချက် ထဲမှာ၊ ပထမ နေရာမှာ ရှိတယ်၊ အဲဒါကို ငါလက်ခံတယ်၊ ဒါပေမယ့် သူက တံခါးပိတ် ကျင့်ကြံ နေတယ်၊ အခု သူ ဒီမှာ မရှိ ပါဘူး၊ ... ''

'' ဘိုင်လိရွှမ် အပြင် ဓားနန်းတော်မှာ၊ တခြား တစ်ယောက် ရှိနေ တယ်လို့ ကြားတယ်၊ ကံမကောင်း စွာနဲ့ပဲ၊ သူက နက်နဲ သွေးပြန်ကြော ဖြတ်တောက် ခံလိုက် ရတယ်၊ သူ့ အနေနဲ့ ကတော့ နဂါး တံခါး ပြိုင်ပွဲမှာ၊ ဝေးဝေး သွားနိုင်မှာ မဟုတ်ဖူး လို့ပဲ၊ ပြောနိုင် ပါတယ်။ ”

“ ... ညီအစ်ကို ယီက ဓားတာအိုပေါ် အမြင်တွေ ဖလှယ်ဖို့ ဖိတ်ခေါ် ခဲ့တဲ့ အတွက်၊ ဒါကို ငါလုပ်ရမယ်၊ ငါ့လက်ထဲက ဓားနဲ့ လူ တစ်ယောက်ကို အနိုင်ယူ ပြီးတဲ့ အခါ၊ ငါပြောမယ် မဟုတ်ရင် စကားလုံး သက်သက်နဲ့၊ ဘယ်သူက ယုံမှာလဲ။ ”

ဓားနန်းတော်၏ တပည့် များမှာ ဒေါသ ဖြစ်လာ ကြ၏။ လွေယုဟောင်၏ စကား များမှာ မောက်မာ လွန်းသဖြင့်၊ သူတို့အား အရှက် ရစေသည်။

သေချာ ပြန်စဉ်းစား ကြည့်လိုက် သည်နှင့်၊ ထိုစကား များမှာ အဓိပ္ပါယ် ရှိနေ ပြန်၏။ တစ်ချိန် တည်းမှာပင် သူ့ကို အနိုင် ယူပြပြီး၊ ပြန်လည် ချေပ နိုင်သော်လည်း၊ မည်သူ ကမှ ထိုသို့ ပြုလုပ်ရန် ယုံကြည်မှု မရှိခဲ့ ကြပေ။

လင်းယွန်က မျက်ခုံး နှစ်ဖက်ကို ထိစပ် လုမတက် တွန့်ချိုး လိုက်၏။ မိုးတိမ် ဓား နန်းတော်သည် ဤနေရာသို့ ပြဿနာ ရှာရန် ရောက်ရှိ လာပုံ ရသည်။

" ဒီမှာ တစ်ယောက် ယောက်က၊ ငါနဲ့ တိုက်ခိုက် ဝံ့သလား။ "

လွေယုဟောင်က ပြုံးလိုက် သော်လည်း၊ သူ့အပြုံးမှာ ဓားနန်းတော်၏ တပည့် အားလုံးအပေါ်၊ လှောင်ပြောင်ခြင်း များဖြင့် ကြည့်လာခြင်း ဖြစ်သည်။

လွေယုဟောင်မှာ နေဝင်ချိန်၏ ဂျူနီယာ ညီငယ် တစ်ယောက် ဖြစ်သောကြောင့်၊ မိုးတိမ်ဓား နန်းတော်တွင် ဒုတိယ အင်အား အကောင်း ဆုံးလည်း ဖြစ်သည်။

အခြေခံ အုတ်မြစ် အရ မိုးတိမ် ဓားနန်းတော်သည်၊ ကောင်းကင်ဘုံ ဓား နန်းတော်ထက် နိမ့်ကျ သော်လည်း၊ 'မျိုးဆက်သစ် ပါရမီရှင်' သတ်မှတ်ချက် စာရင်းတွင်၊ ပဉ္စမ နေရာ၌ ရပ်တည် ထား နိုင်သော၊ လွေယုဟောင် အတွက်မူ၊ ကြောက်စရာ ကောင်းသော ဝှက်ဖဲများ ပိုင်ဆိုင် ထားနိုင်သည်။

“ ညီအစ်ကို လွေနဲ့ အမြင်ချင်း ဖလှယ်ချင်တာကြောင့်၊ အဲဒါကို စမ်းကြည့်ဖို့ စိတ်ဝင်စားတယ်။ ”

လင်းယွန်က ထရပ် ခါနီးတွင်၊ လူအုပ် ထဲရှိ တပည့် တစ်ယောက် ထရပ် လာကာ၊ စင်မြင့် ဆီသို့ လျှောက်လှမ်း သွားသည်။

ထိုသူမှာ ကောင်းကင် အဆင့် (၉)တွင် ရှိသော ချင်းရွှမ်ဂျွန် ဖြစ်သည်။

အကြည့်များ အားလုံး၊ သူ့ အပေါ် ကျဆင်းလာ သောကြောင့်၊ ချင်းရွှမ်ဂျွန်က ကြီးမားသည့် ဖိအားကို ခံစား လိုက်ရ၏။

" စီနီယာ အစ်ကို ချင်က အောင်မြင်မှု တစ်ခု ရခဲ့ တာလား။ "

လင်းယွန်က စိတ်ဝင် တစား မေးလိုက်သည်။

“ ဟုတ်တယ် ကြာမိစ္ဆာ နယ်မြေက ပြန်ရောက် လာပြီး၊ တစ်လခွဲ အကြာမှာ သူ့ရဲ့ အောင်မြင်မှုကို ရယူ နိုင်ခဲ့တယ်၊ အခု သုံးလ ရှိပြီ ဆိုတော့၊ မကြာခင် အလယ် အလတ် အဆင့်ကို ရောက်တော့မယ် ထင်တယ်။ ”

ရှင်းယန်က ရှင်းပြသည်။ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ ချင်ရွှမ်းဂျွန်က အကျိုး ကျေးဇူး များစွာ ရရှိ ခဲ့သည်။ သို့မဟုတ် ပါလျှင် သည်အချိန်၌၊ သူ မတ်တပ် ရပ်မည် မဟုတ်ပေ။

ချင်ရွှမ်းဂျွန်က စင်မြင့် ပေါ်သို့ ဆင်းသက် လာပြီး သူ့ဓားကို ဆွဲထုတ် လိုက်၏။

လွေယုဟောင်က မတ်တပ် ရပ်ကာ တစ်လှမ်းချင်း လျှောက်လှမ်း လာသည်။ ဒဿမ အဆင့် အထွတ် အထိပ် အရှိန် အဝါကို လွှတ်ထုတ်လာပြီး၊ ယုတ်ညံ့သူ တစ်ယောက် မဟုတ်ကြောင်း ပြသ လိုက်သည်။

လွေယုဟောင်မှာ အမှန် တကယ် မာန ထောင်လွှားရန် ထိုက်တန် သောကြောင့်၊ စင်မြင့် အောက်၌ ရုတ်ရုတ် သဲသဲ ဖြစ်သွား၏။

သူ၏ ကျင့်ကြံမှု တစ်ခု တည်းဖြင့်ပင်၊ ဤနေရာရှိ တပည့် အများစု အပေါ်၊ ဖိနှိပ် နိုင်ပေမည်။

လွေယုဟောင်၏ အရှိန် အဝါကို မြင်သည်နှင့်၊ ချင်းရွှမ်ဂျွန်က နှုတ်ခမ်းများ လှုပ်ယမ်း သွားပြီး၊ စင်မြင့်ပေါ် တက်လှမ်း မိခြင်း အပေါ်၊ နောင်တရ သွား၏။

" စိတ်မပူ ပါနဲ့ ငါမင်းကို အခွင့်ကောင်း မယူ ပါဘူး၊ ကနဦး ဒဿမ အဆင့် နဲ့ပဲ အနိုင်ယူ ပါမယ်။ "

လွေယုဟောင်က သူ၏ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါအား၊ ရုတ်တရက် ဆုတ်ခွာ စေလျက်ဖြင့်၊ ပြုံးကာ ဆိုလိုက်သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သူ၏ ကျင့်ကြံ မှုကို ကနဦး ဒဿမ အဆင့်သို့၊ လျော့ချ ပစ်လိုက်၏။

လွေယုဟောင်၏ လုပ်ရပ်မှာ၊ လက်တွေ့ ကျကျ အရှက် ခွဲခြင်း ဖြစ်သောကြောင့်၊ ချင်းရွှမ်ဂျွန် မျက်နှာကို နီမြန်း သွားစေသည်။

" ဘယ်လောက်တောင် မာနကြီး လိုက်လဲ။ "

အော်ဟစ် လိုက်ပြီး၊ သူ့ဓားကို ပင့်မြှောက်ကာ၊ နတ်ဆိုး တစ်ကောင်လို အရှိန် အဟုန် ပြင်းပြင်းဖြင့်၊ လွေယုဟောင်ဆီ ပြေးဝင် လိုက်လေသည်။

" အချိန် ကောင်းပဲ .....။ "

လွေယုဟောင်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက် သည်နှင့်၊ သူ၏ အငွေ့ အသက်များ ပြိုကျ လာ၏။ သူ့ဓား ကိုပင် မဆွဲ ခဲ့ပေ။

မူလ စွမ်းအင်ကို ဓား ပုံသဏ္ဍာန် ဖွဲ့တည်ကာ၊ ပြေးဝင် လာသော ချင်းရွှမ်ဂျွန် နဖူး ဆီသို့ ပစ်ခတ် လိုက်သည်။

“ ဒီလူက သူ့ လက်မောင်းအိုး ထဲမှာ၊ ဝှက်ဖဲတွေ ရှိနေတယ်။ ''

လင်းယွန်က ရေရွတ် လိုက်သည်။ စင်မြင့် ပေါ်ရှိ လူရိပ် နှစ်ရိပ်မှာ၊ မျက်စိ တစ်မှိတ် အတွင်း၊ လှုပ်ရှား မှုပေါင်း များစွာ ဖလှယ်ခဲ့ ကြသည်။

လွေယုဟောင်က သူ့ဓားကို ထုတ်ယူခြင်း မရှိသော်လည်း၊ သူ၏ တိုက်ခိုက်မှု တိုင်းမှာ ချင်းရွှမ်ဂျွန်အား အခက် တွေ့စေ၏။

ဆယ်ကြိမ် တိုင်တိုင် ထပ်ခါ ထပ်ခါ ဟန့်တား ခံရ ပြီးနောက်၊ ချင်းရွှမ်ဂျွန်၏ အရှိန်အဝါမှာ ကျဆင်း တော့မည့်၊ အရိပ် အယောင်များ ပြသ လာသည်။

( မကောင်း တော့ဘူး။ )

လင်းယွန်က သူ့ နှလုံးသား ထဲ၌ ဟစ်အော် လိုက်၏။

" အခု ငါ့အလှည့် ...။ "

လွေယုလောင်က အေးစက်စွာ ပြုံးလိုက်ပြီး၊ ရုတ်တရက် သူ့ ဓားကို ဆွဲထုတ် လိုက်၏။

သူ၏ ကျင့်ကြံ မှုသည်၊ ကနဦး ဒဿမ အဆင့်တွင် ရှိနေဆဲ ဖြစ်သော်လည်း၊ ဓားကို ကိုင်လိုက်သော အခါတွင်၊ အရှိန် အဝါမှာ ပြောင်းလဲ သွားသည်။

သိုင်းခြုံ ထားသော ဓား အရှိန် အဝါက မြင့်တက် လာပြီး၊ အဝတ်အစား များနှင့် ဆံပင်များကို၊ လွင့်ပျံ သွားစေ၏။

သူ့ဓား ထံမှ စူးရှ တောက်ပသော၊ ရောင်ခြည်များ ထွက်ပေါ် လာကာ၊ စင်မြင့် တစ်ခု လုံးကို ဖုံးအုပ် ပစ်လိုက်သည်။

ရုတ်တရက် မျက်စိ ကျိန်းစေသော အလင်း များကြောင့်၊ လွေယုယောင်အား မြင်ကွင်းမှ၊ ခဏကြာ ပြောက်ကွယ် သွားစေ ၏။

ထိုအချိန်၌ စင်မြင့် တစ်ခုလုံး ရှင်းရှင်း လင်းလင်း မမြင် ရတော့ဘဲ၊ မှောင်မိုက် ကျသွားသည်။

အမှောင် အတွင်း ပျောက်ကွယ် သွားသော လွေယုဟောင် ကြောင့်၊ ချင်းရွှမ်ဂျွန် မျက်နှာက ပြောင်းလဲ သွား၏။

" ဘာတွေ ဖြစ်နေ တာလဲ။ "

မျက်လုံး များကို စူးစူး ဝါးဝါး ကျိန်းစပ် စေသည့် အလင်း များက၊ အမှောင် ထုအား ရုတ်တရက် အစားထိုး လာပြီး၊ မျက်စိ ရှေ့၌ လွေယုဟောင် ပြန်လည် ထွက်ပေါ် လာ၏။

ကြောက်စရာ ကောင်းသော ထိုးနှက် ချက်ကို ရှောင်ရှားရန်၊ ချင်ရွှမ်ဂျွန်က ဆုတ်ခွာ ခြင်းဖြင့်၊ ချက်ချင်း တုံ့ပြန် လိုက်ရသည်။

အလင်းနှင့် အမှောင်က၊ တစ်လှည့်စီ ပြောင်းလဲ ဖြစ်ပေါ် လာပြီး၊ သူ့ထံ ဦးတည် နေသော တိုက်ခိုက်မှု များကို၊ အဆက် မပြတ် ရှောင်တိမ်း နေခဲ့သည်။

'' ချ လွမ် ........ ''

အကြိမ်ပေါင်း များစွာ ရင်ဆိုင် ပြီးနောက်၊ ချင်းရွှမ်ဂျွန်၏ ဓားမှာ၊ သူ့ ဆံပင်များ နှင့်အတူ၊ ပြုတ်ကျ သွားတော့၏။

ကြမ်းပြင် ပေါ်ရှိ ဓားနှင့် ယှဉ်ပါလျှင်၊ ဆံပင် ဖြတ်စ များမှာ ပို၍ပင် ကြည့်ရ ဆိုးစေသည်။

အဘယ့်ကြောင့် ဆိုသော်၊ လွေယုဟောင် သည်သာ ဆန္ဒရှိ ပါက၊ သူ့အား သတ်ပစ် နိုင်မည်ဟု အဓိပ္ပါယ် ရပေသည်။

ထို့အစား သူ့ဆံပင် များကို ဖြတ်ပစ် ခြင်းဖြင့်၊ သိသိ သာသာ အရှက်ခွဲ ပြသ ခဲ့၏။

" ငါ ရှုံး တယ်.... "

တွန့်ဆုတ် စွာဖြင့် ဝန်ခံ လိုက်၏။ ဓားကို ရိုက်ထုတ် ခံလိုက်ရ သည်သာ မက၊ သူ့ဆံပင် များအား၊ ဖြတ်ခံ ခဲ့ရသည်။ ယင်းမှာ သူ့ အတွက် လုံးဝ ကျရှုံးခြင်း တစ်ခု ပေပင်။

ထိုရလာဒ်ကို မြင်သည်နှင့်၊ စောင့်ကြည့် နေသော အကြီးအကဲ များ၏ မျက်နှာမှာ၊ စိုးရွားစွာ ပျက်ယွင်း သွားကုန်သည်။

“ မင်းက အားနည်း နေတာတောင်၊ အရင်ဆုံး စင်ပေါ် ဘာလို့ တက်လာ ရတာလဲ၊ ရှက်စရာ ကောင်းလိုက်တာ ထွက် သွား ...။ "

ယီဖန်းက တင်းမာသော လေသံနှင့် ဟောက်လိုက်သည်။ သူ့စကား များက ချင်းရွှမ်ဂျွန် နှလုံး သားကို၊ ထိုးစွ လာသော အပ်များနှင့် တူပြီး၊ စိတ်မသက် မသာ ဖြစ်လာ စေသည်။

ပွဲကြည့်စင် တစ်နေရာရှိ၊ အကြီးအကဲ များ၏ ပျက်ယွင်း နေသော မျက်နှာများ ကိုပင်၊ မြင်လိုက် ရသည်။ သူ့ လုပ်ရပ်မှာ ဓားနန်းတော် အတွက် အရှက်ရ စေကြောင်း သူ သိ၏။

တစ်ချိန် တည်းမှာပင်၊ အခြားသော တပည့် အချို့ သည်လည်း၊ ယီဖန်း၏ စကားကြောင့်၊ ချင်းရွှမ်ဂျွန်မှာ ထင်ပေါ် ချင်သူ တစ်ယောက် အဖြစ်၊ ရှုမြင် လာသည်။

" ငါရဲ့ ညံ့ဖျင်းတဲ့ အရည် အချင်းကြောင့်၊ ဂိုဏ်းကို အရှက်ရ စေမိ ပါပြီ။ "

ချင်းရွှမ်ဂျွန်က လက် နှစ်ဖက်ကို ယှက်ကိုင်ကာ၊ တောင်းပန် လိုက်၏။ စင်မြင့် ပေါ်၌ နောက်ထပ် တစ်စက္ကန့် မျှပင်၊ ဆက်မနေ ချင်တော့ပေ။

“ နေပါဦး ငါတို့ အမြင်တွေ ဖလှယ်လို့ မပြီးသေးပါဘူး၊ မင်း ဘာကြောင့် ရှုံးခဲ့လဲ ဆိုတာ၊ ငါလမ်းညွှန် ပေးပါ ရစေ၊ ငါသင်ပြ ပြီးမှသာ မင်း ဆင်းသွားပါ။ ”

လွေယုဟောင်က သူ့ဓားကို ရုတ်သိမ်းကာ၊ လျစ်လျူရှုသော အမူ အယာဖြင့် ဆိုသည်။

ထိုစကားကြောင့် ချင်းရွှမ်ဂျွန်၏ မျက်လုံးများတွင် ဒေါသ များဖြင့်၊ တောက်လောင် လာသည်။ လွေယုဟောင်မှာ သူ့ကို လွှတ်ဖို့ရန် မရည်ရွယ်ချက် ထားပေ။

အနိုင်ယူ ရုံတင် မကဘဲ၊ ပိုပြီး အရှက်ခွဲ ချင်ပုံ ရ၏။ မကျေနပ် ချက်များ ပြည့်တက် လာသော်လည်း၊ အံကြိတ် လိုက်ပြီး၊

" လုပ်ပါ၊ ငါ့ကို အကြံ ပေးပါ။ "

ဟု ဆိုလိုက် ရလေသည်။

“ ဒါက တိကျတဲ့ လမ်းညွှန် မှုတော့ မဟုတ်ဘူး၊ မင်းရဲ့ ဓား နည်းစနစ်က အစွမ်း ထက်ပြီး ၊ ထူးချွန်တဲ့ စွမ်းဆောင်ချက် တွေကို မင်းရယူ ထားနိုင် ပါတယ်၊ ဒါပေမယ့် အစဉ် အလာ ထဲမှာ၊ မင်းက ပိတ်မိ နေတယ်၊ မင်နဲ့ အဆင် ပြေအောင် ဘယ်လို အသုံး ပြုရမယ် ဆိုတာ လုံးဝ မသိ ခဲ့ဘူး၊ ဒါက မင်းကို ငါ လွယ်လွယ်နဲ့ အနိုင်ယူ နိုင်ရတဲ့ အကြောင်း ရင်းပဲ၊... ”

လွေယုဟောင်က ခေတ္တ ရပ်လိုက်ပြီး၊

“ နဂါး တံခါး ပြိုင်ပွဲမှာ ဒီဓား နည်းစနစ်ကို အသုံး ပြုမယ် ဆိုရင်၊ မင်းရဲ့ ရလာဒ်က ပိုလို့တောင် ဆိုးသွား နိုင်တယ်၊ မင်း မသွား တာက အကောင်းဆုံး ပါပဲ၊ ဒါမှသာ မင်းရဲ့ ဂိုဏ်းကို အရှက် ရခြင်း ကနေ၊ ကာကွယ် နိုင်လိမ့်မယ်။ ”

လွေယုဟောင်က သူထိုင်ခုံ ဆီသို့၊ သွားရောက် ထိုင်ချ လိုက်ပြီး၊

“ မင်း အခု ပြန်လို့ ရပြီ၊ ငါ မင်းကို ပုဂ္ဂိုလ်ရေး အရ ပစ်မှတ် ထားတာ မဟုတ်ဘူး၊ ဒါပေမယ့် ဓားနန်းတော်ရဲ့ တပည့် အများ စုက၊ သေတ္တာ ထဲမှာ ပိတ်မိ နေကြတယ်၊ ဒါကြောင့် အနှေးနဲ့ အမြန် ဆိုသလို၊ အရိုက် ခံရလိမ့် မယ်လို့၊ ငါ ပြောရဲတယ်၊.... ''

'' ....တစ်ဖက်က ကြည့်ပြန် တော့လဲ မင်းတို့က အမှိုက်တွေ ထက်တော့ သာပါ သေးတယ်၊ ဓားနန်းတော်ရဲ့ ဂုဏ်သတင်းကို လူ အနည်းငယ်က၊ ထိန်းသိမ်း ပေးထား တုန်းပါပဲ၊ ... ''

'' .... ဒါပေမယ့် ဒီအတိုင်း ဆက်သွား နေရင်၊ မဟာချင် အင်ပါယာရဲ့ အသန် မာဆုံး၊ ဓားဂိုဏ်း အဖြစ် ကနေ၊ မကြာခင် မင်းတို့ ဆင်းပေး ရတော့မယ်။ ''

လွေယုဟောင်က အမှိုက်များ အဖြစ်၊ ခေါ်ဝေါ်စော်ကား လိုက်သောကြောင့်၊ ကောင်းကင် ရင်ပြင် တစ်ခုလုံး၊ ဆူညံ ပွက်လော ရိုက်သွား လေသည်။

" နည်းနည်းတော့ မင်းလွန်တယ် မထင်ဖူးလား။ "

ချင်းရွှမ်ဂျွန်၏ မျက်နှာက နီရဲ လာ၏။ စကား များတွင် တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း၊ သူ ခံစား နိုင်သော်လည်း၊ တိုက်ပွဲ၌ ရှုံးနိမ့် ပြီးနောက်၊ တုန့်ပြန် နိုင်ခြင်း မရှိပေ။

“ ငါတို့ အမြင်တွေ ဖလှယ်တဲ့ အခါ ရိုးသားဖို့ လိုတယ်၊ ငါတို့က ဓားသမား ဖြစ်ပြီး၊ ငါတို့ရဲ့ ဓားတွေ နဲ့ပဲ စကား ပြောတယ်၊ ငါလွန်တယ်ထင်လား၊ ဒါဆိုရင် အချိန် မရွေး လာစိန်ခေါ် နိုင်ပါတယ်။ ”

လွေယုဟောင်က ပြုံးကာ တုန့်ပြန် လိုက်၏။ စကားလုံး များက ကြောက်စရာ ကောင်း လောက်အောင် ရက်စက် သော်လည်း၊ မည်သူမျှ အသံ မထွက် ဝံ့ကြ တော့ပေ။

ချင်းရွှမ်ဂျွန်၏ အရှက် ရဖွယ် ဖြစ်ရပ်သည်၊ သူတို့ အတွက် သင်ခန်းစာ တစ်ခု ဖြစ်ပြီး၊ ယင်းကို သတိထား ရမည် ဖြစ်သည်။

ရှင်းယန် ဘေးတွင် ထိုင်နေသော လင်းယွန်က၊ ထိုဖြစ်စဉ်ကို စောင့်ကြည့် နေလျက်မှ၊ သက်ပြင်းချ လိုက်၏။

နဂါး တံခါး ပြိုင်ပွဲတွင်၊ လူမျိုး စုံအား တွေ့မြင် ရမည် ဖြစ်သည်။ လူ အမျိုးမျိုး စိတ် အထွေထွေ ဆိုသလို၊ ပြဿနာ များစွာလည်း ရှိလာ နိုင်မည်။

" မင်းဆီက သင်ပြ မှုကို တောင်းခံ ပါတယ်။ "

***

All Chapters