နောက်ပြန် ဆုတ်ပါ။
Vol. 30 Ch. 418
“ ငါတို့ အမြင်တွေ ဖလှယ်တဲ့ အခါ ရိုးသားဖို့ လိုတယ်၊ ငါတို့က ဓားသမား ဖြစ်ပြီး၊ ငါတို့ရဲ့ ဓားတွေ နဲ့ပဲ စကား ပြောတယ်၊ ငါလွန်တယ် ထင်လား၊ ဒါဆိုရင် အချိန် မရွေး လာစိန်ခေါ် နိုင်ပါတယ်။ ”
လွေယုဟောင်က ပြုံးကာ ဆို လိုက်၏။ စကားလုံး များက ကြောက်စရာ ကောင်း လောက်အောင် ရက်စက် သော်လည်း၊ မည်သူမျှ တုန့်ပြန် ပြောဆို ဝံ့ခြင်း မရှိ ကြတော့ပေ။
ရှင်းယန် ဘေးတွင် ထိုင်နေသော လင်းယွန်က၊ ထိုဖြစ်စဉ်ကို စောင့်ကြည့် နေလျက်မှ၊ သက်ပြင်းချ လိုက်၏။
နဂါး တံခါး ပြိုင်ပွဲတွင်၊ လူမျိုး စုံအား တွေ့မြင် ရမည် ဖြစ်သည်။ လူ အမျိုးမျိုး စိတ် အထွေထွေ ဆိုသလို၊ ပြဿနာ များစွာလည်း ရှိလာ နိုင်မည်။
" မင်းရဲ့ သင်ပြ မှုကို တောင်းခံ ပါတယ်။ "
လင်းယွန်၏ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်း၏ အာရုံကို ချက်ခြင်း ဆွဲဆောင် သွားနိုင် ခဲ့သည်။
" စီနီယာ အစ်ကို လင်း .... "
'' တကယ်ပဲ စီနီယာ အစ်ကိုလင်း ကိုး၊ကာကွယ်သူ မက်မွန်က သူ့ကို ချုပ်နှောင် ထားတာ မဟုတ် ဖူးလား။ ''
'' ငါကတော့ ကာကွယ်သူ မက်မွန် အနေနဲ့၊ သူ့ကို အပြစ်ပေး ချုပ်နှောင် ထားတာ၊ မဟုတ် ဖူးလို့ မြင်မိတယ်၊ အရေးကြီး တာက စီနီယာ အစ်ကိုလင်း .... ဒီလူကို အနိုင်ယူ နိုင်ခြင်း ရှိ မရှိပဲ၊ လွေယုဟောင်ရဲ့ ခွန်အားက မယုံနိုင် လောက်အောင် သန်မာတယ်၊ စီနီယာ အစ်ကို ချင်းတောင် ခုခံ နိုင်စွမ်း မရှိ ခဲ့ဘူး။ "
" လွေယုဟောက်က သန်မာကောင်း သန်မာ နိုင်တယ်၊ ဒါပေမယ့် အဲဒါက ဓားနန်းတော်မှာ ဘယ်သူမှ မရှိ ဖူးလို့ မဆိုလို ပါဘူး။ "
ကောင်းကင် ရင်ပြင် တစ်ခုလုံး၊ ချက်ခြင်း ဆူပွက် သွားကာ၊ တပည့် များစွာက လင်းယွန် အတွက် စိတ်ပူ သွားကုန်၏။
အစောပိုင်း အချိန်တွင်၊ လွေယုဟောင်၏ ခွန်အား အပေါ်၊ လူတိုင်း သံသယ ရှိမိ သော်လည်း၊ ချင်းရွှမ်ဂျွန်ကို အနိုင် ယူပြ ပြီးနောက်၊ သူ့အား လျှော့မတွက် ရဲတော့ချေ။
အဆုံးတွင် လွေယုဟောင်မှာ၊ နေဝင်ချိန်၏ ဂျူနီယာ ညီငယ် တစ်ယောက် ဖြစ်နေဆဲ ပေပင်။
( လင်း ယွန် လား.... )
လင်းယွန်ကို ကြည့်ပြီး၊ ယီဖန်းနှင့် လွေယုဟောင်၏ မျက်ခုံးများ တွန့်ကွေး သွား၏။ သူတို့ နှစ်ဦး အနေဖြင့်၊ လင်းယွန်အား မတွေ့ဖူးသော်လည်း၊ နာမည် ကိုမူ ကြာမြင့်စွာ ကြားသိ ထားပေသည်။
( ဒါက လင်းယွန် လား။)
ယီဖန်းက အတွေးထဲ နစ်မျော သွား၏။ သူပြန်ရောက် လာပြီးနောက်၊ လူနှစ်ယောက် နာမည်ကို မကြာ ခဏ ကြားနေ ရသည်။ တစ်ယောက်က ဘိုင်လိရွှမ် ဖြစ်ပြီး၊ နောက် တစ်ယောက်မှာ လင်းယွန် ဖြစ်၏။
ထိုနှစ်ယောက်၏ အောင်မြင်မှု များကြောင့်၊ လူတိုင်းက သူ့ ဖြစ်တည် မှုကို မေ့သွားကြ သည်မှာ၊ အံ့သြ စရာ မရှိပေ။ သူတို့ နှစ်ဦးမှာ တကယ်ပင်၊ ထူးချွန် လွန်းပေသည်။
ဘိုင်လိရွှမ်မှာ သူတော်စင် ခန္ဓာ ကိုယ်ကို မဖွဲ့စည်း နိုင်မီတွင်၊ မယုံ နိုင်ဖွယ် အရည် အချင်း များအား၊ ပြသ ခဲ့ပြီး ဖြစ်၏။
သည့်အပြင် လွန်ခဲ့သော တစ်နှစ် ခန့်က၊ လင်းယွန်မှာ ထွက်ပေါ် လာခဲ့ပြီး၊ တစ်နှစ် အတွင်းမှာပင်၊ အရာ အားလုံးကို ပြီးမြောက် အောင်မြင် ခဲ့သည်။
တစ်ချိန် တည်းမှာပင်၊ လင်းယွန်က ခြေဖျားကို မြေပြင် ပေါ်သို့ ပုတ်လိုက်ပြီး၊ ချင်းရွှမ်ဂျွန် အနား ညင်သာစွာ ဆင်းသက် လိုက်၏။
'' ညီလေး သတိထား၊ သူ့ဓား နည်းစနစ် နဲ့ ပတ်သက်ပြီး၊ ထူးဆန်းတာ တစ်ခု ရှိနေတယ်။ ''
ချင်းရွှမ်ဂျွန်က သတိ ပေးကာ၊ စင်ပေါ်မှ ဆင်းသွား ခဲ့သည်။
" မင်းက လင်းယွန် လား။ "
လွေယုဟောင်က လင်းယွန်ကို စိတ်ဝင် တစား ကြည့်ကာ မေးလိုက် သော်လည်း၊ သူ့ မျက်နှာတွင် အပြောင်း အလဲ တစ်စုံ တစ်ရာ မရှိပေ။
'' ဟုတ်တယ် ငါ လင်းယွန် ပဲ။ ''
'' မင်းကတော့ တခြား သူတွေနဲ့ မတူဘူး၊ မင်းမှာ အကန့် အသတ်မဲ့ အလား အလာတွေ ရှိခဲ့ ဖူးတယ်၊ ဒါပေမယ့် နက်နဲ သွေးပြန်ကြော ဖျက်ဆီး ခံလိုက် ရတာ သနား စရာ ပါပဲ၊ မင်းရဲ့ အနာဂါတ်က ကန့်သတ် ခံလိုက် ရပြီ၊ ရတနာ ခန်းမက မင်းအတွက် လောင်းကြေးတောင် ထုတ်ထား တယ်လို့၊ ငါကြား မိတယ်၊ ..... ''
'' .... တစ်ခုတော့ ပြောချင် ပါတယ်၊ နဂါးတံခါး ပြိုင်ပွဲကို မသွားဖို့၊ မင်းကို အကြံပြု လိုက်မယ်၊ မဟုတ်ရင် အိမ်ရှေ့ မင်းသားနဲ့ မတွေ့ ဆုံခင်၊ မင်းအသတ် ခံရ နိုင်တယ်။ ''
လွေယုဟောင်က လူတိုင်းကို စိတ်မသက် မသာ ဖြစ်စေသော၊ ခပ်တိုးတိုး လေသံဖြင့် ဆိုလိုက်သည်။
လွေယုဟောင် အပေါ် ယဉ်ကျေးစွာ ပြုမူ ပြောဆိုရန် ဆန္ဒ မရှိသော လင်းယွန်က၊
'' နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ငါရဲ့ ဆုံးဖြတ် ချက်နဲ့ ပါတ်သတ်ပြီး၊ မင်းအကြံ ပေးစရာ မလို ပါဘူး၊ သေချာတာ ကတော့ ငါ့ကို သတ်နိုင်မဲ့ သူက ... ၊ မင်းတော့ မဟုတ်ဘူး။ ''
" ဘာလို့လဲ ငါ့စကား တွေက အဆင် မပြေ လို့လား၊ .... "
လွေယုဟောင်က လှောင်ပြောင် လိုက်ပြီး၊
'' ကောင်း ပြီ၊ နဂါး တံခါး ပြိုင်ပွဲ မစခင်၊ ဘယ်လို ပြုမူ နေထိုင် ရမလဲ ဆိုတာ သင်ပေး ပါရစေ၊ ငါ မင်းကို အနိုင် မကျင့် ပါဘူး၊ ငါ့ရဲ့ ကျင့်ကြံ မှုကို အဋ္ဌမ အဆင့် အထိ၊ ဖိနှိပ် လိုက်မယ်။ "
ချင်းရွှမ်ဂျွန် တုန်းကထက် ပို၍၊ မောက်မာ သော အမူ အရာကို၊ လွေယုဟောင်က ပြသ လာပြီး၊ လှောင်ပြုံး ပြုံးလိုက်သည်။
သူ့ စကားတွင် ဒေါသ အရိပ် အယောင်များ ကပ်ညိ နေသည်မှာ၊ ထင်ရှား ပေ၏။
ရှင်းယန်က စင်မြင့် အောက်မှ နေ၍၊ မျက်မှောင်ကြုတ် လိုက်သည်။
လင်းယွန် အနေဖြင့်၊ အိမ်ရှေ့ မင်းသားကို ဟန့်တား ရာ၌၊ သူ၏ ဝှက်ဖဲများ အားလုံး ထုတ်ဖော် ပြသ ခဲ့ပြီး ဖြစ်ကာ၊ လွေယုဟောင်က ယင်းအား ရှင်းလင်းစွာ၊ ပြင်ဆင် လာခဲ့ပုံ ရသည်။
ကျင့်ကြံ မှုကို အဋ္ဌမ အဆင့် အထိ၊ လျော့ချ ပစ်ကာ လွေယုဟောင်က ပြုံးလိုက်၏။
ဤနည်းဖြင့် လင်းယွန်ကို အနိုင်ယူ လိုပြီး၊ နောက်ဆုံး၌ ခြေနင်းတုံး အဖြစ်၊ အသုံးပြု နိုင်တော့မည် ဖြစ်သည်။
ဓားနန်းတော်၏ တပည့် များက လင်းယွန်ကို ကြည့်ကာ၊ ပင့်သက် ရှိုက်လိုက် ကြသည်။သို့သော် လင်းယွန် ကမူ မူလ နေရာ ၌ပင်၊ ငြိမ်သက်စွာ ရပ်နေ ခဲ့သည်။
" ကျေးဇူး ပြုပြီး ... "
လင်းယွန်က လွေယုဟောင်ကို ကြည့်ကာ ဖိတ်ခေါ် လိုက်၏။
" မင်းဆန္ဒ အတိုင်း ... "
လွေယုဟောင်က သူ့ ဓားကို ဆွဲထုတ် လိုက်သည့်နှင့်၊ လေထုမှာ ရုတ်တရက် တင်းကြပ် လာလေသည်။
ဤတိုက်ပွဲသည် ဓားနန်းတော်၏ ဂုဏ် သိက္ခာ နှင့်၊ သက်ဆိုင် သောကြောင့်၊ လူတိုင်းက အသက်ပင် ရဲရဲ မရှူ ဝံ့ကြပေ။
နဂါး တံခါး ပြိုင်ပွဲ နီးကပ် လာချိန်တွင်၊ ပါရမီရှင် များ၏ သတင်းကို၊ လူတိုင်းက နားစွန့်နေ ကြသည် ဖြစ်ရာ၊ ယခု တိုက်ပွဲ အပြီး၌ ရလာဒ်မှာ၊ တစ်မြို့ လုံးထံ ချက်ချင်း ပျံ့နှံ့ သွားမည် ဖြစ်သည်။
တူညီသော ကျင့်ကြံ မှုတွင်၊ တစ်စုံ တစ်ဦးအား လင်းယွန်သာ ရှုံးနိမ့် သွားပါက၊ တစ်ည အတွင်း၊ ကောင်းကင်ဘုံ ချင်နိုင်ငံ၌ လူ စိတ်ဝင် စားဖွယ်၊ သတင်း တစ်ပုဒ် ဖြစ်လာ နိုင်ပေမည်။
နှစ်ယောက်သား တစ်ယောက် အားနည်း ချက်ကို တစ်ယောက်၊ စောင့်မျှော် ကြည့်ရှု လိုက် ကြကာ၊ ရှေ့မတိုး နောက်မဆုတ်၊ အနေ အထားသို့ ရောက်ရှိ သွား၏။
" မင်း တိုက်ခိုက်မှာ မဟုတ် ဖူးလား၊ .... ''
လင်းယွန်က ဦးစွာ မတိုက်ခိုက် လာသည့် အတွက်၊ လွေယုဟောင်မှာ အံ့အားသင့် သွားသည်။ ထို့နောက် သူက၊
'' ဒါဆို မင်းရဲ့ ဓားကို ဆွဲဖို့၊ အခွင့် အရေး ရှိတော့မှာ မဟုတ်ဘူး ဟား ဟား ဟား ။ ''
လှောင်ပြောင် ရယ်မော လိုက်ပြီး၊ မူလ စွမ်းအင်ကို စတင် လှည့်ပတ် လိုက်၏။
ထိုအခိုက် အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများ၊ ထွက်ပေါ် လာသည်။
ပြီးနောက် ချင်းရွှမ်ဂျွန်ကို အနိုင် ယူခဲ့သော၊ အလားတူ တိုက်ခိုက်မှု မျိုးအား၊ အသုံးပြု လာခဲ့သည်။
" အမြင့် မြတ်ဆုံး ရောင်ခြည်တော် ဓား- နေ့ အလင်း ။ "
ထိုဓား နည်းစနစ်မှာ၊ လွန်ခဲ့သည့် နှစ်ပေါင်း များစွာ ကပင်၊ ချင် အင်ပါယာ၌ လူ သိများ ခဲ့သော၊ မိုးတိမ် ဓားနန်းတော်၏ ဝိညာဉ် အဆင့် ဓားရေး တစ်ရပ် ဖြစ်၏။
၎င်းအား ကျင့်ကြံရန် မြင့်မားသော နားလည်မှု လိုအပ် ပေမည်။
ထုတ်လွှတ် လာသော ဓား အလင်းမှာ၊ စူးရှသော နေမင်း အလင်းရောင်နှင့် တူ၏။ သို့သော် လင်းယွန်ထံ ရောက်ခါနီး ချိန်တွင်၊ သိုင်း စင်မြင့် တစ်ခုလုံး၊ ရုတ်တရက် မှောင်ကျ သွားသည်။
ဖျပ်ခနဲ ပြန်လင်း လာချိန်၌၊ ဓားဖြင့် ချိန်ရွယ်ကာ၊ ပျံသန်း လာသော လွေယုဟောင်ကို မြင်လိုက် ရသည်။
ပြီးနောက် အမှောင် အတိ ဖုံးသွား ပြန်၏။ ဤသို့ဖြင့် အမှောင်နှင့် အလင်း တစ်လှည့်စီ၊ ပြောင်းလဲ လာတော့သည်။
" ဒါပဲ လာပြန်ပြီ။ "
" လွေယုဟောင်ကို သူ မမြင် နိုင်ရင်၊ စီနီယာ အစ်ကို ချင်းလို ရှုံးသွားမှာ၊ ငါကြောက် မိတယ်။ "
တပည့် များစွာက ဆိုးရွားသော ကြိုတင် သတိ ပေးချက် တစ်ခု ခံစား လိုက်ရသည်။ သို့သော် ထိုအချိန်တွင် နှင်းပွင့် များနှင့် အတူ၊ ကြည်လင်သော ဓားသံ တစ်သံ ထွက်ပေါ် လာသည်။
ဖျပ်ခနဲ ပြန်ပေါ် လာသော၊ လွေယုဟောင်၏ ဓားအား ရှောင်တိမ်း လိုက်ပြီး၊ လက်သီးဖြင့် ပြန်လည် တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။ လက်သီးက လွေယုဟောင်၏ အားနည်း ချက်ထံ တိုးဝင် သွား၏။
သို့သော် လွေယုဟောင်က၊ သူ့ အားနည်း ချက်ကို အချိန်မီ ဖာထေး နိုင်ခဲ့ပြီး၊ မိုးတိမ် ဓား နန်းတော်၏ ဓားရေးမှာ၊ မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ ပြန်လည် ပြသ လိုက်သည် ။
" အိုး .... တကယ် ကြောက်စရာ ကောင်းတဲ့ ဓားရေးပဲ၊ ''
အားနည်းချက်ကို အားသာချက် အဖြစ်၊ ချက်ချင်း ပြောင်းလဲ လိုက်သော လွေယု ဟောင် ကြောင့်၊ ကောင်းကင် ရင်ပြင် တစ်ခုလုံး အာမေဋိတ် သံများ ထွက်ပေါ် လာသည်။
ဤ မြင်ကွင်းကြောင့် ချင်းရွှမ်ဂျွန်၏ အရှုံးမှာ၊ ထိုက်တန်ကြောင်း တွေးလိုက် မိကြသည်။
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ချက်ချင်း ရှောင်ရှား နိုင်ခဲ့ သော်လည်း၊ နောက်ဆက်တွဲ ပုံရိပ် များကို ဖြိုဖျက်ကာ၊ လွေယုဟောင်က လိုက်ပါ ဖိအား ပေး နေဆဲ ပေပင်။
'' ဟိတ် ...... ''
ရွှေကျီးကန်း တံဆိပ်အား အကန့် အသတ်ထိ၊ ထပ်မံ ထုတ်ဖော် လိုက်ပြီး၊ ဓားချက် များကို ရင်ဆိုင် လိုက်၏။
'' ဝှစ် ...... ။ ''
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လှုပ်ရှား မှုပေါင်း ဆယ်ခု ကျော်ခန့်၊ အပြန် အလှန် ဖလှယ် မိကြသည်။
တိုက်ပွဲကို စောင့်ကြည့် နေသော လူအုပ်ကြီးမှာ၊ ပါးစပ် အဟောင်း သားဖြင့် အံ့သြ နေပေ၏။
တိုက်ပွဲ အဟုန်မှာ တဖြည်းဖြည်း မြင့်တက် လာသော်လည်း၊ လင်းယွန်က လက်သီးများ ဖြင့်သာ၊ ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်သည်။
" အမြင့် မြတ်ဆုံး နေရောင်ခြည် "
နောက်ဆုံးတွင် လွေယုဟောင်က စိတ်ရှည် သည်းခံ ခြင်းများ ပျောက်ဆုံး သွားခဲ့ပြီး၊ ၎င်း၏ အပြင်းထန် ဆုံးသော တိုက်ခိုက် မှုကို ထုတ်ဖော် လိုက်သည်။
သူ၏ ဓားထံမှ အရာ အားလုံးကို၊ လောင်ကျွမ်း နိုင်စွမ်း ရှိသော၊ နေမင်းကြီး တစ်စင်း ကဲ့သို့ တောက်ပသော အလင်းများ၊ ပေါက်ကွဲ ထွက်ပေါ် လာတော့သည်။
ထိုဓား နောက်ကွယ်ရှိ ဖိအားမှာ ပြင်းထန် လွန်းသောကြောင့်၊ လင်းယွန်ပင် နောက်ပြန် ဆုတ်ရန် တွန်းအားပေး ခံလိုက် ရသည်။
ဓားချက် တစ်ချက်မှာ၊ ယင်းသို့ ကြောက်မက်ဖွယ် ကောင်းနေလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။
ဤသည်မှာ ဓားရေး အပေါ်၊ အပြည့် အဝ ကျွမ်းကျင် လာပြီ ဖြစ်ကြောင်း၊ ပြသသော လက္ခဏာ ဖြစ်၏။
'' သေ စမ်း .......။ ''
လွေယုဟောင်၏ မျက်ဝန်း များတွင်၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ၊ ဖျတ်ခနဲ တောက်ပ လာပြီး၊ သူ့ ဓားကို လှမ်းပစ် လိုက်သည်။
" ကျား- နဂါး လက်သီး။"
လင်းယွန်က လွေယုဟောင်၏ ဓားကို၊ ထိပ်တိုက် ရင်ဆိုင်ရန်၊ ကျားနဂါး လက်သီးအား၊ ရွေးချယ် လိုက်သည်။
နှစ်ယောက်သား ကိုးကြိမ်ခန့် ထပ်မံ တွေ့ဆုံ ပြီးနောက်၊ ဓား မဆွဲသော လင်းယွန် အတွက် အနည်းငယ် ခက်ခဲ လာခဲ့သည်။
နောက်ဆုံး၌ စင်မြင့် အောက်သို့ ပြုတ်ကျရန်၊ ခြေလှမ်း တစ်ဝက်သာ လို တော့သည် အထိ၊ တွန်းပို့ ခံလိုက် ရ၏။
လွေယုဟောင်၏ တိုက်ခိုက် မှုတွင် အလင်း ရောင်များ၊ မှိန်ဖျော့ သွားသော်လည်း၊ သူ့ ဓားရောင်ဝါမှာ အားကောင်း နေဆဲ ဖြစ်သည်။
သူက နှုတ်ခမ်း ထောင့်စွန်းကို တွန့်ကွေးကာ ပြုံးလိုက်ပြီး၊
'' ဒါက ဓားနန်းတော်ရဲ့ ပါရမီရှင် တဲ့လား၊ မင်းက သိပ်လည်း အထင် ကြီးလောက် စရာ၊ မရှိ ပါဖူး ဆင်း သွား စမ်း ... ။ "
" စီနီယာ အစ်ကို လင်း ရှုံးတော့မယ်။ "
ဓားနန်းတော်၏ တပည့် များက အော်ဟစ်လိုက်သည်။ သို့သော် ယခု အချိန်တွင် လင်းယွန်က နောက်ပြန် ဆုတ်မည့် အစား၊ ရှေ့သို့ ထပ်မံ တိုးထွတ် သွား၏။
" တံဆိပ် သုံးခု ပေါင်းစပ်ခြင်း .... "
ထာဝရ နတ်ဘုရား တံဆိပ်၊ ကောင်းကင် ချိုးဖြတ်ခြင်း တံဆိပ်နှင့်၊ နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ် တို့ကို၊ ဖွဲ့စည်း လိုက်သည်။
ရုတ်တရက် ထည်ဝါသော အငွေ့ အသက်များ၊ လင်းယွန် ထံမှ ပေါက်ကွဲ ထွက်ပေါ် လာပြီး၊ လွေယုဟောင်ကို ချက်ချင်း ဝါးမျို သွား၏။
ထိုအရှိန်အဝါ အောက်၌ ဓားအလင်းများ မှိန်ဖျော့ သွားပြီး၊ ပိုးစုန်းကြူးနှင့် နေရောင် ကဲ့သို့ ကွာဟ သွား လေသည်။
ရှန်ရှင်း တစ်ပိုင်း ဓားရည်ရွယ် ချက်ကို ရရှိ ပြီးနောက်၊ ကျား-နဂါး လက်သီးအား အသုံး ပြုခဲ သော်လည်း၊ ယင်းမှာ အားနည်း သည်ဟု မဆို လိုချေ။
ထိုနည်းစနစ်သည် မဟာချင် အင်ပါယာတွင် ကျော်ကြားသော ပညာရပ် တစ်ရပ် ဖြစ်ပြီး၊ လင်းယွန် အနေဖြင့် ၎င်းကို အပြည့် အဝ ကျွမ်းကျင် နေပြီ ဖြစ်သည်။
ထို့အပြင်၊ သူ၏ ဓားတာအိုကို၊ ပိုမို ခရီးရောက် စေရန်၊ ဓားအား အသုံးချ နေခဲ့ခြင်း ဖြစ်သည်။
လွေယုဟောင်၏ ချပ်ခြယ် လွှမ်းမိုး ချင်သော ဓားကို ရင်ဆိုင်ရန်၊ ပို၍ ဗိုလ်ကျ ခြယ်လှယ် လွန်းသော နည်းစနစ်အား အသုံးပြု လိုက်ရသည်။
ပေါင်းစပ် တံဆိပ် သုံးခု ဖြစ်ပေါ်လာ သည်နှင့်၊ လွေယုဟောင်၏ ဓားကို ချက်ချင်း ဖြိုခွဲပစ် လိုက်၏။
'' ... မ ဟုတ် ဘူး .. ''
လွေယုဟောင်က ငိုသံ စွက်နေသော အသံဖြင့်အော်ဟစ် လိုက်သည်။
လင်းယွန်၏ အကြည့် များက၊ တောက်ပ နေသည့် အလင်း ရောင်အား ဖြတ်ကျော်ကာ၊ နောက်ပြန် ဆုတ်သွားသော လွေယုဟောင်ကို လှမ်းမြင် လိုက် ရသည်။
" ပြေးလို့ လွှတ်မယ် ထင်လား။ "
ရုတ်ချည်းပင် ရှေ့သို့ ပြေးတက် လိုက်ပြီး၊ လွေယုဟောင်၏ ဓားကိုင် လက်ကို၊ လက်သီးဖြင့် ထိုးချ လိုက်၏။
'' ချ လွမ် .....''
ကြမ်းပြင် ပေါ်သို့ ပြုတ်ကျ သွားသော ဓားကို ကြည့်ကာ၊ လင်းယွန်၏ မျက်ဝန်းများ အေးခဲ သွားလေသည်။
ပြီးနောက်၊ လွေယုဟောင်အား ပြုံးပြ လျက်ဖြင့်၊ " မင်း ဆုံးရှုံး သွားပြီ " ဟု ဆို လိုက် လေသည်။
လွေယုဟောင် အနေဖြင့် ရှုံးနိမ့်ရုံ သာမက၊ ဆိုးရွားသော အခြေ အနေနှင့် အဆုံး သတ် သွားရသည်။ တိုက်ပွဲ တစ်လျှောက် လုံးတွင်၊ လင်းယွန်မှာ သူ့ဓား ကိုပင် မဆွဲ ခဲ့ပေ။
" ဒါ မဖြစ် နိုင်ဘူး။ "
လွေယုဟောင်၏ မျက်လုံး များက၊ လက်မခံ နိုင်ဟန်ဖြင့် တောက်ပ လာပြီး၊ အရှိန်အဝါကို ရုတ်တရက် တိုးမြင့် လိုက်ကာ၊ နဝမ အဆင့်သို့ ရောက်ရှိ စေခဲ့သည်။ ကျင့်ကြံမှုကို တိုးမြှင့်ကာ၊ လင်းယွန်အား ပြန်လည် နှိမ်နင်း လိုဟန် ရှိ၏။
'' မင်းက သေချင် နေတာပဲ။ ''
ကျင့်ကြံ ခြင်းကို ပြန်လည် ရယူ နေသော လွေယုဟောင်အား ကြည့်ကာ၊ မျက်လုံး များတွင် အေးစက်သော အလင်းများ တောက်ပ လာသည်။
ပြိုင်ဘက်၏ အရှိန် အဝါမှာ၊ နက်နဲ ဒဿမ အဆင့်သို့ မရောက် မီတွင်၊ သူ့ အရှိန် အဝါကို တိုးမြှင့် လိုက်ပြီး၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းအား ပွင့်စေ လိုက်၏။
ပြီးနောက် အပြင်းထန် ဆုံးသော လက်သီးကို ပစ်လွှတ် လိုက်သည်။
ဒဿမ အဆင့် အထွတ် အထိပ်သို့၊ ပြန် မရောက်မီ သူ့ထံ ဦးတည်ကာ၊ တိုက်ခိုက် လာသော လင်းယွန်၏ လက်သီးကို၊ မရှောင်တိမ်း နိုင်လိုက်ပေ၊ ရင်ဘတ်အား ထိမှန် ခံလိုက် ရ၏။
ပြင်းထန် လွန်းသော ဒဏ်ကြောင့်၊ နံရိုးများ ကျိုးကြေ ကုန်ပြီး၊ သွေးအန်လျက် လွင့်ထွက် သွားသည်။
'' နက်နဲ အဋ္ဌမ အဆင့်မှာ၊ မင်းရဲ့ ကျင့်ကြံမှုကို ဖိနှိမ် ထားမယ်လို့၊ မင်း ပြောခဲ့တယ် မဟုတ်လား၊ ဒါနဲ့ မိုးတိမ် ဓားနန်းတော်က ပါရမီရှင် ဆိုတဲ့ သူက၊ သူ့ကိုယ်သူ အရှက် ခွဲရတာ သဘောကျ ပုံရတယ်။ ''
နက်နဲ နဝမ အဆင့် အရှိန်အဝါအား ထုတ်လွှတ်ကာ၊ လွေယုဟောင်ကို အေးစက်စွာ စိုက်ကြည့် နေစဉ်၊ လင်းယွန်၏ မျက်ဝန်း များ၌ သရော် ရိပ်များ၊ ထင်ဟပ် လာလေသည်။
" ဂျူနီယာ မောင်လေး၊ မင်းရဲ့ ကျင့်ကြံမှု ပြန်ရ လာပြီလား။ "
ဤမြင်ကွင်းကို မြင်သော အခါတွင်၊ ရှင်းယန်က ဝမ်းသာ အားရ အော်ဟစ် လိုက်၏၊ သူ့ မျက်ဝန်း များ၌ အလင်း ရောင်များ၊ တဖျပ်ဖျပ် တောက်ပ လာသည်။
အခြားသော ဓားနန်းတော်၏ တပည့်များ သည်လည်း၊ မှင်တက် နေရာမှ ပြန်လည် သတိ ဝင်လာပြီး၊ ဝမ်းမြောက် သွားကုန်၏။
နက်နဲ သွေးပြန် ကြောကို ဖြိုခွဲ ခံရ ပြီးနောက်၊ လင်းယွန်မှာ ကန့်သတ် ချက်သို့ ရောက်ရှိ သွားပြီဟု၊ သူတို့က ယူဆ ထားမိသည်။
သို့သော် လပိုင်း အတွင်း မှာပင်၊ လင်းယွန်က သူ၏ ကျင့်ကြံ မှုကို၊ ပြန်လည် ရယူ ထားနိုင် ခဲ့ပြီ ဖြစ်သည်။
***