← Chapters

ဖြစ်တည်မှု အတွက် တည်ဆောက် ယူခြင်း။

Vol. 30 Ch. 419

ဖြစ်တည်မှု အတွက် တည်ဆောက် ယူခြင်း။

Vol. 30 Ch. 419

'' နက်နဲ အဋ္ဌမ အဆင့်မှာ၊ မင်းရဲ့ ကျင့်ကြံမှုကို ဖိနှိမ် ထားမယ်လို့၊ မင်း ပြောခဲ့တယ် မဟုတ်လား၊ ဒါနဲ့ မိုးတိမ် ဓားနန်းတော်က ပါရမီရှင် ဆိုတဲ့ သူက၊ သူ့ကိုယ်သူ အရှက် ခွဲရတာ သဘောကျ ပုံရတယ်။ ''

နက်နဲ နဝမ အဆင့် အရှိန်အဝါအား ထုတ်လွှတ်ကာ၊ လွေယုဟောင်ကို အေးစက်စွာ စိုက်ကြည့် နေစဉ်၊ လင်းယွန်၏ မျက်ဝန်း များ၌ သရော် ရိပ်များ၊ ထင်ဟပ် လာလေသည်။

လင်းယွန်၏ စကားကြောင့်၊ လွေယုဟောင် မျက်နှာမှာ နီရဲ သွား၏။ သို့သော် အပြုံး မပျက်ဘဲ၊ လင်းယွန်ကို မော့ကြည့်ကာ၊

" ဓားနန်းတော် ထဲမှာ မင်းလို အရှက် ကင်းမဲ့ တဲ့သူ တစ်ယောက် ရှိနေလိမ့် မယ်လို့၊ မထင်ခဲ့မိဘူး၊ မင်းရဲ့ အစစ်အမှန် ခွန်အားက နဝမ အဆင့်မှာ ရှိနေ တာတောင်၊ မင်းက ငါ့ကို ရည်ရွယ်ချက် ရှိရှိ လိမ်ညာ ခဲ့တယ်။ "

" ငါက မင်းကို လိမ်ခဲ့တယ် ဟုတ်လား၊ ငါရဲ့ ကျင့်ကြံ မှုက အဋ္ဌမ အဆင့် မှာသာ၊ ရှိနေသေး တယ်လို့၊ မင်းကို ပြောခဲ့ဖူး လို့လား၊ ငါ့ကို မြင်လိုက် တာနဲ့ အဋ္ဌမ အဆင့် ခွန်အားနဲ့၊ အနိုင်ယူ ပြမယ်လို့၊ ကြေငြာ ခဲ့တဲ့ သူက ဘယ်သူလဲ၊ .... ”

လင်းယွန်က လှောင်ပြောင် ရိပ် များဖြင့်၊ တုန့်ပြန် လိုက်သည်။

( မင်းက ငါနဲ့ စကားရည် လုချင် နေတာလား၊ကောင်းပြီ ငါတို့ ကစား ကြတာပေါ့။ )

" ဘာလို့လဲ၊ မင်းစကားကို မင်းက မြန်မြန် မေ့သွား ပြီလား လွေယုဟောင်။ "

" အဲ့ဒီတော့ ဘာဖြစ်လဲ၊ မင်းက အမှိုက် တစ်စပဲ၊ အစ ကတည်းက ငါ့ရဲ့ ခွန်အားကို၊ အပြည့် အဝ အသုံးချ ခဲ့မယ် ဆိုရင်၊ မင်းငါ့ကို အနိုင် ယူနိုင် မယ်လို့ မင်းထင်လား၊ မင်းက လူပြက် တစ်ယောက်ပဲ … ”

လွေယုဟောင်က နှုတ်ခမ်း ထောင့်ရှိ သွေးစများ သုတ်လိုက်ပြီး၊

“ မင်းနဲ့ စကား ပြောဖို့ ငါ စိတ်မ၀င် စားတော့ဘူး။ ”

ဟု ဆိုကာ၊ သူ့ဓားကို ပြန်လည် ဆင့်ခေါ် လိုက်ပြီး၊ သိမ်းယူရန် ပြင်လိုက်သည်။

သို့သော် ကြမ်းပြင် ပေါ်ရှိ၊ တုန်ခါ လာသောဓားကို၊ ခြေ တစ်ဖက်က ဖိနင်း လာ၏။

ဓားမှာ၊ ဓားသမား တစ်ယောက်၏ မာန ဖြစ်ပြီး၊ ဤသို့ ပြုမူ ခြင်းဖြင့် ထိုဓားသမား မျက်နှာကို၊ ဖြတ်ရိုက် လိုက်ခြင်း မည်လေသည်။

" မင်း ဘာလို ချင်တာလဲ။ "

လွေယုဟောင် မျက်နှာက အေးစက် သွား၏။

" မင်း ထွက်သွား နိုင်တယ်၊ ဒါပေမယ့် မင်းရဲ့ အရှုံး အတွက်၊ သင်ခန်းစာ ပေးတဲ့ အနေနဲ့၊ ဒီဓားကို ချန်ထားခဲ့ လိုက်ပါ။ "

" မဖွယ် မရာ စကား တွေပဲ၊ ဒီဓားက အထွတ် အထိပ် တော်ဝင် လက်ရာ တစ်ခုပါ၊ ဘာအကြောင်း ပြချက်နဲ့ မင်းက သိမ်းရ တာလဲ၊ နောက်ပြီး ငါ့ဓားကို ယူထားဖို့၊ မင်းက အရည် အချင်း ရှိနိုင်မယ် ထင်နေလား .... ဟမ့် ။ "

လွေယုဟောင်က ဟောက်လိုက် သည်နှင့်၊ သူ့လက်မှ အားကောင်းသော လေစုပ်ဝဲ တစ်ခု ထွက်ပေါ် လာသည်။

တစ်ချိန် တည်းမှာပင်၊ သူ၏ အရှိန် အဝါက မြင့်တက် လာပြီး၊ အနီး နားရှိ လူများအား အဝေးသို့၊ တွန်းထုတ် ပစ်လိုက်သည်။

'' ဝူး .... ''

ထိုလေစုပ်ဝဲကို ကြမ်းပြင် ပေါ်ရှိ ဓားထံ ဦးတည်ကာ၊ လက်အား ဆန့်တန်း ချိန်ရွယ် လိုက်သည်။

'' ဘရူး...... ''

" အိုး ........ "

သို့သော် လင်းယွန်က ဓားကို၊ အားစိုက် နင်းယူ လိုက်ပြီး၊ ၎င်း၏ ရုန်းကန် မှုအား ချေဖြတ် ပစ်၏။

ထိုတုန့်ပြန် မှုသည် လွေယုဟောင်အား ပါးစပ်ထဲမှ၊ သွေးများ ထွက်ကျ လာစေသည်။ လင်းယွန်၏ လက်သီး ချက်ကြောင့်၊ အတွင်း အင်္ဂါများ ဒဏ်ရာ ရနေပြီ ဖြစ်ပြီး၊ ယခု အချိန်၌ ကျယ်လောင်သော မြည်ဟီး သံများကြောင့်၊ အက်ကွဲ မတက် ခံစားလိုက် ခြင်း ဖြစ်သည်။

" ထွက်သွား၊ ဒီမှာ မင်းကိုယ်မင်း အရှက် မခွဲ ပါနဲ့။ ”

လင်းယွန်က တည်ငြိမ်စွာ မောင်းထုတ် လိုက်သည်။ လွေယုဟောင်ကို လှည့်ကြည့် ဖို့ပင်၊ သူ စိတ်မ၀င် စားပေ။

ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက် အောက်၌၊ လွေယုဟောင်က သူ့ ဓားကို ပြန်လည် ရယူရန် စိတ်ကူး ခြင်းမှာ၊ အိပ်မက် တစ်ခုသာ ဖြစ်ပေမည်။

" လင်းယွန် ... ငါ့ကို ဖိအား မပေးနဲ့။ "

လွေယုဟောင်က ဒေါသ ထွက်သွားသည်။ သည်ဓားကို စီနီယာ အစ်ကို နေဝင်ချိန်က၊ လက်ဆောင် ပေးခဲ့ခြင်း ဖြစ်ပြီး၊ သူ့ အသက်နှင့် အမျှ မြတ်နိုး ပေ၏။

ထို့ကြောင့် တစ်စုံ တစ်ယောက်က ခြေဖြင့်၊ တက်နင်း ခြင်းသည် သူ့အတွက်၊ အကြီး မားဆုံး အရှက် ရဖွယ် ဖြစ်သည်။

လင်းယွန်က မျက်ခုံး ပင့်လိုက်ပြီး၊ ဒေါသ အရိပ် အယောင်များ တောက်ပ လာကာ၊

" လွေယုဟောင် မင်း ဒီစကား တွေကို တကယ် ပြောဝံ့ တယ်လား၊ စီနီယာ အစ်ကို ချင်းကို အရှက်ရ စေတဲ့၊ အချိန် တုန်းက မင်းကိုယ်မင်းလွန်တယ်လို့ မထင်ခဲ့ ဖူးလား၊ ဓားနန်းတော်ရဲ့ တပည့် တွေကို အမှိုက် တွေလို့ ခေါ်တုန်းကကော၊ မင်းကိုယ်မင်း လွန်တယ်လို့ မထင် ခဲ့ဖူးလား၊ ငါ့ ဓားနန်းတော်ကို သင်ခန်းစာ ပေးချင် နေတာ ကကော .... ဘယ်သူလဲ ဟမ့်။ ''

" ဝိုး ... "

ဓားနန်းတော်၏ တပည့် များက ဝိုင်းအော် လိုက်ကြသည်။ အစောပိုင်း အချိန်၌ လွေယုဟောင်၏ မှတ်ချက် များကြောင့်၊ သူတို့၏ နှလုံးသား ထဲတွင်၊ နာကြည်း မှုများ ဖြစ်ပေါ် နေခဲ့သည်။

ထို့ကြောင့် လင်းယွန်က လွေယုဟောင်ကို သူ့ဖော်သည့်ဆေး၊ သူ့ မြည်းစမ်း စေသည့် အတွက်၊ ကြေနပ်သွား ကြခြင်း ဖြစ်သည်။

'' ဝှစ်....... ''

ခြေဖျားဖြင့် ဓားကို ခတ်တင်ကာ၊ လင်းယွန်က ဖမ်းယူ လိုက်ပြီး၊ မူလ စွမ်းအင်များ လောင်းထည့် လိုက်သည်နှင့်၊ နောက် တစ်စက္ကန့် အတွင်း၊ အထွတ် အထိပ် တော်ဝင် လက်နက်မှာ၊ အပိုင်းပိုင်း ကွဲထွက် သွားလေသည်။

" ဆက်နေ ဦးမယ် ဆိုရင်၊ မင်းကို ထပ်ပြီးအရှက် ရစေတဲ့ အတွက်၊ ငါ့ကို အပြစ် မတင် ပါနဲ့။ "

လင်းယွန်က အော်ငေါက် လိုက်သည်။

" လင်းယွန်၊ ဒါမပြီး သေးဘူး။ "

လွေယုဟောင်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင် လာပြီး၊ လက်ရှိ ခံစား နေရသော သူ့ခံစားချက်ကို၊ စကားလုံး များဖြင့် ဖော်ပြ နိုင်စရာ မရှိပေ။

ခွန်အား အပြည့်ဖြင့် တိုက်ခိုက် ခဲ့ပါက၊ လင်းယွန်ကို လွယ်လွယ်နှင့် ရှုံးမည် မဟုတ် ကြောင်း သူ ယုံကြည်သည်။ ထင်ပေါ်ရန်ကြိုးစား မိသည့် အတွက်၊ ဤအနေ အထားသို့ ရောက်ရှိ ရခြင်း ဖြစ်သည်။

" မင်း နဂါး တံခါး ပြိုင်ပွဲမှာ မပေါ် လာတာ ပိုကောင်းမယ်၊ မဟုတ်ရင် ဒီနေ့ ငါခံစား ခဲ့ရတဲ့ အရှက် တရားကို၊ အဆ တစ်ရာ ပြန်ပေး ဆပ်ရ လိမ့်မယ်။ "

အေးစက်စွာ ကြိမ်းဝါး လိုက် ပြီးနောက်၊ လွေယုဟောင်က စင်ပေါ်မှ ခုန်ဆင်း သွားတော့သည်။

“ ညီအစ်ကို လွေ …”

ယီဖန်းက စိုးရိမ် တကြီးဖြင့်၊ ခေါ်ယူလိုက်သော်လည်း၊ လွေယုဟောင်မှာ လှည့်မကြည့်တော့ပေ။

“ ဂျူနီယာ လင်း၊ ဘာပဲ ဖြစ်ဖြစ် လွေယုဟောင်က၊ ငါကိုယ်တိုင် ဂိုဏ်းကို ဖိတ်ကြား ခဲ့တဲ့ ဧည့်သည်ပါ၊ မင်း ငါ့ကို မျက်နှာသာ ပေးလို့ မရ ဖူးလား။ "

ယီဖန်းက အေးစက်သော အကြည့်ဖြင့် လှည့်ကာ၊ မေးခွန်း ထုတ်လိုက်သည်။

“ မင်းရဲ့ ကျင့်ကြံမှု ပြန်ရ လာလို့၊ အခု တခြားသူတွေကို ဂရု စိုက်စရာ မလို ဖူးလို့၊ မင်းထင်နေလား၊ ဂိုဏ်းဆိုတာ စည်းမျဥ်း စည်းကမ်းတွေနဲ့၊ ရှင်သန် ရတဲ့ နေရာပဲ၊ တစ်ကြိမ် အပြစ်ပေး ခံရ ပြီး တာတောင်၊ မင်းက ပေကတ်ကတ် နိုင်နေ ဦးမှာလား။ ”

“ ဟုတ်တယ် ... ဒီဂျူနီယာက ခေါင်းမာ နေတုန်း ပါပဲ၊ စီနီယာ ပြောတာ မှန်ပါတယ်။ ”

ယီဖန်း အနေဖြင့် အဘယ့်ကြောင့်၊ သူ့ အပေါ် ပစ်မှတ်ထား နေသည်ကို မသိ သော်လည်း၊ ဂိုဏ်း၏ စီနီယာ တစ်ယောက် ဖြစ်သော ကြောင့်၊ မျက်နှာသာ ပေးလိုက်သည်။

“ ကောင်းတယ်....၊ လွေယုဟောင်က အဝေး ကြီးကို မရောက် သေးဘူး၊ သူ့နောက်ကို လိုက်သွားပြီး တောင်းပန် လိုက်ပါ၊ ငါတို့ရဲ့ ဓားနန်းတော်က မဟာချင် အင်ပါယာမှာ၊ အသန်မာဆုံး ဓားဂိုဏ်း ဖြစ်တာကြောင့်၊ ဂုဏ် ကျက်သရေ ကျဆင်း စေမဲ့၊ လုပ်ရပ်တွေ ရှောင်ပါ။ ”

ယီဖန်းက ခေါင်းညိတ်ကာ ညွှန်ကြား လိုက်၏။ ဂျူနီယာ တစ်ယောက်၏ အမှားကို၊ ထောက်ပြ နေသော စီနီယာ တစ်ဦး ကဲ့သို့၊ လေသံ ဖမ်းထား လေသည်။

" တောင်းပန် ရမယ် ဟုတ်လား၊ ..... "

ရုတ်တရက် လင်းယွန်က အံ့အားသင့် သွားပြီးနောက်၊ ယီဖန်းကို ပြန်ကြည့် လိုက်သည်။

" ဘာလို့ မင်းကိုယ်တိုင် မလုပ် တာလဲ၊ သူကမင်းဖိတ် ထားတဲ့၊ ဧည့်သည် မဟုတ် ဖူးလား။ ''

" ဘယ်လိုတောင် ကြွပ်ဆတ်ဆတ် နိုင်ရ တာလဲ၊ မင်းရဲ့ စီနီယာ တစ်ယောက်က၊ မင်းကို အကြံဉာဏ် မပေး နိုင်ဖူးလို့၊ ထင်နေ တာလား၊ ရူး ပါ့ ....။ ''

'' မင်း ...... ''

ဖန်းယီ၏ မျက်နှာက၊ သူ့ အရှိန် အဝါ ပေါက်ကွဲ ထွက်ပေါ် လာခြင်း နှင့်အတူ၊ ပြောင်းလဲ သွားသည်။ သို့သော် လင်းယွန်က ဂရု မစိုက်ဘဲ၊ သူ့စကားကို ဆက်ပြော လိုက်သည်။

“ အကြံ ပေးခြင်းနဲ့ အပြစ်တင် ခြင်းက၊ မတူ ညီတဲ့ ရည်ရွယ်ချက် နှစ်ခုပဲ၊ ငါဘာလုပ် နေတယ် ဆိုတာ သိတယ်၊ ငါ့ကို မင်း သင်ပေး နေစရာ မလိုဘူး။ ”

ဖန်းယီ၏ မျက်နှာကို လှောင်ပြောင် လိုသော မျက်ဝန်း များဖြင့် ပြန်ကြည့်ကာ၊ ဆက်ပြော လိုက်သည်။

“ စီနီယာ အစ်ကိုချင်း အရှက် ရနေ ချိန်မှာ၊ စီနီယာ ဆိုတဲ့ မင်းက ဘာလို့၊ မတ်တပ် မရပ်တာလဲ၊ ငါ အဲဒီ ခွေးကောင်ကို သင်ခန်းစာ တစ်ခု သင်ပေး ပြီးမှ၊ မင်းက စီနီယာ အစ်ကို ဆိုပြီး၊ စင်ပေါ် တက်လာချင် တာလား၊ .... ''

'' .... ငါတို့က အရှက်ခွဲ ခံရတဲ့ သူပါ၊ ဒါကို တောင်းပန်ခိုင်း နေတာလား၊ ဒါက မင်း မရူးရင် ဘယ်သူရူး မှာလဲ၊ ငါလား ... စီနီယာ အစ်ကို ချင်းလား၊ ဒါမှ မဟုတ် ဓားနန်းတော်ရဲ့ တပည့်တွေ အကုန် လုံးလား ....၊ တောင်းပန် ပါတယ် ... ဒါပေမယ့် ငါမလုပ် နိုင်ဘူး။ "

ရုတ်တရက် လင်းယွန်၏ တုန့်ပြန်မှု များက၊ ယီဖန်း မျက်နှာကို မည်းမှောင် သွားစေ၏။ ယင်းကြောင့် ပရိသတ်များ တုန်လှုပ်ချောက်ချား ကုန်လေသည်။

လင်းယွန်၏ လုပ်ရပ် တိုင်းမှာ၊ အမှား အယွင်း မရှိ ခဲ့သော်လည်း၊ ယီဖန်းက သူ့အား တောင်းပန် ခိုင်းနေသည်။

" ယီဖန်းက ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ "

ရှင်းယန်၏ မျက်နှာက အေးစက် သွားသည်။ ဖီးနစ် ပန်းကလေးက စိတ်ပျက် လက်ပျက် အမူ အယာဖြင့်၊

" သူ့ရဲ့ ဖြစ်တည် မှုကို တည်ဆောက် ယူဖို့ ကြိုးစား နေတာ ..... ''

" သခင်မလေး၊ ဒီ ယီဖန်းက သူ့ရဲ့ တည်ရှိမှုကို ထူထောင်ဖို့ အတွက်၊ ငါ့ရဲ့ အစ်ကို ကြီးကို ချနင်း ချင်တယ်လို့ ပြောနေ တာလား။ "

လီဝူယုက ချက်ချင်းပင် စိတ်မသက် မသာ ဖြစ်သွား၏။

" ဘာရှိ သေးလို့လဲ၊ သူက ဂိုဏ်းထဲက ထွက်သွားတာ နှစ်နဲ့ချီ နေပြီ၊ အခု သူ ပြန်လာ တဲ့အချိန်မှာ၊ ဂိုဏ်းထဲက လူတိုင်း သူ့ကို မေ့သွားပြီ ဆိုတာ သိသွားတဲ့ အတွက်၊ သူ့ရဲ့ ခွန်အားကို ပြသ ချင်နေတယ်၊ ... ''

'' .... ဒါကြောင့် သဘာဝ အတိုင်း မြင်ကွင်း တစ်ခုကို ဖန်တီး ယူနေတာ၊ သူ့နာမည်ကို 'မျိုးဆက်သစ် ပါရမီရှင် သတ်မှတ် ချက်' ထဲ မပါ တာကို၊ သူ ဂရု မစိုက် ဖူးဆိုတာ၊ ငါမယုံ ပါဘူး။ ”

ဖီးနစ် ပန်းကလေးက အထက်စီး ဆန်သော လေသံဖြင့် ပြန်ဖြေသည်။ သူမ၏ သုံးသပ်ချက်မှာ မှားယွင်းခြင်း မရှိပေ။

ထွက်သွားစဉ် အချိန် တုန်းက၊ ယီဖန်း၏ ခွန်အားမှာ ဂိုဏ်း၌၊ အသန် မာဆုံး ဖြစ်သည်။ ယခု သူ ပြန်လာ ချိန်တွင် လင်းယွန်နှင့် ဘိုင်လိရွှမ် တို့၏ ဖြစ်တည်မှု များက၊ သူ့အား လွှမ်းမိုး ထားမှန်း သိလိုက် ရသည်။

သည့်အပြင် သူ၏ အမည်မှာ၊ မျိုးဆက်သစ် ပါရမီရှင် စာရင်း၌ မပါဝင် ခဲ့ပေ။

ထို့ကြောင့် သူ၏ တည်ရှိ မှုကို၊ ထူထောင် လိုခြင်း ဖြစ်ပြီး၊ ဘိုင်လိရွှမ်နှင့် လင်းယွန်တို့ အပေါ်၊ အာရုံများ ကျရောက် ခဲ့သည်။

သို့သော် လင်းယွန်မှာ အကျဉ်းချ ခံထား ရပြီး၊ ဘိုင်လိရွှမ်က တံခါးပိတ် ကျင့်ကြံ နေပေ၏။

သည့် အတွက်ကြောင့်၊ လွေယုဟောင်ကို ဖိတ်ခေါ်ကာ၊ အခြားသော နည်းလမ်းဖြင့်၊ ကြိုးစား ခဲ့ခြင်း ဖြစ်သည်။

လွေယုဟောင်၏ အကျင့် စရိုက်ကို သူ သိပြီး ဖြစ်ပြီး၊ ယနေ့ ဖြစ်ရပ် များကို ကြိုတင် မျှော်လင့် ထားသည်။ လင်းယွန်သာ မရှိ ပါလျှင်၊ သူ မတ်တပ်ရပ် နေပေ လိမ့်မည်။

သို့သော် လင်းယွန်က ရောက်ရှိ လာပြီး၊ ရုတ်တရက် မတ်တပ် ထရပ်ကာ၊ သူ့ ဂုဏ် သတင်းအား သိမ်းပိုက် သွားခဲ့ ပြန်သည်။

ကျင့်ကြံမှုကို ပြန်လည် ရရှိ ခဲ့ရုံ သာမက၊ လွေယုဟောင် ကိုပင် အနိုင် ယူပြ ခဲ့၏။ ယင်းကြောင့် လင်းယွန် အပေါ်၊ ပစ်မှတ် ထားရုံ မှတပါး အခြား မရှိ၊ တော့ခြင်း ဖြစ်သည်။

ယီဖန်း စိတ်ထဲရှိ အတွေး များကို၊ လင်းယွန်က မသိ နိုင်ပေ။ သူသိ သည်မှာ ယီဖန်း တစ်ယောက်၊ ဆင်ခြင်တုံ တရား မဲ့နေခြင်း ဖြစ်သည်။

ထို့အပြင်၊ စီနီယာ အစ်ကို ချင်းရွှမ်ဂျွန်ကို၊ ငုံ့ကြည့် နေသော ယီဖန်း၏ သဘော ထား အပေါ်၊ ကျေနပ် ခြင်းလည်း မရှိပေ။

ကောင်းကင် အဆင့်၏၊ အသန် မာဆုံး စီနီယာ တစ်ဦး အနေဖြင့်၊ အပြင် လူတစ်ဦးမှ ဂိုဏ်းအပေါ် အရှက်ခွဲ နေခြင်းအား၊ ဆိတ်ဆိတ် နေလျက် ကူညီ ခဲ့သည်။

“ ငါက မင်းကို စကားလုံး တွေနဲ့၊ အကြံဉာဏ် ပေးတာပါ၊ ဘာလို့လဲ .... ငါ့ဆီက ကိုယ်တိုင် ကိုယ်ကျ သင်ပေး တာကို၊ ခံယူ ချင်နေ ရတာလဲ။ "

ယီဖန်းက အေးစက်သော အမူ အရာဖြင့် မေးလိုက်ပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်ကို၊ ထုတ်လွှတ် လိုက်သည်။

" ခရမ်းရောင် နန်းတော် တပိုင်း နယ်မြေ။ "

ပွဲကြည့်စင် တစ်နေ ရာတွင် ထိုင်နေသော၊ အကြီးအကဲ အနည်း ငယ်မှာ၊ လန့်ဖြန့် သွားကြသည်။ ပြီးနောက် ပြုံးရွှင်သော အမူ အယာများ ဖြစ်ပေါ် လာ၏။

" ယီဖန်း၊ မင်း .... ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေထဲ ရောက်နေ ပြီလား။ "

" ဒီလောက် လေးမှ အောင်မြင် မှုတွေ မရှိရင်၊ ငါက ဘာလို့ ဂိုဏ်းကို ပြန်လာ ရမှာလဲ။ "

ယီဖန်းက ဂုဏ်ယူ စွာဖြင့် ပြန်ဖြေသည်။

" ဟား ဟား ဟား .... ကောင်းတယ်၊ အရမ်း ကောင်းတယ်။ "

“ မင်းက ငါတို့ ဓားနန်းတော်မှာ အသန် မာဆုံး ဖြစ်ထိုက် ပါပေတယ်၊ ဒီတစ်ခါ ဂိုဏ်းက နဂါး တံခါး ပြိုင်ပွဲ အတွက်၊ မျှော်လင့်ချက် ရှိလာပြီ။ ''

" ယီဖန်း ... နောက်ဆုံးတော့ မင်း ပြန်လာ ပြီပေါ့။ "

“ ကောင်းပြီ၊ မင်း အခု စိတ်အေးအေး ထားပါ၊ အစောပိုင်း အခြေ အနေ အရ၊ လင်းယွန်က နည်းနည်းတော့ စိတ်လိုက် မာန်ပါ၊ လုပ်တက်သူ တစ်ယောက် ဆိုတာ မင်းမြင် မှာပါ၊ ... ''

'' ... ဒါပေမယ့် သူက ငါတို့ ဓားနန်းတော်ရဲ့၊ ဂုဏ်သိက္ခာ ကိုလည်း၊ ထူထောင် ပေးခဲ့ဖူး ပါတယ်၊ စီနီယာ တစ်ယောက် အနေဖြင့်၊ ဂျူနီယာ တစ်ယောက် အပေါ်၊ အကြံပေး ရုံနဲ့တင် လုံလောက် ပါပြီ။ ”

အကြီးအကဲ များက ဝမ်းမြောက် စွာဖြင့်၊ ဖျန်ဖြေ ပေးလိုက် ကြသည်။

ဘိုင်လိရွှမ်နှင့် လင်းယွန် တို့မှာ၊ အရည် အချင်း ရှိသူများ ဖြစ်ကြ သော်လည်း၊ ၎င်းတို့၏ ကျင့်ကြံမှုသည် အကြီး မားဆုံးသော အားနည်းချက် ဖြစ်လာ၏။

အထူး သဖြင့် သူ၏ နက်နဲ သွေးပြန်ကြောဖျက်ဆီး ခံလိုက် ရသော လင်းယွန်ပင်။ ထို့ကြောင့် အကြီးအကဲ များက၊ နဂါး တံခါးပြိုင်ပွဲတွင် ၎င်းတို့ နှစ်ဦး အပေါ်၊ မျှော်လင့်ချက် မရှိခဲ့ ကြပေ။

ယီဖန်းမှာ၊ ခရမ်းရောင် နန်းတော် တပိုင်း နယ်မြေတွင်၊ ရှိနေ သည်ကို မြင်လိုက်ရ သည်နှင့်၊ ၎င်းတို့က အလွန် ပျော်ရွှင် သွားရခြင်း ဖြစ်သည်။

အကြီးအကဲ များက လင်းယွန်ထံ၊ မည်သည့် အရာမျှ မဆို ခဲ့ပေ။ လုပ်ခဲ့ သမျှတွင် အမှားများ မပါ မရှိ ကြောင်း၊ မြင်နေရ ပေသည်။

သုံးနှစ် ကုန်လွန် ပြီးနောက် နဂါး တံခါး ပြိုင်ပွဲတွင်၊ လင်းယွန် တစ်ယောက် လင်းလက် တောက်ပ နေမည်မှာ၊ မြေကြီး လက်ခတ် မလွဲပေ။

အကြီးအကဲ များက ဤကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်း လိုကြောင်း၊ ယီဖန်း သိသည်။ ထို့ကြောင့် သူက ပြုံးပြီး၊

“ ကောင်းပြီ၊ ငယ်လွန်းတော့ မောက်မာ တက်တာ နားလည် ပါတယ်၊ ဒါပေမယ့် ဂျူနီယာ ညီငယ် လင်း ကိုတော့၊ အကြံပေး ရပါ ဦးမယ်၊ လွေယုဟောင် စကားတွေက နားထောင်ရ ဆိုးပေမယ့်၊ ဒါက မှားတယ်လို့ မဆိုလို ပါဘူး၊ မင်းရဲ့ လက်ရှိ အင်အားနဲ့ ၊ နဂါး တံခါး ပြိုင်ပွဲမှာ ပါဝင်ဖို့ ကြိုးစား တာက၊ ကိုယ့်သေတွင်း ကိုယ်တူးရာ ရောက်ပါမယ်။ "

" အိုး ... မင်းက ကြိုတင် မြင်နိုင်စွမ်း ရှိနေ ပုံရတယ်။ ''

လင်းယွန်က ယီဖန်းကို လှောင်ရယ် လိုသော အပြုံးဖြင့် ပြန်ကြည့် လိုက်၏။ ယီဖန်၏ အတွေးကို၊ သူ ယောင်ဝါးဝါး နားလည် နိုင်ခဲ့သည်။

ပြန်ရောက် လာပြီးနောက်၊ သူ၏ တည်ရှိမှုကို ထုတ်ဖော် ပြသရန် ကြိုးစား နေချိန်တွင်၊ လင်းယွန်က သူ့ရှေ့၌ ထွက်ရပ် မိခဲ့သည်။ ယင်းကြောင့် သူ့ကို လွှတ်ပေး ချင်ပုံ မရချေ။

" မင်း ငါ့ကို မယုံ ဖူးလား။ "

မျက်လုံးများ မှေးစင်းလျက်၊ ယီဖန်းက ဖော်ရွေသော အပြုံးကို ထုတ်ပြ လိုက်ကာ၊

" မင်းငါ့ကို မယုံရင်၊ ငါ့ ဆီက လှုပ်ရှားမှု တစ်ခုကို၊ လက်ခံ ယူလို့ ရပါတယ်၊ စစ်မှန်တဲ့ ကျွမ်းကျင်သူ တွေနဲ့ ယှဉ်ရင်၊ မင်းရဲ့ လက်ရှိ အင်အားက ဘာမှ မဟုတ် ပါဘူး။ ”

" ကောင်းပြီ၊ ငါ့ကို အကြံပေး ပါဦး။ "

လင်းယွန်က တိုက်ပွဲကို ချက်ချင်း သဘောတူ လိုက်သည်။ သူ့ရှေ့တွင် စစ်မှန်သော ခွန်အား အကြောင်း၊ တစ်စုံ တစ်ဦးက ပြောလာ ရဲသည့် အတွက်၊ ထိုအချင်း အရာပေါ် ရှောင်လွှဲ နေစရာ၊ နည်းလမ်း မရှိပေ။

ယီဖန်းမှာ လွန်ခဲ့သော ခြောက်နှစ်က ဂိုဏ်းထဲသို့ ဝင်ရောက် နိုင်ခဲ့ပြီး၊ ယခု အချိန်၌ သူ၏ ကျင့်ကြံ မှုသည်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေသို့၊ ရောက်ရှိ သွားခဲ့သည်။

ယင်းမှာ သူ့ထက် များစွာ မြင့်မား သော်လည်း ၊ လှုပ်ရှားမှု တစ်ခုသာ လဲလှယ် ရမည် ဆိုပါက မကြောက်ပေ။

နောက်ဆုံးတွင်၊ သူ့ခန္ဓာကိုယ် အတွင်း၌ ဝိညာဉ်ရေး ရူရ် ပန်းချီကား တစ်ချပ်ကို ဖွဲ့စည်း ထားနိုင် သဖြင့်၊ ယီဖန်းအား အံ့အားသင့် သွားစေ နိုင်မည်။

( မင်းရဲ့တည်ရှိ မှုကို ထူထောင်ဖို့၊ ငါ့ကို အသုံး ပြုချင် နေတာလား၊ ဒါက မင်းကိုယ်မင်း အရှက် ခွဲချင် နေတာပဲ။ )

***

All Chapters